ညီမလေး က..အချစ် ကို ကိုးကွယ် သတဲ့လား..

ဇူလိုင် ၁၅ မှာ ရတု တခု တိုင် သွားတဲ့..ချစ်တဲ့ ဘလော့ ကာ ညီမငယ် အတွက်-

+++++++

အော်- ညီမလေး က..အချစ်ကို ကိုးကွယ် သတဲ့လား´ ဆို တော့.. သူက.. အင်း လို လို.. အင်းဟင်း လို လို.. ၀န် ခံတာလား။ ငြင်းတာလား မသိ။

သေ ချာ တာ တော့.. အချစ် ဘာ လဲ..ဘယ်လဲ ဆိုတဲ့..မေးခွန်း တွေနဲ့.. သူ .. တော် တော် ခေါင်း ကိုက် နေ ပုံ ပေါ် သည်။ Migraine တောင် ရ နေ ရှာ တယ်တဲ့။ သူ့ ဘလော့ ပေါ် မှာ လည်း ..ကဗျာ တွေ က..အချစ် ဆိုတဲ့..စာလုံး တွေ ထိုးထိုး ထောင် ထောင် နဲ့။

အချစ် ဆို တာ ဘာ လဲ ..။ အဟား.. ညီမလေး ရေ- မ´ လည်း တကယ် မသိ ပါဘူး။ မသိဘူး ဆို တာ ထက်.. အချစ် အကြောင်း ပြော ရ တော့မယ် ဆို ရင်..ဟို..နတ်ကြီး တယ် ဆို တဲ့..တောအုပ် ခင် တန်း လေး ကို ဖြတ် ရ တော့ မလို ပဲ.. နှုတ် ဆိတ် ဆိတ် နဲ့..ခပ်သုတ် သုတ် ဖြတ် ပြေး နေ မိ တတ် တာ ပဲ- သိတယ်။

အချစ် ဆို တာ ..ချိုမြိန် စေ သည်လား.. ခါးသက် စေ သည်လား..နာကျင် စေခြင်းလား..ရူးသွပ် စေ ခြင်း လား..လားပေါင်း များစွာ..ကျမ တခု မှ မသိပါ။ အဲဒီ အချစ် ဆို တာ..တကယ်ရော ရှိ လို့လား..

လို့..ငယ်ရွယ် နု ပျို လွတ် လပ် မူ တွေ နဲ့ တုန်းကတော့.. အချစ် ကို..ခပ်တည် တည် နဲ့..ဇိမ် ခေါ် ခဲ့ ဖူး သေးတယ်။

အချစ် ဆို တာ..လူ တွေ က..ဖန်တီး လိုက်တဲ့ အခါ မှာ..အလွယ် တကူ ရ လာ နိုင် ပြီး.. အဲဒီ လူ တွေ က..ဖျက်စီး လိုက် တဲ့ အခါ ကျ ရင် လည်း..တဖြည်း ဖြည်း ပျေက်ကွယ် သွား တတ် တဲ့ အရာ မျိုးပဲ ဖြစ် မည်။

ကဲ- ကိုယ့် ဖာ ကိုယ် အဓိပ္ပါယ် ဖွင့် ပြစ်ခဲ့ တာ များ..အကျ အန။ ဘယ်သူ့မှ ဂရု မစိုက် တဲ့..ခပ်ဆိုးဆိုး ကောင်မလေး တယောက် ဘ၀ ကပေါ့လေ။ မျက် ကန်း တစ္ဆေ မကြောက် ဆို သလို များ ဖြစ် ခဲ့ တယ် ထင်ပါရဲ့ ညီမ လေး ရေ။

အဲလို နဲ့..မ´ လည်း..ချစ်ခြင်း ဆို တဲ့ အဓိပ္ပါယ် ကို အလေး အနက် မစဉ်းစားပဲ.. ချစ်တယ် ဆိုတဲ့ စကား တွေ ကို..ရင်ခုန် တဲ့အခါ ခုန် လိုက်.. ဟားတိုက် တဲ့ အခါ တိုက်လိုက်။ အင်းလျား မှာ..ဘူးသီး ကြော် နဲ့ မြည်း လို မြည်း။ အဆောင် လှေ ခါး မှာ.. ရှပ်တိ ရှပ်ပြာ လို လို ဘာလိုလို နဲ့..ခလုပ် ၀င် တိုက် လို တိုက်။ တခါ တလေ လည်း.. စိတ်ညစ် ညစ် နဲ့ ထွက် ပြေး ခဲ့ရ တာ မျိုး လဲ ရှိ ။ ကိုယ် လည်း..ကရော် တိုက် ခံ ရ တဲ့ အခါ ..တိုက် ခံ ရ ပေါ့ နော်။

