ဗိုလ်မှူးချစ်ကောင်း ရဲ့ အနှစ် နှစ်ဆယ်


ဗိုလ်မှူး ချစ်ကောင်း ရဲ့.. အနှစ် နှစ်ဆယ် စာအုပ် ကလေး ကို.. ကိုတင်မင်းထက် ရှာ ပေး ထားတာပါ။ ကျေးဇူး ပါ.. ကိုတင်မင်းထက်..
နေ့သစ် အင်တာနက် စာမျက်နှာ က..ရတယ်လို့ ရေးထားပါတယ်။

အောက်က.. ရွှေဝါပြည် ဘလော့ဂ် လင့် မှာ..ဆွဲယူ ဖတ်ရှု လို့ ရပါတယ်။

http://shwewarpyi.blogspot.com/2010/09/blog-post.html


Share/Bookmark

သမိုင်းသဲပွင့်များ

ရေးသားသူ- နီဇူလိုင်
( နီဇူလိုင် ဘလော့ မှ ယူပါသည် http://nijuly.blogspot.com/2010/09/blog-post_26.html )
-------------
-
၂၀၁၀ ဇူ လိုင် လ ၁၆ရက် နေ့စွဲ နဲ့ မော်ဒန် ဂျာနယ် မှာ ဆရာ ကျော်ရင်မြင့် ရဲ့  ဘ၀ ဇာတ်ခုံ အဖုံဖုံ ကဏ္ဍ ကနေ `ကြယ်တပွင့်´ လို့ တင်စား ထားတဲ့ ခေါင်းစဉ် နဲ့ `ကျောက်ဆည် ဒေါ် မြရီ´ အကြောင်းကို ဖတ်လိုက်ရတော့ သမိုင်း မိုးကောင်းကင်ထဲက ကြယ်တပွင့်ကို တလက်လက် တောက်ပ စွာ မြင်လိုက်ရသ လိုပါဘဲ...။





ဆရာ ကျော်ရင်မြင့် က ဒေါ်မြရီ နေမကောင်းဘူး...အစာ မ၀င်တော့ဘူး...အရည်ဘဲ ၀င်တော့ တယ် ..ဆိုတဲ့ သတင်းတွေ ကြားကြားချင်း..ကျောက်ဆည်ကို အမြန် သွားရောက် သတင်းမေး ခဲ့ တာနဲ့..စ ရေး ထား ပါတယ်..။ မော်ဒန် ဂျာနယ် မှာ တင် ထားတဲ့ အသက် (၉၄) နှစ် အရွယ် ဒေါ်မြရီ ရဲ့  လက်ရှိ ဓါတ်ပုံ လေးကလည်း...ရင်ထဲ ကို တစုံ တရာ ထိထိ ခိုက်ခိုက် တိုးဝင် သွား ပါတယ်...။
သူ့မ အကြောင်း ကို မော်ဒန် ဂျာနယ် မှာ ၂ ပါတ် ဆက်တိုက် ဖော်ပြခဲ့သလို .. အဲဒီ ရက်က ပြည်သူ့ ခေတ် ဂျာနယ်က လည်း ကွယ်လွန်သူ ဆရာ တင်သိန်းမောင်ရဲ့  တော်ဝင် ဂျာနယ်ပါ ဆောင်းပါး အဟောင်းလေးကို ပြန်တင်ရင်း ဒေါ်မြရီ ဆိုတဲ့.. သမိုင်း ကြယ် တပွင့် ကို မီးမောင်း ထိုး ဂုဏ်ပြု ပေးခဲ့ ပါ တယ်...။ အစာ မ၀င် တော့ ဘူး ဆိုတဲ့ တော်လှန် ရေး ကြယ်ပွင့် အဖွားအို ရဲ့ ပြောစကား တိုင်းဟာ... သူမ တို့ ရဲ့ တိုင်းပြည် လွတ်လပ်ရေး အ တွက် ကိုယ်ကျိုးစွန့် ဆောင်ရွက် ခဲ့ တဲ့ အတိတ်ရဲ့  အရိပ်တွေနဲ့ အံ့သြ စရာ ကောင်း လောက်အောင် အားမာန် ပြည့် နေပါတယ်...။ သူတို့ရဲ့  သေချင်းပေါင်း ရှင်ချင်း ပေါင်း ရဲဘော် ရဲဘက် စိတ် ဓါတ်တွေက လည်း ဦးညွှတ် ကြည်နှုး စရာ...စိတ် လှုပ်ရှားစရာ.... ၀မ်းနဲ ကြေကွဲ စရာ... တဖျတ် ဖျတ် ပေါ် လွင်ပြီး..ဂန္ဓ၀င် ရုပ်ရှင် ကား တကားကို ကြည့် နေရသလို ပါဘဲ...။

သူမ ရဲ့  ပြော စကား တိုင်းမှာ ပါတဲ့ ဖြစ်ရပ် တခု က တော့ .. ဦးသိန်းဖေမြင့် ဦးဆောင်မှု နဲ့ .သူမ တို့ အိန္ဒိ ယ မှာ လေထီး သင်တန်း တက်နေစဉ် ကာလ ဆန်းဒေးဗီလာ ဘုံ ရိပ်သာ မှာ အတူတူနေပြီး တိုင်းပြည် အတွက် ဆောင်ရွက် ခဲ့ ကြတဲ့ ရဲဘော် ရဲဘက် တွေ ထဲက မန်းဝင်းမောင် နဲ့ ကိုတူး တို့ ရဲ့  အဖြစ်အပျက် ပါဘဲ...။ တိုင်းပြည် လွတ်လပ်ရေး ရဖို့ အတူတူ အသက် ကို ရင်းပြီး တိုက် ပွဲ ၀င်ခဲ့ သူ ၂ယောက် ဟာ လွတ်လပ်ရေး ရတဲ့ အချိန်လဲ ကျ ရော..မန်းဝင်းမောင် က သမ္မတ ကြီး ဖြစ်လို့...။ ကိုတူး လို့ခေါ် တဲ့ ကာနယ် ချစ်ကောင်း က ကြိုးမိန့် ပေး ခံ ရပြီး ကြိုး တိုက် ထဲ ရောက်နေရတဲ့ အဖြစ်....။

အယူ ၀ါ ဒတွေ ကွဲ ပြား တာ ထက်...အာ ဏာ အဆိပ် ငယ်ထိပ် တက် ကပ် တာ တွေ ကြောင့်....ဒီ လို ရင်နာ စရာ အဖြစ် ဆိုး တွေ ကို ကြုံ ရတဲ့ အခါ မှာ....သူမ ရဲ့  ခံစားချက် တွေ ဘယ် လောက် ပြင်း ရှ ခဲ့ လေ မ လဲ....။ သမ္မ တကြီး မန်းဝင်းမောင် နဲ့ တွေ့ တုံး ဒေါ်မြရီ ပြော ခဲ့ တဲ့ စကားတွေ မှာ...ဒီ လို ပွင့်အံ ကျ လာ ပါတယ်...

