ရွေးကောက်ပွဲ တော့.. ရွေးကောက်ပွဲ


နေ့စဉ် နားထောင် ဖြစ် ..ဖတ်ရှု ဖြစ်နေတဲ့ ..သတင်း အပိုင်းအစ တွေက.. သတင်းထူး..လို့ ဆိုနေ ပြန် သည်။

ဒါပေမဲ့လည်း....သတင်းထူး..သတင်းဆိုး..စိတ်ပျက်စရာ..မျှော်လင့်ချက်မဲ့ ရာ..သတင်းတွေ..ကြားထဲမှာ..ထူးပြီး .. သတင်း မတိုး တော့ တာလား..သတင်း ကြီးတွေ ကိုက ..သတင်း ထူး မဟုတ်ပဲ..သတင်း ထူ ကြီး တွေ မို့ လား တော့ မသိ.. မျက်လုံး လှန် ကြည့် လိုက် မိ ယုံ က လွဲ လို့... နား တဖက် လောက်..သပ်တင် မိလိုက်တာ ကလွဲလို့.. ပါးစပ် အညောင်းခံ ပြီး တောင်.. မပြော ဖြစ် တော့.. လက် အညောင်းခံ ပြီးတော့.. မချက် ဖြစ် တော့..။ ထုံနေ ပေ ပြီ။


သတင်း ထူထူ ကြီးတွေ နဲ့.. ထုံနေရ တဲ့ ကြားထဲ.. သတင်း ထောင့်ထောင့် ကြီး တွေ ကြောင့်.. လည်ချောင်းပါ နင်လာ လေ သည် ။ နိုဝင်ဘာ လ ကြီး မရောက်ခင် မှာ ပင်..အသေ ထွက် တွေ ... အရှင် ထွက် တွေ... တယောက် ပြီး တယောက်။ ရက် တွေက..နီး နီး လာလေ...မရေရာ မူ တွေ က ပိုပို ထင်ရှားလာ လေ..။ အရိပ် ရော..အကောင် ရော မြင်နေ ရပြီ ဆိုပေမဲ့ လည်း.. ရှေ့တိုးလည်း တံပိုး ..နောက်ဆုတ်လည်း လှည်းတုတ် ဆို သလို ဖြစ်နေတဲ့.. လူကြီး လူကောင်း တွေကို မြင်ရ တာလည်း.. ဗမာလို ဘယ်လို ပြောရ မလည်း..အင်္ဂလိပ်လို ပြောရရင် တော့.. Pathetic လို့..သာ ( ဟို စတိုင် မျိုးလေး ) ပြော လိုက် ချင်တော့ သည် ။ တကယ် လည်ချောင်း နင်ပါသည်။ သနားဖို့ ကောင်း..စိတ်ပျက်ဖို့ ကောင်း လောက်အောင်..လည်ချောင်း နင်လှပါသည်။


စိတ်ညစ်ညစ် နဲ့ ရေဒီယို ပိတ် ပြီး..တီဗီ ကြည့် လိုက် မိတုန်း...2010 Election ဆိုတဲ့..သတင်း ခေါင်းစဉ် စာလုံး တွေ မြင်တော့.. ယောင်မှား ပြီး.. ရောယောင် ရင်ခုန် သွား သည် ။ ထုံပေပေ ဖြစ်နေတဲ့...ကိုယ့် ကို ကိုယ် လက်နဲ့ ပြန် ဆိတ် ပြီး.. (ဒါ.. ၾသစေၾတလ်..ၾသစေၾတလ် ) လို့.. သတိပေး လိုက်ရသည်။


လည်ချောင်းတွေ နင်ပြီး.. ထူထူ ထိုင်းထိုင်း ဖြစ် ရ တဲ့ ကြားထဲ.. အော်ဇီ သတင်း တွေ က လည်း.... အီလည်လည် နဲ့.. အိပ်ငိုက်ချင် စရာ ။ ရွေးကောက်ပွဲ သာ ပြီး သွားတယ်။ ဘယ်သူ့ ကို ရွေးရမှန်း..ခု ထိ မဆုံးဖြတ် နိုင်သေးဘူး တဲ့။


ခုပဲ တပတ် ကျော် လို့ ၂ ပတ် ထဲ ၀င်လာပြီ....။ လိပ်ခဲ တည်းလည်း.. ။ သတင်း သုံးသပ်ချက် တွေ နားထောင် ရတာလည်း..အိပ် ငိုက်ယုံ မက..အိပ်ပျော် ကုန် ကြပြီ။ ကြားဖြတ် ရွေးကောက် ပွဲ မှာ.. လစ်ဘရယ် နဲ့ လေဘာ ... မဲ တွေ အကြိတ်အနယ် ဖြစ်ရင်း.. ဘယ်လို မှ.. အဖြေ မထွက် တဲ့ ဇာတ်လမ်း ဖြစ် နေသည် ။ ပြီးခဲ့တဲ့ လတွေ တုန်းက တော့.. ၀ုန်း ဒိုင်း ဆို.. ပါလီမန် ဒီမိုကရေစီ အာဏာ လု ပွဲ ကြီး ညတွင်းချင်း ဖြစ်သွားလို့.. လူတွေ အားလုံး မျက်လုံး ပြူး ကုန် ခဲ့ ရ တာ တွေ လည်း..ခု တော့.. ပြန်ပိတ် အိပ်ပျော် ကုန် ကြ တော့ မည်။



အဲဒီ တုန်းက.. အနိုင် ရ..အုပ်ချုပ် နေ တဲ့.. လေဘာ ပါတီ ရဲ့ ပထမ ဆုံးသော..မန်ဒရင်း စကားပြော..အော်ဇီ ၀န်ကြီး ချုပ် ကယ်ဗင် ရဒ် ကို.. အင်္ဂလန် ဖွား.. ဒု ၀န်ကြီးချုပ် ဂျူလီယာ က.. ပထမဆုံး သော အော်ဇီ အမျိုးသမီး ၀န်ကြီးချုပ် အဖြစ် နဲ့.. အာဏာ လု လိုက် တဲ့ အဖြစ် က..သတင်းစာ တွေ.. အရွက်ပို သွားခဲ့ သည် ။ ကိုယ်တိုင် ကတော့... အတော် အစော ထဲ က..မျက်နှာ ချိုချို နဲ့ ဂျူလီယာ ကို..မိန်းမ မို့.. စိတ်ဝင်စား နေ ခဲ့တာ.. ကြာ ပြီ။ တရုတ် စကား တတ်တာကို ဂုဏ်ယူ လှ တဲ့... မျက်နှာကြေ တင်းတင်း..ကယ်ဗင် ရဒ် ကို လည်း.. တရုတ် ပြည် နဲ့..ဘယ်လို ရွှေလမ်း ငွေလမ်း ဖောက်လေ မလည်း လို့.. စိတ်ဝင်စား နေ မိ ခဲ့ သည်။ နောက်ဆုံး တော့.. လူကြိုက် နည်း လာတဲ့ ကယ်ဗင်ရဒ် ခမျာ.. အော်ဇီ တိုက်ကြီး ရဲ့ အသက်သွေးကြေမ ကြီး ဖြစ်တဲ့....အော်ဇီတိုက်မှာ..မှီတင်းနေထိုင်ကြသော..အချောင်သမား..အလုပ်သမား..ကော်လာဖြူ..ကော်လာပြာ.. အားလုံး ရဲ့ ထမင်းထုပ် .. Mining Tax ကြီးကို.. အဖြည် မှား သွား လိုက် မိတာ... တခါတည်း..ဖြုတ်..ထုပ်.. ရှင်း ခံ လိုက် ရ တော့ သည်။


တကယ် က.. ..Mining company တွေ ကို .. အခွန် ၄၀ ရာနှုန်း ထိ တိုး ကောက်မယ် ဆိုတဲ့.. Mining Super Tax ကို .. လေဘာ က..စ လုပ် ကြတော့.. ဒီဖက်.. မိုင်း သူဌေး ကြီး တွေ.. မိုင်း သမဂ္ဂ တွေ အုပ်စု ကလည်း.. အကြီး အကျယ် ကန့်ကွက် ကြ သည်။ နေ့ တိုင်း သတင်းစာ တွေ ထဲမှာ..တမျက်နှာ အပြည့်.. ကြေငြာစာ တွေ ထဲ့ ပြီး.. Mining super tax ကို ကန့်ကွက် ကြဖို့.. ရင်းနှီးမြုတ်နှံ မူ တွေ.. ရွေ့သွားရင်..အလုပ်လက်မဲ့ တွေ ဖြစ်တော့ မဲ့ အကြောင်း.. အမျိုးစုံ အောင်.. ပြော ကြ ..အော် ကြသည်။ တီဗီ မှာ လည်း ညဆို.. ဇိမ်ပြေ နပြေ ကို.. ကြော်ငြာ တွေ ထဲ့ပြီး.. လက်ရှိ အစိုး ရ ရဲ့ ပေါ်လစီ အသစ် ကို.. နည်းမျိုးစုံ.. ထိုးနှက် တိုက်ခိုက် လေ တော့ သည်။ ကိုယ် တွေ လို.. ဗမာ နိုင်ငံ မှာ လူဖြစ်ခဲ့ တဲ့ လူ တွေ ကတော့.. ပါးစပ် အဟောင်းသား နဲ့ ..ဟယ်.. သူတို့ အော်ဇီ အစိုးရ ကြီး ကလည်း နော်.. တီဗီ တွေ.. သတင်းစာ တွေ ကို သုံးပြီး ..သူတို့ကို ပြန် ဆန့်ကျင် နေတာ.. ငြိမ်ခံ နေရတယ် တော့ ..လို့.. တောသား ကျကျ ..သနား နေမိ သေး သည်။ အဲဒါ ကြောင့်..လစ်ဗျား ရာသက်ပန် အာဏာရှင် ကြီး ဂဒပ်ဖီ က လှောင် တာ.. သူတို့ လုပ်ချင်တာ လုပ်လေ.. အလွန်ဆုံး..၈ နှစ်ပေါ့ တဲ့..။ သနား စရာ..ဒီမို ကရေ စီ ပါလား နော်..။


နောက် တချက် ကတော့.. ဒီမိုကရေစီ နိုင်ငံ တွေ မှာ တောင်.. ပါလီမန် ထဲက..ထိုင်ခုံ တွေ..အသံ တွေ ထက်.. . နက်ရှိုင်းတဲ့..လုပ်ပိုင်ခွင့် အ၀န်းအ၀ိုင်းတွေ က ..မမြင်နိင်တဲ့ ထောင့်တွေ မှာ..ရှိနေတတ် တယ် ဆိုတာ.. ပြက်ပြက် ထင်ထင် မြင် လိုက် ရ တာပဲ။ ကယ်ဗင် ရဒ် ကို.. ပါတီ တွင်း မဲခွဲ ပြီး ဖြုတ်ချ လိုက်တဲ့.. ကိစ္စ မှာ.. မိုင်း သူဌေး ကြီး တွေ ရဲ့ .. လက်ချက် ပါလား မပါလား.. ဘယ်သူ မှ သေချာ သက်သေ မပြ နိုင်ပေမဲ့.. သူ့လက်ထောက် ဖြစ်ခဲ့ ဘူး တဲ့.. ဒု ၀န်ကြီးချုပ်.. ဂျူလီယာ.. ရဲ့ နောက်ကျော ဓါးထိုးခြင်း ကို ခံ လိုက် ရတယ် ရယ် လို့ တော့.. ပြောစမှတ် ဖြစ်သွား လေသည်။ ဂျူလီယာ တက်လာတော့.. အဲဒီ အခွန် ထုပ် ကြီးကို.. ၃၀ နဲ့လား မသိ.. ဈေးစစ် လိုက် သည် လေ..။ အဆင်း မိန့ှ် ခွန်း မှာ ..စကား ဆက် မပြောနိုင် အောင် အသံ တွေ တိမ်ဝင် နေ တဲ့..ကယ်ဗင်ရဒ် ကို ကြည့်ရင်း...အနန္တသူရိယ အမတ် ကြီး ရဲ့ ကဗျာ ကို တောင် သတိရ နေ တော့ သည်။ ဒါပေမဲ့..သူ လည်း ပျက်လွင့် သွား တာ တော့..မဟုတ်ပါဘူး..။ ပါလီမန် မှာ..ခုံ တခုံ နဲ့.. ပါတီ ခေါင်းဆောင် တယောက် အဖြစ် တော့.. အောက်ညစ်ညစ် နဲ့.. ဆက်လှုပ်ရှား နေ နိုင် သေး သည်။


ဒီ ကြား ထဲ မှာ.. ကြော်ငြာ ၀င်.. အမြတ် ထွက် သွား တာ ကတော့.. ဟောင်ကောင် ဖွား..တရုတ် ဘဏ်လုပ်ငန်းရှင် တယောက် နဲ့ လက်ထပ် ထား တဲ့... အသက် ၂၆ နှစ် အရွယ်.. ကယ်ဗင်ရဒ် သမီးကြီး ရေးတဲ့... Campaign Ruby ဆိုတဲ့.. ၀တ္တု စာအုပ် ဖြစ်သည်။ သူ့ အဖေ ရဲ့.. မဲဆွယ် စည်းရုံးရေး ခရီးစဉ် တွေ မှာ လိုက်ပါ ရင်း... စိတ်ကူး ရ ခဲ့ တဲ့.... ဇာတ်လမ်း ဆိုပေမဲ့ လို့.. ၀န်ကြီးချုပ် ကို..သူ့ လက်ထောက် အမျိုးသမီး က.. နောက်ကြော ဒါးနဲ့ ထိုး တဲ့ ဇာတ်လမ်း တပုဒ် က.. အပြင်က.. အဖြစ် နဲ့.. လာပြီး တိုက်ဆိုင် လွန်း နေ လေ သည်။ ခင်ပွန်းသည် နဲ့ အတူ တရုတ်ပြည် မှာ လိုက်ပါ နေထိုင်ရင်း...လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက.. ရေးနေ ခဲ့ တာ ဖြစ်ပြီး.... အခု..ဇာတ်လမ်း ထဲက အတိုင်း ..အပြင်မှာ တကယ် ဖြစ်လာတော့.. သူကိုယ်တိုင် တောင်.. လန့်ဖြန့် သွားခဲ့ ရ သည် ဟု.. စာအုပ် ကြော်ငြာ ပွဲ မှာ.. ပြော သွား သည်။ ရောင်းအား တက်မှာ လည်း အသေအချာ ပါပဲ...။ ကိုယ်တိုင် တောင် ဖတ်ချင် နေ သည်။


ဂျူလီယာ က လည်း မိုက်သည်။ နေ့ခြင်း ညခြင်း ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာပေ မဲ့.. နိုင်ငံသား တွေ ရဲ့ မဲ နဲ့ မဟုတ်လို့.. ၀န်ကြီးချုပ် စံအိမ် နဲ့ ရပိုင်ခွင့် တချို့ ကိုတောင်..လက်မခံ သေး ပေ..။ အမြန်ဆုံး..ကြားဖြတ် ရွေးကောက်ပွဲ ပြန် လုပ် ပေးခဲ့ သည်။ ဘယ်သူ တွေ ဘာပဲ ပြောပြော..သူမ မျက်နှာ က.. အပြုံး မပျက်ပေ..။ လူတွေ ကလည်း..ပြောစရာ မရှိ..ရှာကြံ ကို ပြောလေ သည်။ အိမ်ထောင် တရားဝင် မပြု လို့ တဲ့။ သားနဲ့ သမီး နဲ့ မိသားစု နဲ့ မဟုတ်လို့.. မိသားစု တွေကို..စာနာ နိုင် မှာ မဟုတ်ဘူး တဲ့..။ တဆိတ်တော့..လွန် လွန်း..လွဲ လွန်း ပြီ ထင်သည် .. ။ ဒီလို သာ ဆို..အပျိုကြီး..လူပျို ကြီး တွေ.. နိုင်ငံ အုပ်ချုပ်လို့ လုံးဝ မသင့် တော် ဘူး တဲ့ လား။ ဦးလေးကြီး ဟိုချီမင်း တို့ သေ တဲ့ အထိ.. တိုင်းပြည် အတွက် လုပ်သွား ခဲ့သည်။ တလောက..ဖီလစ်ပိုင် မှာ တက်လာတဲ့.. နစ်နွိုင်း ဂျူနီယာ.. လူပျိုကြီး တွေ..။


ဘာမှ ပြောမနေ နဲ့.... ဘဘဦးဝင်းတင်.. ဗမာပြည် နိုင်ငံရေး ကို..ဘယ်လို ပေးဆပ် ပါဝင် ဆောင်ရွက် နေ သလည်း...ဆိုတာ အော်ဇီ တွေ ကို ပြောပြ ပြစ် လိုက် ချင်သည်။ အဲဒီ လောက်..မိသားစု ရှိစေချင် နေရင်.. မြန်မာ ပြည် က.. မင်းတုန်းမင်း ကြီး ရဲ့..သားတော် သမီး တော်.. ရာကျော် က စတဲ့.. အစဉ် အဆက် သားတော် သမီး တော်.. တော်ဝင် မိသားစု ..အကြီး..ကြီး တွေ .. အုံ နဲ့ ကျင်း နဲ့...ကို...တိုင်း ပြည် ကို..ဘယ်လို အကျိုးပြု.. မိသားစု တွေကို စာနာ..ကိုယ်ချင်းစာ..ထောက်ထား ပြီး.. လူမူရေး တွေ လုပ်တဲ့ အကြောင်း ပြောပြ လိုက်ရင် တော့.. တခါ တည်း...။

ထားလိုက်ပါ တော့.. အပြစ်ရှာ မှ လည်း..မှတ်ကျောက် တင် ခံ နိုင် ရ မှာ ကိုး..။


ကိုယ် ကတော့..ဂျူလီယာ ကို တော်တော် သဘော ကျသည်။ သူမ စကားပြော တာ.. အရမ်း ရှင်းလင်း သည်။ ပြတ်သည်။ ဟာသ နဲ့ ရယ်မြူး စိတ် လဲ.. ပေါ်လွင် သည်။ ခြုံပြောရင် တော့..ချစ်စရာ ကောင်း သည် ပေါ့...။ ထုံးစံ အတိုင်း..အမျိုးသမီး ထု တော်တော် များများ ကလည်း.. စိတ်ဝင်စား..ထောက်ခံ ကြ သည်။ ပြီးတော့.. မိန်းမ တွေ သဘာဝ.. သူမ ၀တ်ပုံ စားပုံ..အသက် ၄၈ နှစ် ထက် ပို နု နေတဲ့..အသားအရေ... ဆံပင် စတိုင်.. ဒါ တွေ လည်း စိတ်ဝင်တစား..ဝေဖန် ကြ..ရေးသား ကြ သည် ။ အဲဒီ မှာ..လူတော်တော် များများ စိတ်ဝင် စား နေ ကြ တာ က.. အဲဒီလို ထက်ထက်မြက်မြက် နဲ့ တက္ကသိုလ် မှာ ကတည်းက.. သမဂ္ဂ တွေ မှာ ရာထူး ရ ခဲ့ တဲ့.. လက်ဝဲ ဆန် တဲ့.. ဥပဒေ ဘွဲ့ရ.. နိုင်ငံရေးသမား အမျိုးသမီး တယောက် ရဲ့.. အတူနေ ချစ်သူ က....သူမ ထက် လည်း အသက်ပိုကြီး ပုံ ပေါ် တဲ့.. ရုပ်လည်း သိပ် ကြည့် ကောင်းလှ တယ် ရယ် လဲ မဟုတ်တဲ့..ဆံပင်အလှပြင်သမား ကြီး တယောက် ဖြစ် နေတာ ပဲ။ အချစ် နဲ့ ရွေးချယ်မူ က လည်း..ဆန်းကျယ်သား ကလား နော်။ ဒါကပဲ..သူမ ရဲ့ လက်ဝဲ ဆန်ခြင်း တခု ပေပဲ လား တော့ မသိပေ..။


