နွေဦးကံ့ကော်


ဒီနေ့မှ.. ကောင်းကင် ကြီးက..မှိုင်းမှိုင်း မှုံမှုံ ဖြစ်လွန်းနေ သလို..

ဒီ နိုင်ငံ မှာ.. ဒီလို မှိုင်းမှုံ တာနဲ့.. ပူပြင်း စူးရှ တာ အပြင်.. ကောင်းကင် ကြီးက.. ဘာများ ပို လုပ်ပြ တတ်သေး လို့ လည်း..။ တခါ တခါ တော့..အင်ဒိုနီးရှား ဖက် က..တောမီး လောင် လို့ ဆိုတာမျိုး.. မြူမှုန်တွေ..ပိန်းပိတ် နေ တတ် တာမျိုးတော့..တခါ နှစ်ခါ ကြုံဘူး သေး သည်။

သူ့ စိတ် တွေ က ကို မှိုင်းမှုံ နေ တာ ဖြစ်မည်။
ည ကလည်း..ကောင်းကောင်း အိပ်မပျော် ခဲ့…။ မနက် လင်း တော့..ခေါင်းက မကြည် ပေ မဲ့.. မီးဖို ထဲမှာ.. ကော်ဖီ မစ် ထုပ် ရှာ ပြီး.. ကော်ဖီ တခွက် တော့ သောက် ခဲ့သည်။ သူ အိမ် က..ထွက်တော့.... သား နဲ့ သမီး ရှိနေသေးလား.. ထွက်သွား ပြီ လား..သူ မသိ.. သူ မကြည့် မိ တော့..။ မနက်..မနက်.. အိပ်ယာက..အတင်း လှုပ်နှိုး.. မိသားစု မနက်စာ ၀ိုင်းမှာ..ကော်ဖီ နဲ့ ပေါင်မုန့် မီးကင် အတင်း ကျွေး.. ကျောင်း စာအုပ်တွေ ၀ိုင်းရှာ..တိုက် အောက်က..ကျောင်းကား မှီ အောင်...ပြေး ပို့ ခဲ့ ရ တဲ့..အပြစ် ကင်းစင် တဲ့... မောင်နှမ လေး ၂ ယောက် ရဲ့ ကလေး ဘ၀ ပုံရိပ်လေး တွေ ပြန် မြင်ယောင် မိ တော့.. သူ ခေါင်း ကို အသာ ယမ်း မိ တော့ သည်။

ဒီမနက် ကလေး မှာတင်..သူ ခေါင်းကို..ဘယ်နှယ် ကြိမ် ရမ်းခဲ့ပြီး ပါ လိမ့်..။ အခု နင် ကလေး ကပဲ..... ပြည်ကြီး တရုတ်..အင်ဂျင်နီယာ ရှေ့ မှာ.. ခေါင်းရော..လက်ရော..တကိုယ်လုံး..ရမ်း ပြစ် ခဲ့ လိုက်သည်။ မနက် ခင်း.. ရုံး ရောက် ရုံ မှ မကြံသေး ဘူး.. ပြသာနာ က..လာရှာ နေပြီ။ လဲ သေ လိုက်ပါလား ကွာ ။ မင်း က.. ဘာကောင်မို့...ရာဇသံ နဲ့ လာခိုင်း နေရတာလဲ..။ အလုပ်ထဲ ၀င်လာ တာ မှ ဘာမှ မကြာသေးဘူး.. ဖင် ကျွတ်တက် အောင် လုပ်လာ နေတဲ့ ကောင်တွေ ကို.. အပေါ်စီး ကနေ.. ခိုင်း ချင် နေတာ..။ ဒီ တကျွန်းလုံး.. ဘယ်နေရာ..ဘာမြေ ..ဘာကျောက် ဆိုတာ.. တရေးနိုး ထမေး တောင် ငါပြောနိုင်တယ်..လို့ ပြော တော့.. မျက်နှာ ကြီး ရှည်ထွက် သွားလိုက်တာ ဆိုတာ...။ ငါ..ဆိုက်ထဲ သွားစရာ ရှိတယ်..လို့ ပြောပြီး..သူ့ရှေ့ မှာတင်...ဖိုင်တွေ အကုန် စားပွဲ ပေါ် ပြစ်တင် ပြီး.. ထွက်လာ ခဲ့ လိုက်တယ်...။ ထင်ချင် သလို သာ ထင်ကြ..။

ကား စက် နှိုး လိုက် လို့..ကက်ဆက် က..ထူးအိမ်သင် အသံ ထွက် လာမှ.. သူ့စိတ် တွေ.. အတန်ငယ် ငြိမ်သက် သွား သလို ရှိသည်။

ဒီ ရုံးကား လေး ကလည်း.. လောလောဆယ် ဆယ် သူ တယောက်ပဲ သုံးနေတာ မို့.. အထဲမှာ..သူ့ ပစ္စည်းတွေ နဲ့သာ ပြည့် နေသည်။ Safety boot တွေ helmet တွေ ကြားထဲ မှာ.. သတင်းစာ အဟောင်း တွေ.. ကြွပ်ကြွပ်အိတ် ခွံ တွေ.. သီချင်း ခွေ တွေ.. ဖြစ်ချင် သလို ဖြစ် နေသည်။ မဂ္ဂဇင်း တချို့ နဲ့.. သုံးချိုး ဆိုဒ် ၀တ္တု စာအုပ် လေး တွေ ကို တချက် စိုက် ကြည့် မိ နေရင်း.. ကံ့ကော် ပန်းလေး တွေ နဲ့ စာအုပ် အ၀ါ ကလေး ကို တော့.. ဒက်ရှ်ဘော့ဒ် ထဲ သေ သေ ချာချာ ပြန် ထဲ့ လိုက် သည်။

မှိုင်းမှုံ နေတဲ့ ကောင်းကင် ကြီး ဆီက.. မိုးပေါက် တွေ ပြိုကျ လာ သည်။..။

ဝိုက်ပါ ကို ဖွင့်လိုက်ရင်း..ဒါဆိုရင် တော့..ဒီနေ့ လည်း.. bore hole တွေ မပြီး မပြတ် ဖြစ် အုံး မှာပေါ့ လို့ တွေး မိ သည် ။ တကယ် ဆို လည်း..အဲဒီ နေရာ..ဘာအောက်ခံ မြေ တွေ ဆိုတာ.. သူ တို့ သိ ပြီး သား တွေ ချည်း ပါပဲ..။ ဒီလောက် ကျွန်းသေးသေး လေး ပေါ်မှာ.. ၁၇ နှစ်လောက်.. တွင်းတွေ တူး.. မြေတွေ ကြည့်.. နေရာ တွေ လည်း ထပ်.. ခြေရာ တွေ လည်း ထပ် နေခဲ့ ပြီ ... လုပ်ငန်း သဘာဝ တွေ ကလည်း ရိုးအီ နေပြီ။

မိုးနည်းနည်း ကြီးလာ တာကြောင့်..၀ိုက်ပါ ကို ထပ်တင် လိုက်သည်။ စိတ်ထင် သလို ရွာနေတဲ့..ရာသီ အပိုင်း အခြား မရှိ တဲ့.. ဒီ.. အီကွေတာ မိုး တွေ အောက်မှာ .. ငါတို့ နေ့စဉ် ဘ၀ တွေ လည်း.. အပြောင်းအလဲ မရှိတဲ့ လုပ်ငန်းခွင် ကြီး တွေ ထဲမှာ မျောပါ နေ လိုက် ကြတာ များ...။


မိုးရေ တွေ နဲ့.. ထိတွေ့ သွားတဲ့.. ပတ်ဝန်းကျင် ကြီးက.. ပို ပြီး တော့ စိမ်းစို လာသည်။. ကြည့်စမ်းပါ အုံး.. အမြင်ကပ် စရာ ကောင်း လောက် အောင် ကို...သပ်ရပ် ချင် တိုင်း သပ်ရပ် ပြီး...စိမ်းချင် တိုင်း စိမ်း..စိုချင်တိုင်း ကို စို နေ ပုံက.. ။ ဟိုး မှာ ဘက် က.. မုတ်သုန် မိုး ကို မျှော် နေ တတ် တဲ့..ငါတို့ ရဲ့ စိမ်းတဲ့ မြေ လေး ကတော့.. ဘယ်တော့ များ မှ..သပ်ရပ် လာ ပါ အုံး မလဲ ..။


နွေဦး ကံ့ကော်များ ~~~~
ဒီအချိန်လေး တိုင်း မှာ.. ကိုယ်သတိရ စရာ တွေ~~~
ပေါ်လာမြဲ အချစ်ရေ... မမေ့ဘူး သိရဲ့ လား..
ကံမဆုံ လည်း မမေ့ နိုင်ဘူး.~~~~~


play music

..