အဟား.. မ´ ကို ..ငပွေး လို့ထင် သွား ပြီ လား။ ဟုတ် ချင် လည်း..ဟုတ် မှာ ပေါ့ ကွယ်။ အော်..ညီမ လေး က.. ဗမာ ဘန်းစကား တွေ သိပ် မသိ တော့... ပွေး တယ်ဆိုတာ နားမလည် ဖြစ် နေ အုံးမယ်။ ဆိုးတာပေါ့ နော်.. Wild လို့ ပြောမလား။ ပန်းရင့် ရောင် နေ့ ရက် တွေ တုန်း ကတော့..သူငယ် ချင်း တွေ နဲ့လောင်း ပြီး..ဟိုဖက် စားပွဲက..ကောင်လေး ကို ..ဘလိုင်းကြီး သွားမိတ် ဆက် တာမျိုး လည်း.. လုပ် တတ် သူပေါ့။ ပျော်စရာ တော့..သိပ် ကောင်းတာ..အမှန် ပဲ.. အဓိပတိ လမ်း မ ကြီး နဲ့ စစ်ကိုင်း လမ်း..အင်းဝ မုခ် ဦး ကြီး တွေ တလျှောက်..ခြေသံ တွေ တလျှပ် လျှပ်.. ရင်ခုန်သံ တွေ တဖြတ် ဖြတ် ။ ဟေး..အထင် တော့မလွဲ နဲ့ နော်။ မ တို့ တွေက..ကလေး ဆိုး လောက်ပဲ ဆိုး တာ။ ဘယ်သူ့ ကို မှ တော့..မကစား ခဲ့ ဘူး။ အသုံးမချ ခဲ့ဘူး။ ညာ လည်း မခိုင်း ဘူးဖူး။ အိ ညောင့် အိညောင့် လဲ..မပြော တတ်ဘူး..။ အမြဲ..ဂွ..ဂလန့် တိုက် ပြော တတ် သူ..ခပ်ကြောင် ကြောင် လုပ်တတ်သူ မို့..သူငယ် ချင်း တွေ ကတောင်..အရူးမ လို့..ချစ်စနိုး လား..အတည် လား တော့ မသိ..ခေါ် ကြတယ်။ မ´ ရဲ့..တပ်မှူးကြီး ကတော့..ခုထိ..သူငယ် ချင်း တွေက..အဲလို ခေါ် ရင်..သိပ် စိတ် ဆိုးတယ်။ ခေါ်ပါ စေဟာ..အဲဒီ ၀ိသေသ ထူး ကို ငါ ကြိုက် တယ် လို့။ ကဲ..ရူးလား မရူးလား..အဲဒါသာ ကြည့်တော့။

ထားလိုက် ပါတော့ကွာ.. အလွမ်း ပြေ ပြော မိတာ ပါ ။ တကယ်တော့.. မ´ လည်း..အခု - ညီ မလေး..အတွေး ရ ခက် သလို.. ဆုံးဖြတ် ရ ခက် သလို.. အချိန် တွေ ကို အတိ အကျ..ဖြတ် ကျော် ခဲ့ ရ တာ ပေါ့ ။ အင်း.. ခက် တာတော့..တော် တော် ခက်တယ်။ ညီ မလေး တို့.မ´ တို့ လို ပုံစံ မျိုး တွေ အတွက် ပို တောင် ခက် အုံး မလားပဲ။ မ´ ဖတ် ဖူး တာ လေး တခု ပြော ပြ မယ်။

` မိန်းမ တို့သည်.. ကြောက်စိတ် အရင်းခံ လည်း ရှိ ကြ ကုန်သည်။ မျှော်လင့် ချက် နှင့် အား ကိုး ကို ရှာ လို သော စိတ် လည်း ထာဝစဉ် ရှိ ကြသူ များသာ ဖြစ် ကြ၏။ ကြောက်ရွံ့ ခြင်း နှင့် မျှော်လင့်ခြင်း အစွန်း ၂ ခု ကြား တွင်၊ သူတို့ အသက် ရှင် နေ ကြ လေ သည်။ ´

တဲ့.။ မှန် လား မမှန် လား တော့.. ကိုယ့် ဖာသာ ပဲ တွေး ကြည့် ပေါ့ နော်။း)

