TAO TE CHING

Hush က- TAO အကြောင်း ဖတ်ချင်တယ်ဆိုတဲ့ မနော် အတွက် တဲ့။ ကွန်မန့်မှာ သူပြန်ထားတာလေး လင့်လာပေး လို့- ကြားထဲက..စာရိုက်ကူပေးလိုက်တယ် ။ ၂ မိနစ်တောင်မကြာ ဘူး- ကုသိုလ်ရတယ်လေ.. ။ မနော်ရေ- TAO ရဲ့ ၈၁ ချက်တော့.. မပါတော့ဘူး။ မရက်စက်ပါနဲ့း)
+++++


လိုက်စားလို့ရတဲ့ လမ်းစဉ်သည်
တကယ့်လမ်းစဉ် မဟုတ်ပါ။
အမည်တပ်ခေါ်လို့ ရတဲ့ အမည်သည်
တကယ့် အမည် မဟုတ်ပါ။

တောဝ်ဟာ အမည်နာမ ရှိတာနဲ့
အမည်နာမ မရှိတာ ၂ မျိုးလုံးဖြစ်တယ်။

အမည်ရှိ အနေနဲ့ အရာအားလုံးရဲ့
မိခင် အဖြစ် ကိုယ်စားပြုတယ်။

အမည်မရှိ အနေနဲ့ အရာအားလုံးရဲ့
မူရင်းအစ ပထမ ဖြစ်တယ်။

အတွေးအမျှင် မရှိတဲ့ စိတ်ဟာ
အတွင်းထဲ စီးဝင်ပေါင်းလို့
တော်ရဲ့ အနှစ်သာရ ကို သိမြင်နိုင်တယ်။

အတွေးအမျှင်တွေ နဲ့ ပြည့်နေတဲ့ စိတ်ဟာ
ကိုယ့်စိတ် နဲ့ ကိုယ် ခိုင်းနှိုင်းလို့
ဒီလောကကြီး ရဲ့ အပေါ်ယံ အဆင့် သဏ္ဌန်
တွေကိုသာ တွေ့မြင်နိုင်တယ်။

တောဝ် နဲ့ ဒီလောကကြီးဟာ
ညီညွှတ်မူ မရှိဘူး ထင်ရသော်လည်း
အမှန်တကယ်ကတော့..တခုထဲပါပဲ။
ဒီထင်ယောင်ထင်မှား ဖြစ်မူဟာဖြင့်-
ကျွန်တော်တို့ရဲ့ အမြင်မကြည်လင်မူသာ ဖြစ်တယ်။

ဒီ စည်းလုံးညီညွှတ်မူ အညမည ဟာဖြင့်
ဘယ်လောက်တောင် လျှို့ဝှက်နိုင်လိုက်သလည်း
နက်နဲ နိုင်လိုက်သလည်း
ကြီးကျယ်ခမ်းနား နိုင်လိုက်သလည်း

ဒါဟာ အမှန်တရားကို ကျော်လွန်မြောက်တဲ့ အမှန်တရား
ပုန်းလျှို့ဝှက်ကွယ်ခြင်း အထဲက..ပုန်းလျှို့ခြင်း
ရင်သပ်ရှုမော ဖွယ် ရာ များဆီ ခေါ်ဆောင်သွားတဲ့လမ်း
အရာအားလုံးရဲ့ အနှစ်သာရ တွေကို လှစ်ဟပြတဲ့ တံခါး

ဘယ်သူမဆို အလှအပတရားကို သိနိုင်ခြင်းဟာ
ရုပ်ဆိုး အကျည်းတန်မူတွေ ရှိခြင်းကြောင့်သာ ဖြစ်တယ်
ကောင်းမူ ကုသိုလ် ကို သိနိုင်ခြင်းဟာ
မကောင်းမူ အကုသိုလ် ဆိုတာ ရှိခြင်းကြောင့်သာဖြစ်တယ်။

ဘ၀နဲ့ သေခြင်းဟာ အတူတူ မွေးဖွားလာသလို
ခက်ခဲမူ နဲ့လွယ်ကူမူ
အတို နဲ့အရှည်
အနိမ့် နဲ့ အမြင့်
အသံနဲ့ တိတ်ဆိတ်မူ
အားလုံး အားလုံးဟာ
အရင်ရော အခုရော နောင်ရော ပေါင်းစည်း ယှက်နွယ်လို့
တောဝ် ရဲ့ အနှစ်သာရ ကို ဖွင့်ဆိုနေကြတယ်

Lao Tzu ရဲ့ Tao Te Ching အပိုင်းတစ်ကို Hush မှ ဘာသာပြန်ဆိုသည်။



Share/Bookmark

1 Comment:

Kaung Kin Ko said...

တာအိုဝါဒ အကြောင်းလာဖတ်သွားတယ်ဗျာ။ အရင်က ဆရာသက်လုံ ရေးခဲ့တဲ့ တာအို အကြောင်းစာအုပ်တွေ ဖတ်ဖူးတယ်။