စတီယာ ရင် ကို..ညာလက် နဲ့ ထိန်းကိုင် ရင်း... volume ကို.. ၁၂ အထိ တင်ပြစ် လိုက်သည်။


ဒီ သီချင်း.....
ဒီ သီချင်း လေး ပါပဲ

ခု တလော..သူ့ ရင်ကို..ထိထိ ခိုက် ခိုက်.. ဖြစ်နေ စေ တာ..။ စိမ်း တဲ့ မြေ က.. အစိမ်းရောင် မြကျွန်းညို ကြီး ကို ပဲ.. ထပ်ကာ ထပ်ကာ..လွမ်းမော နေစေ မိ တာ။ တစုံ တဦး..ဒါမှ မဟုတ်.. အချိန် အပိုင်း အခြား တခု ဆီ သို့ သာ.. သူ့ အတွေး တွေ ကို တွန်းပို့ နေ စေ ခဲ့ တာ....။ ကက်ဆက် သံ နဲ့ အတူ .. သူ့ နှုတ်ဖျား ပေါ်က.. အလိုလို ထွက် ကျ လာ တဲ့.. သီချင်း တပိုင်း အစ...


နွေဦးကံ့ကော် များ~~~~~






++++++++++


မျက်နှာ တည်တည်.. စူပုပ်ပုပ် နဲ့.. ကျောင်းသူ မ လေး ကို ကြည့် ပြီး.. သူ မယုံ ကြည် နိုင် သလို ဖြစ်နေသည်။ နဖူး ပေါ်မှာ တိတိ ရိရိ ချ ထား တဲ့.. ဆံပင်တွေ အောက်က..မျက်လုံး တွေက.. တချက်.. အေးတိ အေး စက် နိုင် လွန်း လှ သလို...။

“ညည်း ကို သိတယ်..” လို့ ပြော လိုက် တဲ့..သူ့စကားကို ...မယုံ သလိုလို .. လှောင်တော့မလိုလို.. နဲ့ ပြန် ကြည့် နေတယ်။ နောက် တော့..သူ့ လက်ထဲ မှာ ကိုင်ထားတဲ့.. ကျောင်းသား တွေ ရဲ့ ကိုယ်ရေး မှတ်တမ်း စာရွက် လေး ကို ကြည့် ပြီး.. သူ့ မေးခွန်း တွေ ကို...ဖြေစ ပြု လာ သည်။

“ ဆရာ ကရော..ဘယ်သူ လည်း ”
ဆို တဲ့ ဂွကျကျ အူကြောင် ကြောင် မေးခွန်း ကို .. အသေအချာ..ရှင်းပြ လိုက် ပြီးတဲ့ အခါ မှာ တော့...အဲဒီ ကောင်မလေး ရဲ့ မျက်နှာ တခုလုံး .. သွားဖြူဖြူ လေး တွေ နဲ့ လင်းလက် သွား လေ သည်။



