ဝှက်ဖဲ (အခန်း ၂)




အခန်း(၂)- 
သူမ


ကွန်ပြူတာ ပိတ်သွားအောင် စောင့်နေ ရင်း.. ခါးကျော ကို ဆန့် လိုက်သည်။ 
..
 အပြာခံ  ပေါ် မှာ ပန်းပွင့် အဖြူ လေး တွေ ခပ်ကျဲကျဲ ဖောက်ထားတဲ့… ည၀တ် အကျီ င်္ လက်မောင်း အောက်က.. သူမ လက် တွေ သည်..ကွန်ပြူတာ ကီးဘုတ် ပေါ် မှာ ရှိနေ သေးသည်။ လိုးရှင်း တခုခု စွဲစွဲ မြဲမြဲ လိမ်းဖို့ လို ပြီလား လို့.. သူမ ရဲ့ လက်ချောင်း လေး တွေကို.. တချောင်းခြင်း ကွေးချည် ဆန့် ချည် လုပ် လိုက် ရင်း.. ကွန်ပြူတာ နောက်က.. စားပွဲတင် မှန်သေးသေး လေး ထဲ ကို လှမ်းကြည့် လိုက် မိသည်။  ၄၆ နှစ် ဆိုသော မျက်နှာ သည်.. လူတကာ ပြောသည့် အတိုင်း.. အသက်ထက် များစွာ နုပျို  နေပါသေးသည် လေ…။ အခုလေး တင်.. ဖေ့စ်ဘွတ်ခ် မှာ သူမ  တင်လိုက် သော.. ပုံကို..သူငယ်ချင်း တွေက..၀ိုင်း မြှောက် နေ ကြ သည်။ မနေ့ ကမှ.. အပြင်သွား ဖို့ လှတ ပတ ၀တ်စား ထားတုန်း.. ရိုက် လိုက် သည့် ပုံ။ ခုတလော..ဓါတ်ပုံ ခဏ ခဏ အရိုက်ခံ ချင် နေတဲ့ သူမ ကို  သူ ကတော့ သိပ် ပြီး တော့… စိတ်ရှည် ပုံ မရ။

ကုတင် ပေါ် မှာ ရောက်နေပြီ ဖြစ်တဲ့.. သူ့ကို မသိမသာ လှမ်းကြည့် တော့..စာအုပ်တအုပ် ဘေးချ ပြီး..တီဗီ ကြည့်နေ သည်။ ဘာ အစီအစဉ် လည်း.. ။ အင်္ဂလိပ် ကားဟောင်း တခု ။

“ အင်တာနက် သုံး တာ မပြီး သေးဘူးလား.. ဆယ်နာရီ တောင် ကျော်နေပြီ…”

ကုတင်က.. ကွန်ပြူတာ စားပွဲ နှင့် ခပ်လှမ်းလှမ်း မှာ မို့.. ကုတင် ပေါ်က.. သူ့ မျက်နှာ ရိပ် ကို.. သေချာ စွာ မမြင် လိုက် ရပေမဲ့.. သူ့ အသံ မှာ တော့.. မကျေပ်နပ် မူ က.. အတိုင်းသား။  ပြောပြောဆိုဆို .. ကုတင် ခြေရင်းက.. တီဗီ ကို.. ရမုတ် နဲ့  လှမ်းပိတ် လိုက်ရင်း… သူ့ ခေါင်းရင်းက.. စားပွဲတင် မီးကို ပါ ပိတ် ချ ပြစ် လိုက် သည်။

ဆယ်နာ ရီ တောင် ကျော်သွား ပြီ လား…သူမ ထိုင်နေတာ.. ထမင်းစားပြီး ကတည်းက…။ ဟုတ်တယ်.. ပုဂံ တွေ ဆေးကြော သိမ်းဆည်း ပြီးတော့ ပဲ.. ၈ နာရီ ခွဲ.. ။ အီးမေးလ် ဖွင့် လိုက် တော့.. အီးမေးလ် ထဲ ၀င်နေတဲ့.. ဖေ့စ်ဘွတ်ခ် က.. ကွန်မန့် တွေ ကို ဖွင့်ရင်း.. ဖေ့စ်ဘွတ်ခ် ထဲ ရောက်သွား ခဲ့ သည်။

