အမ တယောက်ရဲ့စာ

ညီမ- ကေရေ-

နေကောင်းရဲ့လား။
ခုတလော..အလုပ် နဲနဲ ပါးတာရယ်ကြောင့်၊ အမ လည်း ဘလော့တွေ ၀င်ကြည့် နေရင်းက..ညီမထဲ ၀င်ကြည့် ဖြစ်သေးတယ်။ ++++++

+++++ ညီမရဲ့ စာလေး တွေ ထဲက၊ အာဇာနည်နေ့ ကို ပိတ်ရက် အဖြစ် မသိလို့၊ သူငယ်ချင်း ကို မခေါ် တာဆိုတဲ့ ညီမရဲ့ စာ ကို ဖတ်မိပြီး၊ ဒီစာရေးချင် စိတ် ပေါ်လာ လို့ ရေးမိတာပါ။ ++++++


ဘုရားရေ-
အမ-- ရဲ့လက်ရေး နဲ့ရေးပြီး စကန်ဆွဲ ပို့လိုက်တဲ့ စာကို ဖတ်မိပြီး၊ မျက်လုံး နည်းနည်း ပြူးသွား မိတယ်။ ငါ- ဘယ်တုန်းက.. အမ-- ကို ဘယ်လို တွေ ရေးထား မိပါလိမ့်- ဆိုပြီး၊ အမြန်အမြန် ကိုယ့်ဘလော့ကို လှန် ရတော့တယ်။

သြော်- သိပြီ။ ဟိုး -- ဘလော့ စလုပ်ကာစ က..ရေးဖူးတဲ့.. ပညာ နဲ့ ညဏ် ဆိုတဲ့ ပို့စ်လေး။ မှန်းစမ်း......

---- ကိုယ့်မိတ်ဆွေအမကြီးတယောက်က..လူတွေကိုနိုင်ငံရေးအမြင် မရှိရင်..လူရာမသွင်းပါ..(အဟင်း..ကိုယ်နဲ့တော့တအား..ကီးကိုက်တယ်) သူပြောပြတာ..တခါ..သူအရမ်းခင်တဲ့သူငယ်ချင်းမတယောက်က...အာဇာနည်နေ့ရုံးပိတ်ရက်ကို ဘာနေ့မို့ပိတ်တာလဲလို့ ပြောမိလို့...သေခန်းပြတ်ခဲ့ပါသတဲ့။ ပြတ်သားပုံများ။ -----

ဟူး- တော်ပါသေးရဲ့။ အမ -- ကို အကောင်းပဲ ရေးထားတာပါနော်။ တခြား ဘာမှ မပါ- ပါဘူး။ အဟဲ...။

အရင်တုန်းကလို.. ဘယ်သူ သိတာလိုက်လို့..သူတို့ဖတ်မိမှာ မဟုတ်ပါဘူး...ဆိုပြီး..လျှောက်လျှောက် ရေးတာမျိုး တွေ ဆင်ခြင် မှပါပဲ။ အထူးသဖြင့် အမျိုးတွေပေါ့။း) မိတ်ပျက်တာက..တော်သေးတယ်။ ဆွေမျိုးထဲ ဆို- ရှင်းမရ ပြုမရ။ ဒုက္ခ။

တနေ့ ကတောင်..စလုံးမှာ လာနေတဲ့ အဒေါ် တယောက်ကို ဖုံးခေါ် စကားပြောတော့..` ကေ့ ဘလော့ကိုလေ..ညိုက..နေ့တိုင်းဖတ်တယ်.. ပြီးရင် ဘေးကဟာတွေကော လျှောက်ဖတ်.. ဖတ်ပီးသား ကေ့စာတွေပါ ထပ်ဖတ်တယ်...´ တဲ့။

`ဟုတ်လား ညိုရယ်.. ကောင်းတာပေါ့..အပျင်းပြေ တာပေါ့နော်..´ လို့ ပြောလို့ မဆုံးသေး...
` နောက်ပြီး..ဘုန်းကြီးကျောင်းတွေ သွားရင်- အင်တာနက်သုံးတဲ့ မိတ်ဆွေ တွေ တွေ့ရင်..ကေ့ ဘလော့အကြောင်း ပြောရတာ..အမော ..´ တဲ့။ အဲဒါမှ..ဗုဒ္ဓေါ ---