နောက်တခု.. ချီးကျူး အံ့သြ နေ မိတာ ရှိသေးသည်။ အခု..သူတို့ လေဘာပါတီ အာဏာ ရ နေတုန်း မှာ.. အခုလို အရေးပေါ် ကြားဖြတ် ရွေးကောက်ပွဲ လုပ်လိုက်ရ လို့.. အကယ်လို့ များ..လေဘာပါတီ ရှုံးသွားခဲ့ ရင်.. နှမြော စရာ ကောင်းလှ ချည့် လို့.. ဖြစ်နေ ကြတဲ့ အချိန် မှာ.. တချို့..လေဘာ အမာခံ တွေ ကတောင်.. အချင်းချင်း တောင် နောက်ကျော မလုံ ရ တဲ့ ပါတီ လို့.. ဘက်ပြောင်း ချင် နေတဲ့ ..အချိန် မှာ.. သူ မက.. သတ္တိ ရှိရှိ နဲ့ ကို.. “ ကျမ ဟာ..ဘာသာမဲ့ပါ..ဘုရားသခင် ကို မယုံကြည် ပါဘူး” လို့ ပြော ချ ပြစ် လိုက် သည်။ နိုင်ငံ ရေး နဲ့ ဘာသာရေး ကို မရောထွေးချင် ပါဘူး..ဟန်ဆောင် ပြီးတော့လည်း.. ပုံစံ ၀င်အောင်.. ဘုရားကျောင်း တွေ ..တက်မပြ ချင် ပါဘူး.. လို့ ဆိုသည် ။ အဲဒီ အတွက်.. ခရစ်ယာန် မဲ တွေ... အမြောက်အမြား ..သူမ.. ဆုံးရှုံး သွား မည် ကို..ဂရုစိုက် ဟန် မပြ ခဲ့ ပေ။


ခု.. ရွေးကောက်ပွဲ ရလဒ် တွေ ထွက်လာ တော့..၂ဖက် စလုံး.. ၇၀ ကျော် တွေ နဲ့ .. အကြိတ်အနယ် ဖြစ်နေသည်။ ခက်တာက.. ၇၆ မပြည့် တော့..ဘယ်သူ မှလည်း အစိုးရ ဖွဲ့ မရ...။ တသီးပုဂ္ဂလ အနိုင်ရ အမတ်တွေ ရဲ့ ထောက်ခံ မူ က..အရေးပါ နေ သည်။ တဖက်..အတိုက် အခံ လစ်ဘရယ် ကတော့... ညွန့်ပေါင်း အစိုးရ ဖွဲ့ ဖို့.. တောင်းဆို ညှိ နှိုင်း နေ သည်။ လေဘာ ကလဲ.. အလျှော့ မပေး သေး..။ ရွေးကောက်ပွဲ ပြီးသွား ပေမဲ့.. အဖြေ မထွက် သေး တဲ့..ပါတီ ကြီး ၂ ခုကို.. ပယ်နယ်လတီ ပေးကန် ခိုင်း ရင်..ကောင်းမလား လို့.. တောင်.. အိမ်မှာ..နောက် နေ မိ ကြသည်။ သူငယ်ချင်း တယောက် ကတော့ ပြော သည်။ အတော်ပဲ.. ဟို လို လို..ဒီလိုလို ဖြစ်နေတုန်း.. ဗမာ စစ်တပ် ခေါ် ပြီး.. အာဏာ သိမ်း ခိုင်း လိုက် မယ် တဲ့..။


ဘာပဲ ဖြစ်ဖြစ်.. ဂျူလီယာ ကတော့.. ပထမ ဆုံး အမျိုးသမီး ၀န်ကြီး ချုပ် ဆက် ဖြစ်နေဖို့ ကတော့.. သေချာ သလောက် ရှိနေပါသည်။ လေဘာ တို့ ရဲ့ ပေါ်လစီ အရ.. အခြေခံ လူတန်းစား တွေ ကို.. ပိုပီး ထောက်ပံ့ မယ်.. ကျန်းမာရေး ပညာရေး တွေ ကို..ပိုပြီး လုပ်ပေးမယ် ဆိုတဲ့... ကတိ က၀တ် တွေကို.. သီအိုရီ အရ.. သဘောမကျ စရာ.. မရှိ ပေမဲ့ လို့... ဘာမှ လုပ်စရာ မလိုပဲ.. လူမူ ထောက်ကူ စရိတ် တွေ.. အလကား ရ ယူနေတဲ့...လူတွေ ကို ကြည့်ရင်း....သူတို့ လောက်တောင်.. မဖြုန်းနိုင်.. ဆိုရှယ် တပြား မှ..မစား ရ .. အခွန် ထမ်း သက်သက်.. ကိုယ် တို့ ရဲ့ ၂ဦးတည်း သော မိသားစု ခမျာ မတော့.. ကိုကြီးကျောက် ပြောသလို.. ၀မ်းမနာ သားသမီး တွေ အတွက်.. အမေ မမွေး တဲ့.. မောင် တွေ နှမတွေ အတွက်.. အဖွားမမွေး တဲ့..ဦးလေးတွေ အဒေါ်တွေ အတွက်.. မိုးပေါ်က ပြုတ်ကျလာ တဲ့.. ပင်ရှင်နာ တွေ အတွက်..စိတ်မသက် မသာ နဲ့ပဲ... အမျှ သုံးကြိမ် ရွတ်ဆို ရင်း.. ဂျူလီယာ ကို.. ထောက်ခံ အားပေး ရ ပေ ဦး တော့မည်။





Share/Bookmark

နွေဦးကံ့ကော်


ဒီနေ့မှ.. ကောင်းကင် ကြီးက..မှိုင်းမှိုင်း မှုံမှုံ ဖြစ်လွန်းနေ သလို..

ဒီ နိုင်ငံ မှာ.. ဒီလို မှိုင်းမှုံ တာနဲ့.. ပူပြင်း စူးရှ တာ အပြင်.. ကောင်းကင် ကြီးက.. ဘာများ ပို လုပ်ပြ တတ်သေး လို့ လည်း..။ တခါ တခါ တော့..အင်ဒိုနီးရှား ဖက် က..တောမီး လောင် လို့ ဆိုတာမျိုး.. မြူမှုန်တွေ..ပိန်းပိတ် နေ တတ် တာမျိုးတော့..တခါ နှစ်ခါ ကြုံဘူး သေး သည်။

သူ့ စိတ် တွေ က ကို မှိုင်းမှုံ နေ တာ ဖြစ်မည်။
ည ကလည်း..ကောင်းကောင်း အိပ်မပျော် ခဲ့…။ မနက် လင်း တော့..ခေါင်းက မကြည် ပေ မဲ့.. မီးဖို ထဲမှာ.. ကော်ဖီ မစ် ထုပ် ရှာ ပြီး.. ကော်ဖီ တခွက် တော့ သောက် ခဲ့သည်။ သူ အိမ် က..ထွက်တော့.... သား နဲ့ သမီး ရှိနေသေးလား.. ထွက်သွား ပြီ လား..သူ မသိ.. သူ မကြည့် မိ တော့..။ မနက်..မနက်.. အိပ်ယာက..အတင်း လှုပ်နှိုး.. မိသားစု မနက်စာ ၀ိုင်းမှာ..ကော်ဖီ နဲ့ ပေါင်မုန့် မီးကင် အတင်း ကျွေး.. ကျောင်း စာအုပ်တွေ ၀ိုင်းရှာ..တိုက် အောက်က..ကျောင်းကား မှီ အောင်...ပြေး ပို့ ခဲ့ ရ တဲ့..အပြစ် ကင်းစင် တဲ့... မောင်နှမ လေး ၂ ယောက် ရဲ့ ကလေး ဘ၀ ပုံရိပ်လေး တွေ ပြန် မြင်ယောင် မိ တော့.. သူ ခေါင်း ကို အသာ ယမ်း မိ တော့ သည်။

ဒီမနက် ကလေး မှာတင်..သူ ခေါင်းကို..ဘယ်နှယ် ကြိမ် ရမ်းခဲ့ပြီး ပါ လိမ့်..။ အခု နင် ကလေး ကပဲ..... ပြည်ကြီး တရုတ်..အင်ဂျင်နီယာ ရှေ့ မှာ.. ခေါင်းရော..လက်ရော..တကိုယ်လုံး..ရမ်း ပြစ် ခဲ့ လိုက်သည်။ မနက် ခင်း.. ရုံး ရောက် ရုံ မှ မကြံသေး ဘူး.. ပြသာနာ က..လာရှာ နေပြီ။ လဲ သေ လိုက်ပါလား ကွာ ။ မင်း က.. ဘာကောင်မို့...ရာဇသံ နဲ့ လာခိုင်း နေရတာလဲ..။ အလုပ်ထဲ ၀င်လာ တာ မှ ဘာမှ မကြာသေးဘူး.. ဖင် ကျွတ်တက် အောင် လုပ်လာ နေတဲ့ ကောင်တွေ ကို.. အပေါ်စီး ကနေ.. ခိုင်း ချင် နေတာ..။ ဒီ တကျွန်းလုံး.. ဘယ်နေရာ..ဘာမြေ ..ဘာကျောက် ဆိုတာ.. တရေးနိုး ထမေး တောင် ငါပြောနိုင်တယ်..လို့ ပြော တော့.. မျက်နှာ ကြီး ရှည်ထွက် သွားလိုက်တာ ဆိုတာ...။ ငါ..ဆိုက်ထဲ သွားစရာ ရှိတယ်..လို့ ပြောပြီး..သူ့ရှေ့ မှာတင်...ဖိုင်တွေ အကုန် စားပွဲ ပေါ် ပြစ်တင် ပြီး.. ထွက်လာ ခဲ့ လိုက်တယ်...။ ထင်ချင် သလို သာ ထင်ကြ..။

ကား စက် နှိုး လိုက် လို့..ကက်ဆက် က..ထူးအိမ်သင် အသံ ထွက် လာမှ.. သူ့စိတ် တွေ.. အတန်ငယ် ငြိမ်သက် သွား သလို ရှိသည်။

ဒီ ရုံးကား လေး ကလည်း.. လောလောဆယ် ဆယ် သူ တယောက်ပဲ သုံးနေတာ မို့.. အထဲမှာ..သူ့ ပစ္စည်းတွေ နဲ့သာ ပြည့် နေသည်။ Safety boot တွေ helmet တွေ ကြားထဲ မှာ.. သတင်းစာ အဟောင်း တွေ.. ကြွပ်ကြွပ်အိတ် ခွံ တွေ.. သီချင်း ခွေ တွေ.. ဖြစ်ချင် သလို ဖြစ် နေသည်။ မဂ္ဂဇင်း တချို့ နဲ့.. သုံးချိုး ဆိုဒ် ၀တ္တု စာအုပ် လေး တွေ ကို တချက် စိုက် ကြည့် မိ နေရင်း.. ကံ့ကော် ပန်းလေး တွေ နဲ့ စာအုပ် အ၀ါ ကလေး ကို တော့.. ဒက်ရှ်ဘော့ဒ် ထဲ သေ သေ ချာချာ ပြန် ထဲ့ လိုက် သည်။

မှိုင်းမှုံ နေတဲ့ ကောင်းကင် ကြီး ဆီက.. မိုးပေါက် တွေ ပြိုကျ လာ သည်။..။

ဝိုက်ပါ ကို ဖွင့်လိုက်ရင်း..ဒါဆိုရင် တော့..ဒီနေ့ လည်း.. bore hole တွေ မပြီး မပြတ် ဖြစ် အုံး မှာပေါ့ လို့ တွေး မိ သည် ။ တကယ် ဆို လည်း..အဲဒီ နေရာ..ဘာအောက်ခံ မြေ တွေ ဆိုတာ.. သူ တို့ သိ ပြီး သား တွေ ချည်း ပါပဲ..။ ဒီလောက် ကျွန်းသေးသေး လေး ပေါ်မှာ.. ၁၇ နှစ်လောက်.. တွင်းတွေ တူး.. မြေတွေ ကြည့်.. နေရာ တွေ လည်း ထပ်.. ခြေရာ တွေ လည်း ထပ် နေခဲ့ ပြီ ... လုပ်ငန်း သဘာဝ တွေ ကလည်း ရိုးအီ နေပြီ။

မိုးနည်းနည်း ကြီးလာ တာကြောင့်..၀ိုက်ပါ ကို ထပ်တင် လိုက်သည်။ စိတ်ထင် သလို ရွာနေတဲ့..ရာသီ အပိုင်း အခြား မရှိ တဲ့.. ဒီ.. အီကွေတာ မိုး တွေ အောက်မှာ .. ငါတို့ နေ့စဉ် ဘ၀ တွေ လည်း.. အပြောင်းအလဲ မရှိတဲ့ လုပ်ငန်းခွင် ကြီး တွေ ထဲမှာ မျောပါ နေ လိုက် ကြတာ များ...။


မိုးရေ တွေ နဲ့.. ထိတွေ့ သွားတဲ့.. ပတ်ဝန်းကျင် ကြီးက.. ပို ပြီး တော့ စိမ်းစို လာသည်။. ကြည့်စမ်းပါ အုံး.. အမြင်ကပ် စရာ ကောင်း လောက် အောင် ကို...သပ်ရပ် ချင် တိုင်း သပ်ရပ် ပြီး...စိမ်းချင် တိုင်း စိမ်း..စိုချင်တိုင်း ကို စို နေ ပုံက.. ။ ဟိုး မှာ ဘက် က.. မုတ်သုန် မိုး ကို မျှော် နေ တတ် တဲ့..ငါတို့ ရဲ့ စိမ်းတဲ့ မြေ လေး ကတော့.. ဘယ်တော့ များ မှ..သပ်ရပ် လာ ပါ အုံး မလဲ ..။


နွေဦး ကံ့ကော်များ ~~~~
ဒီအချိန်လေး တိုင်း မှာ.. ကိုယ်သတိရ စရာ တွေ~~~
ပေါ်လာမြဲ အချစ်ရေ... မမေ့ဘူး သိရဲ့ လား..
ကံမဆုံ လည်း မမေ့ နိုင်ဘူး.~~~~~


play music

..




စတီယာ ရင် ကို..ညာလက် နဲ့ ထိန်းကိုင် ရင်း... volume ကို.. ၁၂ အထိ တင်ပြစ် လိုက်သည်။


ဒီ သီချင်း.....
ဒီ သီချင်း လေး ပါပဲ

ခု တလော..သူ့ ရင်ကို..ထိထိ ခိုက် ခိုက်.. ဖြစ်နေ စေ တာ..။ စိမ်း တဲ့ မြေ က.. အစိမ်းရောင် မြကျွန်းညို ကြီး ကို ပဲ.. ထပ်ကာ ထပ်ကာ..လွမ်းမော နေစေ မိ တာ။ တစုံ တဦး..ဒါမှ မဟုတ်.. အချိန် အပိုင်း အခြား တခု ဆီ သို့ သာ.. သူ့ အတွေး တွေ ကို တွန်းပို့ နေ စေ ခဲ့ တာ....။ ကက်ဆက် သံ နဲ့ အတူ .. သူ့ နှုတ်ဖျား ပေါ်က.. အလိုလို ထွက် ကျ လာ တဲ့.. သီချင်း တပိုင်း အစ...


နွေဦးကံ့ကော် များ~~~~~






++++++++++


မျက်နှာ တည်တည်.. စူပုပ်ပုပ် နဲ့.. ကျောင်းသူ မ လေး ကို ကြည့် ပြီး.. သူ မယုံ ကြည် နိုင် သလို ဖြစ်နေသည်။ နဖူး ပေါ်မှာ တိတိ ရိရိ ချ ထား တဲ့.. ဆံပင်တွေ အောက်က..မျက်လုံး တွေက.. တချက်.. အေးတိ အေး စက် နိုင် လွန်း လှ သလို...။

“ညည်း ကို သိတယ်..” လို့ ပြော လိုက် တဲ့..သူ့စကားကို ...မယုံ သလိုလို .. လှောင်တော့မလိုလို.. နဲ့ ပြန် ကြည့် နေတယ်။ နောက် တော့..သူ့ လက်ထဲ မှာ ကိုင်ထားတဲ့.. ကျောင်းသား တွေ ရဲ့ ကိုယ်ရေး မှတ်တမ်း စာရွက် လေး ကို ကြည့် ပြီး.. သူ့ မေးခွန်း တွေ ကို...ဖြေစ ပြု လာ သည်။

“ ဆရာ ကရော..ဘယ်သူ လည်း ”
ဆို တဲ့ ဂွကျကျ အူကြောင် ကြောင် မေးခွန်း ကို .. အသေအချာ..ရှင်းပြ လိုက် ပြီးတဲ့ အခါ မှာ တော့...အဲဒီ ကောင်မလေး ရဲ့ မျက်နှာ တခုလုံး .. သွားဖြူဖြူ လေး တွေ နဲ့ လင်းလက် သွား လေ သည်။



