NEW GENERATION

ကိုယ့်ရဲ့ blog လေးကို တဖြည်းဖြည်း စဆောက်ရင်းနဲ့ ....နဲနဲတော့ပုံပေါ်လာပီ..

စိတ်ထဲမှာတန်းစီထားတာလေးတွေထဲက...ဘာလေးစရင်ကောင်းမလဲ .....

OK ....ကိုယ်ချစ်တဲ့ တူလေးတူမလေးတွေရဲ့ မှတ်မှတ်ယယလေးတွေ ရှိတယ်...
လောလောဆယ်ဆယ်တော့ အမလေးယောက်ကမွေးထားတဲ့ တူ ..တူမ ခုနစ်ယောက်
သူတို့တွေကလဲ ခေသူများ မဟုတ်..



နှင်းစက်ခင်...( စာအိုးကွဲ)

စာစဖတ်တတ်တည်းက အိမ်မှာတွေ့သမျှ အကုန်ဖတ်..
( မြန်မာ့အလင်းကလွဲလျှင်)...စာအုပ်အသစ်တွေ ၀ယ်
ဝယ်လာပီဆိုတာနဲ့ အိပ်ယာပေါ်တက်ပီး ထမင်းထမစား
ပဲအပီးထိဖတ်နိုင်သူ..သူ့အရွယ်နဲ့ သူဖတ်တဲ့စာတွေနဲ့ မလိုက်မှာစိုးလို့ လူကြီးတွေက မနဲလိုက်ကြည့်နေရသူ..တနေ့တော့..လေးတန်းမြန်မာစာဆရာမက ......
“မြေ၀ိုင်းခောတ် ဇတ်သဘင်မှာ မင်းသမီး မြခြေကျင်း နဲ့ မင်းသမီးမငွေမြိုင် တို့သည် နံမယ်ကျော်ကြား၏..”လို့
မှတ်စုချပေးတော့...သူမနေနိုင်ပါ။ “ ဆရာမ..အဲဒါမင်းသမီး တယောက်ထဲပါ..မြခြေချင်းမငွေမြိုင်..” ပါလို့
ထပြောလိုက်တော့...ကောင်မလေး..လျှာမရှည်နဲ့ ဆိုပီး တနှစ်လုံး ဆရာမရဲ့ မျက်မုန်းကျိုးခြင်းကို ခံလိုက်ရပါ
တော့တယ်....( သူက ဘယ်ကသိတာလဲဆိုတော့ ..လူထုဒေါ်အမာရဲ့ ပြည်သူချစ်သောအနုပညာရှင်များကသိ
တာဆိုပဲ...) အင်း...ကျောင်းသုံးဖတ်စာအုပ်ထဲမှာလည်း သေသေချာချာရေးထားမှာပါ...ဒီဆရာမနှယ်.....

ဆုမြတ်ခင် ( မျက်ကန်းမျိုးချစ်)

ဒီနံမယ်လေးက သူ့ကို ချစ်စနိုးနဲ့ နောက်တာ...သူအရမ်းစိတ်ဆိုးတယ်...တကယ်ကို မြန်မာပြည်ကိုချစ်တဲ့ လေးတန်းကျောင်းသူလေး....တခါတော့..ကိုယ်တွေ ဗမာပြည်ပြန်လည်တုံး..မိသားစုစကားဝိုင်းမှာ..မီးပြတ်
တာတွေ...အမှိုက်ပုံတွေ...ယိုယွင်းနေတဲ့ပညာရေးစနစ်တွေအကြောင်း..ညီးတွားကြတော့..သူလေးက ဘေးက
နားထောင်ပီး...ဘယ်လောက်တောင်မခံချင်ဖြစ်တယ်မသိဘူး...“ ကေကေတို့ကလည်း...နေလည်းမနေပဲ..
မကောင်းမပြောပါနဲ့..” တဲ့။ အိုး...၇ နှစ်သမီးလေးကပြောလိုက်တဲ့ လက်တွေ့ကျလိုက်တဲ့စကား...ဗမာပြည်
အကြောင်းပြောတိုင်းအမြဲ အမှတ်ရယင်း...ပါးစပ်စွံ့သွားမြဲ၊

