တာရာမင်းဝေ..ကွယ်လွန်ပီတဲ့..
အခုပဲ..ဟစ်တိုင်မှာ..တာရာမင်းဝေကွယ်လွန်ဆိုတဲ့သတင်းကို..အလန့်တကြားတွေ့လိုက်ရတယ်။
ဘယ်လိုတွေဖြစ်နေကြတာလဲ....ဘာတွေဖြစ်နေတာလဲ...
ဟောတယောက်..ဟောတယောက်..
“ မိဘတွေက..သားသမီးတွေကို..သင်္ဂြုဟ်နေရတဲ့ခေတ်ဖြစ်နေတယ်..” ဆိုတဲ့..လူကြီးတယောက်
ပြောတဲ့စကားကိုပြန်ကြားယောင်မိရင်း...ရင်ထဲအုံ့ပျက်သွားလိုက်တာ။
အသဲရောင်ရောဂါတဲ့...
ဗမာပြည်မှာ..ပြည်သူ့ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မူတွေ..ဘယ်လောက်တောင်ဆိုးဝါးနေပီလဲ။
ဘာတွေလဲ..ဘာတွေလဲကွာ...
တာရာမင်းဝေဆိုတာ..ပြောင်မြောက်တဲ့ကဗျာတွေ..ဆန်းပြားတဲ့ဇာတ်လမ်းတွေထွင်တတ်..ရေးတတ်တဲ့သူတယောက်ဆိုတာထက်...ဗကသမှာ..တချိန်က..ပါဝင်လှုပ်ရှားခဲ့ဘူးတာ..နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ ဘူးတာတွေ..ဘားမားကန်ပိန်းက..ကိုအောင်ဒင်နဲ့ညီအကိုဆိုတာတွေက..
ပိုပီးစိတ်ဝင်စားစရာကောင်းနေတယ်။
ပီးတော့..ချစ်စရာကောင်းစွာ..လှပသိမ်မွေ့တဲ့..သူ့ဇနီး..မခင်မေ၀င်း (ခ) မနော်ဟရီကိုလည်း..မျက်စိထဲမှာမြင်ယောင်ပီး.စိတ်မကောင်းဖြစ်နေမိတယ်..သူ့သားလေး..ခေတ်နေ ရော..
တာရာမင်းဝေကို..ကိုယ်တိုင်မမြင်ဘူးပေမဲ့..မနော်ဟရီကိုတော့..IFL မှာပြင်သစ်စာသင်ရင်း ဘေးချင်းကပ်ထိုင်..စာချင်းဖလှယ်ခဲ့ကျသူမို့..ကောင်းကောင်းသိနေသည်။ မြန်မာဆန်ဆန်အမြဲဝတ်
တတ်ပီး..သူ့လည်ပင်းမှာဆွဲထားတဲ့..လက်ဝါးကပ်တိုင်လေးက..အမြင်ဆန်းနေစေတယ်လေ။
နောက်တခါ..ဆရာတင်မောင်သန်းပေးတဲ့..ဂျာနယ်လစ်သင်တန်းတခုမှာလဲ ဆုံဘူးတယ်။
တိုက်တိုက်ဆိုင်ဆိုင်..တလောကမှ..ဆစ်ဒနီမှာနေတဲ့..အဒေါ်ဆီက..သတင်းကြားတယ်..
အဲဒီမှာနေတာကြာပီဖြစ်တဲ့..မနော်ဟရီရဲ့မိဘတွေက..သူတို့သမီး..ဆစ်ဒနီကိုလာတော့မယ်လို့..
ဝမ်းသာအားရပြောပြတယ်တဲ့..ကိုယ်တောင်..တော်တော်စိတ်ဝင်စားသွားသေး။
ကဲကွယ်..ဘာပြောရမှန်းတောင်မသိတော့ဘူး..။
တာရာမင်းဝေတယောက်..ကောင်းရာသုဂတိရောက်ပါစေလို့ပဲ..၊
Related News : DVB Moemaka
Prince Harry--he only netted 7 m--on book Spare
-
https://www.themirror.com/entertainment/prince-harry-spare-memoir-sales-902571?int_source=nba
4 hours ago
1 Comment:
ဟုတ်တယ်.. ဒီသတင်းကိုကြားကြားချင်း မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိတယ်.. မပြည့်ပါဘူး.. မမရယ်.. =(
တာရာမင်းဝေ သားလေး နာမည်က "ခေတ်နေ" ပါ.. ခုလိုအမှားပြင်ပေးမိတာ စိတ်မရှိပါနဲ့နော်..
cheers,
demo
Post a Comment