ဝမ်းနည်း..အောက်မေ့..ဂုဏ်ယူခြင်းတွေ........


ဝမ်းနည်းခြင်း နဲ့ အောက်မေ့ ဂုဏ်ပြု ရခြင်း တွေ..များသထက် များ လာတယ်..




စိုင်းထီးဆိုင် အသေ စောတယ်။ ဘာဖြစ်လို့
..စိုင်းထီး ဆိုင် မှ..အရင် သေရတာလည်း... (မသိ) ။ သူ က..အဆိုတော် သက်သက် မဟုတ်။ ခေတ် တခေတ်ကို ရှာဖွေ သူ..တင်ဆက်သူ.. ထိန်းသိမ်းသူ.. ဖန်တီးသူ..။ သူ အောင်မြင်နေ ခဲ့တာ..ဆယ်စုနှစ် ( ၄) ခု တိုင်။ ဆရာ စိုင်းခမ်းလိတ် တို့..သူတို့ အုပ်စု စပ်ဆို ယူဆောင်လာပေး တဲ့ သီချင်း မျိုး တွေကို..ဘယ်မှာ မှ ရှာ လို့မတွေ့။ ဘာ ဂီတ ရယ်လို့.. ယေဘုယျ ချ လို့မရ။ အရေ အတွက် ပေါင်း.. များစွာ။ ထူးအိမ်သင် ပြော သလို ဆို ရင်တော့..ဆရာ စိုင်းခမ်းလိပ် တို့ မှာ..ဦးဏှောက်ထဲက..ဖန်တီးမူ အရည် ကြည် လေး တွေ ..တော် တော်နဲ့မကုန် နိုင် တာ ဖြစ်မည်။ သူတို့ တွေ အားလုံး ရဲ့ ရိုးသားခြင်း တွေ နဲ့ အမှန်တရား ကို မြတ် နိုးခြင်း တွေ ဟာ.. သီချင်း တွေ အဖြစ် နဲ့..ဟောဒီ မြန်မာ ပြည် ကြီး ထဲမှာ.. လှိုက်လှိုက် လှဲ လှဲ တည် မြဲ နေ ရစ် တော့ ပေပြီ။


ဘုန်းမော် နှင့် ကိုစိုး နိုင် တို့ သေဆုံး ( ကျဆုံး) ခဲ့ တာ လည်း.. အနှစ် ၂၀ တိုင် ခဲ့ပြီ ကော။ သူတို့ သည် ..သာမန် တက္ကသိုလ် ကျောင်းသား လေးများ ဖြစ် ကြသည်။ သို့သော် လည်း..မြန်မာ့ သမိုင်း ကို ..သွေး နဲ့ မော်ကွန်း ထိုး ခဲ့ သည်။ သ မိုင်း ၀င် အထင် ကရ.. မြန်မာ့ လူ့အခွင့်အရေး နေ့ ဆို တာကို ..ဖြစ်ပေါ် ခဲ့ပေ မဲ့လည်း..သမိုင်း စာအုပ်ပေါ် မှာ..မရှာ တွေ့ နိုင် ရသေး။




တနေ့က..ဒေါ် စု ကို အပြုံး တချို့ နှင့် တွေ့ လိုက် ရလို့... စိတ်တချို့ တော့.. ချမ်းသာ မိ သည်။ သူ မ ..ကျန်းမာ ပါစေ။ သူမ ပုံ တွေ ဆီက..ရနိုင် သမျှ သော.. သင်္ကေတ တွေ.. ခံစား မူ တွေ ကို.. ရှာ ဖွေ နေ မိသည်။ အနီ ရောင် ဆိုတော့.. ရဲရင့်ခြင်းလား။ သူ မ ၀တ် ထားတဲ့.. ကရင် လုံခြည် ( အဆင် သစ်) အနီ ကလေး ကရော.. ဖဒို မန်းရှာ အတွက် ..၀မ်းနည်း ခြင်း အထိမ်း အမှတ် လေ လား.....။


ဝမ်း သာ ခြင်း တွေ နှင့်... အောင်မြင် ခြင်း တွေ ရော...လာပါတော့...။




Share/Bookmark

4 Comments:

ကိုပေါ said...

ဒေါ်အောင်ဆန်းစုကြည်ကို အပြုံးပန်းတွေနဲ့ တွေ့လိုက်ရတာ ကျနော်တို့အဖို့ စိတ်ချမ်းသာရသလို အားလည်း တက်မိပါတယ်။

Thet Oo said...

ဝမ်းနည်းခြင်း နဲ့ အောက်မေ့ ဂုဏ်ပြု ရခြင်း တွေ..များသထက် များ လာတယ်. (အဲဒါ အသက်ကြီးလာလို့ပေါ့)

P.Ti said...

မကေ တောင်းတသလို တကယ်ပဲတောင်းတမိပါတယ်။ စိတ်ထဲမှာ ခံစားရတာတွေ၊ အချင့်မရဲဖြစ်ရတာတွေ များနေပြီ။

P.Ti said...

မကေ တောင်းတသလို တကယ်ပဲတောင်းတမိပါတယ်။ စိတ်ထဲမှာ ခံစားရတာတွေ၊ အချင့်မရဲဖြစ်ရတာတွေ များနေပြီ။