ခုတလော.. ဘလော့ဂ် လောက သားတွေ လည်း.. ဖဘ ပေါ် ပြောင်းကုန် ကြ သလား.. သုံးဖြတ် တကုံး..အလံတော် အသစ် ရဲ့ မင်္ဂလာကြက်သရေ မှာ..မှင်သက် သွားကြ သလား .. နာဂစ် ဂီရိ တွေ နဲ့.. စိတ်ပန်း လူပန်း ဖြစ်ကုန် ကြပြီလား.. ဒါမှ မဟုတ်.. ၇ ရက်နေ့ နီးလို့.. စိတ်လှုပ်ရှား.. နေ ကြ လေ သလား.. လား ပေါင်း များစွာ ကြားမှာ..သေချာ တာတော့..ဘလော့ဂ် ရွာကြီး တခု လုံး တိတ်ဆိတ် ခြောက်ကပ် နေ လေ သည်။
ဘယ်သူ တွေ ဘာပဲ ပြောပြော..ဘလော့ဂါ တွေ ကတော့.. ပျော်ရွှင်စွာ..ချစ်ခင်စွာ.. နှုတ်ခွန်း ဆက် ကြရင်း.. တဂ် ခြင်း လို့ ခေါ်တဲ့..ရေးစရာ အကြောင်းအရာ လေး တွေ ဖော်ထုပ် ကြရင်း.. တခါတလေ ..လေးလေး နက်နက်.. တခါတရံ တော့လည်း.. ပေါ့ပေါ့ ပါးပါး.. နဲ့.. ဘလော့ဂါ ပီသ ခြင် ကြ ပါသေး သည်။
ပြီးတဲ့ တပတ်က.. အီးမေးလ် ထဲကို..သူငယ်ချင်း တွေ..အဆင့်ဆင့် ပို့ ရင်း.. သီချင်းလေး တပုဒ် ရောက် လာ လေသည်။ သီချင်း နာမည် က.. “ဘူမိကျောင်းတော်သား” တဲ့။ စပ်တဲ့သူက.. တတန်းထဲသား..ကျော်ကျော်မင်း ဆိုတဲ့..သူငယ်ချင်း ပါ။ တကယ်တော့..သူနဲ့ ကျောင်းမှာ တုန်းက..သိပ်မခင်လှ.။ သူက.. အောနပ်စ် ကျောင်းသား.. စာတော် သော ၊ ...ဘူမိဗေဒ ကို.. အလေးအမြတ်ထား...သင်ယူ လေ့ကျက်သော..ကျောင်းသား တယောက်။ ပြီးတော့...ရန်ကုန် မြို့ထဲက တက်တဲ့..နေ့ကျောင်းသား။ ဥပဓိ ကောင်းကောင်း နဲ့ သပ်သပ်ရပ်ရပ် နေတတ် တာ ကိုတော့.. သတိ ထားမိ သည်။ ဂီတ ဘာညာ လိုက်စား တာ ..တီးတတ် မှုတ်တတ် တာ ကိုတော့.. field ဆင်း..ကွင်းထဲ ရောက်မှ.. သိဖူး ကြ သည်။ ကျောင်းတွေ ပြီး.. လမ်းခွဲ အသီးသီး ဆက်လျှောက် ကြ တော့ .ကျောင်းမှာ..ဆရာ လုပ်ပြီး ကျန်ခဲ့တယ် ဆိုတာပဲ.. သိ လိုက် သည်။ ပြီးခဲ့ တဲ့..လေး ငါး ခြောက် နှစ် လောက် ကတော့.. ဌါန ကနေ..ဆရာ ငယ်တွေ..အစိုးရ စကော်လာ လွှတ် ဖို့.. ယှဉ်ပြိုင် ကြ.. ရွေးချယ် ကြ တာမှာ.. သူ့ကို.. ဘာသာရေး..လူမျိုးရေး အကြောင်းပြ ချက် နဲ့.. ကန့်သတ် ခံရ လိုက် လို့.. စိတ်နာ နာ နဲ့ အလုပ်ထွက် သွားတယ် ဆိုတာ .. နောက်တော့... အပြင် မှာ.. ဂစ်တာတီး..သီချင်းဆို နေတယ် ဆိုတာ ရယ် ..ခပ်သန့်သန့် ကြားခဲ့ ရ သည်။ ခု..ဒီ သီချင်း လေး ကို.. သူ..ဘယ် နှစ် ဘယ်အချိန် လောက်က..ဘယ်လို ခံစားချက် နဲ့.. ဖန်တီး တီးခတ် ထား လဲ တော့..မသိပေ။ အဆက်အသွယ် အမြဲ ရှိတဲ့ သူငယ်ချင်း တွေ မေးကြည့် တော့ လည်း.. သူတို့ အားလုံး..ခုမှ သာ ကြားဖူး ပြီး..ဘယ်တုန်းက စပ် ခဲ့ သလဲ... ဘယ်ရာက်နေ သလဲ... မသိ ကြပေ..။
