တက္ကသိုလ် သီချင်းများ (1)

ကံ့ကော်ရွာ..မြသီလာ..မြရိပ်ဝန်း..အမည်တွေ..မှည့်လို့..ဖွဲ့လို့..တင်စားလို့ မကုန်တဲ့..တက္ကသီလာ..မြကျွန်းသာ ကြီး ရဲ့ အလှ နဲ့ နက်ရှိုင်းမူ ကို.. မကြုံဖူး..မသိဖူး သော.. သူတချို့အတွက်..သီချင်း တွေ နားထောင်ကြည့်ရင် များ.. ဘယ်လို နေမလဲ လို့ပါ.. ( ညီမ စိုး နဲ့..ညီမ မကြေးမုံ ရေ.. နဲနဲလောက်တော့.. နားထောင် ခံစားကြည့်ပေးပါ အုံး..)း)



ဒီအခွေက.. ရှားပါး အခွေပါ..။ စင်ကာပူ ( ရတနာ) က..ထုတ်ဝေဖြန့်ချီပြီး..အဲဒီ စင်ကာပူ ဆိုင်ကပဲ.. ၉၉ လောက်က..၀ယ်ထားခဲ့တာပါ..။ ဖြစ်ချင်တော့.. ခေတ်ပေါ် နဲ့..ခေတ်ဟောင်း စတိုင် ၂ ခွေပါတာမှာ.. ခေတ်ပေါ်ခွေကို.. စင်ကာပူက..၇န်ကုန် တက္ကသိုလ် မသိဖူး..မကြုံဖူးတဲ့...ပိုလီ ညီမတွေ ..NUS ညီမတွေကို..ပေး နားထောင် လိုက်တာ..ဖျေက်ပစ်ပါလေ ရော.. ဆိုးလိုက်တာ..။ အခု ဘယ်မှာ မှ..ပြန်ရှာ လို့ မရတော့ပါဘူး။



အခု..လက်ထဲမှာ ကျန်ခဲ့တဲ့.. “မြရိပ်ဝန်းကို လွမ်းပါသည်” ထဲက..သီချင်းတွေ ကို တင်ပေးပါ့မယ်။ “တချိန်တုန်းက တက္ကသိုလ်” ကတော့.. စာသားပဲ နောက်တခေါက် တင်ပေးပါ့မယ်..။ တခါတည်း ဆိုတော့.. များလွန်းနေမယ်..။ တကယ်တော့.. မြရိပ်ဝန်း က..ပို နားထောင် ကောင်းတာပါ.. ။ သိဖူးသူများ..ပြန်လည် ခံစားဖို့ နဲ့..မသိသူများ.. မြည်းစမ်း ကြည့်ဖို့..း)







အင်းလျားမှာ ဆုံစို့ကွယ်




မြရိပ်ဝန်းကို လွမ်းပါသည်




သစ္စာမြေ



တက္ကသိုလ်မှာ ဝေတဲ့နှင်း



စိန်ရတု တက္ကသိုလ်



ကံ့ကော်မြိုင်တန်း





နွေကျောင်းပိတ်ရက် မလိုချင်ပါ






ချစ်ရက်ရှည်ရှည် အင်းယားမြေ




မြကျွန်းညိုညို တက္ကသိုလ်


တက္ကသိုလ်ကျောင်းက..ငွေလမင်း



စကားမစပ်.. သီချင်း တွေ တင်ချင်လို့..ရှာဖွေလေ တွေ့ရှိလေ လုပ်လိုက်တာ.. ခု တင်ထားတဲ့..apture ဆိုတာသွားရတယ်။ သိပ်ကောင်းတဲ့....app ။ ..blogger ထဲမှာ.. တခါတည်း ထဲ့ လိုက်ရတာ.. audio တင်မက.. media file အမျိုးမျိုး ကို..လင့် လို့ ရတယ်။ လှတယ်..သပ်ရပ်တယ်။


+++++++++++++

သို့သော်လည်း Hosting ပြသာနာကြောင့်.. esnips နဲ့ပဲ တစုတည်း ပြန်တင်ပေး လိုက်ပါတယ်။း)

Powered by eSnips.com


Share/Bookmark

စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်(၁၃)

ဒုက္ခပါပဲ..
စာတွေ ကလည်း..ခေါင်းထဲမှာ အကုန် ရော ကုန်ပြီ...

ဒီ..ဧရာဝတီ ဖော်မေးရှင်း ကြီးကလည်း.. အိုးဘိုတွေရော ..ကျောက်ကုတ် တွေရော ..Reddish brown.. ...yellowish brown... ရှုပ်နေတာပဲ...။ purple plain လို့ပဲ... ဖြေ ပြစ်လိုက် တော့ မယ် ။ ဟုတ်တယ်… စိတ်တိုလာပြီ....။ literature တွေ ဘာတွေ ယူလို့ ရခဲ့ ရင်လဲ ကောင်းသား။ တော်ပါပြီ...ခုမှတော့.. လွမ်းမနေပါနဲ့တော့... ကျောင်းပြီးဖို့ပဲ တတန်း ကျန်တော့တာ..။ ၈ တန်းထဲက..ဘာမှန်းလဲ မသိ..သိပ္ပံ.. သိပ္ပံ နဲ့…ဖြစ်နေ ရတာ။

တော်အုံးမယ် ကွာ... တော်နေကြာ ၉ နာရီ ထိုးရင်..လက်ဖက်ရည် နဲ့ မုန့် ပေးတော့မှာ..။ အဲဒါ ပြီးမှ ပြန်ကျက်တော့မယ်...။ အလိုလို မှ..ဒီနေ့ ဘာဖြစ်နေ တယ်ရယ် မသိ.. ဘာကိုမှ စိတ်မပါ ချင် ဖြစ်နေတာ..။

စာအုပ်ကို ခဏ ပိတ်...အကြောဆန့်ရင်း..အပြင်ဖက် လှမ်းကြည့်တော့.. မဖြူတယောက်..၀ရံတာမှာ..ဟိုဖက် လျှောက်လိုက်..ဒီဖက် လျှောက်လိုက်...။ မဖြူက..အသံ နဲနဲ ထွက်ပြီး..အလွတ်ကျက်သူ..။ သူကတော့...ခပ်ဖွဖွ ပြောရင်း..စာအုပ် မှာ ချရေးပြီး ကျက်သူ။ စာအုပ်တော့...တော်တော်ကုန်သည်။ တချို့ တော့..ကျောက်သင်ပုန်း..ကျောက်တံ တဒေါက်ဒေါက် နဲ့ ချရေး ကျက်တာ တွေ့သည်။ ကျောက်သား ခြင်း ထိတဲ့.... အသံက.. ကျလိ..ကျလိ နဲ့ အူယားချင်စရာ ကောင်းသလို..နားလည်း ငြီး လှသည်။



~~ မာလာနဲ့ … အင်းလျားဖက်မှာ ..
တေးကလေး ကြွှေးကြော်သူတွေရယ်
နှုတ်ဆက်မျက်ရည် ~~~
အလွမ်း သီချင်းလေး တွေ သီဆို ခဲ့..ဘ၀ သောင်ယံ ~~
..တေးသမားလေးတွေ...သီကျူးရင့်သံ~~~



အဲ...ဒီရက်ကြီး ထဲမလဲ...ဘယ် သကောင့်သား တွေ ...အဆောင်ရှေ့ လာ သီချင်း ဆို နေနိုင် ကြ သေး လဲ မသိဘူး။ အပြင် က လူ တွေ ပဲ ဖြစ်မှာ ပေါ့ ...။

........
...
..
..
..
..
..









