ဘလော့တွေ ခေတ်စားလာတာ အတော်လေးကြာသွားခဲ့ပြီ။ ကိုယ်တိုင် ဘလော့ ရေးခဲ့ တာလည်း..၂ နှစ်ကျော်ခဲ့ပြီ။ ဘလော့ရဲ့ သဘောသဘာဝ ကိုလည်း.. တော်တော် တန်တန် သဘောပေါက်လာခဲ့ပြီ။
တကယ်ဆို- ဘလော့ မှာ စာတွေရေးကြပေမဲ့.. တကယ့် ပင်မ စာပေ ရေစီးနဲ့တော့..ဘယ်လိုမှ မတူနိုင်ခဲ့ပေ။ ဖြစ်ခြင်းဖြစ်နိုင် ရင်.. မြစ်လက်တက် တခု လို..ပေါင်းစုံ သွယ်ယှက် နိုင် တဲ့ သဘောသာ ဆောင်ပေလိမ့်မည်။ ဒါကလည်း..ဘလော့ပေါ်က..စာတွေက..တကယ့် ပုံနှိပ်စာပေ တွေလောက်.. အဆင့်မမှီ ဘူးလို့..ဆိုလိုရင်း မဟုတ်ပြန်။ မတူညီတာတွေက..အများသားပင်။
ဆိုပါတော့..။ မဂ္ဂဇင်း ဆောင်းပါးတပုဒ်ရေးဖို့..ရင်းမြစ် အကြောင်းအရာ ခိုင်လုံရမည်။ စာရေးသူက..အချိန် အတော် ယူကောင်း ယူမည်..။ အထပ်ထပ် ပြင်ဆင် အချောသပ် ဖြစ်မည်။ အများပြည်သူ မဖတ်သင့်တာတွေ မပါရလေအောင်..အဆင့်ဆင့် တည်းဖြတ် သုတ်သင်ရ နိုင်သေးသည်။ ဘလော့ရေးခြင်းမှာတော့.. အဲဒီ အချက်တွေ အင်မတန် နည်းပါး ၍ မရှိသလောက်ပင် ထင်ရသည်။ ဒါကိုလည်း.. အားနည်းမူ လို့.. လုံးလုံးလျားလျား မသတ်မှတ် ချင်ပါ။
တကယ်ဆို- ဘလော့ မှာ စာတွေရေးကြပေမဲ့.. တကယ့် ပင်မ စာပေ ရေစီးနဲ့တော့..ဘယ်လိုမှ မတူနိုင်ခဲ့ပေ။ ဖြစ်ခြင်းဖြစ်နိုင် ရင်.. မြစ်လက်တက် တခု လို..ပေါင်းစုံ သွယ်ယှက် နိုင် တဲ့ သဘောသာ ဆောင်ပေလိမ့်မည်။ ဒါကလည်း..ဘလော့ပေါ်က..စာတွေက..တကယ့် ပုံနှိပ်စာပေ တွေလောက်.. အဆင့်မမှီ ဘူးလို့..ဆိုလိုရင်း မဟုတ်ပြန်။ မတူညီတာတွေက..အများသားပင်။
ဆိုပါတော့..။ မဂ္ဂဇင်း ဆောင်းပါးတပုဒ်ရေးဖို့..ရင်းမြစ် အကြောင်းအရာ ခိုင်လုံရမည်။ စာရေးသူက..အချိန် အတော် ယူကောင်း ယူမည်..။ အထပ်ထပ် ပြင်ဆင် အချောသပ် ဖြစ်မည်။ အများပြည်သူ မဖတ်သင့်တာတွေ မပါရလေအောင်..အဆင့်ဆင့် တည်းဖြတ် သုတ်သင်ရ နိုင်သေးသည်။ ဘလော့ရေးခြင်းမှာတော့.. အဲဒီ အချက်တွေ အင်မတန် နည်းပါး ၍ မရှိသလောက်ပင် ထင်ရသည်။ ဒါကိုလည်း.. အားနည်းမူ လို့.. လုံးလုံးလျားလျား မသတ်မှတ် ချင်ပါ။
-
ဘလော့လို့ပြောလိုက်ရင်..စာပေ တခု ဆိုတာထက်.. ဆင်ဖမ်းတာတွေ..ကျားဖမ်းတာတွေ ကို ..အရင် တွေးမိ နိုင်သေးသည်။ တကယ်လည်း.. အဲဒီ..ဆင်တွေ ကျားတွေ ဖမ်းတဲ့ပွဲ တွေ ရှိသည်။ လိပ်တွေ..ဖားတွေလည်း ဖမ်း တတ်ကြသည်။ တချို့စာဖတ်သူတွေဆို..ဘလော့တွေ ပေါ်မှာ.. မျှော်လင့်ချက်တွေ အတော်ပုံ ထားတတ်ကြသည်။ ဘာရေချိန် ညာရေချိန်တွေ လည်း..တိုင်းတတ်ကြသည်။ အဲဒီလိုပဲ.. ဘလော့တွေ နောက်က..ဘလော့ကာ တွေကိုလည်း.. ဟိုက..တစ..ဒီက တစ..အရုပ်ကားချပ် စပ်ကြည့် ဖို့ ကြိုးစားကြသည်။
-
ဘလော့လို့ပြောလိုက်ရင်..စာပေ တခု ဆိုတာထက်.. ဆင်ဖမ်းတာတွေ..ကျားဖမ်းတာတွေ ကို ..အရင် တွေးမိ နိုင်သေးသည်။ တကယ်လည်း.. အဲဒီ..ဆင်တွေ ကျားတွေ ဖမ်းတဲ့ပွဲ တွေ ရှိသည်။ လိပ်တွေ..ဖားတွေလည်း ဖမ်း တတ်ကြသည်။ တချို့စာဖတ်သူတွေဆို..ဘလော့တွေ ပေါ်မှာ.. မျှော်လင့်ချက်တွေ အတော်ပုံ ထားတတ်ကြသည်။ ဘာရေချိန် ညာရေချိန်တွေ လည်း..တိုင်းတတ်ကြသည်။ အဲဒီလိုပဲ.. ဘလော့တွေ နောက်က..ဘလော့ကာ တွေကိုလည်း.. ဟိုက..တစ..ဒီက တစ..အရုပ်ကားချပ် စပ်ကြည့် ဖို့ ကြိုးစားကြသည်။
