Gaddafi 's Tombstone

မိုးလင်း တာနဲ့.. ဂဒါဖီ သတင်း ကို သာ.. စိတ်ဝင်စား စွာ.. စောင့်ကြည့် နေမိသည်။

အခုန လေးပဲ..စီအန်အန် မှာ..ကုလ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး တင်သွင်းချက် တွေကို.. တိုက်ရိုက် လွှင့်သွားသည်။ အရေးကြီး တဲ့.. နိုင်ငံ တွေ ကို သာ..အပြည့်အစုံ လွှင့် ပြီး..တခြား နိုင်ငံ တွေ ပြောတဲ့ အချိန်မှာ..သတင်း သုံးသပ်ချက် ကို ပြောင်းပြီး ပြ နေသည်။ သတင်းသုံးသပ် တဲ့..အမျိုးသမီး ကတော့.. UN standard လို့.. စကားကို ခံ ပြော သည်။ ဘန်ကီမွန်း ခမျာ လည်း.. အချိန် ကြာလေ..လူတွေ ပို သေ လိမ့်မယ် လို့..လောဆော ရှာ သော်လည်း.. UN standard is UN standard မို့.. ဘာများ တတ်နိုင် အုံး မှာ လည်း..။ ပြီးတော့..မြန်မြန် လုပ်တော့ ရော ဘာထူး မှာ မို့ လည်း..လူတွေကို ၀င်ပြီး ကယ်မှာ မှ မဟုတ်တာ.. ကဒါဖီ ရဲ့ အိမ်ပေါ် ကို.. ဟိုတခါ တုန်းကလို.. ဗုံးကျဲ မှာ မှ မဟုတ်တာ..။ ပိတ်ဆို့ အရေးယူ မူ လောက် ကတော့.. အာဏာ ရှင် တွေ အတွက်.. ပုရွက်ဆိတ် ကိုက်သလောက် ပင်..။ ပုရွက်ဆိတ် အကြီးစား ကြီး တွေ ..အုံ နဲ့ ကျင်း နဲ့ ၀ိုင်းမ ကိုက် နိုင် သရွှေ့ တော့.. လက်နဲ့ သပ်ချ ယုံ သာ.. တချို့ အရင်းရှင် ပုရွက်ဆိတ် ကုမ္ပဏီ ကြီး တွေကို.. စီးပွားရေး ရေနံ ဓါတ်ငွေ့ ဈေးကွက် နဲ့ အနံ့ ပေး..အစာချ လိုက်ယုံ သာ..။


အိန္ဒိယ က.. ICC မှာ တင် ရ မည် လို့ ထောက်ခံ ပြောသွားသည်။ တရုတ် ကြီး ကတော့..အစည်းအဝေး အာဂျန်ဒါ တွေ ထဲ ကို.. နာရီ အတော်ကြာ နောက်ကျမှ ၀င်ရောက် လာ သည် တဲ့..။ ထုံးစံ အတိုင်း.. တိုင်းပြည် အေးချမ်း ငြိမ်သက် ရေး ဆို တဲ့.. စကားလုံး ဖက် ကနေ ဇောင်းပေး ပြီး..ဝေ့လည် ကြောင်ပတ် ပြောသွားသည်။ တော်ပါသေး တယ်..။ ပိတ်ဆို့ အရေးယူ မူ ကို မကန့်ကွက်ပေ လို့ သာ။  အမေရိကန် ကိုယ်စားလှယ် က တဆင့်..အိုဘားမား ပေး တဲ့..သတင်း စကား ကို တော့..သဘော ကျ မိသည်။ ကဒါဖီ အစိုးရ အုပ်ချုပ်ရေး သည် တရားဝင်မူ မရှိ တော့.. ဆင်းကို ပေးရမည် တဲ့..။

တဖက် မှာတော့..မြို့တော် ထရီပိုလီ မှာ.. လစ်ဗျား လမ်းစဉ်လူငယ် တွေ..ကြံ့ဖွတ် တွေ..စွမ်းအားရှင် တွေ.. လမ်းပေါ် ထွက် လာ နိုင် ပြီ။ စိတ် မကောင်း…။ လူပေါင်း တထောင်ကျော် ရဲ့ အသက်တွေ..အလဟသ မဖြစ်ပါ စေ နဲ့..။ သေဆုံးသူ တွေ ကို ကြေကွဲစွာ သဂြိုဟ် နေ ကြ သည်။

ဘီဘီစီ သတင်းထောက် ကို တော့.. စောင့်ကြပ် မူ တွေ နဲ့ အတူ..လမ်းမ ပေါ် မှာ.. သတင်းယူ ခွင့် ပေး သည်။  နိုင်ငံ ခြားသားတွေ.. အထုပ်ပိုက် ပြီး.ပြန်ကုန် ကြ တဲ့ အထဲ မှာ...ရေနံ ကုမ္ပဏီ ၀န်ထမ်း တွေ.. ဘယ်လောက် များ ပါ မလဲ....။ လော့ကဘီ လေယဉ် ဗုံးခွဲ သူ.. ဆီးကြိတ် ကင်ဆာ ကြောင့် ၃ လ အတွင်း သေတော့ မည် ဆို တဲ့.. လစ်ဗျား အဘိုးကြီး .. ခုနေ ဆို ဘာတွေ လုပ် နေ မလဲ ..။ တလောလေး ကမှ.. လာ ရောက် သွားခဲ့ တဲ့..ဂေါ်ဒွင် ဘရောင်း က...လက်ရှိ ၀န်ကြီး ချုပ် မဟုတ်တော့ ပဲ.. ဘာလာ လုပ် လေ သလည်း..။ တွေးစရာ တွေ ချည်း သာ..။ အခု.. ကုလ အစည်းဝေး မှာ.. အင်္ဂလိပ် ကိုယ်စားလှယ် ထောက်ခံ တင်သွင်း သွား တဲ့.. အရေး ယူ မူ ဆို တာနဲ့  ကင်ဆာရောဂါသည် ဆိုတဲ့..လစ်ဗျား အကြမ်းဖက် သမား အဘိုးကြီး အတွက် လူသားခြင်း စာနာ ထောက်ထားမူ ဆိုတာ ကို.. ဘယ်လို ရှင်းလင်း ခွဲခြား မလည်း..။  All about is Business ပဲ လား..ဒါမှ မဟုတ်.. All about is Oil ပဲလား..။

ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး..  သည်.. အကြွင်းမဲ့ ဖြစ် မလာနိုင် သေး တာ ကို.. စိတ်မကောင်း..။ ဖြစ်ကော လာပါ ဦး မလား..။ အခြေခံ လူတန်းစား ပြည်သူ တွေ အတွက် ကတော့.. ရ ရင် ရ..မရ ရင် ချ ဖို့ ပဲ.. နည်းလမ်း ရှိ ပါ သည်။ ဒါဆို..လစ်ဗျား မှာ ပြည်တွင်းစစ် ဖြစ်လာ မည် လား..။ ဒုတိယ မြို့ တော် ဗန်ဂါဇီ နဲ့ တခြား မြို့ တွေကို သိမ်းပိုက် ထား နိုင်တဲ့.. ပြည်သူ တွေ နဲ့ အတူ.. အဆင့်မြင့်..စစ်တပ် ခေါင်းဆောင် တချို့ကို..စိတ်လှုပ်ရှား စရာ ကောင်းလှ စွာ..အားရ စရာ ကောင်းလှစွာ.. မြင်ရ သည်။ စစ်လေယဉ် တွေ ရဲ့ ဘေးက..နိုင်ငံ တော် အလံ နေရာမှာ ..တော်လှန်ရေး အလံ သစ် ကို တောင်.. ပြောင်းလဲ ဆေး ခြယ် နေ ကြ ပြီ။  ထရီပိုလီ  ကို.. ကယ်မည် ..အချိန် မဆိုင်းနေ ဘူး လို့ ဆို သည်။ ပြည်တွင်းစစ် အသွင် ကူးပြောင်းသွား ပြီး..လက်နက်..လက်နက် ချင်း ဖြစ်လာ ရင်ကော..အင်အား နည်း တဲ့.. တော်လှန်သူ များ ဖက်က.. ကမ္ဘာက… ဘယ်လို ရပ် တည် ပေး လေ  မ လဲ..။