 


Share/Bookmark

၄၇ နှစ်မြောက် မင်းကိုနိုင် မှသည်....

ရေးသားသူ- နီဇူလိုင်
-
ဒီမို ကရက်တစ် မြန်မာ့ အသံက ထုပ်လွှင့်တဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၇ နှစ် မြောက် မွေးနေ့ အစီအစဉ်မှာ မွေးနေ့ရှင် မရှိဘဲ သူ့အိမ်မှာ မွေးနေ့ပွဲ ကျင်းပ နေရတဲ့ ပုံရိပ်တွေ ထဲက ကိုမင်းကိုနိုင် အမေရဲ့  မျက်နှာကို ကြည့်၇င်း နိုင်ငံရေး ခံယူချက် တွေ အသာထား… ရင်နဲ့ လွယ်မွေး ခဲ့ရတဲ့ သားတယောက် အမေရဲ့  သောကတွေ ကို မျှဝေ ခံစား မိပါတယ်။ သူမရဲ့ သားကလဲ သူ့ အသက်ရဲ့ ထက်ဝက် လောက်နှစ်တွေ ကို နံရံ လေးဖက် ကြားမှာ သူ့ကိုယ်ကျိုး လုံးလုံးမပါဘဲ မြှုပ်နှံ ထားရ ရှာတာကိုး။ မြန်မာပြည် ထဲမှာ ဒီလို အမေ မျိုးတွေ၊ ဒီလို သား သမီး မျိုးတွေ၊ ဒီလို မိသားစု မျိုးတွေ အများကြီး...အများကြီး ပါလား။
-
+++ ++++
-
ရှင်လိင် ပြန်တဲ့ နေ့ကို မကြုံဘူး ပေမဲ့ ထောင်က လွတ်တဲ့နေ့ ကိုတော့ ခံစား ဘူးတာကြောင့် မြန်မာနိုင်ငံ ထဲက ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေ အားလုံး ရဲ့ လွတ်မြောက် ရေး ကို အင်မတန် လိုလားပါတယ်။ ကိုယ် တတ်စွမ်း သမျှကူညီ ဖေးမ ပေးချင် ပါတယ်။
-
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ရက် နေ့က ``နိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၇၁၁၄ဦး အား ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်း သက်သာခွင့် ပြုခြင်း´´ဆိုတဲ့ သတင်း ကြောင့် သူတို့ ပြောတဲ့ နိုင်ငံသား အကျဉ်းသား တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် များ ပါမလဲလို့ သတင်း တွေကို နား တစွင့်စွင့် ပေါ့။

နောက်ဆုံးတော့ လွှတ်ပေး ခံရသူ ၇၀၀၀ ကျော်ထဲမှာ ၁၀၀ ကျော်ဘဲ နိုင်ငံရေး အကျဉ်းသား ပါပါတယ်။ မလွှတ်ချင် လွှတ်ချင် ဟန်ပြ လွှတ်ရတာ ဆိုတော့ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) ကြီးကို တောင်ကျောပိုး ပေးလိုက် ပါသေးတယ်။

+++ ++++
-
အရင်က ကြားဘူးတဲ့``လွတ်ငြိမ်းချမ်းသာခွင့်´´ဆိုတာနဲ့ ခု သူတို့ ကြေညာတဲ့ ``လွတ်ငြိမ်းသက်သာခွင့်´´ ဘယ်လို ကွဲပြား ခြားနား နေသလဲ ဆိုတာ စူးစမ်းမိတော့… ဖခင်ဖြစ်သူ က သူ့ စာအုပ်စင် က ``ရာဇ၀တ် ကျင့်ထုံး ကိုဓဥပဒေ´´ဆိုတဲ့ စာအုပ်ရယ်၊ မြန်မာ့ သမိုင်း အဖွဲ့က ထုပ်တဲ့ ``မြန်မာ့ နိုင်ငံေ၇း စနစ် ပြောင်း ကာလ(၁၉၆၂-၁၉၇၄)´´ ဆိုတဲ့ စာအုပ်ရယ်.. မြန်မာ့ အလင်း သတင်းစာ ထဲက အကျဉ်းသားတွေ လွှတ်ပေးတဲ့ သတင်းစာ ဖြတ်ပိုင်း လေးရယ် ယှဉ်ဖတ် ကြည့်ဖို့ ပေးပါတယ်။
-
ဒီတော့မှ ၁၉၆၃ ခု ဧပြီလ (၁)ရက် နေ့စွဲနဲ့ တော်လှန်ရေး ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ``အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်´´ကို ဖတ်မိပါတယ်။ ``အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်(General am-nesty)´´လို့ ဆိုပါတယ်။

အချုပ် ပြောရရင် အဲဒီတုံးက ထုတ်ပြန် ခဲ့တဲ့ ``အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်´´ ဆိုတာ အမိန့် တရပ်ကို ထုတ်ပြန်ပြီး တနိုင်ငံလုံး မှာရှိတဲ့ အကျဉ်းထောင် တွေထဲက အကျဉ်းကျခံ အားလုံး (လူသတ်မှု၊ မုဒိမ်းမှုလို လူတဦးအား ထိခိုက် နစ်နာ စေသည့် ပြစ်မှု မျိုးရယ်၊ ပုဂ္ဂလိကပိုင် ပစ္စည်း ဆုံးရှုံး စေသည့် ပြစ်မှု မျိုးရယ် ကလွဲလို့) ကွင်းလုံးကျွတ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက် တာပါ။

