ကကြီး ကနေ..အ အဆုံး

က ကြီးရေက… က.. အစ ချီ ရမတဲ့..
ဒါပေမဲ့
ဆိုတိုင်း ..အချစ် မလုပ်ချင်တော့ ...
ခခွေး ဆို...ခွေးလေး တကောင်လို ကွေး နေ တာက မှ ပို အေးချမ်း လိမ့်မယ်..။
အင်း..
အေးချမ်းယုံ နဲ့ တော့ မဖြစ်သေး
ဂုဏ်…ဂုဏ်.. ဂုဏ် တဲ့ ဗျာ ..
ငယ် နဲ့ ကြီး
အဆင့်အတန်း ကွဲပြား..
ဂုဏ်ဆိုတာွေ ကို ခေါ်တယ်..
အရွယ်အစား က စကားပြော သလား
အနေအထား က.. စကားပြော မ လား..


ပြောတော့ ပြောသား.. ပြောပါများပေမဲ့
စကားထဲမှာ.. ဇာတိ ရှာ မရ တာက..
လုံး ပြော .. လိမ်ပြော ..ရူးချင်ယောင် ဆောင်ပြော
လုံး … လိမ် … စိမ် .. ဆိမ် … စိမ် ပ လိန်တိမ် မုန့်ကြိုးလိမ် ။
++++
အဲဒါတွေပဲပေါ့...
ကို က ကွဲ မှတော့....ဇာတ်ခေါင်းကွဲ တာ ဆန်းမလား
ဈ မျဉ်းဆွဲ လို မျိုး ..စ ကတည်းက..မျဉ်းဆွဲ ထားပေါ့
နေပါအုံး..
ဇာတ်ပွဲ က ဈေးသည် တွေ
မအိပ်ရ တာ ..ပြသာနာ မဟုတ်..
ပြနာ က..ဒီ အက္ခရာ တွေ..ဘယ်မှာ သွား သုံးမလဲ..
တောင်တောင် ဤဤ တွေး မိ..
(ဟေး.. မြန်မာစာ သတ်ပုံ ဂရုစိုက်ကြ တဲ့.. )
(သြော..) တောင်တောင်အီအီ တွေးမိ..
(အင်း.. အဲဒီ မြန်မာစာ အသုံးကလည်း မှန်ပါ့မလား..မသိ)
သံလျင်းချိတ် .. ၀မ်းဘဲ
ရင်ကောက် ရေမှုတ် သော်..
ချိတ်ချင်တာ ချိတ်.. မှုတ်ချင်တာ မှုတ်
လျှာတွေ လိပ်..လက်တွေ လိမ်..
ကွေး နိင်သလောက် ကွေး..ကောက် နိုင်သလောက် ကောက်..
ါလား.. တာလား.. တို့ လား.. ဒို့လား..
အငြင်းမပွားချင်တော့..
အောက်ခြိုက် - မခြိုက်
တိုင်း မနေ နဲ့ တော့..
ဓါးတွေ သာ .. အောက်စိုက် ထား ကြ ..
အရေးကြီးတာ အသံညီ ဖို့ …။
+++

လောကကြီးမှာ ဟေ့…
ပုံသ္ဌာန် တော့.. ကွာချင် ကွာမယ်
ဘယ်သူ မဆို..တ ၀မ်း ပဲ ပူ ဆာ နိုင် တာ..
သူများထက် အခွင့်ထူးယူ .. ၀မ်းပူ ကို အပြည့် ပိတ် သိပ်
ဆင့်ထူး တွေ နဲ့..သံကြိုးကွင်း ချိတ် သူတွေ..
င် ပဲ ငဆ ပြော..
စောက် လို တစောက်ကန်း …
ဦးထုတ် ကို ပြောင်းပြန် ဆောင်း ပြီး
ထက်ခြိုက် မှာ ဘောင် င် ခတ် သူ တွေ..
တ်မတ် မရပ် နိုင် ဘူး ပဲ ထား...
ပက်လက် နဲ့ ကောက်..အဆင်ပြေသလို တော့ နေ..
မယုတ်မာ နဲ့.. မရက်စက် နဲ့..
ူတွေ အကြောင်း… လူအခြင်းခြင်း ပြောကြ ..လူအချင်းချင်း မုန်းကြ (ချစ်ကြ)
ဝိချင် လို့ တွေ အများကြီး ၀ယ် တဲ့ သူ တွေ..
သိချင် လို့.. တွေ တပုံကြီး သယ် ခဲ့ သူတွေ..
ဟိ ချင်လို့ .. ..ဟာ... ဟား နေ ကြ သူတွေ..
ပါ ဠိ စာ မတတ်တောင်..
အောင် တော့ ..သမိုင်း သင် ထား ဦး မှ …

ကဲ… ကကြီး ကနေ.. အ အဆုံး.. ပြန် ပြော ပြ ရ ဦး မလား..

---
(မှတ်ချက်- စာအသွားအဆင်ပြေစေရန်.. ဒ နဲ့ ဓ ကို နေရာရွှေ့သုံးထားပါကြောင်း..သင်ပုန်းကြီးကို မြေကြီးခဲ နဲ့ ခြစ် သလို ဖြစ်ရင်.. ခွင့်လွှတ်ပါ.. ဆရာမ မ မေငြိမ်းး)
----
ဝန်ခံချက်- သင်ပုန်းကြီး သေချာ မရ တော့သော ကြောင့်..မသီတာ ဆီက.. အသံထွက်ပါသော ဇယား အား ကိုးကားပါသည်။ )း)
-----

ဖြည့်စွက်ချက်-

ဒီပို့စ် ကို တင်နေတုန်း.. ပန်ဒိုရာ က.. စာလုံးပေါင်းလေး တွေ..လှမ်း ပြင်ပေး လို့.. ဘယ်သူ မှ မသိခင် အမြန် ပြင်လိုက်ရပါတယ်.. တော်သေးလို့..း)

(ဟေး.. အဲဒါကြောင့်ပြောတာ..ဘလော့ဂါ တွေ..မြန်မာစာ မဖျက်စီးပါဘူးနော်.. မသိတာ..း)

