တို့ ပြည်ထောင်စု လူထု ရေ..

ဖေဖေ ရေ..


ပြီးတဲ့ အပတ် .. ဖုန်း ပြော တုန်းက.. စာအုပ် တွေ အကြောင်း ဘာမှတောင် ပြောလို့ မ၀ သေး ခင်.. ဖုံးကဒ် ကလည်း ကုန်သွား တယ် လေ။ အခု ..ဖေဖေ့ စကား တွေ ကို.. အီးမေးလ် နဲ့ ပြည့်ပြည့် စုံစုံ အေးအေး ဆေးဆေး ဖတ် ရ တော့ မှ.. တချို့ အချက် တွေ သမီး ပြန် ပြင် တွေး မိ တော့ တယ်။

ဟုတ်တယ်.. သမီး ကလည်း လေ.. အဲဒီ စာအုပ် နှစ် အုပ် ကို ဖတ် ပြီး သွား တာ နဲ့ .. အိုး.. ရင်ထဲ မှာ.. မေးခွန်း တွေ ပြည့်ကျပ် လာ လို့  .. ချက်ခြင်း ဖေ့ ကို ဖုန်း ကောက် ဆက် မိ လိုက်တာ..။

ငါ့သမီး လည်း ဖေဖေ ၆၂ ခု နှစ် လောက်က.. လူမျိုးစု အရေး တွေ အပေါ် အမြင် အသစ် တွေ ဖြစ်ရင်း.. တနုံ့ နုံ့ ဖြစ်နေတာ မျိုး.. ခု ဖြစ် နေတယ် ထင် တယ်.. လို့.. ဖေဖေ ပြောတော့.. ဖေဖေ့ မျက်နှာ ကြီး ပြုံးမဲ့မဲ့ ကြီး ဖြစ်နေ မှာ.. သမီး ဒီဖက် ကနေ.. မြင် ယောင် နေ မိတယ်။




အကြောင်း အချင်း အရာ တွေ အားလုံး က.. အဟောင်း အမြင်း တွေ ထဲက.. မထွက် နိုင် သေး ဘူး ဆိုတော့.. သမီး လည်း.. အဟောင်း တွေ ထဲ ပဲ.. ပြန် ၀င် ကြည့် ရ တော့ တာ ပေါ့..။ တကယ် တော့.. အဲဒီ စာအုပ် ကို က.. ခေါင်းစဉ် ကော.. ပုံလေး ကပါ.. တအား စိတ်ဝင် စား စရာ ကောင်း နေ လေ တော့.. ဘန်ကောက် လေဆိပ် ရောက်တုန်းက.. Asia bookstore က နေ ၀ယ် ခဲ့ လိုက်တာ ။ ဟိုး အရင် တခါ တုန်းက ဖေ့ ကို ၀ယ်ပေး ဘူး တဲ့ .. Twilight over Burma စာအုပ် လည်း.. အဲဒီ လေဆိပ် ဆိုင် က ပဲ ၀ယ်တာ လေ...။ အခု စာအုပ် လည်း..သမီး အဆင်ပြေ ရင် လူကြုံ နဲ့ ပို့ ပေး လိုက်မယ် ။ တကယ် တော့..သမိုင်း ဆိုတာ ကြီး က လည်း သင်ခန်းစာ တခု လို ဖတ်နေ ခဲ့ ရ တုံးက.. ရောတိ ရော ထွေး ရယ်.... ။ အခု လို..လူပုဂ္ဂိုလ် တွေ ရဲ့.. အဖြစ် မှန် ဇတ်ကြောင်း လေး တွေ နဲ့ တွဲ ဖတ် ရ တော့ မှ.. အရ သာ ရှိ လိုက် တာ လေ..။

တိုက်ဆိုင် ချင် တော့.. အဲဒီ The Moon Princess စာအုပ်ကို ဖတ်ပြီး သွား တဲ့ အချိန် မှာ ပဲ.. ရှမ်း မိတ် ဆွေ တယောက် လက်ဆောင် ပေး သွား ဖူး တဲ့.. Shan Conandrum စာအုပ် ကလေးက.. စာအုပ်စင် ထဲ ထိုးထဲ့ ထားမိ ရာက.. ထွက် လာ တာ..။ အဲ စာအုပ် ကို ရ တုန်း က ..သိပ် စိတ်မ၀င် စား လှ တော့.. မဖတ်ပဲ ထိုးထား လိုက် မိ တာ လေ ..။ ခုတော့ မှ.. ရှမ်း သမိုင်း တွေ ထဲ.. တခါ တည်း ပြုတ်ကျ သွား လိုက် တာ ဆိုတာ... အကြောင်း အရာ တွေ ကလည်း စိတ်ဝင် စား စရာ ကောင်း..စာရေး တဲ့ သူတွေ က လည်း ..ကိုယ် တွေ့ ခံစား ချက် တွေ ကိုယ်စီ နဲ့ ဆိုတော့.. သမီး တောင် ရှမ်းမ ချက်ခြင်း ဖြစ် သွား မိ တော့ တာပဲ..။ တကယ် ပဲ..ဖေ… မြေလတ် မှာ မွေးခဲ့ တဲ့..ဗမာ စစ်စစ် ဖေဖေ့ ရဲ့ သမီး လေ.. ရှမ်း မ လည်း ဖြစ်..ကရင်မ လည်း ဖြစ်..မွန်မ လည်း ဖြစ် သွား ပြီး တော့... တပြည်ထောင် စနစ် ကြီး နဲ့.. ဗမာ လူမျိုး ကြီးဝါဒ ဆို တာ ကြီးကို.. စိတ်ပျက် သွား လိုက် မိတာ ဆို တာလေ..။

ဖြစ်ချင် တော့.. စာအုပ် ၂ အုပ် မှာ ..ပထမ တအုပ် က.. ရှမ်းပြည် ရဲ့.. အရေး အပါ ဆုံး စော်ဘွား ကြီး လည်း ဖြစ်.. ပြည်ထောင်စု မြန်မာ နိုင်ငံ ရဲ့ ပထမ ဆုံး သမ္မတ ကြီး လည်း ဖြစ်ခဲ့ တဲ့..ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက် ရဲ့.. သမီး ကြီး .. စ၀်စန္ဒာ ရေး တဲ့ စာအုပ် ။