ယူ အေ အီး မှာ တော့..ဒီရက် ထဲ.. လက်နက် ပြ ပွဲ ကြီး တခု ကျင်းပ ခဲ့ သည်။ ကမ္ဘာ့ မျက်နှာကြီး စစ်ခေါင်းဆောင် တွေ လာ တာ ကို..တီဗီ သတင်း မှာ မြင်လိုက် ရ သည်။ တချို့ တွေ ကတော့..မျက်နှာကို.. ကွယ်ထား ကြ သည်။ ဆူဒန် စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်  တွေ ကို..တရုတ် စစ်တပ် တာဝန်ရှိ သူ တစုက.. လုံခြုံရေး အဖြစ် တာဝန်ယူ ပြီး.. ပြပွဲ ကို တက်ရောက် လာ သည် တဲ့.. ။ ထူးဆန်း ပေစွ..။ အမြင်ဆန်းပေ စွ..။ မီးသွေးခဲ ရောင်..ဗိုလ်ချုပ် ကြီး တွေ ဘေးမှာ.. မြေဖြူခဲ ရောင်..စစ်ဗိုလ် ကြီးတွေက..ပြုံးလို့…။ ဒါ သည် လည်း..ဂလိုဘယ် လိုင်ဇေးရှင်း တမျိုး ဖြစ်ပေ မည်။

လူတချို့က.. လူ့ ဘောင် ကောင်းကျိုး အတွက်.. ကြိုးစား ရုန်းကန် နေ ချိန်မှာ..လူတချို့က.. လူသားခြင်း သတ်ဖြတ် ဖို့.. သေမင်းတမန် များ ကို အပတ်တကုပ် ဖန်တီး တည်ဆောက် ရောင်းဝယ် ဖောက်ကား နေ ကြသည်။

လူတချို့က..  ငြိမ်းချမ်းရေး အတွက်..တော်လှန်ရေး လုပ်နေ တဲ့ အချိန် မှာ..လူတချို့က.. ကိုယ်ကျိုးစီးပွား အတွက်..တော်လှန်ရေး ကို..အသုံး ချ နေ ကြသည်။  

လူတချို့က ..ကိုယ့်မိသားစု..ကိုယ့်ရင်သွေး တွေ အတွက်.. ဦးစားမပေး နိုင် သေး ချိန် မှာ.. လူ တချို့က.. ကိုယ့်သား..ကိုယ့် သမီး..ကိုယ့် မြေး..ကိုယ့်ချွေးမ .. ..ပါ မကျန် ..ချမ်းသာ ကြွယ်ဝ ရေး အတွက် ကို သာ.. ရှေ့ရှု စဉ်းစား စုဆောင်း လုယက် အနိုင်ကျင့် သောင်းကျန်း နေ ကြ သည်။

လူတချို့က..အမှန်တရား အတွက်..အသက် နဲ့ ရင်းပြီး.. မကြောက် မရွံ့ လုပ်ဆောင် နေတဲ့ အချိန် မှာ..လူ တချို့ ကတော့.. မမှန်မှန်း သိရက် နဲ့တောင်.. ကိုယ်ကျိုးလေး တခု ကြောင့် ကြောက်ရွံ့ မူ တွေ ထဲ မှာ.. နစ်သထက် နစ်..။ ကိုယ့်သိက္ခာ ကိုယ် ထိုးချ ပြ.. ကိုယ့်သေတွင်း ကိုယ် တူးဆွ ပြ နေ ကြတဲ့ သူ တွေ.. အနှံ့ အပြား..။

အခု ပြော ချင် တာ က.. ဂဒါဖီ ကြီး မှာ လည်း အဲဒီလို အကြောက်တရား နဲ့.. လက်သပ် မွေး ထား တဲ့..နောက်လိုက် အောက်ဆွဲ..ကျေးတော်မျိုး..ကျွန်တော်မျိုး တွေ ဘယ်လောက် တောင် ရှိနေ ခဲ့ လို့ .. အနှစ် ၄၀ ကျော် အောင် မိုက်ခဲစိန် သရဖူ ကို ဆောင်း နိုင် ခဲ့ ပြီး.. သတင်း တွေ က ပြောသလို.. unrepentant  နောင်တ ဘယ်တော့မှ မရ တဲ့.. လူမိုက်ကြီး ကဒါဖီ ဘ၀ နဲ့.. ရပ်တည် နေ နိုင် ခဲ့ တယ် ဆိုတာ ပါ..။
-
လွန်ခဲ့ တဲ့..၂ နှစ် ကျော် လောက်က.. သြစတြေလျ ဂျာနယ်လစ်..သတင်းထောက် George Negus ရဲ့ .. SBB ရုပ်သံ Date Line အစီအစဉ် မှာ.. ကြည့်လိုက်ရ တဲ့.. မှတ်မှတ် ထင်ထင်.. အံ့ဝင် ပြုံးချင် ခဲ့ ရတဲ့.. တွေ့ဆုံ မေးမြန်း ခန်း လေး အကြောင်း ပြန်ပြီး ပြော ပြ ချင်တာ ပါ..။ SBS ၀ဘ်ဆိုဒ် မှာ ပြန်ရှာ တော့..အဆင်သင့် တွေ့ တာ နဲ့.. အခု.. ဝေမျှ လိုက် ပါတယ်။ ကမ္ဘာာကျော် အာဏာရှင် လူဆိုးကြီး နဲ့.. ခက်ခက်ခဲခဲ..အင်တာဗျူး ခဲ့ ပုံကို.. ကင်မရာ တွေ..ဆင် တာက အစ.. အစောင့်အကြပ် တွေ ရဲ့..အထပ်ထပ် စောင့်ကြပ် နေ ပုံ တွေ ပါ....အသေ အချာ ကြည့်ခဲ့ ရတဲ့..စိတ်ဝင်စားစရာ.. ဗစ် ကလေး တခု ပါ..။ အဲဒီ ထဲ မှာ မှ.. အဓိက.. ပြောချင် တာလေး က.. George ရဲ့ သတင်းသမား ကောင်း ပီသ စွာ.. အန္တရယ် ရှိ တဲ့ မေးခွန်းကို..အန္တရယ် ကောင်းကောင်း ပေးပြီး မေးနိုင် ခဲ့ တဲ့..နောက် ဆုံး ခန်း လေးပါ..။

George ရဲ့ မေးခွန်းက.. အနောက်နိုင်ငံ တွေမှာ..Tombstone အုတ်ဂူ စာတမ်း ရေးလေ့ ရှိ ကြတယ်.. တကယ်လို့သာ..ဂဒါဖီ အနေနဲ့.. ရေးရမယ် ..ရေးခွင့်ရမယ် ဆိုရင်.. နောင်လာ နောက်သား တွေကို ..ဘယ်လို ဖတ်စေ ချင် ပါ သလဲ.. တဲ့…။

အဲဒီ မေးခွန်း မဆုံးခင် မှာ ကိုပဲ.. ဘေးက..စကားပြန် ရဲ့.. ကန့်ကွက် သံ.. ထွက် လာ ပါတယ်..။ ဂဒါဖီ ကတော့..ပြုံးပြုံးကြီး နားထောင် နေတယ်။  George က..ကန့်ကွက်နေသံ ကို..ဂရုမစိုက်ပဲ.. သူ့ မေးခွန်းကို..ထပ်ဆင့် ဖြည့် ပေးလိုက် သေးတယ်..။