-
တကယ်တော့..ဘလော့တခုစီတိုင်း ရဲ့ နောက်မှာ..လက်တစုံစီ နဲ့..စိတ်ဆန္ဒတချို့သာ..ရှိနေကြတာပါ။ ဘလော့တွေ ပေါ်မှာ..ဆင်မဖမ်းနိုင်ပါဘူး..ကျားလည်း မဖမ်း နိုင်ပါဘူး။ စာရေးတဲ့ သူတိုင်းကလည်း..သူ့စာတွေ လောက်.. ပြည့်စုံ လှပ ( သို့မဟုတ်) စိတ်ပျက် စရာ ကောင်းနေ မယ် လို့ မထင်မိပါဘူး။ သို့ပေတည့်.. Google blogger မှာ ရေးထားတဲ့ express yourself online ဆိုတဲ့ စာသားလေးလို.. တနည်းတဖုံ နဲ့တော့..ကိုယ့်ကို ကိုယ် ဖော်ပြ နေကြတဲ့..ဘလော့ကမ္ဘာကြီး ပါ။
-
ကိုယ်တိုင်လည်း..ဘာတွေ ရေးဖြစ်သလည်း..ဘာတွေ ဖော်ပြ ဖြစ်သလည်း..ဘာတွေ ထွက်ပေါက်ရှာခဲ့ဖူးသလည်း.. ဆိုတော့..အမျိုးစုံတော့ ရေးဖြစ်နေခဲ့သည်။ တခါတလေလည်း ပေါ့ပေါ့ပါးပါး.. ။ တခါတလေလည်း..ထူထူထဲထဲ..။ တခါတလေလည်း လေးလေးနက်နက်။ အမှန်အတိုင်း ပြောရရင်တော့.. ဘလော့ရေးခြင်းကို..အတော် နှစ်သက်မိပါသည်။ စာရေးဆရာ ဆိုတာထက် စာရေးသူ ( Writer ) သက်သက်သာ ဖြစ်ချင် တဲ့ အတွက်ကြောင့်..စာဖတ်သူ အသင့်အတင့် ရှိတဲ့ ဒီနေရာလေးမှာ.. စိတ်ထဲ တွန်းအားပေး လာသလို.. အတွေးထဲ ပေါ်လာသလို.. တစုံတယောက်ကို ဖွင့်ဟချင်လာသလို.. သိသလောက်..ဖတ်သလောက်..မြင်သလောက်.. လျင်လျင်မြန်မြန် ဖော်ပြ နေရတာ..အင်မတန်ကို အဆင်ပြေနေသည်။ အဲဒီ အတွက်.. တခါတလေ.. ချို့ယွင်းချက်တွေ ရှိကောင်း ရှိနိုင်သည်။ အသေအချာကို ရှိပေလိမ့်မည်။
ကိုယ်တိုင်လည်း..ဘာတွေ ရေးဖြစ်သလည်း..ဘာတွေ ဖော်ပြ ဖြစ်သလည်း..ဘာတွေ ထွက်ပေါက်ရှာခဲ့ဖူးသလည်း.. ဆိုတော့..အမျိုးစုံတော့ ရေးဖြစ်နေခဲ့သည်။ တခါတလေလည်း ပေါ့ပေါ့ပါးပါး.. ။ တခါတလေလည်း..ထူထူထဲထဲ..။ တခါတလေလည်း လေးလေးနက်နက်။ အမှန်အတိုင်း ပြောရရင်တော့.. ဘလော့ရေးခြင်းကို..အတော် နှစ်သက်မိပါသည်။ စာရေးဆရာ ဆိုတာထက် စာရေးသူ ( Writer ) သက်သက်သာ ဖြစ်ချင် တဲ့ အတွက်ကြောင့်..စာဖတ်သူ အသင့်အတင့် ရှိတဲ့ ဒီနေရာလေးမှာ.. စိတ်ထဲ တွန်းအားပေး လာသလို.. အတွေးထဲ ပေါ်လာသလို.. တစုံတယောက်ကို ဖွင့်ဟချင်လာသလို.. သိသလောက်..ဖတ်သလောက်..မြင်သလောက်.. လျင်လျင်မြန်မြန် ဖော်ပြ နေရတာ..အင်မတန်ကို အဆင်ပြေနေသည်။ အဲဒီ အတွက်.. တခါတလေ.. ချို့ယွင်းချက်တွေ ရှိကောင်း ရှိနိုင်သည်။ အသေအချာကို ရှိပေလိမ့်မည်။
-
တလောက.. ကိုယ့်စာလေးတွေကို..စာအုပ်လေး လုပ်ပြီး..မိသားစု ကို ပေးဖတ်တော့.. သူတို့က..ဝေဖန် အကြံပြုသည်။ ကိုယ်မကျွမ်းတာတွေ ..( ဥပမာ..ဘာသာရေးလိုမျိုးတွေ) ကို..သတိ နဲ့ရေးဖို့..။ အငြင်းပွားဖွယ် ကိစ္စ ( ဥပမာ- ရိုဟင်ဂျာလိုမျိုး..ဂါဇာလိုမျိုး) တွေကို..ဘက်မလိုက်ပဲ..သေချာ လေ့လာပြီးမှ ရေးပါလား တဲ့။ ကိုယ့်မှာကလည်း.. အကြောင်းပြချက်က..အသင့်ပါ။ အဲဒီလို..ခိုင်ခိုင်လုံလုံ..ရေဆုံး ရေဖျား လိုက်ဖို့ဆို.. ခေါင်းစဉ် တခု အောက်မှာ..ပညာရှင်ပဲ လုပ်တော့မှာ ပေါ့ လို့။.အခု.. ကိုယ် ဘလော့ရေးတယ် ဆိုတာ.. စိတ်ထဲမှာ..ထိုးထိုးထောင် ထောင် ဖြစ်လာတာတွေ.. ဖျပ်ကနဲပဲ ဖြစ်ဖြစ်..မြင်လိုက် ကြားလိုက် သိလိုက်တာတွေကို.. လက်ဖက်ရည် ၀ိုင်းမှာ.. အုပ်စုလိုက် ငြင်းခုံ စကားပြောကြသလို.. ကော်ဖီဆိုင်မှာ..