နောက် တအုပ်က.. စော်ဘွား စနစ် ကို မယုံကြည် တဲ့ .. တော်လှန်ရေး ကောင်စီ ရဲ့.. ပထမ ဆုံး ရှမ်းပြည် ရေးရာ ၀န်ကြီး ဖြစ် ခဲ့ တဲ့.. နမ့်ခမ်း ဦးထွန်းအေး ရဲ့.. သား အငယ်ဆုံး.. အောန်ဒရေအေး (ဦးမောင်မောင်အေး) က ရေး တဲ့ စာအုပ် ဆိုတော့.. ဘယ် လောက် ကွက်တိ ဖြစ် သွား သလည်း ။ ထွက် ထား တာ က လည်း ရှေ့ဆင့် နောက် ဆင့်..။ The Moon Princess က.. ၂၀၀၈ က.. ထွက်တယ်။ Shan Conundrum က..၂၀၁၀ မှာမှ ထွက် တာ။

တူညီ တဲ့.. မျိုးချစ်စိတ် ပေါ် မှာ အခြေခံ ထား ပေမဲ့.. မတူညီ တဲ့.. နောက်ခံ ကားချပ် နှစ်ခု ကို ဆက်စပ် ထပ် ပေါင်း ကြည့် လိုက် တော့.. ဖေဖေ ရယ်.. မြင်ကွင်း ကြီးက..ကျယ် သွား လိုက်တာ ဆိုတာ .. ။

သမီး တို့.. ဖတ်ရှု သင်ယူ ခဲ့ ရတဲ့..ဟိုးရှေးရှေး သမိုင်း တွေ ဆိုတာ.. တကယ်ပဲ..ရာဇ၀င်.. မင်း သမိုင်း ကြောင်း တွေ ချည်းပဲလား .. စစ်ပြီးခေတ် သမိုင်း ဆို တာ တွေ ကလည်း.. ဗမာ ဗားရှင်း နဲ့ ရေးထား တဲ့..ဗမာ့ သမိုင်း ကြီး တွေ ချည်း များ လား လို့ သံသယ လည်း ၀င် လာ မိ တယ်..။

စာ ထဲ မှာ ဖေဖေ ပြော ထား သလို.. ဘာမန်နိုက်ဇေးရှင်း ဆိုတာ ကြီး က.. မနူဟာ ..မွန်မင်း..ထီးနန်းကျ ပြီး ပုဂံ မှာ စစ်သုံ့ပန်း ဖြစ်ကတည်း က.. စ ခဲ့တာ ။ အဲဒီ ကတည်းက.. ဗမာ အများစု ဆီ မှာ.. အနည်း နဲ့ အများ ဆို သလို..အမြစ် တွယ် နေ ခဲ့ တယ် ဆိုတာ.. ဟုတ် နေ တာ ပဲလေ။

++ ဗမာပြည် အ၀ှမ်း ကို တို့ အိမ် မှတ်ပါ..တို့ယာ မှတ်ပါ .. အဲဒါ တို့ဗမာ+++ တဲ့..။

ဟုတ်ပါ့..ဖေဖေ ထောက်ပြ မှ..အဲဒီ သီချင်းကို သမီးတို့ ဆိုကောင်းကောင်း နဲ့ ဆိုခဲ့ ကြ တာ နော်..။

တကယ်တော့..လက်တွေ့ကျကျ သုံးသပ် ကြည့် ရင်.. လူများစု က..လူနည်းစု အပေါ်..လွှမ်းမိုး တတ်တဲ့သဘော.. အင်အားကြီး သူက..အင်အားနည်း သူ အပေါ်..အုပ်စိုး အနိုင်ယူ ချင် တဲ့ တောတွင်း ဥပဒေသ ဟာ.. ဂျော့ခ်ျ အိုဝဲလ် ရဲ့ ၀တ္ထု ထဲ မှာ တော့..ပေါ့ပေါ့ ပါးပါး နဲ့ မို့ ရီ စရာ ကောင်းချင် ကောင်း နေပါ လိမ့်မယ် ။ မြန်မာပြည် မှာ တော့.. မညီမျှ မူ တွေ နဲ့ အတူ… နာကျည်း မုန်းတီးမူ တွေ က.. သိပ်ကို နက်ရှိုင်း နေ ခဲ့ ပြီ နော် ။

ညီမျှ ဖို့ ဆိုတာ တော့ မပြော နဲ့လေ.. ။ ဓါတ်ငွေ့ ထွက်တဲ့ ရခိုင် တွေ.. မီး အိမ် ထွန်းပြီး.. အသိမ်းခံ ရတဲ့ မြေတွေ လိုက်ရှာ နေ ရ သလို..ကချင် လူမျိုးစု တွေ ရဲ့.. အသက် ဖြစ်တဲ့ မြစ်ဆုံ ဒေသ ကို..ဦးခေါင်းကနေ စပြီး.. ဖြတ် ရောင်း ကြ တော့.. ဘယ်သူ့ ဆန္ဒ နဲ့..ဘယ်သူ့ အကျိုး အတွက် တဲ့ လည်း..။ ရှမ်းပြည်နယ် က.. မိုးကုတ် ကျောက်သံ ပတ္တမြား တွေ ကို.. ဘယ်သူ တွေ ပဲ.. ရောင်း စား နေ ကြ သလည်း ဆိုတာ က ရော..။ တိုင်းရင်းသား ဒေသ စစ်ဆင်ရေး တွေ နဲ့.. နယ်မြေ ရှင်းလင်းရေး.. လူမျိုးတုန်း ၀ါဒ ဆိုတာ တွေ.. တော့.. ထဲ့ မပြော တော့ပါဘူး.. ဇတ်ရိုင်း နာ ပြီး အဟောင်း တွေ ချည်း သိပ် ထပ် ကုန် တော့ မယ်။ တော်ကြာ ပရိုပိုဆယ် တင် ဖို့ လို့ ထင်နေ အုံးမယ်း)