Gaddafi and Angels  ဆိုရင်ကော လို့.. ခပ်ပြုံးပြုံး နဲ့.. သွေးတိုးစမ်း လိုက်တယ်။

အဲဒီ အချိန် မှာ.. စကားပြန်ရဲ့  မျက်နှာ ဘယ်လောက် တောင် ပျက်..ပျာလောင် ခပ်နေ ခဲ့ သလဲ မသိ.. သူ့ ခေါင်းဆောင်ကြီး က.. ထပ်ကာ ထပ်ကာ.... မေးတော့.. အဲဒီ မေးခွန်းကို..မပြောပါရစေ နဲ့  တဲ့..။ George ကလည်း ပြုံးပြီး ထိုင်စောင့် နေတယ်..။ စကားပြန်က..ညဏ် တော့ ကောင်းသား..။ တချက် စဉ်းစားပြီးမှ.. နောင် အနှစ်တရာ ကျ ရင်.. လူ တွေက.. ဗိုလ်ချုပ်ကြီးကို ဘယ်လို ပြော ကြ မလည်း လို့.. ပြင် မေးပေးတယ် ။ ဂဒါဖီ က  မသိချင်ယောင် ဆောင်ပြီး..ယောင်ဝါးဝါး အရှက်ပြေ ပြောဟန် နဲ့ .. အခုန ..သူပြောတဲ့ အထဲ က..စကားလုံး က..တခြား တမျိုး ပါ  ကွ .. တဲ့..။  တကယ်တော့..သူ အင်္ဂလိပ်လို..ဒီလောက်တော့..ကောင်းကောင်း နားလည် မှာပါ..။

ကျုပ်က..ကျုပ်အတွက်..ဘာတခု မှ မလုပ် ခဲ့ဘူး.. အများကောင်းကျိုး အတွက်ပဲ ထမ်းရွက် ခဲ့ တာ ..လို့ ဗလုံးဗထွေး ပြောနေတဲ့..ဂဒါဖီ ရဲ့ အဖြေ က..မနေ့ တနေ့က.ကြည့်လိုက် ရ တဲ့.. သမိုင်းဝင် မိန့်ခွန်း ထက် ဘာမှ ပို မထူး ခဲ့ ပါဘူး။

အဲဒီ တော့ မှ..George က .. ဒါဆို.. Gaddafi the Servant ပေါ့ လို့..ခပ်နောက်နောက် အဆုံးသပ် လိုက်ရင်း.. မေးမြန်းခန်းလည်း ပြီး သွားတော့မှ..သက်မ ချ မိ တော့ တယ်။

ခု တော့.. လစ်ဗျား နိုင်ငံ ထဲက.. လုံးဝ မထွက် သွား ဘူး.. လစ်ဗျား မှာပဲ သေ မယ် ဆို တဲ့.. အာဏာရှင် လူဆိုး လူမိုက် ကြီး ဂဒါဖီ တယောက်..သူ့ ရဲ့.. အုတ်ဂူ မှာ ရေးထိုးထား ခဲ့ဖို့.. စကားလုံး လှလှ လေး တွေ.. တွေး နေ ပြီ လား.. ။ သူကိုယ်တိုင် ကော ရေးထိုးခွင့် ရ ပါ အုံး မလား..။

စကားပြန် ကြီး.. ပြောင်း ပြော ပေး သလို..နောင် အနှစ် ၁၀၀ မှာ..လစ်ဗျား ပြည်သူ တွေ ရဲ့..သမိုင်း မှတ်တမ်း တွေ ထဲ မှာ.. ဂဒါဖီ ဆိုတဲ့..စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဟာ..ဘာဖြစ် နေ လေ မလဲ…။

သမိုင်း ဆိုတာ ကို လိမ်လို့ ရ ခဲ့ တယ်.. ရ သေး တယ် ဆိုရင်တောင်.. ခုခေတ် မှာတော့.. အာဏာရှင်ကြီး များ ရဲ့.. Tombstone တွေ ကို..ပြည်သူ တွေ က သာ.. ရေးထိုးပေ တော့ မည်။




Share/Bookmark

ပေါက်ကရ ၃၀

ဟော..ကြည်ကြည်.. ဘယ်လို ဖြစ်လာ တာလည်း.. အမောတကော နဲ့...။

“ မောတယ်..မကေ..မောတယ်..တကယ်ကို မောတယ်..”

ကဲ..ကဲ..မောရင်.. ဂရင်းတီး လေး သောက်လိုက်.. ဒါ ဂျပန် က..ပို့ပေး ထားတာ..အူရှီ တံဆိပ် တဲ့..ဂျပန်မှာတော့..နာမယ်ကြီး ဆိုလားပဲ.. ။

တကယ်က တော့..အဲဒါ စော်ဘွားကြီး နှုတ်ခမ်းမွေး တွေ .. ရန်ကုန် က..လူကြုံပေးထားတာ ကြာပြီ..မှိုတက် ကုန် လို့..သတင်းစာ ခံ ပြီး.. နေလှန်းလိုက်ပါတယ်.. မိုးရွာ ချ တော့..သတင်းစာက..မင်အစိမ်းရောင် တွေ စွန်းကုန်တာလေ.. အသာနေ..သူက.. အကောင်းကြိုက်..ဘရန်းကြိုက် နေပါစေ..သောက်ပစေ..

ကြည်ကြည် တယောက် သူ့ရဲ့ သားရေ လည်ရှည် ဖိနပ် ကြီး ကိုတောင် မချွတ်နိုင်ပဲ.. ခုံမှာ ခြေ ပစ် လက်ပစ် ၀င်ထိုင် လိုက်သည် ။ ထိုင်နေရင်းမှ.. Gucci သားရေ ဂျက်ကက် ကြီးကို ခပ်ကြမ်းကြမ်း ဆွဲ ချွတ်လိုက်ရင်း.. Prada မျက်မှန် အမဲ ကြီးကို.. နဖူးပေါ် လှန်တင် လိုက်တယ်။ အသက် တချက် ၂ ချက် လောက် ရှု ပြီး မှ... အူရှီ ဂရင်းတီး ကို တငုံ ငုံ လိုက်တယ်။ ..အိုး..ကောင်းလိုက်တာ..အမောတွေ တောင် တ၀က် ပြေ သွားတယ်..အဲဒါ ကြောင့် ပြောတာ..ဘာပစ္စည်း သုံးသုံး..ဘရန်းပဲ သုံး.. (ဂလု..ဂလု..)  သိလား.. (ဂလု..)

အူရှီ ဂရင်းတီး ကြောင့်..အတန်ငယ် နွေးသွားပုံ ရ တယ်..။ လည်ပင်းက..Burberry အကွက် မာဖလာ ကို.. တချက် လျှော့ လိုက်ရင်း.. တတောင် လောက် အကျယ် ရှိတဲ့..LV  လက်ကိုင်အိတ် ဇစ် ကို ဆွဲ ဖွင့် လိုက်တယ်။ ဘာပြ မလို့ပါ လိမ့်...

“ ဟောသမှာ လေ..လေယဉ် လတ်မှတ် တွေ.. စလုံးကို သငယ်ချင်း တွေ နဲ့ သွားလည် ဖို့..အကုန် လုပ်ပြီးသား..ခု..သူက.. သူမပါပဲ မသွားရ ဘူးတဲ့..ရစ် နေတယ်.. ခက်တာပဲ.. ခါတိုင်းလို ဇွတ်တိုးလို့ လဲ မကောင်းဘူး..မနေ့ တနေ့ ကမှ..ဗယ်လင်တိုင်း နေ့ ဆိုပြီး..ပန်းစည်း ပို့ ထားတာ.. ဘယ်လို လုပ်ရ မလဲ..မကေ ရယ်.. မကေ လူကြီးကော..အဲလို ပဲ လားဟင်..  ”

“ အော.. အဲဒါကြောင့်လား .. နေအုံး.. ဗယ်လင်တိုင်းက..ပို့တာ ဆိုတော့.. လကုန် ဆို..၁၅ ရက်..နောက်လဆန်း.. ၁၅ ရက် နဲ့.. တလ လောက် နေရင်တော့.. ပန်းစည်း ကို မသိချင်ယောင် ဆောင် လို့ ရပါပြီ.. သွားသာ သွား.. ဒီလိုပဲ.. သူတို့က..စိတ်ဆိုး လည်း ခဏ ပါပဲ..ကိုယ်လုပ်ချင် တာ.. လုပ်သာ လုပ် ”