လက်နက်ကိုင် တိုက်ခိုက် ခဲ့သူများကို တောင် သတ်မှတ် ရက်မှာ လက်နက် ပြန်အပ် စေပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ တာပါ။ တော်လှန်ရေး ကောင်စီက အမျိုးသား စည်းလုံး ညီညွတ်ရေးကို ထူထောင်ရန် “အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်” အမိန့်ကို ထုတ်ပြန် ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ စေတနာ သိပ်မမှန် တော့ အမိန့်နဲ့ နဲနဲ လွဲချော်ပြီး နိုင်ငံတော် လုံခြုံရေး အက် ဥပဒေအရ ထိန်းသိမ်း ထားသူ တချို့ မပါ ပါဘူး။ ဒါပေမဲ့ နိုင်ငံရေ အကျဉ်းသား တော်တော် များများကို လွှတ်ပါတယ်။ ထင်ရှားတဲ့ ဆရာ ရာဂျန်တို့၊ ဗိုလ်မှုး ချစ်ကောင်း တို့ဆို ၁၉၆၃ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ လွတ် လာတာပါ။ အဲဒီ အမိန့် ထုတ်စဉ်က တနိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းသား (၁၂၀၀၀) ခန့်ကို တခါ လွှတ်ပေး ဘူးပြီး၊ ၁၉၈၈ လူထု လှုပ်ရှား မှုကြီး အပြီးမှာလဲ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် နဲ့ ထောင်တွေ ခါခဲ့ ဘူးပါတယ်။
-
ယခု စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန် ခဲ့တဲ့ လွတ်ငြိမ်း သက်သာခွင့် အမိန့် ကတော့ ရာဇ၀တ် ကျင့်ထုံး ကိုဓ ဥပဒေပါ ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ လူအချို့ ကိုသာ လွှတ်ပေး တာပါ။ အားလုံးကို လွတ်ငြိမ်း ချမ်း သာခွင့် ပေးတာ မဟုတ်ပါဘူး။
-
+++ ++++
-
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေဟာ ဘာလက်နက်မှ စွဲကိုင် မထား ကြပါဘူး။ လက်နက် စွဲကိုင်ထား သူတွေကိုတောင် အပစ်အခပ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူထား သေးတာ အမျိုးသား ရင်ကြားစေ့ရေးကို တကယ် လိုလားရင် လက်နက်မဲ့တဲ့ နိုင်ငံရေး အယူအဆ မတူသူ တွေနဲ့လဲ မျက်နှာ ချင်းဆိုင် ဆွေးနွေး သင့်တာပေါ့။
-
တိုင်းပြည် ကောင်းကျိုးကို တကယ် လိုလားရင် ပြစ်မှု အမျိုးမျိုးနဲ့ လုပ်ကြံ စွဲဆို အကျဉ်းချ ထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုပ်ပြန်ပြီး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေး သင့်တာပေါ့။ ဒါမှ စောင့်ကြည့် နေတဲ့ ကမ္ဘာက ယုံကြည်မှုကို ရမှာပေါ့။
-
အမေ့အိမ်ကို လွမ်းရက်နဲ့ ပြန်မလာ နိုင်သေးတဲ့ အဝေးရောက် သားသမီးတွေ ကိုလဲ လက်ကမ်း ကြိုဆို သင့်တာ ပေါ့။ ကွဲကွာ နေတဲ့ မိသားစု တွေကို သောက ကင်းကင်းနဲ့ ပျော်ပျော် ရွှင်ရွှင် ထမင်း လက်ဆုံ စားခွင့် မြန်မြန် ရစေ့ ချင်ပါပြီ။


Share/Bookmark

စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၂)



“ အခန်း ၄၆… နောက်ပေါက်မှာ ဧည့်သည်..”

ရိုးကောလ် ခန်း အလယ် ပေါက်ကနေ.. အဆောင် အလယ် ကွင်းပြင်ကြီးကို လွှမ်း အောင်..အော်လိုက်တဲ့.. ကျောင်းသူ တယောက်ရဲ့ အသံ က..ကျယ်လောင် လှပေမဲ့.. အခန်းထဲက အမြန်ပြေး ထွက် ပြီး ..အပေါ်ထပ် ၀ရံတာ က..လှမ်းကြည့်တော့.. လူ မမြင်ရတော့။

ဒီနေ့ညနေ ..ရေလေး ဘာလေး စောစော ချိုး.. သနပ်ခါးတွေ ဘာတွေ လိမ်းပြီး.. စာကျက် မလို့..စာအုပ် ကိုင်ကာ ရှိသေး…။ ကိုတိုး တို့လည်း မဖြစ်နိုင်.. သူတို့ လဲ..ဒီအချိန် စာ အသဲအသန် ကျက်နေရ တော့မှာ.. ။ ပင်းယ ဆောင်က.. ဟို..လူကြီး များလား မသိ..။ တနေ့ကလည်း.. အချဉ်ထုပ် တွေ.. တထောကြီး လာပေး သွားတယ်။ မဖြူကလည်း.. သူ့လက်ထဲက..စာအုပ်ကို စိတ်မပါ လက်မပါ.. လှန်နေရင်း..
-
“ မှုံကြီး တို့ တော့..မဖြစ်နိုင်ဘူးဟ.. ဒါမဲ့.. ဆင်းမယ်ဟာ.. ပျင်းတယ်..လက်ဖက်ရည် လည်း ၀ယ်ရ အုံးမှာ.. ”
-
ထုံးစံ အတိုင်း..ပျော်ပွဲ ရွှင်ပွဲ တွေ..ဒင်နာ တွေ ပြီးတော့.. စာမေးပွဲ ကြီးက..ရောက် လာပြန်ပြီ။ အခု ထက်ထိ နှုတ်တိုက် ကျက် နေရတဲ့.. စာတွေကို စိတ်ပဲ ညစ်လှပြီ။ စာကို ဖတ်ပြီးတော့ပဲ နားလည်ချင်တာ..။ ဆရာ ဦးမင်းဆွေ ပြောတဲ့..သူတို့ နိုင်ငံခြားမှာ သင်ခဲ့ရတဲ့..Open book ဆိုတာမျိုး..လုပ်ကြည့် ချင်လိုက်တာ။ အောနပ်စ် တန်းတွေ မှာ တော့..တ ဘာသာ လုပ်တယ်လို့ ရီမွန် ပြောပြော နေတာပဲ..။ အင်း..ဆရာတွေကလည်း..အောနပ်စ် မှ အထင်ကြီး တာ..ကျောင်းသား ထင်တာ.. ။ နေပေါ့ဟာ…။

အကွက်စိ တဲ့..မဖြူ ကတော့.. စိသလား မမေးနဲ့..။ အပြန် တခါတည်း..ညစာ တင်ဖို့..ထမင်းချိုင့် ပါ ယူလာတယ်။ ခုတလော လည်း.. အိမ်မပြန် ဖြစ်တာနဲ့.. မဖြူ ..သူ့ဖာသူ အိမ် ပြန်ပြီး ချက် ယူလာတဲ့..ဆိုက်ပေါ့..( တရုတ်ရိုးရာ မုန်လာဥ ခြောက်ဟင်း) နဲ့ ချဉ်ပေါင်ကျော် ပဲ ကပ် တုတ်နေရ သည်။ ကိုယ့်ကို ဟင်းလုပ်ပေးနေကျ.. မယု လည်း.. ကျောင်းပြီး သွားပြီ ဆိုတော့..ကွာလဖိုင်းတန်း ဆက်တက်မလား ဘာလား.. ကိစ္စတွေ ရှုပ်ရင်း.. နယ် ပြန်သွားတော့.. စာမေးပွဲ နီးမှ.. သူ ဟင်းငတ် နေသည်လေ။