``ကျမ .ဘာပြောရမလဲ..နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် သက်တော် ရာကျော် ရှည်ပါစေ..လို့ ဆုတောင်း ရ မလား.. ဒါ မှမဟုတ်... ကြိုးတိုက် ထဲ က..ကိုတူး ..သေပါစေ လို့ ပဲ ..ဆုတောင်း ရ မလား..ဒီ နှစ်ခု ကြား မှာ ..ကျမ ဗျာ များနေဘီ...´´ တဲ့ လေ..။

နောက်ဆုံးတော့ သမ္မတကြီး မန်းဝင်းမောင် က လည်း သူ့ ရဲ့  ရဲဘော် ရဲဘက် စိတ် ကိုပြတဲ့ အနေနဲ့ ကာနယ် ချစ်ကောင်းကို သမ္မတ အမိန့် နဲ့ ကြိုးမိန့် ကနေ လွှတ်ပေး ခဲ့ ပါတယ်..။ အဲဒီလို လွှတ်ပေးတဲ့ သတင်း ကို ကြားတော့ ဒေါ်မြရီ တယောက် မျက်ရည်တွေ ပေါက် ပေါက် ကျအောင် ကို ၀မ်းသာရှာခဲ့ ပါသတဲ့...။ သူမ ဟာ အမျိုးသမီး တယောက် ဖြစ်ပေမယ့် ဖက်ဆစ် ဂျပန် တွေကို ပြန် တော်လှန်ဖို့ အမျိုးသား တွေနဲ့ ရင်ဘောင်တန်း ပြီး အိန္ဒိယ ကိုသွားပြီး လေထီး သင်တန်း တက် ခဲ့ သူ..။ လေယာဉ် ပေါ်ကနေ လေထီး နဲ့ ခုန်ဆင်း ခဲ့ ဖူးသူ..။ လေထီးဆင်း ရဲဘော် တွေ ဗမာပြည် ပြန်ဖို့ လိုအပ် တာ စီစဉ် ပေးရသူ...။ ဂျပန် တော်လှန် ရေး ကာလ မှာ ထိရောက် လှ တဲ့ လေနတ်သား စာစောင် တွေ ကို ရေးပေးခဲ့ သူ ..စသဖြင့် တိုင်းပြည် အတွက် ဂုဏ်ပြောင်ခဲ့ တဲ့ ကြယ်တပွင့်ပါဘဲ...။

ဘ၀ရဲ့  နောက်ဆုံး အချိန်တွေကို ကျောက်ဆည် မြို့  ဈေးတောင်ဖက် တန်း က ခြေတံ ရှည် အိမ်ကလေး တလုံးထဲ မှာ ရိုးရိုး သားသား လိပ်ပြာ သန့်သန့် ကုန်ဆုံးဖို့ စောင့် မျှော်နေတဲ့ သူမရဲ့  သစ္စာ စကားတွေ ကတော့...

``ကိုယ်တို့ ရဲ့  အကောင်းဆုံး အရွယ် တွေကို တိုင်းပြည် အတွက် ပေးလှူ ပြီး လုပ်ခဲ့ ကြတာ..သေချင်းပေါင်း..ရှင်ချင်းပေါင်းတွေ..သေဖော် ရှင်ဖက်တွေ...လုပ်ခဲ့ ကိုင်ခဲ့ ကြတာ..တိုင်းပြည်လွတ်လပ် ရေး အတွက် ကိုယ်တို့ လုပ်ခဲ့ကြတယ်..ဘွဲ့ ထူး ဂုဏ်ထူးတွေ..ဘာမှ ကိုယ်မလျှောက် ခဲ့ ဘူး..လျှောက်မှ ရတာမျိုး ကို ကိုယ်တသက် လုံး မလျှောက်ဘူး.. ကိုယ့် ဘ၀ ကို ကိုယ်ကျေနပ်တယ်... ကိုယ့်ကို လူ တွေက ချစ်ခင် လေးစားကြတယ်...သည်နေ့ အထိ..ကိုယ့် အိမ်နီးချင်း မိတ် ဆွေ တွေက .. ဟင်းခွက် ပို့ တုန်း...´´ ...ပါတဲ့..။
-
စိတ်ထဲ မှာ ထိ ထိ ခတ် ခတ် ရှိလွန်းလို့ ဆက် ရှာ ဖတ်မိတာ က...ကာနယ်ချစ်ကောင်းရဲ့  `အနှစ်(၂၀) ´ဆိုတဲ့ စာအုပ်ပါဘဲ...။ ၂၀၀၁ ခုနှစ်မှာ အမြင့် ပျံငှက်များ က ပြန်လည်ကြိုး ပမ်း ထားတဲ့ `အနှစ်(၂၀) ´ စာအုပ် ရဲ့  မျက်နှာဖုံး ကလေး က လည်း... ကြိုးကွင်း ထဲမှာ ပျံသန်း ဖို့ ကြိုးစား နေတဲ့ ငြိမ်းချမ်းရေး ချိုးဖြူလေး ရဲ့  ပုံကလေး ကို သရုပ်ဖော် ထားတော့ ကိုယ့် တိုင်းပြည် ရဲ့  မချိတင် ကဲ နာကျင် ကြေကွဲ စရာ ဖြစ် ရပ် တွေကို ခါးခါး သက်သက် မြည်းစမ်း လိုက်မိ ပါတယ်...။
-

စာ အုပ် ရဲ့  အစ မှာတော့...ကာနယ်ချစ်ကောင်း ရဲ့  သမိုင်းဝင် စာကြောင်းတွေ နဲ့ ဟောဒီလို ..ဖွင့်ထားပါတယ်..။

``အနှစ်၂၀ မျှ တိုင်းပြည် အတွက် လုပ် လာပြီးနောက် ကိုယ့်ကိုယ် ကို ပြန်ကြည့် လိုက်သော အခါ...ကြိုးတိုက်ထဲ သို့ ရောက်နေ သည်ကို တွေ့ ရလေသည် ´´..

ဒီ စာအုပ် ထဲ မှာလဲ...ကျောင်းသား သမဂ္ဂ ၀င် တယောက် ဘ၀ ကနေ စပြီး..တိုင်းပြည် လွတ်လပ်ရေး အတွက် နည်းလမ်း အသွယ် သွယ် နဲ့ စိတ် ထက်ထက် သန်သန် ကြိုးပမ်း ဆောင်ရွက် ခဲ့ တဲ့ ..သမိုင်း ပုံရိပ်တွေ..။ ကွန်မြူ နစ် ပါတီ ကို တောထဲ ရောက် အောင် တွန်း ပို့ ခံ ခဲ့ ရပြီး.. သူ လဲ တောခို ခဲ့ ဖြစ်ပုံတွေ..။နောက်ပိုင်း..လွတ်လပ်ရေး ရပြီးစ တိုင်းပြည် အတွက် အရေးတကြီး လိုအပ် နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်း ဖို့ အတွက်...ငြိမ်းချမ်းရေး တောင်းဆို သံတွေ တပွေ့ တပိုက် နဲ့ ပါတီ တာဝန် ပေးချက်အရ မြို့  ပေါ်ကို တက်အလာ...ဖမ်းဆီး ခံခဲ့ ရ ပုံတွေ...။ စွဲချက် အမျိုးမျိုး နဲ့ စွဲဆိုခံ ရပြီး ..နောက်ဆုံး..ကြိုးမိန့် ပေး ခံ ခဲ့ ရပုံတွေ...။ နာကျင် ကြေကွဲ စရာ...ရင်နင့် စရာ...ဖတ်ခဲ့ ရပြန်တယ်။ သူ့ စာအုပ်ရဲ့  နောက်ဆုံး ခန်းကို...
``နောင် အနှစ်(၂၀)´´ ဆိုတဲ့ အခန်းနဲ့ အဆုံးသတ်ထားပြီး...သူ ဖြစ်စေ ချင်တဲ့ မြင်တွေ့ လိုတဲ့... တိုင်းပြည်ငြိမ်းချမ်းရေး.. အမျိုးသား စည်းလုံးညီညွတ်ရေး...တိုင်းပြည် ကောင်းစားရေး...စတဲ့ ထက်သန်သော စေတနာ ဆန္ဒမွန် တွေနဲ့ ... သူ ကြိုးမိန့်က လွတ်အပြီး ၁၉၆၀ ခုနှစ် ရဲ့  နောက်ပိုင်း..နောက် အနှစ်၂၀ ကို လှမ်းမျှော်ထားတာတွေ့ ရပါတယ်..။ ဒါပေမယ့် နောင်အနှစ် (၂၀) မပြည့် ခင်မှာဘဲ...နောက်တခါ သူ ထပ် အဖမ်း ခံခဲ့ ရတာတွေ...တောတွင်း ပြန်ရောက်ခဲ့ ရတာတွေ... တောတွင်း တိုက်ပွဲ တနေ ရာမှာဘဲ...ကျဆုံးသွား ခဲ့ ရတာ တွေ က တော့ ဒီ စာအုပ်မှာ မပါခဲ့ တဲ့ နောက်ဆက်တွဲ ကြေကွဲ စရာ..ယူကျုံးမရ စရာ.. ဖြစ်ရပ် တွေ ပါဘဲ...။

