အတင်း

she: ဟေး..

me: ဝေး..

she: မတွေ့တာ ကြာပြီ..

me: ဟုတ်တယ်.. ခရီးတခု သွားလို့.. နယ် ကို ခဏ ပြန်တာ ..
she: အော....
---
---
---

she: ခု နောက်ပိုင်း.. ဘလော့ တွေ လည်း အားလုံးလိုလို အရေးကျဲ ကြတယ်နော်..

me: အင်းးးးး
ဖြစ်တတ်ပါတယ်.. အကြည်ဓါတ်ကော.. အရီဓါတ်ကော.. ခမ်းလာ တာ ဖြစ်မှာပေါ့..

she: အချိန် လည်း ပေးရတာ မတန်သလို ဖြစ်လာတယ်လေ..
me: ဘာကို မတန်တာလဲ...

she: အင်း..မတန်ဘူး ဆိုတာ.. အပျော် သက်သက် ရေးတာ တပိုင်းလေ.. တခါ တလေ.. ကောင်း၂ မွန်၂ သတ်၂ မှတ်၂ လေး ရေးချင်တဲ့ အခါ ကျတော့..ဘလော့ ဆိုတာ..စင်မြင့် မှ မဟုတ်တာ..

me: စင်နိမ့်ပေါ့...

she: မြေ၀ိုင်းဇာတ်လေ.. ကချင် သလို က နေတာ..ဟိ

me: အင်း..ဟုတ်တော့ ဟုတ်ပါတယ်..တန်အောင် ဆိုတာကလည်း..ဘာ နဲ့ တိုင်း မလည်းလေ..ဆရာ
ကျော်ဝင်း တခါ ရေးဖူးသလို.. နောက်ပိုင်းခေတ်မှာ.. စာရေး တယ် ဆိုတာ..အသက်မွေးမူ ငွေကြေး နဲ့ တိုင်းတာ မရ တော့ ပဲ..ကိုယ့် ဟာဒရ နဲ့ပဲ တိုင်းတာ နေရ တော့တဲ့ ခေတ် လို့..ဆို သတတ်.. ( အဟက် )... ဒါမဲ့.. တော်ဖလာ ကတော့.. သူ စာရေးတာ “ကိုယ့် ဘာသာ ပြန် ဖတ်ဖို့စာ ရေးတာ မဟုတ်ဘူး” ဆိုပဲ...( အဟွတ်..) တော်ဖလာ နဲ့ ကိုင်ပြောလိုက်တာ..လည်ချောင်း တောင် ယားသွားတယ်...အဟွတ်..ဟွတ်

she: အီဖေကိုယ် တို့ က..ဖော်တလာ .. ဟဲ.. ကိုယ့် ဖာ သာ ဖော် ဖို့ ဘလော့ရေးနေတာလေ..

me:း)
တချို့ ဆို..ဘလော့ မှာ ရေးတာလေးတွေ.. အတော်ကောင်းတာနော်...
xxx xxx တို့ ဆို.. ရေးတာလေး တွေ တော့ မဆိုးဘူး..ဒါမဲ့.. တခါတလေ လည်း..အတုံးလိုက် အတစ်လိုက်.. ခိ

she: အင်း..သူက...သူတို့ စာတွေ ဘယ်လောက် ဖတ် တယ် ဆိုတာ.. ကို အသားပေး နေ သလိုပဲ...-xxx ကော.. ကြိုက်လား... တကယ့် စာရေးဟန် အစစ် နဲ့ ရေးတာ..

me: အဲ... အဲတယောက်ကို တော့..သေချာ မဖတ်ဖြစ်ဘူး...မရောက်တာ..
တကယ်က...ဘလော့ ကလည်း.. ဆိုရှယ် က.. အဓိက လို ဖြစ်နေတာပဲ..ခင်ရာ ဆွေမျိုး ဆိုတာမျိုးလေ...

she: အင်းးးးးးးခုတလော..အီဖေ လည်း..မုဒ် မ၀င်..အချိန် မရ နဲ့.. ဘလော့ မျဉ်းကွေးကြီးရဲ့ ဘယ်နေရာ ရောက်နေပြီလဲ မသိ... ဘာပဲဖြစ်ဖြစ်.. ရေးတော့ ရေးနေအုံးမှာပါ... ရှင်ရော...

me: အင်းးးးးးး ခက်တာက..ခေတ်ကိုက လည်း ရွေ့သွား ပြောင်းသွား ပြီနော်.. ဟိုးတုန်းက..ကိုယ့် စာတပုဒ် ကို လူတွေ ဖတ်ရ အောင် လို့.. ခက်၂ ခဲ၂ ကြိုးစား ရတာ..အဆင့်၂ ဖြတ်သန်းရတာ..စာရွက်ပေါ်မှာ လက်နဲ့ ရေးချ.. အကြမ်းခြစ်..အချောကူး.. စာတိုက်ကနေ..စာမူ ပို့.. အယ်ဒီတာ ဆီ သွား စုံစမ်း.. အခု ကျတော့.. လူတိုင်း အလွယ်တကူ ကလောင် သွေး နိုင် ပြီ ကော.. အဲဒီ မှာ ဘာကွာ သွား လဲ ဆိုတော့.. အရင်တုန်းက တော့..ခု န ပြောတဲ့..စင်မြင့် ဆိုတာ မျိုးတွေက.. အကန့် အသတ် နဲ့.. သတ်၂ မှတ် ၂ ရှိတယ်.. စာဖတ်သူ တွေက .. တစောင့် စားစား ရှိရတာမို့... အလည် မှာ စုဆုံ တဲ့ သဘော .. ခု ကတော့.. စင် တွေ ရော.. ခုံတွေ ရော.. တလင်း ပြောင်တွေမှာရော.. ပတ်ပတ်လည် ပေါများလာတော့... စာဖတ် သူ ကိုတောင်.. ပြန်ပြီး..မာကတ်တင်း ဆင်းရ မလို ဖြစ်နေရော.. . တနေရာ မှာ တောင် ဖတ်ဘူး လိုက်တယ်... ဒင်းမ်ဆမ်း ခေတ် ဖြစ်လာတယ်တဲ့..။ အမျိုးစုံ အမယ်စုံ လိုက်ပြ နေတဲ့ ကြားက.. ကိုယ် ကြိုက်တာ ကိုယ် ရွေးစား ရတဲ့ ..ရွေးဖတ်ရတဲ့..ခေတ်ပေါ့.. တို့ ကတော့.. ဒင်းမ်ဆမ်း ထက်..ဆူရှီ ခေတ် လို့ ပဲ ပြောတော့မယ်..ဟဲ.. ဆူရှီ ဘားထဲမှာ...အတန်း လိုက် ကြီး ရွေ့ နေတာ.. လက်သင့်တာ .. အဆင်ပြေတာ..ကောင်းမယ် ထင်တာလေး.. ကောက်ယူ စားလိုက်... လွတ် သွား လည်း..နောက် တပတ် ပြန်စောင့်.. ရေဒီယို အစီအစဉ် ဆိုတာ တောင်..ကိုယ် ကြိုက် တဲ့ အချိန် မှ နားထောင် လို့ ရနေတာပဲ.. အတန်း လိုက် ခေတ်ပေါ့လေ..

she: အတန်းလိုက်......းဝ
ဒီလို လုပ်ပါ.. အလည်မှာ စုဆုံ တာ မဟုတ်တော့ပဲ.. အပြင်ကို ဖြာထွက် တယ် ပေါ့.. နဲနဲလေး..နားရှုပ်အောင် ပြောလေ.. အဲဒါမှ ပညာရှင် ဆန်တာ...

me:း)
ခု ဆို..ဖိုင်တွေကို attached လုပ်စရာ မလို တော့ဘူး...drag and drop တဲ့...။ တွယ်ချိတ် နေရာ ကနေ.. အသာလေး ဆွဲလာ နေရာချ ယုံလောက် ထိ လွယ်သွား ပြီ ဟုတ်... Qwerty key board ကနေ multi touch ဆိုတာ ဖြစ်လာ..။လက်ဆယ်ချောင်း သုံးစရာ မလို တော့ ပဲ.. လက်ညိုးလေး တချောင်း နဲ့.. အကုန်လုံး ပြီး နေ တော့ တဲ့..ခေတ် လေ..။ လက် ညိုး ထိုး ပြီး ရောင်းစား တဲ့ ခေတ်ပေါ့..