တလောက.. ကိုယ့်စာလေးတွေကို..စာအုပ်လေး လုပ်ပြီး..မိသားစု ကို ပေးဖတ်တော့.. သူတို့က..ဝေဖန် အကြံပြုသည်။ ကိုယ်မကျွမ်းတာတွေ ..( ဥပမာ..ဘာသာရေးလိုမျိုးတွေ) ကို..သတိ နဲ့ရေးဖို့..။ အငြင်းပွားဖွယ် ကိစ္စ ( ဥပမာ- ရိုဟင်ဂျာလိုမျိုး..ဂါဇာလိုမျိုး) တွေကို..ဘက်မလိုက်ပဲ..သေချာ လေ့လာပြီးမှ ရေးပါလား တဲ့။ ကိုယ့်မှာကလည်း.. အကြောင်းပြချက်က..အသင့်ပါ။ အဲဒီလို..ခိုင်ခိုင်လုံလုံ..ရေဆုံး ရေဖျား လိုက်ဖို့ဆို.. ခေါင်းစဉ် တခု အောက်မှာ..ပညာရှင်ပဲ လုပ်တော့မှာ ပေါ့ လို့။.အခု.. ကိုယ် ဘလော့ရေးတယ် ဆိုတာ.. စိတ်ထဲမှာ..ထိုးထိုးထောင် ထောင် ဖြစ်လာတာတွေ.. ဖျပ်ကနဲပဲ ဖြစ်ဖြစ်..မြင်လိုက် ကြားလိုက် သိလိုက်တာတွေကို.. လက်ဖက်ရည် ၀ိုင်းမှာ.. အုပ်စုလိုက် ငြင်းခုံ စကားပြောကြသလို.. ကော်ဖီဆိုင်မှာ..
သူငယ်ချင်း နှစ်ယောက် မျက်နှာခြင်းဆိုင် ထိုင်ပြီး ရင်ဖွင့် မိသလို...
အိမ်ကို ဧည့်သည်လာလို့ ဧည့်ခံစကားပြောသလို.. အဲဒီလောက်ပါပဲ။ အမှားအယွင်း ပါလို့..သဘောမတူ နိုင်လို့.. ငြင်းကြ ခုံကြ ရင်လည်း..ဒါဟာ.. လွတ်လပ်ခြင်း ရဲ့ အလှတရား တခုပါပဲ။ သင်ရိုးမကုန်သေးတဲ့ သင်ခန်းစာ တပုဒ်ပါပဲ။ ဘက် မလိုက်ဖို့ ဆိုတာကလည်း.. စာတပုဒ်ကို ဘယ်လောက်ပဲ ဘက်မလိုက်အောင် ရေးရေး.. စာထဲမှာ..စာရေးသူကို ဖတ်လို့ ရနေ တာက..မျက်လှည့် တခုမှ မဟုတ်တာ။
-
ဖတ်ဖူးတဲ့ ပုံဆောင်ချက် တခု အရ ဆိုရင်တော့ .. အခန်းတခန်းထဲကို ၀င်လာတဲ့ အခါ…
ဖတ်ဖူးတဲ့ ပုံဆောင်ချက် တခု အရ ဆိုရင်တော့ .. အခန်းတခန်းထဲကို ၀င်လာတဲ့ အခါ…
“ ငါ-လာပြီဟေ့” ဆိုတဲ့ လူနဲ့ “ ဘယ်သူတွေ ရှိနေပါလိမ့်..” ဆိုတဲ့ လူ နှစ်မျိုး ထဲမှာ.. ဒုတိယ လူမျိုးသာ ဖြစ်ချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်..ဘလော့တလုံး ရှိနေအုံးမယ် ဆိုရင်.. လက်တစုံက လှုပ်ရှားနေနိုင်သေးတယ် ဆိုရင်.. စိတ်ဆန္ဒ တပွေ့တပိုက်ကိုလည်း..မပြစ်ချ နိုင်သေး သရွေ့တော့.. ဒီနေရာမှာပဲ..ဘလော့ ဖတ်သူ..ဘလော့ ရေးသူတွေ နဲ့ အဖော်ပြုနေအုံးမှာပါ..။
ဆန္ဒတွေ ပြ နေအုံးမှာပါ။
( ဘလော့ ၂ နှစ်ပြည့် ကတည်းက..ရေးဖို့ ရည်ရွယ်ထားတဲ့ စာလေးပါ..)
