သတိတရ ပုံရိပ်များ နဲ့ မွေးနေ့ ဆုတောင်း



ဒေါ် အောင် ဆန်းစု ကြည် မွေး နေ့..တပတ် လည် ခဲ့ ပြန် ပြီ။ ချိုးလင်းပြာ အမျိုးသမီး မဂ္ဂဇင်း က..ဒီ နှစ် အတွက် လည်း..စာ တပုဒ် လောက် ရေး ပေး ဖို့..တောင်း လာတယ်။ ပြန်စဉ်းစား ကြည့် တော့..ဒေါ်စု အကြောင်း ရေးဖို့ ဆို တာ..ဆေးတဖုံ ဖော် သလို.. လို လာ တော့ မှ..ကောက် ရော လို့ စပ် လို့ရ တာ မျိုး လည်း မဟုတ်.. ငယ်ငယ် တုန်း က..အထက် တန်း ကျောင်း မှာ.. နေ့ထူးနေ့မြတ် ကြီး တွေ အတွက်..အထိမ်း အမှတ် စာစီစာ ကုံး ပြိုင်ပွဲ တွေ ..၀င် ပြိုင် သလို.. သတင်းစာ ထဲ မှာ ပါ တဲ့..ဦးတည်ချက် (၃) ရပ် ကို..ကူးကျက် ပြီး.. စကားပုံ တွေ..အတောင့်လိုက် နဲ့.. ရေး လို့ ရ တာ မျိုး လည်း မဟုတ်။


ရေး တော့..ရေး ခဲ့ ဘူး တာပေါ့။ ဒါပေမဲ့..ဒီ နှစ် အတွက်..ဒီ အရောင်..နောက် နှစ် အတွက်..နောက် အရောင် ဆို ပြီး.. ဆေး ပြောင်း ပြောင်း ချယ် လို့ ရတဲ့..ဆိုင်းဘုဒ် တခု လည်း..မဟုတ် ပြန် တော့.. ချိုးလင်းပြာ ကို..ဒီ နှစ် အတွက်..ရေးစရာ မရှိ တော့ ပါဘူး..ရေးလည်း မရေး တတ် တော့ ဘူး လို့ပဲ.. ပြော လိုက် ရ တော့တယ်။ဘလော့ လေး မှာ လည်း..အမှတ်တရ တင် ဖို့ အတွက်.. ချိုးလင်း ပြာ မှာ ရေးခဲ့ ဖူး တဲ့..ဒီ အဟောင်း လေး ကို ပဲ.. (၆၂) နေရာ မှာ (၆၃) ပြောင်း လိုက် တော့ လည်း.. ကျန်တာ အားလုံး က..ဘာ မှ - မှ မပြောင်း လဲ ခဲ့တာ။


+++++++

တကယ်က..
ဒေါ်အောင်ဆန်း စုကြည် ဆိုတာ..ပို့စ်ကဒ် က အရုပ် တခု မဟုတ်ပါ...
ရင်ဖက် မှာ ထိုးဖို့ ရင်ထိုး လည်း မဟုတ်ပါ...
တီရှပ် ပေါ်က အနီရောင် မျက်နှာ လည်း မဟုတ်ပါ...
အစည်း အဝေး တွေမှာ ချိတ်လေ့ ရှိတဲ့ နောက်ခံ ကားချပ် တခုလည်း မဟုတ်ပါ...
အခု..ပီဘိ အချိန်မှာ ကို...ဧည့်ခန်း ဆက်တီ ပေါ်မှာ ဖြေလျော့ရင်း
ညပိုင်း ရေဒီယို သတင်း တခုကို..နားထောင် ကောင်း နားထောင်နေမဲ့...
ဒါမှ မဟုတ်...
စာတမ်း တခုကို အပြီးသပ် ရေးပြီး သကာလ..အိပ်ရာ ၀င်တော့မဲ့..
မဟုတ် ရင်လည်း..
ရေညှိရောင် တောက်နေတဲ့ တိုက်အို ကြီးပေါ် ကနေ..
ခြုံနွယ် ပိတ်ပေါင်း တွေ မထိမ်းနိုင် မသိမ်းနိုင် တောထ နေတဲ့ ခြံကြီးထဲ ကို
လေ့ကျင့်ခန်း ယူဖို့ အဆင်း..ပင့်သက် တချက် ရှိုက်လိုက် တဲ့..
၆ ၃ နှစ်အရွယ်...မြေးငယ်လေး တွေ ရဲ့ အဘွား ဆိုတာကို..
မေ့နေ မိတတ် ကြတယ်..
သူမ ကိုယ်တိုင် ကလည်း..
မြန်မာ ပြည်သူ ပြည်သား တွေရဲ့ ဘ၀ တွေထဲ ကို..
ပုံပြင် ထဲက..မင်းသမီးလေး တပါးလို..၀င်ရောက် လာခဲ့ တာ ကိုး....