“ မဟုတ်ဘူး.. သိလား.. ဖေ့စ်ဘွခ် မှာ ဟိုကောင် တွေ နဲ့  ပြန်တွေ့ ပြီး.. လျှောက် နောက် နေ ကြတာ.. မတွေ့ ကြတာ နှစ်တွေ ဘယ်လောက် ရှိ ကြ ပြီလဲ…ဘာပဲ ပြောပြော ၀မ်းသာ စရာ ပဲ… ရှင့်ကို တောင် မေးနေ သေးတယ်..ဖေ့စ်ဘွတ်ခ် မသုံး ဘူး လား တဲ့.. ရှင့် ဓါတ်ပုံ တော့ ပြ လိုက် တယ်..”

.....

“ ပျော်တာလည်း ပျော် ပေါ့…တို့  ပုံ တွေ တော့..သိပ် လျှောက် မတင် နဲ့.ကွ... ငါက..ဖေ့စ်ဘွခ် ကို အယုံ အကြည် ကို မရှိဘူး…လူတွေ ကို ကောင်းကောင်း manipulate  လုပ်နေတာ.. အမေရိကန် တွေ ရဲ့ နောက်ဆုံးပေါ် လက်နက် ပဲ.. အဲဒါ မှ..WMD အစစ်.. အေး destructive တော့ မဟုတ်ဘူး…world mass distraction တော့ အသေအချာ  ပဲ.. .. ”

......

“ ဘင်လာဒင် နဲ့ ဘာတော်ပါလိမ့်.. မုတ်ဆိတ်မွေးချင်း တော့ တူသလို ပဲ..”
.... 
“ ဟုတ်တယ်လေ… စီအန်အန် မှာ မတွေ့ဘူးလား... ရိုးရိုး သတင်း ကြေငြာ တာ နဲ့ တောင် မလုံလောက် ဘူး လား မသိ.. သတင်း တခု ပြီးတိုင်း ဖေ့စ်ဘွတ်ခ် ပါ.. တွီတာ ပါ နဲ့.. ပရိုမိုးရှင်း လုပ်နေတာ.. လွန်လွန်း တယ်.. အီဂျစ် တော်လှန်ရေး ကိုတောင်.. ဖေ့စ်ဘွခ် တော်လှန်ရေး လိုလို.. ပုံဖျက် ပြီး ၀ါဒ ဖြန့်ချင် နေ ကြတယ်…စဉ်းစား ကြည့်စမ်း..တကမ္ဘာလုံးက.. ခေါင်း တွေ… မျက်နှာ တွေ….စီအိုင်အေ စားပွဲအောက် ကို အလုအယက် ကို ..တိုးဝှေ့ ၀င် နေ  ကြတာ.. ”
...
“ အော်..ဒုက္ခပါပဲ ကွယ် .. ရှင်ကလည်း.. မကောင်းပဲ မြင်နေ တော့ တာပဲ…ကျမ နဲ့ စီအိုင်အေ နဲ့ အဝေး--- ကြီး… ရှင့် နဲ့ မှ နည်းနည်း နီးစပ် အုံးမယ်..
ဟင်----
တဆိတ်လောက်.. ဟောဒီ ရှင့်မျက်မှန် ကြီး ချွတ်ပြီး.. ခေတ်ကြီးကို အရှိ အတိုင်း ကြည့် ပဲ- ကြည့်ပါအုံး တော့ လား…ဟင်…”

မျက်မှန်  ကြီးကို ဆွဲ ချွတ် လိုက်ရင်း..ခပ်မြူးမြူးလေး ပြော လိုက် ခါ မှ.. သူ့ မျက်လုံး ထဲက.. အလေးအနက် ဖြစ်မူ တွေ က.. သူမ မျက်နှာ ပေါ် ကို.. တိုက်ရိုက် ကျ လာ လေ သည်။