ညီ မ ကတော့..မ´ ထက် ပို ပြီး..သတ္တိ ရှိ မယ် ထင် တာပဲ။ ဘာလုပ် လုပ် အမြဲ အားကြိုး မာန် တက်..မဆုတ် မနစ် လုပ် တတ် တာ ရယ်.. ယုံကြည်မူ ကို ယုံ ကြည် တာရယ်.. စိတ် ပိုင်း ဖြတ် နိုင် စွမ်း ရှိ တာ ရယ်..မြင်တာ နဲ့ သိသာ ပါတယ်။ အဲ ဒီ တော့..အချစ် ဆို တာ ကြီး ကို လည်း..အရမ်း သိချင်..ကိုးကွယ် ချင် မနေ နဲ့ ကွာ.. ။ စောခူ ဆဲ ရဲ့ `အချစ် ဆို သည် မှာ´.. သီချင်း ထဲက လို..

`တကယ် ဆို ရင်..အချစ် ဟာ ..ဖြေရှင်း မရ တဲ့ ပြသာနာ.. အချစ် ဟာ...အဖြေ ရှာ မရ တဲ့..ပုစ္ဆာ.. ငါကိုယ်တိုင်..အချစ်ဟာ..ဘာ လည်း မသိ တော့ပါ.. တခါ တလေ..အချစ် ဆို တဲ့ အရာ နဲ့.. ဆုံ ဆည်း လိုက် ချင် လည်း..တခါ တလေ တော့.. အချစ် နဲ့ ..ဝေး ချင် တယ်...´

လို့သာ ပျော်ပျော် ကြီး အော်ဆို ပြစ် လိုက် စမ်းပါ။

Get this widget Track details eSnips Social DNA


ဟုတ် တယ်..တခါ တခါ..အချစ် ဆို တာလည်း..သိပ် စိတ် ရှုပ်စရာ ကောင်း နေ တတ်ပြန် တယ်။ ချို မြိန် တယ်..ပူလောင် တယ်။ ရှိန်းမြ တယ်..စူးရှ တယ်။ သီချင်း မှာ ပြော သလို..`အချစ် ဆို သည်မှာ..ကြည်နူးကြ တဲ့အခိုက်..လမင်းတရာ...အချစ် ဆို သည် မှာ..၀မ်းနည်း တဲ့အခါ..နေမင်း ကုဋေကုဋာ´ တဲ့။ ခံစားချက် အစွန်း ၂ ဖက် ညီ အောင် မထိန်း နိုင် ရင် တော့..၀ိရောဒိ တွေ နဲ့ ခလုတ် တိုက် လဲ လိမ့် မယ် ညီမရေ။

အသဲ မရှိတဲ့ လွတ် လပ် ခြင်း ဆို တာ ရော ကြားဖူးလား။ တခါ တခါ..ဘာခံစား ချက် မှ မရှိ တာလေ..။ အရိယာ ဘ၀ ခဏ ရောက် သွား သလိုပဲ။ နေ လို့သိပ်ကောင်း။ အမြဲ ရောက် ချင် လည်း..ရ ပါတယ် ။ သီ လရှင် ၀တ် လိုက် ပေါ့နော်။ အဟား..နောက် တာပါကွာ။ ဒါလည်း..လွယ် မယ် မထင် ပါနဲ့။

ကလေးလေး တွေ ကို..ဆပ်ပြာ ဗူးပေါင်း လေး တွေ မှုတ် ပေး ရင်.. သူတို့ ရင် ခုန် နေ ပုံ လေး တွေ ..မြင် ဖူး လား။ ရောင် စုံ ဗူး ပေါင်း လေး တွေ က..အရမ်း လှ တာကိုး။ သူတို့ လက်ကလေး တွေ မြှောက် ကာ..မြှောက် ကာ နဲ့..လိုက် ဖမ်း ကြတယ်။ လို ချင် နေ လိုက် ကြတာ စွေ့စွေ့ ခုန် လို့။ ဗူးပေါင်း လေး တွေ နဲ့ တကယ် ထိ မိ သွား တော့ လည်း..သူတို့ လက် ထဲ..ဘာ မှ ရောက် သွားတာ မဟုတ် ဘူး..ဘာ မှ မရ ကြဘူး။ ဒါပေမဲ့ လည်း..သူ တို့ နားမလည် ဘူး။ နောက် တလုံး ..ဆက် ဖမ်း ဖို့ ကြိုး စား နေ ပြန် တာပဲ။ မ´ တို့ လူ တွေ ရော.. အချစ် ရှာပုံ တော် ဖွင့် တာ.. အဲ လို ဖြစ် နေ သလား မသိ နော်။

