စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၀)


ကေသည် ကိုကိုဝေ ကို ကျေးဇူးတင်ပြီးလျှင်.. သူ ရသော
သီချင်းများ ကို စဉ်းစား၏။ ဆုံးရှုံးရသော ကိုစောညိန်း..မမြင်ဘူးလိုက်သော
အနုပညာသည် တဦး..သူဟာ လှေတစင်း နဲက မြစ်ကြောမှာ မျှောမယ် ဆိုပြီး ဘယ်သူ မှ
တားလို့မရ..တကယ် ထွက်တတ် တယ်လို့ အဆိုရှိဖူးတယ်။ သည် အခါမှာ.. ကောင်းကင်မှ.. တိမ် အပွင့်အဖူးများ ရေဆင်းလို့ ကူးကြတာကို..ဆည်းဆာ ပြာမင်လဲ့လဲ့ မှာ သူမြင် ခဲ့တယ်
ထင့်။

ငွေသား သင်ဖြူးလား လို့...
ထင်ယောင်
မြင်ယောင်မှားဖွယ်..
လှမျိုးစုံကြူးတဲ့ ပင်လယ်ရေပြင်ကျယ်..
သဲသာသောင် နဲ့
ငွေရောင်ကမ်းစွယ်
ထပ်ကြိုးဆင် တဲ့ ပင်တိုင်ဖျား..
မုပ္ပလင် နဲ့လင်းယဉ်
အလား..
နာဝါ လှေများတွေရယ်....

ကေ...ဒါမှမဟုတ်.. ကြည်အေး ကိုယ်တိုင် က.. ကိုစောညိန်း ရဲ့ ဆည်းဆာ ကို မှ ရူးသွပ်သူပေလား...။ အင်းလျား ကို ၀င်ဝင်ခြင်း နေ့တုန်းကလည်း.. ဆည်းဆာ ကို မြည်တမ်း ခဲ့တယ်။ အခု.. သူငယ်ချင်းတွေ စုပြီး..တီးကြ ဆိုကြတော့လည်း.. ကိုကိုဝေ ဆိုသူက.. ကာလပေါ်ထဲ က ..ကိုစောညိန်း တပုဒ်ပုဒ် ဆိုပါလား လို့..အကြံပေး တော့.. ကေက ..ချက်ခြင်းပဲ..ဆည်းဆာ..ကိုသာ သတိရ ပြန်တယ်။ ကိုစောညိန်း ရဲ့ ဆည်းဆာ ကလဲ..တကယ့်ကို သာယာ ကြည်နူး ယစ်မူး လွမ်းမော စရာ...။

တကယ်တော့..ဆည်းဆာ ဆိုတာ.. လွမ်းတတ်သူ တွေ အတွက်.. မြည်တမ်း ညည်းငို စရာ ပခုံး တခု လို...။ ပြီးတော့... တွေးချင်သူ တွေ အတွက်လည်း.. ခြေခင်း လက်ခင်း အတွေးတွေ ခင်းချင်တိုင်းခင်း ဖို့သာ.. ။

သူ့အတွက်တော့..ဆည်းဆာ ဆိုတာ..အမှောင်လာ တော့မယ် လို့ ကြင်နာစွာ သတိပေးနေတတ်တဲ့..ညင်သာ တဲ့ လက်တစုံ လို သာ မို့..အလွမ်းနဲ့ အတွေး ကြား..မျှတ နိုင်ပါစေ လို့သာ..အမြဲ ဆန္ဒပြုနေ ခဲ့ ရသည် ။ အဲဒီ တုန်းက..အလွမ်းတွေ များတဲ့.. လူ တယောက် အကြောင်း.. တွေးရင်း..တွေးရင်း.တွေးပေးရင်း...မမျှတ နိုင်..ယိမ်းယိုင်မိ တော့ မလို့...။
...
.
.
.
.
...
...
..
..
..








 


Share/Bookmark

18 Comments:

ခင်မင်းဇော် said...

အင်း တို့လဲလေ ကိုယ့်ချေ့သူကို ကိုယ်ဖာသာပဲ ရှာခဲ့တယ်... အမိတက္ကသိုလ်ကြီး ရင်ခွင်ထဲကပဲပေါ့..
လွမ်းတယ် ကေ..

စူးနွယ်လေး said...

အချစ်အလွမ်းတွေ ပါလာတော့မှာလားဟင်
ဖတ်ချင်တယ်

Moe Cho Thinn said...

