သင်္ကြန်

သင်္ကြန်တခု ကျပြန်လေပြီ။ သင်္ကြန် နဲ့ပတ်သတ် လို့ကတော့.. မထိတထိ..မမှီ့ တမှီ ခံစားချက် များသာ..ဟိုမှာ နဲနဲ..ဒီမှာ နဲနဲ.. ။ ကိုယ်က..သင်္ကြန်ကို တွယ်တာ လှသူ မဟုတ်လေ တော့..သင်္ကြန်ကလဲ..ကိုယ့်ကို အခုတ်တရ မရှိလှပေ။ ဘာပဲဖြစ်ဖြစ်.. သင်္ကြန် ရေစို တဲ့ မြေ မှာ သင်္ကြန် လေချိုချို တွေနဲ့ ကြီးပြင်း ခဲ့ သူ တယောက် အတွက်..ပိတောက် ဆိုရင်တော့.. မျက်နှာတခုလုံး ကောင်းကင် ကြီး နဲ့ ပြည့်သွားအောင် မော့ကြည့် လိုက် ရမှ..
နှလုံးသား တခုလုံး ပိတောက် တွေ နဲ့ ပြည့်သွားအောင် ခံစား လိုက် ရမှ..

ပိတောက်တွေ လှိုင်တဲ့ နှစ် တနှစ်ကို လည်း သတိရ လိုက်သေး...

ခုတော့.. ပိတောက် မမြင်ရ တဲ့.. မထူးခြားလှ တဲ့.. နှစ်တနှစ် မှာ....အရင့် အရင် သင်္ကြန် တွေကို ပဲ ပြန် လှန် ကြည့် မိ တယ်။.. မနှစ် ကတော့.. ရေးခဲ့ ဖူးသား။



သင်္ကြန် တခု တော့.. ထုံးစံ အတိုင်း..မသိ သလို..သိ
သလိုလို..ဘေးနား က.. ဖြတ် ကျော် သွား သည်။ မြင်တော့ မြင် လိုက်သည်.. ဘယ်လို ပုံ
မှန်းမသိ။ ကြား တော့ ကြားလိုက် သည်.. ဘာတွေ ဆို မှန်း မသိ။သင်္ကြန် ဆို တာ
ကို..ပိတောက် တွေ ပွင့် အောင်ရွာတဲ့.. ဖက်ဆွတ် မိုး..အေးအေး လေး နဲ့.. မုန့် တွေ
လုပ် စား ကြ..လှူ ကြ တန်း ကြ တဲ့..ရိုးရာ တခု ဆို တာ ထက်.. ပို..မခုံမင် မိ တာ
က..ငယ်ငယ် ထဲက ပါ ။ ရှာပုံ တော် မင်းသား ကြီး နဲ့မကြုံ ဘူးလိုက် လို့ နေမှာပေါ့ ဆို
ရင် လည်း.. ဟုတ်ချင် ဟုတ်မှာ ပေါ့ နော်။

-

တကယ် တော့..သင်္ကြန် ဆို တာ..ပျော်တတ် သူတွေ အတွက်..ပို တန်ဖိုး
ရှိပါ တယ်လေ။ မဏ္ဌပ် ကြီး တွေ...လှလှပပ ထိုး ပြီး.. အမိုက်စား ၀တ်စား ရေကစား နေ
တဲ့သူတွေ ကို ကြည့် ရတာ.. ပျော်စရာ ကောင်း သလား....။ မ သိပါဘူး။ ပုလင်းထဲက အရေ တွေ
ရယ်...ပိုက် ထဲက..ရေ တွေ.. ပိုက်ဆံ အိတ် ထဲက..ရေ တွေ ကိုသာ..အဟော သိကံ တွေး နေ မိ
သည်။ ပျော်ပွဲ ရွှင်ပွဲ ဆို တာ ကလည်း.. ဒါပဲ နေ မှာ ပေါ့ နော်။အဲလို နဲ့.. ကိုယ်
လည်း..သင်္ကြန် ဆိုတာ ကြီးကို..မလို တမာ..လိုတမာ နဲ့ပဲ.. သင်္ကြန်မိုး ရုပ်ရှင်
ထဲက..ကိုငြိမ်းမောင် လို.. ပွဲခင်းထဲ တိတ်တိတ် ကလေး ၀င် ပြီး..ခိုးကြောင် ခိုး
ဝှက်..ကြည်နူး ရမလား... သက်ထွေး လို..သူများ ပျော်လို့ မပျော်
နိုင်ပဲ..ကန်စပ်မှာ..သွားငိုင် နေ ရမလား ..မသိ တော့ပါဘူး။