စာအုပ်တွေ အကြောင်း ဆက်ပြော ရ ရင်.. စ၀်စန္ဒာ ရဲ့ စာအုပ် ထဲ မှာ တော့.. နည်းနည်း ပရေသရာဇ်.. အငွေ့ လေး တွေ လွှမ်းနေ တာ .. ကိုလိုနီ စနစ် ကို တမ်းတ တာ လေး တွေ..ရှိနေပေမဲ့.. အသက် ၈၀ ကျော် အရွယ်.. ပညာတတ် အမျိုးသမီး ကြီး တယောက် အနေ နဲ့.. သူ့ ရဲ့.. အတွေ့ အမြင် သုံးသပ်ချက် တွေ ကို လည်း .. မမြင်ယောင် ပြု ထား လို့ တော့ မရ ဘူး ဖေဖေ ။

စာအုပ် ရဲ့ အဖွင့် မှာ ကို.. သူက ပြော ထားတယ် ။ အခု လက်ရှိ မြန်မာ ပြည် မှာ ရင်ဆိုင် နေ ရ တဲ့..လူမျိုးစု ပြသာနာ တွေ နိုင်ငံရေး အကြပ် အတည်း တွေကို နားလည် ဖို့ ..ဖြေရှင်း နိုင် ဖို့ အတွက် ...ဟိုး ကတည်းက.. ရှမ်း နဲ့ ဗမာ တွေ အကြား ဘယ်လောက် တောင် တွေးခေါ် လက်ခံ မူ တွေ ကွားခြား ခဲ့သလည်း ဆိုတာ တွေ ကို .. သူ ကြိုးစား ပြီး ဖော်ပြ ထား တာ ပါ တဲ့။ အင်္ဂလိပ် ကိုလိုနီ အုပ်စိုးမူ ကို တောင်.. ဗမာ တွေ က..ခါးသက် နာကျင် ခဲ့ ကြ ပေ မဲ့.. ရှမ်း တွေ နဲ့ တခြား လူမျိုးစု တွေ အတွက် တော့.. သက် သောင့် သက်သာ ရှိ ခဲ့ တယ် လို့..သူက.. ပြော ထားတယ်။ ဗမာ တွေ..အုပ်စိုး တာ ထက်တော့..သာတယ် လို့ ဆိုချင်တာ နေမယ်..။

အကြမ်းဖျင်း တော့.. သမီး တို့ လည်း အဲဒီ လို ပဲ.. နားလည် ခဲ့ ကြ တာ ပါ ပဲ ။ အထူး သဖြင့်.. ကရင် တွေ ကို..အင်္ဂလိပ် ကိုလိုနီ က.. ဘယ်လောက် လက်သပ်မွေး.. (အင်း.. ဒီ စကားလုံး ကြီးက..နည်းနည်း တဖက်သက် ဆန် မလား လို့.. ) ကြည့် ရှု ခဲ့ သလည်း ။ ဒါပေ မဲ့..ဖေဖေ ပြော သလို.. လွတ်လပ် ရေး ပေးကာ နီး မှာ.. ကရင် တွေ အရေး ကို.. အံ့သြစရာ ကောင်းလောက် အောက် လျစ်လျု ရှု ခဲ့ တယ် ဆိုတာ..။ အဲဒီ အချိန် မှာ.. အင်္ဂလိပ် ရဲ့ အခြေအနေ ကလည်း.. တကယ့် အကြပ် အတည်း တွေ နဲ့.. ဆို တော့.. အကုန် လုံး ကို ထောင့်မစေ့ နိုင် တော့ပဲ.. တချို့ ကိစ္စ တွေကို.. ဖေဖေ့ စကား အတိုင်း ဆို.. ဓနရှင် တချို့ လက်ထဲ မသိမသာ ထိုးအပ် ခဲ့ သလား မှ မသိတာ ။

စ၀်စန္ဒာ ရဲ့ အမြင် တချို့ မှာ လည်း.. အဲဒီ ခေတ်..အင်္ဂလိပ် ဖက် ယိမ်း တဲ့ ပညာတတ် လူ တန်းစား တွေ ရဲ့ အမြင် မျိုး တွေ တွေ့ ရတယ်။ ဥပမာ.. အဲဒီ အချိန် က..လေဘာ ပါတီ မှာ..ပြသာနာ ပေါင်းစုံ ရင် ဆိုင် နေ ရ ပြီး.. ကိုလိုနီ နိုင်ငံ တွေ ရဲ့ ပြသာနာ မှန်သမျှ ကိုလည်း.. မဖြေရှင်း နိုင် တော့ လို့.. အချိန် တန် ရင် အလိုအလျောက် ရ လာ နိုင် တဲ့ လွတ်လပ်ရေး ကို.. ဗမာ တွေ ဖက်က.. အစော တလျင် ပြု ခဲ့ သလား ဆို တာ မျိုး လေး တွေ ပေါ့..။ ဗိုလ်ချုပ် အောင်ဆန်း နဲ့ ပတ်သတ် လို့ လည်း.. မေးခွန်း တွေ အတော် များများ ထုတ် ထား လေ ရဲ့..။ အထူး သဖြင့်..ပင်လုံ စာချုပ် ကြီး နဲ့ ပတ်သတ် ပြီး..ဗိုလ်ချုပ် အပေါ် မှာ မချိတင်ကဲ.. အမြင်လေး တွေ ကို တွေ့ ရ တယ်။