ကေ ထုတ်နှုတ်ထားတဲ့ Plate tectonic အကြောင်းကလဲ California မှာ ရှိတဲ့ San Andreas Fault အကြောင်းပါလား။ ကြောက်ပါတယ် ဆိုမှ.. :)

တို့လဲ အမ ခင်မင်းဇော်လို ကိုယ့်ချေ့သူကိုသာ ရွေးခဲ့တယ် ဟိ..

ThuHninSee said...

ဟုတ်ပ..ကိုယ့်ချေ့သူကို ကိုယ့်ဟာကိုယ်၇ှာထားလို့ ဒီလိုချမ်းချမ်းစီးစီးမှာ
ဘလော့ဂ်ဖတ်နေရတာပေါ့။း)

ATN said...

ဦးမိုးသက်ထွေးကို သိသလိုပဲ...
တတန်းထဲ သူငယ်ချင်းထင်တယ်...

ဒါနဲ့ tectonic plates ၂ ခု ဆုံတဲ့ San Andreas Fault ကို သွားကြည့်မလို့ဟာ မကြည့်ခဲ့ရဘူး...

ခု ၁၀ က ပိုပြီး အသက်ဝင်လာတယ်...

၁၅ လောက်မှာ ရပ်မယ်လို့ ပြောထားတော့ မရပ်စေချင်ဘူး ၃၀ လောက်ထိ ရေးပေးပါ...း)

tin min htet said...

စောင့်ဖတ်နေတယ် မကေ ..
ဇာတ်လမ်း တခု အစအဆုံး မဟုတ်ဘဲ၊ ဆရာ့ဇာတ်လမ်း တပိုင်းတစ၊ စိုးမြအောင် ဇာတ်လမ်း တပိုင်းတစ တို့ထိသွားတာ စိတ်ဝင်စားစရာ ..

ရွှေရတုမှတ်တမ်း said...

မကေရေ..
ဇတ်အိမ်တော်တော်ကြီးလာပြီနော်...
ကိုယ့် နှမကိုယ်တော့..စိတ်ချပြီးသားပါ..
မကေ ရဲ့ masterpiece ဖြစ်မယ်ဆိုတာ...

rose of sharon said...

ဇာတ်ရှိန်မြင့်စပြုလာပြီ.... ဒို့တော့ ကေ့ရဲ့ ချစ်ဇာတ်လမ်းလေး ဘယ်အပိုင်းမှာ ပါလာမလဲလို့ စိတ်ဝင်တစား စောင့်ဖတ်နေတယ်

tg.nwai said...

ကေ ရေ..ကိုအောင်သာငယ်လိုပဲ.. မပြီးစေချင်သေးဘူး.. ဖတ်ရတာတောင် နှမြောမိတယ်... တချို့ သိပ်ကြိုက်လွန်းတဲ့ စာတွေဆို ချွေတာပြီး ဖတ်ရတာလေ...အဲဒီလိုပဲ..

ဓလေ့ထုံးစံတွေကြားမှာ ကိုယ့်ချေ့သူကို စိုးတယောက် ရှာတွေ့ခဲ့လေလား သိချင်နေသေးတယ်။

တန်ခူး said...

ကျောင်းတုန်းက တွဲတဲ့သူငယ်ချင်းက ရခိုင်… သူတို့ ရဲ့ လက်ထပ်ခြင်း ယဉ်ကျေးမှုကိုလဲ ကြားဖူးတယ်… ဒါပေမယ့် သူက သူ့ ချေ့ သူကိုပဲ ရွေးသွားတယ် သိလားကေ… ဆည်းဆာကို ချစ်တယ်… ဒါပေမယ့် လွမ်းနေတဲ့အချိန်မှာ ဆည်းဆာချိန်က ဝေဒနာ အသည်းဆုံး… ဘာလို့ မှန်းကို မသိဘူး… ကေ့ရဲ့ကေ ချေ့ သူနဲ့ ဘယ်လိုများဆုံခဲ့လဲ… စိတ်ဝင်စားစွာနဲ့  စောင့်မျှော်နေတယ်…

Rita said...

၁ဝ တန်းတုန်းက guide မမက ရခိုင်သူ။
သူကတော့ အိမ်ကပေးစားတဲ့ လူနဲ့ ယူသွားတာပဲ။
သူက သူ့ကျောင်းမှာလဲ ချေ့သူ မထားဘူး။

Anonymous said...