သမိုင်းတို့ မြန်မာစာတို့ကိုသူ အရမ်းစိတ်ဝင်စားတယ်...(ခုအသစ်ထပ်ထွင်ထားပီး...ဆရာမတွေကိုယ်တိုင်..ဘယ်လိုသင်ရမလဲမသိတဲ့....ကိုယ်တွေတောင်ဖတ်လို့နားမလည်နိုင်တဲ့..ဘာတဲ့...ဘ၀တွက်တာ..ဆိုလာ...ပေါရဲလိုက်တာ..) .အဲဒီဘာသာကို ကျက်ရင်း...အမေတွေ အဒေါ်တွေကိုမေးခွန်းတွေထုတ်သေးတယ်..
“ သမီးတို့တိုင်းပြည်ထက် ဆင်းရဲတဲ့နိုင်ငံရှိသေးလား” တဲ့။ (၀မ်းနည်းစရာကောင်းလိုက်တာနော်..)
“မျက်ကန်းမျိုးချစ်ဆိုတာ..ဘာလဲ” တဲ့။
မနှစ်က ကိုယ်ရန်ကုန်ပြန်ရောက်တုံး အဲဒီအချစ်ဆုံးတူမလေးကို...တယုတယပိုက်ရင်း..“သမီးလေးကို နိုင်ငံခြား
ခေါ်ပီးကျောင်းထားရမယ်” လို့ပြောလိုက်ရော..တခါတည်း ၀ုန်းကနဲထပီး...“မလိုက်ဘူး..မလိုက်ဘူး...ကေကေ
တို့နိုင်ငံခြားကြီးကို မုန်းတယ်” တဲ့။ ကိုယ်အရမ်းရီချင်သွားတယ်...စိတ်လည်းဝင်စားသွားတယ်..
“ဘာဖြစ်လို့လဲသမီးရဲ့” ဆိုတော့...“အဲဒီနိုင်ငံခြားကြီးက သမီးတို့မြန်မာပြည်ကို ၀င်တိုက်တယ်”
အဟိုး...ပိုပီးစိတ်ဝင်စားသွားတယ်..( ဒီအရွယ်ကလေးလေးခေါင်းထဲကို ဒီအတွေးတွေ ဘယ်လမ်းကြောင်းက၀င်
လာတာလဲလို့လေ) “ဘယ်တုံးကတိုက်တာလဲသမီးရဲ့” .
...“မသိဘူး...ဟိုတုန်းက..”
ပြုံးမိရင်း...သမီးမေးတဲ့ မျက်ကန်းမျိုးချစ်ဆိုတာ..သမီးပေါ့လို့..စမလို့.လုပ်ရင်း...သြော်..ကလေးရဲ့မျိုးချစ်စိတ်
ကလေးတွေ ရှင်သန်ပါစေလို့ ပဲလျောချလိုက်မိပါတယ်....
( ဖောင်ကြီးသင်တန်းဆင်းဆရာမတွေ..တော်တော်အသင်ကောင်းတယ်ထင်ပါ့..ဟ..ဟ)


မောင်ရဲမိုး ( ရဲရဲတောက်)


နံမယ်နဲ့မလိုက်အောင် ပျော့ဖတ်ဖတ်နဲ့ အင်မတန်ကြောက်တတ်တဲ့ ငါးတန်းကျောင်းသားလေး...
အမတွေ..ညီမတွေနဲ့မတူတာက..နယ်မှာကြီးပြင်းတဲ့ သဘာဝရဲ့ရင်သွေးငယ်လေး...လမ်းပေါ်ထွက်ဘောလုံး
ကန်လိုက်...ပုဇင်းတွေလိုက်ဖမ်းလိုက်နဲ့ လွတ်လပ်တဲ့လေတွေရှုလို့ပေါ့....ဒါပေမဲ့သူလေးလည်း..အင်မတန်
တက်ကြွတဲ့သူ့အမေနဲ့အတူ တော်လှန်ရေးထဲမှာ ရံဖန်ရံခါပါတတ်တယ်...၂၀၀၂ ကဆိုတော့..တတန်းကျောင်း
သားလေးပေါ့...ဒေါ်အောင်ဆန်းစုကြည်နယ်တွေဆင်းရင်းမြို့လေးကိုရောက်လာတော့...အမေလုပ်သူက..
ကိုယ်တိုင်ပင်နီဝတ်...သူလေးကိုလဲ..ပင်နီသေးသေးလေးဝတ်ပေးပီ...လူထုနဲ့အတူရှိနေတာပေါ့...

“ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ..”
“ ဒေါ်အောင်ဆန်းစုကြည်..ကျန်းမာပါစေ...”

နေပူကျဲကျဲ လူအုပ်ထဲမှာ ခံစားချက်အပြည်နဲ့အော်ရင်း...သတိရ မှ..အမေလုပ်သူခမျာ..သူ့သားလေးကို ငုံ့ကြည့်လိုက်တော့....နား နှစ် ဖက်ကိုတင်းကျပ်အောင်ပိတ်ရင်း မျက်ရည် တွေ လည်းကျလို့...“မေကြီးကလည်းအရမ်းအော်တာပဲ..သားငိုချင်လာပီ”တဲ့။ ငိုအားထက်ရီအားသန်...တွေး တိုင်းပြုံးမိတယ်....(မျိုးဆက်သစ်အတွက်..တော်လှန်ရေးအမွေလေ..)
ဒါပေမဲ့ ..သူ့အမေတာဝန်ကျေပါတယ်...
တဖြည်းဖြည်း သူ့သားလေး ကြီးလာတော့..အိပ်ယာဝင်ပုံပြင်လေးတွေပြောင်းလာတယ်....
ဗိုလ်ချူပ်အောင်ဆန်း...တို့ ရှစ်လေးလုံးတော်လှန်ရေးတို့ ဖြစ်လာပီပေါ့....တနေ့....မောင်ရဲမိုးရဲ့ငါးတန်းအတန်း
ပိုင်မြန်မာစာဆရာခမျာ...မြန်မာသဒါလေ့ကျင့်ခန်းစာအုပ်တွေကို စစ်ရင်း မောင်ရဲမိုးရဲ့စာအုပ်ကိုလှန်လိုက်ရင်း မျက်လုံးအစုံပြူးထွက်သွားပါတော့တယ်....
ရှစ်လေးလုံးအရေးတော်ပုံ၌်၊ ကျောင်းသားများသည် ရွပ်ရွပ်ချွံချွံ ဆန္ဒပြကြသည်..တဲ့လေ..