ဇတ်ခေါင်းကွဲ = ဇာတ်ခေါင်းကွဲ

အောက်ဆိုက် ထား ကြ .. = အောက်စိုက်ထားကြ

အခြင်းခြင်း = အချင်းချင်း

ပါ ဋ္ဌိ = ပါဠိ

ဘယ်မှာ သွား သုံးမလည်း..= ဘယ်မှာ သွား သုံးမလဲ

ပုံသဏ္ဍန် = ပုံသဏ္ဌာန်


Share/Bookmark

အတိတ်ထဲက ပန်းချီကား

ပန်းချီ- သိန်းသိန်း

မိတ်ဆွေ တယောက် ဆွဲတဲ့ ပန်းချီကားလေး ကို.. ဒီ လ ဒီရက် အတွက်.. အမှတ်တရ တင်လိုက် ပါတယ်။
တကယ်ဆို... ရေးခဲ့ ဖူးတဲ့... အတိတ.. ဆိုတဲ့ စာလေး နဲ့ တွဲတင် ခဲ့ရမှာ.. ပုံလေးကို အခု မှ ရလို့..။
အတိတ် က ..သီချင်း တပိုင်း တစ က.. အတိတ် ထဲ မှာ ကျန်ခဲ့ပြီ လား...
“ မေလ တို့ ရင့်အိုဟောင်းချိန်..၀သာန်မိုးဦး မုတ်သုန်မြူး
ပြီ..တိမ်ညို မိလ္လာ ရစ်ဝိုင်း ကာ လေ...တထောင့် ကိုးရာ ကိုးဆယ်... မေ မှာ..တို့
နိုင်ငံ သမိုင်း အသစ် ပြင်ရေးကြမည် ... ” ဆိုတဲ့.. သီချင်းသံ တွေ နဲ့ စီညံ
နေခဲ့တဲ့.. နွေ ... “ ပိတောက်တွေ လှိုင်တဲ့ နှစ်..ခမောက်တွေ နိုင် မဲ့ နှစ် ”
ဆိုပြီး.. ပိတောက်တွေ ခဲခဲ လှုပ်အောင် ပွင့် ခဲ့တဲ့.. နွေ... အဲဒီ
နွေတနွေ..။






Share/Bookmark

A to Z

A to Z တဲ့..

ရေးကြတယ်တော့...
ဘိုလိုတွေရော..
ဗမာလိုတ၀က်ဘိုလိုတ၀က်ရော.. ကဗျာတွေ ရော..ပုံတွေ ရော..ရုပ်ရှင်တွေ ရော... တချို့ ဆို..မဆန့်လို့ ၂ပိုင်း လောက်တောင် ခွဲ ရေး ရ...။ မနော်က.. တော်တော် အလုပ်ပေး လိုက်တာပဲ..။ သူများ ရေးတာ တွေ လိုက် ကြည့်တော့..အိုင်ဒီယာလေး တွေ တူ နေ တာ လည်း တွေ့ တယ်...။ တကယ်တော့.. ခိုးချ ဖို့.. ကြိုပြီး စကားခံ လိုက်တာပါ။း) မလွယ်တော့ မလွယ်ဘူး...။ မ လွယ်တာ ကတော့.. အခု ကိုပဲ.. စာရိုက်နေ ရင်း.. လက်ကွက်ကို.. ဗမာလို ပြောင်းလိုက်.. အီးလို ပြောင်း လိုက် နဲ့.. တော်တော့်ကို အလုပ် စရှုပ်ပြီ။

အင်း...သူများ နဲ့ မတူ အောင် ..ဘယ်လို ရေး ရ ပါ့...။ ရိုးရိုး ရှင်းရှင်း လေး လည်း ဖြစ်ချင်တယ်... ပေါ့ပေါ့ ပါးပါးလေး လည်း.. ပါရမယ်ပေါ့....

ဟုတ်ပြီ....

A
arrow


B
Bird


C
Cup


D
Dog


E
Egg

အဲ..ဟုတ်သေးပါဘူး.. ။ တော်ကြာ.. မနော် နဲ့..တခြား သူတွေက.. ရွဲ့တယ် ထင်နေ အုံးမယ်။ တကယ်တော့.. ABCD အကြောင်း က.. အဲဒီ ဝေါဟာရ တွေ နဲ့..စ သိ ခဲ့ ရတာ မဟုတ်လား..။ ဘ၀ မမေ့ အောင် ပါ..။း)

ဖြစ်သေးပါဘူး.. လူ နဲ့ သူ နဲ့ ဘလော့ နဲ့ တူအောင် တော့ ရေးမှ... ခပ်တည်တည်လေး ပေါ့..လာစမ်း..

F
Family, Friends

ဘ၀ တခု မှာ အရေးကြီး တဲ့ ဟာ တွေလေ.. ဒါပေမဲ့..လူတိုင်း တော့.. အကောင်းဆုံး တွေ ရ ချင် မှ ရမယ်...။

G
Google

မသက်ဝေ နဲ့ တူတူနော်.. ( ခိုးချတာ ဟုတ်ဘူးနော်)း)
မနက်တိုင်း..မြင်မြင် နေရ တာ ကြီးလေ...။ အမြင်ကပ်ကပ် နဲ့ ကို ချစ်နေရ...

H
Him လို့ ပြောလိုက် ရင်.. သူများတွေ ... ဘာလဲ ညာလဲ ထင်နေ အုံးမယ်...
Honest ပဲ လုပ်လိုက်ပါ့မယ်လေ...။ ရိုးသားတယ် ထင်အောင် နေပြမှ....။

I
I , Identity

ဟောဒီ ကမ္ဘာလောက ကြီး ပေါ်က.. စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်တည်မူ..

J
Joy vs. Jealous
(ပန်ပန် နဲ့ တ၀က် တူတူ )

အံစာတုံး တတုံး ပေါ်က.. မျက်နှာ ၂ ခုပေါ့...။ တခု တွေ့ ရင်..တခု နဲ့ လွဲ လိမ့်မယ်။

K
my blog
နေ့တိုင်းတော့...K ဆိုတဲ့..ဘလော့ ကို ဖွင့်ကြည့် ဖြစ်တယ်။း)

L
Love
ဒီ အက္ခရာ နဲ့ ဒီ ဝေါဟာရ က.. အမြဲလို တွဲနေသလို..အားလုံးလည်း..ဒါကိုပဲ တွေးမိ ကြမယ်..။ ဘ၀ တကွေ့ တိုင်းမှာလည်း..တွေ့ ကြရ လိမ့်မယ်..
ရိုးရာ လည်း မပျက်အောင် ပေါ့..း) ကျမ်းစာမှာ တော့..ဒီလို ဖွင့် ဆို ထားတယ်...