ချစ်စရာ ကောင်း တဲ့ သီချင်း လေး ကို..ဒီ အတိုင်း မထားချင် တာ နဲ့.. ရှိတဲ့ ပုံလေး တွေ နဲ့..ဗီဒီယို ကလစ် လေး လုပ်ပြီး.. အမှတ်တရ.. တင် လိုက်ပါတယ်။ အလုပ်မအား တဲ့ ကြားထဲက.. အဲဒီ ဗစ်ဖိုင် ကို..ကလိ ရတော့.. အကုန် လုပ်ပြီးမှ.. Evaluation copy ဆိုတာ ကြီး ပေါ် နေတာလဲ..ပြန် မပြင်ချင် တော့ဘူး။ software application က..အလကားပဲ သုံးနိုင်တာ ကိုး။း) ကောင်းပါတယ်။ လူပုံ တွေ ကိုလည်း..နဲနဲ လေး ကွယ်လိုက် သလို ဖြစ်သွား တာပေါ့.။ ပုံတွေ ထဲ မှာ ပါတဲ့ သူငယ်ချင်း တွေ အနေနဲ့.. သိပ်ပေါ်လွင် နေရင်.. ကြိုက်ချင် မှ ကြိုက်မှာ လေ..။
ဓါတ်ပုံ အဟောင်း တွေ ပြန်ရှာ.. စကန် ဆွဲ နဲ့.. တော်တော် တော့..အလုပ်ရှုပ်သွားသား။ မနှစ်က..စိန်ပန်း ကံ့ကော် ရေးတုန်းက.. သုံးထား ပြီးသာလေး တွေ လည်း ရှိ နေတော့..အတော်ပါပဲ..။ပုံအဟောင်းလေး တွေ ပြန်ကြည့်ရ တာ လည်း..ဘယ်လို အရသာ ရှိမှန်းကို မသိတာ။ ဓါတ်ပုံတွေက..ကြာလေ တန်ဖိုး ရှိလေ ပါပဲ...။
“ ဟယ်..အဲတုန်းက.. သူ..ပိန်ပိန်လေး နော်.. မထင်ရဘူး ...”....
“ ဟယ်တော့....အဲဒါ ကြီးက..နင်..ရီဖို့ ကောင်းလိုက်တာ ဟယ်..”
အဲဒီလို... ပျော်ရွှင် ရယ်မြူးရင်း.. အရသာ ရှိ လှ ပေ သည်။ နောက်ပြီး.. ခေတ်တခေတ် ရဲ့..၀တ်စား ဆင်ယင် ပုံ လေး တွေ ပြန်မြင် ရ တာလည်း.. စိတ်ဝင်စား စရာ တမျိုး ကောင်းသည် ။ ဓါတ်ပုံ တပုံ ကြည့်လိုက်လို့.. အ၀တ် အစား ဖက်ရှင်ကို မြင်တာ နဲ့..ဘယ်နှယ် ခုနှစ် လောက်...ဘယ်ကာလ လောက် ဆိုတာ ကို မှန်း ရ တာ လည်း.. ရုပ်ရှင်ဖွက် တမ်း..ကစား နည်း တခု လို..ပျော်စရာ ကောင်း တယ် ရော...။
ကဲ.. ဒီပုံ တွေ ကတော့.. ဖွက် စရာ မလိုပါဘူး.. အတိ အလင်း ပြောထားပြီးသား..။ ၁၉၉၄-၉၅ ကာလ များ ဆီက...။
အတော်ပဲ.. ဘလော့ဂ် ရွာ ကြီး ခြောက်ကပ် နေတုန်း.. ကစား လိုက် အုံး မည်။
တက္ကသိုလ် တုန်း က.. ဒါမှမဟုတ်..ဘ၀ တက္ကသိုလ် တုန်းက.. အဲဒီလို ပုံဟောင်း အုပ်စု ပုံလေး တွေ.. ကြည့်ချင်ပါကြောင်း.. အနည်းငယ် ၀ါးထား နိုင်ပါကြောင်း.. ကျောက်မောင်နှမ များ နဲ့ တကွ.. အောက်ပါ..ဘလော့ဂ် မိတ်ဆွေ များကို.. တဂ် လိုက်ပါသည်။ ရုပ်ရှင်ဖွက်တမ်း ..ဓါတ်ပုံ ဖွက်တမ်း ပေါ့.။
“ သူက.. ဒါပဲ ဖြစ်ရမယ်..”