she: ဘူ့ကို စောင်းပြောတာလဲ...

me: လက်ညိုး ထိုး ပြီး ရောင်းစားတာ..ဘူတွေ ရှိလို့လဲ...ဘာတဲ့..သရက်ပင် စိုက် စား တဲ့ ခေတ် မဟုတ်တော့ဘူး.. ပဲပင်ပေါက် ဖောက်စား တဲ့ ခေတ် ဆိုပဲ...နောင်ဆို..ပဲပင်ပေါက် ချည်းေ ဖာက် ပြစ်လို့ .. ပဲ တောင် ရှား တော့မယ်...

she: ဟ..ဟ... ဟုတ်ပါ့..

me: အလယ်ကို ဦးတည်ရာ ကနေ..အပြင်ကို ဖြာထွက်.. ဒေါင်လိုက် ကနေ.. အလျားလိုက် တန်း... အန်အယ်ဒီ တောင် ..ခု..အလျားလိုက် ဖြစ် သွားပြီ တဲ့...း)

she: အဲ.. နိုင်ငံရေး တွေ မပြော နဲ့လေ...း)

me: ငါနိုင်ရေး ပဲ ပြောတာပါ.. ဟဲ

she: ငါ နိုင် တော့..သူရှုံး တာပေါ့..

me: ၀င်းဝင်း လုပ်ပါ...

she: ၀င်းဝင်း ဆိုတာ လမ်းထိပ်..စတိုးဆိုင်က..တရုတ်မလေး လား..

me:း)))

she: သင်္ကြန် ဗုံးပေါက်တာလည်း ..ဗုံးစ တွေက.. တော်၂ ဝေး၂ ထိ ကို လွင့် တာပဲ... ဘလော့တွေ ပေါ် ထိ.. ဖဘ ပေါ်ထိ ပဲ...း)
-
me: ..ဗုံးက..ရိုးရိုး ဗုံး မှ မဟုတ်တာ... အတန်းလိုက် မဟုတ်ဘူး.. အပြင်ကို ဖြာထွက်တာ.. သူက..ထိ တဲ့ လူတင် ဒဏ်ရာ ရ တာ မဟုတ်ဘူး.. ကြားတဲ့သူ..ငြင်းတဲ့သူ..တွေပါ.. တော်တော် ကွဲ ကြတာ..း)

she: အဲလို ဗုံးတွေ ပေါက်တာကနေ.. အခြေအနေ ပြောင်းလဲ မူ တခု ဆီ သွားမယ်လို့ ထင်လား...

me: အမ်...ငါနိုင်ရေး.. အဲ.. နိုင်ငံရေး တွေ မပြောနဲ့ဆို...

she:း)

me:း( မေးစရာ မလို တဲ့..မေးခွန်းကြီးကို..
ဧရာဝတီ အယ်ဒီတာ့ အာဘော် ထက် တောင် ဆိုးနေပြီ...

she: ပြောပါအုံး..ဖတ်ရသေးဘူး...

me: ဘယ်သူ မှတောင်..သေချာ မသိသေးတဲ့.. ဗုံးလက်သည် အကြောင်း သုံးသပ်တာ.. လက်ညိုးထိုး တတ်တဲ့ လူကြီး တွေ ကိုတော့..တချက်မှ ထဲ့မတွက်ပဲ.. သိပ်ကို သေချာ နေတာလေ ...ရှေ့က ကြိုပြေးပြီး..ရေးထားတာလေ...း((

she: ဟိုတလောကလည်း.. ၀င်ရေး..မ၀င်ရေး နဲ့ ပတ်သတ်တဲ့...အယ်ဒီ့တာ အာဘော်ပဲ.. မှားများ မှားပြီလား ဆိုတာလည်း ..၀ိုင်း သမ ကြသေးတယ် နော်..ခိခိ

me: အေးလေ.. အယ်ဒီ့တာ အာပေါ်း)

she: သတင်းသမား တွေက.. ဘက်မလိုက် ရဘူး ဆိုတဲ့ အယူအဆ ကိုရော..ဘယ်လို ထင်လဲ..

me: ဘာလဲကွ.. ..ဒီတယောက်ဟာလေ..
တော်တော်အမေးအမြန်းထူတယ်..အစ်တာလား...ဗျူးတာလား..

she: အစ်တာဗျူးး)

me: ဘက်မလိုက် ရဘူးလေ.. ကိုယ်လိုချင်တဲ့ အဖြေ ကိုပဲ..မရ ရ အောင်..ချွန်တွန်း ဆွဲခေါ်ပြီး..အတင်း နှိုက်ယူ အစ်ထုတ်.. ရတာ.. ဟဲ

she: အင်း နော်.. ခုနပဲ..ဗီအိုအေ မှာ..ဦးဝင်းတင်ကို.. ဦးကျော်ဇံသာ ဗျူးတာ..နားထောင် လိုက်ရတယ်..

me: ဟေး..နိုင်ငံရေး တွေ ပါလာပြန်ပြီ...

she:း)

me:း)
လေဒီအို တွေ ကလည်း..သတင်း ဆို ကလေးပါ မကျန် အကုန် နှိုက်တာပဲ.. ခုနပဲ.. အကျဉ်းသား တယောက် ရဲ့ ၈ နှစ်သမီးလေးကို .. မေးတာ.. ကလေး လေး အစား.. စိတ် မကောင်း လိုက်တာ.. သူတို့က.. အဲဒီလို..ပြည်သူ ပရိသတ် စာနာပိုအောင် လုပ်မေး တာ အရေးမကြီးဘူး.. ကလေး တယောက် ကို.. အဲလို မေးသင့် ရဲ့လား..

she:း(

me: ကဲ..ဒါဆို တို့ ပြန်မေးမယ်.. အဲလို ကလေးတွေ ကို.. မေးသင့်လား.. မမေးသင့်လား...

she: လူကြီး ဆိုတာ..အဲလိုပဲလား..သိဝူးလေ..

me: ဟိုနေ့ကလည်း.. ကိုဂျင်မီ သမီးလေး ၃နှစ်လေး ကို..ဘေးက..၀ိုင်းပြီး.. လူကြီးတွေပဲ..ဘာတွေ အတင်း ပြောခိုင်း နေလဲ မသိဘူး.. ကလေးတွေ..အဲလို တခါ ဖြေ ရ တိုင်း..သူတို့ ရင်ထဲ..ဆူးတချောင်း နက် နက် မသွားဘူး လို့ ဘယ်သူ ပြောနိုင် မလဲ...
---
----
----

she: လူရွှင်တော် တွေ ပျက်ရင်..ဟိုဟာ မပါ မဖြစ်သလိုပဲ.. စကားပြောရင်.. နိုင်ငံရေး က..ပါနေတော့တာပဲ..
-
me: နားဝင်ဆိမ့် စရာ...ဘလော့ သတင်း တွေပဲ ပြောကြမယ်လေ...း)
လုပ်ပါအုံး .. ဒီက..လက်တံ တိုတယ်...

she: ဟိ...ဘလော့ တွေ အကြောင်း ပြောရင်လည်း..ပြောရင်လည်း...

me: ???

she: ဟုတ်ပါဘူး..အီဖေ လည်း..ခုတလော ဘလော့ တွေ မလည်ဖြစ်တာ ကြာပါပြီ... ကိုယ့်ဟာ နဲ့ ကိုယ် မအားပြန်ဘူး.. အရှိန်လည်း ကျလာပြီလေ.. ပြောသလိုဆို.. ဟာဒယ ရွှင်ဆေး မတိုက်ကျွေး နိုင် သလို သောက်လည်း မသောက် နိုင် တော့ဘူး...

me: ဟုတ်ပါ့...