“   ဟေ့….. ဒီမှာက.. သားကိုလည်း စောင့် ကြည့် နေ ရလို့ပါ ကွယ်…ဟောဒီက ယဉ်ကျေးမူ တွေ ထဲ မှာ.. မကျက်တကျက် နဲ့ ၁၈ နှစ်တောင် ကောင်းကောင်း မပြည့် သေးပဲ.. ဖရီးဒမ်း တွေ.. စပေ့စ်  တွေ ပြောလာ နေတဲ့.. ရှင့်သား ကို.. ရှင် ဒီ အတိုင်း ပြစ် ထား မလား…အနည်း ဆုံး.. ကျမ တို့ မျက်စိ အောက် မှာ မနေ တော့ ရင် တောင် မှ.. သူ ..ဘာတွေ လုပ်နေသလဲ..ဘယ်သူ တွေ နဲ့ ပေါင်းသင်း နေသလဲ.. သူ့ လှုပ်ရှားမူ လေး တွေ  မြင်ရ သိရ တာပေါ့.. ”

အင်း ..ခုမှ သတိရ သည်။ ခု တလော.. ဖေ့စ်ဘွတ်ခ် မှာ သား ကို မတွေ့ တာ ကြာပြီ။ အရင် တုန်း က ဆိုရင်.. ဟိုင်း..မာမီ.. ဘာညာ လောက်.. လုပ် တတ် တာ.. ခု တလော သူမ ကိုယ်တိုင် ပင် သားကို မေ့ နေ မိ လေ သလား..  သား ကပဲ.. ကိုယ့် ကို ပြန် စောင့် ကြည့် နေ လေ သလား....ဒါမှ မဟုတ်.. သူ့ အဖေ လိုပဲ .. နားလည်ရ ခက်.. တဲ့.. ယောက်ျား ကြီး တယောက် ဖြစ်နေ  ပြီ လား..။

“ အေး.. အေး .. အေး…
…. ဖေ့စ်ဘွတ်ခ် က.. မင့် စာရင်း ထဲမှာ မင့် သား နာမည် ရှိနေ တာနဲ့.. မင့် သား ကို မြင်နေ သိနေ လိမ့်မယ် လို့ မင်း ထင်သလား.. ခုခေတ် ကလေး တွေက.. မင့် တို့ ငါ တို့ ထက် လည်တယ်.. စမတ် ကျ တယ်..
..
တနေ့က.. မင့် ကွန်ပြူတာ ပွင့် နေတုန်း.. မင့် ဖေ့စ်ဘွတ်ခ် ကို ငါ ကြည့် လိုက် ပါတယ်…ဟိုကောင် တွေ အုပ်စု လည်း ငါ တွေ့ လိုက် ပါတယ် ကွာ .. ဘာတွေ မှန်း လည်း မသိ ဘူး… အကုန်လုံး က ..ကိုယ့်ဟာ နဲ့ ကိုယ်တော့ ဟုတ်နေကြ တာပဲ..… Narcissism epidermic  ဆိုတာ..အဲဒီ မှာ တကယ် ကို ဖြစ်နေ တာပဲ ကွ ..
…..
....
အေးပါလေ ….ငါ့မိန်းမ ကတော့.. ဖော်ဝဒ် မေးလ် တွေ မဖတ် တဲ့ သူ .. ဆို ရင် တော့..သိပ် စိတ်မပူ ပါဘူး ကွာ.. ရည်းစားဟောင်း  နဲ့  ပြန်တွေ့ ရင် တော့..သတိ ထားပေါ့…ဟတ်လား… ဟ ”

အောင်မယ် လေး တော် .. ဒီ အသက်အရွယ် ကြီး တွေ ရောက် နေမှ… လို့  ရီသွမ်း သွေး လိုက်ရင်း…အိပ်ယာ ပေါ် မှာ အသာ လှဲ ချ ပြီး..စောင်ကို ဆွဲ ခြုံလိုက် သည်။ ဖေ့စ်ဘွတ်ခ် မှာ.. သူ ဘာတွေများ တွေ့ သွား ပါ လိမ့်…

အိပ်ယာ ဘေး စားပွဲ ပေါ်က.. ဖတ်လက်စ စာအုပ် ထူ ကြီး ကို.. ကောက် ကိုင် ပြီး.. နေရာ မှတ်ထားတဲ့.. ကဒ်ပြားလေးကို ဖယ်လိုက်သည်…။  ခေါင်းရင်းက မီးတိုင် ကို.. ဟိုဖက် အလင်း အရမ်း မစူး အောင် အုပ်ဆောင်းကို နဲနဲ နှိမ့် ပေး မှ…။

