ကိုယ်တိုင်လုပ်တဲ့ စမူဆာ

-

ဒီနေ့ လုပ်စား တဲ့ လက်ဖြစ် စမူဆာ နဲ့..လက်ဖက်ရည် အခါး တခွက်။ ဗမာ မုန့်ကလည်း..လွယ်လွယ် ၀ယ်မရ လို့..ကိုယ်ဖာ လုပ်စားရ တာ။ အဲဒါ -စမူဆာ လုပ်တာ..အရမ်းကောင်း တယ် ဆိုတာ..မခင်မင်းဇော် က..မယုံဘူး..ဓါတ်ပုံရိုက် တင်ပေး ဆိုလို့။ ကဲ- စားသွားပါဦးလား- `ဒေါ်ကေကြီး စမူဆာ´




Share/Bookmark

17 Comments:

Anonymous said...

တကယ်လဲကျွေးပဲနဲ့ဗျာ။ ဗိုက်ဆာအောင်လုပ်ပါတယ်ဗျိုးးးးးးးး

nu-san said...

အဟိ.. နေ့လည်က လာချောင်းတော့ ဒီပို့စ်က အယ်ရာတက်နေတာ .. စမူဆာဆိုတော့ စားချင်တာပေါ့လို့.. :D တကယ်စားလို့ရရင် ကောင်းမှာပဲ..

Anonymous said...

Just reading about it made my mouth water :)

ကလူသစ် said...

စမူဆာက စားကြည့်ရင်တော့မသိဘူး။ အမြင်တော့ မကောင်းဘူးထင်တယ်။ စမူဆာအကြောင်းပို့စ်တင်ပြီးတော့ ဓာတ်ပုံကြတော့ ကော်ဖီခွက်ကို အသားပေးထားတယ်။ ကော်ဖီတံဆိပ်ကျေညာချင်တာလားမသိ။ ဒီလို ညာတာပါတေးတော့ မလုပ်နဲ့နော် ညှင်းညှင်းညှင်း

Andy Myint said...

Mrs. Andy က အစ်မ စမူဆာတွေ ကြည့်ပြီး စမူဆာ ချင်ခြင်းတက်လာပြီး နောက်နေ့ကျရင် လုပ်စားမလို့တဲ့.. Recipe လေးပါ ရှဲပေးရင် ကောင်းမယ်တဲ့ :)

ခင်မင်းဇော် said...

ဒေါ်ကေကြီး စမူဆာ နောက်ရောက်နေတယ်တဲ့ ...
ကိုအန်ဒီပြောတာနော်...
လဘက်ရည်ကရော ... ဗမာပြည်က ဆိုင်နဲ့ တူပါ့မလား... ဟားဟား...
အမတို့ ဆီမှာတော့ ၀ယ်ပဲ စားလိုက်ပါတယ်လေ..
( ဟိ သူ မနာလိုဖြစ်နေပြီ...)

ခင်မင်းဇော် said...

ကိုအန်ဒီနဲ့ ကလူသစ် မှားသွားပဟ..
တောင်းပန်ပါတယ်နော်...
တကယ်က စားချင်နေတာ ကေ့လက်ရာ....

Anonymous said...

ဟာ- စမူဆာလေး တပန်းကန် ခဏ ချ ပြီး..အပြင်သွားနေတုန်း.. လာ မြည်းသွားလိုက် ကြတာ။

ရွာသားလေး -နုစံ နဲ့ လွင်မိုးရေ- တကယ်သာ နီးနီးနားနား ဆို..လာကျွေးချင်ပါတယ်။

ကလူသစ် နဲ့ အမ ခင်မင်းဇော်ရေ-
ဟုတ်ပ- နဲနဲတူးနေလို့..အသာ နောက်ပို့ထားတာ.. အဟဲ-။

ကိုအန်ဒီနဲ့သူမ အတွက်.. ရှယ် Recipe လေး..ဘလော့နောက်က..နေ..တိတ်၂ လေး ပေးလိုက်တယ်.. ( ဘယ်သူ့မှတော့မပြောနဲ့-ဒါ.. အိန္ဒိယ မြောက်ပိုင်း က..Great Great grand Mother Recipe နော်-း)
အားလူးကိုပြုတ်..ချေ ထား။ ကြက်သွန်နီ ဆီသပ် ဆနွင်း ထဲ့..ကြက်သားထဲ့..ပြီးမှ.. Cummin အမှုန့်လေး..တဇွန်းလေး ထဲ့.. ငံပြာရည် နဲနဲ ထဲ့.. အိုကေ..မွှေး.ပြီး..ကျက်ရင်- အားလူကြေထဲ ရော မွှေ..။ ဒါပဲ-
ကော်ပြန့်ရွက်မှာ ခေါက်တာလေးပဲ။ ကျမကတော့.. ပုံမှန် လေးထောင့်အရွက်ကြီးကို.. ၃ပိုင်း အရှည် ရအောင်ကပ်ကြေးနဲ့ကိုက် လိုက်တယ်။

ကဲ- သူမ နဲ့ကိုအန်ဒီ တို့..လုပ်စားဖြစ်ရင်..ပုံပြအုံးနော်။

Moe Cho Thinn said...