ဟိုဖက်က..လူတွေ ခမျာ..စိတ်မသက်မသာ နဲ့..ဘယ်က..ဘလော့ လည်း..ဘယ်က - ကေ- လည်းလို့ တွေးရင်း..အားနာပါးနာ .. သွားဖြဲလေးတွေ နဲ့..ဖြစ်နေမှာ..မြင်ယောင်မိသေးတော့...။

အိမ်က ဘိုးတော် တယောက်လည်း ရှိသေးတယ်။ တွေ့သမျှ သူငယ်ချင်းတွေ.. သူ့အမျိုးတွေကို.. ဒီ- ဘလော့ ပဲ သွားသွား ကြော်ငြာ ၀င်နေတော့တယ်။ သူများက..စိတ်ဝင်စားလား မစားလား မသိ။ နောက်ပြီး..လုပ်လိုက်သေးတယ်။ စီဘောက်မှာလည်း.. ၀င် နှုတ်ဆက်လို့ ရတယ်..တို့ ။ ဘာတို့။ အတင်း ကြီးရော- ကာရော ပဲ။

ကိုယ်က ဘလော့လေး စလုပ်ဖြစ်တုန်းကတော့..အီးမေးလ် အဆက်အသွယ် ရှိတဲ့ သူငယ်ချင်း တချို့ကို.. I will be there လို့.. ရေးပြီး လိပ်စာလေး ပေး လိုက်တယ်။ စိတ်ဝင်စားတဲ့သူ ဖတ်လိမ့်မယ် လို့ပဲ စိတ်ထဲ ထားတယ်။ အဲဒီ တုန်းက.. ဇော်ဂျီဖွန့် က..ခုလောက် တွင်တွင်ကျယ်ကျယ် ဖြစ်မလာ သေးတော့..တချို့လည်း..လေးဒေါင့်တုံးတွေ မြင်တာနဲ့ ဖွန့် ဒေါင်းလုဒ် လုပ်တာတွေက..ရှုပ် နဲ့.. ဒီလိုပဲ မေ့ထားချင် လည်း ထားကြမှာပေါ့။ နောက်တော့..အဆက်အသွယ် မရှိ တာ ..ကြာပီ ဖြစ်တဲ့ မိတ်ဆွေ တချို့တောင်..ပြန်တွေ့ နှုတ်ဆက် ဖြစ် တော့လည်း..၀မ်းသာတာပေါ့ နော်။ ခုလည်း.. အမ-- နဲ့ ပြန် ဆက်မိပြန်ပြီ။

အမ-- အကြောင်း ရေးထားတာလေး..သေချာပြန်ဖတ် လိုက်..သူရေးလိုက် တဲ့ စာလေး ပြန်ဖတ် လိုက် နဲ့.. လွန်ခဲ့တဲ့ ၈ နှစ် လောက် အချိန်..စင်ကာပူ ရောက်စ.. အူကြောင်ကြားဘ၀ လေး ကို ပြန်သတိရသွားတယ်။ ဘ၀ အချိန် အပိုင်းအခြား..အခန်းငယ်လေး တိုင်းမှာ..အဲလိုမျိုး..အမ တွေ ရှိနေခဲ့တာလည်း..တမျိုး ပျော်စရာ ကောင်းနေတယ်။ ခု ဆို ဘလော့ပေါ်မှာ ဆို..မခင်မင်းဇော် တို့ မမေငြိမ်းတို့လို..ဂိုဏ်းချုပ်ကြီးတွေ ပေါ့ ။း)