( ဘလော့ ၂ နှစ်ပြည့် ကတည်းက..ရေးဖို့ ရည်ရွယ်ထားတဲ့ စာလေးပါ..)
33 Comments:
ရေးထားတာတွေကြိုက်ပါတယ်... ဘလော့အပေါ်မြင်တဲ့အမြင်တွေလည်းအတော်လေး တူပါတယ်....
ကျမလဲ"ဘယ်သူတွေရှိနေမလဲ" ဆိုတဲ့အထဲမှာဘဲပါချင်ပါတယ်... "ငါလာပြီဟေ့" မဖြစ်ချင်ပါဘူး....
အမြဲတမ်းအလေးအနက်တွေးတတ်တဲ့ ကေ့ ထုံးစံ
အတိုင်း ဘလော့ခ်နဲ့ပတ်သက်ပြီးရေးသူတွေနဲ့တွဲလို့
တွေးထားပုံလေးကိုသဘောကျပါတယ် မနှစ်က ရေးခဲ့
ဖူးတဲ့ ဘလော့ခ်မှတ်စု ကိုလည်းသတိရပါတယ်။
ကောင်းတယ် မကေ ...
ဘလော့ကနေ ဆင်ဖမ်း ၊ ကျားဖမ်းလို့ မရတာ တော့ အသေအချာပဲလေ...း)
အင်း.. အန်တီကေ့အတွေးဟာ ဘလော့ဂါတချို့ရဲ့ ရင်ထဲကခံစားချက်တွေကို ကိုယ်စားပြုလိုက်ပါတယ်..း)
ဒါဟာ လွတ်လပ်ခြင်းရဲ့  အလှတရားတခု....
ကေ ရေးထားတာလေး ကြိုက်တယ်...
ဘလော့ရေးသူနဲ့ ဘလော့ဖတ်တဲ့သူတွေ အဖော်ပြုနိုင်တာလည်း အသေအချာပါဘဲ....
mie nge
“ဆန္ဒတွေ ပြ နေအုံးမှာပါ။”
ပြ သာ ပြ ကေ ..... ရှင်.....ဆန္ဒတွေ မပြတော့မှာတောင် စိုးရိမ်နေတာ ..... :)
ရေးထားတာ ကောင်းလိုက်တာ ကေ...
ရင်ထဲမှာ ရှိနေတာတွေနဲ့ တထပ်တည်းပါပဲ...
ကိုယ်ကလဲ Writer သာ ဖြစ်ချင်တာပါ။ ပြီးတော့ စိတ်အတွေးထဲပေါ်လာသမျှ ရေးချချင်နေတဲ့ သူတွေအတွက် Editor မရှိတဲ့ ဘလော့ဂ်ကမ္ဘာလေးဟာ တကယ်ကို ပျော်စရာနေရာလေး တခုပါပဲ...။
ဘယ်လိုပဲ ဖြစ်ဖြစ်...
ဘလော့တလုံး ရှိနေအုံးမယ် ဆိုရင်..
လက်တစုံက လှုပ်ရှားနေနိုင်သေးတယ် ဆိုရင်.. ရင်ထဲက စိတ်ဆန္ဒ တပွေ့တပိုက်ကိုလည်း ပြစ်မချ နိုင်သေး သရွေ့တော့ ဒီနေရာမှာပဲ အတူတူ တယောက်က တယောက်ကို အဖော်ပြုရင်း ဆက်နေသွားကြတာပေါ့နော်...
လွတ်လပ်ခြင်းရဲ့အရသာကတော့ ဘာနဲ့မှ မလဲနိုင်တာ သေချာပါတယ်။
ဘလော့ဂ် အတွေ့အကြုံကတော့ တော်တော်နုပါတယ်။ မြင်သလောက်ကတော့ တကိုယ်တော်ကျဲထားတဲ့ နံရံကပ် စာစောင် ဒါမှမဟုတ် ကိုယ့်ကဗျာတွေ စုရေးထားတဲ့ မှတ်စုစာအုပ်ကို သူငယ်ချင်းတွေကို ပေးဖတ်တာနဲ့တူပါတယ်။
ကောင်းတဲ့ အချက်က စီစစ်ရေး မရှိတော့ လွတ်လပ်တယ်။ ကိုယ်ပြောထားတာလေးတွေ ဝေမျှလို့လွယ်တယ်။ မကောင်းတာက အယ်ဒီတာ မရှိတော့ ကိုယ့်ဖာသာ တာဝန်အကုန်ယူရတယ်။ ကောင်းတာ မကောင်းတာ၊ ရေးသင့် မရေးသင့်တာ တခါတခါ ဆုံးဖြတ်ရ ခက်တယ်။
မမကေရေ
၂နှစ်တောင် ရှိသွားပီဆိုတော့ အားရစရာကောင်းလိုက်တာ အခုမှ ကျွန်တော်က ၆လလောက် ၇ှိသေးတာ...
မကေလိုပဲ ဘလော့ရေးရင်း ပျော်တတ်လာပိ
မကေ ရေးထားတာလေး ကောင်းလိုက်တာ။
တူတူပဲ မကေရေ ...
ကျမလဲ တွေးမိနေသမျှ ရေးမိနေအုံးမှာပဲ ...
တခါတလေတော့လဲ အတွေးခဏရပ် အရေးခဏရပ်လို့ ပေါ့ ...
တို့ကလဲ ရေးနိုင်သမျှရေးနေဦးမယ့် ဘလော်ဂါ..