“ သိလား.. ဒီ ၀တ္တု ထဲက.. လင်မယား မှာ လည်း.. သိပ်ဆိုး တဲ့.. သား တယောက် ရှိတယ်… ၁၆ နှစ် နဲ့.. ဘေးအိမ်က..ကောင်မလေး နဲ့  သွား အိပ်ပြီး အတူ နေ နေတာလေ…အမေ က..အရမ်း စိတ်ပူ လေ.. သားက.. ရွဲ့လေ..အဖေ က..စိတ်တို လေ… ဖတ်နေ ရင်း နဲ့ ကိုယ် တွေ ကို များ ပြောနေ သလား အောက်မေ့ ရ လောက် အောင် ပဲ…။ ၀တ္တု ကြီးကလည်း အဲဒီလောက် ကြီးရှည် မှ တော့.. အ ကုန်လုံးကို-- ပါ အောင် ဆွဲ ဖြန့် ရေး နိုင် လိုက်တာ.... မိသားစု ဇတ်လမ်း လေး တပုဒ် ကို  အဲဒီ လူကြီး မို့.. အသေး စိတ် အကြောင်းစုံ အောင် ချဲ့ ရေး နိုင်တာ..
..
ဟေး.. အိပ်ပျော် ပြီလား..
 သိလား ..ရီပက်ပလစ်ကန် …နဲ့..ဒီမိုကရက် အားပြိုင် တာ ရော…အီရတ် စစ်ပွဲ ရော.... ရီပက်ပလစ်ကန် သူဌေး တွေ ရဲ့  စစ်ကန်ထရိုက်  လုပ်ငန်း တွေရော.. အစုံပဲ.. ခေတ်တခေတ် မှာ ဖြစ်နေ တာ တွေ ကို အကုန် တို့ ထိ ပြီး ရေး ထားတာ..နိုင်ငံရေး..လူမူရေး..နည်းပညာ အစုံပဲ . နောက်ဆုံး ကွာ.. ဘလော့ဂ် တွေ.. အင်တာနက် တွေ ထိ ရော ပဲ ”

“  …….. ဒီ စာအုပ်  ရေးတဲ့ အချိန်တုန်းက.. ဖေ့စ်ဘွတ်ခ် တွေ သိပ် ခေတ်မစား သေး လို့ ဖြစ် မှာ ပေါ့ .. ”

သူ- မကျေ မနပ် ဖြစ်နေ တာ ကို.. စကားလွှဲ လို့ မရ မှန်း သိ လိုက် ပြီ..။ တခုခု ဆို.. သူ က.. အခဲ အမဲ ကြီးသူ.. အစွဲ ကြီး သူ..။ ဝေါ်လတာ လို လူမျိုး …။ တော်ပြီ..ကိုယ့် ဖာ ကိုယ် ပဲ..အသာ  ငြိမ် ပြီး စာ ဆက် ဖတ် နေ လိုက် သည်။

Walter  နဲ့  Patty…။ အသက် နှစ်ဆယ် ကျော်..တက္ကသိုလ် မှာ တည်းက..ချစ်ခဲ့ ကြသူတွေ...။ အသက် တွေ လေးဆယ် ကျော် လာ ခါ မှ.. သူတို့ အချစ် တွေ…ဘ၀ တွေ ထဲကို ဘာတွေ ၀င်လာ  ကြ သလည်း …။ 

စာရေး ဆရာ က လည်း လေ… တယောက်ချင်း ရဲ့ ဘ၀ တွေ.. အတွင်းစိတ် တွေ ကို.. အနုစိပ် ရုပ်လုံးကြွ လာ အောင်.. တိုးဝင် ဖောက်ထွက် သွားအောင် ရေး နိုင် လိုက်တာ..။  အိမ်ထောင် တခု ရဲ့.. ရင်ခုန်သံ အနိမ့် အမြင့်.. ဆက်ဆံရေး အတက် အကျ.. မိသားစု ပြသာနာ.. ရွေ့လျားမူ တခု စီ တိုင်း က ကမ္ဘာပေါ်မှာ ရှိ - ရှိ သမျှ.. အိမ်ထောင် တွေ ရဲ့ .. သွေးကြော တွေ ကို..လိုက်စမ်း နေ သလို.. ။