အဲဒါ ကြောင့်..ညီ မလေး ကို လည်း.. အချစ် ဆို တဲ့..ဗူးပေါင်း လေး နောက်.. စိတ်အပင်ပန်း ခံ ပြီး ... လိုက် မနေ စေချင်ဘူး။ မ´ သိပ် ကြိုက်တဲ့..သီချင်း တပုဒ် ရှိ တယ်။ ` မဒီ´ ဆိုထားတာ- ` ချစ်ခြင်း တရား´ တဲ့။ နား ထောင် ကြည့်။

ချစ်ခြင်း တရား


` သင် မရှာ ဖွေ လည်း.. အချစ် လာချင် လာမှာ ပဲ....သင် ရှာ ဖွေ ချိန် ကျ.. အချစ် က..ဘယ်ဆီ ရှောင် ပုန်းလည်း.. ´

ဟုတ်တယ်.. သူ ရောက် လာချင် တဲ့ အချိန် ရောက် လာ မှာ ပဲ။ ဘယ် နှယ် ကြိမ် ဘယ် နှယ် ခါ ရောက် လာ မလည်း ဆို တာ တောင် မသိ နိင် ဘူး။

ကဲပါလေ...ငါ့ညီ မ ကို..အထူး နေ့ရက်..မွေး နေ့မြတ် မို့.. အမှတ် တရ လက် ဆောင် အဖြစ်..ရေး နေ တာပါ။ ဆရာ လုပ် ရ တာလည်း မဟုတ် ပါဘူး။ ညီ မ လေး မှာ လည်း.. သီးသန့် အချစ် အဘိဓမ္မာ တခု ရှိ ချင် ရှိ မှာပါ။ နောက်ပြီး..ဒီ လို တက်ကြွ ထက် မြက် တဲ့ .. မိန်းကလေး တယောက်က.. brainy head နဲ့ dainty heart ကို ကောင်းကောင်း ခွဲခြား ပိုင်း ဖြတ် နိုင် မှာပါ။ အချစ် ဆို တာ ကြီး ကို..သူ့ဖာသူ ပဲ ထား လိုက် စမ်းပါ။ တွေ့ တော့လည်း တွေ့..ဖမ်းချင် လည်း..လိုက် ဖမ်း.. မေ့စရာ ရှိ လည်း..မေ့ ပြစ် လိုက်ပေါ့ ကွာ။ အနဲ ဆုံး တော့.. ဘ၀ ကို ကော် လံ ၂ ခု ခွဲ ပြီး.. to do နဲ့ to love လို့ ခွဲ ခြား လုပ် နိုင် ဖို့ပဲ..တို့ တွေ ကြိုးစား ရ မှာ။ လို အပ် ရင်.. sub- column တွေ..ထပ် ခွဲ ကြ တာပေါ့- နော်။ နေအုံး..ကော်လံ တွေ ကို..လုပ်သင့်တာနဲ့..လုပ် ချင် တာ လို့ နံမယ် ပေး ရင် ကော။ သိပ် မနိပ် ပါဘူး ဟာ။ လုပ်သင့် တာ နဲ့..လုပ် ချင် တာ..ဘာ ကွာ လို့လည်း။ ပြီးတော့လည်း..လုပ်ချင် တာ ကို ပဲ လုပ် ကြ တာပဲ..မဟုတ်လား။ ဟားဟား။

ကဲ- ဒီ မွေး နေ့ ရတု က စလို့- ရွှေ ရောင် နေ့ ရက် တွေ ကို.. ရဲရဲ ၀ံ့ ၀ံ့ ဖြတ် သန်း နိုင် ပါစေ။ ဘ၀ ရဲ့ကြိုးထုံးလေး တွေ ကို လည်း..ချည်နှောင်စရာ ရှိ က.. ခိုင်ခိုင်မြဲမြဲ ချည် နှောင် နိုင် ပါစေ။ ၀ိရောဒိ တွေ ကင်းတဲ့လမ်း မှာ..ခလုတ် မထိ ဆူးမညိ ပဲ..အချစ် ကို- ကိုးကွယ် လိုက..ကိုးကွယ် နိုင်ပါစေ။ တခါ တရံ အသဲ မရှိ တဲ့ လွတ်လပ် ခြင်း နဲ့လည်း..အေးချမ်း ငြိမ် သက် မူ ရှိ နိုင် ပါစေ လို့။

ချစ် တဲ့..မကေ


Share/Bookmark

8 Comments:

ခင်မင်းဇော် said...

ကေသွယ်၏ အချစ်ဒဿနများ ....

Anonymous said...