she: ရှင်လည်း.. ခုတလော အသစ်မရေး ပါဘူး.. အဟောင်း တွေ နဲ့ ဆားချက် နေတာ..ငံပြာရည်တောင် ပေါက်နေပြီ... .. “အတတ ” စီးရီး ဆွဲ နေတာ ကရော.... အတု.. အတောင်.. အတိတ်..အတွေး..အတာ..အတက် နောက်....ဘာလာ အုံးမလဲ... အတိုင် အတော တို့ ဘာတို့ လာ အုံးမလား..း)

me: အူတူတူး))))

she: အရင် စိန်ပန်းလို.. ၀တ္တု တွေ ရေးအုံးမလား...
-
me: သိဘူး..ရေးတော့ ရေးချင်တယ်.. စိတ်ကူး ထဲမှာ..တချို့ ရှိနေတယ်... ဒါမဲ့..ခုန ပြောသလို..အချိန် နဲ့ မိုတီ ဗေးရှင်း .. ပြီးတော့.. ပထမ ဦးစားပေး..ဒု ဦးစားပေး.. ဒါတွေ..ဒါတွေ.. ဘလော့ ဟန်းနီးမွန်း ကတော့.. ပြီးသွားပါပြီလေ...း)

she:း(

me: တော်ပြီ..တော်ပြီ..
ကာတွန်းတခုထဲကလို.. ကောင်မလေး ၂ယောက်..လမ်း လျှောက်ရင်း..လမ်းထဲက..အိမ်တွေ ကြည့်ပြီး..တအိမ်ပြီး တအိမ် အတင်း ပြောလာတာ.. နောက်ဆုံး.. လမ်းထိပ်နား ရောက်တော့ တယောက်က.. ကဲ..ငါတို့ အိမ် ရောက်ကာနီး ပြီ.. သွားတော့မယ် နော် လို့ ပြော သလိုပဲ...း) ခု... ငါ့ ဘလော့ နား ရောက် နေပြီ...

she: ဟီး
me: တာ့တာ..
-
10:35 Pm
-----------
10: 46 pm
sign out or invisible .


( မှတ်ချက် - တကယ့် ချက်တင်း အစစ် ဟု မယူဆ စေလို )း)


Share/Bookmark

ဘလော့အသစ် မိတ်ဆက်

ဒီဘလော့ မှာ ရေးနေကျ.. နီဇူလိုင် ရဲ့... တိမ်ကိုခြယ်တဲ့ ဆေးရောင်များ ဘလော့ဂ် ပါ..။

တားမရ တာကြောင့်... အိမ်ခွဲ ပေးဆင်းလိုက်ပါပြီ...။း)


Share/Bookmark

အတာ - အတက်


ဘာညာ သာရကာ တွေကြားက .. အတာ
ညာတာ ပါတေး မလေး တွေရဲ့.. အတာ
ညုတုတု အက တွေ ရဲ့ ... အတာ
ညံ့တံ့တံ့ ... ညောင်နာနာ..ရောတဲ့ မွှေတဲ့.. အတာ
ငေးတေး ငိုင်တိုင် မလုပ် နဲ့. ... အတာ
အငိုက် အလစ် မှာ.. နတ်စိမ်း ဖြစ်တတ်သတဲ့..

ဝုန်း ကနဲ.. ဒိုင်းကနဲ..
မီးအိုးလား.. အငွေ့အိုးလား..
အိုးတွေက..နေရာတိုင်းမှာ..
အိုး..နိုး....နိုး...
ဗုံးအိုး ပေါက်တာတဲ့...
အခု..ပြောနေတာ..လူ လား..နတ် လား..
အတက် လား အကျလား...
အတက်ပြီးမှ..အကျလား..
အကျပြီးမှ..အတက်လား
အကြပ်ပြီး မှ.. အတက်လား

အတက် မှာ ကျပ် တဲ့..ကားတွေ အကြောင်း
အတက် မပါ တဲ့..ခြေထောက် တွေအကြောင်း
အတတ် မလိုတဲ့.. အလုပ် အကိုင်ေ တွ အကြောင်း
အသတ် မခံ ရတဲ့.. ဒုစရိုက် သားတွေ အကြောင်း
သက်သေ မခိုင်လုံ တဲ့..ပုဒ်မ တွေ အကြောင်း
တပ်အပ် မပြောနိုင်ပေမဲ့...
အသက် မသေ ကျန်နေသူတွေ
အသော မတက် ရတက် မအေးရကြောင်း ကိုတော့..
သိကြားမင်း ကို သာ တိုင်ကာ ပြောယုံ..
သင်္ကြန် ဆိုတာ..နှစ်သစ် ကို ကြိုဖို့ အကြောင်း.. နှစ်ဟောင်း ကို ဆေးဖို့ အရေး
ဘေးမဲ့ လွှတ်တဲ့ ငါး တွေ က လည်း.. ရေစုန် ကို ဆန်တက်..
အတက် နေ့ မှာ..



Share/Bookmark

ရထားလေးတစင်း နဲ့ အတူ..

အီစတာ ကျောင်းပိတ်ရက်တွေ ထဲ.. မြေနီနီ မြို့လေး ကို.. ပြန် ဖြစ်တယ်။ စိတ်လှုပ်ရှားစရာတွေ.. လူမူ အသိုင်းအ၀ိုင်းတွေ.. အခွင့်အလန်း တွေက..မြို့ကြီး မှာ ရှိတယ် လို့.. အကြမ်းဖျင်းတော့..မှန်နေပေမဲ့လဲ.. အချိန် အတော်ကြာ နေခဲ့တဲ့..ဒီ မြေနီနီမြို့လေး ကလည်း..ရိုးရှင်း တည်ငြိမ် မူတွေ နဲ့.. ချစ်စရာ ကောင်း နေသေးတာပဲ...။ ခုတော့..ပိတ်ရက်တွေ ကုန်လို့.. ရထားလေး ကို စီးပြီး..မြို့ကို ပြန်ရ ပေ အုံးမည်။

ရထားလေး နဲ့ အတူ.. ပြန်လည် ခံစားရင်း.. တနှစ်ကျော်က.. အဟောင်း အမြင်း ပို့စ် လေး တခုပါပဲ..လို့..။း)

++++++++++



သူကတော့ ဒီမြေနီနီ မြို့လေးကနေ အနီးဆုံး ဆိုတဲ့ မြို့ကြီးပြကြီးဆီကို ရောက်အောင် သွားရတော့မယ်ဆိုရင် အရိုးသားဆုံး ရထားလေးကိုပဲ စီးဖို့ရွေးချယ်လေ့ ရှိတယ်။

၇ နာရီ ဆိုတဲ့အချိန်က မဂ္ဂဇင်းတအုပ်ဖတ်ဖို့ရယ်.. ရှုခင်းတွေ ခဏတဖြုတ် ( ဒါမှမဟုတ် တမေ့တမော) ငေးကြည့်ဖို့ရယ်.. အပေါ်မှာ ချိတ်ထားတဲ့ တီဗွီ ဖန်သားပြင်ပေါ်က..ခပ်ညံ့ညံ့ ရုပ်ရှင် ကားဟောင်း တကား လောက် ကြည့်ချင်ရင် ကြည့်ဖို့ရယ်.. အတွက် လုံလောက်တဲ့ အပြင် ပိုတောင် ပိုလွန်းနေ သေးတာ။