ဘာပဲ ပြောပြော.. သူမ က.. ၀တ္တု တပုဒ် ကို တော့.. နက်နက် ရှိုင်းရှိုင်း ဖတ် တတ် သူပါ..။ ပြီးတော့.. စာရေးဆရာ ရဲ့ သွေးကြော လေး တွေ ကို လည်း ပြန် ရှာ တတ်သူ ပါ။ စာရေး ဆရာ ရဲ့ သွေးကြော နဲ့ သူမ သွေးကြော တွေ.. ခဏ ခဏ လာထိမိ နေတဲ့..ဒီ ၀တ္တုကို လည်း ..အတော်လေး  အံ့သြ နေ မိသည် ။

အခု..သူမ ဖတ်နေ တဲ့ အခန်း က.. Therapist  ဆီကို  ဦးတည် ပြီး ရေး ထားတဲ့.. ပက်တီ ရဲ့.. ဖြောင့်ချက် စာတမ်း ။ သူမ ရဲ့ စိတ်တွေ ကို ဖြန့်ဖြေ ချ နိုင် ဖို့ .. ရေးခိုင်း လိုက် တဲ့… ကိုယ်တိုင်ရေး ဘ၀ ဇတ်ကြောင်း။


ကျောင်းသူ ဘ၀ …ဝေါ်လတာ … နဲ့  ချစ်နေစ အချိန်မှာပဲ…ဝေါ်လတာ ရဲ့ အချစ်ဆုံး အခန်းဖော် သူငယ်ချင်း.. ရစ်ချက် ရဲ့ ကားကြုံ  နဲ့ ညအိပ် ခရီးရှည် ကြီး ကို သူမ လိုက်သွား  ခဲ့ ဖူး သည်။

ရစ်ချက် က.. မိန်းမ ရှုပ်သူ.. ဘ၀ ကို.. အစီအစဉ် မကျ နေချင်သူ.. ။ ဝေါ်လတာ က.. စည်းစနစ် ရှိသူ.. စောင့်ထိန်း သူ။ ပြီးတော့ သူမ ချစ်သူ။  သူမ… ဝေါ်လတာ နဲ့ လက်ထပ်ခဲ့ သည်။  ဥပဒေ ဘွဲ့ရ  ဝေါ်လတာ ရဲ့  အိမ်ရှင်မ တယောက် အဖြစ် နဲ့  သမီး တယောက် သားတယောက် ကို ကျွေးမွေး သုတ်သင် ရင်း.. အနှစ် ၂၀ လောက် ကြာ မှ.. Richard Katz ဆိုတဲ့..  အဆိုတော် တေးရေးဆရာ  ရော့ကာ ကြီးက .. သူ့ အချစ်ဆုံး သူငယ်ချင်း ဝေါ်လတာ နဲ့ ပြန် ဆုံမိ ကြ ရင်း.. သူတို့ ဘ၀ ထဲ ပြန်ရောက် လာ ခဲ့ သည်။ ရစ်ချက် က.. ကျော်ကြားမူ နောက် မလိုက် ပေ မဲ့..သူ့ သီချင်း တွေက..ပေါက် သည်။  အထူး သဖြင့် သူတို့ ရဲ့  နွေရာသီ မိသားစု အိမ်လေး မှာ.. လာ ရောက် တည်းခို ခဲ့ တုန်း စပ် ခဲ့ တဲ့..Nameless lake   ဆို တဲ့ သီချင်း ကြောင့်.. လူသိ ပို များ လာ သည်။ သဘာဝ ရေကန် လေး တခု ဘေးက.. တောအုပ် လေး တွေ ကျေးငှက်လေး တွေ နဲ့… တိတ်ဆိတ် အေးချမ်း နေတဲ့.. အဲဒီ အိမ်ကလေး ရဲ့ အမည် ကလဲ… Nameless lake  ။ ဒီ သီချင်း ထဲ မှာ.. စိတ်ခံစားမူ  ပြင်းအား တွေ ဘယ်လောက် ပါဝင် ခဲ့ လို့ … ဘယ်လောက် ထိရှ ခဲ့ သလဲ ဆိုတာ ကို တော့... ရစ်ချက် နဲ့  ပတ်တီ  သာ အသိဆုံး ဖြစ်ပေ မည်။