သူ့ အဖေ စ၀်ရွှေသိုက် ကို လည်း ..ပြည်ထောင်စု သမ္မတ ကြီး သာ ဖြစ်မလာ ခဲ့ရင်..အများလေး စား ခံ ရတဲ့..ညောင်ရွှေ စော်ဘွား ကြီး တယောက် အနေ နဲ့.. ရှမ်း အရေး တွေ ကို ဒီ့ထက် ပို ပြီး စိုက်လိုက် မတ်တပ် ရှိ ခဲ့ လေ မလား ပေါ့..။ တကယ့် တကယ် သူ့ အဖေ ဟာ .. ဘာ မှ သိပ် လုပ်ကိုင်ခွင့် မရှိ လှတဲ့..ဗမာ အစိုးရ အဖွဲ့ဝင် အဖြစ် က နေ .. ပင်လုံ စာချုပ် ကြီး နဲ့ အတူ ..လျစ်လျု ရှု ခံ လိုက် ရ တဲ့.. ရှမ်း အရေး .. တောင်တန်း အရေး တွေ ကို ပြန်လှည့် ကြည့် ဖို့ လုပ်တော့ .. ၁၅ နှစ်လောက် အတွင်း မှာ.. အရာရာ ဟာ သိပ်ကို နောက်ကျ နေ ခဲ့ ပြီ ။ ဒါကိုပဲ.. ဗမာ အစိုးရ က.. ပုန်ကန် တော်လှန် မူ တခု လို့ ယူဆ ခဲ့ တာ ဖြစ် တယ် လို့.. ကောက်ချက် ချ ထား တယ်။

နေအုံး..ဖေဖေ.. ။

ဒီနေရာ မှာ တခုက.. ဖေဖေ ပြော သလို .. အင်္ဂလိပ် က အရေး လုပ်ပြီး ပြသနာ ချဲ့ နေ တဲ့ တောင်တန်းဒေသကို ဖြေရှင်း ဖို့ ပင်လုံစာ ချုပ် က.. အရေးကြီး လာ တယ် ဆိုပေမဲ့.. ဗိုလ်ချုပ်.. လန်ဒန်ကို ရောက် တော့.. ဒီက နေ ပြီး ရှမ်းစော်ဘွား တွေက.. ကြေးနန်း နဲ့ လှမ်းပြီး ကန့်ကွက် လို့.. ဒီကိစ္စ တွေ ဖြစ် လာ တာ လည်း တပိုင်း တော့ ပါမယ် ထင်တယ်။ အင်းနော်..စော်ဘွား တွေ ကလည်း.. သူတို့သမိုင်း အစဉ်အဆက် ရှိလာခဲ့ တဲ့..ပဒေသရာဇ် အုပ်ချုပ်ရေး ပုံစံ လေး ကို Federated Shan States အဖြစ် နဲ့.. ဘုရင်ခံ အောက်မှာ နေ လာ ခဲ့ တာ အသားကျ နေ ခဲ့ ပြီ ဆိုတော့.. အနည်း ဆုံး တော့.. စည်းမျဉ်းခံ ဓနသဟာယ ပုံစံ နဲ့ ပဲ ဆက်သွား ချင်မယ် ထင်တယ် လေ..။ ဒါမှ မဟုတ်..တကယ်ပဲ..ဗမာ တွေ အပေါ်.. သံသယ ကြီး ခဲ့ လေ သလား..။ ဒီနေရာ မှာ ပင်လုံ စာချုပ် အတွက်..ဗိုလ်ချုပ် ပေးခဲ့ တဲ့ ကတိ စကား လေး ကိုပဲ သဘော ကျ မိ တယ်။  တောင်တန်းသား တွေကို ဗြိတိသျှ ကျွန် လည်း မဖြစ် စေ ချင်ဘူး.. ဗမာ ကျွန်လည်း မဖြစ်စေရ ဘူး ... ဆို တာလေး လေ..။ ခက်တာက.. ဗမာ တွေ ဖက်က.. ဗိုလ်ချုပ် တယောက်ပဲ.. လက်မှတ် ထိုး ခဲ့ ပြီး.. ဗိုလ်ချုပ် သေ တော့.. ပွဲပြီး မီးသေ ဖြစ်သွား တာ လား..။ တကယ် တော့..ဖေ ရယ်.. ပင်လုံ စာချုပ် ဆိုတာ ကြီး ကလည်း..လူတွေ အခု ထိ လိုက်ရှာ နေကြ ရ တဲ့... ရတနာ မြေပုံ ကြီး လို ပါ ပဲ လား ။

ရှမ်းမူ ဆိုတာ ရဲ့ သဘော ကို လည်း ဖေဖေ ပြော မှ.. .ပိုရှင်း သွား တယ်။

ဟုတ်တာပဲ.. ရှမ်း အရေး မှာ.. အုပ်ချုပ်သူ စော်ဘွား နဲ့ အုပ်ချုပ်ခံ ပြည်သူ ဆိုပြီး အမြင် ၂ ခု ကွဲ ပြား နေ နိုင် သေး တာပဲ ။ သူတို့ ဟာက.. အထက်လွှတ်တော် မှာ စော်ဘွား ၂၅ နေရာက.. အလိုလို ထိုင်ခုံ ရ ပြီး သား ဆို တော့.. ရှမ်းပြည်သူ တချို့ အတွက်.. ဆန့်ကျင် ကန့်ကွက် စရာ တွေ ဖြစ်လာ မှာ ပေါ့..။ သမီး စိတ်ဝင်စား တာ က ..ကိုယ်စားလှယ် တွေ အားလုံး ရှမ်းပြည်သူ က.. ရွေးကောက် ရ မယ် ဆိုတဲ့.. အဲဒီ ရှမ်းမူ ကို တင်သွင်း တော့..အတူ ပါ ခဲ့ တဲ့..စော်ဘွား တွေ ကို ပဲ။ တချို့ လည်း ပြုပြင် ပြောင်းလဲ ရေး အမြင် ရှိတဲ့.. ခေတ်ပညာ တတ် စော်ဘွား တွေ ရှိ နေ ခဲ့ ပြီ ပဲ။ စ၀်စန္ဒာ ကတောင်..သူ့ အဖေ စ၀်ရွှေသိုက် ဟာ လည်း .. ပြော့ပျောင်း တဲ့ အမြင် ရှိ ပြီး တချိန် မှာ စော်ဘွား တွေ အာဏာ စွန့် ရမယ် ဆိုတဲ့ အချက်ကို အတော်အစော ထဲ က.. သဘော ပေါက် ထား သူ ဖြစ် တယ် လို့.. ဆို ထားတယ်။