-

ပျော်တယ် ဆို တာ..အဲလောက် ကော လွယ် ရဲ့လား။ တကယ်ရော..ခု အချိန်
ကာလ ကြီးက..ပျော်စရာ ကောင်း လို့လား။ ကိုယ့်စိတ် တွေ ကတော့..ခပ် နွမ်းနွမ်း ရယ် ။
တလော ကပဲ..လူထု ဒေါ် အမာ ကွယ်လွန် သွားလို့..နှမြော နေ တုန်း.. ဘလော့ ရောင်း ရင်း
ကိုအောင်သာငယ် ရဲ့ အမေ ဆုံးသွား ပြန် လို့..သူ့ဘလော့က..စာ တွေ ဖတ် ပြီး..စိတ်မ
ကောင်း တွေ ဖြစ် ရ ပြန် တယ်။


နောက်တခါ.. ဗမာစာသည် ဒို့စာ ဆိုတဲ့ စာလေး မှာလည်း.. သင်္ကြန် နဲ့ပတ်သတ်တဲ့ ဘာမှန်း မသိတဲ့ ခံစားမူ လေးကို.. ပြန်တွေ့လိုက်သေးသည်။


တနှစ်တခါ ဧပြီလ ရောက်တိုင်း သင်္ကြန် သီချင်းလေး တွေကို ကွန်ပြူတာ အင်တာနက် က မရအရ
ရှာဖွေ နားဆင် ရတဲ့နှစ် တွေ.... ကြုံ ကြိုက်လို့များ မြန်မာ လူမျိုး တွေ စုပြီး
ကျင်းပတဲ့ သင်္ကြန်ရိုးရာ ပွဲလေး တွေများ ရောက်ရင် တူးပို့တူးပို့ဆိုတဲ့ သင်္ကြန်
ဒိုးသံ လေးဟာ ခန္ဓာကိုယ်ထဲ က အကြောမျှင် လေး တခုစီ တိုင်းထိ တိုးဝင်မြူးကြွ လာ
လိုက်တာ—-ပြီးတော့လဲ... ဘာကို လွမ်းရမှန်း မသိ ရင်ထဲမှာ ဟာတာတာ....။



တကယ်တော့လည်း..ဒီနေ့ မြို့ပြ သင်္ကြန် ဆိုတာ.. အင်းလျားလမ်းမ ပေါ်မှာ စီးဆင်းသွားတဲ့ ရေစီးကြောင်းတွေ ကို..အဲဒါ..ခေတ်ရဲ့ရေစီးကြောင်း တွေပဲ လို့..အဓိပ္ပါယ်ပြန်နေရတဲ့.. ခပ်ယဲ့ယဲ့ ရိုးရာ အစဉ်အလာ တခု ပါပဲလေ။

မနေ့ကတော့..မိုးမခ ရေဒီယိုက..လာတဲ့... `သပြေခက် နဲ့ ရေပက် ´ ဆိုတဲ့..ခေတ်ဟောင်း သီချင်းလေး ကို ပြန် လိုက်ဆို ရင်း.. ငယ်တုန်းက..မြန်မာ့အသံရေဒီယိုက ဗုဒ္ဓဟူးနေ့ ညနေခင်း..ခေတ်ဟောင်းတေး ကဏ္ဍ လေး တွေ ကို ပြန် သတိရနေမိတယ်။



ကောင်းကင် အမူအရာ..မြူလွှာ အုံ့ပြန်သလေ..

ဇမ္ဗူရာ ( ??????)