ညနေ လေးနာရီထဲက.. ဟင်းတွေ စချပြီ ဆိုတော့..ထမင်းစားခန်း ထဲမှာ..တချို့ ညစာ စောစော စားတဲ့ လူတွေ တောင် ရောက်နေကြပြီ။ မမနန္ဒာ ကို.. တပတ်တခါ သူ့အိမ်က လာပို့ တတ်တဲ့.... စတီး လေးဆင့်ချိုင့် ကြီး နဲ့ တွေ့လိုက်တော့.. ဗိုက်တောင် ဆာချင် သွားပြီ။ “ညကျ လာစားမယ်နော်..မ” လို့.. လှမ်းစ ရင်း..ထမင်းစားခန်း ထဲ.. ဟိုငေး ဒီငေး လုပ်နေတဲ့ အချိန်မှာ.. မဖြူကတော့.. ၀က်သားနဲ့ ဗုံလုံသီး ဟင်း ကို..ချိုင့်တွေထဲ ထဲ့ပြီးလို့..ထမင်းစားခန်း စောင့်ပေးနေတဲ့..အန်တီ မြ ဆီမှာတောင်..အပ်ပြီးသွားပြီ။

အဆောင် နောက်ပေါက်မှာတော့ ..နောက်ဆုံးနှစ် က.. မမ တွေသာ ပို အလုပ်များ နေကြသည်။ စာမေးပွဲ အတွက် ပူရတာ တမျိုး ..ချစ်သူ..ဒါမှမဟုတ်..ချစ်သူ မဖြစ်တဖြစ်လေးတွေ နဲ့.. ခွဲရေ တာ့မှာက..တခက်.. ။ နောက်ပေါက် တဲ့တဲ့က.. ပါမောက္ခ အိမ် ရဲ့ ရှေ့အုတ်ခုံ လည်း မလွတ်.. ။ အင်းဝ ဆောင်ရှေ့ဖက်..ကံ့ကော်ပင်တွေ အောက်မှာ လည်း မတ်တပ်..။ ULB သွားတဲ့ လမ်းလေး ထဲမှာ လည်း..ဟိုနား..ဒီနား..။ တချို့က..ပုဂံလမ်း ဖက် ကို ဦးတည်လို့..။ ဆံပင် ကောက်ကောက်.. ဖင်ကောက်ကောက်လေး နဲ့..ဒေးဒရဲ Queen ဆိုတဲ့..အမ ကြီး ဆီ ညနေတိုင်း လာတဲ့.. RIT က..အကိုကြီး လည်း ရောက်နေ ပြီ .. ခင်တောင် နေပြီ လေ..

“ အမ..ရေချိုးတုန်း.. နောက်တနာရီ လောက် စောင့်အုန်း..” လို့ နောက်တော့.. ပြုံးနေတယ်။

“ဟိုမှာ .. မထိုက် တို့အတွဲ ..” လို့..မဖြူ ပြတဲ့ ဖက်ကို လှမ်းကြည့်တော့.. သိပ္ပံ ကန်တန်းန် ဘေးက.. စာသင်ဆောင် တွေ ကြားထဲမှာ.. ဒဂုန်ဆောင်က..အကိုကြီး နဲ့..။

“ နေအုံး..ငါတို့ ဧည့်သည် ဆိုတာ.. ဘယ်သူလဲ မသိဘူး…”

သူတို့ နှစ်ယောက်..ဟို ရှာ..ဒီရှာ လုပ်နေတုန်း မှ.. ဟိုးဖက်.. အင်းဝ မုခ်ဦး အောက်က..ထ လာတဲ့.. ကိုအေးဇော်ဟန် ကို လှမ်းမြင်လိုက် ကြသည်။ အတော်တော့ အံ့သြသွားမိ သည်။ သူတို့လည်း..အောနပ်စ် တန်းတွေ..စာတွေ နဲ့ လုံးပန်းနေကြ မှာပဲ လို့ ထင်နေတာ.. ပြီးတော့.. သိပ်ပြီးတော့ လည်း လာလေ့ ရှိတာ မဟုတ်ဘူး လေ..။ အေးလေ.. ဘယ်သူ့ဆီ လာတာမှန်း မှ မသိတာ…အခန်း ၄၆ လို့ပဲ ခေါ်တာ ကို... ။ မဖြူ မျက်နှာ ကို လှမ်းကြည့်တော့.. သွားထက်လေးတွေ အကုန်ပေါ်အောင် ပြုံးနေလိုက်တာ..။
-
..
.
.
.
.
.
.
.
.







 


Share/Bookmark

စိန်ပန်းနဲ့ ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၁)

“ ဒါကတော့.. မပြောတတ် ဘူးလေ…ဆရာပဲ.. ရွေးချယ် ဆုံးဖြတ် ရမှာ..”


“ အေးလေ..ဟုတ်ပါတယ်…”

ဆရာ့ မျက်လုံး တွေက..မှိုင်းရီ နေ သည်။ ဆံပင်တွေ ကလည်း သိပ်မသေသပ်ချင်။ မန္တလေး ရှပ် အဖြူ ရောင် ရဲ့ အပေါ်ဆုံး ကြယ်သီး တလုံးက..အပ်ချည် ချောင်ပြီး.. နေရာတကျ ရှိမနေ တာကိုလည်း.. မြင်မိ နေပြန် ပါပြီ။
အော်..ခက်လိုက်တာ..။ လောကကြီးကလည်း ခက်စရာ မရှိ ရှာကြံ ခက်နေပါပေါ့ ။

အဲ… သူ့အတွေးတွေ က..ဘယ်လိုလုပ် ကိုတိုး ပါးစပ် ထဲ ရောက်သွား ရပြန်တာ လဲ…

“ ဆရာကလဲ ဗျာ..ခက်စရာ မရှိ ရှာကြံ ခက်နေပြန်ပါတယ်…. သွားလိုက်ပေါ့.. သူတို့ စီစဉ်ပေးတဲ့ အတိုင်း လုပ်လိုက်..လွယ်လွယ်လေး.. ”

“ အေးပါ..ငါ စဉ်းစား ပါ အုံးမယ် ကွာ..”

တကယ်တော့ လည်း.. ဒီလောက် လွယ်လွယ် ဆုံးဖြတ် ဖို့ တော့..ဆရာအတွက် ဘယ်လွယ်ပါ့ မလဲလေ.. မာစတာ သီးစစ်စ် ကြီးက.. Mid-way defense တောင်ပြီး ပြီ ဆိုတော့.. အတော် ခရီးပေါက်နေပြီ။ နောက်ပြီး.. ဆရာ့ အမေ မုဆိုးမကြီး နဲ့.. အမ အပျိုကြီး ကရော.. သဘောတူ ပါ့မလား..။ သူ သိသလောက်တော့.. အဲဒီ ဆရာမကြီး က..တော်တော် တင်း ပြီး .. ပြတ် တယ် တဲ့…။ ဖေဖေ တို့တွေ နဲ့ ကျောင်းမှာ ခင် ကတည်းက.. ခပ်မာမာ အမျိုးသမီး လို့ ပြောဖူးသည်။ ဆရာ့ ကျကာ မှ ဘယ်လို ဖြစ်သလဲ မသိ။

