ကြယ်



ကြယ်

မရွေ့တဲ့..ကြယ်
မပျောက်တဲ့..ကြယ်
မကွေ့တဲ့..မကြောက်တဲ့..ငါတို့ရဲ့ ကြယ်တွေ…
အမြဲ ထွန်းလင်းပါစေ…
-




Original Blog Source


Share/Bookmark

16 Comments:

mirror said...

ဟိုး....ကြက်သီးတွေတောင် တဖြန်းဖြန်းထမိတယ်.။
ကြယ်...တို့တွေရဲ့ မျှော်လင့်ခြင်းတည်ရှိရာ ကြယ်..
အမြဲထာဝရ ထွန်းလင်းနိုင်ပါစေ...။

မမသီရိ said...

သူရဲကောင်း

ကြယ်တစ်လုံး ဖြတ်သန်းရာ လမ်းမှာ
ခြေရာတွေ ကဋေကဋာ ကျန်နေလိမ့်။

ကြယ်ကလေး ပြန်သွားပြီးတဲ့နောက်
ကြယ်ခြေရာတွေ ကို အသေအချာ
(တကယ့်ကို အသေအချာပါ)
လိုက်ဖျက်ပစ်လိုက်..

ကြယ်ကလေး
ကောင်းကင်က ငုံ့ပြီး
ပြုံး
ကြည့် နေလိမ့်..

ကြယ်ဆိုတာ သူ့ခြေရာ သူ
မြတ်နိုးတာမျိုး ဟုတ်ရိုးလားကွယ်။

လင်းဒီပ
၁၃.၂.၀၉
..................
......
.......
ကြယ်တွေဟာ ဘယ်တော့မှ မသေပါဘူး လေ

rose of sharon said...

အမြဲလင်းနေမဲ့ ဒို့တွေရဲ့ ထာဝရကြယ်

Anonymous said...

ဆုတောင်းပါတယ်.. ကြယ်မကြွေခင် ရှင်သန်မြတ်နိုးရာကောင်းကင်အလိုကိုတော့ အပြည့်အ၀ဖြည့်ဆည်းနိုင်ခဲ့စေချင်တယ်..။

နန်းညီ said...

ဆုတောင်းတွေ ပြည့်ရပါလို၏

လင်းဒီပ said...

ကြယ်တွေ လင်းလက်ပါစေသား...။

Moe Cho Thinn said...

တိမ်မည်းတွေ ဘယ်လိုဖုံးပေမဲ့
အမြဲထွန်းလင်းလျက်ပါပဲ ကေ..

ကိုလူထွေး said...

ကိုယ့်ကိုကိုယ် ကြယ်လိုပွင့်မပစ်နိုင်သေးပေမယ့်
ကြယ်စင်တွေပြတဲ့ လမ်းကို လိုက်လှမ်းလိုလျှက်...

tg.nwai said...

ကြယ်တွေကို ဦးညွှတ်လေးစားလျှက်ပါ ကေရေ.. အမှန်တရားအတွက် လင်းလက်တောက်ပနေတဲ့ ကြယ်တွေရဲ့ အလင်းရောင်နဲ့ လောကကြီးသာယာပါစေ...

မေ့သမီး said...

ဟုတ်တယ်နော်။ ဒီကြယ်လေးတွေ ထွန်းလင်းဖို့လိုသလို ကြယ်သစ်တွေလည်းမွေးဖွားဖို့လိုတယ်နော။်

kyalkalay said...

ကောင်းကင်ပေါ်က ကြယ်တစုမှာ ခင်ဗျားဟာ ကြယ်ကလေးတလုံးဖြစ်ရင် ကျနော်လည်း ကြယ်ကလေးတလုံးပေါ့ ကြယ်ကလေးတွေပေါင်းစုနေတဲ့ ကောင်းကင်မှာ မျိုးဆက်သစ်တခုရဲ့ လတစင်း ကြယ်ကလေးတွေရဲ့ဝိုင်းရံမှုအားမာန်နဲ့ လင်းလက်နေမှာပေါ့ ကြယ်တွေစုံတဲ့ညမှာ လတစင်းသာမှာသေချာပါတယ်…။

ကိုဆောင်းယွန်းလ

ဧရာ said...

“မကွေ့တဲ့..မကြောက်တဲ့..ငါတို့ရဲ့ ကြယ်တွေ…”
“ကြယ်တွေဟာ ဘယ်တော့မှ မသေပါဘူး လေ...”

ကြယ်ရောင်တွေ အားကိုးနဲ့ အမှောင်ထုအောက်က ထိုးဖောက်ထွက်ပြီး အရုဏ်ဦးကို ရောက်ဖို့ အချိန်တန်ပါပြီ...။

တန်ခူး said...
This comment has been removed by the author.
တန်ခူး said...

မြင့်မြတ်တဲ့ကြယ်တွေ အမြဲကျန်းမာလင်းလက်ပါစေ…

Nge Naing said...

အတူတူ ဆုတောင်းသွားပါတယ်။

Anonymous said...

တိမ်မဲတွေ အားလုံးကင်းစင် လို. ကြယ်.တွေစုံတဲ့ကောင်းကင်ကြီးမှာ...
လဝန်းကြီး အ မြန် ထွန်းလင်း ပါစေတော့ လို့ ဆုတောင်း လိုက် ပါတယ်..အမေ၇....