ငါက..လန့် ဖျန့် ပြီး အတောင်ခတ် လိုက် မိတာပါ..
လေမတိုက် ပဲ.. သစ်ရွက် တချို့.. ကြွေကျ သွားတယ်။
ဟိုးဖက်က.. ငှက် တဆုတ်.. အုပ်ဖွဲ့.. ပျံသန်း လာ ကြတယ်…
ဟုတ်တယ်.. ဒီလောက် အချစ်ကြီး တဲ့.. အောက်ချင်း ဖို ကို..
ငါမို့.. မေ့လျော့ ခဲ့တာ..
အတွေးတွေ နင်းကန် သောက်ထားတော့.. အိပ်ချင်မူးတူး
ဟုတ်ပါ့ကွယ်..လှပ သွယ်နွဲ့ ကြိုးကြာ လည်း မပါခဲ့…
ဇင်ယော်.. ပျံလွှား.. ကမ်းခြေတလွှား ..ဘယ်တော့မှ မနားတဲ့ ငှက်တွေ..
ဇီဝဇိုး..ဇီဇ၀ါ.. ၀ဇီရာ.. (အို).. ငါလဲ..ဇဝေဇ၀ါ တွေ ဖြစ်ကုန်ပေါ့..
သူ့ ရင်ထဲမှာ..မခံစားနိုင်သမျှ.. အံ..အံ ကျ ရင်း..
အဖိုးထိုက် တဲ့..ရင်အနာ တွေ..
ဒဏ္ဍာရီ ထဲက.. ဗျိုင်းမ လေး လို..
ကိုယ့် အတောင် ကိုယ် နှုတ်..တဘ၀ စာလုံး နာကျင် ပြီးမှ
ယက်လုပ် ရတဲ့.. အလှဆုံး ခြုံထည်.. ဘယ်သူ ဆင်မြန်း ဖို့ လဲ..
တကယ်ဆို…ငှက်ကြီး ၀န်ပို လို.. ငါက..၀န်မပို ချင်သူ..
ဝန် ဆိုသမျှ.. ဖြစ်နိုင်ရင်..ငါ့ပုခုံး တွေ တောင်.. ကျုံ့ ထားချင်တာ..
မိုးပြိုမှာ ကြောက်.. နေပေါက် မှာ..စိုး…လကြပ် တော့.. ထိတ်
တစ်တီတူး တကောင်.. ခြေ ထောက်မထား ရဲလောက်အောင်..
ထောက်..မ.. ထား တဲ့.. ပထ၀ီ မြေကြီး ကတောင်.. ဘယ်သူ ရယ်လို့ မှ မထောက်ထား ..
တကယ်ဆို.. ဘာငှက် ဆိုတဲ့.. အထောက်အထား လဲ..မလိုအပ်လှ ပါဘူး..
တကယ်ဆို.. ဘာငှက် ဆိုတဲ့.. အထောက်အထား လဲ..မလိုအပ်လှ ပါဘူး..
အိုး.. အဲဒီ လင်းဆွဲ တွေကို.. သိတာပေါ့ရှင်..
သရေခေတ္တရာ နှုတ်ခမ်း ..ဧရာဝတီ မြစ်ကမ်းပါး က.. အဲဒီ ညောင်ပင်အိုကြီး ကို
ကျမ တို့ ငယ်ငယ် က.. အခါများစွာ အံ့ ငေး ဘူးခဲ့...
နေ့အလင်းရောင် အောက်မှာ တောင်.. ကိုယ့်ကို ကိုယ် အမှောင်ချ..
လောကကြီးကို ဇောက်ထိုး မြင်ကြတဲ့.. သင်း တို့ တွေ..
လောကကြီးကို ဇောက်ထိုး မြင်ကြတဲ့.. သင်း တို့ တွေ..
ဒီ အပင်ကြီး အိုကြီးကို ..ရွှေစဉ် မျိုးဆက်.. ဘယ်ခေတ်အထိ.. ဆက် ဟီးလေးခို နေကြ လေအုံး မလဲ
အဲဒီလို နဲ့ပဲ...
ဧရာဝတီ မြစ်ရိုး တကျောက.. လှောင်ချိုင့်စံ ငှက်အပေါင်း တို့ ရေ..
ဧရာဝတီ မြစ်ရိုး တကျောက.. လှောင်ချိုင့်စံ ငှက်အပေါင်း တို့ ရေ..
တေးမသီ.. စာမဖွဲ့ နိုင်.. မင်း တို့ တွေ လည်း ..အတောင် ညောင်းနေရှာ ရော့…
ငါကတော့..စိတ်ပြေလက်ပျောက်...အတောင် ခတ် လိုက်ပါရဲ့..