လက်ဆွဲအိတ် ကလေးကို အမိုးဘောင်ပေါ်က.. ကေဗင်လေးထဲ ပြစ်သွင်းလိုက်ရင်း..ပြတင်းပေါက်ဘေး ကပ်ရပ်ခုံမှာ ထိုင်ချလိုက်သည်။ သူ့ဘေးခုံက လူမလာသေး..။ ဟိုး အပေါက်ဝက ဒယိမ်းဒယိုင်နဲ့ တက်လာတဲ့ အဘို ( အဘိုးရီးဂျင်း ဒေသခံလူမျိုး) ယောက်ကျားကြီး များ ဖြစ်နေမလာလား လို့ စိုးရွံ နေမိသေး။ တော်ပါသေးရဲ့.. ကျောပိုးအိတ်လေးနဲ့ ကြားဘူတာမှာ ဆင်းမယ်ထင်ရတဲ့ တောသား ကောင်ငယ်လေး တယောက်။ ဒီ အဘို တွေ ကို စိတ်ညစ် ရတာ တခြားမဟုတ်ပါဘူး..ခွဲခြားဆက်ဆံ ဖို့ ထားဦး...သူတို့က..ရေမှ မချိုးတာ။ အင်း..ဒီတခေါက် စိတ်လွတ် ကိုယ်လွတ် အလုပ် အားရင်တော့..ဒီ စိတ်ဝင်စားစရာ ဒေသခံ အဘိုရီးဂျင်းတွေ အကြောင်း ဘလော့မှာ ရေး ဦးမည်။

နေ့လည် ထမင်းစားပီးစ အချိန်မို့ ပြတင်းပေါက်က တဆင့်မြင်နေရတဲ့ အပူရောင် ရှုခင်းတွေကို ကြည့်ရင်း..ခဏတော့ အိပ်ပျော်သွား သလို ထင်မိသည်။ ကော်ဖီလေး ဘာလေး သွားဝယ်သောက် ဦးမှ..။ လျှာထိုးဦးထုပ်ကလေး ဆောင်းပြီး ကာတွန်းစာအုပ်ကလေး ဖတ်နေတဲ့..ဘေးက..ခလေးကို ပြုံးပြ ခြေထောက်ကလေး ခဏ ရွှေ့ခိုင်းလိုက်ရင်း.. ရထားနောက်ဖက်က မုန့်ဆိုင်လေးဖက် ..ထွက်လာတယ်။ ဒီရာသီက.. Pensioner တွေကို လက်မှတ် အလကား ပေးတဲ့လမို့ထင်သည်.. တတွဲလုံး တ၀က်ကျော်လောက်က..အဘိုးအဘွားတွေ။ သိုးမွေးထိုးတဲ့ လူက ထိုး။ စာအုပ်ဖတ်တဲ့ သူကဖတ်။ ဒီမှာက..သူတို့ကို တနှစ်တခါ ကြိုက်တဲ့ခရီး ထွက်နိုင်အောင် လတ်မှတ် အလကားပေးလေ့ ရှိသည်။ အေးချမ်း လှသည့် ဘ၀ ဆည်းဆာများပေ။

ကော်ဖီကို တငုံချင်း သောက်ရင်း..ပြတင်းကို ပြန်ငေးနေမိပြန်သည်။ နီညိုညို ကန္တရ ပင်တွေ ထဲက မထွက်သေး။ ကြည့်စရာမရှိ..။ ဆားအိုင်တွေ နားတော့ ရောက်နေပီပဲ.. ကြည့်စမ်း..ဆားအိုင်တွေ တောင် အရည်တွေ ပျော်လို့..အရိပ်တွေ ဘာတွေတောင် ထင်နေတယ်..အခါတိုင်းဆို..တကယ့် ဖြူပြစ်ပြစ် ဆားအိုင်တွင်းတွေလေ..။

ဘေးက..ကလေး ဆီက..ရီသံ ထွက်လာလို့ လှမ်းကြည့်တော့..အော်- တီဗီ ကြည့်နေတာပဲ။ နားကြပ် ခဏ တပ်ကြည့် သည်။ ပျင်းစရာကြီးပါ..။ သူ့အတွက်တော့.. စိတ်ဝင်စားစရာ မကောင်းလှသော ခပ်ပေါပေါ ရုပ်ရှင် တခု။ နေဦး.. သူ့မှာလုပ်စရာ တန်းလန်း တခု ပါလာသည်ပဲ..။ lap top တပ်ဖို့ ပါဝါ ပေါက် က..ရှေ့ခုံမှာမို့.. ရှေ့က အမျိုးသမီးကြီးကို လှမ်းခွင့်တောင်းတော့.. ကျေးလက်ဆန်တဲ့ ဒေသမို့..နွေးနွေးထွေးထွေး နဲ့ ဒီရုပ်ရှင် မကြိုက်လို့လား တဲ့..။

ညကမှ ခရီးထွက်ဖို့ ပြင်ဆင်နေတုန်း..ဂျီတော့ကနေ.. မိတ်ဆွေကြီး လွင်မိုးက.. သူ့ google reader မှာ share ထားတဲ့ စာလေး တစောင်ကို ဘယ်လိုထင်လည်း.. ဘာသာပြန်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ တဲ့။ သူက..ဘိုလိုပဲ ဘလော့ရေးကာ..ဘိုလို ရေးတဲ့ သတင်းဆောင်းပါးတွေကို အဖတ်များသူ။ တခါတလေ သူ ရှဲတာလေး တွေက.. တန်ဖိုး ရှိလှသည်။ မအားတဲ့ ကြားထဲကမှ ပြန်ပေးမယ်လေလို့ လောကွတ် ချော်မိသွားအောင်.. သူကလည်း အပြောကောင်း လေသည်။ ညက..တကယ်စလုပ်ကြည့်တော့.. သိပ်မလွယ်လှ။ တရက် နဲ့မပြီးနိုင်။ စာက အတော်ရှည်သား။ ဒါပေမဲ့.. အုတ်ဂူထဲက လူတယောက်ရဲ့ အဆုံးစွန် ဆန္ဒ နဲ့ စကားတွေကို..လူတွေ ကြားနိုင်သမျှ ကြားအောင်.. ဘာလို့ လုပ်မပေး နိုင်ရမှာလဲ..လုပ်မပေး သင့်ရမှာလဲ..။

lab top ကို ရှေ့က ခုံပေါ် တင်လိုက်တော့..သူ့လက်တွေက.. စာလုံးတွေ ကြားထဲ သူ့အလိုလို ပြေးသွားတော့သည်။ သိရိလင်္ကာ နိုင်ငံက.. သတင်းသမား တယောက်ရဲ့ အဆုံးစွန်သော ပေးဆပ်မူ။ အာဏာ ပါဝါ နောက် မပါပဲ..ပြည်သူတွေကို လွတ်လပ် မျှတတဲ့ အသိအမြင်တွေ ပေးခဲ့ချင်တဲ့..သူ့ရဲ့ စွန့်လွှတ်မူ။

မူရင်းစာသားကို ဖတ်ရင်း.. နားလည် နှစ်ခြိုက်လွန်းလှတဲ့..ခံစားမူက..သူ့လက်တွေပေါ်ကို ..အလိုအလျောက် ခုန်ဆင်းသွားတော့သည်။

ကျနော်တို့ရဲ့ အဓိဋ္ဌာန်က သီရိလင်္ကာနိုင်ငံကို ထင်သာ
မြင်သာရှိတဲ့ ဘာသာအယူဝါဒစွဲ ကင်းတဲ့၊ လွတ်လပ် မျှတတဲ့ ဒီမိုကရေစီနိုင်ငံတခု အဖြစ်
မြင်ချင်တာပါပဲ။ အဲဒီ စကားလုံးတွေကို စဉ်းစားကြည့်ပါ။ စကား တလုံးချင်းမှာ သိပ်ကို
လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိပါတယ်။ ထင်သာမြင်သာ ရှိရပါမယ်။ ဘာအတွက်လဲ ဆိုရင် အစိုးရ
တရပ်ဟာ ပြည်သူလူထု အတွက် ပွင့်ပွင့်လင်းလင်း အသိပေး နေရမှာဖြစ်ပြီး သူတို့ရဲ့
ယုံကြည်မှုကို အလွဲသုံးစား မပြုသင့်လို့ပါ။ ဘာသာအယူဝါဒစွဲ ကင်းရပါမယ်။ ဘာဖြစ်လို့လဲ
ဆိုရင် ကျနော်တို့နိုင်ငံလိုမျိုး လူမျိုးစု ပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ
ပါဝင်နေတဲ့ လူ့အဆောက်အဦးတခုမှာ အယူဝါဒစွဲကင်းမှသာ အားလုံး ညီညွှတ် ပါဝင်နိုင်မယ့်
အခြေခံကောင်းတခု ရှိနိုင်မှာမို့ပါ။ လွတ်လပ်မျှတမှု ရှိရပါမယ်။ ဘာကြောင့်လဲ ဆိုရင်
လူသားတိုင်းဟာ မတူညီစွာ ဖန်တီးတည်ရှိ နေကြတာကို ကျနော်တို့ အသိအမှတ်ပြုလို့ပါပဲ။၊
တခြားတပါးသောသူကို သူဖြစ်တဲ့အတိုင်း လက်ခံနိုင်ဖို့ လိုအပ်ပြီး ကိုယ်ဖြစ်စေချင်သလို
ပြုလုပ်လို့ မရပါဘူး။ ပြီးတော့ရင် ဒီမိုကရေစီနည်းလမ်းကျ ရပါမယ်။ ကဲ - ခင်ဗျား
ကျနော့်ကို ဒီမိုကရေစီ ဘာဖြစ်လို့ အရေးကြီးလဲလို့ ရှင်းပြစေချင်ရင်တော့၊
ဒီသတင်းစာကို ဝယ်နေတာသာ ရပ်လိုက်ပါတော့။