++++++++++


~~~နွေဦးကံ့ကော်များ ~~~~
သြော်ခြံထဲ အလှဝေ ဆွတ်သင်းပျံ့ဝေမြဲ~~~
ဝါရွှေနုပွင့်ဖြူ ရင်ထဲလှိုက်ခုန်သွား
ချိုမြိန်သော ကိုယ့်အချိန်လေး~~~~


သူ့ ရင် ကို လှိုက်ခုန် သွား စေ တဲ့.. နွေဦး ကံ့ကော် ...

နွေဦး ကံ့ကော် ဆိုတဲ့.. ၀တ္တု စာအုပ် လေးကို.. သူ အထပ်ထပ် ဖတ် ပြီး ခဲ့ ပြီ။ ပထမ ဆုံး အကြိမ် ဖတ်စဉ်က.. သူ့ နာမည် သုံးလုံး ကို..အတိုင်း သား မြင်လိုက် ရ လို့.. လှိုက်ခုန် တုန်ယင် သွား ရ တဲ့.. သူ့ နှလုံးသား တွေ.. အခု ထိ.. မတည်ငြိမ် နိုင်သေးပါ။ အဲဒီလို.. အဲဒီ အတိုင်း.. ထဲ့ရေး လိမ့်မယ် လို့.. သူ ဘယ်လို ထင်ခဲ့ မလည်း။ သူ့ အပေါ်မှာ..အခုတ် တရ ရှိနေ လိမ့် မယ် လို့ ကို.. သူ မယုံ ရဲ ခဲ့ပါ။ အေးလေ.. တကယ့်ဘ၀ ထဲ က လူတွေ ကို .. ရှာဖွေ..ရောစပ် မွှေနှောက် ပြီး.. ဖန်တီး ထား တဲ့ စာတပုဒ် မှာ.. ကိုယ် က ကုန်ကြမ်း တခု ဖြစ် နေတာ.. ဒီလောက် တော့လည်း အံ့သြစရာ အကြောင်း မရှိ ပါဘူး လေ...။


အဲဒီ နောက် ပိုင်း..ခပ်စိပ်စိပ် ထွက် လာတဲ့.. ၀တ္တု စာအုပ် လေး တွေ မှန်သမျှ ..မရ- ရ အောင် မှာဝယ် ပြီး...ဂရုတစိုက် ဖတ်ဖြစ် လာသည်။ တပိုဒ် ချင်း.. တလုံးချင်း.. ဖတ် ဖြစ် လာ သည် ဆိုရင်..ပို မှန် လေ မလား...။

တကယ်ပါ.. မယုံ နိုင် စရာ.....။


ဒီ ကောင်မလေး ဆီက ဒီလို စကားလုံး တွေ.. အယူအဆ တွေ ထွက်လာ လို့.. သူ အံ့သြ နေ တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့.. သူ သိ ဖူးခဲ့တဲ့.. အသက် ၂၀ အရွယ် မိန်းကလေး တယောက် ရဲ့ အနေ အထိုင် .. အယူအဆ တွေကို လှလှပပ ရင့်ကျက် သွားစေခဲ့ တဲ့.. အချိန် ကာလ အပိုင်း အခြား ကြီးကို .. ဆင်ခြင် စဉ်းစား ရင်း မှင်သက် တွေဝေ နေခဲ့ မိ တာ သာ ဖြစ် သည်။


အချိန် တွေ..ဘယ်လောက်ပဲ မြန်မြန် ပျံ သန်း သွား ကြ ပါစေ .. အတွေး တွေ ကို စိုးမိုး ချုပ်ကိုင် ထားနိုင် သရွှေ့ . အချိန် ကို အနိုင်ယူ ထား နိုင် တယ်....အချိန် ရဲ့ ကန့်သတ်မူ ကနေ..ကင်းလွတ် နေတယ်... တဲ့။

ဟုတ်ရဲ့ လား..မိန်းကလေး ရယ်...။

ငါတို့ ...တကယ့် လက်တွေ့ ကမ္ဘာကြီး ထဲ မှာတော့.. နာရီ တွေ ရဲ့ ခြိမ်းခြောက် တိုက်တွန်းမူ တွေ ကိုပဲ .. ကြောက်လန့် တကြား...လိုက်နာ ဆောင်ရွက် ပေး နေရတာ.. မဟုတ် ဘူး လား..။

အချစ် ဆို တာ.. နားလည်ခြင်း..ခွင့်လွှတ်ခြင်း.. အနစ်နာခံခြင်း.. စိတ်ရှည်ခြင်း.. သည်းခံခြင်း ..သစ္စာရှိခြင်း.. ရိုးသားခြင်း..စသဖြင့်.. ကောင်းကွက် တွေ ရှာကြသည် ( နောက်ထပ် ကောင်းတာတွေ ဘာရှိသေးလဲ ) .. ကြောင်းကျိုး ဆင်ခြင် မူ မရှိ ခြင်း ဆို တဲ့.. အန္တရယ် အရှိ ဆုံး အချက် ကို တော့... ကံဆိုး လှသော လူ အနည်းငယ် ကသာ...ကံ ကောင်းစွာ .. ရှာ တွေ့ သွားကြ သည် ... ဆိုတာမျိုး ။ ကွင်းစ ကွင်းပိတ် လေး တွေ နဲ့.. ခပ် နော့နော့ လှောင် တတ် တဲ့.. စတိုင် က တော့.. သူ သိ ဖူး တဲ့.. ကောင်မလေး အစစ် ပါပဲ။

ရှားရှား ပါးပါး ရေးလေ့ ရှိတဲ့..အချစ် ၀တ္တု နုနု လေး တွေ ထဲမှာ.. သူမ ရဲ့ အခြား တခြမ်း ကို.. လိုက်ရှာ ရ တာ..ကလည်း..စိတ်ဝင်စား စရာ ပါပဲ...။

သူမ ရဲ့ ဇာတ် ကောင် တွေ က.. အချစ် ကို အမျိုးမျိုး တင်စား ကြ သည်။ တချို့ က..ဆပ်ပြာ ပူဖောင်း လေး တွေ လိုက်ဖမ်း တဲ့ ကလေး တွေ လို..။ တချို့ အတွက် တော့ .. အကျီ င်္ တထည် ကို.. ရွေးချယ် ၀ယ်ယူ လိုက် ခြင်း.....။ လက်ထပ် ထိမ်းမြား ခြင်း ဆိုတာ.. လူ့သဘာဝ ရဲ့ မတည်ညိမ် ခြင်း တွေ ကို.. ဘောင်ခတ် ခြင်း တဲ့ ။ စိတ် ပိုင်းဖြတ် မူ လည်း ဖြစ် နိုင် သလို.. လိုချင် ကျေနပ် ခြင်းလည်း ဖြစ် နိုင် သည် တဲ့..။ ပြီး တော့.. ပိုင်းဖြတ် မူ ရဲ့ နောက်မှာ.. အစ တခု ရှိသလို...အဆုံးသတ်မူ တခု လည်း ပါ နိုင် နေ သည် လို့ ဆိုသေး သည်။ အဲဒီ အဆုံးသတ် မူ က..ဘာ လည်း ဆို တာ ..စာရေး တဲ့..သူမ ကိုယ်တိုင် ကို သာ.. မေး ကြည့် ချင် နေ တော့ သည်။


မီးနီ သွား တဲ့.. လမ်းဆုံ မှာ.. ကားကို အရှိန် လျှော့လိုက်ရင်း..စတီယာ ရင် ကို ကိုင်ထား တဲ့..သူ့ လက် ဖျံ ပေါ်က..အညိုရောင်..ရှပ် အကျီ င်္ အကွက် ရဲ့.. လှန်ခေါက် ထားတဲ့..လက်ဖျားစ ကို..မျက်စိ ရောက် သွားသည်။ ခေါက်ရိုး ဒေါင့် လေး တွေ အတိုင်း.. ချည်သားစ တွေ ရိပြီး.. ဖွာ ထွက် တောင် နေပြီ ။ အေးပေါ့.. ကိုး နှစ် လောက် တောင် ရှိပြီ ပဲ... ဟုတ်တယ်.. သူ..တတိယ အလုပ် ကို ပြောင်း တဲ့ နှစ် က.. ဆို တော့...ကိုးနှစ်တောင် မက ချင်တော့...။ အကြမ်းခံ လွန်း တဲ့..ဂျင်းသား ဆန်ဆန် ဒီ အကျီ င်္ အကွက်လေး ကို.. အရောင် နဲ့..အသား ကြောင့်.သူ ၀ယ်ဖြစ် လိုက် ရင်း.. အရမ်း ၀တ် လို့ ကောင်း တဲ့.. အကျီ င်္ တထည် ဖြစ် နေ တော့သည်။ ဒီလောက် ဒိုးပေ ကတ်သတ် ၀တ် နေ တာတောင်.. အခုထိ.. အရောင် မကျ.. ချုပ်ရိုးတွေ..သံကြယ်သီး တွေ လည်း..ဒီ အတိုင်း..။ ဒါပေမဲ့.. ရိပြီး ဟောင်းလာ နေပြီ ဖြစ် တဲ့.. ဒီ အကျီ င်္ ကို.. သူ နောက် ထပ် ဘယ်နှယ် နှစ် ဆက်ဝတ် ဖြစ် နိုင် အုံး မလဲ.. ။

မီးပွိုင့် စိမ်း ပြီ ။ မိုးတောင် စဲ သွားပြီ ပဲ..။ ဆယ်နာရီ သာသာ... ဟိုက်ဝေး လမ်းမ ကြီး ပေါ်မှာ.. ကား ရှင်း နေ သည်။


++++++++++


မိုးစဲ ပြီး ကာစ.. အင်းလျား လမ်း မ ကြီး သည်..စိမ်းစို ရွှဲအိ နေ သည်။ လေ တချက် သုတ် လိုက် တိုင်း.. လမ်းဘေး တဖတ် တချက်.. အပင် မြင့် ကြီး တွေ ပေါ်က..မိုးရေ စက် တွေ..တဖျောဖျော.. ကျ နေ သေးသည်။ နဘေး ကနေ.. ကားတစီး..၀ှီးကနဲ ဖြတ်သွား လိုက် တော့.. ...ကတ္တရာ လမ်း မကြီး ပေါ် အိုင် နေတဲ့ ..မိုးရေ တွေ က.. လမ်းဘေးထိ ဖြန်း ကနဲ....။


“လောက မှာ..အမုန်းဆုံးက.. လမ်းပေါ်ကနေ အရှိန်နဲ့ မောင်းသွားတဲ့..ကား ကြောင့်..စင် တဲ့.. ရေ ပဲ.. ”

“ ဟား..ဟား.. ညည်း ကတော့..ပြောပြီ..”


လုံခြည် တိုတို လေးကို.. လက် နဲ့ အသာ မရင်း..ဗွက်သေး သေး လေး တွေ ကို.. ဂရုတစိုက် ရှောင် ပြီး လျှောက် နေတဲ့.. ကောင်မလေး ..ကို လှမ်း ကြည့် တော့.. ..စိတ်တို နေဟန် လေး မို့.. နောက်ချင် သွား သည်။


“ ဒါကတော့ ကွာ.. မိုးက လည်း တိမ်တွေ ဖွဲ့ လို့ ရွာ ပေး ရ တယ်.. ကားက လဲ.. လမ်း ရှိ နေလို့..မောင်းရ တယ်..ငါတို့ ကလည်း.. ကားမရှိ လို့.. လမ်းဘေး မှာ လျှောက်ရတယ်... ရေစင် ရတယ် ပေါ့ ကွာ.. ဟုတ်ဘူးလား ..အဲဒါ ပစ္စည်းမဲ့ ဟာသ လို့ ခေါ်တယ်.. ဟ..ဟ”

“ သြော.. ဆရာက..ပစ္စည်းမဲ့ ဒေါသ ကို..ပစ္စည်းမဲ့ ဟာသ နဲ့ ဖြေ ပေး တာပေါ့.. ”


ပြိုင်တူ ရယ်မော လိုက် ကြရင်း.သူတို့ နှစ်ယောက်.. အင်းလျား ကန်ဘောင် ဆိုင်တန်း တွေ ဖက်.. လမ်းဖြတ် ပြီး.. ချိုးကွေ့ လိုက် သည်။ ပြီးတော့.. လူခပ်ရှင်းရှင်း ဖြစ်နေတဲ့ အပြာရောင် ခုံလေး တွေ နဲ့..ဆိုင်လေး တခု စီ ..အလိုလို ဦးတည် မိ သွား ကြ သည်။

“ ဆရာ...ကျမ ကျွေးမယ်နော်.. ၀တ္တု ကို သာ...သေချာ..ဝေဖန် ပေး...”

“ ဟေ့.... ညည်း ဟာက.. ဆု ရ ပါတယ် ဆို မှ.. ငါ က.. ဘာ များ ထပ်ဝေဖန် ပေးရမလဲ ကွ.. ကောင်းတယ်.. ကောင်းပြီးသား..ကဲ...ဘူးသီးကြော်သာ..များများ မှာ.. ”

“ အာ.. အဲလို ကြီး တော့..ဘယ်ဟုတ် မှာ လဲ.. ဆရာ ကလဲ..
.....

မှတ်ချက် တခုခု တော့..ပေးလေ.. ”


ကလေး တယောက် လို.. ပြီးတော့..မိန်းကလေး တယောက် လို..စူစူ မူမူ ပြောနေဟန် ကလေး ကို.. ..မသိမသာ စိုက် ကြည့် လိုက်ရင်း... အဆောင် ဧည့်ခန်း ထဲမှာ .. ကပ်ထား တဲ့..၀တ္တုလေးကို.. မင်း ဆင်းမလာ ခင် ကတည်းက.. နှစ် ခေါက်လောက် ဖတ်ပြီး နေခဲ့ ပြီ ဆိုတာရယ်.. ဘာအကြောင်း ကြောင့်.. ငါ က.. မင့် အဆောင် ကို တကူးတက လာဖတ် ပေး ရ သလဲ ဆိုတာ ရယ်.. ငါ လည်း.. ပြော မပြ တတ် တော့ ဘူး ကွာ...။


+++++++++



~~~ စကားလေး ပြောသလိုပဲ..
သူ ကိုယ့် အနား ရောက်လာပြီး တော့..ကပ်ထိုင် သွားသလိုပဲ~~~

ဒီ အတိတ်ဆွေး ဟောင်းကမ္ဘာလေး ဟာ..ချစ်စရာလေး ပါကွယ်~~~~

ချစ်စရာလေးပါကွယ်~~~~~


...ချစ်စရာကောင်း လှ တဲ့.. အတိတ် ကမ္ဘာလေး ဆီကို.. နွေဦး ကံ့ကော်.. နဲ့ အတူ..မင်း ခေါ်သွား ခဲ့ လို့.. ငါတို့.. အလည် ပြန် ရောက်ခဲ့ ရ တာ..ကျေးဇူးတင် တယ်.. နွေဦးကံ့ကော်.. ။

မင့် ကိုရော ပေါ့..။

တခါတလေ တော့ လည်း.. ဒီအသက်အရွယ် ကြီး ရောက်မှ.. ကြည်နူးစရာ သီချင်း လေး တွေ ကြားထဲ.. စိတ်ကူး နုနု ချိုချို လေး တွေနဲ့.. သာယာ နေ မိတာ..ဂွ တော့ အကျ သား လို့.. ငါ လည်း....မလုံလဲ ချင် မိဘူး..။ မင်း ရေး တဲ့.. ဟို ၀တ္တု ထဲက..စိတ်ရောဂါ အထူးကု ဆရာဝန် ဒေါက်တာ..မိုးညို လို.. သူ့ နှလုံးသားရဲ့ ခံစားချက် အပြောင်းအလဲ တွေကို.. ဆေးပညာ ရှုထောင့်ကနေ.. ဘာသာပြန် ဖို့.. အတင်း ကြိုးစား ရင်း.. Inner struggle နဲ့ ကြုံ နေရ တဲ့.. အဖြစ် မျိုး များ လား..။


အဲဒီ လို ဆို တော့.. အင်တာဗျူး တခု မှာ..မင်း ဖြေ သွားတာ ... သွား သတိရ တယ်။ အနုပညာ သမား တယောက်က..သူ့ရဲ့ လက်ရှိ အနေအထား..အသက် အပိုင်းအခြား ကြောင့်.. သူ့ အနုပညာ ကို.. ကန့်သတ် ထိန်းချုပ်ရမယ် ဆို ရင်.. ဒါဟာ.. ကိုယ့် ကို ကိုယ် လိမ်ညာမူ..ညှင်းပန်း နှိပ်စက် မူ ပဲ... တဲ့..။ အဲဒီ တုန်းက တော့.. အနုပညာ ဆို တဲ့.. စကားတလုံး နဲ့ ကိုင် ..ကိုင် ပေါက် နေတဲ့.. အနုပညာ သမား..ဆို တဲ့ လူတွေ ကို.. စိတ်ချဉ် က.. ပေါက် နေတုန်း မို့... နည်း နည်း တော့..အမြင် ကပ် ခဲ့ မိတာ.. ငါ ၀န်ခံ ပါတယ် ။


တကယ် တော့...ဟုတ်တယ် ကွာ...။ ငါတို့ ရှင်သန် ရ တဲ့.. အချိန် လေး က..တိုတောင်း ရ တဲ့ ကြား ထဲ... အကန့် အသတ် တွေ ကလည်း များ လွန်း လှတယ်။ သဘာဝ က ..ကန့်သတ် တာ တွေ.. လူ့ အသိုင်း အ၀ိုင်း က..ကန့်သတ် တာတွေ... ကို ကိုယ်တိုင် ပြန် ကန့်သတ် ထားတာ တွေ နဲ့...တခါတလေ..ကိုယ့် ဖာ ကိုယ် တောင် ပျောက်နေ တယ်.. ။ စိတ်ကူး..အနုပညာ တွေ နဲ့ မှ... ခရီး မဆန့် နိုင် ရင်.. ငါတို့.. ဘယ် မှ ကို.. ရောက် နိုင် မှာ မဟုတ် တော့ဘူး..ထင်တယ်.. ။ အေးလေ..ဒါကလည်း.. ကိုယ့် ကို ကိုယ် အလိုလိုက် တဲ့.. အကြောင်းပြ ချက် လည်း ဖြစ်ချင် ဖြစ်မှာ ပေါ့လေ..။


ဘာပဲ ပြောပြော..ဘယ်တော့ မှ..ပြန်မရောက် နိုင် တော့ တဲ့... နေရာ ဌါန ကြီးရယ်.. ဘယ်တော့မှ..ပြန်မရ နိုင် တော့ တဲ့.. စိတ်ခံစား ချက် တွေ ရယ် ကို.. နွေဦး ကံ့ကော် ထဲမှာ.. ငါ ပြန်ရောက် ခဲ့.. ရ ပြီ လေ....။ ကုန်ကုန် ပြောလိုက်မယ်ကွာ.... အဖိုး အို ကြီး ဖြစ် လာရင် တောင်.. ကံ့ကော် တွေက..ငါ့ကို ရင်ခုန် နေ စေ အုံး မှာ..သေချာတယ်..။ ရန်ကုန် တက္ကသိုလ် ကြီး ရဲ့..အရိပ်အငွေ့ တွေ ကလည်း ..ငါ့ နှလုံးသား ကို အမြဲ ချိုမြ နေစေ လိမ့် မယ် ဆိုတာ... သေချာ လွန်း မက... သေချာ တယ် ...။


++++++++


တောင်ငူ ကန်တင်းန် မှာ ထိုင် ရင်း.. မန္တလေး ဆောင် ထဲက..အတန်း ဖြုတ် လာတဲ့.. ကျောင်းသား တွေ ကို မြင်လိုက် ရသည်။ ခြစ်ရာ တွေ..မျဉ်းတွေ.. မျှားထိုးထာတဲ့ မှတ်စု တွေ နဲ့..ပေပွ နေတဲ့.. ဖတ်လက်စ စာ အုပ်ကို.. အသာ ပိတ် လိုက်ရင်း.. ရေ နွေးကြမ်း လက်ကျန် ကို...မော့ချ လိုက် သည်။ ထုံးစံ အတိုင်း..တဟေး ဟေး..တဟားဟား နဲ့.. ဒင်းကလေး တို့ အုပ်စု..သူ့စားပွဲ ဆီ ဦးတည် လာနေ ကြ သည်။ သူ..စဉ်းတော့ စဉ်းစား နေ မိ သေးသည်။ ဒီ စာအုပ် တွေကို .. အားလုံး ရှေ့ မှာ..ပေးရင်.. ကောင်းပါ့ မလား..