ကြည်ကြည်က..အဲဒါလေး တွေ တော့ မဆိုး..ဆည်းကပ် ထိုက်သူ တွေ ဆီက.. အကြံညဏ် ရယူ တတ် တာ..မင်္ဂလာ တပါး မဟုတ်လား..။ အဲဒါကြောင့်..လည်း ကောင်မလေး က..ကြီးပွားတာ..။

မျက်နှာကို ပင့်ပြီး.. ခပ်ထည် ထည်  ပြုံးလိုက်ရင်း.. “ အေး..နေပါအုံး.. စလုံး သွားရ အောင်..ဘာလုပ် မလို့တုန်း.. လည်စရာ မရှိ ၀ယ်စရာပဲ ရှိတာ ကွဲ့.... အေးလေ..ငါ့ညီမ ကလည်း လည်လည်ဝယ်ဝယ် ဆိုတော့.. အတော်ပါပဲ... နေအုံး..မဟုတ်မှ လွဲ ရော..ခု..စလုံး မှာ  ကလေး ပြိုင်ပွဲ ရှိတယ် ဆိုလားပဲ..အဲမှာ.. ကလေး  သွား ပြိုင် မလို့လား.. ”

ကြည်ကြည်က..ဘေးဘီ တချက် ကြည့် လိုက်ရင်း.. “ အို..မကေ ကလည်း..ဘယ်က ..ကလေး လည်း..မဟုတ်တာ.. အဲ..အူရှီ တီး က..သောက်လို့ ကောင်းလိုက်တာ.. ကဲ...ကျမ လည်း ပြန်လိုက်အုံးမယ်နော်.. ”

ပြောနေရင်း.. ဆိုနေရင်း.. ချက်ခြင်း ထ ပြန်သွားပြန်တဲ့ ကြည်ကြည် ကို ကြည့်ပြီး နားမလည် နိုင် ဖြစ်သွားသည်။  ငါ များ စကားမှား သွား လား မသိ...နေစမ်း..ဒီကောင်မလေး ကို.. ဖေ့စ်ဘွတ် မှာ.. သွားကြည့်မယ်..အဲဒမှာ ဆို..အပြင်မှာ လူချင်း သိတာ ထက်တောင်..ပို စုံစုံ သိရသေး ..

( ကွန်ပြူတာ ဖွင့်.. ဖေ့စ်ဘွတ် ဟုမ်းပိတ်ခ်ျ ကြီး တက်လာ... )

သေချာပါတယ်....ဟောဒီမှာ..ကြည့်
 ဘလော့ဂါ ဖေ့စ်ဘွတ်ကာ မိခင်များ သမဂ္ဂ က..ကြီးမှူး ကျင်းပ တဲ့.. ပထမ အကြိမ်မြောက်.. ကလေး ပြိုင်ပွဲ တဲ့..။ မည်သည့် နိုင်ငံ က မဆို ပါဝင် ယှဉ်ပြိုင် နိုင် သည် တဲ့..။ ဤစာမျက်နှာ တွင်.. မိမိ ကလေး အမည်..အသက်.. ထူးခြားချက် နှင့် တကွ..ကြိုက်နှစ်သက်ရာ..ဓါတ်ပုံ ၃ ပုံ တင် ၍  ပါဝင်နိုင်သည်...ဆိုပါလား..။ မှန်းစမ်း.. ဘယ်သူ တွေ တင်ထားပြီ လည်း မသိ..

အဲ..ကလူသစ် က..ဘယ်လိုဖြစ် ရှေ့ဆုံးက ဖြစ်နေတာလဲ.. သူက မေးထားသေးတယ်။ ကျနော်က..ဖခင် ဘလော့ဂါ ပါ.. ဖေ့စ်ဘွတ် လည်း ၂ ရက် တခါ..၃ ရက် တခါ..ခလေး မထိန်းရ တဲ့ အချိန် တွေ သုံးပါတယ်။ ပါဝင် ယှဉ်ပြိုင်လို့ ရ မရ သိချင်ပါတယ်။ ကျနော့် သမီး လေးက..စလုံး မှာ..အထွားဆုံး..အသန်ဆုံး ကလေး ဖြစ်ပါတယ် .... တဲ့..။

ဟော..နောက်တယောက်က.. ခွန်မြလှိုင် ပါလား...။ သူ က ခပ်တည်တည်ပဲ.. သူ့သမီးလေး ပုံအောက် မှာ..ကမ္ဘာ့ အရပ်အရှည်ဆုံး ကလေး ... တဲ့..။

ပွဲကြီးပွဲ ကောင်းမှာ..ငါ့ညီမလေး နုစံ ဘယ်ရောက် နေပါ လိမ့်...။ ဟော..တွေ့ ပြီ...။ ဗမာပြည်တွင် တပ်ဆင် ၍ ဂျပန် နိုင်ငံတွင် ထုတ်လုပ် သည် တဲ့..။ ဒါလည်း ထူးခြား တာပဲ..။

အတွေ့ အကြုံ ရှိသော ၀ါရင့် အမူဆောင် ကော်မီတီ ၀င်များ မှ.. ဆုံးဖြတ်ရွေးချယ် ၍.. ပြိုင်ပွဲ ၀င်..မိဘ များ အတွက်.. အခမဲ့.. နှီးနှော ပို့ချ ချက် များ.. နီးစပ်ရာ ဒေသ အလိုက်.. လုပ်ဆောင်မည်.. တဲ့..။ ယခု ဖေ့စ်ဘွတ် စာမျက်နှာ တွင် လည်း.. ဒေါင်းလုဒ် ကြည့် ရှု နိုင်သည် တဲ့..အာ..တော်တော် အဆင့်မြင့် တာပဲ...။

အမူဆောင် အဖွဲ့ နှင့်  ပို့ချမည့် ခေါင်းစဉ်များ-

အိမ်ရှင်နိုင်ငံ ဖြစ်သော စင်ကာပူ တွင်.. မတန်ခူး..မသီတာ ..တီတီဆွိ ( How to convince your kids to be part of your blog        &      Mom's blog is Yours )
( ပြင်ဆင်ချက်.. တီတီဆွိ မှ.. နေရပ် အပြောင်းအလဲ ကြောင့်.. သြစတြေလျ တာဝန်ခံ ဖြစ်သွား..သို့သော်.. အလုပ်ရှုပ်နေသောကြောင့်.. ပို့ချ နိုင်မည် မသေချာသေး...ဆက်လက်ကြေငြာမည်)

ဗီယက်နမ် နိုင်ငံ တွင်...မနော်ဖော... ( Preparing 10 minutes meal for your kids, while you are using internet)

ထိုင်းနိုင်ငံ တွင်..မခင်မင်းဇော်..( Negotiation with your kids to share computer)

အမေရိကန် နိုင်ငံ တွင်.. ဆရာမ မေငြိမ်း ( Should it be together with your teens in face book ) -   မှတ်ချက်.. စာပေဟောပြောပွဲ များ ရှိနေ၍ အချိန်ပေး နိုင်..မပေးနိုင် အကြောင်းမပြန်သေး..ဆက်လက်ကြေငြာမည်)

မြန်မာနိုင်ငံ အထက်ပိုင်း အတွက်.. ဒေါက်တာ ယုဝရီ ( Work, Family and Blog )

မြန်မာနိုင်ငံ အောက်ပိုင်း နှင့် ရန်ကုန် အတွက်.. စာရေးဆရာမ မနော်ဟရီ ( Let them socialize  with your blog friends )

ဂျပန် နိုင်ငံ အတွက်.. ( လစ်လပ် လျက် ရှိ )

ခေါင်းစဉ် တွေ ကတော့..စိတ်ဝင်စား စရာ တွေ ချည်းပဲ..။

“ ဒီနှစ် ပြိုင်ပွဲ တော့.. ကျနော် ကပ်လွဲ သွားပြီ ဗျာ.. အချိန်မှီ တော့ ကြိုးစားတာပဲ..း( ”
Turn on Idea က... ၀င်မဲ့  ထား ပါလား..။ အော်..ဟုတ်သား.. သူ့ခမျာ..ကလေးပုံ အထိ တောင် မစောင့် နိုင်ပဲ.. ကလေး အမေ ဗိုက်ကလေး.. တင် တင် နေ ရတာ...။ အမယ်..အောက်မှာ လည်း ..ကိုဒီဘီ တို့.. ကိုပီတိ တို့.. က.. တခဲနက် ကို လိုက်ထား ပါလား...။ ခံစားချက် တူ တယ်ပေါ့..။

နေပါအုံး.. ဒီကောင်လေး က လည်း နာမည် နဲ့ မလိုက်အောင်..အိုင်ဒီယာ ကွေးလိုက်တာ.. ဆန့် တွေး ပါအုံးတော့လား.. အကြံပေးလိုက် အုံးမှ..
“ ဟေး.. don't turn off you idea.. အသက်အငယ်ဆုံး ကလေး ဆိုပြီး.. ဗိုက် နဲ့ပဲ ၀င်ပြိုင်လိုက်.. အထူးဆန်းဆုံး ဖြစ်သွားမယ်..”

