လတ်တလော စာအုပ်တွေ-

စာအုပ်တွေ.. ချစ်တဲ့..စာအုပ်တွေ..။
စာအုပ်ကို ချစ် ပုံကလည်း အတော်တော့ ကြောင်တယ်..စာအုပ် အနှောင့်လေး တွေ စီနေတာ မြင်ရ ရင်ကို ချစ်နေတာ..။ ဖတ်တာ..မဖတ်တာ နောက်မှ ထား။ စာအုပ် လက်ဆောင် ရ ရင်လည်း..အတော် ပျော်တယ်။
ဒါတွေက..ခု လတ်တလော ရလာတဲ့ စာအုပ်တွေလေ..။




ဒါက- ကိုယ့်ဖာကိုယ် အဆင်သင့် သလို ၀ယ်လာ ဖြစ်တဲ့..စာအုပ်လေး တွေ..။ ၃-၄ အုပ်လောက် ကပ်ပြီး ကျန်နေခဲ့ သေးတယ်။ ဟို- ချစ်ဦး ညို ရဲ့ “ မြို့မငြိမ်း နဲ့ ဂလိုဘယ်လိုက်ဇေးရှင်း” ဆိုတာလေး..ထုတ်ဖတ် ရင်း..ညပ် ကျန်ခဲ့ပြီ။ ပထမ ဆုံး တပုဒ်ဖြစ်တဲ့.. လူချွန်လူကောင်း သီချင်း ဆောင်းပါးလေး ကိုတော့..အတော် သဘောကျမိတယ်..။ ဖြစ်ချင်တော့..အဲ တပုဒ်ပဲ ဖတ်ရသေးတာ။ ရပါတယ်လေ.. နောက်မှ ပေါ့..။ တော်သေးတယ်..ခုပါလာတဲ့..ဂီတနက်သန် ကိုစောငြိမ့်း အကြောင်း ရေးထားတဲ့..“ ဂီတကို ကဗျာမူ ပြုသူ” လေးပဲ ဖတ်ကြည့်တာပေါ့။






ဒါက- တောကျောင်းဆရာ ရဲ့ လက်ဆောင်များ။
ဆရာကြီး ဦးဖေမောင်တင် နှစ် ၁၂၀ ပြည့် စာတမ်းများတော့.. နဲနဲ မြည်းထားပြီ။ ကောင်းလိုက်တာ.. လူစုံ.. ရှုထောင့် စုံ ကနေ.. ဆရာကြီး အကြောင်း ရေးထားကြတာ..။ ဓါတ်ပုံ အရည်အသွေးကို တော့..အားမရ လိုက်တာ..ဒီလောက် သမိုင်းဝင် တဲ့..ဓါတ်ပုံတွေ ကို...။ အော်.. ဒေါက်တာ အောင်ထွန်းသက် အင်တာဗျူးလဲ..ပါးပါးလေးမို့..လမ်းမှာပဲ အိတ်ထဲ ထဲ့ ဖတ်ခဲ့ လိုက်ပြီ။ စိတ်ဝင်စား စရာပါပဲ။




ဒါလေး ၂ အုပ်က.. အမ ခင်မင်းဇော်..ပို့ပေးတာ..။ တကူးတက ပို့ပေးတာ..ကျေးဇူးတင်လိုက်တာ..အမရေ..။ ခိုင်မာကျော်ဇော် ကို.. ရသ နင့်နဲ အောင်ရေးတတ်တဲ့..နယ်စပ်က ကလေးငယ်တွေ ဘ၀တွေ အကြောင်း စာတွေ နဲ့ အတူ ရင်းနှီးနေတာ..အတော်ကြာပေါ့။ ဦးအောင်ဝေး ကဗျာတွေကလဲ..ကောင်းလိုက်တာ..။



ဒီစာအုပ်လေးကတော့.. သူငယ်ချင်း ရဲ့ အမျိုးသမီး..ဦးရာဇတ် ရဲ့ မြေး ကိုယ်တိုင် လက်ဆောင်ပေးလိုက်တာပါ..။ အစ ဦးဆုံး ပါတဲ့..ဒေါက်တာညီညီ ရေးထားတာလေး တော့ မြည်းပြီးပြီ။ ကောင်းတယ်။
-
ဒီစာအုပ်တွေ အကုန် ကုန်အောင်..ဒီ ရက်ထဲ ဘယ်လို လုပ် ဖတ်ရပါ့။ ဖြည်းဖြည်းချင်းပေါ့ နော်။ မနေ့ကတော့..ဂျူးရဲ့ “ အချစ်ဆိုတာ..ကြိုးနဲ့သီဖို့မလိုတဲ့ ပန်းပွင့်လေး တွေ..” စာအုပ် လေးကို..ကောက်ကိုင်လိုက်တာ.. ၃ပုဒ် ဆက်တိုက် ဖတ်ဖြစ်သွားတယ်။ ကောင်းလိုက်တာ.. “မျက်ရည်တစက် မိန်းမ ”ဆိုတာလေးကို အတော် သဘောကျမိတယ်။ ဂျူးကတော့.. ဂျူးပါပဲ။
-