.....................................................

ငယ်ငယ် တုံးက တော့...အာဇာနည်နေ့ ရောက် တိုင်း..လူကြီး မိဘ တွေရဲ့ မျက်နှာ ရိပ် မျက်နှာကဲ...ဇူလိုင် မိုး စွေစွေနဲ့..ညိုမှောင်မှောင် ကောင်းကင်...နင့်နင့် နဲနဲ ဆွဲလိုက်တဲ့ ရေဒီယိုက ဥသြ သံ..တဆက် တည်း လိုလို..လေလှိုင်း ထဲက လွင့်တက် လာ တဲ့..မေလှမြိုင် ရဲ့ လွမ်းဆွတ် ဘွယ် တေးသံ တွေ ကြားမှာ..ကြောင်းကျိုး ဆင်ခြင် နား လည် စရာ မလို ဘဲနဲ့ ကို..နှမြော တသ ၀မ်းနည်း တတ်ခဲ့ တယ်..

နဲနဲကြီး လာ တော့..တဆင့် တက်လို့ အာဇာနည် ကြီး တွေရဲ့ ကျန်ရစ်တဲ့ မိသားစု တွေကိုစိတ် ၀င်စား လာတယ်..အထူး သဖြင့်..အမျိုးသား ခေါင်းဆောင်..ဗိုလ်ချူပ် အောင်ဆန်း ရဲ့ သား သမီး တွေ ဘယ်ရောက် နေ ကြ သလဲ ဆိုတဲ့ မေးခွန်း ကို မေးတတ် လာတယ်...အဲဒီတုံး က..အမေရိကန် သံရုံး မှာ သွားရောက်အမူထမ်း နေတဲ ဦးလေး တယောက်က.. လူကြီး စကားဝိုင်း မှာ..ဗိုလ်ချူပ် အောင်ဆန်း သမီး က..နိုင်ငံခြားမှာ ကပ္ပလီ တယောက် နဲ့ ယူထား တယ် ပြောတော့..အိုး..ဘာမှန်း ညာမှန်း မသိ ၀မ်း နည်း လိုက်တာ...