ကိုပီတိ ကတော့... ဝေးပါသေးတယ်လေ..။ တလော ကတော့..တိုးတိုးကြိတ်ကြိတ် မေး လာ သေး သည်။ သူတို့ မိဘ တွေ ကိုးကွယ် တဲ့.. ဗေဒင် နားလည် တဲ့ ဆရာတော် တပါး က...ဒီနှစ်ထဲ မှာ...ခေတ်ပြိုင် တွေ ရဲ့ မင်္ဂလာ ဆောင်တွေကို..တ၀က်..တ၀က် နှုတ်သွား ကြည့် လို့.. ခပ် ဆန်းဆန်း ဟော လိုက် သတဲ့..။ အဲဒါ နဲ့.. ကိုယ် တို့ လည်း..ခေါင်းပူ အောင် ၀ိုင်း စဉ်းစား ပေးလိုက် ရတယ်။ ကိုပီတိ ခေတ်ပြိုင် တယောက် ဖြစ်တဲ့.. ပြီတီဦး .. ၆ ခါ မင်္ဂလာ ဆောင် တာ က..စ ရည် ကြည့်လိုက် တယ်....။ နောက်.. TZA  က.. ၃ ခါ.... အဲ.. ကြားထဲ မှာ.. ZT ( ဖူးနုသစ် ) က.. တခါ ခွဲ ( ဆွမ်းကျွေး နဲ့ မင်္ဂလာပွဲ ) ဆောင်သွား လိုက်တော့.. ဒီ နှစ် ထဲ..ကိုပီ တိ အတွက်..လေးပုံ သုံးပုံ ဆိုတော့... တခေါက် အပြည့်တောင် မရ တော့ဘူး.. ။  တွက်ချက် ပြ လိုက် တော့.. အင်း..ဟုတ်တယ်နော်.. ဒါဆိုလည်း နောက်နှစ်ပေါ့ ဗျာ လို့.. အသံ တိမ်တိမ် လေး နဲ့ ပြောရှာတယ်.. စိတ်တောင် မကောင်းဘူး..။

ခဏ နေတုန်း.. မမိုးချိုသင်း တယောက် ဖေ့စ်ဘွတ်ထဲ.. ရောက်ချ လာ လိုက်တာ.. Moe Cho Thin is friend with ZZ and 20 people  တဲ့.. စာတန်းလေး ပေါ် လာတယ်။ သူ့ မှာ..တခါ တခါ တက်ရင်.. မိတ်ဆက်ခင်မင် သူ တွေ လက်ခံ ရ တာနဲ့ တင်.. အလုပ် တလုပ်လေ..။ ပြောနေရင်း..ဘုမသိ ဘမသိ နဲ့.. ကလေး အဆန်းပြိုင် ပွဲ စာမျက်နှာ ကို ရောက်လာပြီး.. ဟယ်..ကလေးလေး တွေ ချစ်ဖို့ ကောင်းလိုက်တာ.. ဆိုပြီး.. တောက်..တောက်..တောက် နဲ့  လိုက် နေ လိုက်တာ...မချစ်ကြည်အေး.. အသာ လက်တို့ ခေါ် မှ.. ရပ်သွားတယ်။ မချိုသင်း နဲ့ မချစ်ကြည် အေး.. ၂ ယောက် ငြိမ်ပြီး..ဘာတွေ တိုင်ပင် နေ လည်း တော့ မသိ....။ အတော် ကြီး ကြာတော့..ပြိုင်ပွဲ စာမျက်နှာ မှာ တက်လာ တဲ့..ပုံ ၂ပုံ ကြောင့်.. ပါးစပ် အဟောင်း သား ဖြစ်သွား မိ တော့ သည်။

မချိုသင်း ရဲ့ ပုံလေး အောက်မှာ.. အဆန်းတကာ့ အဆန်းဆုံး..နှုတ်ခမ်းမွေး နဲ့  ကလေး တဲ့...။ ဟုတ်ပါ့..နှုတ်ခမ်းမွေး တွေ မှ..အရှည် ကြီး ပဲ.... မျက်လုံးလေး ပြူးပြူး.. အနက် နဲ့ အဖြူ ကျား လေး..။ နာမယ်က..Obama တဲ့..။

မချစ်ကြည် က တော့.... ဘလော့တောင် ရှိနေပြီဖြစ် တဲ့ ကလေး တဲ့...ဆိုပြီး.. ဘလော့ လိပ်စာ နဲ့ တွဲလျက်..။ အို..ကလေးက..တော်တော် လေး တောင် ကြီး လှပြီပဲ...။ နာမယ်က.. Craton တဲ့..။


အို.. ဒါဆို..ကိုယ်လည်း ဒီအတိုင်း နေလို့ တော့ မဖြစ်ဘူး..ကလေး တယောက် တော့ အမြန်ရှာမှ...။


ခက်ဆစ်-  လိုက် = (Like in face book )
++++++++++



သူငယ်ချင်းများအား ခင်မင်စွာဖြင့် နောက်ပါသည်။ စိတ်ဆိုးသူများ ရှိ လျှင့်..စင်ကာပူ တရားရုံး မှ ဆင့်ခေါ်လိုက်ပါ။

မြန်မာ့ ရာဇ၀င် များ အရ.. ပေါက်ကရ ၈၀ ရှိသော်လည်း.. ဤစာကို ရေးသားရာတွင်.. အင်မတန် အချိန်ပေး..အင်အားစိုက်ရခြင်း..ကျမ်းကိုးကျမ်းကား များစွာ ရှာ ဖွေ ဖတ်ရှု ရခြင်းများကြောင့်..nervous breakdown ဖြစ်လုနီး ရှိသဖြင့်.. ပေါက်ကရ ၃၀ နှင့်သာ..ရပ်နားလိုက်ပါသည်။ ပေါက်ကရ ၁၀ နှင့် ပေါင်းဖတ် ပါ။  နောင်လာ နောက်သား ရေးချင်သူ များ ဆက်လက် သုတေသန ပြု လေ့လာ ရှာဖွေ ဖော်ထုပ် ကြပါ ကုန်...။း)




 


Share/Bookmark

ဖေဖော်ဝါရီ ထဲ မှာ လွတ်သွားတဲ့ ငါ

ဗယ်လန်တိုင်း နေ့ တဲ့ ..
အချစ်အကြောင်း ကဗျာစပ်မယ်..
ခက်တာက.. ကဗျာ အကြောင်း ငါက ကောင်းကောင်း မသိ
အချစ် အကြောင်းရော..???
ကောင်း - မကောင်း သိ တဲ့...ကဗျာဆရာ တွေ ကို.. ငါ လိုက် ပေါင်း မယ်..