ကဲ- ခုတော့..စာအုပ်တွေ ခဏ အလှ ကြည့် လိုက်အုံးမည်။ တခြား လုပ်စရာတွေ ရှိသေးသည်။




Share/Bookmark

မြင်တွေ့ခဲ့ရသူများ

သတိရတယ်..ဆိုမှတော့..ပျော်ရွှင်ကြည်နူး ဖူးတဲ့..အတိတ် နဲ့ ဆက်စပ် နေတော့မပေါ့။

သွားလာ ကူးခပ်..ခဲ့ဖူးတဲ့..ဒီနေရာ လေးမှာ.. အပြောင်းအလဲ တချို့ရှိနေပေမဲ့.. တကယ့် အတွင်း သဏ္ဍန် အစစ် ကတော့ ..ဟိုးတုန်းကလိုပါပဲလေ.. ဒီ အကြော်ဆိုင် လေး တွေ.. ဒီ ဒိန်ချည် ဆိုင်လေးတွေ.. ဒီ စတိုးဆိုင်လေး တွေ နဲ့..ဒီ လူတန်းစား အုပ်စု လေးတွေ ပါပဲ။ ဒီ လက်ဖက်ရည်ဆိုင်လေး တွေဘေးမှာတော့.. ကော်ဖီဆိုင် ယဉ်ကျေးမူ တခု သပ်သပ်ရပ်ရပ် နေရာယူ လာတယ်။ ဒီလောက်ပါပဲ။ ပိုပြီး ဖြတ်လတ် ခေတ်မှီ လာပုံ ပေါ်တဲ့..လူငယ်လေး တွေက.. သူတို့ ကျောပိုးအိတ် လေးတွေ ထဲမှာ..မျှော်လင့်ချက် တွေ..တနင့်တပိုး ထဲ့လို့.. ရင်ခွင် ထဲမှာ..ယုံကြည်ချက် ဖိုင်လေးတွေ ကို.. တင်းတင်းကျပ် ကျပ် ပိုက်လို့.. သင်တန်း တခုခု ဆီကို ဦးတည် သွားနေကြပုံ.. ဒါမှ မဟုတ်..ပြန်လာကြ တဲ့ပုံ။ သင်တန်းကျောင်း တွေ တန်းစီ နေတဲ့ တိုက်တန်းလျား ကြီး ကတော့.. မျက်နှာချင်း ဆိုင်က.. အလုပ်လက်မဲ့ ဖြစ်သွားတဲ့.. ကျောင်းတော် မဟာ ကြီး ကို အားနာ နေတဲ့ပုံ နဲ့...။ ဒါမဲ့ သူလဲ နွမ်းလျလျပါပဲ လေ..။

ပကတိ မပြောင်းလဲ တဲ့..ပလက်ဖောင်း အဟောင်း လေး ပေါ်.. ဟိုဒီ ရှောင်ရှား.. ငေး မောရင်း..စာအုပ် ဆိုင်လေး တခု ရှေ့မှာ ရပ်မိတယ်။
ခပ်မှောင် မှောင် စာအုပ် ဆိုင်လေး ထဲကို ၀င်လိုက်တော့.. ရိုးရိုးသားသား သနပ်ခါး ဘဲကျား နဲ့ လုံမ ငယ် လေး ၃ ယောက်လောက်က.. မတ်တပ်ရပ် ရင်း..ဘာစာအုပ် ရှာလဲ ..ကြည့်ပါ လို့ ခရီးကြိုပြုတယ်။

ဘာရယ် လို့တော့ မဟုတ်.. စာအုပ် အနှောင့် လေး တွေ ကို လက် နဲ့ ခပ်ဖွဖွ တခု ချင်း ပွတ်တိုက် ရင်း..တခုခုကို တွေ့လိုတွေ့ငြား ရှာဖွေ နေမိတယ်။ “ ဘာရှာတာလဲ အမ” ဆိုတော့လည်း.. မပြောတတ်။ “ ကြည်အေး” လို့..ပါးစပ်ထဲ ရောက်လာတာ ပြောလိုက် မိတော့.. “ ဒီဖက်မှာလေ.. ” လို့ သူလေး က..ဦးဆောင် ခေါ်သွားတယ်။ သူလေး ညွှန်ပြတဲ့ အပုံကို ကြည့်လိုက် တော့.. ဒေါက်တာကြည်မင်း ..ဆေးပညာ ဆောင်းပါး များ တဲ့..။ “ ကျေးဇူးပဲ ညီမလေးရယ်..လျှောက်ကြည့် လိုက် အုံးမယ်နော်...” ဆိုပြီး.. ကိုယ့်ဖာကိုယ်ပဲ.. ကြုံရာ ဆုံရာလေး တွေ ၀ယ်ဖြစ်ခဲ့ လိုက် တယ်။ တိုက်တိုက် ဆိုင် ဆိုင်.. ကြည်အေး ရဲ့ “ ကေဖွဲ့ဆိုသီ” လေးတော့.. ရ လိုက်တယ်။ ဒုတိယ အကြိမ်ပဲ ရှိသေးတာပဲ။


စာအုပ် ထုပ်လေး ကို ကိုင်ရင်း.. “ အမလိုချင်တဲ့..စာအုပ်တွေ ပြော..ရှာပေးလို့ ရပါတယ် ” လို့ ပြောလေ့ ရှိတဲ့..စာအားဖြင့် အမြဲ အကူအညီ ပေးလေ့ ရှိတဲ့.. တောကျောင်းဆရာ ကို သွားသတိရတယ်။ တဆက်တည်းလိုပဲ.. “ အမကို တွေ့ချင်တယ်” လို့ ပြောလေ့ရှိတဲ့.. မကြေးမုံလေး ကိုလည်း..တွေ့ချင်လာတယ်။ တကယ်ဆို..ဒီ- ကလေး နှစ်ယောက်ကို တော့..ငါ တွေ့သင့်တာပေါ့။