Transparent, Secular, Liberal, Democracy ဆိုတဲ့ အသုံး အနှုံးတွေ နောက်ကို သူ့အတွေးတွေ ပြေးလိုက်ပါ သွားပြန်သည်။
ပီးခဲ့တဲ့ အပတ်ကမှ CNN မှာ ကြည့်ခဲ့ရတဲ့.. The challenge in Middle East ဆိုတဲ့ အထူး အစီအစဉ် မှာ.. ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အစ္စရေး-ပါလက်စတိုင်း ပြသာနာရဲ့ ရင်းမြစ်ကို ရှာဖွေ ဆန်းစစ် ကြည့်ထားတာတွေ.. ခေါင်းထဲ ရောက်လာသည် ။ ဆော်ဒီ အာရေဗျ နိုင်ငံကြီးရဲ့ ဒေသတခုလုံး နဲ့ ဘာသာအယူဝါဒ တခုလုံးအပေါ် ထိုးဖောက် သက်ရောက်နေမူ ကို ရဲရဲဝံ့ဝံ့ သုံးသပ်ပြခဲ့တဲ့.. အာရပ် ပညာရှင်တယောက် ရဲ့ စကားတွေ ။ တခေတ် တချိန်က.. လစ်ဘရယ် ကျခဲ့တဲ့ အာရပ် ခေါင်းဆောင်တချို့ ပြည်ပြေး ဘ၀တွေ ရောက်နေရပုံတွေ..။ ပြီးတော့..ဘာရယ်မဟုတ်.. မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ ရှိတဲ့..အမျိုး- ဘာသာ- သာသနာ ဆိုတဲ့ စကားကိုတောင် တွေးကြည့်နေမိသည်။ တလောက..ရွက်မွန်မှာ ဖတ်လိုက်ရတဲ့..ဂျမားတို့အဖိုး ဆိုတဲ့ ဇတ်လမ်းလေးကို လည်း.. ဆက်စပ်ပြီး သတိရနေပြန်သေးသည်။

ဒီစစ်ပွဲကို ကျနော်တို့ မကြိုက်ဘူး ဆိုတာကို “ကျား(သူပုန်) တွေကို ထောက်ခံတယ်” လို့ ဘာသာ မပြန်သင့်ပါဘူး။ တမီးလ်ခွဲထွက်ရေးကျား ဆိုတာတွေဟာ ဒီဂြိုဟ်ကြီးပေါ်မှာ စွဲကပ်လာတဲ့ အရက်စက်ဆုံးနဲ့ သွေးအဆာဆုံး အဖွဲ့အစည်းတွေထဲက တခု အပါအဝင်ပါ။ ဒါပေမဲ့ သူတို့ကို အပြုတ်တိုက်ပစ်ရမယ်လို့လည်း ကျနော်တို့ အနိုင်ပိုင်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ တမီးလ် ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ပြီး ဒီလို ရက်ရက်စက်စက် ဗုံးထောင် သတ်ဖြတ်နေခြင်းဟာ မှားယွင်းယုံတင်မက ဓမ္မကို စောင့်ရှောက် ထိမ်းသိမ်းသူများလို့ ပြောနေတဲ့ ဆင်ဟာလိ လူမျိုးတွေအတွက် ရှက်စရာ ဖြစ်တယ်။ ဆင်ဆာ တားမြစ်မှုတွေကြောင့် လူထုက မသိမမြင်နိုင်တဲ့ ဒီလို ရက်စက် ကြမ်းကြုတ်မှုတွေဟာ ဆင်ဟာလိတွေအတွက် အမြဲ မေးခွန်းထုတ်စရာ ဖြစ်နေမှာပါ။

အခု ..ဒီသတင်းစာ ဆရာ ပြောသလို..သိရိလင်္ကာ မှာ တမီးလ်ကျားတွေကို အလုံးစုံ ပျက်သုန်းရေးလုပ် လိုက်လို့ ဘာအကျိုးရလဒ် ရလာမှာလဲ..။ ဟားမားစ်တွေကို တယောက်မကျန် ဗုံးခွဲ သတ်ဖြတ်နိုင်တော့ရော..ဘာအောင်မြင်မူ ပန်းတိုင်ကို ရ ကြမှာလဲ..။ human shield ဆိုတဲ့ စကားတလုံးကို အပြစ်တင်စရာ ရေလဲသုံး ပြီး.. သိရိလင်္ကာ အစိုးရကော အစ္စရေးတွေကော.. လုပ်ချင်သလို လုပ်ခဲ့ ကြသည်။ လူတွေထဲက ဖြစ်လာတဲ့.. ဆန့်ကျင်တွန်းလှန်မူ တခု ဟာ..ဘယ်လိုလုပ် ဒီလူတွေနဲ့ ကင်းကွာ နေမလဲ.. ။

တော်ပြီကွာ.. ခေါင်းစားတယ်။ ဆံပင် အမဲ က..သိပ်မကျန်တော့ပါဘူး ဆိုမှ..။ ကမ္ဘာကြီးကိုက..အဖြေမရှိတဲ့ အလုံးကြီးပဲ..။
lap top ကနေ မျက်နှာကို ခွာလိုက်ရင်း.. အေးစက်နေတဲ့ ကော်ဖီ လက်ကျန်ကို တချက်တည်း မော့ပြစ်လိုက်သည်။ သြော.. နေတောင် နဲနဲ စောင်းလာပြီပဲ။ ခရီး တ၀က်ကျိုး ခဲ့ပြီ။ လမ်းဘေးက..ရှုမျှော်ခင်းတွေ လည်း..အရောင်ပြောင်း လာပြီ။ သူချစ် တဲ့ ဂျုံခင်း ၀ါဝါလေးတွေ နဲ့ ယာတော အိမ်ကလေး တွေ မြင်နေရပြီ။ တကယ်တော့..သူချစ်တာ.. လယ်ကွင်း စိမ်းစိမ်း တွေပါ။ စိမ်းတဲ့ မြေကနေ..နီဝါ၀ါမြေ ကို ရောက်လာတော့လည်း.. ကာလံဒေသံ အလျောက်.. သင့်တင့်လျောက်ပတ်စွာ ခံစား နေထိုင်တတ်ပြီကိုး။ ကြည့်စမ်း..တတောင်လုံး ၀င်းထိန်ဝါနေတဲ့.. Canola ပန်းခင်းကြီးတွေ..။ သိုးတွေကတော့.. တကယ့်သိုးသူငယ် တွေ။ လှုပ်ရှား ဆော့မြူတာလဲ မရှိ။ စားကျက် တောင်ကုန်းပေါ်မှာ ငြိမ်ငြိမ်သက်သက် မလှုပ်မရှက် နေနေလိုက်ကြတာ.. တကယ့် ငတုံး တွေလိုပဲ။ အင်းလေ.. အဲလို ဘာမှ မသိတဲ့ ငတုံးတွေလည်း တမျိုးကောင်းတာပဲ။ စိတ်ချမ်းသာတယ်။