အဲဒီ မှာ ထပ် စိတ်ဝင် စား ပြန် တာက.. Shan Conundrum စာအုပ်ထဲက.. နမ့်ခမ်း ဦးထွန်းအေး တို့ လို.. ရှမ်းလူငယ် တွေ က ကျ တော့.. အဲဒီ အချိန် မှာ.. ဖဆပလ အပေါ် သိပ် ကို ယုံစား လွန်းပြီး.. စော်ဘွား တွေ အပေါ် သဘောထား တင်းမာ ခဲ့ တဲ့ အချက်။ ပြည်မ နဲ့ နီးစပ် ခဲ့ တဲ့.. အချက် ။ အဲဒါ ကြောင့် လည်း တော်လှန်ရေး ကောင်စီ တက်လာ တော့.. ဦးထွန်းအေး ကို..ရှမ်းပြည်နယ် ဥက္ကဌ ရာထူး ပေး ခဲ့ တာ .. သိပ်တော့ မဆန်း လှ ပါဘူး။ ဒါပေမဲ့.. စာအုပ် ထဲ မှာ တော့.. အောန်ဒရေအေး က..သူ့အဖေ ဟာ.. အဲဒီ ရာထူး ကို.. အတင်းအကျပ် ဖိအားပေး ခန့်ထား ခြင်း ခံ ခဲ့ ရ တာ လို့ ပြောထားတယ်။

စော်ဘွား အုပ်ချုပ်မူ အကြောင်း တော့ သိပ်အကျယ် ရေး မထား ပေမဲ့.. သူ့ အဖေ ဟာ..စော်ဘွား စနစ် ကို မူ အား ဖြင့် မထောက်ခံ ခဲ့ သော်လည်း.. စ၀်ရွှေသိုက် တို့ လို.. ရှမ်းစော်ဘွား နိုင်ငံရေး သမား ကြီး တွေကို.. လေးစားသမူ အမြဲ ရှိ ခဲ့တယ်..ရှမ်းအစဉ် အလာ နဲ့ ယဉ်ကျေးမူ တွေ ကို နှစ်နှစ်ကာကာ ကို ထိန်းသိမ်း ဖို့ ကြိုးစားခဲ့ တယ် ဆိုတာ.. စိတ်ဝင်စားစရာ အဖြစ် အပျက် ဇတ်ကြောင်း ပြန် လေး တွေ နဲ့.. ရေးထားတာ..တော်တော် ဖတ် လို့ ကောင်းသား .. ။ စော်ဘွား မျိုးဆက် အကြွင်းအကျန် တွေ နဲ့..မဆလ ခေတ် အစော ပိုင်း တောင်ကြီး မြို့ ကို …သူ မှတ်မိ သလို တကွက်ချင်း ပြန်ရေး ပြ ထားတာ..တောင်ကြီး သား တွေ ဆို ပို ဖတ်ကောင်းမယ်။ စာအုပ်က.. အခန်းခွဲ တာ တော့..နည်းနည်း အားနည်း တယ်။

ဖေဖေ ဆိုရင် လည်း..သမီး ထက် ပို ဖတ်ကောင်း မှာ သေချာ တယ် ။ မဆလ တခေတ် လဲ ကာစ ကာလ တွေက.. အကြောင်း တွေ ဆိုတော့.. ဖေဖေ တို့ အတွက်.. ဆက်စပ် ကြည့် လို့ ရ တဲ့..သမိုင်း အပိုင်း အစ တွေ ဖြစ် မှာ...။ သမီး မှာ ဖြင့်..နမ့်ခမ်းက.. မစ်ရှင် ဆေးရုံ ကြီး နဲ့.. ခွဲစိတ်ဆရာဝန် ကြီး Seagrave အကြောင်း ..သူ့ရဲ့.. ခေတ်ဦးပိုင်း သူနာပြု သင်တန်း ကျောင်း ကြီး အကြောင်း တွေ ကို အခု မှ သိ ပြီး.. အရမ်း စိတ်ဝင်စား သွားတာ.. ။ ဒီဆရာဝန် ကြီး ကို ရှမ်းတွေ ဘယ်လောက် ချစ် သလည်း လို့.. စ၀်စန္ဒာ ရဲ့ စာအုပ် မှာ လည်း.. ခေါင်းစဉ် သပ်သပ် ကို ပေး ပြီး သူ ငယ်ငယ်က.. ဆရာဝန် ကြီး ခွဲစိတ် ကုသ ပေး ခဲ့ ပုံလေး ကို.. ရေး ပြ ထား သေး တယ်။

ဖေဖေ ပြော တော့ မှ.. ရှမ်းလူထု တွေ ကြားထဲက ..အဲဒီ ဆရာဝန် ကြီး ရဲ့.. နာမယ် နဲ့ လူချစ်ခင် မူ ကို.. အမျိုးမျိုး ချေဖျက် ဖို့ ကြိုးစား တာ.. နောက်ဆုံး.. တောင်ကြီး ရုရှ ဆေးရုံ သစ်ကြီး ကို.. စ၀်စံထွန်း ဆေးရုံ ဆိုပြီး.. စီဂရော့စ် နာမယ် ကို ဖုံး အောင် လုပ် ပြစ် တာ.. ဆိုတဲ့.. ထင်မြင် ချက် မျိုး တွေ.. ဖေဖေ ပြောမှ.. တွေး မိ တော့ တယ်။ ဘာဖြစ် သလဲ နော်..။ ကိုယ့်တိုင်းပြည် ကိုယ့်လူ မျိုး ကောင်းကျိုး အတွက် လုပ်နေ ကြတာ.. နိုင်ငံခြားသား ဆိုတာ နဲ့.. အပြစ်ရှာ ရန်ညိုးသို တဲ့.. စိတ်ဓါတ် က.. မှန်ကန် တဲ့ မျိုးချစ်စိတ်ဓါတ် မှ မဟုတ်တာ။ နှစ်ပေါင်း လေးဆယ် လောက် ရှမ်းပြည်နယ် ရဲ့ ကျန်းမာရေးကို ဖြည့်စွမ်း ပေး ခဲ့ ပြီး.. သူ့ ဆေးရုံ နဲ့ သင်တန်းကျောင်း ကြီး ပြည်သူပိုင် သိမ်းခံ လိုက် ရ ပြီး.. သိပ်မကြာခင် နမ့်ခမ်း မှာပဲ သေဆုံး သွားတယ် ဆိုတဲ့ .. အသက် ၈၀ ကျော် အမေရိကန် ဆရာဝန် ကြီး အကြောင်း...သမီး တို့.. ဘယ်သမိုင်း စာအုပ် မှာများ သိခဲ့..ဖတ်ခဲ့ ရ လို့ လည်း။ သမီး တော့.. အဲဒီ ဆရာဝန် ကြီး ကိုယ်တိုင် ရေး ခဲ့ တယ် ဆိုတဲ့.. The Life of a Burma Surgeon ဆိုတဲ့ စာအုပ် ကို လည်း တနေ့ တော့.. ရှာဖတ် အုံးမယ် လို့.. တေး နေ မိတယ်။

