လေးဆယ်

လေးဆယ် အတွေး


အသိနဲ့ လူလုပ်မလား
အရှိနဲ့ လူလုပ်မလား။

ကံစမ်းမဲ တပုံတပင်ထဲ ပေါက်မဲမရှိတဲ့ ကံစမ်းမဲတွေ
ကံစမ်းမဲ တပုံတပင်ထဲ လူတိုင်းပေါက်တဲ့ ကံစမ်းမဲတွေ
ငါတို့ ပေါက်/မပေါက်တဲ့ ကံစမ်းမဲဟာ ငါတို့ ရှိနေတဲ့အရာဘဲ။

နေရပ် မှား/မှန် မပြောကြေး
သေရပ် မှန်ဖို့လိုတယ်။


အတွေးခေါ် မှား/မှန် ဖို့
၁၆/၁၈နှစ်ကျော်မှ ဖြစ်မှာလား
၄၀ကျော်မှ ဘ၀ စမှာလား။


နာရီတွေက ပြောင်းတယ်
ရာသီတွေက ဟောင်းတယ်
ငါတို့ တတွေလဲ ပြောင်းတယ် ဟောင်းတယ်။


ငယ်စဉ်အရွယ် တစ်ခါလည်သားထဲ
အရိုးရင့် ကြီးမြင့်သူ သူငယ်ပြန်များထဲ
ဆုံရပ်မဲ့ ရုန်းကန်ရမှုများ
နေ့ဖို့ညစာ သမိုင်းကြောင်းမှာ။ ။


နေဆူးသစ်



ပြီးခဲ့တဲ့.. လ က..သူငယ်ချင်း နေဆူးသစ် က..သူ့ ရဲ့ ၄၀ အတွက် ထင်ပါရဲ့..။ ၄၀ အတွေး တွေ ပွားပြီး…သူငယ်ချင်း တွေ ကြား.. အီးမေးလ် နဲ့ ..ကဗျာလေး တပုဒ် လွှင့် လိုက် တယ်။ အကြောင်း ကြောင်း ကြောင့်..အတော် နောက်ကျ ပြီးမှ ..ဖတ် လိုက် ရ တော့.. တခြား..တခြား သူငယ်ချင်း များ ရဲ့.. နောက် ထား.. ပြောင်ထား.. တာ တွေ နဲ့ .. စည်စည် ကားကား ဖြစ် ပြီး နေ ပြီ ။ ထုံးစံ အတိုင်း.. လက် က မနေ နိုင် တော့ .. သူတို့ ကြားထဲ.. ၀င် .. လေးဆယ် သံ ပြစ် ပြီး..နည်းနည်း ၀င်ရိ လိုက် မိ တယ်။ အမျိုးသား ကို.. ပြောပြ တော့.. ဘာတွေ လျှောက် ပြီး သွားပြော သလဲ.. နေရာတကာ..မပါချင်နဲ့.. လို့.. ဆူပါတယ်။

ဘယ်ရမလဲ.. အသာလေး ငြိမ်နေလိုက် ပြီး.. အခု..သူ့ ရဲ့..၄၀ ပြည့် မွေးနေ့ ကျ မှ.. ကိုယ် အငြိမ် မနေ ၀င် ပါ ထားတဲ့..ကဗျာလေး နဲ့ ပဲ.. အကုန်အကျ သက်သာ တဲ့..ပေးနေကျ.. မွေးနေ့ လက်ဆောင်လေး ပေးလိုက် တယ်..။



လေးဆယ်

 
တကယ်ဆို..လေးဆယ် အတွေး ကို
လေးဆယ် ဘေးကနေ
တခြား လေးဆယ် တွေ နားလည်ဖို့ ..
စာလုံးရေ လေးဆယ် တောင် ရေးပြစရာ မလိုပါဘူး..

 
လေးလေးလံလံ နဲ့..လေးဆယ် မဆန်ကြပါနဲ့ လား
လေးဆယ် ဆိုတာ..
အစလည်း မဟုတ်..အဆုံးလည်း မနီး..
လေး လာလို့ ဆယ် ရ မဲ့... ဘ၀ အပိုင်းအခြားတခုလို့ သာ..မှတ်


လွတ်လမ်းကို တော့... မှန်းဖို့ မလို သေးဘူး ..
မလွတ်မလပ် လမ်းခုလတ် မှာသာ..
(အေး )
သားကျွေး.. မယားကျွေး ..ကားကြွေး.. တွေ မှန်ဖို့ လိုတာ..


တချို့ ..အိတ်ဖောင်း..
တချို့.. စိတ်ထောင်း

တချို့.. စိတ်ကျ ဝေဒနာ
တချို့.. သက်လတ် ပြသာနာ

တချို့.. လောဘ ဒေသနာ
တချို့ ..သောက ရင်အနာ


ခေတ်ပေါ် ရောဂါ.. ပယောဂ တွေ မျိုးစုံ ကြား
လိုက်စား မူ တွေ လမ်းမစောင်း သမျှ..
ဘ၀ ကို အလောင်းအစား ထပ်စရာ မလိုဘူး..