Love is patient, love is kind. It does not envy, it does not boast, it is not proud. It is not rude, it is not self-seeking, it is not easily angered, it keeps no record of wrongs. Love does not delight in evil but rejoices with the truth. It always protects, always trusts, always hopes, always perseveres. Love never fails. ( Corinthians 13: 4-13)



M
Myanmar

သူ့ အကြောင်း ပြောပြီးတိုင်း.. ကွင်းစ ကွင်းပိတ် ထဲကို အမြဲ ပို့ ထားရတယ်..။
......
-----

သြော်...
.....
ဒီလိုပါ...
.......
Burma ( Myanmar)

N
(---) n (------)
A n D

We can't be together without it (n) it help us to write beautiful (n) complete (n) ..... (n) ...... sentence. just add up !!!!

O
Onus , that what we have to carry in our life, like it or not, heavy or light. Better name it 'Responsibility' so that worth to carry.

P
Psalm 37


Fret not thyself because of evildoers, neither be thou envious against the workers of iniquity.

For they shall soon be cut down like the grass, and wither as the green herb.


Q-------------------------R------------------------- S

Quota----------------Respect--------------------- Sharing


Who we are or where we are living is just our quota on this enormously spacious Universe.

We can not rule the Sky and we can not drink the whole Sea. We are just one of the dots of the Smallest Spot, sharing the Sky and the Sea. Why don't we give each other mutual respect? Shall we ! !


T

Time

Ops.. time is running out.. I need to finish this up before dinner. I'd better change to Zaw Gyi font, otherwise my bloody poor English makes me deadly slow.....


CTRL+SHIFT


ဟူး.. ဒီပို့စ် ရေးနေတာ..အချိန် တော်တော်ကြာ နေပြီ...။

အချိန်... အချိန်... သူ့ကို ပဲ..အသက်လို ရှု... ဘဏ်စာရင်း လို.. စိစစ်... ခရက်ဒစ် ကဒ် လို..သုံးဖြုန်း.. ပြီးတော့လည်း..သူပဲ ရှေ့ဆုံးက..ပြေးတယ်.. ဘယ်တော့..စောင့် မခေါ်ဘူး...း(


U

U-turn

( မနော် ဆီက.. လွှတ်ပြစ် ထားလို့.. သွားကောက်လာတာ..)

ကိုယ် သွားတဲ့ လမ်း လွဲနေမှန်း သိလိုက်ရင်တော့.. ပြန်ကွေ့ မှာပဲ.. မနော်ရာ... ကွေ့ ခွင့် ပြု နော်..း)

ပြီးတော့.. U-turn မလုပ်တတ်ရင် Driving Test ကျ မှာလေ...း)


V

V-shape

အဲ...အဲ... U-turn ကနေ.. အရှိန် ပါသွားလို့.....


W

We

အကြိုက်ဆုံး..နာမ်စား...( ဒီလောက်လေး တော့.. အီးလို ရေးကြည့် လိုက်အုံးမယ်..) ခဏ.....


CTRL+SHIFT


The Pronoun I like the most ... ( wait ) we like the most... @@ Nop.. ;(

Now I know "We" is not always good. :P


X

the symbol of NO. We can use it to say.. NO............ (X) 2010

the symbol of False. Thanks (X). You make me to know the the True and to tick the (√ ).


Y

Hallelujah ( Yahweh )

I want to roar this word at least once a day.



Z

Zero (0)

humble but powerful.


CTRL+SHIFT

ဟူး.. ပြီးပြီ...

ညစာ ပြေးစားလိုက် အုံးမယ်...။




Share/Bookmark

မိုးဦးဆုတောင်း

မိုးဦး ဆုတောင်း
( မင်းသုဝဏ်)
အိုက်လှ ပူလှ.. နေခက်လှဟု..
နေ့ည ညည်းကာ..တို့သူငါ သည်..
ရွာပါ မိုးမင်း တမ်းတ လျက်..
တတမ်းတတ..နွမ်းလျလျ နှင့်..
မိုးဝ မျှော်ကာ နေကြရာဝယ်..
တက်လာ တိမ်ပုတ်..နောက်တောင်က..
တက်လာ တိမ်ပုတ်..မိုးဝ အုပ်သော်..
မလှုပ်ယှက်သာ ပိုအိုက်လာသည်
ရွာပါ မိုးမင်း တမ်းတမြဲ...
တမ်းတ ခိုက်မှာ..မိုးဒေ၀ါသည်
မျက်နှာပေါက်ဆိုး ..ရှစ်ခေါက်ချိုး နှင့်..
ဂျိုးဂျင်း ဟိန်းဟောက်..ချူန်းခြိမ်း ပျောက်သည်
အောက်မှာ ဂျွမ်းထိုး ..ဒို့အများ..
မိုးကြိုး ပြစ်မှာ ပါလေ လား...
မိုးဖြူ မစဲ..မိုးမဲ မရွာ
ရှေးဆရာ တို့ မိန့်မှာ သည့် တိုင်း..
တပိုင်း မှန်ကန်..တပိုင်း ကျန်သည်..
မှန်ပါစေတော့ ရှေးစကား
မိုးဖြူ ရွာသွန်း ပါစေသား..
မျှော်လင့် စောင့်စား..လူအများ..
မိုးဖြူ ရွာပါ့..ခုမနား
ကယ်ပါ..ယူပါ.. အို နတ် များ....။

ဒီကဗျာလေး ကို.. ဒီနေရာ...နီဇူလိုင် ရဲ့ ဘလော့ ကနေ ယူ ပြီး ပြန်တင် ပါတယ်။ ဆရာကြီး မင်းသုဝဏ် ရဲ..အဲဒီ ကဗျာလေး ကို.. အဲဒီ တုန်းက.. လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က.. ဆင်ဆာ ဖြတ်ခဲ့ တယ် လို့ ဆိုတယ်...။ ဆင်ဆာမင်း များ.. အတော် ညဏ်ပြေးလေ သလား.. ဘာမှန်း ညာမှန်း မသိ.. အကြောက်လွန် လေ သလား..။
မိုးဖြူ တွေ ရေ... ရွာသွန်းပါတော့... ။


Share/Bookmark

အတား


သစ်သီးတလုံးကို.. အလွယ်တကူ ပုပ် မသွားစေ ချင် သလို မျိုး....
ပန်းတပွင့် ကို.. အလျင်အမြန် ညှိုးနွမ်း မသွားစေချင် သလိုမျိုး...
ယာတခင်း ကို...အချိန် မတိုင်ခင်.. ရိတ်သိမ်း မပြစ် စေချင် သလိုမျိုး...