ပထမဆုံး အကြိမ်..ဒေါ်စု အသံကို ကြာဖူး တာက..၈၅-၈၆ ခုလောက်နေမယ်..ဘီဘီစီကလွှင့်တဲ့..ဒေါ်လေး ဒေါ်ကြည်ကြည်မေ ရဲ့..ငွေဗျိုင်းဖြူ ကဏ္ဌမှာ..ဗိုလ်ချူပ် အောင်ဆန်းရဲ့ သမီးနဲ့ တွေ့ဆုံခန်း ဆိုပီး..၁၀ မိနစ် လောက် လေး နားထောင် လိုက်ရတာပြောလို့ မဆုံး နိုင်အောင် ပဲ...တဖြည်းဖြည်း နဲ့..မြန်မာ ပြည်မှာ..မဂ္ဂဇင်း တွေ စာအုပ် တွေ..တိုးပွါး လာ တဲ့ ၈၆ -၈၇ လောက်.. ပေဖူးလွှာ မဂ္ဂဇင်း မှာ..ဦးအောင်ကြီး ရေးသား မိတ်ဆက် ပေးတဲ့..ဗိုလ်ချူပ် မိသားစု သတင်း လေးတွေ ကိုအလုအယက် ဖတ် ကြရတယ်...အဲဒီ တုံးက..ဒေါ်ခင်ကြည် ရဲ့ အင်္ဂံလန် ခရီးစဉ် တို့..မြေးရှင်ပြု တို့..ရောင်စုံ ဓါတ်ပုံတွေ ဝေေ၀ ဆာဆာ နဲ့ ဖော်ပြ တော့..ဖတ်လို့ ကောင်း လိုက်တာ..ဗိုလ်ချူပ် သမီး..အောင်ဆန်း စုကြည် ဆိုတာ ကိုလည်း..ပိန်ပိန် သွယ်သွယ်..ချောချော လှလှ မိန်းမရွယ်တယောက် အဖြစ် နဲ့..လင်းလင်း ထင်းထင်း မြင်လိုက် ရတယ်....

တခါ နှစ်ခါ ဆိုသလို တော့..အာဇာနည် နေ့ ပန်းခွေချတဲ့ ပုံတွေကို..သတင်းစာရဲ့ မှုံဝါးဝါး အဖြူအမဲ ပုံရိပ်တွေ အဖြစ်နဲ့ တော့ တွေ့ဘူးသား....ဆယ်တန်း ဖြေပီး ကျောင်းတွေ ပိတ်ထားတုံး..၈ လေးလုံး အရေးတော် ပုံကြီး ပေါ်ပေါက် လာပါရော...မတိုင်ခင် ထဲကကို..တနိုင်ငံ လုံး..လှုပ်လှုပ် ရွရွ ဖြစ်နေ နှင့်ပြီ...

နယ်မှာ ဆိုတော့..ရန်ကုန် က သတင်း တွေ. နား တစွင့်စွင့်နဲ့ ပေါ့..တက္ကသိုလ် ကျောင်း တွေ ပိတ်ပီး ပြန်လာတဲ့ အကိုတွေ အမတွေ ကို..ညနေ ညနေ ဘူတာမှာ သွားကြို ရင်း...

ဟာ..ခုနေ့ခင်းပဲ..အင်းလျား ကန်စောင်း မှာ လုံထိန်း တွေ တုတ်တွေနဲ့ လိုက်ရိုက် တာ..မနဲ ပြေးရတယ်..တို့...ဆေးရုံ ကြီးမှာ လည်း..အသကုန် ပစ်တာ..တော်တော် သေပဲ..တို့...အဲလို..ပါးစပ် သတင်း လေးတွေ နားထောင် လိုက်...ညဖက်..တကျွိကျွိနဲ့ ရေဒီယို တွေ ဖမ်းလိုက်နဲ့...ရုတ်ရုတ်..ရုတ်ရုတ် တွေဖြစ်နေပီ...အဲဒီတုံး က..အထောက်တော် လှအောင် ထုတ်တဲ့.. သတင်း ဂျာနယ် ဆိုတာ... သတင်း အမှောင် နိုင်ငံကြီး ထဲမှာ..ပထမဆုံး သွေးတိုး စမ်းလာ တဲ့ ဂျာနယ် လေး...တညနေ..အသစ် ရောက် လာတဲ့..သတင်း ဂျာနယ် မှာ... ဒေါ်အောင်ဆန်း စုကြည် ဆိုတာ ကို..တော်လှန်ရေး ကြီးနဲ့ အတူ..ပထမ ဆုံး တွဲပီး မြင်လိုက် ရတယ်...မှတ်မှတ် ယယ..ပြည်သူ့ဖက် က အပြတ် လိုက်မယ်..ဆိုတဲ့..ခေါင်းစဉ် နဲ့....