မဟူရာ အမှုံ့တွေ ရစ်သန်း သ ကဲ့သို့လေ..

( နှစ်ဆန်း )၂ ဂိန္မပေ..သိန်သရေ ကျူးလို့..တန်ခူးလ ရာသီ ခေါ်ပြန်ပေ...

ကြိုင်ထုံ မြိုင်စွာ..ကံ့ကော် ပိတောက် ပန်းတွေ..

( ပျို့အိမ်တွင်းဝယ်) ၂ ညှင်းလေသွေး..မွှေးရနံ့ဝေ...

သင်္ကြန်ခါတော် တွင်း ---မို့လေ..

ရှေးကတော့.. ရိုရို သေသေ ကစား-- ကြပေ..

(မွေးသမိခင် ထံ ခွင့်ပန်ကာ.. တောင်းရပါတယ် အခြေ..

မွေးသဖခင် ထံ ခွင့်ပန်ကာ..တောင်းရပါတယ် အခြေ..

လာပေ..မဟာဆွေ.. မေမရှက်နဲ့.. ရက်မြတ် အခါပေ..

မာပါစေ..သာပါစေ.. သပြေခက် နဲ့ ပက်ကြတဲ့..သင်္ကြန်ရေ...)

ကိုကို လူပျိုတွေ..ရှင်လိန်ပြန်မောင်တွေ...

ခင်ပျို လုံမလေး မှာ.. ( ????? )
ကညာခင်ပျိုမေ.. ၀ါမ၀င်ခင်.. သင်္ကြန်တော်ရေ..

သပြေညို မင်္ဂလာရေ.. ပက်ကြစေ..အကြောင်း..ကောင်း--- နဲ့..

တောင်းပန်ပါတယ်..ရှေး စနစ် တွေ..

ငွေဖလားကြီးနဲ့..ရေကစားတာ အလွန် ပင် ကြမ်းသလေ..

စပယ်ပန်းတွေ တောင် ကြွေကုန်ပါ ပကောလေ..
ငွေဖလားကြီးနဲ့..ရေကစားတာ..တကယ်ပင် ကြမ်းသလေ..

ဇွန်ပန်းတွေ တောင် ကြွေကုန်ပါကောလေ..
(မွေးသမိခင် ထံ ခွင့်ပန်ကာ.. တောင်းရပါတယ် အခြေ..

မွေးသဖခင် ထံ ခွင့်ပန်ကာ..တောင်းရပါတယ် အခြေ..

လာပေ..မဟာဆွေ.. မေမရှက်နဲ့.. ရက်မြတ် အခါပေ..

မာပါစေ..သာပါစေ.. သပြေခက် နဲ့ ပက်ကြတဲ့..သင်္ကြန်ရေ...)

ဘုရားဂုဏ်တော်တွေ..တရား ဂုဏ်တော်တွေ..

သင်္ကြန်ရက်မှာ..လက် ကန်တော့ ထိုးကာ..

လှူဖွယ် အမျိုးမျိုးနဲ့.. အကျိုးမျှော်ကာ..မဟာရေ သဘင်ပေ...



ယောက်ကျားကြီး တယောက်လို အသံအောင်ပြီး..ကြည်လင် ပီသ လှတဲ့..အဆိုတော်ကြီး ဒေါ်ကြည်အောင် ရဲ့ အသံလေးလေး ကြီးကို အသေအချာ ကို ပြန်ကြား နေ ရတယ်။ လမ်းပေါ်က..ဆိုက်ကား တချို့ဆီက....မောင်းထုပြီး အော်သွားတဲ့..သင်္ကြန် သံချပ် အတိုအစ တချို့.. .ကလေးတသိုက် ရဲ့ ဟေး ကနဲ အော်လိုက်တဲ့.. အားရပါးရ အပျော်တွေ.. ။ ဥပုပ် စောင့်ထားတဲ့ အဘွားအတွက် ဖျော်ပေးရ တဲ့..မန်ကျည်းရေ အေးအေးလေး တခွက်..။ ဟော- ဟိုဖက်အိမ်က..ကလေးတွေ လွှတ်ပြီး မုန့်လုံးရေ ပေါ် လာပို့ပြီ။ ကလေးတွေ အပြန်ကျရင်.. အိုးမဲ သုတ်လွှတ် မလို့ လုပ်တာ..အဖေ ဆူခံ ထိပြီ.. ပြူတစ် ပြူတစ် ကိုယ်ယောင်ပြ မနေ ကြ နဲ့ တဲ့။ တော်ပြီ.. ည ကျမှ.. တီဗီက လာတဲ့..သင်္ကြန် မိုး ကြည့် ရင်း သင်္ကြန် ကျတော့မည်..။