++++++++++


~~~နွေဦးကံ့ကော်များ ~~~~
သြော်ခြံထဲ အလှဝေ ဆွတ်သင်းပျံ့ဝေမြဲ~~~
ဝါရွှေနုပွင့်ဖြူ ရင်ထဲလှိုက်ခုန်သွား
ချိုမြိန်သော ကိုယ့်အချိန်လေး~~~~


သူ့ ရင် ကို လှိုက်ခုန် သွား စေ တဲ့.. နွေဦး ကံ့ကော် ...

နွေဦး ကံ့ကော် ဆိုတဲ့.. ၀တ္တု စာအုပ် လေးကို.. သူ အထပ်ထပ် ဖတ် ပြီး ခဲ့ ပြီ။ ပထမ ဆုံး အကြိမ် ဖတ်စဉ်က.. သူ့ နာမည် သုံးလုံး ကို..အတိုင်း သား မြင်လိုက် ရ လို့.. လှိုက်ခုန် တုန်ယင် သွား ရ တဲ့.. သူ့ နှလုံးသား တွေ.. အခု ထိ.. မတည်ငြိမ် နိုင်သေးပါ။ အဲဒီလို.. အဲဒီ အတိုင်း.. ထဲ့ရေး လိမ့်မယ် လို့.. သူ ဘယ်လို ထင်ခဲ့ မလည်း။ သူ့ အပေါ်မှာ..အခုတ် တရ ရှိနေ လိမ့် မယ် လို့ ကို.. သူ မယုံ ရဲ ခဲ့ပါ။ အေးလေ.. တကယ့်ဘ၀ ထဲ က လူတွေ ကို .. ရှာဖွေ..ရောစပ် မွှေနှောက် ပြီး.. ဖန်တီး ထား တဲ့ စာတပုဒ် မှာ.. ကိုယ် က ကုန်ကြမ်း တခု ဖြစ် နေတာ.. ဒီလောက် တော့လည်း အံ့သြစရာ အကြောင်း မရှိ ပါဘူး လေ...။


အဲဒီ နောက် ပိုင်း..ခပ်စိပ်စိပ် ထွက် လာတဲ့.. ၀တ္တု စာအုပ် လေး တွေ မှန်သမျှ ..မရ- ရ အောင် မှာဝယ် ပြီး...ဂရုတစိုက် ဖတ်ဖြစ် လာသည်။ တပိုဒ် ချင်း.. တလုံးချင်း.. ဖတ် ဖြစ် လာ သည် ဆိုရင်..ပို မှန် လေ မလား...။

တကယ်ပါ.. မယုံ နိုင် စရာ.....။


ဒီ ကောင်မလေး ဆီက ဒီလို စကားလုံး တွေ.. အယူအဆ တွေ ထွက်လာ လို့.. သူ အံ့သြ နေ တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့.. သူ သိ ဖူးခဲ့တဲ့.. အသက် ၂၀ အရွယ် မိန်းကလေး တယောက် ရဲ့ အနေ အထိုင် .. အယူအဆ တွေကို လှလှပပ ရင့်ကျက် သွားစေခဲ့ တဲ့.. အချိန် ကာလ အပိုင်း အခြား ကြီးကို .. ဆင်ခြင် စဉ်းစား ရင်း မှင်သက် တွေဝေ နေခဲ့ မိ တာ သာ ဖြစ် သည်။


အချိန် တွေ..ဘယ်လောက်ပဲ မြန်မြန် ပျံ သန်း သွား ကြ ပါစေ .. အတွေး တွေ ကို စိုးမိုး ချုပ်ကိုင် ထားနိုင် သရွှေ့ . အချိန် ကို အနိုင်ယူ ထား နိုင် တယ်....အချိန် ရဲ့ ကန့်သတ်မူ ကနေ..ကင်းလွတ် နေတယ်... တဲ့။

ဟုတ်ရဲ့ လား..မိန်းကလေး ရယ်...။

ငါတို့ ...တကယ့် လက်တွေ့ ကမ္ဘာကြီး ထဲ မှာတော့.. နာရီ တွေ ရဲ့ ခြိမ်းခြောက် တိုက်တွန်းမူ တွေ ကိုပဲ .. ကြောက်လန့် တကြား...လိုက်နာ ဆောင်ရွက် ပေး နေရတာ.. မဟုတ် ဘူး လား..။

အချစ် ဆို တာ.. နားလည်ခြင်း..ခွင့်လွှတ်ခြင်း.. အနစ်နာခံခြင်း.. စိတ်ရှည်ခြင်း.. သည်းခံခြင်း ..သစ္စာရှိခြင်း.. ရိုးသားခြင်း..စသဖြင့်.. ကောင်းကွက် တွေ ရှာကြသည် ( နောက်ထပ် ကောင်းတာတွေ ဘာရှိသေးလဲ ) .. ကြောင်းကျိုး ဆင်ခြင် မူ မရှိ ခြင်း ဆို တဲ့.. အန္တရယ် အရှိ ဆုံး အချက် ကို တော့... ကံဆိုး လှသော လူ အနည်းငယ် ကသာ...ကံ ကောင်းစွာ .. ရှာ တွေ့ သွားကြ သည် ... ဆိုတာမျိုး ။ ကွင်းစ ကွင်းပိတ် လေး တွေ နဲ့.. ခပ် နော့နော့ လှောင် တတ် တဲ့.. စတိုင် က တော့.. သူ သိ ဖူး တဲ့.. ကောင်မလေး အစစ် ပါပဲ။

ရှားရှား ပါးပါး ရေးလေ့ ရှိတဲ့..အချစ် ၀တ္တု နုနု လေး တွေ ထဲမှာ.. သူမ ရဲ့ အခြား တခြမ်း ကို.. လိုက်ရှာ ရ တာ..ကလည်း..စိတ်ဝင်စား စရာ ပါပဲ...။

သူမ ရဲ့ ဇာတ် ကောင် တွေ က.. အချစ် ကို အမျိုးမျိုး တင်စား ကြ သည်။ တချို့ က..ဆပ်ပြာ ပူဖောင်း လေး တွေ လိုက်ဖမ်း တဲ့ ကလေး တွေ လို..။ တချို့ အတွက် တော့ .. အကျီ င်္ တထည် ကို.. ရွေးချယ် ၀ယ်ယူ လိုက် ခြင်း.....။ လက်ထပ် ထိမ်းမြား ခြင်း ဆိုတာ.. လူ့သဘာဝ ရဲ့ မတည်ညိမ် ခြင်း တွေ ကို.. ဘောင်ခတ် ခြင်း တဲ့ ။ စိတ် ပိုင်းဖြတ် မူ လည်း ဖြစ် နိုင် သလို.. လိုချင် ကျေနပ် ခြင်းလည်း ဖြစ် နိုင် သည် တဲ့..။ ပြီး တော့.. ပိုင်းဖြတ် မူ ရဲ့ နောက်မှာ.. အစ တခု ရှိသလို...အဆုံးသတ်မူ တခု လည်း ပါ နိုင် နေ သည် လို့ ဆိုသေး သည်။ အဲဒီ အဆုံးသတ် မူ က..ဘာ လည်း ဆို တာ ..စာရေး တဲ့..သူမ ကိုယ်တိုင် ကို သာ.. မေး ကြည့် ချင် နေ တော့ သည်။


မီးနီ သွား တဲ့.. လမ်းဆုံ မှာ.. ကားကို အရှိန် လျှော့လိုက်ရင်း..စတီယာ ရင် ကို ကိုင်ထား တဲ့..သူ့ လက် ဖျံ ပေါ်က..အညိုရောင်..ရှပ် အကျီ င်္ အကွက် ရဲ့.. လှန်ခေါက် ထားတဲ့..လက်ဖျားစ ကို..မျက်စိ ရောက် သွားသည်။ ခေါက်ရိုး ဒေါင့် လေး တွေ အတိုင်း.. ချည်သားစ တွေ ရိပြီး.. ဖွာ ထွက် တောင် နေပြီ ။ အေးပေါ့.. ကိုး နှစ် လောက် တောင် ရှိပြီ ပဲ... ဟုတ်တယ်.. သူ..တတိယ အလုပ် ကို ပြောင်း တဲ့ နှစ် က.. ဆို တော့...ကိုးနှစ်တောင် မက ချင်တော့...။ အကြမ်းခံ လွန်း တဲ့..ဂျင်းသား ဆန်ဆန် ဒီ အကျီ င်္ အကွက်လေး ကို.. အရောင် နဲ့..အသား ကြောင့်.သူ ၀ယ်ဖြစ် လိုက် ရင်း.. အရမ်း ၀တ် လို့ ကောင်း တဲ့.. အကျီ င်္ တထည် ဖြစ် နေ တော့သည်။ ဒီလောက် ဒိုးပေ ကတ်သတ် ၀တ် နေ တာတောင်.. အခုထိ.. အရောင် မကျ.. ချုပ်ရိုးတွေ..သံကြယ်သီး တွေ လည်း..ဒီ အတိုင်း..။ ဒါပေမဲ့.. ရိပြီး ဟောင်းလာ နေပြီ ဖြစ် တဲ့.. ဒီ အကျီ င်္ ကို.. သူ နောက် ထပ် ဘယ်နှယ် နှစ် ဆက်ဝတ် ဖြစ် နိုင် အုံး မလဲ.. ။

မီးပွိုင့် စိမ်း ပြီ ။ မိုးတောင် စဲ သွားပြီ ပဲ..။ ဆယ်နာရီ သာသာ... ဟိုက်ဝေး လမ်းမ ကြီး ပေါ်မှာ.. ကား ရှင်း နေ သည်။


++++++++++


မိုးစဲ ပြီး ကာစ.. အင်းလျား လမ်း မ ကြီး သည်..စိမ်းစို ရွှဲအိ နေ သည်။ လေ တချက် သုတ် လိုက် တိုင်း.. လမ်းဘေး တဖတ် တချက်.. အပင် မြင့် ကြီး တွေ ပေါ်က..မိုးရေ စက် တွေ..တဖျောဖျော.. ကျ နေ သေးသည်။ နဘေး ကနေ.. ကားတစီး..၀ှီးကနဲ ဖြတ်သွား လိုက် တော့.. ...ကတ္တရာ လမ်း မကြီး ပေါ် အိုင် နေတဲ့ ..မိုးရေ တွေ က.. လမ်းဘေးထိ ဖြန်း ကနဲ....။


“လောက မှာ..အမုန်းဆုံးက.. လမ်းပေါ်ကနေ အရှိန်နဲ့ မောင်းသွားတဲ့..ကား ကြောင့်..စင် တဲ့.. ရေ ပဲ.. ”

“ ဟား..ဟား.. ညည်း ကတော့..ပြောပြီ..”


လုံခြည် တိုတို လေးကို.. လက် နဲ့ အသာ မရင်း..ဗွက်သေး သေး လေး တွေ ကို.. ဂရုတစိုက် ရှောင် ပြီး လျှောက် နေတဲ့.. ကောင်မလေး ..ကို လှမ်း ကြည့် တော့.. ..စိတ်တို နေဟန် လေး မို့.. နောက်ချင် သွား သည်။


“ ဒါကတော့ ကွာ.. မိုးက လည်း တိမ်တွေ ဖွဲ့ လို့ ရွာ ပေး ရ တယ်.. ကားက လဲ.. လမ်း ရှိ နေလို့..မောင်းရ တယ်..ငါတို့ ကလည်း.. ကားမရှိ လို့.. လမ်းဘေး မှာ လျှောက်ရတယ်... ရေစင် ရတယ် ပေါ့ ကွာ.. ဟုတ်ဘူးလား ..အဲဒါ ပစ္စည်းမဲ့ ဟာသ လို့ ခေါ်တယ်.. ဟ..ဟ”

“ သြော.. ဆရာက..ပစ္စည်းမဲ့ ဒေါသ ကို..ပစ္စည်းမဲ့ ဟာသ နဲ့ ဖြေ ပေး တာပေါ့.. ”


ပြိုင်တူ ရယ်မော လိုက် ကြရင်း.သူတို့ နှစ်ယောက်.. အင်းလျား ကန်ဘောင် ဆိုင်တန်း တွေ ဖက်.. လမ်းဖြတ် ပြီး.. ချိုးကွေ့ လိုက် သည်။ ပြီးတော့.. လူခပ်ရှင်းရှင်း ဖြစ်နေတဲ့ အပြာရောင် ခုံလေး တွေ နဲ့..ဆိုင်လေး တခု စီ ..အလိုလို ဦးတည် မိ သွား ကြ သည်။

“ ဆရာ...ကျမ ကျွေးမယ်နော်.. ၀တ္တု ကို သာ...သေချာ..ဝေဖန် ပေး...”

“ ဟေ့.... ညည်း ဟာက.. ဆု ရ ပါတယ် ဆို မှ.. ငါ က.. ဘာ များ ထပ်ဝေဖန် ပေးရမလဲ ကွ.. ကောင်းတယ်.. ကောင်းပြီးသား..ကဲ...ဘူးသီးကြော်သာ..များများ မှာ.. ”

“ အာ.. အဲလို ကြီး တော့..ဘယ်ဟုတ် မှာ လဲ.. ဆရာ ကလဲ..
.....

မှတ်ချက် တခုခု တော့..ပေးလေ.. ”


ကလေး တယောက် လို.. ပြီးတော့..မိန်းကလေး တယောက် လို..စူစူ မူမူ ပြောနေဟန် ကလေး ကို.. ..မသိမသာ စိုက် ကြည့် လိုက်ရင်း... အဆောင် ဧည့်ခန်း ထဲမှာ .. ကပ်ထား တဲ့..၀တ္တုလေးကို.. မင်း ဆင်းမလာ ခင် ကတည်းက.. နှစ် ခေါက်လောက် ဖတ်ပြီး နေခဲ့ ပြီ ဆိုတာရယ်.. ဘာအကြောင်း ကြောင့်.. ငါ က.. မင့် အဆောင် ကို တကူးတက လာဖတ် ပေး ရ သလဲ ဆိုတာ ရယ်.. ငါ လည်း.. ပြော မပြ တတ် တော့ ဘူး ကွာ...။


+++++++++



~~~ စကားလေး ပြောသလိုပဲ..
သူ ကိုယ့် အနား ရောက်လာပြီး တော့..ကပ်ထိုင် သွားသလိုပဲ~~~

ဒီ အတိတ်ဆွေး ဟောင်းကမ္ဘာလေး ဟာ..ချစ်စရာလေး ပါကွယ်~~~~

ချစ်စရာလေးပါကွယ်~~~~~


...ချစ်စရာကောင်း လှ တဲ့.. အတိတ် ကမ္ဘာလေး ဆီကို.. နွေဦး ကံ့ကော်.. နဲ့ အတူ..မင်း ခေါ်သွား ခဲ့ လို့.. ငါတို့.. အလည် ပြန် ရောက်ခဲ့ ရ တာ..ကျေးဇူးတင် တယ်.. နွေဦးကံ့ကော်.. ။

မင့် ကိုရော ပေါ့..။

တခါတလေ တော့ လည်း.. ဒီအသက်အရွယ် ကြီး ရောက်မှ.. ကြည်နူးစရာ သီချင်း လေး တွေ ကြားထဲ.. စိတ်ကူး နုနု ချိုချို လေး တွေနဲ့.. သာယာ နေ မိတာ..ဂွ တော့ အကျ သား လို့.. ငါ လည်း....မလုံလဲ ချင် မိဘူး..။ မင်း ရေး တဲ့.. ဟို ၀တ္တု ထဲက..စိတ်ရောဂါ အထူးကု ဆရာဝန် ဒေါက်တာ..မိုးညို လို.. သူ့ နှလုံးသားရဲ့ ခံစားချက် အပြောင်းအလဲ တွေကို.. ဆေးပညာ ရှုထောင့်ကနေ.. ဘာသာပြန် ဖို့.. အတင်း ကြိုးစား ရင်း.. Inner struggle နဲ့ ကြုံ နေရ တဲ့.. အဖြစ် မျိုး များ လား..။