အခန်းဆက် ဇတ်လမ်း ရှည်ကြီး ကို လက်က မချဘဲ ဖတ် နေ မိသလို...ထပ် ဖတ်မိ သွားတာ က... လေထီး ဦးအုန်းမောင် ရေးတဲ့ ``နှစ်ပေါင်း (၅၀) ကြာသော အခါ´´ဆိုတဲ့ စာအုပ်ပါ...။ ဒီ စာအုပ်မှာလဲ...သူတို့ရဲ့  တိုင်းပြည် လွတ်လပ်ရေး အတွက်.. ကြိုးပမ်းမှု တလျောက် ကြုံခဲ့ ရတဲ့... အားကျ အတု ယူစရာ...အရေးတော်ပုံ စိတ်ဓါတ်တွေ...ရဲဘော် ရဲဘက် စိတ်ဓါတ်တွေ...ထုံမွှမ်း လို့....ဒါပေမဲ့ လွတ်လပ်ရေး ရပြီးစ ကတည်းက ကွဲကြ..ပြဲကြ... အာဏာ ရှိသူက အာဏာ ငန်း ဖမ်းပြီး...အနိုင်ကျင့် တာတွေ... ထောင်တွေ...ကျွန်းတွေ....ကြိုးမိန့်တွေ...သူ့လူ ကိုယ်ဘက် သား လုပ်တာတွေ..ကိုယ့် လူ သူ့ ဘက်သား ဖြစ်သွားတာတွေ...သစ္စာဖောက်မှုတွေ...။ သူ ရေးထားတဲ့ နှစ်ပေါင်း (၅၀)လွန်ပြီး...နှစ်ပေါင်း (၆၀)ကျော်လာတာတောင်...တိုင်းပြည်ကားမငြိမ်းချမ်းသေး...။ သွေးချောင်းစီးဆဲ...။

လေထီး ဦးအုန်းမောင် လည်း ကွယ်လွန် သွားရှာပြီ။ သူ မြင်တွေ့ လို သော ငြိမ်းချမ်းသော တိုင်းပြည်ဖြစ်မလာ သေး..။ တနေ့ထက် တနေ့ ပိုဆိုး လာသလို ဖြစ်ရပ် တွေကြောင့်....စိတ်ဓါတ် တွေ အချဉ် ပေါက်စ ပြုလာ နေပြီ...။ ဒါပေမယ့်...သမိုင်းထဲက ကြယ်ပွင့်များက..တိုင်းပြည်အတွက် သေသည် အထိ သူတို့ လုပ်နိုင်သမျှ တာဝန် ကျေ သွားကြတာတွေ ကိုတွေ့ ရတော့...ကိုယ့်စိတ် ကို ပြန် အားတင်း မိ ပြန်တယ်...။

ဟော...မကြာသေးခင်က ကွယ်လွန် သွားတဲ့ တိုးတက်ရေး သခင်အုန်းမြင့်..။ သူသည်လဲ အသက်(၉၀)ကျော် ကွယ်လွန် ခါနီး အထိ သူ စွမ်းဆောင် နိုင်သမျှ တိုင်းပြည် အရေးအခင်း တိုင်းမှာ တာဝန်ကျေခဲ့သလို အသက်(၈၀) ကျော် အထိ ဖမ်းဆီး နှိပ်စက် ခြင်းကို ခံခဲ့ ရတာတောင် အလံမလှဲ ခဲ့သူ...။
-

သခင်အုန်းမြင့်
လွတ်လပ်ရေး ရပြီး ကတည်းက သူတို့ အားလုံးဟာ တိုင်းသူ ပြည်သား တွေနဲ့ အတူ ပြည်တွင်း ငြိမ်းချမ်းရေး ကို လှိုက်လှိုက်လှဲလှဲ လို လားခဲ့ ကြတယ်...။ ကြိုးပမ်း ခဲ့ ကြတယ်...။ သူတို့ ရဲ့  ရှေ့ ကနေ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တသက်လုံး ဆောင်ရွက် ကြိုးစား သွားခဲ့တဲ့ ဆရာကြီး သခင် ကိုယ်တော် မှိုင်း...။..ကိုယ့် ကိုယ် ကျိုး ထက် တိုင်းပြည် ကောင်းကျိုး ကို မျှော်မှန်းပြီး စွန့်လွှတ် အနစ်နာ ခံ သွားကြသော သမိုင်းထဲမှ ကြယ်ပွင့်များ.....။

ထင်ထင် ရှားရှား ရှိသလို အညတြ မထင်မရှား ကြယ်ပွင့်များ...။
သူတို့ သမိုင်းကို သူတို့ အကောင်းဆုံး မှုန်း ခြယ်သွား ကြသူများ....။
သမိုင်းကောင်းကင် မှ ပြိုးပြက် တောက်ပ နေကြသော ကြယ်ပွင့် များကို လှမ်းမျှော်ရင်း.. သူတို့ အားလုံးဟာ...တိုင်းပြည် ကောင်းကျိုး ကိုသာ ရှေးရှုပြီး ကိုယ် တာဝန် ကို ကိုယ် စွမ်းသမျှ ထမ်းဆောင်သွား ကြတာ ပါလား...။
သူတို့ ရခဲ့သော ဆုလာဘ် များကား တောခို ရ ခြင်းများ သူပုန် ထ ခြင်း များ...။အချင်းချင်း ပြန် တိုက်ခိုက်ရသော တိုက်ပွဲ များ...။ ထောင်ဒဏ် များ..။ ကျွန်းဒဏ် များ...။ အသက်စတေး ကျဆုံးခြင်းများ..။ သာမန် ဆင်းရဲ ချို့ တဲ့စွာ ရိုးရိုးသားသား ဘ၀ကို ဖြတ်သန်း သွားကြသူများ....။ ဒါပေမယ့် သူတို့ ဒူးမထောက် ..လက်မမြှောက် ခဲ့ ကြ...။ ကိုယ် ရပ်တည်သော ..ကိုယ့် ခြေထောက် ကို ကိုယ် သစ္စာ မဖောက်ကြ...။