+++++++

အမ ရေ.. အဲတုန်းက.. ကျမ- ရုံးမှာ အလုပ်မ၀င်ခင်တည်းက..စင်ကာပူ ရောက်ကတည်းက..အမ နံမယ်ကို စကြား ဘူး တာ။ ကျ မတို့အရင်..၈ နှစ်လောက်ထဲက..ရောက်နှင့်နေတဲ့.. လုပ်သက်ရင့်နေပြီ ဖြစ်တဲ့ .. စီနီယာ တယောက်ဖြစ်တာရယ်.. နောက်ပြီး..မိန်းမ နည်းတဲ့ လုပ်ငန်းခွင် ဆိုတော့လည်း.. တယောက်နဲ့တယောက် သိနေကြ တာပေါ့ နော် ။ တိုက်တိုက် ဆိုင် ဆိုင်.. အမနဲ့ အလုပ် အတူတူ လုပ်ရ တော့မယ် ဆိုတော့.. အမ--- ဆိုတာ..ဘယ်လို နေလည်း မသိဘူးပေါ့။ ဆက်ဆံရ ခက်လား။ သဘောကောင်းလား။ ဘာပဲပြောပြော.. အမ--ဆီက..အလုပ်တွေ သင်ယူရ မှာက..သေချာ နေပြီလေ။ အမ ကိုမြင်ကာစ ကလေ.. ဗမာဆန်ဆန်..ရိုးရိုးရှင်းရှင်းပဲ ၀တ်ပြီး၊ အဆင်တန်ဆာတွေ မပါတဲ့..အလှအပ အရောင် တွေ မတင်တဲ့ အမ ပုံစံကို စ သတိထားမိတာ။ အီး..ငါနဲ့တော့..သိပ်မတူဘူး ဟ.. လို့ ..နည်း နည်းတော့.. ဖြစ် သွားမိတယ်..။ အမ လည်း..အဲလိုမျိုး..အပြန်အလှန် တွေးနေမိမှာပေါ့။

ဒါပေမဲ့..သိတယ် မဟုတ်လား.. ကျမက..လူလည်လေ။ အသာ ကြည့် ပေါင်းမယ်ပေါ့ ။ အမက..ဒါ ဆို..ဟုတ်တယ်နော်..ဒါလေးက..။ ဟ၀ှါ..ဆိုလည်း..ဟ၀ှါ ပြု လိုက်တာပဲ။ အဲဒီလို ဖော်လို အလိုက်ကောင်း ရင်း.. ကြုံခဲ့ရတဲ့ အတွေ့ အကြုံလေး..ကျမ ဘယ်တော့ မမေ့ဘူး။

အဲဒီနေ့က.. အမက.. ရုံးဆင်းရင်..ရုံးနားက.. ကန်ပွန်းချဉ်ပင်မှာ..အရွက်တွေ နုနေတာ..သွားခူးရအောင်လိုက်မလား တဲ့။ ကျမ လည်း .. ဘာမှန်းညာမှန်းမသိ လိုက်မယ်ပေါ့။ စင်ကာပူလည်း ရောက်ကာစ မှ လပိုင်းပဲ ရှိသေးတာ။ လားလား.. လိုက်သွား တော့မှ.. ရိုချူးကန် ကားလမ်းမကြီး ဘေးက..တောအုပ် အစပ်မှာ..ကန်ပွန်းခြုံ ကြီး.. နုနေလိုက်တာ.. နည်းနည်းနောနောမဟုတ်။ အမကတော့..လုပ်နေကြ ပုံစံ နဲ့..အသင့်ယူလာတဲ့..သတင်းစာ တွေ ဖြန့်ခင်းလိုက်တယ်။ လက်ထဲ မှာ လည်း..ကပ်ကျေး တလက် နဲ့..အညွန့်တွေကို..တချပ်..ချပ် ညှပ် ချ နေ တော့တာပဲ။ ကျ မ မှာတော့လေ.. ထိုင်ရ မလို ..ထ ရမလို.. ကားတွေ..တ၀ီဝီ ဖြတ်နေတဲ့ လမ်းမဘေး ကြီးမှာ.. ရှက်တာပေါ့။ လူကလည်း..ရှိုး အပြည့်နဲ့။ နောက်ပြီး..စင်ကာပူ မှာ..လမ်းဘေး တံတွေးမထွေးရ။ ပန်းခြံထဲ ပန်းမခူးရ ဆိုတဲ့ ဒဏ်ကြေး တွေ အကြောင်း ကြိုပြီး ကြားဖူးနေတော့.. ဘယ့်နှယ် ပါ လိမ့် ပေါ့။ အဲလို တုန်း.. National Service ဆင်းတဲ့..စစ်သား တွေ တင်ထားတဲ့..စစ်ကား ကြီး ၂စင်း..ရိုချူးကန် လမ်းမ ကြီးပေါ် မှာ မောင်းလာတာ..လှမ်း မြင်လိုက်တော့--- ဘုရားရေ.. စစ်ဝတ်စုံ မြင်ရင်..နဂို တည်းက.. သွေးပျက်ချင် နေသူမို့.. ခြေဖျားလက်ဖျား တွေကို.. အေးစက်သွားတာပဲ။ ကိုယ်တွေ လုပ်နေတာ ကလည်း.. တရားဝင်လား မ၀င်လား လည်း မသိဘူးလေ။ ကားပေါ်က..စစ်သား တချို့ကတော့.. ငုံ့ကြည့်သွားတယ်။ ` အမရေ..အမရေ..တော်ပီလေ..အများကြီးရနေပြီ..ပြန်ကြရအောင်.. ကျမ ကြောက်တယ်..´ ဆိုတော့.. အမက.. ပြုံးပြုံး ကြီးနဲ့..` ဘာမှ မဖြစ်ပါဘူး- ငါတို့ခူးစားနေကြ.. ဒီတောအုပ်ထဲ ဆက်ဝင်သွားရင်..စားပင်တွေ အများကြီး... ယိုးဒယားတွေ အမြဲ လာခူးနေတာပဲ..´ တဲ့။