ကိုစောဝေ ရဲ့  ဒေါင်လိုက် အချစ်ကဗျာ..ကြားဖူးလား တဲ့
ထောင်တန် တဲ့ အချစ်လေ.. ရာဇ၀င် တွင်ရစ်ပေါ့..
မောင်စိန်ဝင်း ရဲ့ ဂန္ဓ၀င် အချစ် တော့ ....ငါ မဖြစ်ဘူးထင်
ကြည်အေး တို့ ခေတ်က..အချစ်  ..စူးနစ်..မူးရစ် သတဲ့

( အို )..အချစ်နဲ့ ပတ်သတ်ရင်..ဟောဒီမှာ..ငါ့ မိတ်ဆွေစစ် တွေ ရှိပါရဲ့..
 အချစ်ကို သိပ်ချစ်တဲ့..အချစ် ကဗျာ စစ်စစ်တွေ ..
ကိုအောင်သာငယ် ရေ.. ပေါင်းချုပ်တအုပ်တော့..ထုတ်သင့် ပြီနော်..
တကယ် ချစ်စရာ ကောင်းတာက..လင်းဒီပ ရဲ့ အချစ်…
သူမို့ ချစ်တတ်ပုံ.. သူ့ကဗျာလေးတွေ စုပုံ ထားရင်..ပန်းကလေးတွေ ပြုံးနေသလို..
မေးချင်သေးတယ်..
(အချစ်)  မပါ ရင်ရော..အချစ်ကဗျာ လို့ ဆိုနိုင် မယ် ထင်သလား ..ကိုခင်အောင်အေး..
(အ)  က နေ  (ချစ်).. တရစ် ခြင်း တစစ်ခြင်း.. အချစ် ဖြစ်အောင် လုပ်တာ ..အိန္ဒြာ..
( ဟုတ်တယ်..)
သူ့ကဗျာတွေက.. တထစ် ပြီး တထစ်..အချစ်ကိုတောင် ကျော်ဖြတ် သွားပေါ့..

ပြီးတော့မှ.. မနော်ဟရီ ဆီကို သွားမယ်..
သူ့နောက်ကျောမှာ စိုက်ဝင်နေတဲ့ အချစ်.. ငါ ကြည့်ချင် သေး တယ်..
မမြင်နိုင်တာက.. ပန်ဒိုရာ ရဲ့ အချစ်..
သံကွန်ချာ..၀င်္ကဘာ စကားလုံး တွေ နဲ့..သိမ်းထုတ်ထား လိုက်ပုံ..
သူ့ နှလုံးသား ကို  .. လုံခြုံပြီပေါ့..
ကြည့်အုံး..
ငါသိတဲ့..ကဗျာဆရာတွေ..ဒါ အကုန်လား..
မဟုတ်သေးပါဘူး
ဒီလို ကဗျာ လူမူရေး ညံ့ဖျင်း ပုံ နဲ့ တော့.. ကဗျာ ကို မိတ်ဆက် လို့ မဖြစ်..
အချစ်ကို ဆို .. ပြုံး ယုံပဲ ပြုံး တော့ ...
----
----
----
 ( ဖြုန်းကနဲ ဆို...)
အို.. ငါ မုန်းလိုက်တာ..

ကဗျာ မဖြစ် လာ တဲ့.. အချစ် ကို မုန်း..
ကဗျာ မစပ်တတ် တဲ့.. ငါ့ ကို ငါ မုန်း..
ကဗျာ စပ်တတ်နေတဲ့.. အချစ်ကဗျာဆရာ တွေ ကို မုန်း..
ပြီးတော့..
မူဘာရတ် ကိုမုန်း..
လူတကာ သုံးသပ်တဲ့.. မြန်မာသတင်း တွေကို - ပိုမုန်း...
ဆန်ည်ရှင်  ကို မုန်း..
အဲဒီ အလံ ကို တင် တဲ့ သူ တွေကို - ပို မုန်း..
အခွင့်အာဏာ တွေ ကို မုန်း
အခွင့်အရေးသမား တွေကို - ပိုမုန်း..
အကယ်ဒမီ ပွဲခင်းထဲက..ရုပ်ရှင်သရုပ်ဆောင် တွေကို မုန်း..
လွှတ်တော် ပြဇာတ် ထဲက.. ရုပ်သေ သရုပ်ဆောင် တွေကို - ပို မုန်း..
တိုက်ပုံတွေကိုမုန်း..
ဓါတ်ပုံတွေ ကို မုန်း..
မမှန်တာတွေကို မုန်း
မှန် ကို ပါ မုန်း..
မြင်မြင်သမျှ.. မုန်းစရာချည်း..
မုန်းလို့ ကောင်းလိုက်ပုံ..
အခု ရေးနေတဲ့ စာကို တောင် မုန်း..
အချစ်ကဗျာ တပုဒ် မရတောင် ..အမုန်း စာ တအုပ် တော့.. ငါရေးနိုင်ပါ သေး တယ်..

ဗယ်လင်တိုင်း နေ့ ကို ..ငါ့အမုန်းတွေ နဲ့ ပဲ ဂုဏ်ပြုတော့ မယ်
နေပါဦး.. ဗယ်လင်တိုင်း ဆိုတာ ကိုက..မုန်းချင်စရာ
နေ့ တွေ ရှုပ်လှ တဲ့..ငါတို့ တိုင်းပြည်ထဲ.. ခြေရှုပ်.. ရင်ရှုပ်..စိတ်ရှုပ် စရာ
ရှုပ်လိုက်တာကွာ.. ဖေဖော်ဝါရီ ကို လည်း .. မုန်းတယ်
ဖေဖော်ဝါရီ မုန်းတဲ့ သူ ကိုပါ..  ငါ ထပ်မုန်းလိုက် တော့ မယ်





 


Share/Bookmark

ပေါက်ကရ ၁၀

အို-အသင်ဘလော့ လောက.. ငြိမ်သက်လွန်းလှ ပေ တကား...
ဟု   ငြည်းတွား ၍ မဆုံး ခင် မှာပင်.. ဘလော့ဂ် မယ်မယ် ကြီး.. မမကွန် ၏ ပို့စ် အသစ်တခု ..ဖလွတ် က နဲ တက်လာ တာကို မြင်လိုက် မိသည်။  တော်ပေသေး သည် သူ ရှိနေပေသေး လို့သာ ဟု ဆိုရမည် ။ ဘာပဲ ပြောပြော.. မှုံတိ မှုံမွှားပုံလေး များကို.. ဓါတ်မီးထိုး ပြီး ကြည့်ရင်း.. ဘာမှ ဖတ်စရာ မရှိ ၍ ဟောင်းလောင်း ချောင်ချောင် ကြီး ဖြစ်နေသော.. ဂူးဂဲလ် ရီဒါ ကြီးထဲမှာ.. တွေ့သမျှ ကို..စာလုံးပေါင်းပြီး ဖတ်နေရ တော့သည်။ 
 
ဒါနဲ့.. မယ်မယ်ကြီးက..တာဝန် ကျေသလောက်.. ဘလော့ဂ်ကုန်းကုန်းကြီး ရွှေရတု လည်း မမြင်တာ ကြာပြီ.. နေမှ ကောင်းရဲ့လား မသိ။ သက်မှ သက်သာ ရဲ့ လား မသိ..။ စိတ်တော့ မပူ လှ ပါဘူးလေ..သူလည်း သူ့ လိမ်းဆေး နဲ့ သူ ဆိုတော့...။ သြော..ပျူနိုင်ငံ က.. ဒွတ္တဘောင်မင်း ကြီး ရဲ့.. မြစ်လှေး တော်  ကိုအောင် တယောက်.. ဘလော့ဂ် ကြီး တခု လုံး မှောက်ကျ သွားလို့..ဒုက္ခလှလှ ရောက်သွား ဆို...။ အပ မှီ တာပဲ ဖြစ်မှာပါ...။ သူ့ဘလော့ဂ် မှာ သရဲ တွေ .. သမဲ တွေ များလွန်း လို့.. ဂူးဂဲလ် က တောင်..အမဲ စာရင်း ထဲ သွင်းလိုက် ရတယ် ဆိုတော့...။ ပြီးတော့ သာ..  နတ်ဆရာ ကိုလင်းထက် နဲ့ ပေါင်းပြီး.. ရပ်ကွက် ထဲ က.. အိမ်တွေ မှာ.. မဲ မဲ.. မဲ..မဲ.. နဲ့.. ညဖက် ဆို..မဲလ၀ဲယား တွေ.. တက်တက် လာ တယ် ဆိုပြီး.. သတင်း တွေ လွှင့် နေ ပြန်သည်။ သူတို့ အကြံ လောက် တော့.. ပျင်းတောင် ပျင်းသေး..။ ဒီက.. နေပြည်တော် မှာ.. အပရမ်းတစ် ဆင်းလာတာ...။ 
 