သပြေခက် (ဒေါ်ကြည်အောင် ရဲ့ မူရင်း သီချင်းကို.. ဘိုဘိုလန်းစင် ကျေးဇူးပြုပါသည်။ )

( စာသားများ မှာ နားထဲ ကြားသလို ရေးထားခြင်းဖြစ်ပါသည်။ တချို့နေရာများ ကို မသိပါ)


Share/Bookmark

နှစ်သက်နေသေး တဲ့ အဟောင်းတပုဒ်

မမသီရိရေ- ဒုတိယ အကြိမ် ဆိုတော့.. အကြိုက်ဆုံးထဲက..တခုဖြစ်မှာပေါ့နော်။
ဒီ စာလေးက.. အကြိုက်ဆုံးဖြစ်ယုံမက..တိုလည်းတို.. ပေါ့လဲ ပေါ့ပါး.. လေးလဲ လေးနက်.. သီချင်းလေးလဲ နားထောင်လို့ ပျော် စေ တာမို့- ကိုယ်တိုင်လဲ.. ပြန်နားထောင်ရင်း..လိုက်ဆိုလိုက်သေးတယ်။း)
~~
Que Sera Sera...........
~~
ဘာတွေပဲ ဖြစ်လာ..ဖြစ်လာ...
-
ကလေး ငယ် တယောက် အတွေး နှင့် တွေးခဲ့ ဘူး သည်..
ငါကြီး လာ ရင်..နံမယ် ကြီး အဆို တော် တယောက် ဖြစ် ချင် လိုက် တာ..

တခါ တလေ လည်း..အားမလို အားမရ ကြိမ်းဝါး မိ ခဲ့ သည်။
ငါ- အခု သာ.. အဘွား ခွဲ တမ်း ချ ပေး တဲ့ ကိတ် မုန့်တချပ်ပဲ စား ရတာ..ငါကြီး လာ ရင်..ကိတ်မုန့် တွေ..တ၀ ကြီး စား နိုင် မှာ...

ပြီး တော့..လူ ကြီး ဆို တာ ..အရာ ရာ ပြည့်စုံ မှန် ကန်သူတွေ လို့ လည်း..အထင်ကြီး..အားကျ ခဲ့သေးသည်။ ကျောင်း ဟော ပြောပွဲ တွေ မှာ စကား လာ ပြောလေ့ ရှိ တဲ့..တိုက်ပုံ ၀တ် ထား တဲ့..လူကြီး တွေ ကို.. ငေး ကြည့် ရင်း..
သူတို့လို လူကြီး ဖြစ် လာ ခဲ့ရင်..စတိုင် သိပ်ကျ မှာပဲ နော်...

အဲဒီ အချိန်တွေ တုန်းက..အိမ်က..တကူးတက..လိုက်ပို့ရ တဲ့.. မြို့လယ်ခေါင် က..ကျောင်း ကြီးဟာ...အကြီး ဆုံး ကမ္ဘာ ကြီး ပေါ့..
ဒုတိယ တန်း အတန်းပိုင် ဆရာမ ကို..အရမ်း ချစ် သည်။
ကျောင်းအုပ် ဆရာ ကြီး ကို မြင်ယုံ နှင့်ပင်..ဖိန့်ဖိန့်တုန် အောင် ကြောက်ခဲ့ ရသည်။
ကျောင်း ခြံဝန်း ကြီး ကလည်း..အ ကျယ် ကြီး..။ ဆရာ ဆရာမ တွေ..အားကိုးတဲ့..ဆယ်တန်း ကျောင်းသား ကြီး တွေ ကလည်း..အတော် ပင်..ထွားကြိုင်း သန် မာ လှ သည်။