အဟီး.. အဲဒီတည်းက.. ကန်ပွန်းချဉ်ရွက် ဆိုတာနဲ့..ကျမ ရူးချင်ယောင် ဆောင်တော့တာပဲလေ။ ဒါ ပေမဲ့..ဟင်းချက် ကောင်းတဲ့ အမ ထမင်းဗူးကို အမြဲ ငမ်းနေကြ။ အမ လုပ်တဲ့..ငါးကြီးချဉ် တို့ဘာတို့ဆို..သိပ်ကြိုက်။ အမက- အလုပ်မှာ စေ့စပ် သေချာ သလို..အိမ်တွင်းမူ လည်း..သိမ်းထုပ် သေချာ တာပဲ ။ မြှောက်ပြောတာ မဟုတ်ဘူး။ အုန်းနို့ခေါက်ဆွဲ ချက်ရင်..အရိုးပြုတ်ရေ ဘယ်လို ငင်ရတာတို့.. ရန်ကုန်က..မုန့်ကြွပ်ကြော်နဲ့ တူအောင်.. ဟောဒီ ထီးတံဆိပ် နဲ့ဆန်ပြားခြောက် ကို သုံး---ဆိုတာမျိုး.. ငါးသလည်း ထိုး အိုးကပ်ချက်နည်း တို့.. အမ ဆီက..နည်းရတာတွေလေ..။ ငါးသလည်းထိုးကို.. ဇကာထဲ ထဲ့တိုက်ပြီး..အကြေးခွံ ခွါတဲ့ နည်းပါ.. ကျ မ - ရလိုက်သေးတာ။
-
တခါ လည်း..ငါးသလောက်ပေါင်း စားခြင်လိုက်တာပေါ့။ ကုလားဈေး သွားပြီး..ငါးသလောက် ၀ယ်ဖို့..တယောက်တည်း ..ထွက်သာလာခဲ့ တာ.. ဗမာပြည်မှာ.. ဈေးတခါ မှ မသွားဖူးခဲ့တဲ့.. သူ ဆိုတော့( အမ တွေ အလိုလိုက်ထားလို့ပါ) ..ငါးသလောက် ဆိုတာ..ဘယ်ဟာကို ပြ ၀ယ်ရမှန်းလည်း မသိဘူး။ အဲဒါ နဲ့..အားကိုးနေကျ ကိုယ့် အမ ကို..ဖုန်းဆက်ပြီး လှမ်းမေးတော့.. အမ ပြောတာ..ခုထိ မှတ်မိနေတယ်။ ` ဟဲ့..မကေ ရယ်..ငါးသလောက်ပြုံးလေး ဆိုတာ..မကြားဖူးဘူးလား..ငါးကိုကြည့်လိုက်..ပြုံးစစလေးနဲ့´ တဲ့..။