အခု ဖတ်ခဲ့ ရ တဲ့ စာအုပ် ၂ အုပ် ကို ..သတ္တုချ ကြည့်မိ လိုက် တာ တော့ ..စော်ဘွားကြီး စ၀်ရွှေသိုက် ရော..စော်ဘွား တွေကို မထောက်ခံ ခဲ့တဲ့.. ဦးထွန်းအေး ရော.. နှစ်ယောက် စလုံး ဟာ... ဗမာ ပြည်မ အစိုးရ ရဲ့ .. လုပ်နည်း လုပ်ဟန် တခု ဖြစ်တဲ့.. ခွဲထုတ် တဲ့ နည်း နဲ့... နိုင်ငံရေး သင်းကွပ် ခံ လိုက် ရ တာ ပါ လား… ဆို တာ ပဲ.. ဖေဖေ။

အင်္ဂလိပ် ကိုလိုနီ တွေ က.. မြန်မာပြည်ကို Divide and Rule နဲ့ အုပ်ချုပ် ခဲ့ တယ် ဆိုတာ.. ဘာဟုတ် မလဲ နော်..။ မတူ တဲ့ လူမျိုးစု တွေ ကြားထဲ မို့..ထားတော့။ တကယ်ဆို..ပြည်ထောင်စု စနစ် အတွက်..အုတ်မြစ် လို့ တောင် ပြောလို့ ရ နိုင် မလားပဲ။ မြန်မာပြည်သား ချင်း လုပ်တဲ့ Divide and Rule က မှ.. ဗမာ ..ဗမာ ချင်း ကြားထဲ.. ရှမ်း- ရှမ်းချင်း ကြားထဲ.. ကရင်- ကရင် ချင်း ကြားထဲ… စစ်တပ်ထဲ.. ပါတီ ထဲ.. အဖွဲ့တွေ ထဲ.. သွေးခွဲ..သပ်သျှို ..လူမွေး ..ခွဲထုတ် နဲ့.. နည်း မျိုးကို စုံနေ တော့ တာပဲ..။ အိမ်ကြက်ချင်း မမှတ်မိ တော့ ယုံ မက .. ကိုယ့် အမြီး တောင် ကိုယ် ပြန်နင်း မိ ကြ တော့ မလား ပဲ။

အခု ဖေဖေ့ ဆီ ဒီစာ ရေး နေ တုန်းပဲ.. ဒေါ်အောင်ဆန်းစု ကြည့် ရဲ့.. ငြိမ်းချမ်းရေး ဖော်ဆောင် တဲ့ အိတ်ဖွင့် ပေး စာ ကို တန်ပြန် တဲ့.. အနေနဲ့.. အချိန်မီ အိတ်ဖွင့် ပေးစာ တစောင် ထွက်လာတာပဲ ကြည့် တော့..။ လက်သပ် တောင် မွေးစရာ မလို.. ပေါပေါ သောသော ကို အသုံးချ လို့ ရ နေတဲ့.. တိုင်းရင်းသား ကိုယ်စားလှယ် ဆိုတဲ့.. လူ တချို့ ကို လက်မှတ် ထိုးခိုင်း ပြီး.. စာ ထုတ် လိုက် ပြန်ပြီ..။ လူထု က လေးစား တဲ့ ပုဂ္ဂိုလ် တချို့ကို လည်း.. နိုင်ငံရေး သင်းကွပ် ဖို့ ကြိုးစား နေ ကြ ပြန်ပြီ။ 

ဘာဖြစ် လို့ များ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတဲ့ စကားက.. ဗမာ ပြည်မ အုပ်ချုပ်သူ အစဉ် အဆက် အတွက်.. နားခါး စရာ ကောင်း နေ ခဲ့ တာလည်း။  နွံထဲ မှာ ကျွံ နေတဲ့..သမိုင်း လှည်းဘီး ကြီးကို.. ဘာလို့ များ ဆွဲ မထုတ် ကြ ပဲ.. နောက်တပတ် ပြန်လည် ခိုင်း နေ ရ တာလည်း။