စမူဆာကို တို့လဲ အရမ်းကြိုက်ပဲ ကေ ရေ။
အစားအသောက်ဆိုရင် မကြိုက်ကောင်းတာ မရှိဘူး ထင်တာပဲ။ ဒါပေမဲ့ အခါးဆိုရင်တော့ သိပ်မကြိုက်။ ဒါကြောင့် ကေ့ဆီက စမူဆာရယ်၊ ကိုယ့်ဖာသာ ဖျော်ထားတဲ့ ကျောက်ပန်းတောင်း လက်ဖက်ရည်လေးရယ် တွဲသောက်သွားတယ်။

P.Ti said...

စမူဆာ ကောင်းကောင်း မစားရတာကြာပြီ... တကယ်စားချင်နေတာ.. မကေပုံပြထားတော့ ပိုတောင်စားချင်သွားပြီ... ဒီကိုအလည်လာရင် ကြော်ကျွေးပါနော်... မမေကို မီးဖိုချောင်ငှားခိုင်းနော်.. :D

သက်ဝေ said...

ကေရေ...
စမူဆာ လာစားသွားတယ်..
တို့ က ကော်ဖီသမားမို့  လက်ဖက်ရည် တော့ သောက်မသွားပါ။ Recipe အတွက် ကျေးဇူးအထူး...။

Shinmin said...

မောင်အေးစမူဆာလေးတောင် သတိရသွားတယ်။ မကေ စမူဆာလေး
တွေကစားချင်စရာလေးတွေ၊ တ၀စားသွားပါတယ်။

Anonymous said...

စမူဆာလုပ်နည်းတင်ပါ ။ မမေကို လုပ်ခိုင်းပြီး သူ့ မီးဖိုချောင်မှာ သွား ကပ်စားမလို့ အဟိ ။

ဆောင်း said...

ဟုတ်ပါ့မရှင်မင်းရေ မတူထူးတဲ့ မောင်အေးစမူဆာကို သတိရသွားပြီ။ နောက်မှ လုပ်ဖြစ်ရင် ပို့ စ်တင်လိုက်မှဘဲ။
ဒါနဲ့ ဦးလေး မောင်အေး က စမူဆာရောင်းပြီး အရမ်းချမ်းသာ သွားတာရေကျော်လမ်းထိပ်မှာ နံမည်ကြီးဘဲရှင့်။

တန်ခူး said...

ကေရေ..(ကေလို့ ပဲ ခေါ်တော့မယ်နော်… ဟဲဟဲ)… စမူဆာ ချိုးနည်းလေး သင်ပေးပါ… အိမ်မှာ လုပ်စားရင် စမူလေးထောင့် စမူဘာပုံမှန်းမသိ ဖြစ်ဖြစ်သွားလို့ … အစာတော့ လုပ်တတ်ပြီး… မချိုးတတ်ဘူး… သင်ပေးပါ…သင်ပေးပါ( ပူဆာတာ)

kay said...

မချိုသင်း- အင်ဆူလင် ထိုးနေတယ်ဆိုပြီး..ကျောက်ပန်းတောင်း တွေ မသောက်နဲ့လေ။း)

ပီတိ နဲ့ဂျစ်ရေ- မမေ ကို စမူဆာ လုပ်နည်း ပြောထားပြီ။ လုပ်ကျွေးခိုင်းတော့။

သက်ဝေ နဲ့တန်ခူး-ရေ- စမူဆာ ချိုးဖို့ ကျောင်းတော်ကြီးက..တီစကွဲယား ပြန်သုံးလေ။း)

ရှင်မင်း နဲ့ဆောင်းရေ- မောင်အေး စမူဆာ ဆိုတာ..အမ မသိဘူးကွယ်- အမ က..တောက။ စိတ်မကောင်းလိုက်တာ။ ပြောမှ ပိုတောင်စားချင်လာပြီ။ ရှင်မင်း ရဲ့ချက်နည်းပြုတ်နည်းတွေ..အမ လာလာငမ်းတယ်။

Andy Myint said...

မကေရေ စမူဆာ လုပ်စားဖြစ်တယ်။ Recipe အတွက် ကျေးဇူး။ နောက်ကျမှ ဓါတ်ပုံရိုက်ပြီ တင်လိုက်မယ်။

လူတွေကလည်း အလိုက်မသိနော့် Canon က Pro ကင်မရာကြီး ကြွားချင်လို့ အဝေးမှုန် (ဘာခေါ်လဲတော့ မသိပါဘူး) နည်းနဲ့ ရိုက်ထားပါတယ်။ စမူဆာကိုပဲ စိတ်ဝင်စားတယ်။ ကင်မရာအကြောင်း ဓါတ်ပုံ ရိုက်တဲ့ သူအကြောင်းတော့ ဘာမှ မမေးကြဘူး။ ကျွန်တော့်တို့ အပါအ၀င်ပဲ။ စားဖို့ သောက်ဖို့ပဲ စိတ်ရောက်နေတယ်။ အနုပညာ ဓါတ်ခံ မရှိလိုက်ပုံများ။