အဲဒါ မှ ပိုဂွကျ ရော။ ငါးဆိုင်ရောက်တော့.. အမျိုးစုံလှ တဲ့ ငါးတွေ ကြားထဲ..ငါးသလောက်ပြုံး လိုက်ရှာ နေတဲ့ ကိုယ့်ကို..ဆိုင်ရှင် တရုတ်ကြီးက.. သဘောပေါက်သွားတယ်ထင်တယ်။ တပုံချင်း လက်ညှိးထိုးပြီး.. ငဂျီ..ငဂျီး.. ငခူ..ငခူ.. ငစလောက်..ငစလောက် ဆိုပြီး..ဗမာလိုပြော ပြ မှပဲ.. ပြေလည်သွားတော့တယ်။ ကုလားဈေးက..တရုတ် ဈေးသည်တွေ ရဲ့ထူးခြားချက်က..၀င်လာတဲ့သူကို မြင်တာနဲ့..ယိုးဒယားလား..ဗမာလား.. မလွဲအောင်ခွဲ နိုင်တာ..ပြီး.. စကားပါ တတ်တာလေ။

အမ နဲ့အတူ..အလုပ်တခုတည်း လုပ်ရင်း..နေ့လည်စာ အတူစားကြ ..စကားတွေ ဖလှယ်ကြတာ.. ၃ နှစ် နီးပါးပဲ နော်။ နောက်ဆုံး.. ဖိုမင်ကနေ..သူဌေးဖြစ်လာတဲ့..အင်မတန် ရိုင်းစိုင်းတဲ့ စလုံး သူဌေး ကို..အတူ ဖိုက်ပြီး.. အလုပ်ထွက် ဖြစ်ကြတော့လည်း..မရှေးမနှောင်းပဲ။ အဲဒီ တုန်းက..ကျမတို့တွေ..ဘာ မှ မသေချာတဲ့.. အလုပ်တခုနဲ့တခုကြား .. အီးပီ ၄လပဲ ကိုင်ခွင့် ရှိတဲ့ အခြေအနေ မှာ..ဘာမှ တွေးမနေပဲ..ရဲရဲတင်းတင်း ထွက်စာ တင်ဖြစ်ခဲ့ ကြတာလေ။ ဗမာ-ကွ -ဆိုပြီး။ တော်သေးတာပေါ့.. တကယ် -ကွ မသွားတာ။ နောက်အလုပ် တခု ညိသွားခဲ့လို့သာ။

အဲဒီ ၃ နှစ် တာ ကာလတွေ ကြားထဲမှာပဲ.. အမ နဲ့ကျမ..မတူတာတွေ ရှိနေ တဲ့ကြားထဲကပဲ.. တူညီ တဲ့ ဆုံချက် တခု ကို လှလှပပလေး တွေ့ခဲ့ကြတယ်နော်။

++++ အမ လက်ခံတဲ့ နိုင်ငံရေး အမြင်ဆိုတာ- နိုင်ငံ တခု မှာ နေတဲ့ လူတွေရဲ့ ဘ၀ ကို နားလည်..ကိုယ်ချင်းစာ..ကူညီချင်တဲ့ စိတ်ဓါတ် အမြင် လို့ပဲ လက်ခံတယ်။ အများ လက်မခံတဲ့ အစိုးရကို တိုက်နေ ဆန့်ကျင်နေမှ..နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး..အဲဒါကို တော်တော်များများက..သေချာ မခွဲတတ်ဘူးနော်.. တကယ်တော့..အမရဲ့အပေါင်းအသင်း စာရင်းထဲ မထဲ့တဲ့ သူကတော့..တကိုယ်ကောင်းဆန်တဲ့ သူပါပဲ +++++

အဲဒါကြောင့်လည်း.. ကျမ ဘယ်ရောက်ရောက်.. အမကို အမြဲ သတိ ရနေမိတယ်။

အမ- ကျန်းမာ ရွှင်လန်းပါစေ။ အမပြန်ချင်တဲ့ အမိမြန်မာပြည်မှာ လည်း..ပျော်ရွှင်စွာ အမြန်ဆုံး..ပြန်လည် အခြေချ နေထိုင်နိုင်ပါစေ..။

ညီမ- ကေ




Share/Bookmark

12 Comments:

P.Ti said...

အဟဲ.. ကင်းမွန်ချဉ်ရွက် ခူးတဲ့နေရာလေး လမ်းညွှန်ပါဦး... ဖတ်ပြီး မကေတို့ ခူးနေတဲ့ပုံမြင်ပြီး ပြံးမိပါတယ်...