အစတည်း က မှ.. မသေချာလှ တဲ့.. မိတ်ဖြစ် ဆွေဖြစ် တွေ...
ထပ် ကျပျောက်လို့ မဖြစ်...
ဘာလို့ အဲဒီလောက် ကြေက်တတ်နေ သလည်း...မသိ...
ရန်ကို ကြောက်တယ်...
စကားလုံးတွေကို ကြောက်တယ်..
အမှားတွေကို ကြောက်တယ်...
အထင်လွဲမူ တွေကို ကြောက်တယ်...

ပုပ်ပျက် ရွေ့လျော တတ်တဲ့..တရားကိုယ် သဘောကို နားလည် မိသလို
ပွတ်တိုက် ပြုန်းတီး နိုင်တဲ့.. ရုပ်သဘာဝ အကြောင်း လည်း..သင်ကြားဘူးတယ်...
ကမ္ဘာ့ဆွဲအား နဲ့.. တွဲ..တွဲ သွားတာက.. အရေပြား တွေ..
အပြစ် တွေက..မူလဗီဇ မှာ တွယ်ကပ်ကျန်နေခဲ့သလား..

ကြီးလာပေမဲ့..မပြင်း( ပျင်း) ချင်ဘူး..
ကြာလာပေမဲ့..မညောင်းချင်ဘူး...
မေးပါ များတိုင်း..စကားရ ရဲ့ လား..
သွားပါများတိုင်း..ခရီးရောက် ရဲ့လား..
မောင်ပေါက်ကျိုင်း ကို ပြန်မေးစရာ မလို..
အပြန်အလှန် လေးစားမူ ကို ယုံကြည်..
တူတာတွေ တွဲလုပ်.. ငြိမ်းချမ်းစွာ ကွဲလွဲ..

အလှမ်းတွေ ခြားစေမှ..
အတွေ့တွေ ဝေးနေမှ..
အကြည့်တွေ လွှဲထားမှ...
ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်နေ.. သူများဖိနပ် ၀င်မစွပ်နဲ့..
သတိ... အတန်တန် ထား..ဦး

“အမှားနဲ့ မကင်းတဲ့ လူသားများ”..အဲဒီစကားက.. အသုံးဝင်တယ်..
“အတား တချို့ တော့ ရှိသင့်” .. အဲဒီ ယူဆချက်က.. အမြဲမှန်လိမ့်မယ်...။



Share/Bookmark

ကမ္ဘာနှစ်ခု ကြားက.. ရတနာနတ်မယ်

မကြာသေးခင် က.. ထွက်တဲ့.. သြစတြေလျ အရှေ့ပိုင်း Griffith University ရဲ့ Review journal အမှတ်စဉ် 27 မှာ ရေးထားတဲ့ Between Two Worlds ဆိုတဲ့.. စာလေး တပုဒ်ကို.. ဆရာမ ဒေါ်ကြည်မေကောင်း ဘလော့မှာ ပေးတဲ့ လင့်တွေ က တဆင့် ဖတ်လိုက် မိတယ်။ အဲဒီ ဂျာနယ်လေးက.. တခါထုတ်ရင်.. ခေါင်းစဉ် Theme တခု အောက်မှာ ၀ိုင်းရေး ကြ တာ မျိုးလေး ပါ ။ အဲဒီ အမှတ်စဉ် ၂၇ က လည်း.. food အစားအစာ အကြောင်း ပါ..။ တော်ယုံ ဆိုလည်း..အဲဒီ ခေါင်းစဉ် အောက်မှာ..ကိုယ်တို့ လို လူတွေ အတွက်.. ဒီလောက် စိတ်ဝင်စားစရာ ကောင်းမဲ့..စာမျိုး ပါလာမယ် လို့ ... ထင်စရာ အကြောင်း သိပ်မရှိ ဘူး လေ။ တွေ့ မဲ့ တွေ့လိုက်တော့.. ဗမာလူမျိုး တွေ..အတော် စိတ်ဝင်စား တဲ့.. အမျိုးသမီး တယောက် အကြောင်း ဖြစ်နေ တယ်...။

မင်းဆွေ မင်းမျိုး ကုန်းဘောင် ဆက် လည်း ဖြစ်.. ပုံပြင် ဆန်ဆန်..သျှို့ဝှက် သည်းဖို ဆန်ဆန် ...နားစွန် နားဖျား ကြားခဲ့ ရ ဘူးတဲ့.. အာဏာရှင်ဟောင်း ဦးနေ၀င်း ကြီး ရဲ့.. ဇနီးဟောင်း တယောက် လည်း ဖြစ်ခဲ့ ဖူးတဲ့.. ရတနာနတ်မယ် ရဲ့ တပိုင်း တစ ပုံရိပ် တချို့ ကို.. သူမ ရဲ့.. အီတာလျံ တက်စကန်နီ တောစာ ပုံစံ ကျွေးမွေး တည်ခင်း တဲ့....နေ့လည်စာ ၀ိုင်း လေး တခုမှာ .. နောက်ခံ ထား ပြီး..ရေး ထား တာ ပါ။


ရတနာနတ်မယ်

photo source: wikimyanmar

အဲဒီ စာလေး ကို... စိတ်ဝင် တစား ဖတ်ရင်း.. တချို့ အချက်လေး တွေကို.. ရွေးပြီး..ဝေမျှချင် စိတ် ဖြစ်လာ မိတယ်။ ဝေမျှ ချင်တယ် ဆိုတာ လည်း..ဘာ အကျိုးပြု.. ဘာဝါဒ ဖြန့် မှ မဟုတ်ဘူး ဆိုတာ ရှင်းပါတယ်။ လူ့သဘာဝ.. ဒီလို အကြောင်းလေး တွေကို.. သိချင် စိတ်ဝင်စားတာ.. မဆန်းလို့ မို့.. ဗမာပြည်က.. စာအုပ်တွေမှာ... မောင်သန်းဆွေ ( ထားဝယ် ) ရေးတဲ့.. မင်းဆွေ မင်းမျိုး တွေ.. အကြောင်း.. စိတ်ဝင်တစား လိုက်ဖတ် ရ သလို မျိုး ပဲ ဆိုပါတော့ လေ...။