ဘာမန်နိုက်ဇေးရှင်း ကြီး ပိုကြီးထွား လာတော့ကော သမီး တို့ လို သာမာန် ဗမာ ပြည်သူ လူထု တွေ အတွက် ဘာအကျိုးထူး မှာ မို့ လည်း.. ။ တကယ်တော့ လည်း သမီး တို့ ကြီးပြင်း နားလည် ခဲ့ သလောက် သာမန် ပြည်သူ ပြည်သား တွေ ရဲ့ နေ့စဉ် ဘ၀ နေထိုင်မူ တွေ ထဲမှာ..ဘာမန်နိုက်ဇေးရှင်း ကြီး ရှိ မ နေ ခဲ့ ပါ ဘူး။ ဖေဖေ ပြောသလိုပဲ..လူမျိုးစု တွေ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက် ကတည်းက..စစ်ကျွန်ပြု မူ ကို ခံ နေ ခဲ့ ကြတာ.. သမီးတို့လို ပြည်မ က..ပြည်သူ တွေ က..အခု ..ကိုယ်တိုင် စစ်ကျွန်ပြုမူ ခံ ရ တော့ မှ.. ကိုယ်ချင်း စာ တတ် လာတာ ဆိုတာ..။ တကယ် ဆို..အဓိက ပြသာနာ က.. စစ်ကျွန်ပြု မူ ပဲ..။ အဲဒီ စစ်ကျွန်ပြု ခံ ရ တဲ့ ဒုက္ခ တွေ ကို ကရင် တွေ ချည်း ခံစား နေရ တာ မဟုတ်ဘူး ..မွန် တွေ ရှမ်း တွေ ချည်း ခံစား နေရ တာ လည်း မဟုတ် ဘူး …မြန်မာ တပြည် လုံးက..သာမန် ပြည်သူ တွေ အားလုံး ခံစားနေရ တာ လေ...။

အခြင်းခြင်း ရဲ့ ကြားမှာ ရှိ နေတဲ့သမိုင်း ဆူး တွေ ကို .. တယောက် တလှည့် မနှုတ်ပေး နိုင် သ၍.. အကျေအလည် မဆွေးနွေး..မဖော်ပြ..မဖွင့်ချ နိုင် သ ၍ တော့…သမိုင်း ဆူးပင်း တွေ ထက် နေ ဦးမှာ ပါ ပဲ..။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကလည်း ဝေး နေ ဦး မှာ ပါပဲ လေ…။

အေးလေ.. ဘာတွေ ဘယ်လို ပဲ ပြောပြော.. သူ့ဖက် ကိုယ့်ဖက် ဘယ်လိုပဲ ငြင်းကျ အပြစ်တင်ကျ.... The Moon Princes စာအုပ် ထဲ မှာ … ကိုးကား ထားတဲ့.. မြန်မာ့ အရေး လေ့လာသူ မာတင်စမစ် ရဲ့ မှတ်ချက် ကလေး က ..လက်တွေ့ အကျ ဆုံး ပဲ.. ဖေဖေ..။

One day the idealism and rhetoric on all sides must marry with the harsh social realities, and then it will be recognized that no side has a monopoly on righteousness or political values.

တနေ့မှာ တော့..ဘက် အသီးသီး ရဲ့ အယူဝါဒ ရေးရာ တွေ.. လေလုံးထွားမူ တွေ ဟာ.. လက်တွေ့ဘ၀ လူမူ ဒုက္ခ တွေ နဲ့.. ရင်ဆိုင် နှစ်ပါးသွား ရ မှာ မလွဲ ပါဘူး။ အဲဒီ တော့ မှ.. အမှန်တရား ဒါမှ မဟုတ် နိုင်ငံရေး စံနှုန်း တန်ဖိုး ဆိုတာတွေ အပေါ် မှာ.. ဘယ်သူ တဦး တဖွဲ့ မှ.. မူပိုင် ပြု လို့ မရ ဘူး ဆိုတာ.. သဘော ပေါက် လာ ကြ ပါ လိမ့်မယ်.. တဲ့..။

အဲဒီ တနေ့ ကို.. ရောက်များ နေပြီ လား ..ဖေဖေ..

အဲဒီလို ဆိုရင် လည်း..သမီး တို့ ငယ်ငယ် က.. မြန်မာ့အသံ က ..အမြဲ လွှင့်လေ့ ရှိ တဲ့..သန်းသန်းဆင့် ရဲ့..တုံ့လှည့် မေတ္တာ သီချင်း လေး ကိုပဲ.. ပြန်ကျော့ ဆို ကြ ရ တာ ပေါ့.. ဖေဖေ ရယ်…။

++ တို့ပြည်ထောင်စု..( လူထုရေ... ) ++



ကေ

(၁၀-၀၈-၂၀၁၁)

++++++++




သီချင်း များ စုစည်း ပေးထားသော source  အတွက် ကျေးဇူး အထူးတင်မိပါသည်။


Share/Bookmark

နန္ဒာသိန်းဇံ.....နောင်တ ကင်းရာ သို့

နောင်တ ကင်းရာ သို့ သွား ခဲ့ ပြီ ဖြစ်သော ဆရာ ဦးသိန်းဇံ  အမှတ်တရ..


တွင်းနက်နဲ့ ဝဲအလှည့်


(၁)

သူပြောနေတဲ့ အကြောင်းအရာကို ကြားဖူးပြီးဖြစ်ပေမဲ့  သူ့ ဇာတ်အခင်းအကျင်းက မူရင်းနှင့် အတန်ငယ် ကွဲလွဲနေတဲ့ အတွက် ကျွန်တော်က နားစိုက်ထောင်နေပါတယ်။ သူ့ ဇာတ်အခင်းအကျင်းက ဒီလိုပါ။

သဲကန္တာရကြီးကို ဖြတ်ကျော်ပြီး ခရီးသွားကြမည့် ခရီးသည်တစ်စုဟာ နေ့ အချိန်မှာ ပူပြင်းလွန်းတဲ့ အတွက် အပူသက်သာတဲ့ နေရာတစ်ခုမှာ နားနေကြတယ်။ သူတို့ က ညလထွက်လာတဲ့ အချိန်မှ ခရီးဆက်မယ်လို့ သဘောတူထားကြ တယ်။