ဘယ်သူတွေနဲ့ ဘယ်လိုသဘောထားကွဲကွဲ လွတ်လပ်စွာ ကွဲလွဲခွင့်ကို ယုံကြည်တယ်။ ပန်းတိုင်တခုတည်းကိုတောင်မှ လမ်းအသွယ်သွယ် ရှိသေးတာပဲလေ။ ကိုယ်တို့ စိတ်ကူးတွေ ရှိနေသရွေ့ ရေးနေဦးမှာ ကေရေ..... ဘလော့ကနေ ရလာတဲ့ ရင်ဘတ်တူ မိတ်ဆွေတွေကလဲ အဖိုးမဖြတ်နိုင်ပါဘူး။ သူတို့ စိတ်ကို အပြည့်မဖတ်နိုင်ဘူး ဆိုပေမယ့်လဲ သူတို့ စာတွေကနေ ၇၀ ရာနှုန်းတော့ ဖတ်လို့ ရခဲ့တယ်လို့ အမကတော့ တွေးမိတယ်။
လမ်းဆက်လျှောက်မယ် ကေ.....
ဟိုး… တစ်ချိန်က ဓာတ်ပုံရိုက်တယ်ဆိုတာ Professionals တွေမှ လုပ်လို့ရတဲ့ အလုပ်။ နောက်တော့ ဖလင်လိပ်ဝယ်ပြီး ကိုယ်တိုင်ရိုက်ကြတဲ့ ခေတ်။ ဒါပေမယ့် ဓာတ်ပုံဆိုင်ကိုတော့ သွား ကူးရသေးတယ်။ အခုခေတ်ကျ လူတိုင်းနီးနီး ကိုယ်ကြိုက်တဲ့ပုံ ကိုယ်ရိုက်, ချက်ချင်းကြည့်နိုင်, ချက်ချင်းမျှဝေနိုင်တဲ့ ခေတ်။ massification ထက် customization က အရေးပါလာတယ်။ အယ်ဒီတာတို့, စာပေစီစစ်ရေးတို့ဆိုတဲ့ centralization တွေကို ကျော်ပြီး individualization ကို ဦးစားပေးလာကြတယ်။ ဓာတ်ပုံဆိုင်ကိုယ် သွားစရာ မလိုတော့ပေမယ့် တာဝန်တွေက အစစအရာရာ ကိုယ့်အပေါ် ပုံကျလာတော့တယ်။ ဒါလည်း လွတ်လပ်ခြင်း ရဲ့ အလှတရား တခုပါပဲ။
မက တစ်ခါတစ်လေတော့လည်း ပေါ့ပေါ့ပါးပါးရေးသတဲ့လား။
အဟောင်းတွေ ပြန်ဖတ်ကြည့်မိတိုင်း ကျွန်မ အတွက်တော့ အမြဲတွေးစရာလေးတွေ ပါလို့  ဒီဘလော့လေးမှာ အမြဲရှိနေမယ့် ပရိသတ်ပါ။
အသစ်အသစ်တွေကြားမှာ အနှစ်အနှစ်တွေများလာတာ တယ်ခက်ပါလား ကြီးဒေါ်ကေ
စာဖတ်သူက ကိုယ်ဖတ်ချင်တာ စိတ်ကြိုက် ရွေးဖတ်နိုင်ပြီး၊ ရေးချင်တဲ့သူကလဲ လွတ်လွတ်လပ်လပ် ရေးနိုင်တဲ့ ဘလော့ဂ်လောကလေးတခု ရှိနေတာကိုက စိတ်အပန်းပြေခြင်းတခုလို့ ထင်မိတာ။
ဟိုးတခါက ကေ တို့ဆီမှာ ကွန်မန့်ရေးသွားသလိုပဲ ဘလော့ဆိုတာလဲ ရေးရင်း ရေးရင်းနဲ့ ရည်ရွယ်ချက် ပြောင်းလာတတ်တယ် ဆိုတာလေ။ ဟုတ်မှာပဲ။ ဆန္ဒတွေ တပွေ့မက သယ်မ မိနေတာလဲ ဖြစ်ချင် ဖြစ်မယ်။
ဒါပေမဲ့ တို့တယောက်တည်းအဖို့မှာတော့ ရေးသူတယောက် အနေနဲ့ပြောရရင် ကိုယ့်ကိုယ်ကို ဘောင်ခတ်လိုက်မိမှာ စိုးနေတယ်။ ဘလော့ရဲ့ လွတ်လပ်တဲ့ အရသာကို ကိုယ့်ဖာသာကိုယ် အတွင်းစိတ်က ကန့်သတ်လိုက်မိမှာ စိုးနေတယ်။ ဒါကြောင့် ရေးချင်လာရင် ရေးမယ်၊ မရေးချင်ရင်လဲ မရေးဘူး။ အမြဲတမ်းကန့်သတ်ခံနေရတဲ့ ဘ၀တွေထဲက လာသူတွေမို့ လွတ်လပ်တဲ့ အနှစ်သာရ ကို အရောင်ဆိုးလိုက်သူဟာ ကိုယ်ကိုယ်တိုင် ဖြစ်မှန်းမသိ ဖြစ်နေမှာစိုးလို့။ တို့အမြင်ပါ ကွဲလွဲနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် စာရေးရတာကို ပျော်လို့ ရေးတော့ ရေးနေအုံးမှာ..။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး များများဘလော့နိုင်ပါစေ။
လက်ဖက်ရည် ၀ိုင်းမှာ အုပ်စုလိုက် ငြင်းခုံ စကားပြောကြသလို ကော်ဖီဆိုင်မှာ သူငယ်ချင်း နှစ်ယောက် မျက်နှာခြင်းဆိုင် ထိုင်ပြီး ရင်ဖွင့် မိသလို အိမ်ကို ဧည့်သည်လာလို့ ဧည့်ခံစကားပြောသလိုတဲ့လား...ဖွင့်ဆိုထားတဲ့ ဘလော့ အဓိပ္ပါယ်တွေကို သဘောကျသွားတယ်..။
ကျောင်းတုန်းက ၀ါသနာတူ သူငယ်ချင်း ၁ ယောက်လောက်စီနဲ့ လဘက်ရည်ဆိုင်ထိုင်လို့ ထွေထွေရာရာပြောကြတယ်..။ ထင်ရာမြင်ရာတွေ သူများအမြင်ကပ်လောက်တဲ့ ကြီးကြီးကျယ်ကျယ် ပြောတာတွေလည်း ဖြစ်ချင်ဖြစ်တယ်..။ ခုအဲဒါတွေကိုဘလောဂ်ပေါ်မှာ ချရေးဖြစ်တယ်..။
မကေ့ဘလော့က
ဥယာဉ်လေးတခု
ပြုစုထားတာနဲ့တူတယ်...