ဘာပဲပြောပြော..ဟို..အမကြီး တို့ ဖက်က.. ဆရာ စင်ကာပူ သွား အလုပ်လုပ် ဖို့ ..အကုန် တာဝန်ယူ လုပ်ပေး မယ် ဆိုတာ..၀မ်းသာစရာပါ ပဲလေ…။ ခက်တာက.. အခု ချက်ခြင်း အလုပ်ထွက် ရမယ်.. မာစတာ လည်း ပြီးအောင် စောင့်မနေနဲ့ တော့ ဆိုတာ ကြတော့..သိပ် မဟုတ်သေးပါ ဘူး… ။ ဆရာ စိတ်ကူးယဉ် ထားတဲ့.. တက္ကသိုလ် ကထိက ဘ၀ ဆိုတာ ကိုရော.. ဘယ်.. လွယ်လွယ် စွန့်ပြစ် နိုင် ပါ့ မလဲ နော်…။ တကယ်ဆို..ဆရာက.. ကျောင်းစာ ဘာသာရပ် တွေ မှာ ..တော်တော် ပိုင်နိုင် ပြီး.. စာအရှင်း လည်း ကောင်းတာ။

.
.
.
.
.
.
.
.
.
.
.







 


Share/Bookmark

စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၀)


ကေသည် ကိုကိုဝေ ကို ကျေးဇူးတင်ပြီးလျှင်.. သူ ရသော
သီချင်းများ ကို စဉ်းစား၏။ ဆုံးရှုံးရသော ကိုစောညိန်း..မမြင်ဘူးလိုက်သော
အနုပညာသည် တဦး..သူဟာ လှေတစင်း နဲက မြစ်ကြောမှာ မျှောမယ် ဆိုပြီး ဘယ်သူ မှ
တားလို့မရ..တကယ် ထွက်တတ် တယ်လို့ အဆိုရှိဖူးတယ်။ သည် အခါမှာ.. ကောင်းကင်မှ.. တိမ် အပွင့်အဖူးများ ရေဆင်းလို့ ကူးကြတာကို..ဆည်းဆာ ပြာမင်လဲ့လဲ့ မှာ သူမြင် ခဲ့တယ်
ထင့်။

ငွေသား သင်ဖြူးလား လို့...
ထင်ယောင်
မြင်ယောင်မှားဖွယ်..
လှမျိုးစုံကြူးတဲ့ ပင်လယ်ရေပြင်ကျယ်..
သဲသာသောင် နဲ့
ငွေရောင်ကမ်းစွယ်
ထပ်ကြိုးဆင် တဲ့ ပင်တိုင်ဖျား..
မုပ္ပလင် နဲ့လင်းယဉ်
အလား..
နာဝါ လှေများတွေရယ်....

ကေ...ဒါမှမဟုတ်.. ကြည်အေး ကိုယ်တိုင် က.. ကိုစောညိန်း ရဲ့ ဆည်းဆာ ကို မှ ရူးသွပ်သူပေလား...။ အင်းလျား ကို ၀င်ဝင်ခြင်း နေ့တုန်းကလည်း.. ဆည်းဆာ ကို မြည်တမ်း ခဲ့တယ်။ အခု.. သူငယ်ချင်းတွေ စုပြီး..တီးကြ ဆိုကြတော့လည်း.. ကိုကိုဝေ ဆိုသူက.. ကာလပေါ်ထဲ က ..ကိုစောညိန်း တပုဒ်ပုဒ် ဆိုပါလား လို့..အကြံပေး တော့.. ကေက ..ချက်ခြင်းပဲ..ဆည်းဆာ..ကိုသာ သတိရ ပြန်တယ်။ ကိုစောညိန်း ရဲ့ ဆည်းဆာ ကလဲ..တကယ့်ကို သာယာ ကြည်နူး ယစ်မူး လွမ်းမော စရာ...။

တကယ်တော့..ဆည်းဆာ ဆိုတာ.. လွမ်းတတ်သူ တွေ အတွက်.. မြည်တမ်း ညည်းငို စရာ ပခုံး တခု လို...။ ပြီးတော့... တွေးချင်သူ တွေ အတွက်လည်း.. ခြေခင်း လက်ခင်း အတွေးတွေ ခင်းချင်တိုင်းခင်း ဖို့သာ.. ။

သူ့အတွက်တော့..ဆည်းဆာ ဆိုတာ..အမှောင်လာ တော့မယ် လို့ ကြင်နာစွာ သတိပေးနေတတ်တဲ့..ညင်သာ တဲ့ လက်တစုံ လို သာ မို့..အလွမ်းနဲ့ အတွေး ကြား..မျှတ နိုင်ပါစေ လို့သာ..အမြဲ ဆန္ဒပြုနေ ခဲ့ ရသည် ။ အဲဒီ တုန်းက..အလွမ်းတွေ များတဲ့.. လူ တယောက် အကြောင်း.. တွေးရင်း..တွေးရင်း.တွေးပေးရင်း...မမျှတ နိုင်..ယိမ်းယိုင်မိ တော့ မလို့...။
...
.
.
.
.
...
...
..
..
..








 


Share/Bookmark

စိန်ပန်းနဲ့ကံ့ကော်တွေအတူပွင့်ခဲ့တယ် (၉)

~~~
ပန်းတန်းနဲ့ ဆောင်းတန်း သွယ်ဆီ မရောက်ခင်...
ပန်းဝယ်မယ်ဆို...
ကံ့ကော်ကိုသာေ၇ွးချယ်နော်....
~~~


အဆောင်ရှေ့က..သီချင်းသံက...တကယ့် မွန်းအောင် အသံ အတိုင်း..။ အဆိုတော် မွန်းအောင် ကိုယ်တိုင် မဖြစ် နိုင် တာတော့..သေချာ လှသည်။

“ အသံကောင်းလိုက်တာ ဟယ်.. ”
သူ့အသံက..၀မ်းသာအားရ ဘယ်လောက် ကျယ်သွားတယ် မသိ..။ နံရံ ခြားနေတဲ့.. ရှေ့ခန်းက.. မနန္ဒာ တို့ က တောင်..

အေး.. တကယ့် အဆိုတော် တွေ လား မသိဘူး.. တခါတလေ..တူတူး တို့ အဆိုတော် အုပ်စု လာတတ်တယ်.. တနေ့ညက..ခိုင်ထူးတို့ လာတာလေ.. ပျော်စရာကြီးဟာ.. ကားမီး ထိုးပြီး..ဆိုကြတာ.. အပေါ်က..အကုန် မြင်နေရတယ်..”
“..ဟယ်.. မ တို့ကလဲ..မဖြူတို့တော့ လှမ်းမခေါ်ဘူး..” မဖြူက.. ကုတင်ပေါ် ထိုင်ပြီး..သူ့ခေါင်းက..ဆံပင်ရှည် တွေကို.. သေးသေးလေး တွေ ကျစ် ပေး နေရင်း.. ခိုင်ထူး မကြည့် လိုက်ရလို့..၀မ်းနည်း ပန်းနဲ ဖြစ် သွားသည်။

“ အမလေး..ညည်း တို့ ကြုံအုံးမှာ ပါအေ…တော်တော် ညည့်နက် တယ် ဟဲ့.. ”

သြော်..အဲဒါ ခိုင်ထူးတို့ ကိုယ်တိုင် ပဲ ကိုး..။

....
..
..
..