ဒီ ဆောင်းပါး အရ တော့.. ဆောင်းပါး ရှင် ကိုယ်တိုင် က.. ရောမ က နေ တဆင့်.. အီတလီ ရဲ့ နာမည် ကျော် .. Tuscany ပြည် နယ် မြို့တော် ဖြစ်တဲ့... Florence မှာ နေထိုင် တဲ့ .. Ms June Rose Bellamy ခေါ်.. ရတနာ နတ်မယ် ရဲ့ Associazione Culturale Arte e Gastronomia Orientale လို့ ဆိုင်းဘုတ် ချိတ် ဆွဲ ထားတဲ့.. အိမ်လေးကို အလည်အပတ် ရောက်သွားပုံ နဲ့ စ ထားပါတယ်။ သူ့ ဆောင်းပါး လေးက.. အီတာလျံ အစားအသောက် အကြောင်း လေးတွေ.. သူမ ချက်ပုံ ပြုတ်ပုံ လေး တွေ တပိုဒ်... သူမ ရဲ့ နောက်ခံ ဇတ်ကြောင်း လေး တွေ တပိုဒ် နဲ့.. တကယ့်.. ပြဇတ် ဆန် ဆန် လေး ရေး ထားတာပါ...။ အဲဒီ အထဲ မှာ မှ.. သူမ ကိုယ်တိုင် ဖွင့်ဟ ပြောပြ တဲ့..တချို့ စကားလေး တွေ ဟာ..တော်တော် စိတ်ဝင်စား စရာ ကောင်းပါတယ်။


တကယ်တော့.. ဗမာ့ သမိုင်း မှာ ခေတ်မီသူ..ပြုပြင်ပြောင်းလဲ လိုသူ လို့ လူသိများ ထင်ရှား တဲ့... ကနောင်မင်းသား ကြီး ရဲ့ မြစ်တော် တယောက် အနေ နဲ့... တင်.. သူမ ဘ၀ က..စိတ်ဝင်စားစရာ ကောင်းနေခဲ့ ပါပြီ။ အင်ဂလို ကပြား ဖြစ်တာ.. ချောတာ လှတာ..ခေတ်ဆန်တာ.. နောက်ဆုံး.. ဗမာပြည်က.. နာမယ်ကျော် အာဏာရှင် ကြီး နဲ့ လက်ထပ် လိုက်တာ ဆိုတဲ့ အချက် တွေ ကတော့.. ထပ်ဆင့် ပိုကဲ ပြီး.. ပြောမဆုံးပေါင်.. တောသုံးထောင် ဖြစ် သွား ရတော့ တာပါပဲ။


- သူတို့ မိသားစု ရဲ့.. အရွယ် အပိုင်း အခြား ပုံရိပ်တွေ ကို.. တွက်ချက် ခန့်မှန်းကြည့် တော့... သူမ ရဲ့ မိခင်.. လင်းပင် မင်းသားကြီး ရဲ့ သမီးတော်..ထိပ်တင် မလတ် က.. အသက် ၃၄ နှစ်မှာ..သူမ ထက် ၁၆ နှစ် ကြီး တဲ့.. သြစကြေလျ နိုင်ငံသား..အင်္ဂလိပ်လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ် တယ်။ လေးနှစ် ကြာမှ ..သူမ ကို မွေးတယ်။ သူမ ကိုယ်တိုင် ကတော့.. အသက် ၂၂ နှစ်မှာ.ပထမ အိမ်ထောင် ဖြစ်တဲ့.. အီတာလျံ လူမျိုး.. WHO က.. ဗမာပြည်မှာ တာဝန်ကျ တဲ့ ဆရာဝန် တယောက် နဲ့ လက်ထပ်တယ်။ သားလေး ၂ယောက် ရတယ်.. စသဖြင့်.. အရွယ် တွေ..အရိပ်တွေ ကို.. အရင် ပုံ ဖော် ကြည့် မိတယ်...။


ဧည့်သည် အတွက်.. ချက်ပြုတ်..စကားလက် ဆုံ ကြ ရင်း.. နံရံ မှာ ချိတ်ဆွဲ ထားတဲ့.. နန်းဆန်ဆန် ၀တ်စုံ တွေနဲ့.. အဘိုးအဘွား.. မိသားစု ပုံ တွေ က နေ.. သူမရဲ့ ..နောက်ခံ ဘ၀ တွေ.. သူမ အဖေ အကြောင်း တွေကို စိတ်ပါ လက်ပါ ပြော ပြ နေတဲ့.. ရတနာနတ်မယ် ဟာ.. သူမ အတွက်... အိမ်မက်ဆိုး..ဖြစ်ခဲ့တဲ့..ဦးနေ၀င်း နဲ့ ပတ်သတ် တဲ့ အကြောင်း တွေ ကိုတော့.. သိပ် အများကြီး ပြောချင်ပုံ မရ ဘူး လို့ ဆို ထားတယ်။


- အဲဒီ အချက် တွေ ထဲမှာ မှ..သူမ ရဲ့ အမေ..ထိပ်တင်မလတ် ဟာ.. ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေး ဘ၀ နဲ့.. အိန္ဒိယ မှာ နေထိုင် ခဲ့ ကြတဲ့ အခိုက်.. အထက်တန်း လွှာ အသိုင်း အ၀ိုင်း နဲ့ ၀င်ဆံ့ ခဲ့ ပြီး.. ဂျာမဏီ က .. (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ တခုဆီက) * အိမ်ရှေ့ မင်းသား တပါး နဲ့.. စေ့စပ် ကြောင်းလမ်း တဲ့ အထိ ဖြစ် ခဲ့ တယ်.. လို့ ဆိုတယ်။ လက်ထပ် ပွဲ မတိုင်ခင် ရက် အနည်းငယ် အလိုလေး မှာ.. မင်းသား အဆိပ်ခတ် ခံ ခဲ့ ရလို့.. လွဲ ခဲ့ရတဲ့ အကြောင်း လေး ကလည်း..လွမ်း သလိုလို..ဆန်း သလိုလို..။


ဖတ်နေရင်း ..မျက်လုံး ကျယ် သွား ပြန်တာက.. သူမ ရဲ့ အဖေ ငယ်စဉ် က..ကြီးပွားရာ ကြီးပွားကြောင်း.. သြစတြေလျ တိုက် တကြော.. ခြေဆန့် ရင်း.. Kalgoorlie ရွှေတော အထိ ရောက်ခဲ့..ငွေရှာ ခဲ့ တယ် ဆိုတဲ့..စာကြောင်းလေးပါ.. ။