စမ်းကလေးတွေအေး
ပန်းကလေးတွေမွှေး
ရှဉ့်ကလေးတွေပြေး
ငှက်ကလေးတွေ တေးဆို
လေညှင်းလေးတွေ ချိုနေတာ
လာရောက်ခံစားမိနေသလိုမျိုး...
ပန်းတွေဆက်ပျိုးပေးပါ မကေ...
တကယ်တော့..ဘလော့တခုစီတိုင်း ရဲ့ နောက်မှာ..လက်တစုံစီ နဲ့..စိတ်ဆန္ဒတချို့သာ..ရှိနေကြတာပါ။
ရှိနေတဲ့ဆန္ဒတွေကို မကေရဲ့ဘလော့ပေါ်မှာ ဆက်လက်ချပြနေသမျှ ဖတ်နေဦးမှာပါဗျာ
ခင်မင်လျှက်
"ဘယ်သူတွေရှိနေမလဲ" ဆိုတဲ့အထဲပါချင်သူတွေကို လေးစားမိပါတယ်..ကေ့ရဲ့ရှိသမျှဆနတွေကို အရိုးသားဆုံးလက်တစုံနဲ့ အကောင်းဆုံး ဖန်တီးအကောင်အထည် ဖော်နိုင်ပါစေကွယ်။
ဘလော့ဂ်ပေါ်က ဆင်ဖမ်းကျားဖမ်းလို့ မရသော်ငြား ဆင်ဖမ်းကျားဖမ်းချင်နေတဲ့ လူတွေကို ထောက်ခံမယ့် လူအင်အား စုစည်းပေးလို့ ရနိုင်ပါတယ်။ လက်နက်လေးမြား ပြင်ဆင်ပေးလို့ရပါတယ်။ ဒါမှမဟုတ် လေထဲမှာပဲ ဆင်ဖမ်းမယ် ကျားဖမ်းမယ် အော်နေသူတွေကိုလည်း တကယ် ထဖမ်းအောင် အထိုက်အလျောက် တွန်းအားပေးနိုင်ပါသေးတယ်။
အနိမ့်ဆုံးအနေနဲ့ကတော့ ကိုယ့်အမြင်သဘောထားကို အရင်ကထက် သိသာအောင် ထုတ်လွှင့်ပေးနိုင်တာပေါ့။
လွတ်လပ်မှုကတော့ အဓိကပေါ့လေ။ ဒါပေမယ့် လွတ်လပ်မှုနဲ့အတူ တာဝန်သိမှု၊ တာဝန်ယူမှုလေးတွေကလည်း ကပ်ငြိပါလာရင်တော့ မလွတ်လပ်သေးတဲ့ဘ၀မှာ နေနေကြရရှာဆဲ လူတွေအတွက် ပိုကောင်းတာပေါ့။
ဆက်ရေးပါ မကေရေ။ အားပေးနေတယ်။ ကိုယ်ပြောချင်တာလေးတွေကို ဘောင်မရှိဘဲ ပြောရတာ ကောင်းပါတယ်။
ဘလော့ရေးတဲ့သူတော်တော်များများမှာ ကိုယ်ပြောပြချင်တာလေး၊ ဆန္ဒလေးတွေကို ပြောပြချင်တဲ့ ဆန္ဒတခုကတော့ တူညီနေမယ်ထင်ပါတယ်နော်။ အားလုံး ကိုယ့်ဆန္ဒနဲ့ ကိုယ့်ဘလော့တထပ်တည်းကျပါစေ။
ဆင်လည်း ဖမ်းဘူး။ ကျားလည်း မဖမ်းဘူး။ လောလောဆယ် ခြင်ပဲ ရိုက်မယ်။
ကိုယ့် blogger half life ကတော့ ကျော်သွားပြီ။
ကြုံရတုန်း၊ ဆုံရတုန်းမှာ ဖတ်ခွင့်ရတာ ရေးခွင့်ရတာလေးတွေ ပြောခွင့်ရတာလေးတွေ ပျော်ပါတယ်။
ဘယ်သူ့ကိုမှ မပြလဲ ကိုယ် ရေးချင်တာ ရေးနေမှ အဆင်ပြေတာမျိုးဆိုတော့ စာရေးနေတဲ့သူတွေ အားလုံးကို ကိုယ်ချင်းစာပါတယ်။
ဆင် မဖမ်း၊ ကျားမဖမ်း ရင်တောင် ဘလောဂါ သက်ရှည်လာတဲ့ သူတွေက နောက်ကို ရုတ်တရက် ၀င်လာ ရောက်လာတဲ့ သူတွေအတွက် တစ်ခုခု လေးတွေ စုလုပ်ပေးကြတာမျိုး၊ အဲလို မျှော်လင့်မိတယ်။
လုပ်နိုင်တဲ့ အခြေအနေတွေလဲ ရှိကြတယ်လို့ ထင်မိတာပါ။
ကိုယ်တို့က short life by nature ဖြစ်နေတဲ့အခါ ကိုယ့် လိုအပ်ချက်လေးတွေနဲ့ ယှဉ်ပြီး တွေးမိ၊ တောင်းဆိုချင်မိတာပါ။
ဒါကတော့ ကိုယ် ရွေးချယ်တာပဲလို့ ပြောကောင်းပြောလို့ ရပါတယ်။
လုပ်ချင်ရင် လုပ်ပေးလို့ ရတာတွေ အများကြီးလို့ မြင်မိတယ်။
မှားကောင်းမှားနေမှာပါ။
ဘလော့လောက..ကို..အခုမှ.