အဲဒီ နောက် တော့..အားလုံး သိကြ တဲ့ အတိုင်း..ဒေါ်စု ဆိုတာ..ပြည့် အသဲ..ပြည့် ဦးခေါင်း ဖြစ်လာ တော့တာ ပဲလေ....

အမျိုးသား ဒီမို ကရေစီအဖွဲချူပ် ဖွဲစည်း အပြီး မှာ..စည်းရုံးရေး ခရီးစဉ် အဖြစ်..ကိုယ်တို့ မြို့လေး ကို ၃ကြိမ် လောက် ရောက်လာ ဘူးတယ်..ပထမဆုံး အကြိမ် တုံး ကတော့.ကိုယ်တို့ အဒေါ် အိမ်မှာ ဧည့်ခံတာ ဆိုတော့အနီးကပ် ပထမဆုံး မြင်ဖူး တာပဲ..မင်းသမီး တယောက် လို..လှပ ကျော့ရှင်း တဲ့ ဒေါ်စု ကို..သူမ
ဝတ်တဲ့ လုံချည်လေး က အစ..ပိတ်ဖောက်ဇာ အင်္ကျံလေး ပါ မကျန်..လက်ဖက်ရည် သောက်ပုံ လေးက အဆုံး...မိန်းကလေး ပီပီ စပ်စု နေမိတယ်...(သူပြောတဲ့ စကား တွေတော့ မမှတ်မိ တော့..)ဒေါ်စု အင်္ကျံပုံစံ တွေ..လိုက်ဝတ် ကြတော့ လည်း..ဘယ်နေ မလဲ..ချူပ်သမျှ လက် ခေါင်းလောင်း..ထုပ် ကြယ်သီး တပ်..
မြန်မာပြည် တနံတလျား စည်းရုံးရေး ထွက်တဲ့ ဗီဒီယို ခွေတွေ ထဲမှာ ဆိုလည်း..သူ့အလှ နဲ့ သတ္တိကို ကွဲကွဲပြားပြား မြင်ခဲ့ ရတယ်...နောက်တခါ..ခြံရှေ့ တရားပွဲ တွေ လုပ်တော့ လည်း..အပတ်တိုင်း သွားမော့ ရပြန်ရော.ဘဘ ဦးကြည်မောင်နဲ့ ဦးတင်ဦး ကြားမှာ ရပ်ရင်း..တပတ် တမျိုး.ပန်းတွေ ဝေနေ အောင်ပန် တတ်တဲ့..ဒေါ်စုကို..အစိုးရ သတင်းစာ တွေက..အငြိမ့် မင်းသမီး လူပြတ် ထွက်ပုံ သရော် ခဲ့ ပေမဲ့...ဒေါ်စုဆိုတာ....မိန်းမ တယောက်ရဲ့..လှပ ကျော့ရှင်းခြင်း..သူရဲကောင်း တယောက်ရဲ့..ရဲရင့် ပြတ်သား ခြင်း...ခေါင်းဆောင် တယောက်ရဲ့..ချစ်ခင် လေးစား စရာ ကောင်းခြင်း..စွန့်လွှတ် အနစ်နာ ခံခြင်း ဆိုတာတွေ...အားလုံးနဲ့ ပြည့်စုံ တဲ့သူ တယောက် ဆိုတာ...ဘယ် သူမှ ငြင်းလို့ မရ နိုင်ပါဘူး...