အဲဒီ လို ဆို တော့.. အင်တာဗျူး တခု မှာ..မင်း ဖြေ သွားတာ ... သွား သတိရ တယ်။ အနုပညာ သမား တယောက်က..သူ့ရဲ့ လက်ရှိ အနေအထား..အသက် အပိုင်းအခြား ကြောင့်.. သူ့ အနုပညာ ကို.. ကန့်သတ် ထိန်းချုပ်ရမယ် ဆို ရင်.. ဒါဟာ.. ကိုယ့် ကို ကိုယ် လိမ်ညာမူ..ညှင်းပန်း နှိပ်စက် မူ ပဲ... တဲ့..။ အဲဒီ တုန်းက တော့.. အနုပညာ ဆို တဲ့.. စကားတလုံး နဲ့ ကိုင် ..ကိုင် ပေါက် နေတဲ့.. အနုပညာ သမား..ဆို တဲ့ လူတွေ ကို.. စိတ်ချဉ် က.. ပေါက် နေတုန်း မို့... နည်း နည်း တော့..အမြင် ကပ် ခဲ့ မိတာ.. ငါ ၀န်ခံ ပါတယ် ။


တကယ် တော့...ဟုတ်တယ် ကွာ...။ ငါတို့ ရှင်သန် ရ တဲ့.. အချိန် လေး က..တိုတောင်း ရ တဲ့ ကြား ထဲ... အကန့် အသတ် တွေ ကလည်း များ လွန်း လှတယ်။ သဘာဝ က ..ကန့်သတ် တာ တွေ.. လူ့ အသိုင်း အ၀ိုင်း က..ကန့်သတ် တာတွေ... ကို ကိုယ်တိုင် ပြန် ကန့်သတ် ထားတာ တွေ နဲ့...တခါတလေ..ကိုယ့် ဖာ ကိုယ် တောင် ပျောက်နေ တယ်.. ။ စိတ်ကူး..အနုပညာ တွေ နဲ့ မှ... ခရီး မဆန့် နိုင် ရင်.. ငါတို့.. ဘယ် မှ ကို.. ရောက် နိုင် မှာ မဟုတ် တော့ဘူး..ထင်တယ်.. ။ အေးလေ..ဒါကလည်း.. ကိုယ့် ကို ကိုယ် အလိုလိုက် တဲ့.. အကြောင်းပြ ချက် လည်း ဖြစ်ချင် ဖြစ်မှာ ပေါ့လေ..။


ဘာပဲ ပြောပြော..ဘယ်တော့ မှ..ပြန်မရောက် နိုင် တော့ တဲ့... နေရာ ဌါန ကြီးရယ်.. ဘယ်တော့မှ..ပြန်မရ နိုင် တော့ တဲ့.. စိတ်ခံစား ချက် တွေ ရယ် ကို.. နွေဦး ကံ့ကော် ထဲမှာ.. ငါ ပြန်ရောက် ခဲ့.. ရ ပြီ လေ....။ ကုန်ကုန် ပြောလိုက်မယ်ကွာ.... အဖိုး အို ကြီး ဖြစ် လာရင် တောင်.. ကံ့ကော် တွေက..ငါ့ကို ရင်ခုန် နေ စေ အုံး မှာ..သေချာတယ်..။ ရန်ကုန် တက္ကသိုလ် ကြီး ရဲ့..အရိပ်အငွေ့ တွေ ကလည်း ..ငါ့ နှလုံးသား ကို အမြဲ ချိုမြ နေစေ လိမ့် မယ် ဆိုတာ... သေချာ လွန်း မက... သေချာ တယ် ...။


++++++++


တောင်ငူ ကန်တင်းန် မှာ ထိုင် ရင်း.. မန္တလေး ဆောင် ထဲက..အတန်း ဖြုတ် လာတဲ့.. ကျောင်းသား တွေ ကို မြင်လိုက် ရသည်။ ခြစ်ရာ တွေ..မျဉ်းတွေ.. မျှားထိုးထာတဲ့ မှတ်စု တွေ နဲ့..ပေပွ နေတဲ့.. ဖတ်လက်စ စာ အုပ်ကို.. အသာ ပိတ် လိုက်ရင်း.. ရေ နွေးကြမ်း လက်ကျန် ကို...မော့ချ လိုက် သည်။ ထုံးစံ အတိုင်း..တဟေး ဟေး..တဟားဟား နဲ့.. ဒင်းကလေး တို့ အုပ်စု..သူ့စားပွဲ ဆီ ဦးတည် လာနေ ကြ သည်။ သူ..စဉ်းတော့ စဉ်းစား နေ မိ သေးသည်။ ဒီ စာအုပ် တွေကို .. အားလုံး ရှေ့ မှာ..ပေးရင်.. ကောင်းပါ့ မလား..


မထူးပါဘူး လေ.. ၀ယ်ပြီးသား ဖြစ်နေပြီ..။ ပြန်လည်း သယ် မသွားချင် တော့...။ မနက် က .. မြို့ထဲ သွားရင်း..စာပေ လောက.. က.. ဈေးရောင်း ရောင်းပွဲ တော် မှာ.. လျှောက် ၀ယ် လိုက်တာ..ဟို တအုပ်..ဒီ တအုပ် နဲ့...... တော်တော် များ သွား သည်။ ဒီကောင်မလေး ကို.. ဖတ်လဲ ဖတ်စေ ချင် သည်လေ..။ သူ စာရေးပုံ လေးက.. မဆိုးဘူး ။ ကိုယ်ပိုင် ဟန်လေး လည်း ရှိ တယ်။ ပထမ ဆုံး ဆို တဲ့..၀တ္တုလေး မှာ တောင်..မိသားစု ဇတ်လမ်းလေး ပေမဲ့.. အတွေးလေး တွေက..ဆန်း တော့..ဖတ်ရတာ တမျိုးလေး ခံစား ရသည်။ စာရေးဖို့ ဆိုတာ..စာတွေ များများ ဖတ်ဖို့ လည်း လို သည် လေ..။

သူ တောင် ဘာမှ မပြောရသေး.. ဘေးက..ခုံပုလေးပေါ် တင်ထားတဲ့..စာပေလောက..တံဆိပ် နဲ့..စာအုပ် ထုပ် ကြီး ကို.. ဟ ကြည့် နေလေ သည်။

“ ဟယ်.......... စာအုပ်တွေ အများကြီးပဲ.. ဘာလုပ်တာလဲ..ဆရာ..”
.......
“ ယူထား လိုက်.. အဲဒါ ညည်းဖို့.. ”

အရေးမပါ သလို..ခပ်ဖွဖွ ပြောလိုက် တဲ့..သူ့ အသံ ကို.. ကျန်တဲ့လူတွေ ..သိပ် ဂရုမစိုက် မိပုံ မရ ပေမဲ့..အရမ်း အံ့ သြ ပြီး..ပျော်သွား တဲ့.. မျက်နှာ လေး ကိုတော့.. သူ မေ့ တော့ မည် မထင်။



+++++++++



ငယ်ရုပ် တချို့ ကျန်နေ သေးတဲ့.. ခပ်တင်းတင်း မျက်နှာလေး ကို.. မဂ္ဂဇင်း အင်တာဗျူး တခု ထဲမှာ.. ပြန် တွေ့ ဖြစ် သည်။


စာ အရှည်ကြီး တွေ..မရေးချင် သလို..စာအုပ် တွေ လည်း..အများကြီး ရေးဖို့ မရည်ရွယ် ထား ဘူး လို့ ဆို သည်။ လူတွေ ရဲ့..ဖန်တီး နိုင် မူ မှာ.. အတိုင်းအတာ ရှိ တယ်.. ရှိတဲ့ အတိုင်းအတာ ထက် လည်း ပိုပြီး ထုပ်ယူ..ညှစ်ယူ လို့ မရဘူး .. တဲ့။ သူ ပြုံးချင် မိ တာက.. ဘာတဲ့...လူတယောက် ရဲ့ ပတ်ဝန်းကျင် မှာ.. ဖတ်စရာ ရှုစရာ..သိစရာ တွေ..များလွန်း လှတော့..ဖတ်ရမဲ့ လူတွေ အတွက်ရော..တခြား စာရေးတဲ့ သူတွေ အတွက် ရော.. စဉ်းစားပြီး..ကမ္ဘာကြီးကို..sustainable ဖြစ်ဖို့.. တတပ်တအား ရည်ရွယ် တာပါ..ဆိုတာမျိုးလေး.. ခပ်နောက် နောက် လေး ပြောသွား တာကို..သဘော ကျ မိသည်။