ပတ်တီ ပြောပြော နေ သလို.. poor Walter က တော့.. တက္ကသိုလ် တက်နေပြီ ဖြစ်တဲ့..သမီးကြီးကို ကျေနပ် စိတ်ချ လျက်.. ၁၈ နှစ် မပြည့်ခင် အိမ်ပေါ်က..ဆင်းသွား တဲ့..သားငယ် ကို မေ့ချင်ယောင် ဆောင် ထားလျက်.. စိတ်မချ ရ တဲ့..သူ့ အချစ်ဆုံး သူငယ်ချင်း အကြောင်းကို ကောင်းကောင်း သိ လျက် နှင့် ပင်.. သူ့ ရဲ့  Cerulean Mountain Trust  ဆိုတဲ့ ငှက် တွေ ရဲ့.. သဘာဝ နေထိုင်မူ စနစ် စောင့်ရှောက်ရေး  လုပ်ငန်း အပေါ် မှာ.. စိတ်ရော ကိုယ် ပါ… နှစ် မြှုပ် ထား ခဲ့ သည်။

ဒီအခန်း ရဲ့ စာမျက်နှာ တော်တော် များများ ပေါ် မှာ ပတ်တီ ရဲ့.. တကျော့ ပြန် ရင်ခုန်သံ တွေ.. မူမမှန် စွာ ပြေးလွှား နေ ခဲ့ သည်။ ရူးသွပ်မူ တွေ ဆောက်တည်ရာ မရ စွာ မုန်တိုင်း ထန် နေ ခဲ့   သည်။ ပြီးတော့.. ဝေခွဲ နားလည်ရ ခက်မူ တွေ…။ စာရေး ဆရာ သုံးသလို ဆို.. Mr. Nice  နဲ့   Mr. Cool … ။ ပတ်တီ ရဲ့ အသိစိတ် နဲ့ မသိစိတ်….။

တဖြည့်း ဖြည်း နဲ့ …၀တ္တု ထဲက ဇတ်ကောင် တွေ သည်.. သူမ ရဲ့ အသိစိတ် ထဲ မှာ .. ရှင်သန် သထက် ရှင်သန် လာ နေ ကြ ရင်း သူမ ရဲ့ မသိစိတ် တွေ ထဲ ကို လည်း.. ထိုးဖောက် မွှေနှောက် နေ ကြ လေ ပြီ။

တကယ့် တကယ် ကျ တော့…တက္ကသိုလ် ဘက်စကတ်ဘောလ် လက်ရွေးစင်ဟောင်း ပတ်တီ  ရဲ့  အနိုင်ယူ လို စိတ် တွေ က.. အရှုံးတွေ ထဲ ကိုသာ တိုးဝင် မိ တဲ့.. အဖြစ်ပါလား…။

အကယ်လို့သာ  ဝေါ်လတာ ရဲ့ လက်ထောက် .. ငယ်ငယ် ရွယ်ရွယ် သွက်သွက် လက်လက်.. အသားညိုညို နဲ့  ကုလားမလေး   Lalitha  - သာ မပါ ခဲ့ ရင်.. ဒီဇတ်လမ်း က.. ဒီလို ဖြစ်လာ ခဲ့ မည် လို့.. သူမ…  မထင်..။





 
++++++++
( ဆက်ရန်)







Share/Bookmark

3 Comments:

ahphyulay said...
This comment has been removed by the author.
ahphyulay said...

အမ...
စာလုံးပေါင်းတွေ မှားသွားလို့  ဖျက်လိုက်တယ်။
အော် .. ( ၂ ) တော့ ရောက်လာပြီလို့ ။
ဖေ့ (စ)ဘုတ်အကြောင်းပါလာလို့ ၊ ဖေ့ ဘုတ်က
ဖွဘုတ် ဖြစ်နေပြီး သတင်းနှင့် ပြန်ကြားရေးရာဌာန
ဘလော့ ကာများ စုဝေးရာဌာန ဖြစ်နေပြီလေ။
အမ အပန်းမကြီးရင် ဖေ့ (စ)ဘုတ်က အမရဲ့ လင့် 
ကိုသိချင်ပါတယ်။နေဗားလုပ်ချင်လို့ လေ..။
ကျွန်တော်က ko kyaw ပါ ခင်ဗျာ..။

Kay said...

ဆောရီးအဖြူလေး

လတ်တလော တို့ မှာ မရှိဘူး..