ဖေဖေ ဖတ် တဲ့ သတင်းစာ ပုံ ထဲ ကို..မွှေနှောက် လှန်လျော ရင်း..တအံ့တသြ မေး ခဲ့ ဘူး သည်။
` ဖေ- အီသီယိုပီး ယား မှာ..လူတွေ..အစားအစာ တွေ ငတ် ပြီး..ပိန်ချုံး နေ ကြ ရ တာ မဟုတ်လား.. ခု ဒီပုံ ထဲက..အီသီယို ပီး ယား သမ္မတ ကြီးက..အကျီ င်္ အကောင်း ကြီး နဲ့..၀ လည်း ၀ နေ တာပဲ နော်..´

အဲဒီ အသက် အရွယ် မှာ..အသိ ညဏ် ဘယ်လောက် ရှိသင့် ပြီ လဲ တော့ မသိ...
ဖခင် ရှင်း ပြ သော..စကား လုံး များ ကို..နားလည် သလိုလို..မလည် သလိုလို...

အပေါင်း အနုတ်..အမြှောက် အစား တွေ.. ကျောင်း မှာ စသင် ရ ပြီ..
အဲဒါ ဘာ ဖြစ် လို့..ပေါင်း ရတာ လည်း..အဲဒါ ကျတော့..ဘာလို့..မနုတ် ရ တာ လည်း..
လို့..မေးလိုက် မိ လို့... တအိမ် လုံး..အလန့်တကြား ဖြစ် ခဲ့ ရသည်။

ပဉ္စမ တန်း မှာ..မြန် မာစာ ဆရာ မက.. နိဒါန်း နှင့် နိဂုံး အကြောင်း သင် ပေး ပြီး.. စာစီ စာ ကုံး..တပုဒ် အိမ် စာ ပေး လိုက် သည်။ ဆော့နေကျ..နောက် ဖေး လှေ ကား ထစ် ကလေး မှာ ထိုင် ရင်း..နိဒါန်း ဆို တာ ဘာလည်း..နိဂုံး က ရော..နိဒါန်း နဲ့ ဘယ်လို ကွဲ ပြား အောင် ရေး ရ မလည်း.. ဆိုတာ.. ချာ ချာ လည် အောင် တွေး ခဲ့ ဘူး သည်။

အတန်း နဲနဲ ရ လာတော့ လည်း..လော က ကြီး သည်..မျှော်လင့်ချက် တွေ..တနင့်တပိုး နှင့်..တမျိုး လှ လာ ပြန် သည်။

ညနေ ရောက် တိုင်း..မီးရောင် တထိန် ထိန် နဲ့..မြို့ငယ် လေး ထဲ ကို..အချိန် မှန် ၀င်ရောက် လာ တတ် တဲ့..အမြန်ရ ထား သစ် ကြီး ကို..ငေး ရင်း.. ဒီ ရထား ကြီး နဲ့..ရန် ကုန် မြို့ကြီး ကို..ရောက် ချင် လှ တော့ သည်။
ဒီနှစ်..ဆယ်တန်း ကို..အမှတ် ကောင်း ကောင်း နဲ့ အောင်ရင်..ရန်ကုန်မှာ..တက္ကသိုလ် တက် ဖို့..ဘာလိုင်း ယူ ရင်..ကောင်း မလဲ...

တကယ်တော့ ..ကိုယ့်လက် ထဲကို..ကိုယ့် ဘ၀ကြီး ရောက် လာ ဖို့..အချိန် သိပ်ကြာ ကြာ..မစောင့် လိုက် ရ ပါ...