သူတို့ ကို သမိုင်း ကြယ်ပွင့်များ အနေ မှ နောက်တမျိုး မြင်ကြည့်မိပြန်တယ်...။

သမိုင်းသဲပွင့်များ....
သူတို့ မျှော်မှန်း လိုလားသော...တိုင်းပြည် အနာဂတ် တည်ဆောက်ရေး တွင်..အလွန်. အသုံးကျသော ..သဲပွင့် များ အဖြစ်..တတပ် တအား ဖြည့်ဆည်း သွားကြ တာ ပင်..။ ဒီလို..သမိုင်း သဲပွင့် များကို နီးကပ် တိုးဝင် ခံစား ကြည့်ရင်း မှ ရလာသော အတွေးတစ ကတော့... သူတို့တွေဟာ..တိုင်းပြည် အတွက် လိုအပ် လာ လို့သူတို့. ပခုံးပေါ် ကျလာတဲ့ သမိုင်းပေး တာဝန်များကို...ဘယ်တော့မှ .. မသွေဖယ်..တစိုက်မတ်မတ် ထမ်းဆောင်ရင်း.. သူတို့ ရောက်လိုတဲ့ ပန်းတိုင်ကို မရောက်သေးရ ကောင်းလား လို့ စိတ်ပျက် အားလျော့ ဖြစ်မနေဘဲ ..အစွမ်းကုန် ဖြည့်ဆည်း ကြရင်း.. နှောင်းလူ တို့ ကို လမ်းပြသွား ခဲ့ လေပြီ...။ ။


Share/Bookmark

Internet Sensation

ဘလော့ဂ် မှာ ပို့စ် အသစ် မတင် မိ တာ ကြာသွား ပေ ပြီ။

အခု က.. အင်တာနက် ပေါ် တက်လိုက် ပြီ ဆိုတာ နဲ့.. စာ အ၀င်အထွက် အရင်စစ်.. စာဖတ်ခန်းကြီး ( google reader ) ပေါ်.. ကလစ် လျှောက် ထောက် ရင်း.. အမြန် အမြန် ဖတ်စရာရှိတာ ဖတ်.. ။ နောက် ခဏ နေ တော့.. မျက်နှာဘုတ်အုပ် ကြည့်.. ။ ပွစိ ထိုး နေ သော.. မျက်နှာ စာအုပ် ကိုလည်း..အဟောင်းတွေ ထိ မလှန် နေ ဖြစ်တော့.. တမျက်နှာ စာ ပေါ်လာ သလောက်.. လျှောက် ကြည့် ..။ ပြောနေ ဆိုနေကြ သူများ ဆီ မှာ.. နောက်စရာ ပြောင်စရာ တွေ့ရင်.. လက် ကို မောက်စ် ပေါ် က..အသာဆင်း..ကီးဘုတ် ပေါ် မှာ.. နည်းနည်း လျှောက်.. ခေါက် လိုက်...။

ကလောက်..တောက်..တောက်..ဒေါက်

လည်နေ ကျ..ဘလော့ဂါ တွေ ကလည်း..တော်တော်များများ.. မျက်နှာ စာအုပ် ပေါ်မှာ လှုပ်ရှား နေ ကြ တော့.. တအိမ် ဆီ လိုက် နှုတ်ဆက် နေစရာ မလို တော့ဘူး..။ ဈေးထဲ သွားလိုက် ရင်..အကုန်တွေ့ သလို ဖြစ်နေတာ..။


အလွယ်ဆုံး.. နှုတ်ဆက် အသိအမှတ် ပြုခြင်း ဖြစ်တဲ့.. ( Like ) ကလေး တွေ.. လေးငါး ဆယ်ခု လိုက်..လိုက်...။

တစ်...တစ်...တစ်...တစ်... .....တစ်..

အတော် အဆင်ပြေ သော.. like ဖြစ်ပေ၏။


အင်တာနက် sensation ကို တတ်နိုင်သမျှ လျှော့ချ နေ တာ တောင်.. မကုန် ဘူး ဆို.. တနေ့ကို.. (--) (--) နာရီ လောက်..။ ( အမှန် ကို ပြောလို့ မဖြစ်..း)

တခါ တလေ ဆို.. ဟိုး..ငယ်ငယ် တုန်းက လို.. (အဲ.) ...ဘလော့ဂ် ရေးစ တုန်းကလို မျိုး.. မဟုတ်တော့..။ ကိုယ့်ဘလော့ဂ် တောင်..တနေ့ တခေါက်..လောက် ပဲ.. နောက်ကြောင်း အေး ရုံ လောက် သွားစစ် မိ တော့ တဲ့ အထိ..။

တနေ့က တော့.. တယောက် လာပြီး.. ကိုယ့် ပို့စ် အဟောင်း တခု ကို.. တခြား ဘလော့ တခု မှာ.. ဘာမှ မပြောပဲ ..ဒီအတိုင်း ကြီး ယူ တင်ထား တယ် လို့.. အသိပေး လာပါရော...။

သွား ကြည့်တော့.. အဲဒီ ဘလော့ဂ် က လည်း..ကိုယ့် နဲ့.. လူခြင်း မခင်..မသိ ကြပေမဲ့..ဒီလိုပဲ..အင်တာနက် ပေါ်.. စာတွေ ဖတ်ရင်း... စိတ်ဝင်စားမူ စုဆုံရာ .. အာရုံ တူ ရာ.. အပြန်အလှန် အသိ အမှတ် ပြု ထား ကြတဲ့.. အသံတိတ် မိတ်ဆွေ ဘလော့ဂ် ဖြစ်နေ လေ တယ်။

ကိုယ် ရေး ခဲ့ တဲ့.. Mogkok Blues တို့ ဘာတို့ ဆို လည်း.. ပြန် ဝေမျှ..အသိအမှတ် ပြု ပေးတဲ့ အတွက်.. ကျေးဇူးတင်.. လေးစား ရ တဲ့.. ဘလော့ဂ် ။ ဒီ တခါ တော့..ဘာဖြစ် လို့.. မူရင်း နေရာ ကို မဖော်ပြ ပေး တာလည်း မသိ လို့.. စိတ်ထဲ တွေးစရာ ဖြစ် နေခဲ့ တယ်။

အဲဒါ နဲ့.. အဲဒီ ဘလော့ဂ် မှာ လည်း .. ယောင်တောင် ပေါင် တောင်.. သွား နှုတ်ဆက် ရင်း.. ဖဘ မှာ လည်း.. ဘယ်သူ များ..အကြံ ပေး နိုင် မလည်း လို့.. အသံ ပေး လိုက် တယ်။ ချက်ခြင်း ဆိုသလိုပဲ.. အဖြေ ပေါ် သွား တာ.. ဖဘ ကျေးဇူး ပဲ ပြောရ မလား...။

အဲဒီ စာလေးက.. လွန်ခဲ့တဲ့ တနှစ်ကျော် က.. ရေးခဲ့တဲ့.. မွေးနေ့ ၆၄ ဆိုတဲ့ ခေါင်းစဉ် နဲ့... Oxford က..ဒေါ်အောင်ဆန်းစုကြည် နေခဲ့ ဘူးတဲ့.. အိမ်လေး ဆီ သွားကြည့် ခဲ့တဲ့.. အကြောင်း လေးပါ..။ ပုံလေး တွေ ဝေေ၀ ဆာဆာ နဲ့ မို့... .. စိတ်ဝင်တစား ဝေမျှ ကြရင်း.. လက်ဆင့်ကမ်း စာ တွေ နဲ့ အတူ.. တပိုင်း တစ ပြတ်ပြီး... မျော ပါ နေခဲ့ ပုံ ရ ပါတယ်။ အခုန ပြောတဲ့..ဘလော့ဂ် က လည်း..ဒီ စာ အပိုင်းအစ လေး ဟာ..ကိုယ့်ဘလော့ဂ် ကမှန်း.. မသိလိုက် ဘူး ဖြစ်သွား တယ် တဲ့။ သူ တို့ မိတ်ဆွေ တယောက် ရဲ့ အမျိုးသမီး.. အောက်စ်ဖို့ဒ် မှာ ပညာသွား သင်ခွင့် ရ တဲ့ အကြောင်း.. ၀မ်းသာ ဂုဏ်ပြု ကြရင်း.. မေးလ် တွေ နဲ့ အတူ..ညပ် ပါ လာ တာ ဖြစ် နေ လေ တယ်။ အဲဒီ တော့ မှ.. အားလုံး ရှင်းသွား တော့ တယ်။