ဒါပေမဲ့...ခရစ်တော် က လူသား တွေ အားလုံးရဲ့ အပြစ် တွေကိုသူ့ အသက်နဲ့ဆေးကြော ပေးခဲ့ သလို..မြန်မာ ပြည်သူပြည်သား တွေရဲ့ အပြစ်တွေ. ဒုက္ခတွေ ကို..သူမရဲ့ ဘ၀နဲ့ ဆေးကြော ပြစ်ရမဲ့..ယစ်ပလ္လင် ပေါ်က..ပူဇော် စရာ သားကောင် တော့ မဖြစ်သင့် ပါဘူးနော်..သူမရဲ့ လူသား ဇာတိ..အချစ် အမုန်း အပြုံး တွေကို လည်း..ဘာနဲ့မှ နှိုင်းယှဉ် ဝေဖန် လို့ မဖြစ်နိုင် ပါဘူး..သူမ ဟာ..လူသား စစ်စစ် တယောက်ပါ..အသက် ၆၃ နှစ် ပြည့်ခဲ့ ပါပြီ...

အို..ဘုရား သခင်..သူမ ရဲ့..တရား မျှတမူ အပေါ်မှာ မြဲမြံခြင်း..စွန့်လွှတ် အနစ်နာ ခံ နိုင် ခြင်း များ ကို..ထောက် ထား လို့..မြန်မာ ပြည် ကြီး ကို..ဦးဆောင် ကယ်တင် နိုင်ဖို့ အခွင့် ပေး တော် မူ ပါ.....



Share/Bookmark

4 Comments:

ATN said...

လူတိုင်းလိုလိုပဲ ကြောက်ကြောက် ရွံ့ရွံ့နဲ့ မက်နေနေခဲ့ကြရတဲ့ အိပ်မက်တွေ အားလုံးကို ကြောက်ရွံ့ခြင်းမှ ကင်းဝေးနေသူ လူတယောက်ဆီမှာ အပ်ထားချင်တယ် ဆိုပါစို့။ ဒါဆို ဗမာတပြည်လုံးရဲ့ မဟာအိပ်မက်အိမ်ဟာ သူမ ပေပဲပေါ့။

သက်ဝေ said...

(၆၂) နေရာ မှာ (၆၃) ပြောင်း လိုက် တော့ လည်း.. ကျန်တာ အားလုံး က..ဘာ မှ - မှ မပြောင်း လဲ ခဲ့တာ။

သိပ်ဝမ်းနည်းစရာ ကောင်းတာဘဲနော်...

Anonymous said...

တကယ်က..
ဒေါ်အောင်ဆန်း စုကြည် ဆိုတာ..ပို့စ်ကဒ် က အရုပ် တခု မဟုတ်ပါ...
ရင်ဖက် မှာ ထိုးဖို့ ရင်ထိုး လည်း မဟုတ်ပါ...
တီရှပ် ပေါ်က အနီရောင် မျက်နှာ လည်း မဟုတ်ပါ...
အစည်း အဝေး တွေမှာ ချိတ်လေ့ ရှိတဲ့ နောက်ခံ ကားချပ် တခုလည်း မဟုတ်ပါ...


အပေါ်က စာကြောင်းတွေနဲ့ စထားတဲ့ စာပိုဒ်တခုလုံးကို အကြိုက်ဆုံးပဲ ။ သိပ်မှန်တယ်လို့ ခံစားရလို့ ။

Anonymous said...

ညိမ်းညို-

အရင်နှစ်ဒီလိုအချိန် ဘာမားတူဒေးမှာ အန်တီကေသွယ်ရဲ့ အခုဆောင်းပါးကို ဖတ်ရပါတယ်။ "သတိတရ ပုံရိပ်များ နဲ့ မွေးနေ့ ဆုတောင်း"အဲသည်မှာ အန်တီဘလော့လိပ်စာပေးထားတော့ လာပီးဖတ်ရင်းနဲ့ ဘလော့ဆိုတာစပီးသိ၊ တအားဝမ်းသာသွားနွေကျောင်းပိတ်တော့ လုပ်ဖြစ်လိုက်တာပါ။ အခုပြန်ဖတ်ရတော့လဲ အန်တီရဲ့ မွေးနေ့ဆုတောင်းဟာ နှစ်သက်ဖွယ်ကောင်းနေတုန်းပါပဲ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