ခုတော့-
မြို့ကြီး ဆို တာလည်း..သိပ် မခမ်း နားပါ..
မြို့ငယ် လေး ကလည်း..သိပ် မသာယာ လှ ပါ..
ထုံးဖြူ ရောင် သစ်သား တိုင် တွေ နဲ့ ကာရံ ထားတဲ့ ..မြို့လယ်ခေါင်က.. ကျောင်း ကြီး သည် လည်း.. ကြုံ့ဝင် သွား သလို ... တရှဲရှဲ အော်မြည် နေ တတ်တဲ့..ကျောင်းရှေ့ က..ယူကလစ် ပင် တန်း ကြီး ကလည်း.. ရွက်ဖျား တွေ ခေါက် လို့..ငြိမ် ငြိမ် သက်သက်..
ကျောင်းအုပ် ဆရာ ကြီး ကတော့..တော်တော် အိုသွားခဲ့ ပြီ။

သူ..အဆိုတော် မဖြစ် ခဲ့ ပေမဲ့..ကိတ် မုန့် တွေ ကြိုက်သလောက်..၀ယ် နိုင် တဲ့..ငွေစ တွေ..သူ့အိတ် ထဲ မှာ ရှိ နေ ပြီ။ ဒါပေမဲ့..သူ ကိတ် မုန့် မကြိုက် တော့ ပါ။

တိုက် ပုံ အကျီ င်္ ကြီး တွေ ၀တ် ထား ပေ မဲ့.. အဲဒီ တိုက် ပုံ စလောက် တောင် တန် ဖိုး မရှိ သော..လူကြီး တွေ ..လော ကမှာ..အများ ကြီး တွေ့ ခဲ့ ရ ဘူး ပြီ။

အာဖရိ က တိုက် မှာ..နေ့တိုင်း..ကလေး တွေ ထောင်နဲ့ချီ ပြီး..ငတ် သေ နေ တဲ့ အချိန်မှာ.. ကမ္ဘာ အရပ် ရပ် မှာ..စစ် အသုံး စရိတ် တွေ..နေ့စဉ် တိုး တက် နေ တာ။.. နယူးယောက် စတော့ ရှယ် ယာ ဈေး တွေ ထိုး ချ နေ တာနဲ့.. အန်ဂျီ အို တွေ..တစ တစ များ ပြား လာ တာ ဘာမှ မဆိုင် ဘူး ဆို တာ တွေ လည်း .. ဗဟု သု တ..အနဲ အပါး ရှိ ခဲ့ ပြီ။

ကမ္ဘာ့ လောင် စာ ပြသာနာ နဲ့.. အငတ် ဘေး ပြသာ နာ တွေ..ဘာတွေ ဆက်စပ် နေ လည်း လို့..ခု နေ လာ မေး ရင်.. ကား တွေ တော့ လျော့ မစီး..အသုံးအစွဲ တွေ တော့ မလျော့ပဲ နဲ့.. လောင်စာ စား မန် ခုတ် နေ လို့ အပို ပဲ .. ပြောင်းဖူး က..အီသနော ထုတ်လဲ..အပိုပဲ.. ကြက်ဆူပင် စိုက် ရင်..မြေ ဆီလွှာ ပျက် တာပဲ အဖတ် တင် မယ်. လို့..ပြန် ပြော ဖြစ် လိမ့် မည်။

အပေါင်း အနုတ် အမြှောက် အစား ကို..အလွယ်တကူ Excel ပေါ် - တင် တွက် နေမိ တတ် ပြီး.. Integral နဲ့..differential ဆိုရင် တောင် Matlab မှာ ပဲ တွက် တော့မည်။ သိပ် မတွေး နဲ့..အရာ ရာ ကိုသိ စရာ မလို ဘူး လို့..ဖာသာ နှစ် သိမ့် ရင်း .. သက်သက် သာသာ နေ တတ် ခဲ့ ပြီ။

နိဒါန်း ဆို တာ အဖွင့်.. နိဂုံး ဆို တာ အဆုံး သတ် ။ နိယာ မ တွေ..မသုံး ..၀ိရောဒိ တွေ .မရှုပ် ပဲ..ဒါဟာ.. သံဝေဂ အင်္လကာ တပုဒ် မှန်း လည်း.. သိ နေ ခဲ့ ပြီ။