မကေရေ..စာကိုတော့ သတိထားရေးနေရတယ်.. ဇာတ်လမ်းရေးမိတာတောင် အပြင်ကလူတွေနဲ့ ဆက်စပ်ပြီး... စိတ်ဆိုးတဲ့လူတွေက စိတ်ဆိုးတာ ခံနေရတယ်...

MANORHARY said...

လာလည်တယ်... ;D

PAUK said...

မကေရေ..
ကျွန်တော်က မကေကိုလူမှားပြီးခင်မိရာကနေ..
အမြဲလာဖြစ်တဲ့သူပါ။။
ရန်ကုန်က မကေခိုင် နဲ့ နာဂစ်နဲ့ပတ်သက်ပြီးခင်ရာက
ဒီမကေကိုလည်း..ကိုယ်ခင်ခဲ့တဲ့မကေခိုင်မှတ်ပြီး
စကားတွေလိုက်ပြောနေသေးတယ်..ဟီးဟိ
နောက်မှ မကေက ရန်ကုန်ကမကေမဟုတ်ကြောင်းပြောပြမှ
ရေလည်တော့တယ်..ဟားဟ

ဆောင်းယွန်းလ said...

++++ အမ လက်ခံတဲ့ နိုင်ငံရေး အမြင်ဆိုတာ- နိုင်ငံ တခု မှာ နေတဲ့ လူတွေရဲ့ ဘ၀ ကို နားလည်..ကိုယ်ချင်းစာ..ကူညီချင်တဲ့ စိတ်ဓါတ် အမြင် လို့ပဲ လက်ခံတယ်။ အများ လက်မခံတဲ့ အစိုးရကို တိုက်နေ ဆန့်ကျင်နေမှ..နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး..
အဲဒီအမြင်ကိုလက်လည်းလက်ခံတယ်..သဘောလည်းကျပါတယ်မကေရေ....
စာတွေများများဆက်ရေးနိုင်ပါစေ....

ကိုပေါ said...

မကေသွယ်ရေ...

အဲသည်အမြင်ကို ကျနော်ကတော့ လူမှုရေးစာနာမှုအမြင်လို့ဘဲ သတ်မှတ်ချင်ပါတယ်။

ပမာနှိုင်းပြရရင် ရောဂါရနေတဲ့လူမမာကို တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆေးကုသပေးဘို့မကြိုးစားဘဲ ဓါတ်စာလေး၊ ဟင်းလေးတခွက်လောက်သာ တနိုင်တပိုင်ကမ်းလင့်ပေးသလိုများဖြစ်မနေပေဘူးလားဗျာ။ အဲဒါဟာ နိုင်ငံရေးအမြင်လို့ ကျနော်မထင်ပါဘူး။

နိုင်ငံရေးအမြင်အစစ်အမှန်ဆိုတာ နိုင်ငံတခုမှာနေတဲ့လူတွေရဲ့ နေ့စဉ်ဘ၀တွေအပေါ်မှာ တိုက်ရိုက်အကျိုးသက်ရောက်လွှမ်းမိုးမှုရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းတခုနဲ့ အဲသည်အဖွဲ့အစည်းရဲ့ ပေါ်လစီတွေကို လက်ရှိဖြစ်ပျက်နေတဲ့ဘ၀တွေနဲ့ ဆက်စပ်တွေးမြင်တတ်တဲ့ အမြင်လို့ ကျနော်ယူဆပါတယ်။

ဝီကီမှာတော့ နိုင်ငံရေးဆိုတာကို သည်လိုဆိုတာ တွေ့လိုက်ရပါတယ်။

Politics is the process by which groups of people make decisions. The term is generally applied to behavior within civil governments, but politics has been observed in all human group interactions, including corporate, academic, and religious institutions.
Politics consists of "social relations involving authority or power"[1] and refers to the regulation of a political unit,[2] and to the methods and tactics used to formulate and apply policy.[3]

နောက်ထပ် ဆက်စပ်စဉ်းစားစရာတခုက...... နိုင်ငံတခုမှာ အစိုးရတရပ် (သို့မဟုတ်) မှားယွင်းတဲ့ နိုင်ငံရေးစနစ်တခုကြောင့် နေ့စဉ်လူနေမှုဘ၀မှာ ဒုက္ခသုက္ခတွေ ခံစားနေကြရပြီဆိုပါစို့။ ဥပမာ.....မြန်မာနိုင်ငံ။