အဲဒီလို အတွေး တွေ ... အရေးအဖွဲ့ တွေ ကို..သူ လက်ဆောင် ပေး ခဲ့တဲ့..စာအုပ် တွေ ဆီ က.. ဘယ်လောက် သေးငယ် တဲ့.. အတိုင်း အဆ လေး များ... အထောက်အပံ့ ဖြစ်ခဲ့သ လဲ ဆိုတာ.. သိ ချင်နေ မိ ရဲ့...။


တကယ်တော့ လည်း..ဒီလောက် အချိန် ကာလ တခု အတွင်းမှာ.. လူ တယောက် ဖြတ်သန်း ခဲ့ မဲ့.. အမူ ကိစ္စ တွေ .. သင်ကြား သိမြင် မူ တွေ.... နေရာဒေသ..တွေ... လူမူ ပေါင်းသင်း ဆက်ဆံ ရေး တွေ ချစ်ခြင်း..မုန်းခြင်း တွေက....သူမ ကို..သူမ ဖြစ်စေခဲ့ တာ..နေမှာပါ...။

အချိန်တွေ ကို လည်း.. ကြည့် အုံးလေ.. သူ့သမီး ကြီး တောင်..၁၇ နှစ် သမီး ဖြစ်နေခဲ့ ပြီ ... ဆိုတော့... ပီဘိ ကလေးငယ် လေး တယောက် ကို တောင်... လုံးလုံးလျားလျား.. အပျိုမ တယောက် ဖြစ်လာ စေခဲ့ တဲ့.. အချိန် တွေ ပဲ...။

တကယ် တော့..သမီး နဲ့ သား က.. သူ့ဘ၀ ရဲ့ ဆုလာဒ် တွေ ပါ... ။ သေချာပါတယ်...။ သေချာ အောင်ပဲ သူကြိုးစား နေခဲ့ တာပါပဲ။

ဘာပဲဖြစ်ဖြစ်လေ.. သမီးကြီး ကိုတော့..သူ ဖြစ်စေချင် သလို..ပညာ ရေး ဖက် မှာ...မပေါ့ မရော့ လိုလို ချင်ချင် ရှိ နေ တာလေး ကိုပဲ.. သူ ကျေနပ် ရမှာပါ။ ကျန်တာ တွေက တော့..ခု အချိန်မှာ..သူ ဘာမှ မတတ် နိုင် တော့...။ အဖေ တယောက် အနေ နဲ့.. အပျို အရွယ် သမီး တယောက် ရဲ့.. ၀တ်စား ဆင်ယင် ပုံ ကို..ဒီ့ထက် ပိုပြီး..ဝေဖန် ဖို့ မသင့် ပေ မဲ့...အသွားအလာ အနေ အထိုင် ကို တော့...နည်းနည်း လောက် ပိုပြီး ဆင်ခြင် စေချင်သည်။

“ သမီးကို နည်းနည်း တော့...ဗမာ ဆန်စေ ချင် တယ် ..” လို့.. သူ ခပ်မာမာ ပြော ခဲ့ တုန်း က.. “ ဗမာ ဆန် တယ် ဆိုတာ..ဘာလဲ..ရည်းစား ကို ပန်းခြံ ထဲ မှာ ချိန်းတွေ့ တာ လား... ” လို့ ပြန်မေး ခံ လိုက်ရ သည်။ သူ..ဆွံ့အ သွား ခဲ့ သည် ။ ရင်ခေါင်း ထဲမှာ..တင်းကျပ် လာတဲ့..ဒေါသ တွေကို..ကြိတ်မှိတ် မြိုချ နေ တုန်း....
“အဖေ လည်း ကြိုက်သလို နေပေါ့.. အမေ မှ မရှိ တော့ တာပဲ.. ကြိုက်တဲ့ မိန်းမ ..အိမ် ခေါ်လာ ပေါ့..” ဆိုတဲ့..စကား အဆုံး မှာ.. အချိန် ကာလ များစွာ ထိန်းချုပ် လာခဲ့ တဲ့..သူ့ ဒေါသ တွေ..မကြုံစဖူး..ပေါက်ကွဲ သွား ခဲ့ ဘူး သည်။

တိမ်တောက်ချိန် ၀တ္တု ထဲက..ပန်းချီ ဆရာမ ကြီး ရဲ့ ..မိသားစု မျိုး နဲ့ ကြုံဆုံ ရမှာ..သူ ကြောက် ပါသည်..။ အခု ရော..ဘယ်လို မိသားစု မျိုးကို ပိုင် ဆိုင် ထား သလည်း လို့ မေးလာရင် လည်း.. သူ ရင်ကော့ ပြီး အဖြေ မပေး နိုင်ပါ။

အဲဒီ ၀တ္တု ထဲမှာ.. အဓိက ဇာတ်ကောင် က .. သူ အ နစ်နာခံ အချိန်တွေ ပေး တည်ဆောက် လာခဲ့တဲ့.. မိသားစု ကြီး.. နောက်ဆုံးမှာ... အလို အလျောက် ပြို ဆင်း သွားတော့... သူ တသက်လုံး..မဆွဲ ဖြစ် ခဲ့တဲ့.. ပန်းချီ ကားတွေ ထဲ မှာ.. နှစ်မြုတ် စီးဝင် ပြစ် လိုက်ရင်း.. လော က ကြီးကို.. မြင်သလို ကြည့် ပြစ် လိုက် တဲ့..အသက် ၆၀ ကျော် Expressionist ပန်းချီ ဆရာမကြီး တယောက်...။

နာရီ တွေကို မုန်းတယ်.. အထူးသဖြင့်.. နားထင် ထဲ ထိ.. တတစ်တစ် လာမြည် နေတဲ့.. biological clock ကြီးကို အမုန်းဆုံးပဲ...ဆိုတဲ့ .. လောကကြီးကို.. အမြင်ဆန်း သွား တဲ့.. အမျိုးသမီးကြီး။

အဲဒီ နာရီ သံ တွေ ကို မကြား အောင်..ပန်းချီ ကား တွေ.. တကားပြီး တကား.. မနားတမ်း ဆွဲ နေ တဲ့.. သူမ က..သွေးသား တော်စပ် မူ နဲ့ ပတ်သတ်လို့... ဆွေမျိုးသားချင်း မှန်သမျှ..သားသမီး တွေ ပေါ် အထိ.. အယုံအကြည် ကင်းမဲ့ နေ သည်။

နေပါအုံး... အဲဒီ ၀တ္တု ထဲ မှာ.. ပန်းချီ ဆရာမ ကြီး က..သူ့ သား နဲ့ သမီး ကို biological produce တွေ လို့.. ပြော ထွက် လောက် အောင် ထိ.. စာရေးတဲ့.. မင်း မှာ ရော..ဘယ်လို တွေးထင် ယူဆ ချက် တွေ ရှိ နေ လို့ လဲ...။ ထားလိုက်ပါလေ.. မင်း ပြောသလို ဆို.. ၀တ္တု တပုဒ် ထဲက.. ဇာတ်ကောင် ရဲ့ အယူအဆ အနေအထိုင် မှန်သမျှ အတွက်...၀တ္တုရေးတဲ့သူ မှာ.. တာဝန် မရှိဘူး..ဆို တော့..

ဒါပေမဲ့..သေချာ တာတော့.. အချိန်တန် အရွယ်ရောက် လာတဲ့..သားသမီး တွေ က.. အနီးဆုံး မှာ ရှိ နေ ရဲ့ နဲ့ တောင်..ဘာလို့.... ငါတို့ နဲ့ ဝေး လိုက် လာ တာလဲ ...

( ပြောလိုက် အုံးမယ် ကွာ..) ငါတို့ ကပဲ.. သိပ် ဗမာ ဆန် နေ သလား...။ ခေတ်မမီ တော့ဘူးလား..။ အပေး အယူ သဘော နဲ့.. မျှော်လင့် လို့ တော့..မဟုတ်ပါဘူး ..

.............
............

တခါ တလေ..ကလေး တွေ နဲ့ ပတ်သတ် လို့ စိတ်ထဲ မှာ..ဘ၀င် မကျ တိုင်း..ကိုယ်တိုင် ရော..ဒီလို အရွယ် တွေ မှာ..ဘယ်လို ပြုမူ နေထိုင် ခဲ့ လည်း ဆိုတာ.. အမြဲ ပြန်ပြန် စဉ်းစား ပြီး.. နားလည် ပေး နိုင် ဖို့.. ကြိုးစား ကြည့် မိသည် ။ မိဘ တွေ အပေါ်..ဘယ်လို တွေး မိ သလဲ.. ဘယ်လို တုန့်ပြန် ဆက်ဆံ ခဲ့ သလဲ.. အချစ်ရေး အချစ်ရာ တွေ မှာ..ဘယ်လောက် နက်နက် ရှိုင်းရှိုင်း နားလည် နေခဲ့ ပြီ လဲ.. စသဖြင့် ပေါ့ လေ..။ ခေတ် တွေ မှ မတူ တော့ တာ လို့.. ရောချ ပြစ်လိုက် နိုင် ရင်တော့ လဲ.. တမျိုး ပေါ့..။

သူ သတိပြန် ရ မိ တာ ကတော့..ကံ့ကော် တော ကြီး ထဲက.. ချိုလွင် ဝေ စီ နေ ခဲ့တဲ့..လူငယ် ဘ၀ လွတ်လပ် ပျော်ရွှင်ခြင်း တွေ..။ အပြစ်ကင်း တဲ့..နူးညံ့ တဲ့..သန့်စင် တဲ့.. သိမ်မွေ့ တဲ့... ရင်ခုန် ခြင်း တွေ..။



+++++++++


ကောင်းကင်ယံမှာ လေပြေမြူး..
လေပြေထဲမှာ ခါနွေဦး...
နွေဦးထဲမှာ ကံ့ကော်ဖူး...
ကံ့ကော်ဖူးမှာ အချစ်ဦး...