.အစပြုဝင်ရောက်လာတဲ့သူအနေနဲ့ ..
ဆင်လဲ.မဖမ်းတတ်..ကျားလဲမဖမ်းတတ်.
ပရွတ်ဆိတ်တောင်..အနိုင်နိုင်..ဖမ်းနေရတယ်.
အတွေးလေး..တွေ..ကောင်းတယ်နော်..
မှတ်သားစရာပါသွားပါတယ်..ရှင်
ကေရေ... ကေရေးတာလေးက ကောင်းလိုက်တာနော်... ရင်ထဲက ခံစားချက်တွေကို မှန်တခုနဲ့ ထောင်ပြလိုက်သလိုပဲ... အမလဲအဲဒီလိုပါပဲကေရေ... သိပ်မျှော်လင့်ချက်အကြီးကြီး မထားပါဘူး... အမရဲ့ ပို့ စ်၁၀၀မြောက်မှာ ရေးခဲ့ဘူးသလိုပဲ... နှလုံးသားထဲက ခံစားမှုတွေ ဖလှယ်ကြတဲ့နေရာလေးပေါ့...
"ဘာနဲ့ တူသလဲဆိုတော့…
သီချင်းအေးအေးလေးတွေနဲ့  ဧည့်ခံတတ်တဲ့ လမ်းထိပ်က လဘက်ရည်ဆိုင်မှာ ခုံပုပုလေးပေါ် ထိုင်ရင်း နင်ရယ်.. ငါရယ်… သူရယ်… ရင်ထဲက ခံစားချက်တွေကို အားရပါးရ အတူဝေမျှကြသလိုပဲ… တခါတခါ ခံစားချက်တွေ ကာရံညီကြတာလဲ ရှိရဲ့… တခါတခါ ခံစားချက်တွေ အရောင်ညှိမရတာလဲ ရှိရဲ့… ဘာပဲဖြစ်ဖြစ်… ငါ့နံဘေးမှာ နင်ရှိတဲ့… နင်နံဘေးမှာ သူရှိတဲ့…သူ့ နံဘေးမှာ ငါရှိတဲ့… အထီးကျန်ခြင်းတွေကို ကန်ထုတ်ပစ်တတ်တဲ့… အဲဒီနေရာလေးကို ငါက ချစ်တယ်…"
စာရေးကောင်းတဲ့ဘလော့ဂါတွေထဲက တယောက်ဖြစ်တဲ့ ကေ့ဘလော့ဂါလေးကို အမြဲစောင့်ဖတ်နေမှာပါ... ဘလော့လေး သက်တော်ရာကျော်ရှည်ပါစေ
အခန်းတခန်းထဲကို ၀င်လာတဲ့ အခါ…
“ ငါ-လာပြီဟေ့” ဆိုတဲ့ လူနဲ့ “ ဘယ်သူတွေ ရှိနေပါလိမ့်..” ဆိုတဲ့ လူ နှစ်မျိုး .. ဆိုတဲ့ အိုင်ဒီယာလေးကို နှစ်သက်မိပါတယ်..
အများအားဖြင့်တော့ ရွှန်းမီက ဒုတိယတစ်ယောက်လိုပဲ..
စာတွေကိုတော့ လာဖတ်လျက်ပါ..
In my opinion,
'The blogger really need Honesty & Sincerity..
People can see clearly into your whole life style, intellectual status, etc and....
Finally they'll judge..
If your intention is good or bad, you'll be recognized in anyway..
Good luck for your life and enjoyment...
ဘယ်သူတွေ ရှိနေပါလိမ့်
ဘယ်လိုလူတွေ ရှိနေပါလိမ့်
ဆန္ဒပြခြင်းသည် လွတ်လပ်မှု၏ အနှစ်သာရဖြစ်၍ အားပေးပါသည်။
မျောက်ဖမ်းတာတွေ ဆင်ဖမ်းတာတွေတော့ နားမလည်ဘူး...