မထူးပါဘူး လေ.. ၀ယ်ပြီးသား ဖြစ်နေပြီ..။ ပြန်လည်း သယ် မသွားချင် တော့...။ မနက် က .. မြို့ထဲ သွားရင်း..စာပေ လောက.. က.. ဈေးရောင်း ရောင်းပွဲ တော် မှာ.. လျှောက် ၀ယ် လိုက်တာ..ဟို တအုပ်..ဒီ တအုပ် နဲ့...... တော်တော် များ သွား သည်။ ဒီကောင်မလေး ကို.. ဖတ်လဲ ဖတ်စေ ချင် သည်လေ..။ သူ စာရေးပုံ လေးက.. မဆိုးဘူး ။ ကိုယ်ပိုင် ဟန်လေး လည်း ရှိ တယ်။ ပထမ ဆုံး ဆို တဲ့..၀တ္တုလေး မှာ တောင်..မိသားစု ဇတ်လမ်းလေး ပေမဲ့.. အတွေးလေး တွေက..ဆန်း တော့..ဖတ်ရတာ တမျိုးလေး ခံစား ရသည်။ စာရေးဖို့ ဆိုတာ..စာတွေ များများ ဖတ်ဖို့ လည်း လို သည် လေ..။

သူ တောင် ဘာမှ မပြောရသေး.. ဘေးက..ခုံပုလေးပေါ် တင်ထားတဲ့..စာပေလောက..တံဆိပ် နဲ့..စာအုပ် ထုပ် ကြီး ကို.. ဟ ကြည့် နေလေ သည်။

“ ဟယ်.......... စာအုပ်တွေ အများကြီးပဲ.. ဘာလုပ်တာလဲ..ဆရာ..”
.......
“ ယူထား လိုက်.. အဲဒါ ညည်းဖို့.. ”

အရေးမပါ သလို..ခပ်ဖွဖွ ပြောလိုက် တဲ့..သူ့ အသံ ကို.. ကျန်တဲ့လူတွေ ..သိပ် ဂရုမစိုက် မိပုံ မရ ပေမဲ့..အရမ်း အံ့ သြ ပြီး..ပျော်သွား တဲ့.. မျက်နှာ လေး ကိုတော့.. သူ မေ့ တော့ မည် မထင်။



+++++++++



ငယ်ရုပ် တချို့ ကျန်နေ သေးတဲ့.. ခပ်တင်းတင်း မျက်နှာလေး ကို.. မဂ္ဂဇင်း အင်တာဗျူး တခု ထဲမှာ.. ပြန် တွေ့ ဖြစ် သည်။


စာ အရှည်ကြီး တွေ..မရေးချင် သလို..စာအုပ် တွေ လည်း..အများကြီး ရေးဖို့ မရည်ရွယ် ထား ဘူး လို့ ဆို သည်။ လူတွေ ရဲ့..ဖန်တီး နိုင် မူ မှာ.. အတိုင်းအတာ ရှိ တယ်.. ရှိတဲ့ အတိုင်းအတာ ထက် လည်း ပိုပြီး ထုပ်ယူ..ညှစ်ယူ လို့ မရဘူး .. တဲ့။ သူ ပြုံးချင် မိ တာက.. ဘာတဲ့...လူတယောက် ရဲ့ ပတ်ဝန်းကျင် မှာ.. ဖတ်စရာ ရှုစရာ..သိစရာ တွေ..များလွန်း လှတော့..ဖတ်ရမဲ့ လူတွေ အတွက်ရော..တခြား စာရေးတဲ့ သူတွေ အတွက် ရော.. စဉ်းစားပြီး..ကမ္ဘာကြီးကို..sustainable ဖြစ်ဖို့.. တတပ်တအား ရည်ရွယ် တာပါ..ဆိုတာမျိုးလေး.. ခပ်နောက် နောက် လေး ပြောသွား တာကို..သဘော ကျ မိသည်။

အဲဒီလို အတွေး တွေ ... အရေးအဖွဲ့ တွေ ကို..သူ လက်ဆောင် ပေး ခဲ့တဲ့..စာအုပ် တွေ ဆီ က.. ဘယ်လောက် သေးငယ် တဲ့.. အတိုင်း အဆ လေး များ... အထောက်အပံ့ ဖြစ်ခဲ့သ လဲ ဆိုတာ.. သိ ချင်နေ မိ ရဲ့...။


တကယ်တော့ လည်း..ဒီလောက် အချိန် ကာလ တခု အတွင်းမှာ.. လူ တယောက် ဖြတ်သန်း ခဲ့ မဲ့.. အမူ ကိစ္စ တွေ .. သင်ကြား သိမြင် မူ တွေ.... နေရာဒေသ..တွေ... လူမူ ပေါင်းသင်း ဆက်ဆံ ရေး တွေ ချစ်ခြင်း..မုန်းခြင်း တွေက....သူမ ကို..သူမ ဖြစ်စေခဲ့ တာ..နေမှာပါ...။

အချိန်တွေ ကို လည်း.. ကြည့် အုံးလေ.. သူ့သမီး ကြီး တောင်..၁၇ နှစ် သမီး ဖြစ်နေခဲ့ ပြီ ... ဆိုတော့... ပီဘိ ကလေးငယ် လေး တယောက် ကို တောင်... လုံးလုံးလျားလျား.. အပျိုမ တယောက် ဖြစ်လာ စေခဲ့ တဲ့.. အချိန် တွေ ပဲ...။

တကယ် တော့..သမီး နဲ့ သား က.. သူ့ဘ၀ ရဲ့ ဆုလာဒ် တွေ ပါ... ။ သေချာပါတယ်...။ သေချာ အောင်ပဲ သူကြိုးစား နေခဲ့ တာပါပဲ။

ဘာပဲဖြစ်ဖြစ်လေ.. သမီးကြီး ကိုတော့..သူ ဖြစ်စေချင် သလို..ပညာ ရေး ဖက် မှာ...မပေါ့ မရော့ လိုလို ချင်ချင် ရှိ နေ တာလေး ကိုပဲ.. သူ ကျေနပ် ရမှာပါ။ ကျန်တာ တွေက တော့..ခု အချိန်မှာ..သူ ဘာမှ မတတ် နိုင် တော့...။ အဖေ တယောက် အနေ နဲ့.. အပျို အရွယ် သမီး တယောက် ရဲ့.. ၀တ်စား ဆင်ယင် ပုံ ကို..ဒီ့ထက် ပိုပြီး..ဝေဖန် ဖို့ မသင့် ပေ မဲ့...အသွားအလာ အနေ အထိုင် ကို တော့...နည်းနည်း လောက် ပိုပြီး ဆင်ခြင် စေချင်သည်။

“ သမီးကို နည်းနည်း တော့...ဗမာ ဆန်စေ ချင် တယ် ..” လို့.. သူ ခပ်မာမာ ပြော ခဲ့ တုန်း က.. “ ဗမာ ဆန် တယ် ဆိုတာ..ဘာလဲ..ရည်းစား ကို ပန်းခြံ ထဲ မှာ ချိန်းတွေ့ တာ လား... ” လို့ ပြန်မေး ခံ လိုက်ရ သည်။ သူ..ဆွံ့အ သွား ခဲ့ သည် ။ ရင်ခေါင်း ထဲမှာ..တင်းကျပ် လာတဲ့..ဒေါသ တွေကို..ကြိတ်မှိတ် မြိုချ နေ တုန်း....
“အဖေ လည်း ကြိုက်သလို နေပေါ့.. အမေ မှ မရှိ တော့ တာပဲ.. ကြိုက်တဲ့ မိန်းမ ..အိမ် ခေါ်လာ ပေါ့..” ဆိုတဲ့..စကား အဆုံး မှာ.. အချိန် ကာလ များစွာ ထိန်းချုပ် လာခဲ့ တဲ့..သူ့ ဒေါသ တွေ..မကြုံစဖူး..ပေါက်ကွဲ သွား ခဲ့ ဘူး သည်။

တိမ်တောက်ချိန် ၀တ္တု ထဲက..ပန်းချီ ဆရာမ ကြီး ရဲ့ ..မိသားစု မျိုး နဲ့ ကြုံဆုံ ရမှာ..သူ ကြောက် ပါသည်..။ အခု ရော..ဘယ်လို မိသားစု မျိုးကို ပိုင် ဆိုင် ထား သလည်း လို့ မေးလာရင် လည်း.. သူ ရင်ကော့ ပြီး အဖြေ မပေး နိုင်ပါ။

အဲဒီ ၀တ္တု ထဲမှာ.. အဓိက ဇာတ်ကောင် က .. သူ အ နစ်နာခံ အချိန်တွေ ပေး တည်ဆောက် လာခဲ့တဲ့.. မိသားစု ကြီး.. နောက်ဆုံးမှာ... အလို အလျောက် ပြို ဆင်း သွားတော့... သူ တသက်လုံး..မဆွဲ ဖြစ် ခဲ့တဲ့.. ပန်းချီ ကားတွေ ထဲ မှာ.. နှစ်မြုတ် စီးဝင် ပြစ် လိုက်ရင်း.. လော က ကြီးကို.. မြင်သလို ကြည့် ပြစ် လိုက် တဲ့..အသက် ၆၀ ကျော် Expressionist ပန်းချီ ဆရာမကြီး တယောက်...။

နာရီ တွေကို မုန်းတယ်.. အထူးသဖြင့်.. နားထင် ထဲ ထိ.. တတစ်တစ် လာမြည် နေတဲ့.. biological clock ကြီးကို အမုန်းဆုံးပဲ...ဆိုတဲ့ .. လောကကြီးကို.. အမြင်ဆန်း သွား တဲ့.. အမျိုးသမီးကြီး။

အဲဒီ နာရီ သံ တွေ ကို မကြား အောင်..ပန်းချီ ကား တွေ.. တကားပြီး တကား.. မနားတမ်း ဆွဲ နေ တဲ့.. သူမ က..သွေးသား တော်စပ် မူ နဲ့ ပတ်သတ်လို့... ဆွေမျိုးသားချင်း မှန်သမျှ..သားသမီး တွေ ပေါ် အထိ.. အယုံအကြည် ကင်းမဲ့ နေ သည်။

နေပါအုံး... အဲဒီ ၀တ္တု ထဲ မှာ.. ပန်းချီ ဆရာမ ကြီး က..သူ့ သား နဲ့ သမီး ကို biological produce တွေ လို့.. ပြော ထွက် လောက် အောင် ထိ.. စာရေးတဲ့.. မင်း မှာ ရော..ဘယ်လို တွေးထင် ယူဆ ချက် တွေ ရှိ နေ လို့ လဲ...။ ထားလိုက်ပါလေ.. မင်း ပြောသလို ဆို.. ၀တ္တု တပုဒ် ထဲက.. ဇာတ်ကောင် ရဲ့ အယူအဆ အနေအထိုင် မှန်သမျှ အတွက်...၀တ္တုရေးတဲ့သူ မှာ.. တာဝန် မရှိဘူး..ဆို တော့..

ဒါပေမဲ့..သေချာ တာတော့.. အချိန်တန် အရွယ်ရောက် လာတဲ့..သားသမီး တွေ က.. အနီးဆုံး မှာ ရှိ နေ ရဲ့ နဲ့ တောင်..ဘာလို့.... ငါတို့ နဲ့ ဝေး လိုက် လာ တာလဲ ...

( ပြောလိုက် အုံးမယ် ကွာ..) ငါတို့ ကပဲ.. သိပ် ဗမာ ဆန် နေ သလား...။ ခေတ်မမီ တော့ဘူးလား..။ အပေး အယူ သဘော နဲ့.. မျှော်လင့် လို့ တော့..မဟုတ်ပါဘူး ..

.............
............

တခါ တလေ..ကလေး တွေ နဲ့ ပတ်သတ် လို့ စိတ်ထဲ မှာ..ဘ၀င် မကျ တိုင်း..ကိုယ်တိုင် ရော..ဒီလို အရွယ် တွေ မှာ..ဘယ်လို ပြုမူ နေထိုင် ခဲ့ လည်း ဆိုတာ.. အမြဲ ပြန်ပြန် စဉ်းစား ပြီး.. နားလည် ပေး နိုင် ဖို့.. ကြိုးစား ကြည့် မိသည် ။ မိဘ တွေ အပေါ်..ဘယ်လို တွေး မိ သလဲ.. ဘယ်လို တုန့်ပြန် ဆက်ဆံ ခဲ့ သလဲ.. အချစ်ရေး အချစ်ရာ တွေ မှာ..ဘယ်လောက် နက်နက် ရှိုင်းရှိုင်း နားလည် နေခဲ့ ပြီ လဲ.. စသဖြင့် ပေါ့ လေ..။ ခေတ် တွေ မှ မတူ တော့ တာ လို့.. ရောချ ပြစ်လိုက် နိုင် ရင်တော့ လဲ.. တမျိုး ပေါ့..။

သူ သတိပြန် ရ မိ တာ ကတော့..ကံ့ကော် တော ကြီး ထဲက.. ချိုလွင် ဝေ စီ နေ ခဲ့တဲ့..လူငယ် ဘ၀ လွတ်လပ် ပျော်ရွှင်ခြင်း တွေ..။ အပြစ်ကင်း တဲ့..နူးညံ့ တဲ့..သန့်စင် တဲ့.. သိမ်မွေ့ တဲ့... ရင်ခုန် ခြင်း တွေ..။



+++++++++


ကောင်းကင်ယံမှာ လေပြေမြူး..
လေပြေထဲမှာ ခါနွေဦး...
နွေဦးထဲမှာ ကံ့ကော်ဖူး...
ကံ့ကော်ဖူးမှာ အချစ်ဦး...

........
.................

“ ဟင်.. ဆရာ့ ကဗျာ ကြီး ကလဲ...ရိုး လိုက်တာ..”

ဒီ ချာတိတ် မ ကတော့..ပြောလိုက် မှ ဖြင့်... လို့ သူ.. ပြုံး လိုက် ရင်း...

အေးပေါ့ ကွ.. ဒါ..ငါ ပထမ နှစ် က.. စပ်တဲ့ ကဗျာပဲ.. အဲဒီတုန်းက ၁၇ နှစ် ဆို တော့ .. ကလေး သာသာပဲ ရှိသေးတာ..”

“ အဲဒီ တော့.. အဲဒီ အမ ကြီးက.. ပြန်ကြွေ ရော လား... ”

“ ကြွေသလား မမေး နဲ့.. ကောက်လို့ တောင် မနိုင်ဘူး..တောင်းအပြည့် ပဲ.. ”

သူ့ ဟာသ ကို.. တခြားသူ တွေ က.. ရီ ကြပေမဲ့.. တခု တည်း သော..ရှုတည်တည် မျက် နှာလေးက..တော့.. “ အခု ရော.. ” လို့ နောက်တခွန်း .. ထပ် စပ်စု နေ ပြန် သေး သည်။

သူ့ ရဲ့ မပြီးမပြတ် ဇာတ်လမ်း ရှည် ကို.. ဒီ တအုပ်စု လုံး..သိသင့် သလောက် သိ နေ ကြပေမဲ့.. သိပ်ပြီး ရှည်ရှည် ဝေးဝေး..ထဲထဲ ၀င်ဝင် တွေ..ပြော ပြ မနေ ဖြစ် တော့..။

ပျော်စရာ ကောင်းတဲ့.. ကျောင်းသား ဘ၀ ..ကုန်ဆုံး သွား တာ တောင်.. ဒီလို.. တပည့် မက.. သူငယ်ချင်း မကျ.. ကလေး တွေ နဲ့..မောင်နှမ တွေ လို.. ပြောဆို.. သင်ပြ ပေး နေ ရ တဲ့... တက္ကသိုလ် ဆရာ တယောက် ရဲ့.. ကံ့ကော် နေ့ရက် တွေ ကို..ဘယ်လို အကြောင်း နဲ့ မှ..သူ ရပ်ဆိုင်း မပြစ် လိုက် ချင်ပါ..။


+++++++++


“ ဆရာ..ဒီနေ့ မလာတော့ဘူး ထင်နေတာ.. ခုန မိုး တော်တော်သည်း တယ် ဆရာ.. ဒီ မနက်.. ဘယ်လောက် မှ တောင် မဆင်း သေးဘူး..”

တောအုပ် အစပ်.. သစ်ပင် စိမ်းစိမ်း တွေ ကြားထဲမှာ..ထိုးထိုး ထောင် ထောင် ထွက် နေတဲ့..သံချေး ရောင် drilling rig ကြီး ၂ ချောင်း နဲ့ မလှမ်း မကမ်း မှာ.. ကားကို ထိုးရပ်ရင်း.. ကားပေါ်က..ဆင်း ယုံ ရှိ သေး.. တယောက် က.. လှမ်း အော် ပြော သည်။

“ အေး..ဘယ်တတ်နိုင် မလဲ ကွာ... ငါတို့က..မိုးပေါ တဲ့ အရပ် မှာကိုး.. နေပူ တာထက် စာရင် တော့.. လူ သက်သာ တာပေါ့ ကွာ.. ”

ဒီလုပ်ငန်း ခွင် ထဲ မှာ တော့.. ဗမာ တွေ သာ အများစု ဖြစ်နေ ကြသည်။ ပြီး တော့.. ရန်ကုန် မှာ တုန်းက..ကျောင်းမှာ.. ဆရာ လုပ်ခဲ့ဖူး တဲ့ သူ တွေ ဆို ရင်.. အငယ် တွေ က.. ဒီ ရောက် လည်း..ဆရာ လို့ သာ..ဆက် ခေါ် ကြ တာ ဓလေ့ လို ဖြစ်နေသည်။ တခါ တလေ တော့ လည်း...ဆရာ မဟုတ်တော့တဲ့ ကိုယ်က.. အခေါ် မခံ ရဲ သလို လို ခံစား မိ သည်။

ဘင်္ဂလား အလုပ်သမား လေး တွေ က.. သွားလေး တွေ အကျဲသား နဲ့..သူ့ကို လှမ်း နှုတ်ဆက်ကြ သည်။ သူတို့ နား ဆီ လျှောက် သွား ပြီး... ဘေး မှာ ချ ထား တဲ့.. သစ်သား core box ထဲက.. sample .. တတုံး နှစ်တုံး ရဲ့ မညီ မညာ အဖျား စွန်း တွေ ကို.. လက် နဲ့ အသာ ပွတ် ချေ ကြည့် နေ မိ သည်။

“ ဒီ ကောင် ကြည့် ရတာ...မီတာ ၃၀ လောက် ဆို ရင် တောင် ရပြီ ထင်တယ်.. ကဲ.. မိုး တိတ် တုန်း..ချ လိုက် ကြ အုံး ... ”

မတ်တပ် ပြန် ရပ် ပြီး..ခါး ဆန့် ထုတ် နေ တုန်း...

“ ဟ.. ဥသြ ငှက် ပါလား ..”

“ ဟုတ်တယ် ဆရာ..ဟိုဖက် က.. reservoir ထဲ မှာ..တနေ့လုံး အော်နေတာပဲ..နေသာ ရင် ပို တောင် အော်သေး.. ဟို ပန်းခြံ အစပ် က.. အတန်းက လည်း ကံ့ကော် တွေ လေ.. နေရင်း ထိုင်ရင်း ..ကျနော် တောင်..မိန်း ထဲ ကို လွမ်း နေ မိ တယ်...အင်းလျားကန် ပဲ လို တော့တယ်.. ဒါမဲ့..ကန် နဲ့ တူတာ ဆို လို့.. ဒီ သံစည် ပိုင်း ထဲက.. ရေ တွေပဲ ရှိ တယ်.. ဟား ဟား.. ”

bore hole တူးဖို့ သုံးတဲ့ ရေ စည် ပိုင်း ကြီးကို ကြည့်  ပြီး.. သူလည်း ပြုံးနေ မိ သည်။ ရန်ကုန် နဲ့ ရေမြေ သစ်ပင် အငွေ့ အသက် တွေ.. သိပ် မကွာ ခြားလှ တဲ့.. ဒုတိယ အိမ် ဖြစ် လာ နေတဲ့.. ဒီ ကျွန်းမြေ လေးကလည်း ချစ်စရာ တော့တမျိုး ကောင်း သည်ပင်။

ခပ်လှမ်းလှမ်းက..ကံ့ကော် ပင် တန်း ဆို တဲ့.. နေရာ ကို..လှမ်းမျှော် ကြည့် ရင်း.....