++++++

နေက..သိပ်ပူ လို့ ညနေခင်းကို ရွေးချယ်မိ ကာမှ.. အဲဒီ နေ့က.. မိုးက..သဲသဲမဲမဲ ရွာချပါလေ ရော။ မတတ် နိုင်ဘူးလေ..၅ နာရီ ခွဲ ဆို..ခွဲ ရောက်အောင် တော့ သွားရမှာပဲ။ ကလေး တွေ ရှေ့မှာ အချိန် မတိကျ လို့ မဖြစ်။ ဒီနေရာ ဒီအချိန်ကို ရွေးပေးမိတာကလည်း ကိုယ် ဆိုတော့ကာ..။ ကိုယ်ကလည်း ဘယ်သူ နဲ့ လာလာ..ဒီနေရာပဲ..။ ကန်စောင်းကို မေးတင် ထားတဲ့.. နံမယ်နဲ့ လိုက်အောင် စိမ်းလန်း စိုပြေ နေတဲ့ အဲဒီ ဥယျဉ် လေးကို အတော် သဘောကျ တာလေ။

အခုတော့.. ရှေ့ကိုတောင် မမြင်ရအောင် ရွာနေတဲ့..မိုးကြီးသည်းသည်း ထဲမှာ..။ ဆိုင် အမိုးအောက်ကို အမြန်ဝင် လိုက်ရင်း..ထီးကို လှေခါးထစ်က..ထီးထဲ့တဲ့ နေရာလေးမှာ ထောင်ထဲ့လိုက်တယ်။ ပြီးတော့..ဆံပင်ရေစို တွေ ကို လက်နဲ့ခါ လိုက်ရင်း..လူသိပ် မရှိလှ သေး တဲ့..ဆိုင်လေးထဲကို မျက်စိ ဝှေ့လိုက်တော့..
အဲ.. အဲဒါ..မကြေးမုံပဲပေါ့။

သူက..ထိုင်ရာက ထပြီး.. လက်ကို ဆွဲကိုင်လိုက်တော့မှ.. အချိန်ကာလ တခု စာ ဆောက်တည်ထားတဲ့..ချစ်ခင်ရင်းနှီးမူ တွေက..လှလှပပ စီးဆင်း သွား တော့တယ်။ သူပြဖူးတဲ့ ပုံလေးတွေ ထက် ပိုချစ်စရာ ကောင်းတဲ့.. ထက်မြက်ဟန်ရှိ တဲ့.. ပေါ့ပါးရှင်းလင်းတဲ့ ပုံစံလေးနဲ့.. မိန်းကလေး ကို မြင်လိုက်တာနဲ့.. သိလိုက်တယ်...ဒါ- ငါ့ ညီမကြီး အစစ်ပဲ ဆိုတာကိုပေါ့။

မိုးရွာလို့ နဲနဲ နောက်ကျသွားတဲ့ အကြောင်း တောင်းပန်နေတဲ့ အချိန်မှာ.. “ ဟိုမှာ..တောဆရာ လာပြီ ” တဲ့.. ။
ဒီတခါတော့.. ကိုယ်က ထပြီး လက်ဆွဲ နှုတ်ဆက်လိုက်တယ်။ ဘာမပြော ညာမပြော..ကျောပိုးအိတ် တလုံးစာ စာအုပ်ထုပ်ကြီးကို စားပွဲ ပေါ် ပြစ်တင် လိုက်ရင်း..“ ဒါ- အမ အတွက် လက်ဆောင်” ဆိုတဲ့..တောဆရာ ကိုတော့..ခုမှ မြင်ဖူးတယ်ပဲ ဆိုရမယ်။ သူ့ အသက်ထက် ပိုရင့်ကျက်နေတဲ့.. အတွေးအခေါ် ဝေဖန်စာ တွေကို ဖတ်မိ ထားလေ တော့.. ခု လူကို မြင်တော့.. ပိုအံ့သြသွားမိ ပြန်ရော။

“ ကျ နော်..ဟိုးဖက်က..ကုန်းပေါ် မှာ ထိုင်နေတာ ကြာပီ..ဒါ အမ ဖြစ်ရမယ် လို့တော့..ထင်နေသား...” တဲ့။ ကဲ- ကိုယ် ကပဲ..နောက်ကျသူ ဖြစ်ရ လေတော့.. စိတ်မကောင်း။
-
မိုးစဲ သွားတဲ့ ညနေ တခုက.. ထင်သလောက် မတောက်ပ တော့ ပေမဲ့.. ဆည်းဆာ တခု အဖြစ်နဲ့ လှလှပပ သာယာ နေပြန်တယ်။
-
အဲဒီ ညက..မထင်မှတ် လောက်အောင်..သုံးယောက်သား..စကားတွေ ဖောင်ဖွဲ့ ဖြစ် ကြတယ်။ ဒါပေမဲ့..စကားဝိုင်းကို ဦးဆောင်သူက တော့..တောဆရာ ပါပဲ။ မျက်မှန် ထူထူ .. ဝေါဟာရ တွေ ထူထူ နဲ့.. အကြောင်းအရာစုံ မလွတ်အောင် ပြောနိုင် တဲ့.. တောဆရာလေး ကို ကြည့်ပြီး.. တွေ့ရခဲလှ တဲ့..လူမှန် နေရာမှန် တခု အတွက်.. ရင်ထဲမှာ..စိတ်ချမ်းသာ လိုက်မိတယ်။

အိမ်ပြန်ရောက်တော့.. ညီမကြီး လက်ဆောင်ပေး တဲ့ ဗမာချည်ထည် တစုံစာ ရယ်.. တောဆရာပေးလိုက် တဲ့ ..စာအုပ် တွေ ရယ် ကို ကြည့် ရင်း.. ရင်ထဲမှာ ကြည် နူးနေမိတယ်။ ညီမကြီးရေ- ညီမကြီးပေးလိုက် တဲ့ ဗမာ့လက်မူ ချည်သား ရှော တဘက်လေးက တော့ .. အမ အကြိုက်ဆုံး တခု ဖြစ်သွား ပြီ။ ပြန်ကာနီး မှ..တွေ့ရ.. ရင်းနှီးရ တဲ့ အတွက်..ကိုယ့် ကို ကိုယ်ပဲ အပြစ်တင် ပါရစေ ကွယ်။