အဲသည်အချိန်မှာ မူလ ပြဿနာရင်းမြစ်ဖြစ်တဲ့ အစိုးရ (သို့မဟုတ်) နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲဘို့ မကြိုးစားကြဘဲ ပြဿနာရဲ့ အကိုင်းအဖျားအနားလေးတွေကို ကုစားဘို့ကြိုးစားတာမျိုးဟာ ခံစားနေရတဲ့ ပြည်သူတွေကို စာနာရာမရောက်ဘဲ သူတို့ရဲ့ ဒုက္ခကို သံသရာရှည်အောင် ပစ်ထားရာ မရောက်ပေဘူးလားဗျာ။

နောက်ပြီး မကောင်းတဲ့အစိုးရတရပ်ကို ဆန့်ကျင်ဘို့ဘဲ ဘာဖြစ်လို့ သည်လောက် ခါးခါးသီးသီး ငြင်းဆန်နေမလဲဗျာ။ ကိုယ်ကျိုးထိခိုက်မှာစိုးရိမ်လို့ ငြင်းဆန်တယ်ဆိုရင် အဲသည်လို ငြင်းဆန်နေတာကမှ တကိုယ်ကောင်းဆန်ရာ ကျမနေဘူးလား။ နောက်ပြီး ကိုယ်မလုပ်နိုင်တောင် ရွတ်ရွတ်ချွံချွံဆန့်ကျင်နေသူတွေကို အနည်းဆုံး စိတ်ဓါတ်ရေးရာအရ အားပေးလို့ ရနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အဆုံးသတ်မှာ သူတို့ရဲ့ ဆန့်ကျင်မှုကြောင့် မကောင်းတဲ့အစိုးရ ပြုတ်ကျသွားခဲ့ရင် ကိုယ်လည်း သူများနည်းတူ အကျိုးခံစားရမှာဘဲ မဟုတ်လား။

သည်တော့ ကျနော့်အမြင်အရ.... ဖြစ်သင့်တာကတော့ လူမမာကို ဓါတ်စာဟင်းတခွက် (ကင်ပွန်းချဉ်ဟင်းဘဲဖြစ်ဖြစ်) ပေးတာလည်းပေးပေါ့။ တဖက်မှာ လူမမာကို ဆေးကုပေးနိုင်ဘို့လည်း ကြိုးစားရဦးမယ်လေ။ အဲဒါမှသာ လူမမာခမြာလည်း ရောဂါပျောက်ကင်းဘို့အတွက် မျှော်လင့်ချက်ကျန်ဦးပေမပေါ့။

Anonymous said...

ပီတိရေ- ကန်ပွန်းခြုံ ရှိတဲ့နေရာ အတိအကျ..ဗမာတွေသိလို့ မဖြစ်ဘူး။ အဲဒါ ရတနာ သိုက်။
မနော်- this lady နဲ့ this lady ပဲလေ။း)
ပေါက်-အမှားကောင်းသွားတယ်နော်။ အမြဲ- ဆက်လာ။း)

ကိုဆောင်းယွန်းလ- ကျေးဇူးပဲ။ ရေးနိုင်သလောက်တော့ ရေးနေဦးမယ်။ အချိန်ကုန် လက်ညောင်း မျက်စိကျိန်း ဘလော့ဂါ လေ။း)

ကိုပေါရေ- ကိုပေါ ပြောတာတွေ လက်ခံပါတယ်။ အမ ပြောချင်တဲ့ သဘောကို ကိုပေါ သဘောပေါက်တာ နဲနဲများ လွဲနေမလားမသိ။ သူရည်ရွယ်တဲ့လူတွေက..` နိုင်ငံရေး ဆို ကြောက်စရာ လန့်စရာ ဝေးဝေးနေချင်သူ။ စကားထဲ ထဲ့မပြောချင်သူ။ သိအောင်လည်း မကြိုးစားချင်သူ - ငါတို့လုပ်တာ..နိုင်ငံရေးမဟုတ်ဘူး..ဘာရေး သက်သက်..ညာရေးသက်သက် ဆိုတဲ့- ကိုပေါ တို့ ကျမ တို့ စိတ်ပျက်မိတဲ့ လူတွေကို ရည်ရွယ်တာပါ။

pandora said...