သြော...... နွေဦး ကံ့ကော် က.. မပြီး သေးပဲ ကိုး...။



+++++++++++


မန္တလေး ဆောင် နောက်က..အပင် အုပ် ဆီ က.. ကြားလိုက် ရတဲ့..ဥသြ သံ က..သူ့ အသဲ နှလုံး တွေ ကို.. ဆွဲစုပ် ယူ နေ သလို ပင်..။ ဖီးလ် ဆင်းတဲ့ ရာသီ မို့.. ကျောင်းမှာ လည်း..ဆရာ တွေ တောင် သိပ်မကျန် ခဲ့ပဲ..တိတ် ဆိတ် ငြိမ် သက် နေသည်။ အပေါ် ဆုံး ထပ်..ပါမောက္ခ ရုံးခန်း ထဲက..ထွက်လာ တဲ့ သူ့ ခြေလှမ်း တွေ က.. ဆက် မလျှောက် ချင် တော့ လောက် အောင် ကို ခွေယိုင် အားပျော့ နေသည်။ သူ ငိုချင် နေ သည်။ ဒါပေမဲ့..ငို လို့ လည်း မရ...။ ထွက်စာ လာ တင် တဲ့ သူ့ကို ..ပါမောက္ခ က တော့..နားလည် စွာ.. အားပေး ရင်း..၀မ်းသာပါတယ်ကွာ လို့ ပြောလေ သည်။ ဟုတ်သလား... ဒါ ..၀မ်းသာ စရာ လား...။

မန္တလေး ဆောင် သုံးထပ် ရဲ့ လှေခါး တွေ ကို..တထစ်ခြင်း ဆင်း ရင်း.. သူ့ ရင် ထဲ မှာ..လစ်ဟာ သထက်..လစ်ဟာ လာ နေ သည်။ အလယ်ထပ် လှေခါး ဘေးက.. သလင်း ကျောက် တုံး ကြီး ကို မြင် တော့..၀မ်းနည်း မူက.. ပို နက်ရှိုင်း လာ သည်။ ဒီ ကျောက် တုံး ကြီး မှာ ရာဇ၀င် ရှိ သည် ။ မြန်မာ ပြည် လွတ်လပ်ရေး ရ ကာ နီး တော့.. .ဗိုလ်ချုပ်အောင် ဆန်းက.. နိုင်ငံ ခြား မှာ.. ပညာ သင်နေတဲ့..သူငယ်ချင်း..ဆရာ သာလှ ကို.. ဘူမိဗေဒ ဌါန တခု သီးသန့် ဖြစ် လာဖို့.. တာဝန် ပေး ခဲ့ တယ် လို့ ဆိုတယ် ။ ဒီ သလင်းတုံး ကြီးကို.. ဆရာကြီး ဒေါက်တာ သာလှ က.. မြန်မာပြည် အပြန် အိန္ဒိယ လှည့် အ၀င် မှာ.. ၀ယ်လာ ခဲ့ တာ လို့.. သူတို့ အားလုံး သိ ထား ကြ သည်။ အခု တော့.. ဗိုလ်ချုပ် တို့.. ဆရာ ကြီး တို့..တကူး တက.. ကြိုးစား ပျိုးထောင် ခဲ့ တဲ့.. ငါတို့ လို ကျောင်းဆရာ တွေက..ဒီ ဌါန ကြီး ကို ထား ခဲ့ပြီး... ဘယ်ကို ပြန် သွား အလုပ် လုပ် ကြ အုံး မှာ တဲ့ လဲ..။

အဆောင် ဆင်ဝင် အောက် က..ထွက် တော့.. ခြောက် ကပ်ကပ် ဖြစ် နေတဲ့..တောင်ငူ ကန်တင်းန် လေးကို အကျင့် ပါနေ တဲ့..မျက်လုံး တွေ နဲ့ လှမ်း ကြည့် လိုက် မိသည်။ ဘယ်သူ နဲ့ မှ လည်း သိပ် တွေ့ ချင် မနေ တော့ ပေ..။ အမြဲ တိုင်း လို ဆူ ညံ နေ တတ် တဲ့.. ဟို အုပ်စု ကို လည်း သတိရ နေ မိ သည်။ တကယ် ဆို.. ဒီကောင် တွေ ကို တော့..သူ သေချာ နှုတ်ဆက် ခဲ့ သင့် သည်။ အခု အချိန် လောက် ဆို.. မြင်းဒိုက် မှာလား.. ပြင်ညောင် ဘက် မှာ လား မသိ..။ စာမေးပွဲ နောက်ဆုံး ရက်က..ကွင်းဆင်း ဖို့ စိတ်လှုပ်ရှား ပြင်ဆင် နေကြ ရင်း.. သူ့ ဆီ မှာ တောင်.. မြေပုံ ဖတ်နည်း.. ကွန်ပတ်စ် တိုင်း နည်း တွေ..သေချာ ပြန် မေး သွား ကြ သေး သည်။

“ ညည်း ကလဲ.. ကွန်ပတ်စ် တိုင်းတာ များ..ဘာခက် လို့ လဲ.. လမ်းပျောက် ရင်.. မျှားအနီ လေး အတိုင်းသာ လိုက်.. နောက်ဆုံး..ရွာတရွာ တော့ တွေ့ မှာပဲ.. ” လို့ နောက်ရင်း.. ခေါင်းလေး ကို..ခပ်ဖွဖွ ပုတ် တော့..

“ ဆရာ နဲ့.. ဖီးလ် ဆင်း ရ ရင် ကောင်းမှာပဲ နော်.. ” တဲ့..။

အဓိပတိ လမ်းပေါ် အထွက်...တုန့် ဆိုင်း နေတဲ့..ခြေလှမ်း တွေ နဲ့ .. အဆောင် တွေ ဖက် ကို.. တချက် လှမ်း မျှော် ကြည့် လိုက် ရင်း... တက္ကသိုလ် ရိပ်သာ လမ်း ပေါက် ဆီ ..ခပ်မြန်မြန် ဦးတည် လိုက် မိ တော့ သည်။ နေရစ် တော့.. ရန်ကုန် တက္ကသိုလ်ကြီး ရေ.. ။ နေရစ် တော့.. မြန်မာပြည် ကြီး ရေ...။


+++++++++++



ဒါလည်း အတွေးပါပဲ~~~
ရေပြင် လေး ကြည့်ကာ..သက်ပြင်းလေး တွေချ~~~
ကိုယ်မျှော်တဲ့ အကြောင်း တွေ.. သိများ..သိပါ့ မလား~~~
သြော်..နွေဦး ကံ့ကော် ရယ်~~~~



“ ဟာ.. သီချင်း တွေ ဘာတွေ ညည်း လို့ ပါလား..ဆရာ.. ”

“ ဟ.. မင်း က.. မိန်းထဲ လို့ ပြောလိုက် တာကိုး.. ငါ လည်း သတိ ရ သွား တာပေါ့.. ခုန ..ကားပေါ် မှာ လည်း..ဒီ သီချင်း နားထောင် လာ မိ လို့ ပါ ကွာ... ကဲ.. ကဲ.. ဒိုးမယ် ကွာ.. ရုံးပြန်ပြီး..တရုတ် နဲ့ ရန်ဖြစ် လိုက် အုံးမယ်.. ”

“ ဟုတ်ကဲ့ ဆရာ.. နေ့လည်စာ မစားခင် casing တွေ ပြီးအောင် ချ လိုက်မယ်...ညနေ တော့.. ကုလား တွေ လည်း.. အိုဗာတိုင် နည်းနည်း ပေးလိုက် အုံးမယ်.. .... သြော... ဆရာ့ကို ပြောမလို့.. မေ့ နေတာ.. မနေ့ တည်းက..ဖုန်းဆက် တောင် ပြောမလို့... Sci-tech မှာ... Play Station 3 .. တွေ Sale ချ နေတာ.. အရမ်း တန် တယ် ဆရာ.. ကျနော် တောင် ရန်ကုန် အတွက်..တ ခု ၀ယ်လိုက်တာ.. blue ray game ၂ ခွေ တောင် လက်ဆောင်ပါတယ်... ဆရာ့သား.. တအား ဆော့ တယ် ဆို လို့... ”

“ ဟေ..ဟုတ်လား.. သွား ကြည့် လိုက် အုံးမှ.. အေးကွာ..ငါ့ကောင် လည်း.. မထ တမ်း ကစားတာ..ထမင်းမေ့ ဟင်းမေ့.. ”

ကား တံခါး ဖွင့် လိုက် ရင်း.. .. ၁၄ နှစ်သား ပေမဲ့.. သူ့အမ နဲ့ မတူ..တခြား ဘာမှ စိတ်မ၀င်စား.. game တွေသာ..အရူးအမူး ၀ါသနာ ပါတဲ့..သားငယ် ကိုသတိရ သွား သည်။

play station 3 သားငယ် ပူဆာ နေတာ ကြာပြီ။ ပြော..ပြော နေတာပဲ.. ။ blue ray ရလို့ လိုချင်တာ တဲ့... blue ray is so cool ဆိုတာက.. ပါလိုက်သေး..။ သူ ပြုံး မိ သွား သည်။

ကားစက် သံ နှင့် အတူ.. ချိုမြ သော..လွမ်းဆွတ် ဖွယ် ကောင်း သော.. ထူးအိမ်သင် ရဲ့ သီချင်းသံ .. ထွက်ပေါ် လာ ပြန် သည်။
.......

နွေဦး ကံ့ကော် များ~~~~ ဒီအချိန်လေး တိုင်းမှာ~~~~~
......................
.............
.....

ကား ထိုင်ခုံ ပေါ် မှာ ပျံ့ ကျဲ နေတဲ့.. စာအုပ် တွေ ကို..တချက် လှမ်း ကြည့် ရင်း.. သီချင်း သံ ကို.. နည်းနည်း တိုး လိုက် သည်။

သူ့ ရုံး ကား လေး သည်... Sci tech ကို သွား ရာ.. ဟိုင်းဝေး ထဲ ကို.. အလိုလို ချိုးဝင် မိသွား တော့ သည်။




+++++++++++++++

ထူးအိမ်သင် နှစ်ပတ်လည် နေ့က.. ဖေ့စ်ဘွတ် မှာ..ထူးအိမ်သင် သီချင်း များ နားထောင် ရင်း.. နွေဦးကံ့ကော် သီချင်း လေး မှ..စေ့ဆော် လာသော..ဖန်တီးမူ သက်သက် ဖြစ်ပါတယ် ..ထူးအိမ်သင် ရဲ့ ( တေးရေး ကိုလေးလွင် ရဲ့ ) သီချင်း ခေါင်းစဉ် ကိုပဲ..နှစ်သက် စွာ.. အသုံးပြု ထား ပါတယ်.. မူပိုင်ခွင့် နှင့် ပတ်သတ်လို့.. ဒီနေရာ ကနေပဲ.. ခွင့်တောင်းလိုက်ပါတယ်...


Share/Bookmark

ကြမ်းတဲ့လမ်းမှာ ..ကြွေတဲ့ပန်းတွေ

လမ်း မပေါ် က..ဖြတ်အလာ.. ကောလိပ် ကျောင်း လေး အရှေ့ မှာ....ကျောင်းသူ တစု စကား ပြော နေ ကြ သည် ။ အနွေးထည် တွေ ..မာဖလာ တွေ.. ကိုယ်စီ နဲ့.. သူတို့ ရဲ့ ပခုံး ပေါ်မှာ..နေရောင် နွေးနွေးက.. ဖြာကျ နေသည်။ အားလုံး လိုလို က.. အရှေ့အာရှ ဆန်ဆန်.... အလယ် အာရှ ဆန်ဆန်.. ။

ခပ်ဝဲ၀ဲ အင်္ဂလိပ် စကား ပြောသံ တချို့ လေထဲ မှာ..လွင့်ပျံ့ ကျန် ခဲ့ရင်း.. အ၀င် တံခါး ခလုတ် ကို နှိပ်ပြီး..အဆောက်အဦ ထဲ ကို လှမ်းဝင် လိုက် သည် ။ စာ တိုက် ဗုံး ကို သော့လှည့် ဖွင့် လိုက် တော့.. ဒီတပတ် အတွက်..Time မဂ္ဂဇင်း အသစ် တောင် ရောက်နေ မှ ပဲ…။ အရင် အပတ် က.. ဟာ တောင် ပြီးအောင် မဖတ် ရ သေး..။ မြန်မာပြည်က.. အခွင့်ထူးခံ.. စစ်သား လူတန်းစား နဲ့.. ဗိုလ်လောင်း သင်တန်းကျောင်း တွေ အကြောင်း ရေးထား တဲ့..ဆောင်းပါး လေး တခုသာ.. ခပ်မြန်မြန် လျှမ်း ဖတ် ရ သေးသည်။ တကယ် တော့လည်း..သိပြီးသား အကြောင်း တွေ မို့… သိပ် မဖတ်ချင်တော့..။ မဂ္ဂဇင်း အသစ် တခု လာတိုင်း..မျက်နှာဖုံး ဆောင်းပါး နဲ့.. .နောက်ဆုံးပိတ်..တမျက်နှာ..အက်ဆေး လေး တွေ ကိုတော့..မဖြစ်မနေ..ဖတ် ဖြစ် သည်။ ဒီ တပတ် ရော..ဘာ ကာဗာ စတိုရီ ပါလိမ့်....

မဂ္ဂဇင်း ကို ပတ်ထားတဲ့..ပလပ်စတစ် အိတ် ကို ဆွဲခွါ ပြီး.. အနားက..အမှိုက် ဗုံး ထဲကို.. ပြစ် ထဲ့ လိုက် သည်။
----
အို… ဘုရား ရေ….
----
အသစ် စက်စက် ..Time မဂ္ဂဇင်း အဖုံးပေါ်က..ခေါင်းမြီးခြုံ မိန်းကလေး ငယ် မှာ.. နှာခေါင်း ကြီး ပြတ်ပြီး..ဟောင်းလောင်း ပေါက် ကြီး ပါလား…။ဘုရား..

What happen if we leave Afgannistan တဲ့။


++++++++++


ကမ္ဘာ့သတင်း တွေ ကို.. အင်တာနက်က တဆင့်.. ကျယ်ကျယ် ပြန့် ပြန့်..စ ဖတ် တတ် လာတဲ့.. အချိန်မှာ.. အီးမေးလ် တွေ ထဲ မှာ..ပျံ့နှံ့ နေ တတ်တဲ့..အာဖဂန် မိန်းကလေး တွေ ရဲ့.. အဖိနှိပ်ခံ ဘ၀ တွေ.. လူဖြစ်ရှုံးပုံတွေ.. တာလီဘန် အစိုးရ ရဲ့.. အကျည်းတန် ရက်စက်မူတွေ..။ Chain mail တွေ ထဲမှာ..ဖတ်ရ တာမို့.. မယုံ မရဲ နဲ့.. ယုံကြည်ရ ခက်ခက် ဖြစ် ခဲ့ ဘူးသည်။ ကားမောင်း တဲ့.. မိန်းမ တွေကို.. ဆွဲ ချပြီး..ရိုက်နှက်တာ.. မိန်းကလေး စာသင်ကျောင်း တွေ ဖျက်ဆီး ခံရတာ.. ။

နောက်တော့..ကိန်း ရုပ်ရှင် ပွဲ တော် ကျ..နိုင်ငံတကာ ရုပ်ရှင်လေး တွေ မှာလည်း..တွေ့ လာရ သည်။ ကလေး သတို့ သမီး လေး တွေ ရောင်းစားခံ ရတာ တွေ.. မူလာကြီး တွေ ရဲ့ မြေးအရွယ်.. အဓမ္မ ဇနီးမယား လေးတွေ.. ဇတ်လမ်း တွေ ကတော့..အဖုံဖုံ နဲ့ အစုံစုံ ပါပဲ။ ၀ါဒဖြန့် တာပဲ ဆိုဆို..တန်ပြန် ၀ါဒဖြန့် တာပဲ ဖြစ်ဖြစ်ပေါ့လေ..။

အခု..မဂ္ဂဇင်း မျက်နှာဖုံး ဆောင်းပါး အစ မှာ ကတော့ ...ဒီ အမျိုးသမီး ငယ်လေး ကို..သူ့ ခင်ပွန်း နဲ့.. ယောက္ခမ များက.. အမူရှာရင်း..နားရွက် နဲ့ နှာခေါင်း ကို.. ဓါး နဲ့ လှီးဖြတ် စွန့်ပြစ် ခဲ့တဲ့..အဖြစ်အပျက် ဟာ .. လွန်ခဲ့တဲ့..၁၀ နှစ်ကျော် ကာလ တွေ က.. ဖြစ်ခဲ့တာ မဟုတ်ပါဘူး တဲ့..။ အမေရိကန် တွေ.. နိုင်ငံစုံ ညွန့်ပေါင်း တပ် တွေ.. ၀င်ရောက် တိုက်ထုတ် ပြစ်လိုက် လို့.. တာလီဘန် တွေ.. ကျောက် တောင် ကြီး တွေ နောက် ကွယ်လျှိုး သွား ကြ ပြီး မှ…… နိုင်ငံစုံ တပ်သား တွေ လည်း.. အထောင် အသောင်း မက..အဲဒီ ကျောက်တောင် ကြီး တွေ ကြားထဲ မှာ..ခြုံခို တိုက်ခိုက် သတ်ဖြတ် ခံ ပြီး မှ….. ဒီ စစ်ပွဲ တွေ အတွက်..ဆုံးရှုံး နစ်နာ မူ တွေ..များလွန်း လို့.. ပြန်လည် ထွက်ခွါ တော့မယ် လို့.. အမေရိကန် တွေ.. စဉ်းစားကြ တော့မှ.. အခုနှစ် အချိန် ပိုင်း ကလေး မှာ မှ…….. ဖြစ်ပျက် ခဲ့တာပါ တဲ့။

ဆောင်းပါး ကို ဆက်ဖတ် ရင်း..၀တ်ရုံ ကြီး အမြဲ ခြုံထားလေ့ ရှိတဲ့.. အာဖဂန် သမ္မတ..ခါဇိုင်း ဟာ..သူ့ အတွင်း သဘော ကို ပါ..တခုခု ခြုံ ပြီး အုပ်ထား လေ သလား လို့ တွေးထင် မိ လာတယ်။ ကြားဖြတ် အစိုးရ အနေ နဲ့ တက်လာပြီး.. သံသယ ဖြစ်ဖွယ်ရာ..ရွေးကောက်ပွဲ ရလဒ် နဲ့..ဆက်လက် တည်မြဲ နေတဲ့.. သမ္မတ ခါဇိုင်း ဟာ... တာလီဘန် တွေ..(သူ့ အခေါ်) upset brothers တွေကို.. စေ့စပ်ဖို့ ကမ်းလှမ်း ထားသည်။ လူ့ အခွင့် အရေး ..အထူးသဖြင့်.. အမျိုးသမီး အခွင့် အရေး တွေ အတွက်.. ၀င်ရောက် လုပ်ကိုင် နေကြတဲ့.. NGO တွေ.. အနောက် အဖွဲ့ အစည်း တွေက.. အဲဒီ စေ့စပ် မူ မှာ.. သူတို့ ဆောင်ရွက် နေတဲ့.. လူ့ အခွင့် အရေး ကိစ္စ တွေ ကို.. ထိုးကျွေးလိုက် တော့မှာ လား လို့.. စိတ်ပျက် နေ ကြသည်။ ၁၀ နှစ် ကျော် လောက်..ကူညီ ထောက်ပံ့ နေ တဲ့..နိုင်ငံတကာ ငွေကြေး တွေ ကလည်း.. ဘယ် နေရာ တွေ မှာ.. အချည်း နှီး ဖြစ်နေ ပြီ လည်း လို့.. မေးခွန်း တွေ ရှိ နေ သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က.. အာဖဂန် အမျိုးသမီး ထု ကြီး ကို..ဒီ အတိုင်း ပြစ် မထားခဲ့ ပါဘူး လို့…ထပ်လောင်း ကတိ တွေ ပေး နေပေမဲ့.. အယောင်ပြ ရွေးချယ် တင်မြှောက်ထား ခံရ တဲ့.. ၂၅ ရာခိုင်နှုံး သော.. အမျိုးသမီး အမတ် တချို့ မှာတော့... ခါဇိုင်း အစိုးရ အမျိုးသားထု ကြီး အပေါ် ယုံရ ခက်ရင်း .. တာလီဘန် တွေ..လွှတ်တော် ထဲ ၀င်လာရင်.. ဆိုတဲ့..စိုးရွံ့ မူ တွေ နဲ့..သူတို့ အနာဂါတ် နဲ့ လုပ်ပိုင်ခွင့် တွေ အပေါ်…စိုးရိမ် ကြောင့် ကြ လာနေ ကြသည်။ လွန်ခဲ့တဲ့.. ၁၀ နှစ်ကျော် ကာလ .. မင်္ဂလာဆောင် အပြီး..ရက်ပိုင်းလောက်မှာ..မင်္ဂလာပွဲ တုန်းက..ဆိုးထားတဲ့..လက်သည်း ဆိုးဆေး ကို မဖျက် မိ လို့ ဆိုပြီး..လမ်းလယ်ခေါင် မှာ.. အရိုက်ခံ ခဲ့ ရ ဘူးတဲ့.. လွှတ်တော် အမတ် အမျိုးသမီး တယောက် ကတော့.. အမျိုးသမီးထု ရဲ့.. လွတ်လပ်ခွင့် ကို.. တာလီဘန် တွေ နဲ့ စေ့စပ် ဆွေးနွေးနိုင် လို မူ တခု နဲ့.. မလဲ လှယ် သင့် ဘူး လို့.. ပြော လေသည်။