+++++

ရေပြင်ကျယ်ကြီး ပေါ်ပဲ ဆင်းချ တော့ မလို မြင်နေ ရတဲ့ ည မြင်ကွင်း အောက်မှာ.. ကျွန်းကလေးက.. မီးရောင်တွေ ပိုးပိုးပေါက်ပေါက် နဲ့ ကြိုဆိုနေလေရဲ့။ မြေပြင် အပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ် ဆိုပဲ..။ အားလုံး လှုပ်လှုပ်ရွရွ ပစ္စည်း တွေ ကေဗင်ပေါ်က..ချ တဲ့ အချိန်မှာ.. သူ့မျက် နှာဘေး မှာ ကပ်ပြီး ဘွားကနဲ မြင်လိုက်ရတာ..
ဂျူး..။
စာရေးဆရာမ ဂျူးပါလား။ သူကလဲ အိတ်တလုံးကို ဆွဲချဖို့ လုပ်နေတုန်း။ ကြည့်စမ်း..တလမ်းလုံး..နောက်က ကပ်ရပ်ခုံမှာ.. သူ နှစ်သက်တဲ့ စာရေးဆရာမ တယောက် ပါလာတယ် ဆိုတာ..မသိခဲ့ဘူး။

“ ဆရာမ ဂျူး နော်..”
လို့.. နှုတ်ဆက်လိုက်တော့.. ဆရာမက.. “ ဟုတ်ပါတယ်” လို့..သူ့ စတိုင် အတိုင်း ပါးစပ်ကလေးကို တင်းတင်းစေ့ပြီး ပြံးပြတယ်။ မပြောင်းလဲ တဲ့ ဆံပင်တို ရှင်းရှင်းလေး နဲ့ ခရမ်းဖျော့ ရောင် ဗမာဝတ်စုံလေးကို ၀တ်လို့။

“ တွေ့ရတာ ၀မ်းသာလိုက်တာ.. အခုတောင် အိတ်ထဲမှာ ဆရာမ စာအုပ်တွေ ၀ယ်လာတာ ” လို့ မိတ်ဆက်လိုက်ရင်း.. ရှေ့က..တန်းစီနေတဲ့ လူတွေ ကို စောင့်နေတဲ့ အချိန်လေး မှာ.. ဘယ်မှာ နေတာလဲ..ဘယ်သွားမှာလဲ.. စသဖြင့်.. စကားနဲနဲ ပြောဖြစ်သွားတယ်။ အမျိုးသမီး နောက်တယောက် နဲ့ အမျိုးသား ၃ ယောက် လောက် ပါတဲ့ ဆရာမ တို့ အုပ်စု ကတော့..အလည်ပါပဲ လို့ ပြောတယ် ။ သူ့စာတွေ ထဲမှာ ပါလေ့ရှိတဲ့..သူ့အချစ်ဆုံး မိတ်ဆွေ တွေပဲ ထင်ပါရဲ့။ လေဆိပ်ထဲ ဆင်းတဲ့ လမ်းတလျှောက်.. ဆရာမ ဘေးက..မသိမသာ ကပ်လျှောက်ရင်း.. စကား နဲနဲ ပြော ဖြစ် ခဲ့သေးတယ်။ ခရီးသွား ဟန်လွှဲသာ မဟုတ်ခဲ့ လို့ကတော့.. သူ အင်မတန် ခင်မင် မိတ်ဖွဲ့ချင် ခဲ့ တဲ့..စာရေးဆရာမ ဂျူး ကို .. ကြိုးနဲ့သီဖို့ မလို တဲ့ အချစ်တွေ အကြောင်း .. ရုပ်ရှင်တွေ အကြောင်း.. သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမူ တွေ အကြောင်း.. အန်ဂျီအိုတွေ အကြောင်း.. ဖြစ်နိုင်ရင်.. သူ စိတ်အ၀င်စားဆုံးဖြစ် တဲ့..ဆရာမ ရဲ့ life style အကြောင်း.. မေးကြည့် လိုက် ချင်ပါရဲ့။

+++++

ထရန်စစ် ဆင်းတဲ့.. ဒီတရက်လေးထဲမှာ.. လုပ်စရာ ရှိတာတွေ အပြီးလုပ်..၀ယ်စရာ ရှိတာ ၀ယ်..တွေ့စရာ ရှိတဲ့.. ဆွေမျိုးတွေ သွားတွေ့.. ပြီးတာနဲ့.. စိတ်လှုပ်ရှားစရာ အကောင်းဆုံး ညနေခင်းက.. ရောက်လာ တော့တာပဲ။