လာရှင်းပြပေမယ်ဆိုရင် ကျေးဇူးပါ
းဝ)
မနော်ဖော နဲ့ မနော်- ကျေးဇူး။ မှတ်စုတွေက.. တဖြည်းဖြည်း ပိုများလာတယ်လေ။း)
ကိုဖုန်းမြင့် တို့ ဆင်မဖမ်း ကျားမဖမ်း..ဘာဖမ်းလည်း ဆိုတာ သိတယ်။း))
ကြယ်- မီးငယ် ကျေးဇူးပါ
ဒါဆို- ဆန္ဒပြခိုင်းတာ..မမေပေါ့။
မသက်ဝေ- တူတူပဲလေ။
ပန်ပန်- ပဲလှော်နဲ့ရော မလဲဘူးလား။း) ဘလော့တွေ လိုက်ဝယ်နေပြီ။
ကိုတင်မင်းထက်- ဟုတ်တယ်။ ကျမ အဖေပြောဖူးတယ်။ (သမီးတို့ဘလော့ရေးတာ..ဖေတို့ငယ်က..နံရံကပ်စာစောင်လိုပေါ့..တခုပဲကွာတာ..ဘယ်သူလာဖတ်လည်း စောင့်ပြီးချောင်းကြည့်စရာမလိုဘူးပေါ့ .) တဲ့။
သက်ပိုင်သူ- ၆ လပေမဲ့ အနုပညာ စွယ်စုံ နှံ့စပ်တဲ့..lasalle ကျောင်းသားမို့..အလေးထားလာဖတ်ပါတယ်။
မမေ- တွေးမိနေသမျှ..ရေးသာရေးပါ။ အတူတူပေါ့။
အမ ခင်မင်းဇော်- ဆက်လျှောက်မယ်..လာ..မြန်မြန်း)
ကိုဧရာ ပြောသလိုပါပဲ။ နည်းပညာတွေကြောင့် ဘ၀နေပုံထိုင်ပုံ သုံးစွဲပုံ အားလုံး လိုက်ပြောင်းရင်း.. စာပေ ရဲ့ပုံစံတခု လည်း..အနည်းနဲ့အများတော့ ပြောင်းလဲသွားတာပါပဲ။
မယ်ကိုးရေ- ဒီနေရာမှာပဲ စောင့်နေပါ။ ပေါ့ပါးလေးတွေရေးရင်..တွေ့မယ်း) ။
ရွာသား- အနှစ်များရင်..နဲနဲ ရေဖျောလိုက်
မချိုသင်းနဲ့ သဘောတထပ်တည်းပါပဲ။ ကိုယ့်အတွင်းစိတ်ကို သိပ်မကန့်သတ်ပါဘူး။ အဲဒီ လွတ်လပ်မူကို အပြည့်အ၀ အသုံးချနေကြတာပဲ မဟုတ်လားလေ။
ကိုအောင်-ပေးတဲ့ဆုနဲ့ပြည့်ပါစေ။
ကိုမင်းညို-ဒါပါပဲလေ။ ဘလော့အရသာ။ အကြောင်းအရာ ကတော့ တပိုင်းပေါ့။
ကိုအောင်သာငယ်- ကျမ ဘလော့ကို ဥယျဉ်လို့ တင်စားပေးတာ..ကျေးဇူးပါ။ ( ကျမတော့ မထင်ဘူး )း))
ကိုဆောင်းယွန်းလ-း)
မလေး- မလေးလည်း..ဒုတိယ လူမျိုးပဲဆိုတာ..ကျမသိတာပေါ့။
ကိုပေါပြောတာတွေလည်း ကျမ သဘောတူပါတယ်။ အတိုင်းအတာတခုအထိတော့..ဘလော့ဆိုတာ..ပုဂ္ဂိုလ်ရေးထက် ပိုသင့်တဲ့ အရာတခု ..စာပေတခု ဖြစ်သင့်ပါတယ်။ ဒီအပေါ်မှာ..အာရုံတွေနဲ့ မျှော်လင့်ချက်တွေ ရေလိုက်မလွဲဖို့ ကိုသာ။
ပုံရိပ် နဲ့မေ့သမီး..ကျေးဇူးပဲကွယ်။း)
ကိုဇူလိုင်- ခြင်ဖမ်းနေတာ..သိတယ်လေ။း)
ကျွန်း- ပုံနှိပ်စာပေမှာ ရေးသားခဲ့ဖူးတဲ့သူဆိုတော့..ဘလော့ နဲ့ပုံနှိပ်စာပေ ဘယ်လိုခွဲခြားမြင်လည်း ..စိတ်ဝင်စားတယ်။ ကြုံရင် ပြောပြပါလား။ မနော်ကိုတောင် တခါမေးဘူးတယ်လေ။ ရှေ့ကနေ လုပ်ပေးဖို့ ဆိုတာ..ဘာကိုဆိုလိုတာလည်း မသိဘူး။ ကျမကတော့..အသစ်ရေးတဲ့လူမှန်သမျှ.. သတိပြုမိစရာ စာမျိုးဆို..အမြဲ လိုက်လံ နှုတ်ဆက် အားပေးလေ့ ရှိတာပဲ။
ဒါဆို- နဒီမိုးညို ကိုလည်း ကြိုဆို ပါတယ်။း)
မတန်ခူးရေ- ပေးတဲ့ဆု ပြည့်ပါစေ ပေါ့နော်။
ရွှန်းမီ နဲ့ အတူတူ။း)
Dear Anonymous- Yes.. the fact is plp need to sincere and humble on what they do. And I try to do so. Because every words of ours are judged by readers and that is the most important and value for writers. Thanks.
ကိုလူထွေး- ဖမ်းချင်ရာဖမ်း..သေချာတာတော့..ဘယ်သူမှ ကိုလူထွေးကို လာမဖမ်း။း)
ကေရေ..ကေ့သဘောထားရော..ကွန်မန့်တွေရော သဘောကျစွာ ဖတ်သွားပါတယ်။ ချိုသင်းပြောတာကိုလည်း သဘောကျ..ကိုဧရာ့အမြင်ကိုလည်း ဟုတ်ပါ့ လို့ တွေးရင်း။ လက်တစုံနဲ့ စိတ်ဆန္ဒတချို့နဲ့ ဘလော့ဂ်ကို ဆက်လုပ်နေဖြစ်ဦးမှာပါ။ အနည်းဆုံး ကိုယ့်စိတ်ထဲ ထိုးထိုးထောင်ထောင်ဖြစ်နေတာလေးတွေ ဖြေချပစ်ရုံ စာမျက်နှာလေးပဲ ဖြစ်ဖြစ်ပေါ့။
Post a Comment