ရွာငယ်လေးတွေ ကျော်လာတော့..မြို့သေးသေးလေး တခု ၀င်လာသည်။ ဒီမြို့လေးက..ဂျုံစိုက်ပျိုးရေးနဲ့ပဲ အသက်မွေးပုံ ရသည်။ ရထားလမ်းဘေးမှာ ဂျုံစက်ကြီးတွေ အကြီးကြီး။ ဂိုဒေါင်ကြီးတွေလည်း အကြီးကြီး.. မြို့လေးနဲ့တောင်မလိုက်။ လူ ဆိုလို့.. ဘူတာမှာ လာကြိုတဲ့ ကားလေး ၃စင်း နဲ့ လူ ၄ ယောက်လောက်ရယ်.. ခပ်လှမ်းလှမ်းက.. ဆိုင်ကလေးတခု က ထွက်လာတဲ့..အဘိုးကြီး တယောက်ရယ်.. ခွေးလေး တကောင် ကြိုး နဲ့ဆွဲရင်း လမ်းလျှောက် နေတဲ့ စုံတွဲ တတွဲရယ်ပဲ မြင်လိုက်ရသည်။ ဒီ ဂျုံခင်းတွေ..ဂျုံဂိုဒေါင်တွေ..ဂျုံစက်ရုံတွေကို လူ ဘယ်နှယ်ယောက်ကများ စီမံ လုပ်ကိုင်နေပါလိမ့်..။ အားလုံးကလည်း..စက်နဲ့ပြီးတာ ဆိုတော့ လဲလေ..။ ပျင်းစရာ ကောင်းလိုက်တဲ့ မြို့လေးရယ်....။

ခုလို ညနေစောင်းလေးမျိုးပါပဲ..ဒါပေမဲ့...။
လယ်ကွင်း စိမ်းစိမ်းတွေ .. ညစ်တီးညစ်ပတ် အိမ်နောက်ဖေး ရှုခင်းတွေရယ်ကို ငေးရင်း.. ဆူဆူညံညံ ဘူတာလေးတွေတခု ပြီး တခု ဖြတ်သွားရတဲ့..စိမ်းတဲ့မြေက.. ရထားကြီးကို သတိရမိတယ်။ နေညိုညို ညနေစောင်းလေးမှာ.. ရထားလမ်းဘေးက..ဆန်စက်အိုကြီး တွေ...။ သူတို့လည်း..တချိန်တုန်းကတေ့..အခု ဂျုံစက်ကြီးတွေလို ဖြစ်ခဲ့မှာ သေချာတယ်။ ဆန်စက် မီးခိုးခေါင်းတိုင် အက်ကွဲကြားက..ညောင်ပင် လေး တွေ အညှောင့် ထွက်နေတာ မျိုးတောင်.. သူ့မျက်စိ ထဲက မထွက်။ စက်ဘီးလေး တွေ ကလင်ကလင် နဲ့ ဘူတာကို လာကြတဲ့ မိန်းမပျိုလေးတွေ ရဲ့..လန်းလန်းဆန်းဆန်း သနပ်ခါး မျက်နှာလေးတွေ။ ဘူတာဘေးက ကွင်းမှာ..ခြင်းခတ်..နေတတ်တဲ့..ယောက်ကျားပျိုတွေရဲ့ ဟေးကနဲ ဝေါကနဲ ညာသံတွေ..။ စိမ်းတဲ့ မြေရေ...။

ပြတင်းပေါက်က..အလွမ်းတွေကို ဆွဲခွါရင်း.. ရထားတွဲထဲက..တီဗွီကို လှမ်းကြည့်သည်။ ကြည့်ရတာ နောက်ရုပ်ရှင် တကားလည်း..စိတ်ဝင်စားစရာ သိမ်မကောင်းလှ။ လာခါနီးမှ ဘူတာ စာအုပ်ဆိုင်က..ဆွဲလာတဲ့.. Obama Special Issue Time မဂ္ဂဇင်းကို လှန်လျော ကြည့် မိသည်။ အမေရိကန်မှာ အိုဘားမား အဖျားရောဂါ ဖြစ်နေတယ် ဆိုပီး တကိုယ်လုံး အိုဘားမား အရုပ်တွေ လိုဂို တွေ ကပ်ထားတဲ့ ကာတွန်းပုံ နဲ့ သရော်ထားတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး ပြုံးမိသည်။ သြော- ခုန ဘာသာပြန်နေတဲ့..သိရိလင်္ကာ သတင်းစာ ဆရာ အကြောင်း ပဲ..ဆောင်းပါးတပုဒ်ပါလား။ သူက.. Time ရဲ့ သတင်းထောက်လည်း ဖြစ် ဆိုပဲ။ ရှေ့နေ၀တ်စုံ နဲ့ သူ့ပုံကို ကြည့်ရင်း..စိတ်တွေ မကောင်း ဖြစ်နေမိသည်။ အခု- သူ့ကို လုပ်ကြံ အပြီး နဲ့ တိုက်တိုက် ဆိုင်ဆိုင်.. တမီးလ် စခန်းတွေကို အနိုင်သိမ်း လိုက်ကြပြီ။ မျက်ရည်စက်ပုံ ဒီကျွန်းလေးကနေ..ဒီလူတွေ..သူပုန်တွေ ဘယ်ကို ပြေးမလဲ။ ပြေးစရာ မြေမရှိ။ နယ်စပ်မရှိ။

The Pen is powerful, but sometimes it isn't enough. တဲ့။
ဆောင်းပါး ရဲ့ အဆုံးသတ် စာကြောင်းက..ပစ္စခ အခြေအနေကို ထင်ဟပ် နေတာဖြစ်ပေမဲ့..သူ့ရင်ထဲမှာ မတင်မကျ။ ရှင်သန် ကျန်ရစ်နေသူတွေကို ဒီလိုကြီးတော့..အဖြေ ထုတ်မပြသင့်ပေ..အဆုံးမသတ်သင့်ပေ။

တော်ပီကွာ..ပျင်းတယ်။ wi-fi နဲ့ အင်တာနက် သတင်းတွေ လျှောက်ဖတ် ဦးမယ်။ သူများ နိုင်ငံအကြောင်းတွေ ကြည့်ရတာ..စိတ်ညစ်လာပြီ။ စိမ်းတဲ့မြေ အတွက်..ဘာတွေများ ထူးထူးခြားခြား ရှိလေမလဲ။
-
ပင်လယ်ထဲမှာ မျောပါလာလို့ သြစကြေလျ နိုင်ငံက..ဆယ်ယူ ကယ်တင် လိုက်တဲ့..မဟာကံထူးရှင် ရွှေဗမာလေး ၂ယောက် ရယ်... ပင်လယ်ထဲကို ပံ့သကူ ပစ်လိုက်တဲ့.. မဟာ ကံဆိုးရှင် ဗမာ ရိုဟင်ဂျာ ထောင်ကျော်ရယ်..သြော်.. ရေမျောကမ်းတင်..သောင်ပြင်မှာ လွှတ်တဲ့ ဘ၀တွေ ရောက်နေ ကြရပြီကိုး။ ဘုရားရေ- ဒပ်ဗလင် မှာ တယောက်နဲ့ တယောက် ထိုးရ ကြိတ်ရလောက် အောင်တောင်..ဆိုးတဲ့သူက..ဆိုးတယ်တဲ့။ ဖြစ်မှ ဖြစ်ရလေ။ ဒီလောက်တောင် ပြည်သူ့ မျက်နှာ ကြည့် တဲ့ အကျိုးနဲ ပုဂ္ဂိုလ်ထူးတွေ အတွက်..စိမ်းတဲ့မြေရေ.. နင် မငိုနဲ့တော့..။