မကြေးမုံပေးလိုက် တဲ့ ရှောတဘက်လေး နဲ့ လိုက်အောင် ဘယ်လို ၀တ်ရင် ကောင်းမလဲ.. ။ ဒါလေးကို သိပ်ခြုံချင် နေတာ ဆိုတော့ကာ.. ဒီ ထုံးခြောက်ရောင် အကျီ င်္ လေး ကိုပဲ ၀တ် တော့မယ်။ ရေချိုးတော့ ရင် ကောင်းမလား..သိပ်စောနေသေးသလား.. စိတ်က လှုပ်ရှား နေသည်။
-
ကြည့် အုံးလေ.. တွေ့မဲ့ လူတွေ ကလည်း.. ဟိုး တခါ သူ စိတ်ကူးယဉ် ရေးခဲ့ ဖူးတဲ့..ဆော်လမွန်ငါးတို့ အပြန် ထဲက..သူတို့ အုပ်စု မှ သူတို့ အုပ်စု ကွက်တိ..။ တကယ်ကတော့..အပြင်မှာ..တခါ မှ မမြင်ဖူးသေးတဲ့.. ဘလော့ ကာ သူငယ်ချင်းတွေ..။ အဲလို တွေ့ အောင် လုပ်ပေးတာက .. ဘလော့ကာ မဟုတ်ပဲ..ဘလော့ တွေကို သံယောဇဉ် တွယ်နေ တဲ့.. သူ့ ချစ်သူငယ်ချင်း ကြီး - မမေ။


သူ သွားတဲ့ ခရီးစဉ် တွေကို အကုန်သိ ထားတဲ့.. မမေ က..ဒီည ချန်ဂီ နဲ့ နီး တဲ့ သူ့အခန်း မှာ အိပ်ပြီး.. လေဆိပ် ဆင်းပါတဲ့။ မဆင်းခင်..သူတို့ အားလုံး တွေ့ကြမယ် ..
ဧရာဝတီကို လာခဲ့ တဲ့။ ကိုယ်လည်း ပေါ့ပေါ့ပါးပါး ခရီးဆောင် အိတ်တလုံး ပဲ တွန်းရင်း..ညနေ ၇ နာရီ မှာ..ထွက်ခဲ့တယ်။ တော် သေးတယ်.. အိတ်အကြီးက.. မနေ့ ညထဲက.. left baggage counter မှာ ထားခဲ့တာ။

ဧရာဝတီ ဆိုတာ..ခု နောက်မှ ဖွင့်တဲ့ ဆိုင် အသစ်တွေ ဆိုတော့.. သိပ်မကျွမ်းဘူး။ အရေးထဲ ၀င်ပေါက် မှား နေသေးတယ်။ တဆိုင်လုံးက..လူ အပြည့်။ ဖြန်းကြည့် လည်း.. အရိပ်အယောင် မတွေ့။ တစားပွဲ ချင်း မသိ မသာ ကြည့်လည်း.. တယောက်မှ ဟုတ်ပုံ မရ။ စိတ်ညစ် ညစ် နဲ့ ပြန် ထွက် ဖို့ လုပ်တော့မှ..

အား.. ဒါ..သူ .... သူပဲ။ ယဉ်ပါးနေတဲ့..သူ့ မျက်နှာလေး..။
ပန်ဒိုရာ ပေါ့။ ပန်ဒိုရာ နဲ့ မျက်နှာချင်း ဆိုင် ထိုင်နေတဲ့.. သူကိုတော့.. ကိုပီတိမှန်း သိလိုက်ပြီ။ ဘာလို့ဆို..ဒီည တွေ့မဲ့ အုပ်စု ထဲမှာ..သူ တယောက်ပဲ.. ယောက်ျားလေး ကိုး။ နောက်ပြီး..ကိုပီတိက..တခါ မှ ကို မမြင်ဖူးသေးပေမဲ့.. စိတ်ထဲက..ရင်းနှီးနေတဲ့ မိတ်ဆွေ။ သူ့ပုံစံက..စိတ်ထဲမှာ ရင်းနှီးထားတဲ့ ပုံစံ အတိုင်းပါပဲ။ သိပ် မကွာခြားလှ။ သဘောကောင်း ဖော်ရွေ လွန်းတဲ့.. ပုဂံသားမို့.. ကျန်စစ်သား နဲ့ တောင် အမျိုးတော် မလား ထင်ရ လောက်အောင်..ပုံစံ ဟန်ပန်က..ဗမာဆန် ဆန် ကြည့်ကောင်း တာပဲ။

“ ဟေး.. သူများတို့ ရောက်လာပြီ ..” ဆိုတဲ့ ဖော်ရွေ လှိုက်လှဲ တဲ့ အသံ တခု ကို..အရင် ကြားလိုက်ရတယ်..။ လှည့် ကြည့်လိုက်တော့.. ညီမလေး စိုး နဲ့..ဒီည အစီအစဉ် မှူး ဖြစ်တဲ့ ..မမေ ။ အားလုံး.. ပျော်ရွှင် သွား ကြတယ်။

ဟင်းပွဲ တွေလည်း စုံပြီ။
ညီမလေး က.. သိ ထားတာ ထက်ကို..ပိုပြီး ရွှင်မြူး သွက်လက် .. ချစ်စရာ ကောင်းတဲ့ မိန်းကလေး တယောက်ပဲ။ ပွင့်လင်းတဲ့.. သူ့ စကားလုံး တွေ ကြောင့်..တ၀ါးဝါး အော်ရီ လိုက်ကြတိုင်း..ဘေး စားပွဲ တွေက.. လှမ်း လှမ်း ကြည့် ကြတယ်။ ပန်ပန် က ကျတော့..စကား အများကြီး မပြော ပေ မဲ့လို့.....သူ့ ကဗျာလေး တွေ လို စူးရှ တဲ့.. မျက်လုံး တောက်တောက် လေး တွေ နဲ့.. အသာ နားထောင် လို့။ ကိုယ်လဲ ပျော်ပြီး စိတ်လှုပ်ရှား နေတာ နဲ့ ဘာတွေ စားမိ မှန်းလဲ မသိတော ပါဘူ့း ။ အားလုံး နဲ့ သိနေပြီးသား ဖြစ်တဲ့.. မမေ ကြောင့်ပဲ ပွဲက ပိုမြိုင် နေ တော့တယ်။ ခဏ နေတော့.. စု ဆိုတဲ့..ဘလော့ကာ ညီမငယ် လေး လည်း ရောက် လာတယ်။ သူ လာတော့.. မိတ်ဆက်ရင်း..ပြောစရာ စကား တွေ ပိုများလာတယ်။ တကယ်တော့..သူတို့ လေးယောက်လုံးက.. အရင်ထဲက..အခါ အားလျော်စွာ တွေ့ တက်ကြသူ တွေ ဆိုတော့.. ငယ်ပေါင်း ကြီးဖော် တွေ လို ဖြစ်နေ ကြ တာပေါ့။ ကိုယ်ကတော့..သူတို့ကို ကြည့်ပြီး ပျော်နေတာ ပါ ပဲ။