တလောက.. ဇော်ဂျီ..ယူနီကုဒ်.. မဲခွဲ လို့  ..ရပ်ကွက် ထဲ ..ရုတ်ရုတ်သဲသဲ ဖြစ် ခဲ့ တုန်း ကလည်း.. ရ.ရ.က   ဥက္ကဌ.. ကိုအန်ဒီ  ၀င်ဖြေရှင်း လိုက်တော့... ညိမ် သွား ကြတာ ပဲ မဟုတ်လား...။ သူက..အရင်.. မ.ရ.က မှာ လုပ်လာ တည်းက.. အတွေ့ အကြုံ ရှိပြီးသား.. အလုပ်လုပ်ရင်..စာရင်း ဇယား နဲ့ သမာသမတ် လည်း ရှိတော့.. အားလုံးက လက်ခံ ကြပါတယ်..။ ကိုယ်တွေ ပေး ထား ကြတဲ့.. ကြိုတင်မဲ တွေ တော့... နည်းနည်း ကို့ယို့ကားယား ဖြစ်သွား ရ တာပေါ့..။

နောက်တော့ လည်း.. ဒီ ဘလော့ဂါ နဲ့ ဒီဘလောက် ဂါ.. လေဒီ ဂါဂါ ကြိုက်ကြတာ ခြင်း အတူတူ.. ဘယ်လိုပဲ သွေးခွဲခွဲ.. မကွဲ ကြပါဘူး..။ အခု လည်း လုပ်ပြန်ပြီ..။ .. ကိုယ့်ဘလော့ဂ် ဘေးက..ဘလော့ဂ် ရောင်းရာင်း တွေရဲ့ အတွဲလိုက် ဆိုင်းဘုဒ် ကြီး တွေကို..ဖြုတ် ..ဖြုတ်..မြန်မြန် ဖြုတ် ကြ ဟဲ့..ဆို လည်း.. ဘလော့ဂ် သာ အပျက်ခံ ချင် ခံသွားမယ်.. ကိုယ်တွေ ကတော့..မဖြုတ်ရေး ချ မဖြုတ်ပဲ။

ဟဲ့..ညည်း တယောက်ပဲ..ဘလော့ဂ် မျက်နှာ တရွာထင် နေ.. ဒီဖက် မှာ လာကြည့်စမ်း..မျက်နှာတွေ မှ.. အများကြီး.. ” လို့ ဆိုလာသူ က.. ဘလော့ဂါ တဖြစ်လဲ..ကဗျာဆရာ နှစ်ဖြစ်လဲ .. ဆူရှီဆရာ သုံးဖြစ်လဲ .. 
A T N ( ခေါ်) ကိုအောင်သာငယ်.. ။ သူက တော့..ခု ..ဘလော့ဂ် ကို တကယ်ကို စွန့် လိုက် မေ့လိုက်နိုင်ပြီ ဆိုပဲ..။ ကောင်းပါလေ့..။ ဒီဘ၀ ကြီး ထဲ..စွဲလန်းစရာ တွေ များတော့..လျှော့ နိုင်တာလေး တွေ လျှော့ပေါ့ ..။ ဒါပေမဲ့..သူ့ ကြည့်ရတာ.. ဘလော့ဂ် ကို သာ မေ့လိုက်နိုင်ပေမဲ့.. အခု သူ ပြောတဲ့..မျက်နှာတွေ အများကြီး နဲ့.. ရပ်ကွက် ထဲ မလည်း .. မိုးလင်း က..မိုးချုပ်.. တကုပ်ကုပ် နဲ့.. သီချင်း တွေ ဆိုလိုက်..ကဗျာတွေ စပ်လိုက်.. လုပ်နေ ရှာတုန်း ပါပဲ လား..။ ဘလော့ဂ် တုန်းက မှ..တခါ တင် ပြီး ဆယ်ခါ လောက် ပဲ  ပြန်ပြန် ကြည့် ဖြစ် တာ. ခု..မျက်နှာ တော ထဲ မတော့..တနေ့ လုံး.. News feed  နဲ့  recent post ကို ဟိုဖက် ဒီဖက် အပြန်ပြန် အလှန်လှန် ကလစ် နေ ရ တော့ တာ ကလား.. လို့..  အတော် မောပန်း နွမ်းနယ် ခြေကုန်လက်ပန်း ကျ  နေတဲ့ အသံ နဲ့ ပြောရှာ တယ်။

ကြည့်စမ်း..သူ ပြော လို့ ..သွားကြည့် လိုက်တာ.. လက်စသတ် တော့.. န်ဒိုရာ တို့ မသက်ဝေ တို့က..ဘလော့ဂ်မှာ ငြိမ်နေတာ..လိမ္မာသွား ပြီ မှတ်ထာ.. ဘယ်ဟုတ် လို့ တုန်း.. မျက်နှာတွေ များနေ လိုက် ကြတာ..။ ၂ကျပ်ခွဲ တန် တွေ.. နဲ့.. အပြိုင် ရိုက်နေ ကြ ပုံ များ....မရေးတော့ပဲ..ရိုက်ပဲ ရိုက်တော့ မယ် တဲ့..။ သူတို့ အိမ်က လူတွေ တော့.. မလွယ်ဘူး..။ မလွယ်ဘူး ဆို..ရှိသမျှ တွေ ရိုက်နေတာ.. မီးဖိုချောင် ထဲက..ပန်ဒိုရီ သောက်ထားတဲ့ ၀ိုင်ပုလင်းခွံ တွေ တောင် မကျန်.. သူ့ မှန်တင်ခုံပေါ်က..ရေမွှေးပုလင်း ခွံ... ခဲတံ ချွန်စက် စာ တွေ အထိ... ကုန်ရော..ကုန်ရော..။
 
စင်ကာပူ တမြို့လုံး လည်း ကုန် နေ ပြီ..ပန်းခြံ တွေ တံတားတွေ..မိုဆာဖါ..မိုးပျံ ပန်းခြံ..တရုတ်ဥယျဉ်... ကုန်နေပြီ..။ မသက်ဝေ ကတော့.. ရိုက်စရာ မ၇ှိတော့ လို့..ကုတင် ပေါ်က နေ..ပက်လက်လှန်ပြီး..မျက်နှာကျက်က.. အိမ်မြှောင် တို့..မီးလုံး တို့ ကို ပါ..လိုက် ရိုက် တယ်.. အံ ရော.. အံရော..။ 
 
ပန်ဒိုရာ တို့ မသက်ဝေ တို့ ပုံ တွေ လျှောက် ကြည့် ပြီး သွား တော့.. ၁ နာရီ တောင် ကျော်နေပြီ..။ မထူးပါဘူး.. လျှောက်ပတ် လိုက် အုံးမယ်.. ရောက်တုန်း ရောက် ခိုက် ဆို ပြီး...ပတ်နေ လိုက်တာ...ဟိုတယောက်ကို သိသလိုလို.. ဒီ တယောက် တော့.. သိသားပဲ.. သူငယ်တန်း တုန်းက.. ၂ ခုံ ကျော် ထိုင်တာ.. မသိချင်အောင် ဆောင်နေမှ.. ခပ်ဝေးဝေး နေ အနား သွား ပြီး..ဟို လိုက်..ဒီ လိုက် မလုပ် နဲ့.. ။ အစ ရှိ အနောင်နောင်..  အကြွားချည်း လှိမ့်ခံ နေရမယ်.. ။ ဟယ်.. ဟို တယောက် ကတော့.. အတော် ချောသားဟ..ကျောခိုင်း ထား တဲ့ ပုံလေး ကို ၀ါးထားတာ.....။  ဟိုကြည့် ဒီကြည့်.. ဟ၀ါ ဖတ် သလို..ဒဟာ ဖတ်သလို လို နဲ့.. နာရီ ကြည့်တော့.. ကြည့်စမ်း. တော်တော် အချိန် ကုန်သွားတာပဲ..။ ခေါင်းတွေ လည်း မူး လာပြီ။