........
.................

“ ဟင်.. ဆရာ့ ကဗျာ ကြီး ကလဲ...ရိုး လိုက်တာ..”

ဒီ ချာတိတ် မ ကတော့..ပြောလိုက် မှ ဖြင့်... လို့ သူ.. ပြုံး လိုက် ရင်း...

အေးပေါ့ ကွ.. ဒါ..ငါ ပထမ နှစ် က.. စပ်တဲ့ ကဗျာပဲ.. အဲဒီတုန်းက ၁၇ နှစ် ဆို တော့ .. ကလေး သာသာပဲ ရှိသေးတာ..”

“ အဲဒီ တော့.. အဲဒီ အမ ကြီးက.. ပြန်ကြွေ ရော လား... ”

“ ကြွေသလား မမေး နဲ့.. ကောက်လို့ တောင် မနိုင်ဘူး..တောင်းအပြည့် ပဲ.. ”

သူ့ ဟာသ ကို.. တခြားသူ တွေ က.. ရီ ကြပေမဲ့.. တခု တည်း သော..ရှုတည်တည် မျက် နှာလေးက..တော့.. “ အခု ရော.. ” လို့ နောက်တခွန်း .. ထပ် စပ်စု နေ ပြန် သေး သည်။

သူ့ ရဲ့ မပြီးမပြတ် ဇာတ်လမ်း ရှည် ကို.. ဒီ တအုပ်စု လုံး..သိသင့် သလောက် သိ နေ ကြပေမဲ့.. သိပ်ပြီး ရှည်ရှည် ဝေးဝေး..ထဲထဲ ၀င်ဝင် တွေ..ပြော ပြ မနေ ဖြစ် တော့..။

ပျော်စရာ ကောင်းတဲ့.. ကျောင်းသား ဘ၀ ..ကုန်ဆုံး သွား တာ တောင်.. ဒီလို.. တပည့် မက.. သူငယ်ချင်း မကျ.. ကလေး တွေ နဲ့..မောင်နှမ တွေ လို.. ပြောဆို.. သင်ပြ ပေး နေ ရ တဲ့... တက္ကသိုလ် ဆရာ တယောက် ရဲ့.. ကံ့ကော် နေ့ရက် တွေ ကို..ဘယ်လို အကြောင်း နဲ့ မှ..သူ ရပ်ဆိုင်း မပြစ် လိုက် ချင်ပါ..။


+++++++++


“ ဆရာ..ဒီနေ့ မလာတော့ဘူး ထင်နေတာ.. ခုန မိုး တော်တော်သည်း တယ် ဆရာ.. ဒီ မနက်.. ဘယ်လောက် မှ တောင် မဆင်း သေးဘူး..”

တောအုပ် အစပ်.. သစ်ပင် စိမ်းစိမ်း တွေ ကြားထဲမှာ..ထိုးထိုး ထောင် ထောင် ထွက် နေတဲ့..သံချေး ရောင် drilling rig ကြီး ၂ ချောင်း နဲ့ မလှမ်း မကမ်း မှာ.. ကားကို ထိုးရပ်ရင်း.. ကားပေါ်က..ဆင်း ယုံ ရှိ သေး.. တယောက် က.. လှမ်း အော် ပြော သည်။

“ အေး..ဘယ်တတ်နိုင် မလဲ ကွာ... ငါတို့က..မိုးပေါ တဲ့ အရပ် မှာကိုး.. နေပူ တာထက် စာရင် တော့.. လူ သက်သာ တာပေါ့ ကွာ.. ”

ဒီလုပ်ငန်း ခွင် ထဲ မှာ တော့.. ဗမာ တွေ သာ အများစု ဖြစ်နေ ကြသည်။ ပြီး တော့.. ရန်ကုန် မှာ တုန်းက..ကျောင်းမှာ.. ဆရာ လုပ်ခဲ့ဖူး တဲ့ သူ တွေ ဆို ရင်.. အငယ် တွေ က.. ဒီ ရောက် လည်း..ဆရာ လို့ သာ..ဆက် ခေါ် ကြ တာ ဓလေ့ လို ဖြစ်နေသည်။ တခါ တလေ တော့ လည်း...ဆရာ မဟုတ်တော့တဲ့ ကိုယ်က.. အခေါ် မခံ ရဲ သလို လို ခံစား မိ သည်။

ဘင်္ဂလား အလုပ်သမား လေး တွေ က.. သွားလေး တွေ အကျဲသား နဲ့..သူ့ကို လှမ်း နှုတ်ဆက်ကြ သည်။ သူတို့ နား ဆီ လျှောက် သွား ပြီး... ဘေး မှာ ချ ထား တဲ့.. သစ်သား core box ထဲက.. sample .. တတုံး နှစ်တုံး ရဲ့ မညီ မညာ အဖျား စွန်း တွေ ကို.. လက် နဲ့ အသာ ပွတ် ချေ ကြည့် နေ မိ သည်။

“ ဒီ ကောင် ကြည့် ရတာ...မီတာ ၃၀ လောက် ဆို ရင် တောင် ရပြီ ထင်တယ်.. ကဲ.. မိုး တိတ် တုန်း..ချ လိုက် ကြ အုံး ... ”

မတ်တပ် ပြန် ရပ် ပြီး..ခါး ဆန့် ထုတ် နေ တုန်း...

“ ဟ.. ဥသြ ငှက် ပါလား ..”

“ ဟုတ်တယ် ဆရာ..ဟိုဖက် က.. reservoir ထဲ မှာ..တနေ့လုံး အော်နေတာပဲ..နေသာ ရင် ပို တောင် အော်သေး.. ဟို ပန်းခြံ အစပ် က.. အတန်းက လည်း ကံ့ကော် တွေ လေ.. နေရင်း ထိုင်ရင်း ..ကျနော် တောင်..မိန်း ထဲ ကို လွမ်း နေ မိ တယ်...အင်းလျားကန် ပဲ လို တော့တယ်.. ဒါမဲ့..ကန် နဲ့ တူတာ ဆို လို့.. ဒီ သံစည် ပိုင်း ထဲက.. ရေ တွေပဲ ရှိ တယ်.. ဟား ဟား.. ”

bore hole တူးဖို့ သုံးတဲ့ ရေ စည် ပိုင်း ကြီးကို ကြည့်  ပြီး.. သူလည်း ပြုံးနေ မိ သည်။ ရန်ကုန် နဲ့ ရေမြေ သစ်ပင် အငွေ့ အသက် တွေ.. သိပ် မကွာ ခြားလှ တဲ့.. ဒုတိယ အိမ် ဖြစ် လာ နေတဲ့.. ဒီ ကျွန်းမြေ လေးကလည်း ချစ်စရာ တော့တမျိုး ကောင်း သည်ပင်။

ခပ်လှမ်းလှမ်းက..ကံ့ကော် ပင် တန်း ဆို တဲ့.. နေရာ ကို..လှမ်းမျှော် ကြည့် ရင်း.....

သြော...... နွေဦး ကံ့ကော် က.. မပြီး သေးပဲ ကိုး...။



+++++++++++


မန္တလေး ဆောင် နောက်က..အပင် အုပ် ဆီ က.. ကြားလိုက် ရတဲ့..ဥသြ သံ က..သူ့ အသဲ နှလုံး တွေ ကို.. ဆွဲစုပ် ယူ နေ သလို ပင်..။ ဖီးလ် ဆင်းတဲ့ ရာသီ မို့.. ကျောင်းမှာ လည်း..ဆရာ တွေ တောင် သိပ်မကျန် ခဲ့ပဲ..တိတ် ဆိတ် ငြိမ် သက် နေသည်။ အပေါ် ဆုံး ထပ်..ပါမောက္ခ ရုံးခန်း ထဲက..ထွက်လာ တဲ့ သူ့ ခြေလှမ်း တွေ က.. ဆက် မလျှောက် ချင် တော့ လောက် အောင် ကို ခွေယိုင် အားပျော့ နေသည်။ သူ ငိုချင် နေ သည်။ ဒါပေမဲ့..ငို လို့ လည်း မရ...။ ထွက်စာ လာ တင် တဲ့ သူ့ကို ..ပါမောက္ခ က တော့..နားလည် စွာ.. အားပေး ရင်း..၀မ်းသာပါတယ်ကွာ လို့ ပြောလေ သည်။ ဟုတ်သလား... ဒါ ..၀မ်းသာ စရာ လား...။