ဆောင်းပါး က ပြီးသွား လေ ပြီ။ အတွေး တို့က..စိုးမိုး ဆဲ..။ ကိုယ်ပိုင် လူနေမူ ဘ၀ မှာ..အမျိုးသမီး အခွင့်အရေး ဆိုတာ..ဘယ်တုန်းက မှ.. အငြင်းပွား စရာ မရှိ ခဲ့ ပေမဲ့..ငါသာ..အာဖဂန် အမျိုးသမီး တယောက် ဖြစ်ခဲ့ ရင်.. ဆိုတဲ့.. အတွေး နဲ့.. စာအုပ် ကို ပိတ်လိုက် မိတော့…
နှာခေါင်း ဟောင်းလောင်း ကြီး နဲ့.. အမျိုးသမီး ငယ် လေး ရဲ့.. စိုးရွံ နေတဲ့..မျက်လုံး တစုံ …။


+++++++++


ပူစရာ မရှိ ရှာကြံ ပူ ရအောင်.. အာဖဂန် အမျိုးသမီး တယောက် တော့.. ဒီဘ၀ မှာ.. မဖြစ် တော့ ပါ။ သေချာ လှ ပါသည်။ ဒါပေမဲ့.... ငါသာ.. အာဖဂန် နစ္စတန် မှာ..သွားပြီး..အမူထမ်း ရမဲ့.. လူ တယောက် ဆိုရင် ဆိုတဲ့.. အတွေး တခု က.. မလိုအပ်ပါ ပဲ.. ရောက်လာ ပြန် လေ သည်။

လူ ၁၀ ယောက် ပါတဲ့..အနောက်နိုင်ငံ သား ဆေးကုသ ရေး အဖွဲ့ တဖွဲ့.. အာဖဂန် တောင်တန်း တွေ ကြားထဲမှာ.. တာလီဘန် တွေ တိုက်ခိုက် သတ်ဖြတ် တာ ခံ လိုက် ရတဲ့..သတင်း တပုဒ်.. ခုရက်ပိုင်း ခေါင်းကြီးပိုင်း တွေ မှာ.. နေရာယူ သွား သည်။ အဲဒီ အဖွဲ့ ထဲ ကမှ.. အင်္ဂလိပ် လူမျိုး.. အသက် ၃၆ နှစ် အရွယ်.. Dr Karen Woo ဆိုတဲ့..ခွဲစိတ် ဆရာဝန် မ လေး ရဲ့ ပုံရိပ် တချို့က.. မူရင်း သတင်း ထက် ပိုပြီး..အားလုံး ကို..စိတ်ဝင်စား စေ ခဲ့ လေ သည်။ အရွယ်ကောင်း ကောင်း.. ရုပ်ချောချော..ပညာတတ်..ထက်မြက် စိတ်ကောင်း ရှိ တဲ့.. လူသားအကျိုးပြု ဆရာဝန် မလေးက.. နောက် နှစ်ပတ် အကြာ မှာ.. လက်ထပ် ဖို့ ရှိနေ သည် တဲ့..။ …မနေ့ တနေ့ ကပဲ.. အာဖဂန် ဆောင်းပါးကို ဖတ် ထား လိုက် မိ လို့ လား ..ဒါမှ မဟုတ်.. စွဲ ဆောင်မူ ရှိ လှ တဲ့..သူ့ မျက်နှာ ရွှင်ရွှင် လေး ကြောင့် ပဲ လား တော့ မသိ… အင်တာနက် မှာ.. ဟို ဒီ လျှောက် ခေါက် ရင်း.. သူ့ ဘလော့ လေး ဆီ ရောက်သွား မိ လေ သည်။



Dr Karen Woo


သူဘလော့ လေး က.. သိပ် မကြာ လှသေး..။ မနှစ်က.. သူ အာဖဂန် ကို ရောက်လာတော့မှ.. စ ရေး တာ ဖြစ်ပုံ ပေါ် သည်။ ပရိုဖိုင်း မှာ တောင်..အာဖဂန် နစ္စတန် ရဲ့ ကျန်းမာရေး လုပ်ငန်း တွေကို ကူညီ တာဝန်ယူ ရင်း.. အတွေ့ အကြုံ တွေ.. ဝေမျှ ချင် တဲ့.. ရှာဖွေ စွန့်စား ချင်တဲ့.. ကြောင်လေး တကောင် ပါ လို့.. အပြုံးလေး တခု ဖောက် ပြီး ရေးထား လေ သည်။


နေ့ တ၀က်လောက်.. သူ့ ဘလော့ လေး ထဲ လျှောက်သွား ကြည့် နေ မိသည်။ ပို့စ် အခု ၄၀ လောက် ရှိတဲ့ အထဲ မှာ.. တော်တော် များများက.. ရိုးရိုး ရှင်းရှင်း..သူ့ အတွေ့ အကြုံ များသာ။ တာလီဘန် တွေ စွပ်စွဲ သလို.. ခရစ်ယာန် တရားဟော ဖို့ လာတယ် ဆိုရ လောက်အောင် .. သူ့ စာတွေ ထဲမှာ.. နိုင်ငံ ရေး..ဘာသာ ရေး နဲ့ ပတ်သတ် လို့.. ထွေထွေ ထူးထူး မတွေ့ ရ..။ ပထမ ဆုံး နဲ့.. နောက်ဆုံး စာလေး ကို သာ.. သေချာ ထပ်ပြန် တလဲ ဖတ်ရင်း.. ဘလော့ တခု ရဲ့.. ရှင်သန် အသက်ဝင် ခြင်း နဲ့.. ဘလော့ဂ် ပိုင်ရှင် ရဲ့.. ရှင်သန် မူ ရပ်ဆိုင်း သွားခြင်း အကြောင်း..တွေးရင်း.. ရင်ထဲ မှာ..လစ် ဟာဟာ ကြီး ဖြစ်လာ မိသည်။


ဇူလိုင် ၂၀ ရက်နေ့ မှာ ရေးခဲ့တဲ့.. နောက်ဆုံး ပို့စ် လေး ထဲ မှာ .. သူ့ နှင်းဆီခြံ လေးရယ်..သူ မွေးထားတဲ့.. ကြောင်လေးတွေ ..လိပ်ကလေး တွေ ရယ်..ယုန်ကလေး တွေရယ် ကို.. ခွဲပြီး ခရီးထွက်ရ မှာ.. အပြီးတိုင် ခွဲခွါ ခြင်း လို့..သူ ဘယ်သိ နိုင် ခဲ့ လေ မလည်း..။

အခု တော့.. ဒီဘလော့ လေး ကို.. ကိုယ်လို စိတ်ဝင်စား စာနာ သူတွေ အပြင်..သတင်းသမား တွေ လည်း..တော်တော် ၀င်ရောက် မွှေ နှောက် ကြ လေ သလား မသိ..။ ဇွန်လ ထဲ မှာ ရေးခဲ့တဲ့.. Love really is greater than Death ဆိုတဲ့ ပို့စ် တခု ကို ဖြင့်.. သတင်း တော်တော် များများ က… ကိုးကား ဖော်ပြ နေ ကြ သည်။

သူမ ရဲ့ လုပ်ဖော် ကိုင်ဖက် တယောက် နဲ့ နီးစပ် ခင်မင်သူ ၂ ဦး .. အာဖဂန် မြေပေါ်မှာ..လေယဉ် ပျက်ကျ သေဆုံး ရတဲ့..သတင်း အပေါ်.. စိတ်ထိ ခိုက် ရင်း.. အန္တရယ် တွေ နဲ့..နက်ရှိုင်း နားလည် ရ ခက် လှ တဲ့.. အာဖဂန် စစ်မြေပြင် ကြီး နဲ့.. သေခြင်း တရား အကြောင်း ..သူမ တွေးတော နာကျင် နေခဲ့ ပုံ ရလေ သည်။

Nothing in life is for sure, nothing that you see today will always be here tomorrow. All of these people come to Afghanistan of their own volition, they come knowing that they may pay with their lives, the black humour is rife, a good way to keep the apprehension low, to keep calm and carry on. Perhaps no one ever expects it to be them, perhaps not their immediate friends either, it always some poor unknown person, a local national, a third country national. We count those that matter to us. We say that we are prepared for the loss whatever that may be but is it ever possible to be so? To be so prepared is that at polar opposites to the decision to be there in the first place, that somehow, it will never be me or anyone close to me.


အချိန် မရွေး ကျရောက် လာနိုင် တဲ့.. အန္တရယ် တွေ ရှိ နေ တာ..သိ ကြ ပေမဲ့.. နောက် တယောက် က.. ကိုယ်တိုင် ဖြစ် နေ လိမ့် မယ် လို့ တော့.. ဘယ်သူ က မှ.. ထင်ထား ကြလိမ့် မယ် မဟုတ် ပေ။

နောက်ဆုံး စာ ကြောင်း လေး ထဲ မှာ .. သေခြင်းတရား ကို ခွါ ကြည့် လိုက်.. ယူ ကြည့်လိုက် လုပ်နေ ပုံ ပေါ် တဲ့.. သူမ ရဲ့ ပေါက်ကွဲ နေတဲ့.. အတွေးလေး တခု ကို တော့ ဖြင့်.. ဆင့်ပွား ကူးစက် မတွေး လို တော့ ပေ။

Death is a strange and complete entity. In plain sight of death we contemplate our own mortality and that sensation of loss that is so fucking unfair.


Ref:

selfless-doctor-gunned-down
Dr Karen' blog
Afghan women and the return of Taliban ( Times )


Share/Bookmark

88 22 2010 1010101010101010101010

ရာသီ စာတွေ ရေးတာ.. အောက်တယ် တဲ့...။
ဟုတ်လားတော့ မသိ....
တကယ်လည်း ရေးစရာ မရှိတော့ပါ..။
သို့ သော် ...
ခုတလော.. RFA က လွှင့်ပေး နေတဲ့...သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့...
“ ခေတ်ဝန်ကို ထမ်း ၍ ခေတ်လမ်းကို လျှောက်.. ” ဆိုတဲ့..အစီ အစဉ် မှာ... ၈ လေးလုံး အရေးတော်ပုံ ကာလ က..အကြောင်းတွေ... ပြောပြ နေတာ.. နားထောင် တိုင်း... ရင်တွေ တလှပ် လှပ် ခုန် ပြီး..သွေးတွေ တရှိန်းရှိန်း မြ တုန်း...။ ဘဘ ဦးဝင်းတင် ရဲ့... တက်ကြွ လန်းဆန်း တဲ့..အသံ က လည်း..အခုပဲ.. အဲဒီ အချိန် တွေ ကို ပြန်ရောက် သွားသလို.. ခံစား မိ စေတယ်။


၈ လေးလုံး အရေးတော်ပုံ ကြီး နဲ့ ပတ်သတ် ရင်..အဲဒီ အချိန်ကာလ ဖြတ်သန်းခဲ့ ကြ ဘူးတဲ့.. လူတိုင်းမှာ.. အတွေ့ အကြုံ အမျိုးမျိုး ရှိ နေမှာပါ..။

အရေးတော်ပုံကြီး ရဲ့ ဗဟို ချက်မ .. အရေးပါ သူ တွေ....
ရှေ့တန်းက..ပါဝင်ခဲ့သူ တွေ... နောက်တန်းက.. ထောက်ပံ့ ကူညီ ခဲ့သူ တွေ....

ရွပ်ရွပ် ချွံ ချွံ.. လှုပ်ရှား ဦးဆောင် ခဲ့သူ တွေ.... မရွံ့ မရဲ မျောပါ သွားသူ တွေ...
လမ်းပေါ် ထွက်ခဲ့ တဲ့ သူတွေ... အိမ် ထဲ မှာ ပုန်းပြီး..ချောင်းကြည့် စိတ်လှုပ်ရှားနေခဲ့တဲ့ သူတွေ...
မြို့ပေါ်က..လူတွေ... တောနယ်က..လူတွေ...
လူကြီးတွေ.. လူရွယ်တွေ..လူငယ်တွေ.. မိန်းမတွေ.. ယောက်ျားတွေ... မိန်းမ ယောကျာ်းတွေ

နောက်ဆုံး.. မုန်းမုန်း တီးတီး..ခါးသက် နေ မဲ့.. အရေးတော်ပုံ မလိုလား သူ တွေ..အထိ...
ကုန်ကုန် ပြောရရင်... သတင်းပေး တွေ.. ထောက်လှမ်းရေး တွေ အထိ...

အားလုံး မှာ... အတွေ့ အကြုံ တွေ..ပြောစရာ တွေ ရှိနေ ကြ မှာပါ..

အနည်း ဆုံး တော့... ကိုယ် အခြင်းခြင်း.. ပြောရ.. ကြားရ တာ.. ရိုး အီ နေ ရင်တောင်မှ.... မောင်လေး..ညီမလေး တို့ ရေ... သားတို့ သမီး တို့ ရေ .... ၂၂ ကြာ ပြီ ဖြစ်ခဲ့ တဲ့..သမိုင်း တကွေ့.. အဖြစ်အပျက် ကြီး တကယ် ရှိ ခဲ့ဘူး တယ်... ဟောဒီ မြန်မာ နိုင်ငံ ကြီးမှာ.. အဲဒီ တုန်းက.. သောင်ပြို ကမ်းပြို ဖြစ် ခဲ့ ကြ တာ ကွဲ့ ... လို့.... သမိုင်း တွေ လက်ဆင့် ကမ်း ကြ ဖို့ တော့ .. လုပ်သင့် တဲ့ တာဝန် ကြီး တခု မဟုတ်လား...။







Share/Bookmark

လေငြိမ်ငြိမ်--သစ်ပင်ကြီးငြိမ်

(ရေးသားသူ- ခင်လေးကြည်ကြည်)

“ကဲ သားတို့ သမီးတို့ သည်နေ့ ဆရာမက မင်းတို့ကို သစ်ပင်တွေ အကြောင်းပြောပြချင်တယ်”
ဆရာမက အတန်းတွင်းရှိကလေး များကိုပြောရင်း မေးခွန်းထုတ်လိုက်သည်။

“သစ်ပင်ကြီးတွေ အသက်ရှုသလား”

“ရှုပါတယ်...”

“သေချာလား .... ရှုတယ်ဆိုရင် သူတို့ ဘာနဲ့အသက်ရှုလဲ မင်းတို့ သစ်ပင်မှာ နှာခေါင်းပေါက်များတွေ့ဖူးလို့လား”

“ မတွေ့ပါဘူး ... မရှုပါဘူး ”
“ရှုပါတယ်.. အမြစ်နဲ့ပါ”
“ အကိုင်းနဲ့ရှုပါတယ်”
ဆရာမက အကြောင်ဖမ်းမေးလိုက်၍ ကလေးများ တစ်ယောက်တစ်ပေါက် ဖြစ်ကုန်ကြသည်။

ဆရာမက ပြုံးလိုက်ပြီး သင်ပုန်းပေါ်တွင် မြေကြီးမှာပေါက်နေသော သစ်ပင်ပုံဆွဲလိုက်သည်။ ထို့နောက် ကလေးများဘက် ပြန်လှည့်ကာ.....

“ကဲ မင်းတို့လည်း အသက်ရှုရင် လေကိုရှုတယ်လေ သစ်ပင်လည်း လေကိုရှုမှာပေါ့။ ဒါဆို ဘယ်အပိုင်းနဲ့ ရှုမလဲ ...အမြစ်က မြေကြီးထဲမှာဆိုတော့ အမြစ်နဲ့ရှုလို့ရပါ့မလား..”

“လေပေါ်က အပိုင်းနဲ့ရှု ပါတယ်”

“ဒါပေါ့... သစ်ပင်တွေက အရွက်တွေကနေ အသက်ရှုကြတယ်”

“ သစ်ပင်တွေဟာ လေထဲက ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို အရွက်တွေမှာရှိတဲ့ လေပေါက်ကလေးတွေကနေ စုပ်ယူကြတယ်။ မြေကြီးထဲက ရေကိုတော့ အမြစ်တွေကနေစုပ်ယူကြတယ်။ နောက် သစ်ပင်ရဲ့ အစိမ်းရောင်အပိုင်းမှာရှိတဲ့ ကလိုရိုဖီးလ်ဆိုတဲ့ ဓာတ်က နေရောင်ခြည်ကို အသုံးပြုပြီး ခုန စုပ်ယူထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်နဲ့ ရေ ကို ကာဘွန်ဟိုက်ဒြိတ် လို့ခေါ်တဲ့ အစာတွေ ဖြစ်အောင် ချက်ပေးတယ်။ အဲသည်မှာ ဘေးထွက်ပစ္စည်းအနေနဲ့ အောက်စီဂျင်ကို ထုတ်လွှတ်လိုက်တယ်....

အိမ်မှာ မင်းတို့ စားဖို့ အစာကို အမေက ထမင်းအိုးထဲ ဆန်ထည့် ရေထည့် ပြီး ထမင်းချက်ပေးသလိုပေါ့။ ဆန်က ကာဘွန်ဒိုင်အောက်ဆိုက် ဆိုရင် ရေက တော့ ရေပေါ့။ နေရောင်ခြည်က မီးဆိုရင် အမေက ဘာလဲ....”

“ အမေက ထမင်းချက်တဲ့သူပါ”

“ အမေက ကလိုရိုဖီးလ်ပေါ့..။ သစ်ပင်ကြီးကတော့ ထမင်းအိုးကြီးပေါ့...ဟုတ်ဘူးလားကွဲ့ ..”

“ ဟုတ်ပါတယ် ဆရာမ”

“ဒီတော့ ....သစ်ပင်တွေဟာ တို့တွေစားဖို့ အစာတွေကို အဓိက ထုတ်လုပ်ပေးတယ်..။ တို့တွေ ရှုဖို့ လေကောင်းလေသန့် အောက်စီဂျင်တွေကို လည်း ထုတ်ပေးသေးတယ်..တို့လူသားတွေကို အကျိုးမပြုဘူးလားနော်”

“ပြုပါတယ် ဆရာမ”

“ အေး ဒါပေမဲ့ အဲလို လုပ်ပေးတာက နေ့ခင်း နေရောင်ခြည် အလင်းရှိတုန်း သူတို့ အစာချက်တဲ့ လုပ်ငန်းစဉ် မှာပဲကွဲ့။ ညရောက်တဲ့ အခါမှာတော့ သစ်ပင်တွေကလည်း တို့ လူတွေအသက်ရှုသလိုပဲ သူတို့လည်း ရှုကြတယ်တဲ့”

ဆရာမက သင်ပုန်းတွင် ရောင်ခြည်ဖြာနေသော နေလုံးပုံ၊ သစ်ပင်ပုံ ဆွဲပြပြီး ၊ အမြစ်က ရေစုပ်ယူပုံ၊ ပင်စည်အပေါ်ပိုင်းက စုပ်ယူသော ဓာတ်ငွေ့၊ ပြန်ထွက်သော ဓာတ်ငွေ့ စတာတွေကို ကလေးတို့ သဘောပေါက်လွယ်အောင် မျှားလေးတွေဖြင့် ပြရင်း မေးလိုက်သည်။

“လူတွေက လေထဲက ဘာဓာတ်ငွေ့ကိုရှုကြတာလဲ”

“အောက်စီဂျင်ဓာတ်ငွေ့ပါ”

“ ဘာဓာတ်ငွေ့ကို ပြန်ထုတ်သလဲ”

“ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ပါ”

“ ဟုတ်တယ် ကလေးတို့ သိပ်တော်တာပဲ..။ သစ်ပင်ကြီးတွေဟာ နေ့အခါ မှာတော့ နေရောင်ခြည်အသုံးပြုပြီး အစာချက်ရာမှာ လူတွေထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို သူတို့က ယူ... လူတွေအသုံးလိုတဲ့ အောက်စီဂျင်ကို သူတို့က ပြန်ထုတ်ပေးလို့ လူတွေနဲ့ သိပ်အဆင်ပြေ ကြတာပေါ့..”