တော်ပါပြီ..ဘာမှ မသိချင်တော့ဘူး.. ။ အကုန်ပိတ်..။ မျက်စိ မှိတ် ပြန်အိပ်တော့မည်။ အင်း..ခုမှတော့...အိပ်လို့ မဖြစ်ပြီ။ ရှေ့မှာ မီးရောင်ပြပြ နဲ့ သူသွားရမဲ့ မြို့ကြီးကို မြင်နေရပြီ။


( ဘာသာပြန်ထားတဲ့ မိုးမခမှ- အုတ်ဂူထဲက လာတဲ့စာ )

( ၀န်ခံချက်- စိမ်းတဲ့မြေ ဆိုသော အသုံးအနှုံးအား ကိုတာ ၏ စာတပုဒ်မှ နှစ်သက်စွာ ယူသုံးပါသည်။)


++++++

ခု ပြန်ဖတ်ကြည့် ပြီး တဲ့ အခါတော့.. အတွေး အဟောင်းလေး တွေ နေရာမှာ..အသစ်တချို့ ၀င်လာတယ်ပေါ့လေ..။

အခု ဆို ..သိရိ လင်္ကာ မှာ..တမီးလ် ကျား စခန်း တွေ လည်း.. မြေလှန် ပြီးသွားသလို... နောက် ထပ် လုပ်တဲ့ ရွေးကောက်ပွဲ မှာ လည်း..အဲဒီ အငြင်းပွားဖွယ်.. ခေါင်းဆောင် မဟင်ဒရာ တယောက်လည်း..အာဏာ အဆိပ် ထိပ်ကို တက်ပြီး..ဆက်လက် ညစ်ပတ် အနိုင်ယူ လိုက်တာ.. လုပ်ဖော် ကိုင်ဖက်.. တော်လှန်ရေး အတူ ဆင်နွှဲ ခဲ့တဲ့.. အခု ရေးတဲ့..သတင်းစာဆရာ ကို အသေ သတ်လိုက် ယုံ တင် မက.. ရွှေးကောက်ပွဲ ၀င်တဲ့.. အတိုက်အခံ ကိုလည်း..ရဲဘော် ရဲ ဘက် ဖြစ်ခဲ့ ရက်နဲ့.. မတရား..ထောင်သွင်း အကျဉ်းချ ထား ပြန်ပါတယ်။

စိမ်းတဲ့ မြေက.. သတင်း ပလင်း တွေ က လည်း..ဒပ်ဗလင် မှာ.. နပန်းလုံး ဝေစု မတဲ့ ဖြစ်နေရတဲ့.. အဆင့် ကို ကျော် လာခဲ့ ပြီး.. အကွေ့ အပြောင်း အသစ်မှာ.. နိုင်ငံရေး တွေ လည်း သစ် ကြ ရင် ဖြင့် ...လို့ သာ... ဆန္ဒ တွေ တိုးသျှိုး နေ မိ တော့တယ်။

သြော်.. မနှစ်က ခံစားမူ နဲ့ ဒီနှစ် ခံစားမူ ဘာ ပြောင်း သွားသလဲ.. မနှစ်က..ကိုယ့် နေထိုင်မူ နဲ့..အခု..နေထိုင်မူ ဘာ ပြောင်း လာသလဲ.... တွေး မိတော့.....

တွေး..တွေး... ဆက်သာ တွေး...



Share/Bookmark

လူ့ငရဲ မှ ရှင်ပြန်ထမြောက်သူ


ဘဘ ဦးဝင်းတင် ရဲ့ “ဘာလဲဟဲ့..လူ့ငရဲ” ကို.. စာအုပ် တအုပ် အဖြစ်.. အသေအချာ အကျအန တရွက်ခြင်း လှန်ပြီး..တခန်းခြင်း..တပိုဒ်ခြင်း ဖတ်လိုက် ရ ပါ ပြီ။

အတော်စောစော ကတည်းက.. ပီဒီအက်ဖ် ဖိုင် ရခဲ့ပေမဲ့.. စာအုပ်ကိုပဲ ဖတ်မယ် လို့.. စိတ်ရှည် လက်ရှည် တောင့်ခံပြီး..စောင့်နေခဲ့ မိတယ်.။ ကြောင်တာတော့ မဟုတ်ပါဘူး..။ ထိုက်ထိုက် တန်တန် ဖတ်ချင် လို့ ပဲ ဆိုပါတော့..။ ဒါတောင်.. မနေနိုင် မထိုင်နိုင်.. ပီဒီအက်ဖ် ဖိုင် က..အမှာစာလေး သွား မြည်း မိတာ.. ရပ်မရ ပဲ..အခန်း ၁ ကိုတောင် ကျော် တော့ မလို့..။ ဟိုမှာ..ဒီမှာ..သူများတွေ ညွှန်း ကြ ..ရေးကြ တဲ့..အပိုင်း အစ လေးတွေ ကလည်း.. အတော့်ကို စိတ်ဝင်စား စရာ ကောင်း နေခဲ့ တယ်ပေါ့..။ တကယ် ကိုယ်တိုင် ဖတ်ကြည့် လိုက်တော့ လည်း.. စိတ်ဝင်စားစရာ တွေ ပြည့်နှက်.. တွေးစရာ တွေ.. အမျှင်မပြတ်.. ကွင်းဆက် ကလေး တွေ..လိုက်ဆက် ရင်း...စာအုပ် ကလေး ကို.. ခဏ ခဏ ပြန် လှန် နေမိ ပြန်တယ်။

လူ့ငရဲ ဆိုတဲ့ အတိုင်း.. ငရဲကြီး ရှစ်ထပ် မှာ နောက်တထပ် ထပ် တိုးရမဲ့.. လူ့ တစု ရဲ့ လက်အောက် ..အရှင်လတ်လတ် ငရဲ ကျ ခဲ့တဲ့.. နေ့ရက် တွေ ...။ တွေးကြည့် လို့တောင် မရနိုင်တဲ့..အနှစ် ၂၀ ဆိုတဲ့..အကျဉ်းထောင် တွင်း ကာလရှည် ကြီးကို.. ဘဘ ဦးဝင်းတင် တယောက် ဘယ်လို ဖြတ်သန်းခဲ့တယ် ဆိုတာတွေ.. ကတော့.. ဘာမှ ထွေထူး ထပ်ပြီး ပြောပြ ရေးပြ နေဖို့ မလို တော့ပါဘူး..

တချက် တချက်..ကျ လာတဲ့ မျက်ရည် တွေ ကို သိမ်းဆည်း ရင်း..အံသွား ကြိတ်ခဲ နေ ခဲ့မိတာ ကလွဲလို့... တထိုင်တည်း တည တည်း..ဖတ်ဖြစ် လိုက်တဲ့..အဲဒီ စာအုပ် လေးကို ပြန် လှန် ကြည့် နေ မိတာက..စာအုပ် ရဲ့ အဆုံးပိုင်း မှာ ဘဘ ကိုးကား ခဲ့ တဲ့.. တမန်တော်ကြီး ရှင်ပေါလု ရဲ့.. စကား လေး တွေ ကြောင့်ပါ။

အဲဒါ နဲ့.. ဒီစာအုပ်လေး နဲ့... ခရစ်ယာန်သမ္မာ ကျမ်း ကြား..ဟို -ဒီ လှန်လျော..ခေါက်တုံ့ ကူးရင်း.... ရှင်ပေါလု ရဲ့ ဆုံးမစာ တွေ ကို.. ပြန်ဖတ် မိသွားပြန်တယ်။

ရောမ သြ၀ါဒ စာ..ကောရိနသု သြ၀ါဒ ...ဂလာတိသြ၀ါဒ..ဧဖက် သြ၀ါဒ.. ဖိလိပ္ဗိ သြ၀ါဒ.. ကောလောသဲ..သက်သာလောနိတ်.. စတဲ့.. ရောက်လေရာ ရာ..အရပ် .. ကျလေရာ ရာ..အကျဉ်းထောင်တွေ က နေပြီး..သူ့ နောက်လိုက် ခရစ်ယန် မိတ်ဆွေ တွေ ဆီကို.. ရေးပို့ လေ့ ရှိတဲ့.. ရှင်ပေါလု ရဲ့ စာတွေ ပါ..။