အဲဒီ ညက.. ဆိုင်ပိတ်ချိန် ၁၀ နာရီ ဘယ်လို ထိုးသွား မှန်း မသိ ပေမဲ့.. အပြင်မှာ အသေအချာ တွေ့လိုက် ကြုံလိုက်ရတဲ့..ဘလော့ကာ သူငယ်ချင်း တွေကို တော့..ရင်ထဲ မှာ နက်နက်ရှိုင်းရှိုင်း ခင်မင် သွားမိတာ.. အသေအချာ သိလိုက်သည်။

မနက်ကတောင်..အပြင်သွားကာနီး..မှန်ရှေ့မှာ.. ပန်ပန် လက်ဆောင်ပေးလိုက် တဲ့.. နှုတ်ခမ်းနီ အကောင်းစားလေးကို ဆိုးဖို့..အဖုံးလေး ကို အသာဖွင့် ရင်း .. ခင်မင် ရင်းနှီး မူ တွေ အကြောင်း..အလေးအနက် တွေး နေ မိ သေးတယ်။ ဘ၀ မှာ ခရီးသွား ဟန်လွှဲ ပဲဖြစ်ဖြစ်..ရှေး ရေစက်ပါလို့ပဲ ဖြစ်ဖြစ်.. မိတ်ဆွေ သူငယ်ချင်း တွေ မကြာခဏ ဆိုသလို ရ တတ်ပေမဲ့.. ကြောင်းကျိုး တိုက်ဆိုင်ပြီး တကယ်ခင်မင် ရင်းနှီးဖို့ ဆိုတာ လွယ်တာ မဟုတ် ဘူး နော်..။

အဲဒီ ညက..သူတို့ တွေ နဲ့ လမ်းခွဲ ပြီး အပြန်မှာ.. တကူးတက.. ဘူတာမှာ လာထိုင်စောင့်ရင်း.. ည ၃ နာရီ ထိ.. မမေ အခန်းမှာ.. ၃ ယောက်သား စကားတွေ မမောတန်း ပြောဖြစ်ခဲ့ ကြတဲ့.. အမ တယောက်လို ခင်မင်ရတဲ့ မခက် ကိုလည်း.. ကျေးဇူး တင် နေ မိတယ်။

Make new friends but keeps these olds ဆိုတဲ့ ကဗျာ ပိုဒ် ကလေးကို ခပ်ဖွဖွ ဆိုရင်း.. တိုးပွားလာတဲ့.. မိတ်ဆွေ သူငယ်ချင်းတွေကို လက်ချိုးရေ နေ မိတော့တယ်။
++++++++++++

( မတန်ခူး ရေးခိုင်းတဲ့ “ မြင်တွေ့ချင်သူများ” ဆိုတာလေး အတွက်.. ရေးလိုက်ပါတယ် )


Share/Bookmark

အပူရှပ်ခြင်း

ပူလောင်တယ်..


နေရောင်က စူးစူးရဲရဲ။ လေတွေပါ.. ပူ မနေတာကိုပဲ ကျေးဇူးတင်မိတယ်။

အပင် ရိပ်တွေ အောက်မှာ တော့..အေးမြနေပုံပါပဲ။ ခံနိုင်ရည် ကောင်းလွန်းတဲ့ အပင်ကြီး တွေက..မရှိမဲ့ ရှိမဲ့ အင်အားနဲ့.. ဒီ မိုးအမှီ အတွက်.. အကိုင်း အခက် အသစ်တွေ.. ဖြစ်ညှစ် ဆန့်ထုတ်ပေး ထားကြတယ်။ သူတို့လည်း တတ်နိုင် သလောက် တော့.. လူတွေကို ကာကွယ် ပေးချင်ကြမယ်ပေါ့..။