( စကားချပ် ---- Kalgoorlie ဆိုတာ...မြို့တော် နဲ့ အတော်လှမ်း တဲ့ ... လက်ရှိ..ကိုယ် နေထိုင် နေတဲ့.. ရွှေတွင်း မြို့ ကလေး တခု မို့ပါ..လွန်ခဲ့တဲ့..နှစ် ၁၀၀ ကျော်လောက်က.. ရွှေကျောကြီး တွေ..အကြီးအကျယ် ပေါ်လို့..တကမ္ဘာလုံးက..လူတွေ ရွှေလာရှာ ခဲ့တဲ့.. နေရာ တခု ဖြစ်ခဲ့ ဖူးတယ်။ အခု လည်း..ကမ္ဘာ့တောင်ခြမ်း မှာ အကြီးဆုံး ရွှေတွင်း ကြီး ရှိနေလေရဲ့ )


အဲဒီ မှာ.. မစ္စတာ ဘယ်လာမီ တယောက်.. အသက်ကြီး မှ ရတဲ့.. သမီးလေး ကို.. သူ ငယ်ငယ်က.. ကြီးပြင်းခဲ့တဲ့.. သြစတြေလျ တိုက်ကြီး ရဲ့ ရေမြေ သဘာဝ တွေ အကြောင်း.. ကာဂူးလီ ဆိုတဲ့.. ရွှေတွင်းမြို့ လေး က.. ထူးဆန်းလှ တဲ့...အဖြူရောင်.. ကတ္တ၀ါ ကြီး တွေ.. အကြောင်း..မြန်မာပြည်က..ကြက်တူရွှေး အစိမ်း လေး တွေ နဲ့ ယှဉ်ပြီး ပြောပြ နေတဲ့ ပုံ ကို လည်း မြင်ယောင် ကြည့်မိ တယ်။


နောက် တော့...ဒုတိယ ကမ္ဘာစစ် ဖြစ်..ဂျပန် ၀င်လာတဲ့ အခါ.. သူတို့ မိသားစု အိန္ဒိယ ကို စစ်ပြေး တဲ့.. အကြောင်း တွေ.. သာသနာ ပြု ကျောင်း.. ဆရာမ တွေ က.. သွေးနှော ကလေးမလေး ကို.. နှိမ်ပုံ.. အရှက်ခွဲ ပုံ တွေ... ပြန်ရွဲ့ လို့ .. ကျောင်းက..အထုတ်ခံ ရပုံတွေ ...။ ဂျပန် တွေ ပြန်ထွက် သွားတော့... ၁၄ နှစ် သမီး မှာ.. မိသားစု လိုက် ဗမာပြည် ပြန်လာ ကြပြီး.. မေမြို့ မှာ..အခြေချ နေထိုင် တာတွေ...စတဲ့ အကြောင်း တွေ...ကို.. တခြား စာအုပ် တွေ ထဲက.. အချက် အလက် တွေနဲ့.. .အစီစဉ် တကျ တွဲ စပ်ပြီး...တင်ပြ ထားပုံ က... စာရေးသူ ဟာ.. June Rose တည်ခင်း တဲ့.. အထူးစပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်း ထက် ... သူ မ အကြောင်းတွေ ကိုသာ စိတ်ဝင်စား နေခဲ့ လို့ သာ ပေါ့...။



သူမ ရဲ့ ယောက်ျား ဆန်ပုံ.. သွက်လက်ချက်ခြာ ပုံ အကြောင်း.. မိသားစုပိုင် ကားစုတ်ကလေး ကို ကိုယ်တိုင် အင်ဂျင် နှိုး ပုံကို မြင်ခဲ့ ရတဲ့.. မိသားစု မိတ်ဆွေ တယောက် ရဲ့ မှတ်တမ်း အပိုင်းအစ လေး ကိုလည်း ထဲ့ရေး ထား သေးတယ်။ နောက် တခါ..ဗမာပြည်မှာ.. စစ်ပြီးခေတ်က.. ဟိုးလေး တကြော်.. စိတ်ဝင် စား ခဲ့ ကြတဲ့.. Purple Plain ရုပ်ရှင် မှာ.. ဟောလိဝုဒ် မင်းသား ဂရေဂရီပတ် နဲ့ တွဲ ဖက် သရုပ်ဆောင် ဖို့.. ဦးစွာ သဘောတူ ခဲ့ သူ ဖြစ် ကြောင်း.. လည်း သိလိုက် ရတယ်။ အဲဒီ မှာ... ဗမာ့ ယဉ်ကျေး မူ နဲ့ မလျော် တဲ့.. ထုတ်လုပ်သူ ဖက်က..တောင်းဆိုချက် တွေ ကြောင့်...သူမ ဖက်က..ဖျက်သိမ်း ခဲ့ တယ်လို့ ဆို တယ်။ အဲဒီ နောက် မှ သာ.. ၀င်းမင်းသန်း နဲ့သဘောတူ ပြီး.. ရုပ်ရှင် ကို ဆက်လက် ရိုက်ကူး ခဲ့ တာ ဖြစ်ပေ လိမ့် မည်။


‘It was so Hollywood, it was ridiculous; it was an insult to

anything that had to do with Burma,’ she said. ‘When the film did come to Burma

there was a big hue and cry. Things in the pagoda, things a Buddhist would never

do.’


နောက် တော့.. အီတာလျံ လူမျိုး WHO ၀န်ထမ်း ဆရာဝန် နဲ့ အိမ်ထောင် ကျ ရင်း.. လွတ်လပ်ရေး ရခါစ.. မြန်မာ့ နိုင်ငံရေး မငြိမ်မသက် လှိုင်းတွေ ကြား.. ကွန်မြူနစ် တွေက.. သူ့ အမျိုးသား ကို ပြန်ပေး ဆွဲ သွားပုံ ကိုလည်း.. ပြန်ပြောင်း ပြော ပြ ထား သေးတယ်။ ပြန်ပေး သမား ကွန်မြူနစ် တွေ ဟာ.. ခေတ်ပညာတက် ကျောင်းသားဟောင်း တွေ ဖြစ်တာ.. သူတို့ မိသားစု ကို ကောင်းကောင်း မွန်မွန် ရှင်းပြ ဆက်ဆံ ခဲ့တာ.. ။ နောက် တော့..သူ့ အမျိုးသား ပြန်လွတ် လာတဲ့ နောက်..မြန်မာ အစိုးရ ကလည်း..သူတို့ကို နိုင်ငံ က..ခွါ ဖို့ အကြံပေး တာကြောင့်... သူ့ အမျိုးသား တာဝန် ကျ ရာ.. နိုင်ငံ ရပ်ခြားတွေ မှာ လိုက်ပါ နေထိုင် ရင်း.. အီတလီ မှာ.. အခြေ ချ ခဲ့ ကြတယ်။