လောလောဆယ်ဆယ်..
လေးစား စရာ လူတွေထဲ မပါရင် ထား..
မလောက်လေး မလောက်စား..
အသောက် အစား ဖက်
အထောက်အထား အမှားတွေ သာ မပြမိစေနဲ့

အနည်းဆုံး.. မင်းကိုယ်မင်း လေးစား နိုင် ပြီဆိုရင်ပဲ...
မင်း..လေးဆယ်တန် ပြီ..သူငယ်ချင်း…

 
ကေ



၂၅ . ဇူလိုင်. မှာ.. ၄၀ တင်းတင်း ပြည့်သွားတဲ့.. အရင်းဆုံး သူငယ်ချင်း ကြီး နဲ့ တကွ.. တခြားတခြား သော..လေးဆယ် သူငယ်ချင်းများ အတွက်...
ကိုယ် ကတော့..သူတို့ ထက် အများကြီး ငယ်ပါသေးတယ်..း)





မနှစ်က လက်ဆောင်


Share/Bookmark

အတောင်တခတ် ရဲ့ အစ

တလ လောက် ဘလော့ဂ် နဲ့ ဝေး နေခဲ့ရ လို့.. ဒါလေး ကို မဖြည့်စွက် နိုင်ခဲ့ဘူး။

 ဘလော့ဂ် လေး ကို မထားခဲ့ခင်.. တရက် မှာ ပဲ.. ကဗျာ မိတ်ဆွေ တယောက် ရဲ့.. လင်းဆွဲ များ နဲ့..ကုက္ကိုပင် အို ကြီး အကြောင်း အင်္ဂလိပ် လို စပ်ထားတဲ့ ကဗျာ လေး ကို ဖတ်လိုက် ရတယ်။ အဲဒီ အချိန် မှာ.. ငှက်တွေ အကြောင်း အာရုံကျ နေတုန်း.. ကိုယ့် သောက နဲ့ ကိုယ် စိတ်တွေလည်း ရှုပ်ထွေးနေတုန်း မို့.. အတောင်တခတ်  ဆိုတဲ့ ကဗျာ လေး တပုဒ် အလိုလို ထွက် သွားခဲ့တယ်။ အဲဒါနဲ့ ကဗျာလေး ကို အမြန် တင်ပြီး တဲ့ သကာလ.. ဘလော့ဂ် လေးက နေ..တလ လောက် ဝေး သွား ခဲ့ တယ်။

အစ မရှိ..အဆုံး မရှိ.. ( အိုး..အဲဒီ လင်းဆွဲ တွေ ကို.. ကျမ သိတာပေါ့ရှင် ) လုပ်ခဲ့တဲ့ ကဗျာကို.. မေးတဲ့သူ တွေက..မေးလာ တာကြောင့်.. မူလ ဇစ်မြစ်.. အင်္ဂလိပ် ကဗျာ ကိုလည်း ဂုဏ်ပြု ပြီး  ဖော်ပြ ရင်း.. ပြန် အစဖော် လိုက်ပါတယ်။ မိတ်ဆွေ တယောက် က.. မြန်မာ ဘာသာ ပြန်ထားတာ ရှိ နေပြီ လို့ လည်း သိရ ပါတယ်။
 စကားစပ် လို့ ... အဲဒီ ကဗျာ ထဲ မှာ ပါတဲ့..လင်းဆွဲ တွေ အထောင် အသောင်း နဲ့ ကုက္ကိုပင် အို ကြီး ဟာ တကယ်ကို အပြင်မှာ ရှိပါတယ်။ သရေခေတရာ .. ပြည်မြို့ ရဲ့ မြစ်ကမ်းနဘေးက.. ထူးခြားလှ တဲ့ အဲဒီ အပင်ကြီး ( တကယ်တော့..တပင် မက ပါဘူး ) ကိုလည်း ငယ်ငယ်တည်းက..မြင်ဖူး သိဖူး နေတာ ကြောင့်.. တကယ်ပဲ .. အတိတ် တွေ ကိုလည်း လွမ်းဆွတ် သွားခဲ့ ရတာပါ။