မန္တလေး ဆောင် သုံးထပ် ရဲ့ လှေခါး တွေ ကို..တထစ်ခြင်း ဆင်း ရင်း.. သူ့ ရင် ထဲ မှာ..လစ်ဟာ သထက်..လစ်ဟာ လာ နေ သည်။ အလယ်ထပ် လှေခါး ဘေးက.. သလင်း ကျောက် တုံး ကြီး ကို မြင် တော့..၀မ်းနည်း မူက.. ပို နက်ရှိုင်း လာ သည်။ ဒီ ကျောက် တုံး ကြီး မှာ ရာဇ၀င် ရှိ သည် ။ မြန်မာ ပြည် လွတ်လပ်ရေး ရ ကာ နီး တော့.. .ဗိုလ်ချုပ်အောင် ဆန်းက.. နိုင်ငံ ခြား မှာ.. ပညာ သင်နေတဲ့..သူငယ်ချင်း..ဆရာ သာလှ ကို.. ဘူမိဗေဒ ဌါန တခု သီးသန့် ဖြစ် လာဖို့.. တာဝန် ပေး ခဲ့ တယ် လို့ ဆိုတယ် ။ ဒီ သလင်းတုံး ကြီးကို.. ဆရာကြီး ဒေါက်တာ သာလှ က.. မြန်မာပြည် အပြန် အိန္ဒိယ လှည့် အ၀င် မှာ.. ၀ယ်လာ ခဲ့ တာ လို့.. သူတို့ အားလုံး သိ ထား ကြ သည်။ အခု တော့.. ဗိုလ်ချုပ် တို့.. ဆရာ ကြီး တို့..တကူး တက.. ကြိုးစား ပျိုးထောင် ခဲ့ တဲ့.. ငါတို့ လို ကျောင်းဆရာ တွေက..ဒီ ဌါန ကြီး ကို ထား ခဲ့ပြီး... ဘယ်ကို ပြန် သွား အလုပ် လုပ် ကြ အုံး မှာ တဲ့ လဲ..။

အဆောင် ဆင်ဝင် အောက် က..ထွက် တော့.. ခြောက် ကပ်ကပ် ဖြစ် နေတဲ့..တောင်ငူ ကန်တင်းန် လေးကို အကျင့် ပါနေ တဲ့..မျက်လုံး တွေ နဲ့ လှမ်း ကြည့် လိုက် မိသည်။ ဘယ်သူ နဲ့ မှ လည်း သိပ် တွေ့ ချင် မနေ တော့ ပေ..။ အမြဲ တိုင်း လို ဆူ ညံ နေ တတ် တဲ့.. ဟို အုပ်စု ကို လည်း သတိရ နေ မိ သည်။ တကယ် ဆို.. ဒီကောင် တွေ ကို တော့..သူ သေချာ နှုတ်ဆက် ခဲ့ သင့် သည်။ အခု အချိန် လောက် ဆို.. မြင်းဒိုက် မှာလား.. ပြင်ညောင် ဘက် မှာ လား မသိ..။ စာမေးပွဲ နောက်ဆုံး ရက်က..ကွင်းဆင်း ဖို့ စိတ်လှုပ်ရှား ပြင်ဆင် နေကြ ရင်း.. သူ့ ဆီ မှာ တောင်.. မြေပုံ ဖတ်နည်း.. ကွန်ပတ်စ် တိုင်း နည်း တွေ..သေချာ ပြန် မေး သွား ကြ သေး သည်။

“ ညည်း ကလဲ.. ကွန်ပတ်စ် တိုင်းတာ များ..ဘာခက် လို့ လဲ.. လမ်းပျောက် ရင်.. မျှားအနီ လေး အတိုင်းသာ လိုက်.. နောက်ဆုံး..ရွာတရွာ တော့ တွေ့ မှာပဲ.. ” လို့ နောက်ရင်း.. ခေါင်းလေး ကို..ခပ်ဖွဖွ ပုတ် တော့..

“ ဆရာ နဲ့.. ဖီးလ် ဆင်း ရ ရင် ကောင်းမှာပဲ နော်.. ” တဲ့..။

အဓိပတိ လမ်းပေါ် အထွက်...တုန့် ဆိုင်း နေတဲ့..ခြေလှမ်း တွေ နဲ့ .. အဆောင် တွေ ဖက် ကို.. တချက် လှမ်း မျှော် ကြည့် လိုက် ရင်း... တက္ကသိုလ် ရိပ်သာ လမ်း ပေါက် ဆီ ..ခပ်မြန်မြန် ဦးတည် လိုက် မိ တော့ သည်။ နေရစ် တော့.. ရန်ကုန် တက္ကသိုလ်ကြီး ရေ.. ။ နေရစ် တော့.. မြန်မာပြည် ကြီး ရေ...။


+++++++++++



ဒါလည်း အတွေးပါပဲ~~~
ရေပြင် လေး ကြည့်ကာ..သက်ပြင်းလေး တွေချ~~~
ကိုယ်မျှော်တဲ့ အကြောင်း တွေ.. သိများ..သိပါ့ မလား~~~
သြော်..နွေဦး ကံ့ကော် ရယ်~~~~



“ ဟာ.. သီချင်း တွေ ဘာတွေ ညည်း လို့ ပါလား..ဆရာ.. ”

“ ဟ.. မင်း က.. မိန်းထဲ လို့ ပြောလိုက် တာကိုး.. ငါ လည်း သတိ ရ သွား တာပေါ့.. ခုန ..ကားပေါ် မှာ လည်း..ဒီ သီချင်း နားထောင် လာ မိ လို့ ပါ ကွာ... ကဲ.. ကဲ.. ဒိုးမယ် ကွာ.. ရုံးပြန်ပြီး..တရုတ် နဲ့ ရန်ဖြစ် လိုက် အုံးမယ်.. ”

“ ဟုတ်ကဲ့ ဆရာ.. နေ့လည်စာ မစားခင် casing တွေ ပြီးအောင် ချ လိုက်မယ်...ညနေ တော့.. ကုလား တွေ လည်း.. အိုဗာတိုင် နည်းနည်း ပေးလိုက် အုံးမယ်.. .... သြော... ဆရာ့ကို ပြောမလို့.. မေ့ နေတာ.. မနေ့ တည်းက..ဖုန်းဆက် တောင် ပြောမလို့... Sci-tech မှာ... Play Station 3 .. တွေ Sale ချ နေတာ.. အရမ်း တန် တယ် ဆရာ.. ကျနော် တောင် ရန်ကုန် အတွက်..တ ခု ၀ယ်လိုက်တာ.. blue ray game ၂ ခွေ တောင် လက်ဆောင်ပါတယ်... ဆရာ့သား.. တအား ဆော့ တယ် ဆို လို့... ”

“ ဟေ..ဟုတ်လား.. သွား ကြည့် လိုက် အုံးမှ.. အေးကွာ..ငါ့ကောင် လည်း.. မထ တမ်း ကစားတာ..ထမင်းမေ့ ဟင်းမေ့.. ”

ကား တံခါး ဖွင့် လိုက် ရင်း.. .. ၁၄ နှစ်သား ပေမဲ့.. သူ့အမ နဲ့ မတူ..တခြား ဘာမှ စိတ်မ၀င်စား.. game တွေသာ..အရူးအမူး ၀ါသနာ ပါတဲ့..သားငယ် ကိုသတိရ သွား သည်။

play station 3 သားငယ် ပူဆာ နေတာ ကြာပြီ။ ပြော..ပြော နေတာပဲ.. ။ blue ray ရလို့ လိုချင်တာ တဲ့... blue ray is so cool ဆိုတာက.. ပါလိုက်သေး..။ သူ ပြုံး မိ သွား သည်။

ကားစက် သံ နှင့် အတူ.. ချိုမြ သော..လွမ်းဆွတ် ဖွယ် ကောင်း သော.. ထူးအိမ်သင် ရဲ့ သီချင်းသံ .. ထွက်ပေါ် လာ ပြန် သည်။
.......

နွေဦး ကံ့ကော် များ~~~~ ဒီအချိန်လေး တိုင်းမှာ~~~~~
......................
.............
.....

ကား ထိုင်ခုံ ပေါ် မှာ ပျံ့ ကျဲ နေတဲ့.. စာအုပ် တွေ ကို..တချက် လှမ်း ကြည့် ရင်း.. သီချင်း သံ ကို.. နည်းနည်း တိုး လိုက် သည်။

သူ့ ရုံး ကား လေး သည်... Sci tech ကို သွား ရာ.. ဟိုင်းဝေး ထဲ ကို.. အလိုလို ချိုးဝင် မိသွား တော့ သည်။




+++++++++++++++

ထူးအိမ်သင် နှစ်ပတ်လည် နေ့က.. ဖေ့စ်ဘွတ် မှာ..ထူးအိမ်သင် သီချင်း များ နားထောင် ရင်း.. နွေဦးကံ့ကော် သီချင်း လေး မှ..စေ့ဆော် လာသော..ဖန်တီးမူ သက်သက် ဖြစ်ပါတယ် ..ထူးအိမ်သင် ရဲ့ ( တေးရေး ကိုလေးလွင် ရဲ့ ) သီချင်း ခေါင်းစဉ် ကိုပဲ..နှစ်သက် စွာ.. အသုံးပြု ထား ပါတယ်.. မူပိုင်ခွင့် နှင့် ပတ်သတ်လို့.. ဒီနေရာ ကနေပဲ.. ခွင့်တောင်းလိုက်ပါတယ်...