ဘာပြောပြောပါ ကင်ပွန်းချဉ်ရွက်ခူးတဲ့နေရာပဲ စိတ်ဝင်စားတယ် ပြောပြ။ ပီတိကို သွားခူးခိုင်းရမယ်.။

Dr. Yi Yi Win said...

“အိမ်က ဘိုးတော် တယောက်လည်း ရှိသေးတယ်။ တွေ့သမျှ သူငယ်ချင်းတွေ.. သူ့အမျိုးတွေကို.. ဒီ- ဘလော့ ပဲ သွားသွား ကြော်ငြာ ၀င်နေတော့တယ်။ သူများက..စိတ်ဝင်စားလား မစားလား မသိ။ နောက်ပြီး..လုပ်လိုက်သေးတယ်။ စီဘောက်မှာလည်း.. ၀င် နှုတ်ဆက်လို့ ရတယ်..တို့ ။ ဘာတို့။ အတင်း ကြီးရော- ကာရော ပဲ။” ဆိုလို့ ..အဟီး အိမ်က မောင်ရင်ကတော့ ကျွန်မရဲ့ဘလော့ကဒီဟာ
လေးပေါ့ဆိုပြီးဖွင့်ပြတာတောင် မကြည့်အားဘူး။ သူကြည့်နေကျဘလော့တွေသာ အသည်းအသန်ကြည့်နေတော့တာပဲ။

တန်ခူး said...

ကေရေ… အဲဒီအမက ခုဒီမှာပဲလားဟင်… ခင်ချင်လို့ …
ကင်ပွန်းချဉ်ပင်က ယိုချူးကန်မှာဆိုတော့ ကျွန်မအလုပ်နဲ့ နီးလိမ့်မယ်… နေရာလေး အတိအကျပြောပြပါလား… မနက်ဖြန်က စပြီး ရှာနေမိတော့မှာပဲ…
ကေ့လူက တော်တာပေါ့နော်… တို့ တွေလူကတော့ အပေါ်က မယုဝရီပြောသလိုပဲ…

Moe Cho Thinn said...

ကေ့လူနဲ့ တို့လူ တူသွားပြီ ကေရေ..
ရင်းတဲ့လူတွေကို ဟိုဟာဖတ်ပြီးပြီလား၊ ဒီဟာဖတ်ပြီးပြီလား စာမေးပွဲစစ်ရမယ် ပြောပြောနေလို့ တချိန်လုံး ဟန့်နေရတယ်။
တို့က ရှက်လို့ သေတော့မယ်။ :D

သက်ဝေ said...

၁။ ကေရေးထားတာ ဖတ်လို့  အလွန်ကောင်းပါသည်... ၂။ ကင်မွန်းချဉ်ရွက် ခူးသောနေရာလေး ပြောပြပါ...
၃။ သက်ဝေအိမ်က လူသားကလဲ ယုဝရီ နဲ့  တန်ခူး
တို့ ရဲ့  လူတွေနဲ့  အတူတူပါဘဲ...။
၎။ ကေ့ရဲ့  ပိုစ့်အသစ်တွေကို မျှော်နေပါတယ်...။

Anonymous said...

ပန်ပန်- ခု မြေပုံတခြမ်း ပို့ပေးလိုက်တယ်။ တခြမ်းကတော့ ပီတိ ဆီမှာ။ အဲဒီ ၂ခုကို ဆက်ကြည့်လိုက်ပါ။း) မတန်းခူး နဲ့သက်ဝေ ပါ လိုက်မယ်ဆိုရင်တော့- သတိဝီရိယ ရှိပါ။ အထူးသဖြင့်- အဲဒီနေရာက- ++++++ ခါချဉ် ပေါပါသည်။
ဆ၇ာမ ရီ- မတန်ခူး- သက်ဝေ- စိတ်မညစ်နဲ့။ အဲဒါ ကိုယ်ရေးချင်တာ ရေးလို့ရတယ်။ ခုဆို..ကျမနဲ့ မချိုသင်း ဆို ရတော့ဘူး။ စိစစ်ရေး ကို အရင်ဖြတ်နေရတယ်။