“ အင်း..သူ့စာတွေ အရ ဆို..ဒီဖက် အစွန်က..ဆံပင်အရှည်လေး ဖြစ်ရမယ်.. ”
အဲဒီလို မျိုး...။
ကိုကြီးကျောက်.. ( စိတ်ပြေ လက်ပျောက်.... ကွင်းထဲက..အလန်းပုံလေး တွေ ကြည့်ချင်ပါတယ်..) ( ရေးပြီး)
ကိုအောင်သာငယ်.. ( စိတ်ပြေ လက်ပျောက်.. အဲ.. ယောင် သွားလို့..း) ( ရေးပြီး )
မမိုးချိုသင်း.. ( ဘူမိ ကွင်း ပုံလေးတွေ ထုတ်ပြပါ.. ကွင်းဆင်းတုန်းကလို့ ပြောတာ )
ကျောက်မောင်နှမ တွေထဲ.. အေးအေးဆေးဆေး ဖြေးဖြေး ခြင်း.. ဘလော့ဂ် ရေးတဲ့.. အောင်ပန်းသား.. ကိုစိုင်းမော်ခမ်း ကိုလည်း ထဲ့ စာရင်းတို့ပါ ရစေ။ ( ရေးပြီး)
ကျမ မသိသေးတဲ့.. လူတွေလည်း ရှိအုန်းမယ် ထင်ပါတယ်။
ပြီးတော့ကာ...
မမေငြိမ်း ( အတော်ပဲ.. အမ .. အတိတ်တွေဆီ ပြန်ရောက် နေတုန်း.. )
မခင်မင်းဇော်
မခင်ဦးမေ
( ဟန်းဖုန်း က ပုံတွေထက် ပို ၀ါးပစေ.. )
မအယ်ဇီ
မမီးငယ် ( ဘလော့ဂ် မရှိရင်..ရှိတဲ့နေရာကို လှမ်းတင် ပေး )း)
မသီတာ ( ရေးတုံး)
မသိဂီ င်္ နွယ်
မမွန် (သုနှင်းဆီ)
မတန်ခူး
မရွှေစင်ဦး ( ရေးပြီး)
တီတီဆွိ (ရေးပြီး)
မချစ်ကြည်အေး (ရေးပြီး)
မသက်ဝေ ( ရေးပြီး)
ပန်ဒိုရာ
မနော်
အိန္ဒြာ
ခွန်မြလှိုင် (ရေးပြီး)
မနော်ဖော
မမေဒါဝီ
မလေး ( အိမ့်ချမ်းမြေ့) (ရေးပြီး)
ကိုပီတိ ( တောင်တက်တာတွေ တင်ဖူးတယ်.. ခု..ဘလော့ဂ် မရေးတာကြာတော့.. ပြန် နှိုးပေးတာ )း) ရေးပြီး
ကလူသစ်
(ရေးပြီး)
ကိုလူထွေး
ကိုပေါ ( တလောက တည်းက ပုံတွေ တထောကြီး ပြထားပြီးသား.. မကျန်ခဲ့အောင် ထဲ့လိုက်တယ် )း)
ကိုအောင် (ရေးပြီး)
ကိုတင်မင်းထက်
ကိုချစ်ဖေ (ရေးပြီး)ဘယ်သူ တွေ ဘာပဲ ပြောပြော..ဘလော့ဂါ တွေ ကတော့.. ပျော်ရွှင်စွာ..ချစ်ခင်စွာ.. နှုတ်ခွန်း ဆက် ကြရင်း.. တဂ် ခြင်း လို့ ခေါ်တဲ့..ရေးစရာ အကြောင်းအရာ လေး တွေ ဖော်ထုပ် ကြရင်း.. တခါတလေ ..လေးလေး နက်နက်.. တခါတရံ တော့လည်း.. ပေါ့ပေါ့ ပါးပါး.. နဲ့.. ဘလော့ဂါ ပီသ ခြင် ကြ ပါသေး သည်။

အားလုံးကို... စပ်စု စိတ်ဝင်စား စွာ ဖြင့်..တဂ်ပါသည်။ တခြား စိတ်ဝင်စားတဲ့ သူတွေလည်း အများကြီး ကျန်သေးတယ်။ အထူးသဖြင့် အသက်မှန်းမရ တဲ့..လျှို့ဝှက်တတ်သူတွေပေါ့..။ ဒါပေမဲ့..သိပ်များနေမှာ စိုးလို့.... ကိုယ့် နဲ့.. ခေတ်ခြင်းသိပ်မကွာလှ ဟု ထင်သူများကိုသာ.. တဂ် လိုက်တာပါ။ ဘယ်သူတွေ ရှိအုံးမလဲ..?????
၇ ရက်နေ့ မတိုင်ခင် နော်။
၇ ရက်နေ့ မှာ.. အိမ်ထဲက.အိမ်ပြင် မထွက်ပါ... ( ကြောက်လို့ )း)
ဆက်စပ် ဖတ်ရန်-
◦