- ဦးနေ၀င်း နဲ့.. ဇတ်လမ်း စခဲ့ ပုံ ကိုတော့.. ခပ်ပါးပါး လေးပဲ.. ပြောပြ ထား တယ်။ သူ့ အမျိုးသား နဲ့ ကွာရှင်းပြတ်စဲ လိုက်ပြီး သားလေး ၂ ယောက် နဲ့ အတူ အီတလီ မှာပဲ နေထိုင်နေတဲ့ တလျှောက်..၁၉ ၆၂ ခု နှစ် နောက်ပိုင်း.. ဦးနေ၀င်း လက်ထပ်မှာ... မြန်မာပြည်ဟာ.. အထီးကျန် ဆန်လာတာ.. ဆင်းရဲလာ တာ တွေကို.. မျက်ခြေမပြတ် သိမြင် နေခဲ့ ပြီး.. သူ့ဖခင် မေမြို့ မှာ ဆုံး တော့ လည်း ခဏ တဖြုတ် ပြန်လာ နိုင်ခဲ့ တယ် ။ ဒါပေမဲ့.. နောက် တခေါက် .သူ့ မိခင် နာမကျန်း ဖြစ် တဲ့ အချိန်မှာ တော့.. မြန်မာသံရုံးက ဗီဇာ ထုတ်မပေး ခဲ့ တော့ဘူး.. ။ အဲဒီ မှာ.. ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးနေ၀င်း ရဲ့ ဇနီး ကစ်တီ ဘသန်း နဲ့ အထက်တန်းလွှာ အသိုင်း အ၀ိုင်း တကြော.. ရင်းနှီး ခဲ့ ဖူး တဲ့ အလျောက်.. ဦးနေ၀င်း ဆီကို သံကြိုး ရိုက် အကူအညီ တောင်းရာ ကနေ... အဆက်အသွယ် ရ ခဲ့ ပြီး.. သိပ်မကြာခင် ၁၉ ၇၈ မှာ.. လက်ထပ် လိုက် ကြတယ်။ အဲဒီ လက်ထပ်ပွဲ က.. ခပ်ရိုးရိုး သာ ဖြစ် ခဲ့ ကြောင်း ကိုလည်း... ‘It was not one of those lavish things.’လို့ သူမ က.. ဆိုတယ်။

ဦးနေ၀င်းက..ဘာကြောင့် ရတနာ နတ်မယ် ကို လက်ထပ်ခဲ့ သလည်း.. ရတနာ နတ်မယ် လို့ အသိများတဲ့...June Rose ကလည်း ဘာကြောင့် ဦးနေ၀င်း ရဲ့ လက်ထပ်ခွင့် ကို လွယ်လွယ် ကူကူ လက်ခံ ခဲ့သလည်း ဆိုတာ.. ကာယကံ ရှင်များသာ.. အကြောင်းမှန် ကို သိ နိုင်မယ် ဖြစ် ပေမဲ့.. ဒီ ဆောင်းပါးလေး ထဲက.. သူမ ရဲ့ စကား တချို့ ကတော့..စိတ်ဝင်စား စရာ ကောင်း နေ ခဲ့တာ အမှန် ပါပဲ။


‘Had I been able to do anything, had it served a purpose, had something been

able to be done – but I realise I saw too many things,’



ဘယ်သူ့ကို မှ တိုင်တည်ခြင်း မရှိ တဲ့ မေးခွန်း ဆန်ဆန်.. အဖြေ မပါ တဲ့.. စကားတချို့ က ...ရည်မှန်းထားတာ တွေ ကို.. ကျမ ဆောင်ရွက် နိုင် ခဲ့ သလား.. တခု ခု ပြီးမြောက် ခဲ့ သလား ... တဲ့။


အဲဒီ အကြောင်း တွေ ရောက်လာ တဲ့ အခါ မှာ တော့..စိတ်လှုပ်ရှား နေဟန် ရှိတဲ့.. June Rose ဟာ.. နေ့လည်စာ တည်ခင်း ခဲ့တဲ့ ပန်းကန် တွေကို.. ရေစင် ထဲကို အသံ မြည်အောင် ထဲ့ နေ ခဲ့တယ်။.. ၀ိုင် အစား ဘီယာ တလုံး ကို ဆွဲယူ လိုက် ရင်း.. ဗမာလူမျိုး တွေ ပါးစပ် ဖျား မှာ... ချိုချဉ် တခု လို တမြုံ့မြုံ့ နဲ့ ပြောကောင်း နေခဲ့ မဲ့.. သူ့ ဇာတ်လမ်း ကို ရယ်သွမ်း သွေး လိုက် သေး တယ်။



‘I think – and people say it, which is why I can say it – I was a sort of lollipop for the people,’ she says. ‘Whatever average people say about me or my Anglo half, the family name is still very important in Burma, the royalty, the Limbin.’




လူတိုင်းလို ကြားဖူးခဲ့ တဲ့.. အနောက်နိုင်ငံ ရဲ့ စပိုင် လုပ်လို့.. ဦးနေ၀င်းက.. မောင်းထုတ် ခဲ့ တယ် ဆို တဲ့..ကောလဟာရ ကို မေး တော့...သူမ က.. ရယ်နေ ခဲ့တယ်။ ဒါပေမဲ့.. သူမ ကို ဦးနေ၀င်းက.. ဆေးလိပ် ပြာခွက် နဲ့ ပစ်ပေါက် ခဲ့ တယ် ဆို တဲ့... မနှစ်မြို့စရာ.. ဖြစ်ရပ် ကို တော့.. သူမ က.. နာနာကျင်ကျင် ..၀န်ခံ ခဲ့ တယ်။


‘Okay, so he did fling the bloody ashtray. I can’t deny it, because there were servants and obviously it is the servants who are talking today…There was an ashtray, but it didn’t hit me between the eyes and I’m still alive. But it’s not the ashtray. It is the last drop in the glass, the

last straw.’