.
.
..
..





 


Share/Bookmark

လမ်းခုလပ်က..တောပန်း ဒဿန

ဝတ္တုရှည်ကြီး ရေးနေရင်းက..လမ်းခုလပ်မှာ....ကြားဖြတ် ပြောချင် တာလေး တွေ ရယ်ပါ။

တချို့က.. နောက်တယ်..
“ မကေ.. စိန်ပန်းတွေ..ခုထိ မကြွေသေးဘူးလား..” တဲ့..


အချစ် ဇာတ်လမ်း ကို စောင့်စားနေသူများ ကတော့..
“ မင်းသား နဲ့ မင်းသမီး ဘယ်တော့ ထွက်မှာလဲ ..” လို့ စောင့် ကြတုန်းပဲ..


လူငယ် တချို့ကတော့ ..
“ တက္ကသိုလ် ဇတ်လမ်းတွေက..ကျနော်-ကျမ တို့အတွက်တော့.. သိလဲ မသိလို့ ခံစားလို့မရပါ..” တဲ့..။


ပြီးတော့..ပြောသေးတယ်..
“ ရှေးကလည်း..အများကြီးပဲ ရေးသွား ခဲ့ပြီ မို့.. နဲနဲတော့..ထပ်နေ ပြီ ..ငြီးနေပြီ ” လို့..ပွင့်ပွင့် လင်းလင်း ဝေဖန် ပြကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်.. စောင့်ပြီး ဖတ်တဲ့သူ တွေ..အကြံညဏ် ဝေဖန်ပြုတဲ့ သူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်။
-

ကိုယ်တိုင် လည်း ..ပြောရ ရင်တော့..အမြန် ပြီးချင် နေပါပြီ။ ဇတ်လမ်း အကြမ်းထည် တခုလုံးက.. အစောကြီး ထဲက.. အတွေးတွေ ထဲမှာ.. တည်ဆောက် ပြီးသားပါ။ ဒီ့ထက် ပိုပြောရရင်တော့.. ဒီ အကြောင်း အတွေ့အကြုံ တွေကို တချိန်ချိန်မှာ ရေးချင် နေမိတာက တော့…ဟိုး..ဘလော့ မလုပ်ခင် ကတည်း ကပေါ့..။ အခုကတော့…ဘယ်လို အခန်းလေး တွေ ထဲ့မယ် ဆိုတဲ့.. ဆက်တင် အပိုင်း ပေါင်း များစွာ ကို..သီးသန့် ပုံဖော်ပြီးသားပါ။ ဒါပေမဲ့..တခန်းခြင်း ပဲ.. တွေးပြီး..တခန်းခြင်း..ဆက်စပ် ပုံဖော် နေ မိတယ်။ ဟိုအပိုင်း လေးကို..ဒီဖက် ထဲ့လိုက်.. ဒီအပိုင်း လေးကို နောက်မှ ထဲ့မယ် ကွာ.. စသဖြင့် ပေါ့..။ ရေးနေရင်း မှ ထပ်ထပ် ပေါ်လာ တဲ့.. အဖြစ် တွေ.. လူတွေ.. ရှိလာပြန်တော့..မကောင်းတော့ဘူး ထင်နေတဲ့..ကိုယ့် မှတ်ညဏ် ကို တောင်..နဲနဲ အံ့သြမိတယ်။


အစောပိုင်းက..ခဏ ဖြတ်ထားပြီး.. အရေးကြီး ရက် နဲ့ မကြီးချင်ယောင် ဆောင်ထား တဲ့..လုပ်စရာလေးတွေဖက် လှည့် လိုက်အုံး မယ် ပြော တော့.. အပြင် စာဖတ် ပရိသတ်က တော့.. မသိဘူး။ အိမ်က.. အမျိုးအဖျား နဲ့.. အမျိုး အရင်း..အမ များက..မထူးတော့ ဘူး.. ပြီးအောင် ဆက်ရေး ပြီးမှ.. လုပ်စရာရှိတာ.. လုပ်တော့ လို့..


ဝိုင်းဝန်း အားပေး ကြပါတယ်။ ကိုတင်မင်းထက် ပြောသလို..“ မုဒ် ပြတ်သွားမယ်” ဆိုတဲ့..သတိပေးမူ ကိုလည်း.. လိုလို ချင်ချင် ကို ဆင်ခြင် မိပြန်တယ်။ အဲဒါ နဲ့..ကဲ..ဆက်ရေးမယ်..ကွာ.. ပြီးအောင် တော့..ဆွဲ တော့မယ် …. လို့..။ အောင်ဖြိုး ကျေးဇူး နဲ့ သွားစ လိုက်မိ တုန်းက..ဒီလောက် အချိန်ပေး ဖြစ်မယ် မထင် ခဲ့တာ..အမှန်.. ။ တလက်စတည်း.. မကြေးမုံ ရေ.. ညီမ ရေးခိုင်းတဲ့.. ဆိုညည်းမိသော သီချင်း များ ဆိုတာ ကိုလည်း..ဒီ ၀တ္တုရှည်ကြီး ထဲမှာပဲ.. ယူလိုက်ပါ တော့ လို့..။ သီချင်းတွေ..အများကြီး ဆို မိအုံးမှာလေ...။


တကယ်က တော့.. နာကျင်စရာ.. စက်တင်ဘာ အငွေ့အသက် တွေကြား ထဲမှာ..အနု ရသ တေးတွေ ကိုလည်း.. ထိုင် မဆို ချင် နေတာ..အကြောင်းရင်း တခု ပါ..။ ဒါပေမဲ့.. ပြောခဲ့သလို.. ဆက်လက် ရေးခွင့် ပြုပါတော့…။ သိပ်လည်း အများကြီး မကျန် တော့ဘူး လို့ ထင်ပါတယ်။ အလွန် ဆုံး..၁၅ လောက် ဆို ပြတ်များ ပြတ်မလား..မသိ။ ပြီးရင်တော့.. ဘလော့ ကိုလည်း.. အတော်ကြာ..နားထားမိ ပါအုံးမယ်။

ပထမ တခန်း ၂ ခန်း တင်ပြီး တဲ့ အခါကျတော့..စဉ်းစားမိ သေးတယ်။ ကိုယ့်ဖာကိုယ် ပြီးအောင် အကုန် ရေးလိုက်မယ်..ပြီး မှ..သေချာ ချောပြီး.. တခန်း ခြင်း ပြန်တင်မယ် ပေါ့။ ဒါပေမဲ့.. အဲဒလို လဲ မလုပ်ဖြစ်ပြန်ဘူး။ တခန်း ရေးပြီးတာနဲ့.. တခေါက်လောက် ပြန်ဖတ် ပြီးရင်..လူက..တင်ချင် နေပြီ။ ( ခက်ထှာ..)
-