ဟိုး အပေါ်က.. စကား ကို ပြန် ဆက် ရရင်.. ဒီ အင်တာနက် စားသုံးမူ ခေတ် ကြီး ထဲ မှာ.. အရာ အားလုံးက..ဖန်မျှင် အလင်းတန်း ထဲ.. 10101010 တွေ နဲ့.. အခိုးအငွေ့ တွေ ဖြစ်ပြီး... လေ ထက်တောင် ပေါ့ပါး လျင်မြန်စွာ..စီးဆင်း နေကြ တာ ကလား..။ နောက် .. အဲဒီ အင်တာနက် ကြီး က.. သင်ကြားပေး ပြန် တဲ့...“ ဝေမျှခြင်း” ဆိုပြီး.. ရှဲ ယဉ်ကျေးမူ က လည်း ထွန်းကား နေပြန် တာ က..တချက်..။ ရှဲ ရတာ လည်း လွယ် ကူ လိုက် သမှ လေ..။ တကူး တက ကူးယူ နေစရာ မလို အောင် တောင်.. စာ မျက်နှာ တွေ ရဲ့ အောက်မှာ.. ရှဲ ဖို့ ခလုတ် မျိုးစုံ အရန်သင့် ။ ကြိုက်တဲ့ နည်း နဲ့ ရှဲ လို့ ရတယ်။ အဆင်ပြေ သလို..လိုက် လို့ ရ တယ်။ ကလစ် လေး တချက် ပဲ...။ everything is within a click away ပါပဲ။ ရှဲ တာရော..လိုက်တာ ရော..ကောင်းတဲ့ အပြုအမူ တွေ ချည်း မို့.. အဲဒီလောက် ..အကောင်း တွေ.. ပေါများ ဖောင်းပွ နေတဲ့.. ခေတ်ကြီး ထဲမှာ.. လူဖြစ်ရ တာ.. ကံကောင်း ခြင်း တမျိုး ပါပဲ လေ..။


ပြီးတော့...အဲဒီလို...ဖောင်းပွ လွယ်ကူ နေတဲ့.. သတင်း အချက်အလက် တွေ ကြားထဲ မှာ.. ကိုယ်ရေး တဲ့ စာလေး တွေ.. အခုတ်တရ မျောပါ ခွင့် ရ နေ တာကို ပဲ.. ၀မ်းသာ ကျေနပ် ရ မှာပါ..။

ကိုယ့် ဘလော့ဂ် က စာ တွေ ထဲမှာ..စိတ်ဝင် တစား ကူးယူ ဖော်ပြ ကြတဲ့..တခြား စာ ၂ ပုဒ် ကတော့.. မူရင်း အကြောင်းအရာ ကို က..စိတ်ဝင်စား ဖို့ ကောင်းနေတဲ့... ရတနာ နတ်မယ် အကြောင်း နဲ့.. သီပေါ စော်ဘွား စ၀်ကြာဆိုင် အကြောင်း လေး တွေ ပါ။ စ၀်ကြာဆိုင် အကြောင်း ပါတဲ့.. Twilight over Burma စာအုပ် အမြည်း လေး အကြောင်း ကတော့... ကိုယ့် အီးမေးလ် ထဲ ကို တောင်... ခဏ ခဏ.. မျက်စိ လည် ပြီး.. ပြန်ပြန်.. ရောက် လာ နေ သေး တုန်း ပါပဲ..။ ဘလော့ဂ် စာ ဆိုတာမျိုးကလည်း..ဟို မရောက်..ဒီ မရောက် ... လို ဖြစ်နေ တော့... တခါတလေ လည်း.. လူမသိ..သူမသိ.. လျှောက် မျော ပါ သွား နိုင် နေတာ ပါပဲ..။

အမှန် အတိုင်း ပြောရ ရင် တော့.. အဲဒီ အတွက်.. ဘယ်လို မှ လည်း ထူးပြီး.. မခံစား ဖြစ် တော့ ပါဘူး။ ကိုယ် ရေးချင် ပြောချင် တာလေး တွေ ကို..လျင်လျင်မြန်မြန် တင်ပြ နိုင် ပြီး.. ( Share ) ရှဲ ယဉ်ကျေးမူ ကြီး ထဲ မှာ.. အလွယ် လိုက် (Like ) လို့ ရ နေတာ ကိုပဲ.. အင်တာ (Net) နတ်မင်း ကြီး ကို ကျေးဇူး တင်ရ မှာပါ..။


အောက်ခြေမှတ်စု - ဘလော့ ဖုန်ခါ ရင်း.. အခွင့်သင့်တုန်း...စာအဟောင်း လေး တွေ ပြန် ဖော်ထုပ် လိုက် တာပါ.... စာတွေက..ကဘောက်တိ ကဘောက်ချာ ဖြစ်နေရင်တော့.. ဘလော့ဂင်း အစစ် လို့ မှတ်ပေတော့..ခေါင်းစဉ် လည်း ကြုံသလို ပေးလိုက်တယ်။
( အောက်ခြေ မှတ်စု ထဲ့တာ ကတော့.. မမကွန် စတိုင်... )း)


Share/Bookmark

ငါးခေါင်းဟင်း-ဘဲအရိုးပျောက်အစာသွပ် နဲ့ မွေးနေ့ လက်ဆောင်

တလောက... ဒန်ပေါက်ချက် နည်း ရှာ ရင်း.. အချက်အပြုတ်..အစားအသောက် ဘလော့ တွေ ဆီ ရောက်သွား ခဲ့ သည်။ အတော့် ကို စိတ်ချမ်းသာ စရာ ကောင်းသော.. ဘလော့ဂ် များပါပေ..။

လုလု တို့ ရှင်မင်း တို့ ဘလော့ဂ် လေး တွေ က...အတော် အစော တည်းက..လူသိများ ပြီးသား မို့.. ရောက်ဖူး နေပေမဲ့.. အဲဒီ နေ့က.. လင့် တွေ က..တဆင့် တဆင့် လျှောက်သွား ရင်း နဲ့...တော်တော့် ကို စုံသွားတာ.. တညနေ လုံး.. မထတမ်း ကို.. ၀င်းဒိုး အိတင်း နဲ့ ကွတ်ကင် (windown eating / window cooking) လုပ် ပြစ် လိုက် မိတော့တယ်။ မိန်းမ တော်တော်များများ သိပါတယ်။ ချက်နည်းပြုတ်နည်း.. တွေ..ပုံတွေ ကြည့်ပြီး..စိတ်ထဲ မှာ ချက်စား ရတာ ... သိုးမွေးထိုး ပုံစံ စာအုပ်တွေ ကြည့်ပြီး..စိတ်ကူး နဲ့..တမျိုး ပြီး တမျိုး ထိုး ရ တာ..ဘယ်လောက် အရသာ ရှိ တယ် ဆိုတာ..။ စိတ် နဲ့ ဆိုတော့.. အများကြီး လည်း ပြီးတာပေါ့..။ လှ ကလည်း လှ မှ လှ.. စားလို့က လည်း ကောင်း.. ဆို သလို..။