“ ညဘက်ရောက်လို့ နေရောင် မရှိတော့တဲ့အခါ အစာမချက်နိုင်တော့တဲ့ အချိန်မှာတော့ သူတို့လည်း လူတွေလိုပဲ အောက်စီဂျင်ကို ရှုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပဲ ထုတ်ကြသတဲ့ကွယ်...ဒါကြောင့် တခါတလေ ညဘက်ကြီး သစ်ပင်အကြီးကြီးတွေ အောက်မှာတို့ သစ်တောတွေထဲမှာတို့ နေမိ အိပ်မိရင် အသက်ရှုမ၀ဖြစ်ပြီး သတိလစ်တတ် တယ်ဆိုတာ....လူတွေနဲ့ သစ်ပင်တွေ အောက်စီဂျင်ကိုလုရှုကြလို့ပေါ့။ ဒါကို မသိတဲ့ သူတွေကတော့ သရဲဖမ်းတာ နတ်ဖမ်းတာ နဲ့ ကြောက်တတ်ကြတယ်။ အမှန်ကတော့ သစ်ပင်တွေက ညမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်တာကိုး..”။

နေ့အချိန်တွင် လူနှင့်သစ်ပင် သဟဇာတဖြစ်စွာ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ကို အပေးအယူ လုပ်ကြသော်လည်း ညအခါ အောက်စီဂျင်ကိုချည်းရှု၍ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေချည်း ထုတ်လွှတ်ကြပုံကိုလည်း ဆရာမက သင်ပုန်းပေါ်တွင် နေ့ညခွဲခြားကာ ပုံကြမ်းဆွဲပြလိုက်သည်။

“ မင်းတို့ စဉ်းစားကြည့်စမ်း သစ်ပင်တွေက သူတို့ မနက်က သုံးထား စားထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ညကျတော့ ပြန်ထုတ် သူတို့မနက်က ထုတ်ထားတဲ့ အောက်စီဂျင်ကို ညကျပြန်ယူ သူ့ဖာသာ လည်ပတ်နေတာပဲနော်.... သူတို့ အစာအတွက် ဈေးသွားဖို့မလိုဘူး.... မင်းတို့လည်း ဈေးသွားဖို့မလိုအောင် မနက်က စားထားတာ ညကျ ပြန်ထုတ် မနက်ကျ ပြန်စား မကောင်းဘူးလား....အမေ ဈေးဖို့ သက်သာတာပေါ့”

“ ဟင့် မကောင်းပါဘူး ဆရာမကလည်း ..”
“ဟား ဟား ဒါတော့ သိသားပဲ”

“ကဲ သစ်ပင်ကြီးတွေ က ဘယ်လောက်ချစ်ဖို့ကောင်းလဲနော် ... သူ့ပတ်ဝန်းကျင်ကို မျှတနေအောင်လုပ်ပေးထားတာ။ တို့လူတွေအတွက်လည်း အစာတွေလည်းပေးတယ် လေရှုဖို့လည်း လုပ်ပေးတယ်။ နေစရာ အရိပ်ခိုစရာ လည်းပေးတာပဲ။ အ၀တ်အထည်တွေလည်းပေးတာပဲ သစ်ပင်တွေကို ချစ်တတ် ထိန်းသိမ်းတတ်ဖို့လိုတယ်။ သစ်ပင်မရှိတဲ့ ကမ္ဘာကြီးဆိုရင် ဘယ်လိုဖြစ်လဲ စဉ်းစားကြည့်ကြစမ်းပါ။”
“ကြောက်စရာကြီးပါ လူတွေ သေကုန်မယ်ထင်တယ် ဆရာမ”

“ အေး မင်းတို့ထင်တာတွေကို သစ်ပင်မရှိတဲ့ ကမ္ဘာဆိုပြီး အိမ်ကနေ စာ ငါးကြောင်း လောက်ရေးခဲ့ကြနော်..”

ဆရာမက သင်ပုန်းပေါ်ရှိ ပုံများကိုဖျက်ကာ ပုံသစ်တစ်ပုံဆွဲရန် အစပြုရင်း မေးခွန်းထုတ်လိုက်သည်။

“ အခု သစ်ပင်တွေ အသက်ရှုတာသိပြီ... သူတို့ လူတွေလို သွားလာလို့ရလား”

“မရပါဘူး ဆရာမ”

“လှုပ်လို့ရောရလား”

“လှုပ်လို့တော့ရပါတယ် လေတိုက်ရင်လေ”

“အေး မှန်တာပေါ့..။ ဟုတ်ပြီ သူတို့ မျိုးပွားလို့ရောရလား။ မင်းတို့ လူအသစ်ကလေးတွေ ထပ်မွေးလာသလို သစ်ပင်အသစ်ကလေးတွေရော ထပ်ပေါက်လာသေးလား”

“ပေါက်ပါတယ်”

“ ဘယ်လိုပေါက်သလဲ”

“ သစ်စေ့လေးတွေကနေ အပင်သစ်ကလေးတွေပေါက်ပါတယ်”

“ သိပ်တော်တာပဲကလေးတို့ သည်မှာကြည့် သစ်စေ့လေးကနေ သည်လိုမျိုး အဆင့်ဆင့် အပင်လေး ပေါက်လာတယ်နော်..ဒါက ပဲစေ့လေးတစ်စေ့ အပင်ပေါက်ပုံပေါ့”

တတိယတန်း သဘာဝ သိပ္ပံ သင်ခန်းစာမှ ပဲစေ့ အပင်ပေါက်ပုံအဆင့် ငါးဆင့်ကို ဆရာမက ဆွဲပြလိုက်သည်။

“ ကဲ ကောင်းပြီ။ အခု မင်းတို့က သစ်စေ့လေးတစ်စေ့ လို့ ကိုယ့်ကိုယ်ကို စိတ်ကူးကြည့်ရအော်နော်... မင်းတို့ ဘာစေ့လေးတွေဖြစ်ချင်လည်း ...ပဲစေ့လေးတွေလား၊ သရက်စေ့လေးတွေလား၊ သင်္ဘောသီးအစေ့လေးလား... ဖြစ်ချင်တဲ့အပင်ကို စိတ်ကူးကြည့်ပါ”

ဆရာမက ကြမ်းပေါ်တွင် ဒူးတုပ်ထိုင်လိုက်ရင်း ကိုယ်ကိုဝပ်လိုက်သည်။

“ဆရာမလုပ်သလို လိုက်လုပ်မယ် ကိုယ်လုံးကလေးကို မြေကြီးပေါ်မှာ သစ်စေ့လေးလို ကပ်ထားပါ ”

ကလေးတို့ အားလုံး ဒူးတုပ်ကလေးတွေထိုင်ပြီး စာသင်ခန်းကြမ်းပြင်တွင် ကုန်းကုန်းလေးတွေ လုပ်နေကြသည်။
“ ကဲ... နေရောင်ခြည်တွေ ရေတွေ လေတွေ ရလို့ သစ်စေ့လေး အပင်ပေါက်လာပြီ”

ဆရာမက တဖြည်းဖြည်း လက်နှစ်ဖက်ကို လက်အုပ်ချီသလို လုပ်ရင်း အပေါ်ကိုမြှောက်ပြသည်။ ကလေးများလိုက်လုပ်ကြသည်။

“ဟော... သစ်ပင်ပေါက်ကလေး ရှည်လာပြီ”

ဆရာမက ဒူးကိုထောက် ခါးကိုဆန့် လိုက်ပြီး လက်ဖ၀ါးနှစ်ခုကိုဘေးဘက်ကားရင်း ခေါင်းပေါ်ကို မြှောက်လိုက်သည်။ ထို့နောက် တဖြည်းဖြည်း မတ်တတ်ထလိုက်သည်။ ကလေးများလည်း တဟိဟိ ရီရင်း လိုက်လုပ်ကြသည်။

“ဟုတ်ပြီဲ ..သစ်ပင်ကြီး ဆက်ကြီးထွားလာပြီ။ နေရောင်ခြည်ရအောင် အစွမ်းကုန် ရှည်လိုက်ကြစမ်းပါ”

ဆရာမက အစွမ်းကုန် ခါးကိုဆန့် လက်ကိုမြှောက် ခြေဖျားကိုထောက်ရင်း ကလေးများကိုပြောလိုက်သည်။ ကလေးများကလည်း တကိုယ်လုံးအစွမ်းကုန် ဆန့်ရင်း အညောင်းတွေပြေကုန်သည်။

“ကဲ လိုက်ဆိုပါ ........လေငြိမ်ငြိမ်...”
“လေငြိမ်ငြိမ်”

“သစ်ပင်ကြီး..ငြိမ်”
“သစ်ပင်ကြီး ...ငြိမ်”

“လေပြင်းတိုက်တော့ဘယ်လိုဖြစ်တယ်”
“လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်”

“ဟောဒီလိုဖြစ်တယ်....”
“ဟောဒီလို ဖြစ်တယ်။”

ဆရာမက လက်နှစ်ဘက်ကိုဝှေ့ယမ်းရင်းဆိုတော့ ကလေးများလည်း ပျော်ရွှင်စွာ ဝှေ့ယမ်းကြလေသည်။
“ကလေးတို့ ရေ......အရှေ့ဘက်ကလေတိုက်ရင် ဘယ်ဘက်ကိုယိမ်းမလဲ”
“ အနောက်ဘက်ကို ယိမ်းပါမယ်”

“ဟုတ်ပြီ ဆက်ဆိုမယ်”
“ အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်...”
“ အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်...”

“ အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်...”
“ အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်...”

စာသားအလိုက် ခါးကို ရှေ့နောက် ယိမ်းကြသည်။
“ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်..”
“ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်..”

“ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်..”
“ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်..”

အသံကိုဆွဲဆိုကာ ဘယ်ညာ ယိမ်းနွဲ့ကြပြန်သည်။
“လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်”

ကလေးများ အားလုံး လက် ကလေး တွေ ဘေးကပ် ရပ်လိုက်ရင်း သံပြိုင်အော် ကာ လိုက်ဆို နေကြ သည်။


+++++++++


မနက်ဖြန် သူတို့နဲ့တွေ့ရတော့မည်။ ကျမ ပျော်ရွှင်စွာ စိတ်လှုပ်ရှားနေမိပါသည်။ သူတို့ဆိုတာက သူငယ်တန်းကနေ လေးတန်းအထိရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကလေးတွေပါ။ မနေ့က သူငယ်ချင်းက ဖုန်းလှမ်းဆက်သည်။ သဘက်ခါကျရင် ငါတို့တွေ ဒဂုံမြို့သစ်တောင်ပိုင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကလေး တစ်ရာလောက်ကို နေ့လည်စာကျွေးရင်း ကလေးတွေအတွက် ပန်းချီဆွဲတာလေးတွေ ကဗျာဆိုတာလေးတွေ လုပ်မယ်။ နင်လည်း စိတ်ဝင်စားရင် နင်သိထားတဲ့ စာသင်နည်းလေးတွေ ကို ပြပေးမလားတဲ့။

အိုး ...သိပ်ရတာပေါ့။ ပြပေးချင်နေတာ အတော်ပါပဲ။ ကျမက စာသင်ရမှာကို သိပ်ပျော်တာ။ စိတ်ကူးထဲမှာ အမြဲ စာသင်ပေးနေတာ။ သူတို့ကို ကဗျာလေးတွေလည်း ဆိုခိုင်းမယ်။ ကိုယ်လက်လှုပ်ရှား ကစားနည်းလေးတွေနဲ့လည်း ကစားပေး အုံး မယ်။

သည်နေ့ တစ်နေ့လုံး သူတို့နဲ့တွေ့ရင် သင်ပြဖို့ သင်ခန်းစာတွေ ပြင်ဆင်နေမိသည်။ တစ်နာရီလောက်ဆိုရင်တော့ ကလေးတွေပျင်းမလားပဲ။ လေးဆယ့်ငါးမိနစ်လောက်တော့ မပျင်းလောက်ပါဘူးလေ။ သူတို့ကို ဘာအကြောင်း သင်ပေးရင်ကောင်းမလဲ...။ သမိုင်း၊ ပထ၀ီ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ။ အင်း ....ဒါတွေက သူတို့က အတန်းစုံ အရွယ်စုံ ဆိုတော့ သင်ရခက်မယ်..။ အဲတော့ ကလေးအားလုံးလည်း နားလည်နိုင်မဲ့ တတိယတန်း သဘာဝ သိပ္ပံထဲက သစ်ပင်အစာချက်တာနဲ့ သစ်စေ့လေး အပင်ပေါက်တဲ့ ပုံကိုယူသင်ပေးမယ်။ ဟုတ်ပြီ။ သားသားတို့ မူကြိုမှာ သင်တဲ့ ကဗျာလေးကို သင်ပေးရမယ်။ ဒါဆို သူတို့ ကိုယ်လက်လှုပ်ရှားပြီးသားလည်းရမယ်။ သင်ခန်းစာနဲ့လည်း ကိုက်ညီတယ်။ ကောင်းတယ် ... ခု ခေတ်စားနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပညာပေးရာလည်း ရောက်တယ်။

ကလေးဗဟိုပြု သင်ကြားရေးမှာ ကလေးတွေရဲ့ သိပြီးသား အသိကို အခြေခံပြီး သင်ကြားပေးမဲ့ သင်ခန်းစာနဲ့ ဆက်စပ်ဆွဲယူ သင်ကြားပေးရတယ် လို့ ဆိုတယ်။ သည်တော့ ကလေးတွေကို သူတို့ သိပြီး နားလည်ပြီး တာတွေကို မေးခွန်းတွေ ထုတ်ပေး မေးပေးရမယ် တဲ့။ သူတို့ စိတ်ကူးဥာဏ်တွေကို အသစ်စဉ်းစားတတ်လာအောင်ဖွင့်ပေးတဲ့ မေးခွန်းတွေမေးရမယ်။ သူတို့ ရဲ့ ကိုယ်ပိုင် စဉ်းစားချက်တွေကို စာကြောင်း အနည်းငယ် ရေးခိုင်းတဲ့နည်း၊ အတန်းသားတွေရှေ့မှာ ပြောခိုင်းတဲ့ နည်းကိုသုံးပြီး ထုတ်ဖော်ပေးရမယ်တဲ့။ ဒါမှ ကလေးတွေဟာ မိမိယူဆချက်ကို ထုတ်ဖော် ပြောဆိုရဲလာမယ်။ စာအရေးအသားစွမ်းရည်၊ အပြောစွမ်းရည်လည်း တက်လာမယ် လို့ ကျမတက်ထားဖူးတဲ့ သင်တန်းတွေ မှာ သိခဲ့ရတယ်။

ကျမ ပြင်ဆင်ထားခဲ့တဲ့ သင်ခန်းစာကို အထပ်ထပ် စဉ်းစား၊ အထပ်ထပ်လေ့ကျင့် နေမိပါတယ်။
ကျမ စိတ်ကူးထဲမှာ တော့ ကလေးတွေနဲ့ အပေးအယူ မျှနေတာပဲ။
ကျမတို့ စာသင်ခန်းလေးက ပျော်စရာ သိပ်ကောင်းနေပါတယ်။


++++++++++


သူငယ်ချင်းကတော့ပြောခဲ့သားပါ။
ကျောင်းက နည်းနည်းဝေးတယ်နော်တဲ့။ ဆင်းရဲလည်း ဆင်းရဲတယ်တဲ့။
သိပါတယ်ဟယ်။ အစိုးရကျောင်း မတက်နိုင်တဲ့ ကလေးတွေအတွက် ဖွင့်တဲ့ကျောင်းဆိုမှတော့ ချမ်းသာပါ့ မလား ပေါ့။


ဒါပေမဲ့ ကျမ စိတ်ကူးထဲမှာတုန်းက သည်လောက်ဆင်းရဲပြီး သည်လောက်ဝေး လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ဝေးတယ်ဆိုတာက လူတွေနဲ့ ဝေးတာကို ပြောတာပါ။ ရန်ကုန်မြို့ထဲ ကနေ ကားစီးရင် တစ်နာရီလောက်ပဲ ကြာတဲ့ခရီးမို့ အမှန်တော့ ဝေးလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ လူနေထူထပ်တဲ့ မြို့ပြကနေထွက်လို့ လယ်ကွင်း စိမ်းစိမ်းတွေကြားက မြေနီနီ လမ်းလေး နဘေး ရွှံ့ အိုင်ထဲက ဘုန်းတော်ကြီးကျောင်းကလေးကတော့ ခေါင်လွန်း၊ ဝေးလွန်းလှသလိုပါပဲ။ ဘုန်းကြီးကျောင်းဆိုရင် ကလေးတွေ အတွက် ကစားစရာ မြေကွက်လပ်တော့ ရှိမယ်။ သစ်ပင်ရိပ်အောက်က မြေကွက်လပ် မှာ စာသင်ရရင် စာသင်ခန်းမလိုပါဘူး။ နာမည်ကျော် ဆန်တနိကေတန် ကျောင်းလို သဘာဝ ပတ်ဝန်းကျင်ကို လေ့လာပြီးသားတောင် ရလိမ့်မယ်လို့ ထင်ခဲ့မိတယ်။

ခုတော့ ဘုန်းတော်ကြီးနဲ့ စာသင်သားကိုရင် ငါးပါးလောက် သီတင်းသုံးတဲ့ ဆယ်ပေပတ်လည် ထရံကာ သွပ်မိုး ပျဉ်ခင်း ကျောင်းကလေး နှစ်ဆောင်နဲ့ ကလေးတို့ စုဝေးရာ ပေနှစ်ဆယ်ပတ်လည် ပြတင်းပေါက်မပါတဲ့ မြေစိုက်ထရံကာ စာသင်ကျောင်း အတွက် မြေနေရာကလွဲလို့ ကျန်တာက လယ်ကွင်းပြင်ကြီး ပဲလေ။ သစ်ပင်ကြီး ဆိုလို့ တစ်ပင်တောင် ပေါက်စရာနေရာမရှိတဲ့ ဘုန်းကြီးကျောင်းကို တွေ့လိုက်ရပါတယ်။ အင်း သည်လို ကျောင်းမျိုးကို ရှာဖွေ အလှူ လုပ်နိုင်တဲ့ သူငယ်ချင်းတို့ အုပ်စုကိုပဲ ချီးကျူး မိပါသေးတယ်။

ဆရာတော်ကို ကန်တော့ပြီးတော့ ကလေးတွေရှိတဲ့ စာသင်ခန်းကို လာခဲ့တယ်။ ကလေးတွေကတော့ ချစ်စရာလေးတွေပါ။ တို့နိုင်ငံရဲ့ အနာဂတ်ပန်းကလေးတွေပေါ့။ အားလုံးပဲ အဖြူ အစိမ်းလေးတွေ ၀တ်လို့ တောက်တောက်ပပကြီး မဟုတ်ကြပေမဲ့၊ သိပ်နွမ်းနွမ်းပါးပါးတော့ မတွေ့ရပါဘူး။ သူတို့ကို ကြာဇံကျော်ကျွေးမယ်၊ ပန်းချီတွေလည်းသင်မယ်၊ ကျောင်းကို ဧည့်သည်တွေ လည်း လာတယ်ဆိုတော့ ပျော်ရွှင်တက်ကြွ နေကြတာပေါ့။ ဆရာမလေး နှစ် ယောက်ခမျာ တုတ်တစ်ချောင်းစီ ကိုင်လို့ တဟဲ့ဟဲ့ အော်နေရတာပါပဲ။ အင်း ကျမ တက်ခဲ့တဲ့ သင်တန်းမှာတော့ ကလေးစိတ်ပညာအရ တုတ်မကိုင်ရဘူး ဆိုပဲ။