ကျန်တာလေးတွေကတော့...ငယ်သေးတော့..ပုံသွင်းထားတာ
brain wash လုပ်တားတာ..ဘယ်လိုနေလဲမသိသေး...
နံမယ်တွေကတော့...
မင်းညိုထွန်း...သူ့အမေက..သိန်းဖေမြင့်ရဲ့ သပိတ်မှောက်ကျောင်းသားစာအုပ်ထဲက.ကျောင်းသား
ခေါင်းဆောင် ညိုထွန်းကို ယူထားပါသည်တဲ့...နောက်တယောက်က..
လင်းတေဇ...ဗိုလ်ချူပ်နံမယ်ကိုယူထားလင့်ကစား....ခုခေတ်မှာတော့..
နအဖသူဠေးကြီး ဦးတေဇရဲ့အဖွဲ့ဝင်မဖြစ်ရန်...ကြိုးစားရဦးမည်....
ဇွန်လေးခင....ဇွန်လမှာမွေးတဲ့သမီးလေးမို့ နိုင်ငံရေးအသွေးအရောင်
ကင်းရှင်းစွာပဲမှည့်လိုက်ပါတယ်....
ဟန်ညီသန့်...တကယ်တော့..ဦးသန့်ဆိုတဲ့..ဗမာနံမယ်ရှင်းရှင်းလေးကိုကြိုက်လှပေမဲ့...
သူ့အမေက..အဲလိုကြီးတော့..မမှည့်ရဲပါတဲ့...
နောက်ဘယ်သူတွေလာအုံးမလဲ....
(မိတ်ဆွေတယောက်ကတော့...၁၉၉၀ မေလမှာမွေးတဲ့သမီးလေးကို
စုကြည်နိုင်လို့မှည့်ထားပေမဲ့...စိတ်မကောင်းစွာပဲ...အတန်းတွေကြီးလာ..
ခောတ်အခြေအနေတွေပြောင်းလာလို့...နံမယ်ပြောင်းလိုက်ရပါသတဲ့...ရျွှတ်..)








Share/Bookmark

6 Comments:

Anonymous said...

အစ်မရဲ့ တူ၊ တူမလေးတွေက သိပ်တော်ကြတာပဲ။ အစ်မ စာရေးလည်းကောင်းတယ်။ ဆက်ရေးပါ အစ်မ။ ကျနော်ပုံမှန်ဝင်ဖတ်တယ်။

kay said...

ကျေးဇူးပါ..“ရာ”
လူကိုလိုက်ရှာတာ..ဘယ်မှာမှမတွေ့လို့..ဒီမှာပဲပြန်ကျေးဇူးတင်လိုက်တော့တယ်..

tg.nwai said...

ကေ တူ တူမလေးတွေက တကယ် မခေသူတွေပဲနော်.. သဘောကျလွန်းလို့လေ..ရွပ်ရွပ်ချွံချွံ ဆန္ဒပြကြသည် တဲ့လား..နောင်တခေတ်ရဲ့ သားကောင်း ရတနာလေးတွေပါပဲ..

kay said...

မသိဂီ င်္ ရေ- ကြီးရင် ကျောင်းသားခေါင်းဆောင်လုပ်မယ်ဆိုတဲ့ တယောက်ရှိသေးတယ်။ ဘုရားအသစ်လဲမယ်ဆိုတာလဲ တကောင်။း)

little brook said...

း) ငယ်တုန်းက ဖြစ်ချင်တာတွေ ပြန်တောင်တွေးမိသွားတယ် .. ငယ်ငယ်ကစစ်ဗိုလ်ဖြစ်ချင်တာ ဟားဟား
နောက် နဲနဲကြီးလာတော့ ကျောင်းဆရာဖြစ်ချင်သွားပြန်ရော
ခုတော့ ဖြစ်ချင်ရာဖြစ် ဖြစ်နေတယ် အမရေ ။။

T T Sweet said...

တူ၊ တူမလေးတွေကလဲ အဒေါ်လိုပဲ တော်ကြပါပေတယ်။ အဒေါ်ရေးတာတွေ သဘောကျလွန်းလို့ စာအဟောင်းတွေ ရှာဖတ်သွားတယ်။