စိတ်နာနာ နဲ့.. ဟာ..ဒီ မျက်နှာ ဘုတ်အုပ်..တော်တော် အချိန်ပုပ် ဆိုပြီး.. မျက်စိ စုံမှိတ်.. စိတ်ကို ဗြိ က နဲ  ဖြဲ  ပြီး .. ဆွဲ ချ ပြစ်လိုက်ရော..။  ခု လောက် ဆို.. ဂူးဂဲလ် ရီဒါ ထဲ မှာ.. ငါ ဖတ်နေကျ..အသိပညာ ဗဟုသုတ ကြွယ်ဝ ပြည့်စုံ ကုံလုံ စေမဲ့..ပို့စ် အသစ် ကလေး တွေ နည်းနည်း များ တက်လာ မလား မသိ..။ ကွန်ပြူတာ ရှေ့က တော့..မထ ချင်သေးဘူး..။  ခုတလော..ဧရာဝတီ ဘလော့ဂ် ကလည်း.. ဖတ်ကောင်းပါတယ် ဆို မှ.. ဘာမှ ကို အသစ် မတက်ဘူး..။ ဘလော့ဂ်ကိုင် စာရေး..မောင်ဇာနည် တယောက်..အချိန်ပို လိပ်တာ တွေ များတော့..အိပ်ရေး ပျက်နေတယ် ထင်တယ်။  သူ့ ဘလော့ဂ်က.. ပေါက်ကရ ရှစ်သောင်း လေး တွေ တောင်.. မဖတ်ရတာ ကြာပြီ..။ အမယ်..သူ မအား ပေ မဲ့.. ခုတလော..သူ့ ဘော်ဒါ တယောက်.. ရေးတာ လေး တွေ လည်း ရှစ်သောင်း ရှစ်ထောင် ဖိုး လောက် တော့.. ဖတ်လို့ ပြုံးရသား..။  ဘလူးစကိုင်း တောအုပ် တဲ့...။ သူက လည်း.. တဖြစ် လဲ ဆိုပဲ..။ အရင်က..သရော်စာ အရေး ကောင်း မို့လား မသိ.. ခု တော့.. တမူ ဆန်း ပြီး..သွားရေစာ တွေ ချည်း ရေး နေ တော့တာပဲ။ ကြက်သား တုတ်ထိုး တို့ ကျွဲ တောင်ပံ တို့.. အဆန်းပဲ.. ။ တခါ မှ တောင် မစားဖူးဘူး..။ ဘီယာ တော့ တော်တော်ကုန်မယ်..။ ဘီယာ တောင် ကျန်သေးရဲ့ လား မသိ.. သူက.. အီဂျစ် သတင်း ကို ဘီယာ နဲ့ မြည်းဖို့ လုပ်နေတာ လေ..။ အခု အီဂျစ် သတင်းက.. မပြီး သေး ဘဲ.. ၃ ပတ် ထဲ ၀င်လာပြီ ဆိုတော့..ဘီယာ ဖိုး တော်တော် ထိ ပြီပေါ့..။ အင်းလေ..တခြား ဟာ နဲ့ ဆက်မြည်း မှာ ပေါ့..။


ကဲ..ကဲ..ဖတ်စရာ ကုန် သွား ပြီ...။ တော် မှ..။  
ဟော..ဖလွတ်ကနဲ မြည်သွား တယ်..။ ဘယ်သူ့ ပို့စ် အသစ် ပါလိမ့်..။ မမကွန် ကွ... ။ ဘာရမလဲ..ဖတ်ရ ချေသေး ရဲ့... ။
အမ်....nothing တဲ့..။ ဆိုးထှာ..။
 
 
( ပျင်းပျင်း နှင့် ပျော်ထား သော..မနေ့ တည်းက..ရေးထား မိ တဲ့ ပေါက်ကရ တွေ.. ဒါနဲ့ စကားမစပ်..ဘလော့ဂါ တွေ စာရေး ကြပါအုံး... ) 






Share/Bookmark

ခေတ်မှာအဆက်ရှိတယ်

 
ခေတ်အဆက်ဆက်.. 
ခေတ် ကို ဆက်လက် ကိုးကား တုန်း
ခေတ်မှာ အဆက်ရှိတယ်..

ခေတ် ရဲ့ အဆက်အစပ် တွေ ကို 
ခေတ် ခြင်း တွဲပိုး
ခေတ်မှာ အဆက်ရှိတယ်

ဒီမိုး ..ဒီရေ..ဒီလူ..တွေကြောင့်.. 
ဒီလို ဒီလောက်..ခေတ်အောက်သွားမလား
ခေတ်မှာ အဆက်ရှိတယ်...

ခေတ် အစ ခေတ်အလယ် ခေတ်အဆုံး
အရွယ်သုံးပါး စလုံး
ခေတ်က သက်လုံကောင်းတယ်

ခေတ်ဟောင်း ခေတ်နှောင်း..ခေတ်ပြောင်း
ကာလ သုံးပါး အကြောင်း
ခေတ်က..ကောင်းကောင်း သိတယ်

 ခေတ်အလျင်..ခေတ်အရွေ့..ခေတ်အကွေ့
ခေတ်နဲ့ တွေ့သူတိုင်း..
ခေတ်လှိုင်းကို ကျော်ဖြတ်..လှော်တတ် ကို ရဲရဲပြောင်း..

ခေတ်အတိုင်း..ခေတ်သမိုင်း .. ခေတ်မရိုင်းကြောင်း
ငြင်းခုံရင်း ကွဲလွဲ.. ကွဲလွဲရင်း အမြင်မတူ..
ခေတ်ပုံတူ တော့ မျိုးပွား .. ခေတ်မျိုးကွဲ ခြင်း ကိုင်းယူ…

ခေတ်သစ် ..စနစ်သစ်..ဘုရားသခင် အသစ် တို့..
တတိယမြောက် ခေတ် မှာ.. ရှင်ပြန် ထ မြောက်
ယုံကြည်သူ လက်သစ်တွေအောက်..ခေတ်ရောက်ရ ခြိမ့်..

ကွန်မြူနစ် လက်သစ်..အရင်းရှင်လက်သစ်.. နာဇီလက်သစ်..
တကယ် သစ် မသစ်..လက်ဖြန့် တိုက်စစ်တော့မှ..
မျက်နှာ ဟောင်း တွေက အတုဖြစ်....

ခေတ်အစစ် က ဖြင့်....ကျပျောက် ရစ်ပေါ့..
ကမ္ဘာ့ရွာ  ကောက်ရိုးပုံ အောက်..
တောင်းကို မှောက်..မြေကိုလှန်..
ရေဆန်မှာ မျောပါသွားတဲ့ ခေတ်..
ခေတ်ပျောက်အတွက် တိုင်ချက်ဖွင့်..
ခေတ်ပျက် က..တရားခံ
ခေတ်ပြိုင်က..လျှောက်လဲ..
ဒါ..ခေတ်ပျောက်တာ မဟုတ်
ခေတ်မှာ အဆက်ရှိတယ်..
ခေတ်အဆက်ဆက် .. 
ခေတ်ရဲ့ ဆက်ကြောင်း... စွတ်လမ်း မပြောင်းနဲ့ ..
ခေတ်ဟောင်းကို တနေ့ ပြန်ရောက်စေ့မယ်…
ခေတ်မှာ..အဆက်ရှိတယ်..






Share/Bookmark