အဲဒီ အခါ ကျတော့.. တရက် လောက် နေတော့မှ.. ဘယ်နေရာ လေးက..မှားသွားတာ…ဟို အပိုဒ်ကလေးကို ဒီလို လေး ရေးလိုက်ရ..ကောင်းသား..ဆိုတာတွေ ဖြစ်လာ ရော။ တခု ခြင်း..ဟိုဟာ လိုက်ပြင် လိုက်..ဒီဟာ လိုက်ချော လိုက် လုပ်နေ ပြန်တော့.. ခပ်စောစော ဖတ်သွား တဲ့သူတွေ အတွက်.. လိုတာ တွေ.. ရှိ ကုန်ပြန်တယ်။ အဲဒါကြောင့်..ပြီးမှ စုဖတ် မယ် ဆိုတဲ့ လူတွေ အတွက်လည်း.. ပိုကောင်းပါတယ်..လို့။

ဒါပေမဲ့.. အဲဒီလို တခန်းခြင်း..ရေးသွား..တင်သွားပြီး.. စာဖတ်သူ တွေ..သူငယ်ချင်း တွေ ရဲ့..ဝေဖန် အကြံပြုချက် တွေ ကို နားထောင် ရတော့လည်း.. စာက..ပို ပြီးတော့.. စုံလင်..အသက်ဝင်.. အရှိန် ရ လာသလို လည်း ထင်မိတယ်။ ဥပမာ.. ဒဂုန်ဆောင် အတွင်းရေးမှူး ကိုနေလင်း နဲ့ သူ ပေးတဲ့ ကွန်မန့်တွေ ထဲကနေပြီး..တချို့ ဇာတ်ကွက် အသစ်ကလေး တွေ..ပြန်ပေါ်လာတယ်။ နောက်ပြီး ဇတ်လမ်း ထဲ မှာ ပါတဲ့…သူငယ်ချင်း တယောက်က..ကြိုကြို တင်တင်.. လှမ်း သတိပေး တယ်။ “နင့် စာကို.. ငါ့ အမျိုးသမီး ကလည်း..အရမ်း စိတ်ဝင်စား ပြီး..စောင့်ဖတ် နေ တယ်..” ဆိုပဲ။း)) သူ ကပဲ.. မနေနိုင် မထိုင်နိုင်.. အင်တာနက် သုံးလေ့ မရှိ တဲ့.. ဇတ်လမ်း ထဲက..သူငယ်ချင်း မတွေ ကိုလည်း..တယောက်ခြင်း..ဖုန်းဆက်..အကြောင်းကြား လိုက်ပါ သေးသတဲ့။ စေတနာ ဗလပွ နဲ့လေ..။ ပြီး တော့.. ကိုယ့်ကို ပြန် စကား ပါး လိုက် သေးတယ်။ မဟ၀ှါက.. သဘော ကျ နေပေမဲ့..မဟိုဒင်း ကတော့.. အတိတ်တွေကို.. ပြန် အစ မဖော် စေချင်ဘူး တဲ့။ ကဲကွယ်..ခက်ပါလား.. ကိုယ်က.. ဘယ်လို ရေးဖွဲ့မှာ လဲ ဆိုတာ.. ခမျာ တွေ..သေချာ မသိ.. ဖတ်လဲ မဖတ် ရပဲ နဲ့.. တော်ကြာ.. ရန်ကုန်က နေ.. တရားတွေ ဘာတွေ..လှမ်း ဆွဲ နေပါ အုံးမယ်။း)) တော် တော့.. နင်..ဘယ်သူ့ မှ လျှောက် ဖွ မနေနဲ့.. ဖတ်မှာ.အသာဖတ်…။

စကား မစပ်.. ဒီစာလေး စရေး ဖြစ်တော့.. ဘလော့ ဘန်နာ လေး ကို လည်း ပြင်လိုက် သေးတယ်။ ဘလော့ဂ် စရေး ကတည်းက.. တခါ မှ ပြင်ဖို့..အချိန် မပေး ဖြစ် တဲ့ ဘန်နာ အဟောင်းလေးက.. လှပေမဲ့.. စာသား တွေက.. အခု ခံယူချက် အတွေ့အကြုံ တွေနဲ့..အကျုံးမ၀င်ချင် သလို ဖြစ် နေတယ် လို့..ခံစား မိတယ်လေ။



Sharing same interest..
Making virtual friends...

Creating own space..
Pouring out unfinished thoughts...

Because...not always fortunate enough to have that all...

လို့.. ဆိုခဲ့ တော့...

ဥပမာ..making virtual friends ဆိုတာကြီး ကို.. သဘော မကျ လှ တော့ဘူး။ ဆိုလိုတာက.. virtual friends တွေကို..သဘောမကျ လို့ မဟုတ်ဘူး.. ဒါ အတွက် နဲ့တော့..ဘလော့ဂ် ရေးတာ..လို့ အထင် မရောက် စေ ချင် တာပါ။ စိတ်အာသာ ဖြေ ဖို့..ဘလော့ ရေးကြ တယ် ဆိုတာ မျိုးကို လည်း..သိပ်တော့..လက် မခံ ချင်။ တကယ့်ကို စာရေးခြင်သူ မို့ကို.. စာရေး ရခြင်း ဖြစ်ကြောင်း ကို.. ဘန်နာ အသစ် မှာ.. ဒီလို ပြောင်း လိုက်ပါတယ်။




Writing is my inspirational..
just like walking through the mountains

and gazing to the wild flowers..





နောက်ခံ ပုံလေး ကိုလည်.. ခရီး ထွက်စဉ်က..ရိုက်ယူ ခဲ့တဲ့..ဆွစ်တောင်တန်း ကြီး နဲ့ တောပန်းလေး တွေ ကို..နောက်ခံ ထား ပြစ်လိုက်တယ်။ ပုံ ၂ခု ကို overlap လုပ်ဖို့ အတွက် တော့ ..ကိုယ်တိုင် မလုပ်တတ်လို့..photoshop ကျွမ်းကျင် တဲ့..ကိုအောင်သာငယ် ကို..အကူအညီ တောင်းရ ပါတယ်။ ( နောက်ကျ ကျေးဇူးပါး) ကိုယ်က..လမ်းလျှောက်ရ တာကို လည်း..ကြိုက်တဲ့ အပြင်..တောင်တွေ ကိုလည်း..ချစ်သူ ဆိုတော့..အဲဒီပုံ ကို တော်တော် သဘောကျ မိတယ်။ သိပ်တော့..ဗမာ မဆန် လှ ဘူးပေါ့။ ကောင်းကင် ကြီးကလည်း..မှိုင်း နေတော့…နဲနဲ တော့..လွမ်းစရာ ကြီး ဖြစ်နေ လေ သလား မသိ။