သည်နေ့က ဧည့်သည်တွေလာလို့ အတန်းဖွဲ့စည်းပုံပြင်ထားသလား။ အရင်ကလည်း သည်လိုပဲလားတော့ မသိဘူး။ တခန်းတည်းသာရှိတဲ့ စာသင်ကျောင်းရဲ့ နံရံ သုံးဘက်မှာ သင်ပုန်း ငါးခုကို ကပ်ထားတယ်။ နံရံတဘက်ကတော့ ၀င်ပေါက်ပေါ့။ အင်း .. သူငယ်တန်းအတွက်က ဟိုသင်ပုန်းဖြစ်မယ်။ သည်ဘက်နံရံက သုံးတန်းနဲ့ လေးတန်းအတွက် ဖြစ်နိုင်တယ်။ သုံးတန်း နဲ့ လေးတန်း အင်္ဂလိပ်စာတွေ သင်ပုန်းပေါ်မှာ ရေးလက်စ တွေ့တယ်။ ဒါဆို ဟိုဘက်နံရံမှာ ပထမတန်းနဲ့ ဒုတိယတန်း ဖြစ်နိုင်တယ်။ ကလေး တစ်ရာကျော် အတန်း ငါးတန်းအတွက် ဆရာမ နှစ်ယောက် ဆိုတော့ အတန်းတွေကို ကြားမှာ ကာမထားတာပဲ အဆင်ပြေမယ် ထင်ပါရဲ့လေ။ ဆရာတော် ရော ကူသင်ပေးသလားမသိဘူး။ သင်မှပဲ ဖြစ်မယ်ထင်တယ်။ ကိုရင်ကြီးတွေ ဦးပဇင်းတွေလည်း ရှိသားပဲ သူတို့လည်း ကူထိန်းပေးမှာပေါ့။

ဟော... ကလေးတွေ ကြာဇံကျော် စားရအောင် တန်းစီပါတဲ့။ ဆရာမက တုတ်တချောင်းကိုင်ရင်း အော်နေတယ်။ တန်းစီ တန်းစီတဲ့။ အင်း အတန်းအလိုက် ကျွေးလိုက်ရင်ကောင်းမယ်။ တန်းစီလို့တင် ပြောနေရင် သူတို့က ဘယ်စီ တတ်မလဲ။

“ကဲ ..ကဲ သူငယ်တန်းတွေအရင် ရှေ့ကိုလာ။ အတန်းကြီးတွေ နောက်မှာနေဦး”
အမလေး... ကျမ ၀င်အော်ပေးမှပဲ ပိုဆိုးသွားပါလား။ ၀ုန်းကနဲဆို သူငယ်တန်းတွေရှေ့ကိုတဲ့ ဆိုပြီး အားလုံးနီးပါး ပြုံတိုးရောက်လာကြတယ်။ နည်းနည်း အသက်ကြီးတဲ့ ကလေးတွေကို ဟဲ့ နင်တို့က သူငယ်တန်းလား ဘာလို့ ရှေ့တိုးနေတာလဲ နောက်မှာ စီလေ လို့ ပြောလိုက်တော့..“ သမီး သူငယ်တန်းပါ။ မယုံရင် ဆရာမကို မေးကြည့်ပါတဲ့”

စိတ်ရှုပ်နေပုံရတဲ့ ဆရာမလေးကလှည့်ကြည့်ရင်း ပြောလိုက်တယ်။
“ဟုတ်တယ် အစ်မရေ သည်ကျောင်းမှာ သူငယ်တန်းကတင် ငါးဆယ်ကျော်တယ်။ အားလုံးနီးပါး သူငယ်တန်းချည်းပဲ” တဲ့လေ။

သြော် ... ဟုတ်မှာပေါ့နော် ။ ဆရာတော် ကျောင်းဖွင့်တယ်ဆိုမှ ကျောင်း စအပ်ရတော့ သူတို့ခမျာ အသက် ၈ နှစ် ၉ နှစ်လည်း သူငယ်တန်းပဲဖြစ်နေတာကိုး။

ဟန်ဆောင်မှု၊ ပြိုင်ဆိုင်မှု ကင်းကင်းနဲ့ စားသောက်နေကြတဲ့ ကလေးတွေကို ငေးကြည့်ရင်း ကျမလည်း ဗိုက်ဆာဆာနဲ့ သူတို့နဲ့အတူ တန်းစီပြီး ကြာဇံကျော်စားလိုက်ပါတယ်။ ပြီးရင် သူတို့လေးတွေကို စာသင်ရင်း ဂိမ်းတွေ ကစားပေးရ ဦးမယ်လေ။


+++++++++++


ပန်းချီဆွဲပြနေတဲ့ ဆရာကြီးနဲ့ အပေးအယူမျှနေတဲ့ ကလေးတွေကို နောက်နားက ကြည့်နေရင်း သဘောကျနေမိပါတယ်။ အရမ်း ထုံထုံ အအ မပြောရဲ မဆိုရဲတဲ့ ကလေးတွေတော့မဟုတ်ပါဘူးနော်။ မေးလိုက်ရင် ဖြေကြတာချည်းပဲ။ ဒါမျိုးမှ ကောင်းတယ်။ အင်း ကိုယ့်အလှည့်မှာတော့ ဘယ်လို လာမလဲမသိဘူး။ အတန်းဘေးနားက တုတ်ကိုင်ရင်း ထိန်းပေးနေတဲ့ ဆရာမလေးကို တိုးတိုးပြောမိတယ်။ အစ်မ သိပ္ပံသင်ခန်းစာ လေး နည်းနည်းသင်ပြပေးချင်တယ်နော် ဆိုတော့ သင်ပါအစ်မ ရပါတယ် တဲ့။

ကဲ ကိုယ့်အလှည့်ရောက်ပါပြီ။ သူငယ်တန်းကနေ လေးတန်းအထိ အားလုံးရောနေတဲ့ သည်ကလေးတွေကို ကြိုတင် ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာ ကို သင်ပြပေးလိုက်ပါတယ်။ ပထမ ငါးမိနစ်လောက်တော့ ဘာ အနှောက်အယှက်မှမရှိ အဆင်ပြေနေသားပင်။ ဟော.. ကလေးတစ်ယောက် ချွေးတွေရွှဲလို့ လိုက်အော်ရလို့ မောပန်းနေတဲ့ မျက်နှာထားလေးနဲ့ လက်ကလေးတစ်ချောင်းထောင်လို့ “ဆရာမ ရေသောက်တဲ့” ။ ကျမ ခေါင်းညိတ်ပြလိုက်ပါသည်။ ကလေးက စာသင်ခန်း အပြင်ဘက်က ရေအိုးစင်ဆီ ထွက်ပြေးသွားသည်။

အရှိန်ရနေတဲ့ စာကိုဆက်သင်မယ်လုပ်တုန်း ....ဟော နောက်တစ်ယောက် လက်ညှိုးလေးထောင်လို့ “ဆရာမ သေးပေါက်” တဲ့ ခေါင်းညိတ်ပြရပြန်တယ်။ မေးခွန်းမေးမယ်လုပ်တုန်း လာပြန်ပြီ လက်တစ်ချောင်းထောင်လို့ “ဆရာမ ရေသောက်”။
ဘုရားရေ ...... လေးငါးယောက်တပြိုင်တည်း စုပြုံပြီး လက်ညှိုးလေးတစ်ချောင်းစီထောင်လို့ ... ။ ကျမ ခေါင်းညိတ် မပြချင်တော့ပါဘူး။ ခေါင်းညိတ်ပြလိုက်မိရင် နောက်ထပ် ထောင်လာဦးမယ့် လက်ညှိုးလေးတွေ အများကြီးကို မြင်နေပါတယ်။ ယောင်နန ငေးရင်း ဘာလုပ်ရမှန်းမသိတဲ့ ကျမအခက်အခဲကို တုတ်ကိုင်ထားတဲ့ ဆရာမလေးက ၀င်ကူလိုက်ပါတယ်။

“ အားလုံး ပြန်ထိုင်ကြ။ တစ်ယောက်မှ မထရဘူး။ ရေလည်းမသောက်ရဘူး။ သေးလည်းမပေါက်ရဘူး။ သွား ပြန်ထိုင်”

အင်း ...တော်ပါသေးရဲ့။ နည်းနည်း ငြိမ်သွားတဲ့ ကလေးတွေကို ကြည့်ရင်း ခုနသင်လက်စ သင်ခန်းစာ ကို ဆက်သင်လိုက် ပါတယ်။ ခဏတော့ အဆင်ပြေသား။ ဟော ... လက်ကလေးထောင်လို့ ချွေးရွှဲနေတဲ့ မျက်နှာနဲ့ ရေသောက်တဲ့.... နောက်တစ်ယောက် ....နောက်နှစ်ယောက်....နောက်သုံးယောက်....လေးယောက်...။

အင်း ခုနလည်း စားသောက် ဆော့ကစားထား၊ စာသင်တော့လည်း အော်ဟစ်ထား၊ ပြတင်းပေါက်မရှိတဲ့ သွပ်မိုးအောက်က စာသင်ခန်းထဲမှာ ချွေးတွေလည်းထွက်ဆိုတော့ ...ရေငတ်မယ်ဆိုလည်း ငတ်မှာပေါ့လေ။ ရေသောက်ချင်နေတဲ့ ကလေးတွေကို ရေမသောက်ခိုင်းပဲ စာသင်ခန်းထဲမှာ ထိုင်ခိုင်းထားတာ တရားပါ့မလား။ လူ့အခွင့်အရေး ချိုးဖောက်ရာ ကျမှာပေါ့နော်။ ဒါပေမဲ့လည်း ဒါ စာသင်ချိန်လေ။ သူတို့ ရေသောက်တိုင်း သေးပေါက်တိုင်းသာ သွားခိုင်းရရင်တော့ တတန်းလုံးအကုန်ထွက်ကြမှာပဲ။ စာသင်ခန်းထဲ ကျောင်းသားတောင် ရှိတော့မယ် မထင်ဘူး။ ကျမကသာ ဘာလုပ်ရမှန်း မသိ စဉ်းစားနေတုန်း သူတို့ ဆရာမက ပြန်ထိုင်ကြစမ်း ဆိုပြီး တုတ်သံ တဗြန်းဗြန်း ပေးပြီး အတန်းထိန်းပေးနေသည်။

ကဲ ..ကဲ... သင်လက်စ သင်ခန်းစာလည်း ဘယ်ရောက်ပြီ မသိ။ စိတ်လည်းမပါတော့။ သူတို့ကို ကဗျာပဲဆိုခိုင်းပြီး သူတို့ ဆရာမ လက်ထဲပဲ အပ်လိုက်တော့မည် စဉ်းစားသည်။ “အားလုံး သစ်စေ့လေးတွေ လုပ်ကြမယ်.... ကိုယ့်နေရာမှာကိုနေပါ။ ဆရာမ လုပ်သလို လိုက်လုပ်ကြပါ။” အင်း သည်လိုတော့လည်း အားလုံးလိုက်လုပ်ကြသည်။ ပျော်ရွှင်စွာ အားရပါးရ အော်ဟစ် သီဆိုကြသည်။ လွတ်လပ်စွာ ကိုယ်ကို လှုပ်ရှား ယိမ်းနွဲ့ကြလေသည်။



++++++++++++


သူငယ်ချင်းကပြောသည်။
“သည်က ဆရာမလေး နှစ်ယောက်ကို နင်တက်ခဲ့တဲ့ သင်တန်းက ကလေးဗဟိုပြု သင်နည်းတို့ ဘာတို့ နည်းနည်း လောက် ပြောပြပေးခဲ့ပါဟာ။ နည်းလေးတွေလည်း ပြပေးခဲ့ပါဦး” တဲ့။

တကယ်တော့ ကျမက အစိုးရ၀န်ထမ်း ဆရာမ မဟုတ်ပါ။ ခေတ်မီ စာသင်ကြားနည်း သင်တန်းတွေကိုတော့ တက်ခဲ့ဖူးသည်။ စာတွေ့လည်း လေ့လာခဲ့သည်။ လက်တွေ့လည်း စနစ်တကျ ပြင်ဆင်ဖွဲ့စည်းထားသည့် စာသင်ခန်းတွေမှာ သင်ထောက်ကူ ပစ္စည်း အစုံအလင်နဲ့ သင်ပြလေ့ကျင့် ခဲ့ဖူးသည်။ ကလေး ၂၅ ယောက် ထက်မပိုတဲ့ စာသင်ခန်းတွေမှာ အုပ်စုဖွဲ့ ကစားနည်း တွေ၊ ကလေးတွေနဲ့ အပြန်အလှန်ဆွေးနွေး ပြောဆို တာတွေ၊ ကလေးတွေရဲ့ ပင်ကိုမူလ စွမ်းရည်တွေ အတွေးအခေါ်တွေကို ပိုမို တောက်ပ လာစေမဲ့ နည်းလမ်း တွေသုံးလို့ သင်ကြားပြသပေးခဲ့ဖူးသည်ပေါ့။ ကလေး စိတ်ပညာ စာအုပ်တွေ၊ ကလေးဖွံ့ဖြိုးမှု စာအုပ် တွေကို လည်း ဖတ်ခဲ့ဖူးသည်ပေါ့။

လက်တွေ့ဘ၀မှာ သူငယ်တန်းကနေ လေးတန်းအထိ ကျောင်းသား တစ်ရာနီးပါးကို ဘာသာစုံ ပြနေရတဲ့ သည်ဆရာမလေး နှစ်ယောက်ကို သုံးလလောက် သင်တန်းတွေတက်ပြီး သိခဲ့တဲ့ ကျမက ဘာတွေများ ပြောပြရမှာပါလိမ့်။ ကလေးတွေကို မရိုက်ပါနဲ့ တုတ်မကိုင်ပါနဲ့လို့ ပြောရမလား။ ဆရာကချည်းသင်မပေးပါနဲ့။ သူတို့ကို ဆွေးနွေးစေပါ။ သူတို့ ပြောတာကို နားထောင်ပေးပါလို့ ပြောရင် ကလေး တစ်ရာရဲ့ ပြောစကားကို နားလေးပေါက်ထဲနဲ့ နားထောင်နိုင်ပါ့မလား။ ကစားနည်းလေးတွေကိုသုံးပြီး ကစားရင်း စာသင်ပါလို့ အကြံပေးရမယ်ဆိုရင်တော့ သင်ထောက်ကူပစ္စည်း သိပ်မလိုတဲ့ ကစားနည်းလေးတွေ ကို စဉ်းစားကြံဆပြီး နည်းပေးခဲ့ရင် ကောင်းမယ် ထင်ပါရဲ့။

“အင်း ဆရာမတို့ရယ် နည်းတွေကတော့ သည်လို သည်လို ရှိပါတယ်။ အဓိက ကတော့ စေတနာ နဲ့ ၀ါသနာ ကို ဗဟိုပြုပြီး ကိုယ့် အခြေအနေနဲ့ ကိုက်ညီတဲ့ သင်နည်းတွေကို ကိုယ်တိုင် စဉ်းစားပြီးတော့ပဲ သင်ကြပါ။ အစိုးရက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကိုလည်း ကုန်အောင်သင်ရမှာဆိုတော့ အမြဲတမ်း ကစားနည်းတွေနဲ့ချည်း မသင်ပေးနိုင်တော့ တစ်ပတ်မှာ တစ်ရက်လောက် တော့ ပျော်စရာ စာသင်ခန်းလေး ဖြစ်အောင် သင်ပေးပေါ့ နော်။”

“ဟုတ်ကဲ့ပါ အစ်မရယ်၊ ကျမတို့ကလည်း ဘုန်းတော်ကြီးသင်ကျောင်းက ခန့်ထားတဲ့ဆရာမတွေဆိုပေမဲ့ ခေတ်မီနည်းတွေ နဲ့လည်း သင်ပေးချင်ပါတယ်။ ခုလောက်ပြောပြတာကိုပဲ ကျေးဇူးတင်ပါတယ်။ နောက်ကြုံရင်လည်း သင်တန်းတွေ ဖွင့်ပေးရင် ကျမတို့ တက်ချင်ပါတယ်။ ကျမတို့လည်း ကိုယ့်အရည်အချင်းကို တိုးတက်ချင်တယ်လေ”
“ဟုတ်တာပေါ့ ဆရာမတို့ရယ်။ ဆရာဆိုတာ ဓားသွေးကျောက်တဲ့။ ကျမတော့လက်မခံနိုင်ပါဘူး။ သူတို့ကိုသင်ရင်း ကိုယ်က ဘာလို့ လုံးပါးပါးရမှာလဲ။ သူတို့လည်း ထက်မြက်၊ ကိုယ်လည်း တိုးတက်ရမှာပေါ့။”

ကျမက ကျမထင်မြင်ချက်တွေကို ဆက်ပြီး ပြောပြန်သည်။

“ နောက်ပြီး ..... ဆရာမတို့ ရဲ့ ကလေးတွေကို ဘွဲ့ရ ပညာတတ်ကြီးတွေ ဖြစ်စေရမယ်လို့ ကြုံးဝါးစရာမလိုပါဘူး။ ဘွဲ့မရလည်း အကောင်းအဆိုးကို ခွဲခြားသိတဲ့ ကလေးတွေ ဖြစ်အောင်၊ လောကကို အကျိုးပြုနိုင်တဲ့ လူတွေ ဖြစ်လာဖို့ပဲ လိုတာပါ။ မိဘတွေက ကိုယ့်သားသမီးကို ဘွဲ့ရအောင် သင်ပေးနိုင်မှ တာဝန်ကျေတယ် ထင်နေကြတာ။ အသက် မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ပေးဖို့ လိုတာကို မေ့နေကြတယ်”

“ အစ်မရေ ... သည်ပတ်ဝန်းကျင်က မိဘတွေကတော့ အဲလိုမဟုတ်ပါဘူး။ သူတို့က ဘွဲ့ရပြီးလည်း ထမင်းငတ်တာပဲ။ ဘွဲ့ရတာ အထင်ကြီးဖို့မရှိဘူးတဲ့။ သူတို့ ကျောင်ပို့တာက အိမ်မှာ ထိန်းရသက်သာအောင် ကျောင်းပို့နေတာ အစ်မရေ။ ခိုင်းလို့ရတဲ့ အရွယ်ရောက်ရင် ကျောင်းဆက်မထားတော့ဘူး။ ခုလည်း တချို့ဆို ဆရာတော်က အတင်း ကျောင်းထားခိုင်းလို့ ပိုက်ဆံလည်းမကုန်လို့ ထားနေတာ”

“ ဟုတ်လား။ အင်း ... ဘာပဲဖြစ်ဖြစ်ပေါ့လေ သည်ကလေးတွေ ကျောင်းမှာ ရှိနေသမျှတော့ သူတို့ကို စာတတ်အောင် သင်ပေးနိုင်သေးတာပေါ့။ ဆရာမတို့ စိတ်ဓာတ်မကျပါနဲ့။ စေတနာက အကျိုးပေးမှာပါ။”

သူငယ်ချင်းက ၀င်ပြီး အရွှန်းဖောက်သည်။

“ဆရာမရယ် ကိုယ်က ကလေးတွေသင်ပေးတာပဲ။ လူကြီးတွေကို သင်ပေးတာမှ မဟုတ်တာ။ လူကြီးဆိုတာမျိုးက သင်လို့မရတော့ဘူး လွှတ်ထားလိုက်တော့”

ဆရာမလေးက သဘောကျစွာရယ်မောရင်း ပြောလိုက်သည်။
“ဟင်း ..ဟင်း.... ဟုတ်ပါတယ်။ စိတ်ဓါတ်လည်း မကျပါဘူး။ ကိုယ့်တာဝန်ကျေဖို့ပဲ ဂရုစိုက်ပါတယ်”

ဆရာမလေးကို စိတ်ဓါတ်မကျဖို့ အားပေးသော ကျမကိုယ်တိုင်ကတော့ မရယ်နိုင်ပဲ မောရင်း.....
အင်း .... ငါရော ကိုယ့်တာဝန်ကျေရဲ့လား...

ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာလေးတစ်ခုကိုတောင် ပြီးအောင် မသင်ပေးနိုင်ခဲ့တဲ့ ကျမကရော ....တာဝန်ကျေပါရဲ့လား...
ကျမ နားထဲ မှာတော့.. ကလေး တွေ ရဲ့ အသံလေး တွေ စီညံ နေ ပါသေးသည်။


လေငြိမ်ငြိမ် ...သစ်ပင်ကြီး ငြိမ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်...ဟောဒီလိုဖြစ်တယ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်...ဟောဒီလိုဖြစ်တယ်
အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်
အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်
ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်
ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်...


Share/Bookmark