--------------------
ချစ်စရာ ကောင်း လှ ပြီး.. မရိုး နိုင် တဲ့..ခေတ် ဟောင်း တေး လေး တပုဒ် ကို...စိတ်ပါ လက်ပါ..ဆိုညည်း ရင်း.. ပေါ့ပါး လန်း ဆန်း မိ သလို လို ရှိ နေ မိ သည်။





Que Sera Sera
When I was just a little girl
I asked my mother, what will I be
Will I be pretty, will I be rich
Here's what she said to me.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be.
When I grew up, and fell in love
I asked my sweetheart what lies ahead
Will we have rainbows, day after day
Here's what my sweetheart said.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be.
Now I have children of my own
They ask their mother, what will I be
Will I be handsome, will I be rich
I tell them tenderly.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be





Share/Bookmark

Dust and Sweat

ဒီ စာ အပိုင်းအစ လေးကို ဒေါက်တာ မိုက်ကယ်အဲရစ်စ် က..ဘယ်လို ရည်ရွယ်ချက် နဲ့ ရွေးပြီး..ဒီစာအုပ်ထဲမှာ တမျက်နှာ စာ .. အခန်းလေး တခန်း အဖြစ် ထဲ့ ခဲ့ သလဲ တော့မသိ။

သေချာ ဖတ်ကြည့်တော့..ဗမာပြည် ပြန်ရောက်ကာစ ဒေါ်စု မှာ.. အသားမကျ လှသေးတဲ့..ဖုန်တွေ ချွေးစီးတွေနဲ့ ရင်းနှီး မိတ်ဆွေဖွဲ့ရင်း.. တဖက်က..သူ နေနေကျ .. သက်တောင့်သက်သာ မိသားစု ဘ၀ လေးကို လှမ်းပြီး လွမ်းထားတာလေးက.. သဘာဝ ကျလှသလို.. your Suu ဆိုတဲ့ အသုံးလေးကလည်း.. မိန်းမရွယ် တယောက်ရဲ့ လူသားဆန်တဲ့ အငွေ့အသက်ကလေးတွေ နဲ့ ချစ်စရာ ကောင်း နေ တယ်။ အဲဒီ စာ ကို ဧပြီ ၁၄ ရက် ၁၉၈၉ ခု နှစ် ရက်စွဲ တပ်ထားပြီး.. ဓနုဖြူမြို့က..သမိုင်းဝင်.. စည်းရုံးရေး ခရီးစဉ် ကို အခြေခံ ပြီး ရေးခဲ့တာလို့ နောက်ခံ ပြောထားတယ်။ အဲဒီမှာ.. ပစ်မိန့်ပေးထားတဲ့ စစ်သားတွေ ဆီကို ပူပြင်းတဲ့ နေရောင်ခြည် အောက်မှာ .. တည်ငြိမ်စွာ တလှမ်းချင်း လှမ်းသွား နေတဲ့..ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံရိပ် ကို ခုထက် ထိ မြင်ယောင်နေ မိသေးတယ်။ အခုတော့.. မြန်မာပြည်ကြီးရဲ့ အပူတွေကို သူ့ဘ၀ တခုလုံး ခေါင်းခုလုပ်.. ထမ်းရွက်ရင်း..ချွေးတွေ..ဖုန်တွေနဲ့.. အသားကျ လွန်းမက..ကျ နေခဲ့ပြီ..ပေါ့။

မိုးရွာထဲမှာ တရားဟောရင်း..မိုးရေတွေစိုရွှဲနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ( ပန်းချီ- မိတေဖိုး)

ဒီကယူပါတယ်


Dust and Sweat

The last trip ( after the Danubyu) was rather gruelling, travelling by bullock cart and small boats in the blazing sun- alas, your Suu is getting weather-beaten, none of that pampered elegance left as she tramps the countryside spattered with mud, straggly-haired, breathing in dust and pouring with sweat! I need a few months in grey, damp Oxford to restore my complexion! But in spite of all the difficulties I feel that what I am doing is worthwhile --- the people of Burma deserve better than this mess of inefficiency, corruption and misuse of power.

sourcs: " Dust and Sweat ", Freedom from Fear by Aung San Suu Kyi ( p- 217)


Share/Bookmark