ငယ်ငယ် က.. ပြည်ကို အလည် သွားတိုင်း.. အဲဒီ အပင်ကြီး တွေ ကို တအံ့ တသြ ဖြစ် ကြ ရ တယ်။ အပင်ကြီးက.. အကြီး...ကြီး..။ သစ်ရွက် ဆိုတာ လည်း မရှိသလောက် ။ တပင်လုံး တွဲလောင်း ချ ပြီး တိတ်ဆိတ် ငြိမ်သက် နေတဲ့ လင်းဆွဲ တွေ နဲ့သာ..မဲ မှောင် နေ တော့တယ်။ အဲဒီ အပင် အနား ကို လူတွေ ကလည်း သိပ်ကပ် မလျှောက်ကြဘူးပေါ့။ ကြမ်းပိုးတွေ ကျ တယ်လို့ ပြောကြတယ်။  ရှေ့မီ နောက်မီ တွေက ပြောတာတော့..ဂျပန်ခေတ် ကတည်း က..ဒီအတိုင်းပဲ တဲ့။ မြို့ ကြက်သရေ မရှိ လှ ပေမဲ့.. ဘယ်သူ ကမှ လဲ..ခုတ်ဖို့.. ရှင်းဖို့ ..မောင်းထုတ် ဖို့ မလုပ်ခဲ့ ကြဘူး တဲ့။ ဆေးဖက်ဝင် တယ်လို့ လဲ ဆိုကြတယ်။ ဘာရယ်တော့ သေချာ မသိပေမဲ့.. ဆန်းတော့ ဆန်းပြားတာ အမှန်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ထိ တော့..ဒီ အတိုင်းပဲ လို့.. ကြားတယ်။

လေးစား ကြည်ညို စရာ အမျိုးသမီး တယောက် နဲ့ မြန်မာ့ နိုင်ငံရေး ကို ထင်ဟပ် စပ်ဆို ထားတဲ့..အဲဒီ မူရင်း ကဗျာ ကို သေချာ ပြန်ဖတ်ရင်း..သစ်တပင် ကောင်း လို့.. ငှက်တသောင်း နားနိုင် တာလား...  ယီးလေးခို နေကြတဲ့ ငှက်တသောင်း ကြောင့်.. သစ်တပင် လုံး ..လုံးပါးပါး နေရ တာလား လို့.. အတွေးဖြာ လျက်..။




chancing upon a sagely lady in his principality
a young prince claims, if i were a tree big enough
ten thousand birds could perch on my branches
-
my son, i do not envy your mythical tree
if only i could be a wisdom tree on the bank of the irrawaddy
-
the tree houses ten thousand bats
an enormous rain-tree with bats for leaves
the roots going upward, the branches growing downwardly
-
every single day for ages and ages
the tree puts up with ten thousand upside-down views of
ten thousand bats, who are blind and deaf
-
she never flinches, she never complains
no judgement passed, no guidance delivered to the free-loading bats
nor is she moved by the awe-struck passers-by and the worshipping brats
this, my son, is the tree of peerless liberality
forbearance and austerity, she is the tree of true free gift
she is the tree of genuine metta, she is the tree of disinterested love
she is the tree i want to be, if i were a tree big enough
ten thousand bats could hang happily from my branches
-
many years later
the prince becomes the buddha, the awakened
-
the sagely lady becomes the rain-tree she wants to be
on the bank of the irrawaddy
in a town known as pyi

-
ko ko thett
26.01.11-15.06.11

ဒီကဗျာ ကို လန်ဒန် မြို့က ..ကဗျာပွဲ တခု မှာ ရွတ်ဖတ် ခဲ့တယ် လို့ သိရတယ်။


Share/Bookmark

Traumatic nightmare

She is lying on the bed. Bulks of bandages are covered layer by layer. 

First layer is inside herself.
Second layer is on her wound.
Third layer is upon her body except her face which is floating to breathe in and breathe out.

 

Still, many more layers of bandages are around but not physically anymore.


Some are as white as the wall in front of her.
Some are as dark as the night seeing through the glass window pane.
Some are as red as her blood what she saw just now.
Some are as blank as her face with nothing but only fear.

She is kept thinking ….
why she is here..
where this  illness come from..,
why didn’t she seek any second opinion…
why she needs to cut her flesh even three times without any happiness..
what  is the purpose of all these things…
which direction God wanted to go for…
how long God wanted to wait for..

what if she choose not to do this.. not to do that..
what if she not wasted her valuable time..
what if she more decisive..
what if she more assertive..
what if she more optimistic..
what if she more energetic..
what if she stop thinking about these bloody (if)s

what if.. what if..

If.. If..If…if..if..if..

GOD !   please give me strength… She murmurs herself. 
Her hands are tightly crossed over the chest and  slowly counting  her fingers  1 to 10.. 10 to 20 .. 20  to 30… until fall sleepy. But nothing was changing.  Even a smallest piece of PEACE  doesn’t come  in her mind. Everything is worry, regret, confusion, uncertainty.


Worries are so much whirling around.  Regret keep wake her up. She is totally confused with the heavy thought of It should be the last nightmare… how She could possibly doing it.. with what strength.. What motivation..What cause.

OH.. don’t want to do it again.. can’t even imagine of it.
It’s  BLOODY  ENOUGH.

++++++

The door was opened. The nurse came in to the room.  She smiled professionally and  raised the syringe technically, which is filled with 75 ml of Pethidine.

Finally, the nightmare was ended. But the trauma was left stranded.
 

( recapture of 23rd June 2011)




Share/Bookmark
Related Posts Plugin for WordPress, Blogger...
 
K