ရုန်းကန်ကြ တယ်


အကာအကွယ် မဲ့ တဲ့ လူတချို့သာ..နေပူကျဲကျဲ အောက်မှာ.. ဟို- ဒီ ဖြတ်ကူးဖို့..၀ဲ ယာ အပေါ် အောက် ..ကျီးကန်း တောင်းမှောက်..။ အမည်မသိ..နံပတ် မသိ အမျိုးအစားမသိ တဲ့ ကားတွေကို ရှောင်ရှား ရင်း.. ဓါတ်ငွေ့ကား ကြီးတွေ နောက်.. ပြေးလိုက်သွားကြတယ်။ သူ့တို့ကို..နားသ ပေးမယ်လို့.. အချော့ အလိမ် ခံခဲ့ ရတဲ့..လမ်းမကြီးတွေက တော့.. နားထင်ပေါ်က..စီးကျလာတဲ့..ရေဆိုး ရေပုတ်..စက်ဆီ တွေ နဲ့ အတူ.. ကတ္တရာပူ တွေ ကို..မျက်ရည်လုပ် ကြတယ်။ အဆင်းသား လဲလျောင်းပေးထားတဲ့ သူ့တို့ ကိုယ်ပေါ်ကို ကျကျလာတဲ့.. နီပြစ်ပြစ် ညစ်ထေးထေး..မွှေးတေးတေး အရေအစက်တွေ ကို..မသထီ ပေမဲ့..စိတ်ပျက် လက်ပျက် ၀ဋ် ခံလို့။ စတိုးဆိုင် က မိန်းကလေးငယ်က..သူ ၀ယ်မသုံး နိုင် တဲ့ အလှကုန် ပစ္စည်းတွေ ကို ရောင်း နေတဲ့ အချိန်မှာ...စားသောက်ဆိုင်က.. စားပွဲထိုး လေး တယောက်က.. သူ့မိဘတွေ မစားနိုင်တဲ့..စားဖွယ်ဟင်းလျာ အကျန် တပွဲကို ဘယ်လို ရှင်းလင်း သိမ်းဆည်းမလဲ။



သာယာပါတယ်


ဒါပေမဲ့..မဟော်ဂနီရောင် တောက်နေတဲ့..သစ်သား အခင်း..သစ်သားအကာ..သစ်သား စားပွဲ..သစ်သားထိုင်ခုံ တွေနဲ့ ဆိုင်ထဲမှာ လူတွေ က လဲ မဟော်ဂနီရောက် တောက်လို့။ လိုချင်တယ်ဆိုရင်..ပန်းကနုတ်နဲ့ ကတ္တီပါဖုံတောင် ထိုင် နိုင်သေးတယ်။ ဂဏန်းတွေလဲ..လတ်လတ်ဆတ်ဆတ် ပင်လယ်ထဲက..ပြေးတက်လာကြတယ်။ အဲဒီလောက် မြိန်ယှက် ချိုင့်ဝှမ်း တဲ့ စားသောက်ဆိုင်လေးလဲ..ဒီမှာ ရှိနေတယ် ဆိုတာ..ဘုရားသခင် သိပါတယ်။ လတ်ဆတ်တဲ့ ဂဏန်း အတွက် လွယ်ကူ တဲ့ ပိုက်ဆံ ဂဏန်း ဘယ်နှယ်လုံး ပေးရတယ် ဆိုတာလဲ.. သူ သိ မှာပါ လေ...။



နားထောင်ရတယ်


မနက်စောစောမှာ..ကျိုးကျိုးကျီကျီ ငှက်သံ ကလေးတွေ ကို ကြားရ တက်ပေမဲ့...အချက်ပြ အလင်း ဘတ်သီးလေး ငြိမ်းသွားတာနဲ့... ဈေးဝယ်တယောက်ကို တွေ့လို့..ဈေးအပြိုင်ခေါ်တဲ့ ဘုရားဈေးသည် တွေ ရဲ့ အသံတွေလို.. အလုအယက် စွမ်းအင်တွေ..ခုတ်မောင်းကြတာများ.. စက်မူဗေဒ..စွမ်းအင်ဗေဒ..အသံဗေဒ..တွေ ထွန်းကား နေပုံ ။ ညဖက် ကျ ပြန် တော့... ဟိုဟို ဒီဒီ ..ကျလိ ကျလိ နဲ့.. လေလှိုင်းတွေထဲ.. မျှော်လင့်ချက်တွေ.. ဖမ်းကြ ။ တချို့က..ရုပ်ရှင် ကြည့် ကြမယ်..တချို့က..ဘောလုံးပွဲ စောင့် အားပေးမယ်။ ဖျော်ဖြေရေးတွေ များတဲ့ ခေတ်ကြီး ထဲမှာ.. ဖြေဖျော်ရေး ကိုသာ..တွေ့ အောင် ရှာကြပါလေ။



ဖတ်ရှု ကြတယ်


ဖတ်စရာ တွေ.. တနေ့ကို အစောင် ၂၀၀ ထွက်ရင်..အနဲဆုံး ၂ စောင်လောက်တော့..ဖတ် လိုက်ရ မှပေါ့။ ဖွံဖြိုးရေးလုပ်ငန်းတွေကို အန်ဂျီအိုတွေ..လုပ်နေကြတယ် ဆိုပဲ.. ။ အဆင့်မြင့် ဟိုတည်ကြီးပေါ်မှာလည်း..မျက်နှာချေ တွေ အကြီးအကျယ် ရောင်းကြတယ် ကော။ မင်းသမီး တွေ စာရွက်ထူ ကြီးတွေပေါ်မှာ.. အကျီ င်္ တွေ ၀တ်ပြတာ.. ပစ္စည်းတွေ သုံးပြထားတာ.. ဖတ်ကြည့်စရာ တောင် မလို.. မြင်တာနဲ့တင်..စိတ်ချမ်းသာ စရာ ကောင်းလှ တယ်။



ကိုင်းရှိုင်းကြတယ်


အမြဲတမ်း လူတွေ ပြည့်နေ တတ်တဲ့ ရင်ပြင်တော်ကြီး ပေါ်မှာ.. ခုလည်း ပြည့် နေတာပါပဲလား။ ဘာဖြစ်လို့..ဟောဟိုက..အကွက်လေးမှာပဲ လူတွေ စုပြုံ ရှိခိုးနေကြပါလိမ့်။ ယတြာပွဲတွေ အားလုံးမှာ လည်း.. အထမြောက် ခြင်းတွေ ရှိနေ ရ မှာပေါ့ နော်..။ အင်း ဖရောင်းတိုင် တွေ.. မငြိမ်းမချင်း..အဓိဌါန် တွေက.. အပြန်ပြန် အလှန်လှန် ။ ရေကုသိုလ်..မီးကုသိုလ်..ပန်းကုသိုလ်..ငွေကုသိုလ်.. ဘာနဲ့ ကုသိုလ် လုပ်ရင် ကောင်းမလဲ။