ဓါတ်ပုံ တွေ ကလည်း ကောင်း ဆိုရင်တော့. ပြောစရာ ကို မလို တော့ဘူး။ ကိုယ်တို့ တွေ တော်တော် များများ လည်း.. စားစရာ လေး တွေ..ချက်ပြုတ် ပြီး..လှနေရင်.. ဓါတ်ပုံ ရိုက်ပြီး.. တယောက် ယောက် ကို ပြ ချင် နေ ရောလေ....ဟုတ်တယ် မလား..။ ဘလော့ဂ် ရှိရင် ရှိ.. မဟုတ်လည်း.. ဖေ့စ်ဘွတ်ခ် မှာ.. တင် ကြ.. မစားရ ညှော်ခံ ကြ နဲ့... ဘာမှ တော့ လည်း မဟုတ်ပေ မဲ့..ပျော်စရာ လေး တွေ ..။


ပြန် စဉ်းစား ကြည့် တော့....လွန်ခဲ့တဲ့..၃ နှစ်ကျော်..ဘလော့ စ ဖွင့် တဲ့အချိန် .. ကိုယ့် လက်လှုပ် လိုက်သမျှ.. ကွန်ပြူတာ..မျက်နှာပြင် မှာ..ပေါ်လာ တဲ့.. ဘလော့ လေး ကို ကြည့်ရင်း...ဘာတွေ ရေး ရင်..ကောင်းမလဲ..ဘာတွေ တင်ရင် မကောင်းမလဲ ဆိုပြီး..ရင်တွေ ခုန် ခဲ့ တာ လေ..။ တကယ်ပါ..။ အရိုးသား ဆုံး နဲ့.. စိတ်အလှုပ်ရှား ဆုံး အချိန် လေး တွေ ပဲ...။ အဲဒီလို နဲ့.. ကွန်ပြူတာ ထဲ ရိုက် သိမ်း ထား တဲ့.. အစားအသောက် ပုံလေး တချို့ တင် ဖြစ်ခဲ့ သေး တယ်။ နောက်တော့.. အခါ အားလျော် စွာ.. အစားအသောက် အကြောင်း လေးတွေ ရေး ဖြစ် ခဲ့ ပေမဲ့.. အခု.. သေချာ ပြန်ပြီး.. ကိုယ့်ဘလော့ ရဲ့.. ခေါင်းစဉ် တွေ ကြည့်တော့.. food အောက်မှာ..၄ ပုဒ် လားပဲ ရှိ တယ် ..။


တကယ် က .. အစားအသောက် အချက် အပြုတ် လောက်.. လူတိုင်း ကို..စွဲ ဆောင် နိုင်တာ..ဘာမှ မရှိ ဘူးလို့ ပြောရင် ပိုမယ် မထင်ဘူး..။ ဟုတ်တယ်လေ... နိုင်ငံရေး သမား တွေ လည်း အစား ကြိုက်.. မင်းသား မင်းသမီး တွေ လည်း အစားကြိုက်.. အမှိုက်ပုံ ပေါ်က..ကလေး တွေ လည်း အစား ကြိုက် ကြ တာပဲ..မဟုတ်လား..။ ဒါပေမဲ့.. ရိုးရိုး ကြိုက် တာ ထက် ပိုပြီး.. အနုပညာ တခု လို.. ဖြေဖျော်မူ တခု လို ဖြစ် လာ နေ တဲ့.. အကြောင်း.. Times မဂ္ဂဇင်း တခု မှာ ဖတ်လိုက် ရ တယ်။ Pop culture တခု လို ဖြစ် လာ နေ တဲ့.. အချက်အပြုတ် အစီ အစဉ် တွေ

အကြောင်း.. ခေတ် တခု ခြင်း စီ ကနေ.. ဆွဲ ထုတ် ပြ ထားတာ..။ နေ့ တိုင်း လည်း..တီဗီ ဖွင့် လိုက်ရင်.. အစားအသောက် နဲ့ပတ်သတ် တာ တခု ခု ကတော့..တလိုင်းလိုင်း မှာ လာနေတာ ပဲ..။ အစားအသောက် ချက်နည်း လုပ်နည်း တွေက.. pop ဖြစ်လာ တော့.. chef တွေ လည်း celebrity တွေ လို ဖြစ်လာ ကြ တော့ တာပေါ့..။

Iron chef ... celebrity chef .. top chef... pop chef...။ ဟော.. တလောက.. အော်ဇီ မှာ..အကြီး အကျယ် ပေါက်သွားတာ .. master chef ..။


ညနေ တိုင် ၇ နာရီ ခွဲ ရင်.. လူတိုင်း လိုလို လုပ်လက်စ တွေ ပြစ်ပြီး.. တီဗီ ရှေ့ ရောက် ကြ ရတယ် လို့ တောင်.. အမွှန်းတင် ရေး ကြ တယ်။ လူတိုင်း ဟုတ် မဟုတ် တော့ မသိ.. ကိုယ်လည်း.. နောက်ပိုင်း အစီအစဉ် တွေ ကို.. စိတ်ဝင် တစား ကို ကြည့် ဖြစ်တယ်။ အစမ်း ရွေး ထားတဲ့..လူ ၂၅ ယောက် ထဲ ကနေပြီး.. တယောက် ပြီး တယောက် ထုတ် သွား တဲ့.. reality show biz တခုက.. ထင်တာ ထက် ကို.. ဟစ် တွေ ထိ ပြီး..ပေါက်သွား ခဲ့ တယ်။ အမလေး.. သူတို့ လုပ် မှ.. တကယ့်... ဒိုင်လူကြီး.. chef ကြီး တွေ ကို ကြည့် ရတာ.. နပိုလီယံ တို့ ဟစ်တလာ တို့.. ဘုရင့်နောင် တို့ လား အောက်မေ့ ရ တယ်။ အော် လိုက်..ငေါက် လိုက်.. ကြိမ်း လိုက်..မောင်း လိုက်.. ။ သူတို့ မို့.. ပြိုင်ပွဲ ခန်းမ ထဲ ၀င်လာ ရင်.. ငတိ တွေ မှာ..ငြိမ်လို့...။ တယောက် က များ.. မျက်လုံး တချက် ၀င့်ကြည့် လိုက် ပြီ ဆိုရင်.. ပြို တော့ မလို..မျက်နှာ တွေ နဲ့...။ ငို တဲ့ သူ က..ငို.. ရီ တဲ့သူ ကရီ.. ။ ကြည့်လို့ တော့..ကောင်း နေတာ ပါပဲ..။ ထူးဆန်းတာက.. ကိုယ့် ထက် ပို..အစားအသောက် ၀ါသနာ ပါတဲ့.. အမျိုးသားက.. အဲဒီ အစီ အစဉ် ကို မကြိုက်ဘူး တဲ့..။ “ ဘာလဲ..အစားအသောက် လုပ်စား တာများ..ပျော်ပျော် ရွှင်ရွှင် မရှိဘူး... ဖြစ်ပျက် နေ လိုက် ကြတာ.. ” တဲ့..။ ဟုတ်တော့ လည်း

ဟုတ် သား.. တခါတလေ stress test ဆိုတာ ပါသေးတယ်။ stress တွေ များလို့..ဖျော်ဖြေ ရေး ကြည့် ပါတယ် ဆို မှ.. သူတို့ နဲ့ လိုက်ပြီး..ချွေးပြန် ရတာ..ရင်မောရတာ.. တကယ် မတန် ဘူး။