နောက် တနေ့ ချက်ခြင်းပဲ.. သူမဟာ.. စင်းလုံးလေယဉ် တစင်း နဲ့ မြန်မာပြည်က..ထွက်ခွါ လာနိုင် ခဲ့ တယ်။ လက်ထပ် အပြီး..၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်း မှာပဲ ..လျင်လျင် မြန်မြန် ဖြစ်ပျက် သွား ခဲ့တဲ့..အဲဒီ.. အကြောင်း တွေ ကို.. သူမက.. Sin of Pride လို့ ဆို ခဲ့ ပြီး... သူမ ကို မျှော်လင့် ခဲ့တဲ့ လူတွေ အတွက် ဘာမှ မဆောင်ရွက် နိုင်ပဲ.. အရှုံး နဲ့ သက်သက် ထွက်ခွါ ခဲ့ ရ တာ ဖြစ်တယ် လို့ ပြန်ပြောင်း ဖွင့်ဟ ခဲ့ တယ်။



I left Burma with a definite feeling of failure,’ June Rose says now. ‘Because I had failed my people. Because they did put their trust in me when I arrived. And this was one of the things that was not liked. But I would rather I left as a failurethan to be connected with the ruling people. Those who had trusted in me, those who believed in me can say she left, but she left rather than not be able to do anything. In Italian, they say un peccato di orgoglio; in English, a sin of pride. Because I thought I could do something which others had not done. And that’s a very bad sin.’



၅ လာတာ ကြုံဆုံ ခဲ့ ရ တဲ့ ဦးနေ၀င်း ကိုတော့...တကယ့် ညဏ်နီညဏ်နက် နဲ့ အရာရာ ကို ကြိုးကိုင် ခြယ်လှယ်နိုင်သူ ကြီး တယောက် လို့ သာ.. မှတ်ချက် ပြု ထားတယ်။

He was always the éminence gris. He wasalways the one who was manipulating everybody. It was too convenient,’ she said.


“ ဦးနေ၀င်း နဲ့ ရက် ၁၀၀” ဆို တဲ့.. စာအုပ် ဟာ အဲဒီခေတ် သံတမန် လောက မှာ..တီးတိုး ရေပန်း စား ခဲ့ ပေမဲ့.. အဲဒီ နေ့ လည် မှာ တော့... မိဘ ဘိုးဘွား တွေ နဲ့ ကြီးပြင်း ခဲ့ တဲ့ အကြောင်း တွေ ကလွဲရင်.. အာဏာရှင် ကြီး နဲ့ ပတ်သတ်တဲ့ အကြောင်း တွေ ကို ရေးဖို့ စိတ်ကူး မရှိ ပါဘူး လို့.. သူမ က.. ငြင်းဆို ခဲ့တယ်။


လတ်တလော မှာ.. အီတာလျံ နဲ့ အရှေ့တိုင်း အစားအစာ အချက်အပြုတ်သင်တန်း ကျောင်း ကို ဖွင့်လှစ် ထားပြီး... မကြာသေးခင် နှစ်တွေက တော့.. သူမ ရဲ့ အသက် အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေး နဲ့ အတူ.. မြန်မာပြည် ကို ပြန် အလည် ရောက် ခဲ့ သေးတယ် လို့ ဆိုတယ်။ ..မြန်မာပြည်တွင်းက.. ဆရာဝန် တွေ နဲ့..လူမူ ရေး လုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင် နေ သလို... လွန်ခဲ့တဲ့ နှစ် ပိုင်းက..ဖြစ်ပွားခဲ့ တဲ့..နာဂစ် မုန်တိုင်း ဘေး ကယ်ဆယ်ရေး လုပ်ငန်း မှာ လည်း.. ပါဝင် ဆောင်ရွက် နေ တဲ့ အကြောင်း... သူမ ရဲ့ ဧည့်ခန်း မှာ ... တခန်းတနား ချိတ်ဆွဲ ထားတဲ့..အဖြူ အမဲ မိသားစု ပုံ တွေ ရဲ့ ဘေးက.. မြန်မာပြည်..ကျေးရွာ တခု က..ပြန်လည် တည်ဆောက်ရေး လုပ်ငန်း တခု ရဲ့ ရောင်စုံ ဓါတ်ပုံ နဲ့ ဆက်စပ် ကြည့် ရင်း... တချိန်က..ရတနာ နတ်မယ် ဆို တဲ့.. ကနောင်မင်း ရဲ့ မြစ်တော် အသက် ၇၇ နှစ် အရွယ် အမျိုးသမီး ကြီး အကြောင်း တွေး နေ မိ ပါ တယ်။



Original article : Between Two Worlds


မှတ်ချက်- ဖြည့်စွက်ချက် -


* ( စာပိုဒ် ချင်း ရောထွေး ၍ နားလည်မူ အမှား ဖြစ်သွားတဲ့ အချက် ပြန် ပြင် ထားပါတယ်..။ ထောက်ပြ ဝေဖန် သူ များ.. ကျေးဇူးပါ)


သူ့မ ရဲ့ ပုံတွေ အများကြီး ညီလင်းဆက် ဘလော့ မှာ လည်း ရှိပါတယ်။ အခု ၀ီကီမြန်မာက ပုံကိုတောင် ညီလင်းဆက် ဆီက..ယူထားတယ် လို့ ရေးထားပါတယ်။


နောက်တချက်က...ဒီစာကို.. မူရင်း ဆောင်းပါးပါ..စာရေးသူ ရဲ့ ပြင်ပ အမြင်.. ကာယကံ ရှင် သူမ ရဲ့ စကား လုံး များ အတိုင်းသာ ဘာသာပြန် နားလည်သလို ရေးထားတာ ဖြစ်တဲ့ အတွက်..သူမ ရဲ့ ဘက် ကသာ ခံစား ဖတ်ရှု နိုင်ပါ လိမ့်မယ်။ ပြောခဲ့သလို..ဒီစာကို.. သူမ အတွက် ကာကွယ် ရှေ့နေ လိုက်ဖို့ ရေးတာ မဟုတ်သလို.. ဘာနောက်ခံ အကြောင်းမှ မပါ.. ကြိုတင်သတ်မှတ်ချက် မပါ.. ကိုယ်ပိုင် ထင်မြင်ချက် မပါ အောင်..တတ်နိုင် သလောက် ပြန်ရေးထား တာပါ..။


စာဖတ်သူ များ..မူရင်း အတိုင်း ခံစားနိုင်ရန်သာ ရည်ရွယ်ပါတယ်။ တကယ် စိတ်ဝင်စား ရင်တော့..မူရင်းကို ဖတ်ကြည့်စေချင်တာပါပဲ။


Share/Bookmark
Related Posts Plugin for WordPress, Blogger...