19 July Hip Hop

ဟစ်ဟော့ပ်ခောတ်ရဲ့ ..၁၉ ဇူလိုင်
(ဒီစာလေးကို..အရင်ဖတ်ကြည့်စေ့ချင်ပါတယ်..ရေးရတဲ့အကြောင်းရင်းအတွက်ပါ..)


စကားထာက..လွယ်မယောင်ယောင်နဲ့..ခက်နေသည်..
ကဲ..ဖြေပဲကြည့်ပါဦး..
ပခုံး၂ဖက်ကြားက..ခေါင်းပေါက်တယ်တဲ့..
အများသူငါလိုပဲ..လက် ၂ဖက်နဲ့..ခြေထောက်၂ဖက် နဲ့တဲ့..
အတွေးတွေကလည်း..ဘ၀တသက်စာတောင်တဲ့...
ပီးတော့..စည်းအပြင်ကလူတဲ့...
ဒါပေမဲ့လည်း..အညတရလည်းမဟုတ်ဘူးတဲ့..
အာဇာနည်လည်းမဟုတ်ဘူးတဲ့...


ဘာပါလိမ့်နော်....???


အဲဒါနဲ့..နဲနဲဆက်ရှာကြည့်တော့..ခပ်အက်အက်ကဗျာတွေထွက်လာတယ်..
ခပ်ထက်ထက်စကားတွေလည်းပြောသေး.. တချက်တချက်..ဒုံးချက်..ဒုံးချက်နဲ့..ပန့်ခ်ဂီတတဲ့...
ခဏနေတုံး..တုံချမ်းတုံချမ်းနဲ့..ရောသမမွှေလည်းကြားလိုက်မိတယ်..

သေချာပါပီ..အဲဒါ..ဟစ်ဟော့ခောတ်ရဲ့..လူငယ်လေးတယောက်ပဲ..
ဒါပေမဲ့..သူကပြောတယ်..၁၉ ဇူလိုင်အကြောင်းရေးပါတဲ့..၁၉ ဇူလိုင်ဆိုပေမဲ့..အာဇာနည်နေ့အကြောင်း
ဟုတ်လည်းရတယ်..မဟုတ်လည်းရတယ်တဲ့...
ကဲ..ရပီ..ရေးမယ်ဆိုပီး..ဆက်ဖတ်တော့..
ရေးချင်လည်းရတယ်..မရေးချင်လည်းရတယ်တဲ့...
ဒုက္ခပါပဲ..လူတောင်အူကြောင်ကြောင်ဖြစ်သွားပီ..ခုခေတ်လူငယ်တွေများ..ခက်..ခက်ရချည့်...
အင်း..ခက်နေလို့တော့မပီး..သူတို့တွေးသလို..လိုက်တွေးပီး..သူတို့ရေးသလို..လိုက်ရေးနိုင်မှ..
တော်ကာကျမည်...သူတို့ဆိုသလိုကော..လိုက်ဆိုနိုင်ပါ့မလား...?

သူတို့တွေကို..ဘောင်းဘီလက်ပွနဲ့..ဦးထုပ်နောက်ပြန်ဆောင်းရင်း..ကွတကွတလမ်းလျှောက်လို့..
ဘာတွေလည်းကွာလို့..နှာခေါင်းရှုံ့လိုက်ရင်တော့..တက်တက်စင်အောင်မှားသွားလိမ့်မည်...

သူတို့တွေသည်..မတရားမူကိုရွံတတ်သလောက်..အမှန်တရားကိုငမ်းငမ်းတက်မြင်ချင်ကြသည်။
သူတို့..ယဉ်ကျေးဖို့ဝန်လေးပေမဲ့...ရိုင်စိုင်းဖို့တော့..လက်တွံ့ကြသည်။
သူများလုပ်တိုင်း..လိုက်မလုပ်ချင်ပေမဲ့...သူများလုပ်တာကို..ကဲ့ရဲ့ဖျက်ဆီးဖို့..နဲနဲမှ..စိတ်ကူးမရှိ။
စာကြီးပေကြီးတွေကို..မဖတ်ချင်သေးပေမဲ့..သမိုင်းအမှန်တွေကိုတော့..ရှာဖွေတတ်သည်...။
ဘယ်သူတွေ..ဘယ်လောက်ဖွက်ထားထား..သူတို့..၁၉ ဇူလိုင်ကိုရှာတွေ့ကြသည်။
အာဇာနည်ကြီးတွေကို..လွမ်းကြသည်။ လက်သီးတွေကို..ကျစ်ကျစ်ပါအောင်ဆုပ်ထားကြသည်။
ဒီလိုအဖြစ်ဆိုးကြီးတွေ မဖြစ်ဖို့..သမိုင်းသင်ခန်းစာတွေ..ယူကြသည်။
လွမ်းသင့်တာကိုလွမ်း၍..လှမ်းသင့်တာကိုလှမ်းဖို့..သူတို့ခြေလှမ်းတွေ..ချဲထားကြသည်။
ဟစ်ဟော့သီချင်းတွေအဆိုကောင်းသလို...ကမ္ဘာမကြေဘူးလဲဆိုနိုင်ကြသည်။
သူတို့ရဲ့..ပေါက်ကွဲသံစဉ်တွေကို..မြေကြီးပေါ်ပစ်ပေါက်ရင်း..သူတို့..ရှေ့ဆက်ဖို့..အင်အားတွေရကြသည်။
သူတို့သည်..ဗမာပြည်အတွက်..အင်အားများဖြစ်သည်။ ကမ္ဘာတည်ဖို့လူသားများဖြစါသည်။
သမိုင်းတွေကို..လက်ဆင့်ကမ်းဖို့..သူတို့ နှလုံးတွေ..တဆက်ဆက်ခုန်နေတာကိုပင်..ကြားနိုင်ပါသည်။

ကဲ..သူတို့နဲ့အတူ..ဟစ်ဟော့ပ်တပုဒ်လောက်..ကြိုးစားပီး..လိုက်ဆိုကြည့်ကြပါလား..


Share/Bookmark

2 Comments:

ကိုဖြိုး said...

ကျွန်တော်ကတော့ ဟစ်ဟော့ကိုလည်း မဆိုတတ်ပါဘူးဗျာ ဒါပေမယ့် နာကျဉ်းလာရင် အော်ဆဲဖို့လဲ ၀န်မလေးသေးဘူးဗျာ .. ။ ကျေးဇူးအထူးတင်ပါတယ် .. ။

မေငြိမ်း said...

ကေ..
လူငယ်တွေ ထွင်သမျှ အလကားတခုမှ မဟုတ်တာကို လက်ခံတတ်သူချင်းတွေရတာ ၀မ်းသာလိုက်တာ။