ညီမလေးက အချစ်ကို ကိုးကွယ်ချင်သော်လည်း လက်တွေ့တော့ကျပါတယ် ။

အမရေ ... ခုလို အချစ်ဒဿနတွေဖွင့်ပြီး ဆုတောင်းပေးတာ အထူးဝမ်းသာမိတယ် ။ မနက်စောစော အလုပ်မသွားချင်သေးလို့ ကွန်ပြူတာဖွင့်ကြည့်လိုက်တော့ အမဆီက မေးလ်နဲ့အတူ ဒီပို့စ်လေးကို တွေ့ရတာ အိပ်ရေးမ၀လို့ ခေါင်းကိုက်တာတွေတောင် ခေါင်းကိုက်ပြေသွားသလို ။

အမပြောတဲ့ advice အတိုင်း လိုက်နာနိုင်ပြီး ၊ အမပေးတဲ့ ဆုတောင်းတွေအတိုင်း ပြည့်ဝရပါလို၏း)

= အချစ်ကို ကိုးကွယ်ချင်တဲ့ ညီမလေး :D =

Anonymous said...

ညီမလေးရေ.....

မကေ ကတော့ ညီမလေးရဲ့ မွေးနေ့မှာ ချစ်ခြင်းတွေ ဖွဲ့သီလို့ ဂုဏ်ပြုနေလေရဲ့ .....

ဆရာမကြီး ဒေါ်ကေကိုပဲ ဆရာဆက်တင်လိုက်ပါ။

ကေ ... FOC ဟုတ် ?

တန်ခူး said...

အသဲမရှိတဲ့ လွတ်လပ်ခြင်းတွေကို မကေပြောမှ ပြန်လွမ်းမိတယ်… လွတ်လပ်စွာပျံသန်းနေတဲ့ မကေနဲ့  ညီမလေးတို့ ရဲ့ တောင်ပံတွေကို ငေးကြည့်ရင်း… စဉ်းစားမိတယ်… အချစ်ဆိုတဲ့ကြိုးတချောင်းအကြောင်းကိုပေါ့ ….

pAn cHiT tU said...

တခါတုန်းက အချစ်ဟာ ချိုမြိန်ခဲ့တယ်၊ ကြည်နူးခြင်း အတိနဲ.ပေါ့ ....၊ အခုတော့ အချစ်ဟာ ... လွမ်းဆွတ်ခြင်း..၊ခါးသီးမှုပေါင်းများစွာနဲ.ပေါ့.....၊

Anonymous said...

ဒါလေးကို ဖတ်ပြီး တစ်ခုခု ရေးချင်မိလို့။
သဘောမတူရင်လဲ စိတ်မဆိုးပါနဲ့လို့ ကြိုပြောချင်တယ်။
အချစ်စစ်ဆိုတာ သရဲ ပုံပြင်တွေလိုပဲ။
လူတော်တော်များများက တဖွဲ့တနွဲ့ ပြောကြပေမယ့် ဘယ်သူမှ တကယ် မတွေ့ဖူးဘူး။
ကိုယ်ရနေတယ်လို့ ထင်ရင်တောင် အဲဒါက ထာဝရ သေချာတယ်လို့ ဘယ်သူပြောရဲလဲ။
မေတ္တာနဲ့ သံယောဇဉ်ကတော့ ပိုသေချာမှာပေါ့နော်။
နားလည်မှု၊ ယုံကြည်မှု အဲဒါတွေက ပိုလိုလိမ့်မယ်။
တစ်ယောက်တည်း မနေနိုင်တဲ့အခါ တစ်ယောက်ပြီး တစ်ယောက်တွဲနေတာထက် စာရင် ချစ်သူ အတည်တကျထားတာ၊ အိမ်ထောင်ပြုတာ ပိုကောင်းတာပေါ့။
အများစုက တစ်ယောက်တည်း မနေနိုင်ကြပါဘူး။
အဲဒီတော့ အနည်းဆုံး တစ်ယောက်တော့ ရွေးရမှာပေါ့နော်။
အားလုံး ကံကောင်းကြပါစေလို့ပဲ ...။

Anonymous said...

စာဖတ်သူရေ-
သဘောမတူလို့ စိတ်ဆိုးစရာလည်း မရှိပါဘူး။ သဘောမတူစရာလည်း မရှိပါဘူး။
မှန်တယ်လေ- အချစ်ဆိုတာ ယုံတမ်းပုံပြင် တွေလို..(လက်တမ်းပုံပြင် တွေဆိုတောင်ပြောကြသေး) ပါပဲ။ နောက်- တယောက်တမျိုး စမ်းသပ် ပုံဖော် မိ နေမှာပေါ့လေ..
ခင်မင်လျက်-

khin oo may said...

ဖတ်သွားသည် ကေ.