သူတို့တွေ ဘာလုပ်နေကြတာ ပါလိမ့် .. ရွှေပြား ကပ်တာလား..ရွှေပြား ခွါတာလား.. တခုခု တော့ ကိစ္စ ရှိမှာပေါ့လေ။ ဒီနေရာကို ရောက်အောင် လာကြတယ်.. မြင်အောင် ဖူးကြတယ်.. နီးအောင် ကပ်ကြတယ်.. ။ ဒါဆို..အဲဒီ လူတွေကို.. မပြည့် နိုင် တဲ့ ဆုတောင်းတွေ အတွက်.. ဒီကနေ.. လှမ်းဆုတောင်းခိုင်းလိုက်ရင်.. ပိုများ ပြည့်လေ မလား။



မိတ်ဆွေဖြစ်ကြတယ်


ခင်ရာဆွေမျိုးတဲ့။ ဆွေမျိုးချင်း မခင် တဲ့ မိသားစု တွေ လည်း ရှိတယ်လေ..။ တချို့ဆို ဆွေမျိုးမတော်ပေမဲ့....ကလေး ကျောင်းပို့ရင်း.. မိတ်ဆွေ ဖြစ် ကြတယ်။ တချို့ကတော့.. ငွေတွေနဲ့ မိတ်ဆွေ ၀ယ်လို့ရတယ်လို့ ပြောမယ်။ တချို့က.. စားရင်းသောက်ရင်း..တ၀ိုင်းစာ ရှင်းတော့.. အကူအညီ လိုတိုင်း မိတ်ဆွေ ဖြစ်တယ်။ သွားရင်း လာရင်း.. နံပတ် အကြောင်း ပြောလိုက်ရင်..ဘာမှ သိဖို့မလို..ဆွေမျိုးချက်ချင်း ဖြစ်သတဲ့။ တချို့ကတော့..ရုန်းကန်ခြင်းတွေ အပြန်အလှန် ဖောက်သည်ချ ရင်း..ကျောချင်းကပ်မိ ကြတယ်။ ချို့တဲ့ခြင်းတွေ..အပေးအယူ လုပ် မိလို့..မိတ်ပျက်သူတွေ လည်း..ဒု နဲ့ ဒေး။



လွမ်းတယ်


တနေရာကို လာပြီး..တနေရာကို ပြန်သွားရင်..သွားတဲ့သူ နဲ့ ကျန်ခဲ့တဲ့သူ..ဘယ်သူက..ပိုလွမ်းရ မလဲ။ ဘယ်သူကပဲ ပိုလွမ်းလွမ်း.. တချိန်ချိန်မှာတော့.. နေရာတခုကနေ .. ထွက်သွား ရမှာပါပဲလေ။ ဒါပေမဲ့..ဒီ နေရာ..ဒီဒေသမှာမှ..ဘာလို့များ လွမ်းခိုးတွေက..ပိုပြီး မှိုင်းမှုံနေရ တာလဲ။





အလွမ်းငွေ့တွေ..သောက အပူတွေ နဲ့ လေထု ညစ်ညမ်းနေ တဲ့ ကောင်းကင် ကြီးက.. အိုဇုန်းလွှာ မပေါက်ခင်တော့.. ဖန်လုံအိမ် အာနိသင် မသက်ရောက်ခင် တော့.. ၀င်းပ ကြည်လင် တဲ့.. နေ့တနေ့ကို..တောင့်တ ရှာ မပေါ့။ ၀မ်းမြောက်မူ တွေ..လွတ်လပ်ပျော်ရွှင်မူ တွေက သာ..အစားထိုး လောင်စာ ဖြစ်လာခဲ့ ရင်..ဒီ ကောင်းကင် ကြီးလဲ..ဘယ် ညစ်ညမ်း ပါတော့ မလဲ။



အပူရှပ်တယ်


ခန္ဖာကိုယ်မှာ ပူလိုက် အေးလိုက် ဖြစ်ရင် အပူရှပ် တတ်တယ်။ ဒါဟာ ဖျားနာခြင်း တမျိုးပါပဲ။ ခံစားချက်တွေ ပူလိုက် အေးလိုက် ဖြစ်တော့လည်း နှလုံးသားက..အပူရှပ် တော့မပေါ့။ အထိ အတွေ့ တွေ ကလည်း နီးလိုက်

ဝေးလိုက်..။ အကြား အသိ တွေ ကလည်း.. တိုးလိုက် ကျယ်လိုက်။ စိန်ပန်းတွေ ရဲရဲ နီ နေတဲ့..လမ်း ကလေးတွေ ကို မြင်ယောင် ရင်း..၀က်သစ်ချ ရွက်တွေ ကြွေ နေတာကို ဘယ်လို ခံစားပေးရ မလဲ မသိနိုင် အောင် ဖြစ်နေတယ်။ သေချာပါတယ်.. ဒါ.. အပူရှပ်နေ တာ။ ရောက်ချင် တဲ့ နေရာကို ရောက်ခဲ့ တာလဲ မပျော်လာ သေးဘူးလား..တဲ့။ ပျော်တယ် ဆိုတာ..အဲလောက် လွယ် လို့လား..။ မပျော်တတ်တဲ့ သူ တယောက်ကို ခွင့်လွှတ် ပါ ကွယ်။




Share/Bookmark
Related Posts Plugin for WordPress, Blogger...
 
K