လပေါင်း များစွာ.. တပတ် ..၅ ရက် ပြ တဲ့..အဲဒီ အစီ အစဉ် ပြီး သွာတော့..ဗိုလ် စွဲ သွားတဲ့.. မာစတာ ရှဖ် က.. လူရွယ် ဥပဒေ ဘွဲ့ရ တယောက်..။ သူ့လို ဗိုလ် စွဲ တဲ့ သူ မပြော နဲ့.. အဆင့် ၁၀ လောက် မှာ ပြုတ်တဲ့ လူတွေ တောင်.. နာမည် တလုံး ရ.. လူသိ များပြီး..စားသောက် ဆိုင် တွေ ဖွင့် ဖို့ တာဆူ နေ တာ.. ဆိုတော့... အဲဒီ ရှေ့ နေ လည်း.. မာစတာရှဖ် ဆုကြီးကို ကိုင်ပြီး ..ဘာ ဆက်လုပ် စား မလဲ မသိပေ။ သူတို့ တွေ များ ကြည့် လိုက်ရင်.. တကယ့် ကို စတိုင် တွေ မလိုင် တွေ နဲ့.. ဆံပင်ရှည် ကြီးတွေ ကို နဖူးပြောင် နေ အောင် စည်း .. ဆံထုံး ထုံး... ရှဖ် ၀တ်စုံ အဖြူ ကို ..အပေါ် ဆုံး ကြယ်သီး ဖြုတ်..ရင်ဖုံး တခြမ်း ဟ ပြီး.. အားရ ပါးရ.. ချက် နေ တာများ.. ကီဗင် ကော့စနာ တို့.. ရပ်ဆဲလ်ခရိုး တို့.. ဘရက်ပစ် တို့ တောင်.. မေ့ တယ် .. တကယ်...။


အချက် အပြုတ် ၀ါသနာ ပါတဲ့..ကိုယ့် အိမ်က..ဆရာ လည်း.. စိတ်တွေ ပါ ပြီး..ငါလည်း..အသက်ကြီး ရင်.. home restaurant ဖွင့်မယ် လုပ်ရော..။ “ဟင်.. ဂစ်တာ ဆိုင် လည်း ဖွင့် မှာ ဆို.. ” ဆို တော့.. “ ရတယ်.. ၂ ခု လုံး လုပ်မယ် ” တဲ့..။ အကျင့် မကောင်းပုံများ..။ ( တော်ကြာ..မချစ်ကြည်အေး စားသောက်ဆိုင် နဲ့ အပြိုင် ဖြစ်နေ အုံးမယ်..)


ပြီး..ပြောသေးတယ်..။ ယူ တို့ မိန်းမ တွေ.. ဟင်းချက် တယ် ဆိုတာ.. ကိုယ့် အိမ်က..မီးဖိုချောင် တင် စိတ်ဝင်စားတာ.. ။ ဘယ် နာမယ်ကျော် ရှဖ် ကြည့် ကြည့်..ယောက်ျား ချည်း ပဲ တဲ့..။ သူက.. ကျိုးကြောင်း စိတ်ဖြာ ပြ သေးတယ်။ “ ဘယ် ဖြစ် မလဲ.. မိန်း မ တွေ..ဟင်းချက် ရင်..ဟိုဟာလေး..တို့ တိ..တို့တိ..ဒီဟာလေး တို့တိ တို့တိ.. ငါတို့ တွေက တော့..အကုန် ပြစ်ထဲ့.. ရှိသမျှ မှောက်ထဲ့ တာပဲ ” တဲ့..။ ဟုတ် လည်း ဟုတ်ပါ့.. သူတို့ ဟင်းချက် ရင်...ကြော်ပြီး သုံးပြီးသား ဆီ ဆို..လုံးဝ ပြန်မသုံး..။ အဲဒါ က..အရေး မကြီး.. ကိုယ်တွေ မှာ တော့.. စီးတဲ့ ရေ..ဆည် တဲ့ ကန်သင်း တင် မက.. ဆေးတဲ့ ပန်းကန် ပါ.. ဖြစ် နေရ တာ ကို တော့..ထဲ့ မပြော ။ သူတို့ က..ချက် ပြီး သွားရင်..မီးဖို နဲ့ ရေစင် ကို လုံးဝ ပြန် လှည့် မကြည့်တော့.. ။ ကိုယ်တွေ မှာ..ဆေးပေတော့.. ရှင်းပေတော့..။ ဘာပဲ ပြောပြော..ချက် ကျွေး တယ် ဆိုရင်ပဲ..ကျေးဇူး တင်ပါတယ်လေ...။


ကြုံတုန်း..ကြော်ငြာ ၀င် ရ ရင်တော့.. သူက.. စင်ကာပူ..ငှက်ပျောရွက် ဆိုင်က..ကုလား ငါးခေါင်းဟင်း မျိုး ကိုတော့.. ရှယ်ဗျ..။း)



ငါးခေါင်းဆရာ ရဲ့ မချက်ပြုတ်မှီ..အခင်းအကျင်း..



ကိုယ်တို့ နေ တဲ့ မြို့လေးက လည်း.. အားလုံး နဲ့ ခပ်ဝေးဝေး.. ဗမာ အစား အစာ မရှိ..ဘာမရှိ ဆို တော့ လည်း.. တခါ တရံ မှ ရတဲ့..ငါးခေါင်း ကို..မျှော် ရတာ.. အမြဲ ချက် မစား နိုင်ပါဘူး။ အဲဒီ မြေနီနီ မြို့လေး မှာပဲ.. ရှိစု မဲ့စု ဗမာ မိတ် ဆွေ လေး တွေ.. ပိတ်ရက် ဆို.. ဟိုဟာ ချက်စား..ဒီဟာ ချက်စား.. စုပြီး.. လုပ်လေ့ ရှိတယ် ပေါ့။ တရက် တော့.. ကိုယ့် ဆရာ ရဲ့ ငါးခေါင်းဟင်း ကို..အားကျ မခံ.. တခြား ဆရာ တယောက် ကလည်း..သူ့ ရဲ့.. Grandpa recipe ဆိုပီး .. လုပ်ပါ လေ ရော..။ တကယ့် ကိုပဲ..သူ့ အဘိုး က.. ဆွေစဉ် မျိုးဆက် ပေး ခဲ့ ရင်း ..သူ့ လက်ထဲ ကို ရောက်လာ တဲ့.. “ ဘဲ အရိုးပျောက် အစာသွပ် ပေါင်း ...” တဲ့ လေ..။ အတော် လည်း လက်ဝင်ပြီး.. အချိန်ကုန် တာကြောင့်..ဘယ်စားသောက် ဆိုင် မှတောင်..တင်မရောင်း နိုင် တဲ့..ဟင်းလျာ တခု လို့ ဆိုတယ်....။ သိတယ် မဟုတ်လား.. ကိုယ် က တော့.. သွားရေယို ယုံထက် မပို ပေမဲ့.. home restaurant ဖွင့်ချင် တဲ့ တယောက်က.. ဘဲ အရိုးထုတ်နည်း ကို....စိတ်ဝင်စား လို့ .. သင်ချင် ပါသတဲ့.. ။


အဲဒါ နဲ့.. တရက်တော့.. စိတ်ကူး တွေ လည်း ပေါက်တုန်း.. ဟို အကို ရဲ့..ဘဲပေါင်း အရိုးပျောက် .. သင်ခန်းစာ ကြီး..စတင် ပါတော့ တယ်။