-
ထားပါတော့ လေ.. ။ ပြောချင်တာက.. Wild flowers ဆိုတဲ့.. တောပန်း လေး တွေ…။ ဒီရက် ထဲ.. နေတဲ့ မြို့လေးမှာလည်း.. Spring နွေဦး ရာသီ ဆိုတော့..တောပန်း လေး တွေကို..သိပ်ကို လှ နေ တယ်။ ပြီးတော့..တောပန်း ဆိုတာ.. ဗမာပြည်မှာ ရှိစဉ်က.. ပန်းစုံ ပေါ လွန်း တဲ့ မြို့ပန်း တွေကြား.. တခါမှ.. တောပန်း တွေ ရဲ့ အလှကို မခံစား ခဲ့ဖူးဘူး။ သူတို့တွေ ရဲ့ ထူးခြားချက်က...ဘာအထူးပြုလုပ်ချက် မှ မလိုပဲ နဲ့ကို..အချိန်တန်ရင်.. မပွင့်မနေရ..ပွင့်ကို ပွင့်လာတတ်တဲ့..အရိုင်းပန်း လေးတွေ..။ ဒါပေမဲ့..လှချက် ကြတော့လည်း.. မြို့ပန်းတွေ ထက် မလျော့ အောင်.. တမူထူးခြားပြီး..စွဲမက် စရာ ကောင်းလှတာ မျိုး..။ အထူးခြား ဆုံး ကတော့.. ဘယ်သူ့မှ အောက်မကျို့ပဲ ..အားမကိုးပဲ နဲ့ကိုယ်.. ပွင့် လာ ကြတာပဲ..။ ကြည့်ချင် မြင်ချင်သူ ရှိလား..မရှိလား လည်း.. သူတို့ မသိ..။ ရိုင်းချင် တိုင်း ရိုင်း နေတဲ့..သဘာဝ စစ်စစ် က ကို..သူတို့ ရဲ့.. ဂုဏ် လို့ မထင်ရ တဲ့..ဂုဏ် စစ်စစ် ဖြစ်နေတာပဲ။

-
မနက် ..မနက်..လမ်းလျှောက် တဲ့..လမ်းဘေး တလျှောက်..တောပန်းတွေ လှ လွန်းလို့.... ရပ် ရပ် ပြီး ငေး ဖြစ်တယ်..။ “ဓါတ်ပုံ ရိုက်ယူ ထား ခြင် လိုက်တာ” .. လို့..တွေးပြီး.. နောက် တနေ့..ထွက် တော့လည်း..လောလော..လောလော နဲ့..ကင်မရာ ပါမသွား ပြန်ဘူး..။ အဲ လို နဲ့.. သုံး လေးရက် လောက်နေ.. ကင်မရာ ယူသွား တဲ့ နေ့ကြတော့.. တောပန်း လေး တွေက.. ညှိုး ကုန် ပါရောလား..။ နေ့ရွှေ့ ညရွှေ့ နဲ့..၀ီရိယ နည်းခြင်းပဲ လို့.. ကိုယ့်ဖာကိုယ် အပြစ် တင်ရင်း..တောပန်းလေး တွေက..ပေးတဲ့.. မတည်မြဲ ခြင်း ဆိုတဲ့..
ံဝေဂ တရား နဲ့ အတူ…ဘ၀ ဒဿန တခု ကို လည်း..အသေအချာ ရလိုက် မိ တော့တယ်။
-

“ ပွင့်နေတုန်း..လှနေတုန်းမှာ..အမိအရ..ရိုက်ယူ ထားသင့် တာ..”
-
ဟုတ်တယ် မဟုတ်လား.. ဘယ်အရာမှ.. မတည်မြဲ တဲ့..သဘာဝ တရားထဲမှာ..အားလုံးက..ဖျိုးကနဲ..ဖျပ်ကနဲ..ပေါ်လာ ပျောက်သွား..။ စိတ်ခံစားချက် နဲ့.. သာယာကြည်နူးမူ.. ဆိုတာတွေ ကလည်း..အမြဲ တသမတ် တည်း မွေးယူ လို့ ရတာ မျိုး မဟုတ်ဘူးလေ..။

-
အဲဒါ နဲ့ပဲ.. တဖျပ်ဖျပ် ပြန်ပေါ် နေတဲ့.. တက္ကသိုလ် နေ့ရက် တွေ ကို.. အမိ အရကို.. ရိုက်ယူ မှတ်တမ်းတင် နေမိ တော့တာပါပဲ။



Share/Bookmark

စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်(၈)

သူ့ ရှေ့က ..မြင်ကွင်း ထဲ .. အိမ်ရှေ့ လမ်းမကြီး က..ကန္တာရ ကြီးတခု လိုပဲ..ခြောက်သွေ့ နေလိုက်တာ..။
-
တကယ်က..လမ်းမ ပေါ်..နွေနေပူပူ အောက်မှာ..သွားလာ လှုပ်ရှား..ရောင်းဝယ်ဖောက်ကား နေတဲ့..လူတွေ..စက်ဘီး တွေ..မြင်းလှည်းတွေကို.. အာရုံ မစူးစိုက်မိ ခြင်းသာ..။ သူ့အာရုံမှာ ရှိနေတာ.. ကား တွေ ဥဒဟို ပြေးလွှားနေတဲ့..ပြည်လမ်းမ ကြီးလား..။ အင်းလျားကန် နဲ့ လှည်းတန်း လား..။ အင်းဝမုခ်ဦး အောက်က.. ထိုင်နေကျ.. လက်ဖက်ရည် ဆိုင် ထိုင်ခုံ လေးတွေ လား..။ ဆင်းနေကျ.. ပုဂံလမ်း မှတ်တိုင် ဂိတ်ကလေးလား..။
-
အခု သူ ငေးစိုက် ကြည့် နေတာကတော့.. အပူ ရောင် .. ဖုန်ထူထူ လ
မ်းမ တခု ..။ ခံစားနေရ တာ က တော့.. ပျင်းရိခြင်း နဲ့ အချည်းနှီးဖြစ်ခြင်း ရဲ့ ကြားက..ငြီးငွေ့ခြင်းတမျိုး မျိုး ဖြစ်ကောင်း ဖြစ်မည်..။
-
ငွေ သိမ်း ကောင်တာ မှာ ထိုင်ရင်း.. ဘောက်ချာ စာအုပ် အဟောင်းတခု ရဲ့နောက်ကျော ကို..ဘောပင် တချောင်း နဲ့.. အဓိပ္ပါယ်မဲ့.. လျှောက်ခြစ် နေမိတယ်။ စိတ်ထဲမှာ တော့....သီချင်း တစ…

~~မေ......
မေ လ ရဲ့ နွေ ရက်ရှည်..
ငြိုးရက်စက် ပူတဲ့ နွေ…~~
~~တရွေ့ရွေ့ နဲ့ကုန်လွန်ရင်..
မိုးဦးဆီ ရောက်လုပြီ....မေ…~~

-
...

..
...


.
.
.
.
.
.
.
.
.
.
.


Share/Bookmark