提供墾丁民宿資訊、高雄飲食情報、及墾丁旅遊景點 免費登錄訪客留言站長信箱,墾丁旅遊求助墾丁食宿詢問優惠券列印,租車旅遊足跡,台東旅遊足跡,花蓮旅遊足跡,高雄墾丁旅遊景點足跡 ... 墾丁航海家,和風庭牛排館,野宴炭火燒肉,芭東音樂餐廳,更新加入特約折價優惠商店.

Anonymous said...

Hi...

Your writing is So great and romantic...

But Sorry to say that...

I hate to see and read some middle aged myanmar married women' romantic and dreaming idea of Stupid things..they 'r still in dreamworld at even their age and havn't grow up yet...

Sickening & worrying ...for thie childs' future...

Anonymous said...
This comment has been removed by a blog administrator.
kay said...

အမ ခင်မင်းဇော်.. မချိုသင်း ..စူးနွယ်..ကိုအောင်သာငယ်..ကိုတင်မင်းထက်.. ကျေးဇူးပါ။ အခုမှပဲ..ကိုယ့်ချေ့သူ ကိုယ်ရွေးတဲ့ သူချည်း ဖြစ်နေပါလား။ သုနှင်းဆီ ပြောတာ သဘောကျလို့..း) အရွေးတော် သွားတာပေါ့...
အကိုကြီး နေကျောက်ခဲ.. ကိုယ့်ညီမ..ဇာတ်မနိုင်တော့မှာ စိုးရိမ်နေပြီ ထင်ပါ့.. ကိစ္စမရှိဘူး.. အဆုံးသတ်မရရင်..တရုတ်ကားတွေလို..အကုန် ရှင်းပြစ်လိုက်မယ်..း)

နော်ဖော..မသိဂီ င်္.. မတန်ခူး.. ၀တ္တုပြီးတော့မှ.. မကေ လုပ်ချပြီလို့ မပြောနဲ့.. သိပ်အများကြီး မမျှော်လင့် ထားပါနဲ့လေ..း)
ရီတာ ပြောသလိုဆို.. အခုထိ ရခိုင်အမျိုးသမီးတွေ အများစု မိရိုးဖလာ ဓလေ့နောက် လိုက်ကြတုန်းလို့ ယူဆရမယ်နော်..

အယူအဆ အမျိုးမျိုး..အမြင်အမျိုးမျိုး နဲ့..စာကို စိတ်ဝင်တစား စောင့်ဖတ် သူ များ အားလုံးကို ကျေးဇူး တင်ပါတယ်။

MANORHARY said...

ကေ ..
ရခိုင်တွေရဲ့အိမ်ထောင်ဖက်ရွေးတဲ့ဓလေ့လေးကို
ပိုပြီးတိတိကျကျသိချင်မိတယ် သူတို့ပြောပြတိုင်း
သိသလိုသိသလို ပြီးရင်မေ့သွားပြန်ပြိး ဇဝေဇဝါနဲ့း))
ဘဝဆိုတာရယ် စိတ်တိုင်းကျ တည်ဆောက်မှသာ
သာယာလိမ့်မယ်ယုံကြည်တယ် ... ဆိုပေမယ့်လည်း
တစ်ခါတစ်ခါကျ စိတ်တိုင်းကျ တည်ဆောက်မှုတွေက
ကံကြမ္မာအမှားတွေနဲ့တည့်တည့်တိုးနေတတ်တယ်

အိန္ဒြာ said...

စိတ်မရှည်တော့ဘူးတော့....

တစ်ပိုင်းတစ်ပိုင်းက နည်းလိုက်တာ..း)

MieMie said...

ိကေ ရေ .. တို့ မှာလည်း ပထမနှစ် စတက် တုန်းက နှစ်ယောက် .. ဒုတိယနှစ် တက်တော့ နောက်တယောက်တိုး လာတော့ အားလုံးပေါင်း ရခိုင်သူငယ်ချင်း သုံးယောက်တောင် ရှိခဲ့တယ်...
ပြီးခဲ့တဲ့လ က ရန်ကုန်ပြန်လည်တော့ အဲသူငယ်ချင်းသုံးယောက်လုံး အပျိုကြီး ဘ၀ ဘဲ ရှိကြသေးတယ် ...

mie nge