တကယ်တော့..ဘဲလေး ခများ.. ဘာရောဂါ မှ..မရှိရှာ ပဲ.. မီးဖိုချောင်.. အော်ပရေးရှင်း သီရေတာ ထဲ မှာ.. ခွဲစိတ် ခံ ရ တာပါ..။ ဘဲဆရာ..အကို.. က..ဒီ မြို့ လေး ရဲ့ ဆေးရုံ..အရေးပေါ် ဌါန က..ဆရာဝန် ဆို တော့.. ဘဲလေး ခမျာ.. အရေးမပေါ် ချင်ပဲ.. အရေးပေါ် ခန်းထဲ ရောက် လာ ရ ရှာ တယ်။ ကြည့် အုံးလေ.. ဘဲလေးကို ခွဲ စိတ် မဲ့..ကိရိယာ တန်ဆာ ပလာ တွေ.. က..။





ဘဲ တကောင် ရယ်.. ခွဲစိတ်ခန်း သုံး ကိရိယာ တချို့ ရယ်.. အထဲကို သွပ် မဲ့ အစာ တွေ..ရယ်...။

သွပ်မဲ့ အစာ ကတော့..၀က်သား သုံးထပ်သား ဆိုတော့.. အီစိမ့် နေမဲ့ ပုံ ကို ..မြင်ယောင်သာ ကြည့်ပေတော့..။ နောက်.. ဂေါ်ရခါး သီးရယ်.. မှိုရယ်.. တောင်ဆိုင် လို့ ခေါ်တဲ့..တရုတ် ရိုးရာ အရွက် ခြောက် တခု လို့.. ဆိုတယ်။


တယောက်က.. ဘဲ ကို လုံးဝ ပုံမပျက် အောင်.. ခက်ခက်ခဲခဲ ကို အရိုးစု ကြီး တခု လုံး ကို..ခွဲစိတ်ခန်း ဓါး နဲ့ ..စိတ်ရှည် လက်ရှည်.. လှီးဖြတ် နေတဲ့.. အချိန် မှာ.. နောက် တယောက် က . စိတ်ဝင် တစား.. ဓါတ်ပုံ တွေ တဖျပ် ဖျပ် ရိုက် နေ လေ တဲ့.. အမျိုးသား ၂ယောက် ကို ကြည့် ပြီး..... အဲဒီလောက် ခက်တာ များ.. မစား ရ ရင် လည်း နေပါစေ...လို့ တွေးနေမိ တယ်...။ အင်း..ပြောသလို..မိန်းမတွေ.. မီးဖိုချောင် ၀င်တာ.. ၀ါသနာပါ လို့ မဟုတ်ဘူး ဆိုတာ.. ဟုတ် တော့ နေပါ ပြီ နော်..။ ဘဲ ဆရာ... အကို ကလဲ ပြော တယ်..။ သူတို့ မိသားစု မှာ..အဲဒီ နည်း ကို..သူ့ အဖေ က.. သင်ပေး တော့.. သူ့ အမ တွေ တယောက်မှ.. စိတ် မ၀င်စား မတတ် မြောက်ပဲ..သူ တယောက် တည်း..ရ ထား တာ တဲ့..။


.. ပထမ ဆုံး..ဘဲလေး ကို..ဇောက်ထိုး ဆွဲ ပြီး.. ဖြည်းဖြည်း ချင်း..အလယ်ရိုး ကြီးကို.. ဖော်ဖော် ပြီး..လှီး ယူ ရ တယ်..။..ဒူးစစ် တွေ နားမှာ တအား ကို လက်ဝင် တာ..။








ဒါလေးက.. ဘဲ စော် နံစေ တဲ့.. အဆီဗူး လေး.. တဲ့.. အတော် သတိ ထား ပြီး ဆွဲ ထုတ် ရ ပါတယ်။
( lymph nodes ) တမျိုး ပေါ့ လို့.. တခါ တည်း..စာပါ သင်ပေး လိုက် သေးတယ်..။



ပြီးသွားတော့.. အိတ်ကြီးလို ဖြစ်သွားတဲ့..ဘဲ ကောင် ကြီး ထဲကို.. အခုန ၀က်သား တွေ.. အစာ တွေ.. ကြိုက် သလောက် သွပ်ပေ တော့... လည်ပင်း ထိ ရောက်အောင် သွပ်..






ပြီး တော့.. အရိုးထုတ် ခဲ့တဲ့.. အပေါက် ကို.. သေချာ ပြန် ချုပ်.. လည်ပင်း ထိပ်က.. အပေါက် ကိုပါ.. ဆွဲ စိ ပြီး ပိတ် ချုပ်...





နောက်ဆုံး.. ၃ နာရီ လောက် အချိန်ယူ ပြီး..ပေါင်းအိုး နဲ့ ပေါင်းလိုက်တဲ့ အခါ.. ဟောဒီလို..စားချင် စဖွယ်.. ဘဲကောင်လုံး အရိုးပျောက်..အစာသွပ်...ရ လာ ပါတော့တယ်။




ကဲ....၀ိုင် အနီလေး တခွက်စီ.. ထဲ့ ပြီး.. ချီးယားစ် ....

သူ့ အရသာ က.. ဘဲသား ဆိုလည်း ဟုတ်..၀က်သားဆို လည်း ဟုတ်.. နူးညံ့ ပြီး..အရသာ တကယ် ထူး ပါ ပေတယ်။




ဘဲ ဆရာ ရဲ့ မိသားစု..ရန်ကုန် ပြန်နေတုန်း ဆိုတော့.. ကိုယ်တို့ သုံး ယောက် ထဲ .. ကမ္ဘာ့ ဖလား ကြည့် ရင်း.. ဘဲပေါင်း တဖဲ့ စားလိုက်.. ၀ိုင် တငုံ သောက်လိုက်..။

ကို်ယ် တို့ ၂ ယောက်က.. စားကောင်း လိုက်တာ..လို့ ပြောလိုက်.. ဘဲ ဆရာ ကလည်း.. ကျနော်..နောက်တခေါက် ထပ်လုပ် အုံးမယ် ... လို့.. ကြိမ်းဝါး လိုက် နဲ့ ပဲ.. ဘဲတကောင် လုံး.. ၃ရက် လောက် နေ မှ ကုန်သွား တော့တယ်..။



ဒီနေ့ တော့ ... မြေနီနီ မြို့လေး မှာ..ဘဲဆရာ နဲ့.. ဗမာတသိုက်.. မွေးနေ့ ပွဲကျင်းပ မယ် လို့ ပြော သည်.။ မွေးနေ့ရှင် ရဲ့ ကိုယ်တိုင် လက်ရာ... My Grandpa recipe လည်း.... မပါ မဖြစ်.. ဟင်းလျာ တပွဲ ဖြစ်ပေ လိမ့် မည် ပေါ့..။ ဒီ တခါ.. ကိုယ်က.. မြို့ တော် ရောက် နေ လို့... ဘဲအရိုးပျောက် ကို ..၀င် မ နွဲ နိုင် တော့..။


ခင်မင် နေ ကြတာ..ကြာပြီ ဖြစ်ပေ မဲ့.. ဘလော့ အကြောင်း..တခါ မှ စကား မစပ် ဖြစ် လို့.. မပြောပြ ဖြစ် တာကြောင့်.. ခု လ ပိုင်း မှ..ဒီဘလော့ ကို စ ဖတ် ဘူး တယ် ဆို တဲ့..ကိုကျော့် အတွက်... ဒီ ဘလော့ က နေ ပဲ..မွေးနေ့ လက်ဆောင် ပေးလိုက် ပါ တယ်။

Happy Birthday ပါ.. ကိုကျော်

မဖတ်ရင်..မရဘူး ..ဖတ်မှ..ရမယ် ဆိုပါတော့...း))




Share/Bookmark
Related Posts Plugin for WordPress, Blogger...
 
K