Share/Bookmark

17 Comments:

မမသီရိ said...

ခုတလော လူပမ်း စိတ်ပမ်း ဖြစ်နေတာ
ဒီဝတ္တုလတ်ကလေး ကြောင့် အလွမ်းတွေ နဲ့ လန်းဆတ်လာပြန်တယ်.

သီချင်းလဲ နားထောင်၊ ပန်းချီကို ငေး၊ စာဖတ်ရင်းနဲ့အတွေးတွေ ဆက်ပွား..

မောင်းသွားတဲ့ ကားကြောင့်စင်တဲ့ရေ အကြောင်း တောကနေ ပထမ ဆုံး တက္ကသိုလ်ရောက်တဲ့ နှစ်မှာ ပြောမိခဲ့တယ်
အဲဒီတုန်းက ဘေးမှာ မေမေ နဲ့ သူငယ်ချင်းတချို့ ရှိတာ..
အင်း.. ပြောရင်း နဲ့ လွမ်းလိုက်တာ ဆို...

pandora said...

ကံ့ကော်ရနံ့တွေရ ဥသြသံတွေ ကြားယောင်လာတယ်။
အဲဒီကောင်မလေးက ဆံပင်တွေဖြူလာတဲ့ ဒီအရွယ်အထိ ပိန်ပိန်သွယ်သွယ်လေးနဲ့ လှနေတုန်းပဲဖြစ်မယ် ဆရာ။

TURN-ON-IDEAS said...
This comment has been removed by the author.
TURN-ON-IDEAS said...

အစ်မကေရေးတဲ့ တက္ကသိုလ်နောက်ခံတွေဇာတ်လမ်းတွေ ဖတ်ရတိုင်း...

အိမ်သားတစ်ယောက်အဖြစ်နဲ့ မြန်မာပြည်ကို လွမ်းတယ်...
အိမ်သားတစ်ယောက်မဖြစ်ခဲ့ရပေမဲ့ အိမ်သားတစ်ယောက်လို အစ်မကေစာထဲက တက္ကသိုလ်မြေကို လွမ်းတယ်....

ပြောချင်နေတာကြာပြီ...

"သူစိမ်းတစ်ယောက်ပါ...
ဒါပေမယ့် သူစိမ်းလို့ မသတ်မှတ်ပါနဲ့...
ငါ့မှာလဲ ပြောစရာတွေရှိနေပါတယ်...

ဟိုတုန်းက သူတို့ သူတို့ရဲ့ စကားတွေခေါ်ဆောင်ရာ နောက်လိုက်ရင်း ရောက်ခဲ့ဖူးတယ်...
လူကိုယ်တိုင်လဲ အကြိမ်ကြိမ် ရောက်ခဲ့ဖူးတယ်... သူစိမ်းတစ်ယောက်အဖြစ်ပါ...
ဒီဘဝတွေကို သူစိမ်းတစ်ယောက်လို မြင်တွေ့ခံစားရတာကို မကျေနပ်နိုင်ခဲ့ဘူး....

ငါ့ကို သူစိမ်းလို့ မသတ်မှတ်ပါနဲ့...
အချိန်တန်ရင် ငါလဲ ဘဝတွေထဲက ဘဝ၁ခုအဖြစ်နဲ့ ဒီနေရာမှာ စီးမျောချင်ခဲ့တာ...

ဒီအိပ်မက်ကို ပိုင်ဆိုင်ဖို့ လက်တွေ့ဘဝနဲ့ပေါင်းစပ်ဖို့ကြိုးစားခဲ့တယ်...

ကိုယ်အလှည့်ရောက်ပါပြီလဲ ဆိုရော မြို့ပျက်ကြီး၁ခုလို၊ တိတ်ဆိတ်ခြောက်ကပ်သွားလိုက်တာ...

ကြားခဲ့ဖူးတဲ့ အသံတွေ၊ မြင်ခဲ့ဖူးတဲ့ ပုံရိပ်တွေ...

ဘာပဲဖြစ်ဖြစ်ပါ...ရူးတယ်ပဲဆိုဆို
ငါ့အတွေးတွေအားလုံးကို ငါပိုင်တယ်...
ငါအခုရောက်လာခဲ့ပြီ... ငါတို့အလှည့်ရောက်ပြီ...
ငါ့ကိုကြိုဆိုပါ...
..."
ဒါမျိုး တကယ်လုပ်ခဲ့ဖူးပါတယ်...

ငါလဲ လွမ်းပါတယ်...
သူစိမ်းတစ်ယောက်လိုတော့ မလွမ်းပါရစေနဲ့တော့...
ပိုင်ပိုင်နိုင်နိုင် လွမ်းမယ်ကွာာာ...

အိမ်သားတစ်ယောက်လို မြန်မာပြည်ကို လွမ်းသည်...
အိမ်သားတစ်ယောက်လို ကံ့ကော်မြေကို ခံစားပြီး လွမ်းသွားသည်...

ဖတ်လို့ သိပ်ကောင်းတဲ့ ဒီပို့စ်အတွက် ကျေးဇူးပါ...အစ်မကေ

မေဓာဝီ said...

ဒီဝတ္ထုလေးဖတ်ပြီး ကံ့ကော်မြေကို လွမ်းမိတယ် မကေ ...
ရေးထားတာလေးက ဖတ်လို့သိပ်ကောင်းလို့ ၂ ခေါက်ဖတ်ပြီး ၂ ခါ လွမ်းသွားတယ် ... ။

mirror said...

အကြာကြီး စုထားပြီးမှ ပုံအော ချလေသလား အမ ရယ်။း)

သဒ္ဓါလှိုင်း said...

သီချင်းလေးကိုနားထောင်ရင်းနဲ့လွမ်းမောစရာ
ကောင်းလှတဲ့ကံ့ကော်ရိပ်တွေနဲ့အေးချမ်းလှတဲ့
မြကျွန်းညိုကြီးထဲကိုချက်ခြင်းရောက်သွားခဲ့တယ်..
ဒီအချိန်သူလည်းအဖေါ်နည်းစွာနဲ့လွမ်းမောနေ
မှာလားမသိ...
လွမ်းပြီးရင်းလွမ်းသွားရပြီမကေ...

ခင်တဲ့
ညီမသဒ္ဓါ

အိမ့်ချမ်းမြေ့ said...

မလေး... နှစ်သက်စွာ ခံစားဖတ်ရှုသွားပါတယ်..

Anonymous said...
This comment has been removed by a blog administrator.
သက်ဝေ said...

သီချင်းလေးနဲ့ အတူ စာလေးကလဲ လွမ်းစရာ...
ဒီနေ့ ကေ့ရဲ့ ဒီပိုစ့်ရယ် တန်ခူးဆီက ကဗျာလေးရယ်က ကျောင်းသူဘဝက ပုံရိပ်တွေကို သတိရသွားစေတယ်... စိတ်ထဲမှာ တခုခု ရေးချင်လာတယ်...
ကျေးဇူးပါ ကေ...း))

Anonymous said...

與人相處不妨多用眼睛說話,多用嘴巴思考,..................................................... ............

Anonymous said...

傻氣的人喜歡給心 雖然每次都被笑了卻得到了別人的心..................................................................

mysterysnow said...

မကေ
စာအရှည်ကြီးကို အားရပါးရဖတ်သွားပါတယ်...
အဲလို မဖတ်ရတာကြာပီ...
ပြောပြမတတ်အောင်လွမ်းတယ်....

နှင်းနဲ့မာယာ

Dr. Yi Yi Win said...

ဒီလိုမျိုးလေးတွေလည်း မကြာမကြာရေးပါဦး ဒေါ်ကေရဲ့ ။

MANORHARY said...

K...
လွမ်းစရာ့ နွေဦးကံ့ကော်...
ဘာကိုလွမ်းရမှန်း မသိတာတစ်ခုလေးပဲ စိတ်နာတာ
ကျောင်းကိုပဲ ပုံအော လွမ်းလိုက်ပါတယ် ...

Moe Cho Thinn said...

အလွမ်းတွေနဲ့ စိတ်တွေ လှုတ်ခတ်သွားတာ မဟုတ်ဘူး၊ ရင်ထဲမှာ လှိုင်းတွေလို တသိမ့်သိမ့် ဖြစ်သွားမိပါတယ် ကေရယ်..

ukyaw said...

သူ တို့ တွေ က စာ နဲ့  ဘဲ လွမ်း တတ်ကြတာ အနော်က စိတ်ပို ကြီး တော့ အင်း ၀ ဆောင်ထိ ဖုန်းလှမ်းဆက် လိုက် တာ ကုန်ေ၇ာ ဗျ.....နောက် ဒီလို မျိုးထပ်မေ၇းနဲ့ နော် ....လကုန်လောက် တစ် ခါေ၇းပေါ့ ..ဒါမှ ..ကုန်စ၇ာ ရှိမှာ ...:p