ရှင်ပေါလု ဆိုတဲ့.. ရောမ နိုင်ငံသား..ယုဒ ( ဂျူး) ..ကျမ်းတက် စာတတ် ပုဂ္ဂိုလ် တယောက်ဟာ..သူ ပြုခဲ့တဲ့.. ခရစ်ယန် နှိပ်ကွပ်ရေး တွေ ကြောင့်ပဲ.. ကမ္ဘာ့ အအောင်မြင်ဆုံး ခရစ်ယန် တရားဟော ဆရာ..တမန်တော် ကြီး တယောက် အဖြစ်.. အသွင်ပြောင်းခဲ့ရ ပြီး.. ခရစ်ယန် သမိုင်း ကို လည်း.. အကြီးအကျယ် ပြောင်းလဲ ပေး သွား ခဲ့တယ်။ နောက်ဆုံး..သူ ကိုယ်တိုင်.. သြဇာ တိက္ကမ အရှိဆုံး ခရစ်ယန် ကြီး တယောက် အဖြစ် နဲ့.. ရောမ အာဏာပိုင် တွေရဲ့.. မတရား အကျဉ်းချ ခြင်းတွေ ကို အကြိမ်ကြိမ် ခံခဲ့ ရတယ်။ နောက်ဆုံး အချိန် ထိ..သူ့ ယုံကြည်ချက် ကို.. အမြင့်ဆုံး ထိ လွှင့်တင်ပြ သွား နိုင် ခဲ့တယ်။

အနှစ် နှစ်ဆယ် စာ..ခါးသက် အထီးကျန် မူ တွေ ကို.. ဗုဒ္ဓရဲ့ ဗြဟ္မစိုရ် တရား တွေ နဲ့ တကွ...ခရစ်ယန်..၀မ်းမြောက်ခြင်း တရား တွေ က... တနည်းတဖုံ.. ကုစား ဖြေဖျောက် စေခဲ့ တယ် လို့.. စာအုပ် ထဲမှာ..ဘဘ က.. ဖွင့်ဟ ထား ပါတယ်။ အဲဒါကြောင့်ပဲ ထင်ပါရဲ့... ဘဘ ရဲ့ ရဲရင့် ပြတ်သားမူ တွေ... အားမာန် သတ္တိ တွေက...ရှင်ပေါလု ရဲ့ စာ တွေ ထဲမှာ.. ရောင်ပြန် ထင်ဟပ် နေခဲ့တယ်။ ပြီးတော့..ဘ၀ ရဲ့ လေးပုံတပုံ ကို.. ပေးဆပ် ရင်းနှီး ခဲ့ရတဲ့.. အကျဉ်းသား ဘ၀ နဲ့.. ဘ၀တူ အကျဉ်းသား တွေ အတွက်...ပြင်းပြ တဲ့ သူ့ ဆန္ဒ....

ထောင်တွေမှာ ရောက်နေကြတဲ့ ဒီအင်အား သစ်တွေ ကလည်း သူတို့ ရဲ့ လွတ်မြောက်ရေး အတွက် ကျွန်တော် တို့ အားလုံး ရဲ့ ၀ါယမ စိုက်ထုတ်မူ ကို ငံ့လင့် နေကြတယ်။ ခရစ်ယာန် သမ္မာကျမ်းစာ ရှင်ပေါလု ရဲ့ စကား ကို သူတို့ ရေရွှတ်ကြတယ်။ သူတို့ ပဲ့တင် ထပ်နေကြတယ်။
“ ငါခံရသော ချုပ်နှောင် ခြင်း ကို အောက်မေ့ ကြလော့..” လို့ ရှင်ပေါလု က ဆိုတယ်။

ခရစ်တော် ကားစင် တင် ခဲ့ရပြီး တဲ့နောက်..ခရစ်ယာန် ဘာသာဝင်တွေ ဖိနှိပ် ချုပ်နှောင် ညှဉ်းပမ်း နှိပ်စက် ခံ ရတယ်။ တခြား ခရစ်ယာန် ဘာသာဝင်တွေက ကယ်ကြဖို့ အားထုတ်ကြတယ်။ ကယ်ကြတယ်။ ခရစ်ယာန်ဘာသာဝင် တယောက် ရဲ့ စကားကို နားထောင် ကြည့်ပါ။

“ ငါဉ် ကြိုးချည်နှောင်လျက် ရှိသော်လည်း သူသည် ရှက်ကြောက်ခြင်း မရှိဘဲ......ငါ့ကို ရှာ၍ တွေ့၏။ ” တဲ့။ ခရစ်ယာန် တယောက် အချုပ်အနှောင် ခံနေရတယ်။ တခြား တယောက်က သူ့ကို တွေ့အောင် ရှာတယ်။ တွေ့တယ်။ ကယ်တယ်။ ဘာအကြောက်တရား မှ မရှိဘဲ ရှာတာ။ ဒါ့ကြောင့် တွေ့တာ။ ဒါကြောင့် ကယ်နိုင်တာ..။

မကြောက်တရားရယ်...မရွံ့တရားရယ်..မဆုတ်တရားရယ် ကို ရင်မှာ မြဲမြဲ ခိုင်ခိုင် စွဲကိုင် ပြီး နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေး ကို ကျွန်တော် တို့ အားထုတ်ကြရမယ်။ နိုင်ငံရေး အကျဉ်းသား တွေ..ထောင်ထဲမှာ ဒုက္ခရောက် တိုင်ငး ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒုက္ခရောက်ကြရသလို ခံစားကြရမယ်။

ဟုတ်တယ်.....
ဘဘ ရဲ့ ရင်ထဲက စကားလုံး တွေ ဟာ..နိုင်ငံရေး အကျဉ်းသား တွေ ကို.. မမေ့လျော့ ဖို့.. တဖွဖွ တိုက်တွန်း ကိုယ်စား ပြုပေး နေ တာပါ..။ ဖြစ် နိုင် ရင်..မိုးကြိုးသံ ထက်တောင်.. ကျယ်လောင် ထစ်ချုန်း မြည်ဟိန်း ပြစ် လိုက် ချင် နေမဲ့..ကျားရဲ တကောင် ရဲ့ အသံ ကို.. ဒီ စာအုပ် ထဲမှာ.. အပေါ်လွင် ဆုံး ဖော်ပြ ခဲ့ ပြီး ပြီ ပဲလေ..။ လူ့ငရဲ က ရှင်ပြန် ထမြောက်လာတဲ့.. တမန်တော်ကြီး တ ယောက် ရဲ့ နိုင်ငံရေး သစ်က.. လူတိုင်း အတွက်.. အားသစ် အင်သစ် တွေ ဖြစ် ပါစေ...။ အာမင်....



စာအုပ် လက်ဆောင် ပို့ပေးသော.. အမ ကို ကျေးဇူးတင်လျက်-

face book မှာ ပြောပေးသွားတဲ့.. အတိုင်း.. စာအုပ် ၀ယ်နိုင်တဲ့ စင်ကာပူ က.. လိပ်စာ တချို့ပါ...
lpk.singapore@gmail.com
Nyi Nyi Myo 91882852
Ko Moe Zaw 81132008

စာအုပ်ကို ပျံ့ နှံ့ ပါစေ တော့ ဆိုတဲ့ စေတနာ နဲ့ သာ.. အင်တာနက်မှာ..အခမဲ့.. မျှဝေ လက်ဆင့်ကမ်း ဖတ်ခဲ့ ကြပေမဲ့.. ဘဘဦးဝင်းတင် ရဲ့ အနှစ် နှစ်ဆယ်စာ လူ့ငရဲ အတွေ့အကြုံ တွေ ကို.. စာအုပ်လေး တအုပ် အဖြစ် နဲ့....နောင်လာ နောင်သား တွေ အတွက်ပါ.. ဆက်ဆက် ၀ယ်သိမ်း ထား ရမဲ့ စာအုပ် တအုပ်ပါ။


Share/Bookmark
Related Posts Plugin for WordPress, Blogger...