လထွက်လာတဲ့ အချိန်မှာ ခရီးသည်တွေက ခရီးထွက်ဖို့ ပြင်ဆင်ကြတယ်။ အဲဒီ ခရီးသည်တွေထဲက လူငယ်တစ်ဦးဟာ ခရီးမဆက်ခင် ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရနေတဲ့  သူ့ ရဲ့ ကုလားအုပ်ကို ကောင်းကောင်းသွားနိုင် မသွားနိုင် စမ်းသပ်တဲ့ အနေနဲ့ အနီးဝန်းကျင်ကို လှည့်ပြီးမောင်းကြည့်တယ်။ ခပ်လှမ်းလှမ်းအရောက်မှာ တွင်းကြီးတစ်တွင်းကို တွေ့ တယ်။ ဒါနဲ့ ကုလားအုပ်ပေါ်ကဆင်းပြီး တွင်းကြီးထဲ ငုံ့ ကြည့်လိုက်တော့ လရောင်ကြောင့် ပြိုးပြိုးပျက်ပျက်လင်းလက်နေ တဲ့ အရာတွေကို တွင်းကြီးအောက်ခြေမှာ မြင်နေရတယ်။ ဒီလူငယ်က အဲဒီ ပြိုးပြိုးပျက်ပျက် အရာတွေဟာ အင်မတန် တန်ဖိုး ရှိတဲ့ စိန်တုံးတွေ၊ ကျောက်သံပတ္တမြားတွေလို့ ထင်နေတာ၊ ဒါကြောင့် ကုလားအုပ်ပေါ်ပြန်တက်ပြီး သူ့ လူတွေဆီကို အမြန်ပြန် လာပြီး တွင်းကြီးထဲက အရာတွေအကြောင်း၊ အဲဒီ တွင်းထဲဆင်းဖို့  ရသမျှကြိုးတွေ ယူခဲ့ ဖို့ အကြောင်းပြောတယ်၊ ရသမျှကြိုး တွေယူပြီး တွင်းကြီးဆီကို သွားကြတယ်။ စောစောက လူငယ်ဟာ ရသမျှကြိုးတွေကို ဆက်ပြီး အရင်အဦးတွင်းကြီးထဲကို ဆင်း တယ်။ တွင်းက ထင်ထားတာထက် ပိုပြီးနက်နေတော့ ကြိုးက အောက်ကို မရောက်ဘူးဖြစ်နေတယ်။ ဒါနဲ့ အပေါ်ကလူတွေက ကြိုးစားပြီး ကြိုးကိုဆက်တယ်၊ နောက်ဆုံးမှာ မိမိတို့ ဝတ်ဆင်ထားတဲ့ အ၀တ်အစားတွေကိုပါ ကြိုးအဖြစ် အသုံးပြုကြတယ်။

မကြာခင် စောစောက လူငယ်ဟာ တွင်းအောက်ခြေကိုရောက်တယ်၊ ရောက်တော့မှ သူထင်ထားတာနဲ့ တကယ့်လက်တွေ့ ဟာ တခြားစီဖြစ်နေတာကို တွေ့ ရတယ်။ တကယ်က လရောင်ကြောင့် သူမြင်ခဲ့ ရတဲ့ ပြိုးပြိုးပျက်ပျက် အရာ တွေဟာ စိန်တုံးတွေ မဟုတ်ဘဲ လရောင်ကြောင့် လင်းလက်နေတဲ့ မြွေမျက်လုံးတွေဖြစ်နေတာတဲ့ ။ ဧရာမမြွေကြီးတွေ တွင်းရဲ့  အောက်ခြေမှာ စုပြုံနေကြတာတဲ့။ အပေါ်ကနေပြီး တွင်းထဲကို ငုံ့ ကြည့်နေသူတွေကလည်း အဲဒီ မြွေမျက်လုံးတွေကို တကယ့် စိန်တွေလို့ ထင်ပြီး ဆင်းဖို့ တကဲကဲ လုပ်နေကြတယ်။ အောက်ရောက်သွားတဲ့ လူငယ်က အပေါ်ကလူတွေကို “ဟေး မဆင်းကြ နဲ့ ... စိန်တွေမဟုတ်ဘူး၊ မြွေတွေ ... မြွေတွေ...” လို့ လှမ်းအော်ပြောတယ်။ ဒီလိုအော်တာကို အပေါ်က လူတွေက သူတို့ ကို ဆင်းမလာစေချင်လို့ ... စိန်တွေကို မရစေချင်လို့ အော်တာလို့ ထင်ပြီး တစ်ဦးသောသူက စိန်လောဘတက်ပြီး ဆင်းလိုက်သွား တယ်။ ပထမဆုံး လူငယ်ရဲ့ အသံပျောက်သွားတယ်၊ မြွေပေါက်ခံရလို့ သေသွားတာဖြစ်မှာပေါ့၊ အော်သံမကြားရဘဲ ဆိတ်ငြိမ်နေ တာကိုပဲ တခြားလူတွေက သူတစ်ဦးထဲ စိန်တွေကို ကြိတ်ပြီးယူနေတာလို့ ထင်နေတယ်။ အပေါ်က ကြည့်တော့ လရောင်မှာ တကယ်ပဲ စိန်တွေလို ကျောက်သံပတ္တမြားတွေလို ပြိုးပြိုးပျက် လက်နေတာ မြင်ရတော့ အော်ပြောသူရဲ့ စကားကို မယုံနိုင်ဘူး ပေါ့။

ဒုတိယဆင်းသွားသူကလည်း အောက်ရောက်တော့ တကယ့်မြွေတွေဖြစ်မှန်း သိရတယ်၊ ဒါကြောင့် ပထမ ဆင်းသွားသူလိုပဲ အပေါ်ကို အော်ပြောတယ်။ “ ဆင်းမလာကြနဲ့ ၊ စိန်တွေမဟုတ်ဘူး၊ မြွေတွေ...” လို့ အော်တယ်၊ ဒါပေမဲ့  လည်း အပေါ်က လူတွေက ... ဒီကောင်တွေ တို့ ကို ဝေမျှမပေးချင်တာနဲ့ ကြိတ်ပြီးစိန်တွေကို ယူနေကြပြီလို့ ထင်တယ်။ ဒီလို အထင်နဲ့ တစ်ယောက်ပြီးတစ်ယောက် လိုက်ဆင်းကြတယ်။ ဆင်းသူတိုင်းက အောက်ရောက်ရင် အပေါ်က လူတွေကို “ မဆင်း နဲ့ ၊ စိန်တွေမဟုတ်ဘူး၊ မြွေတွေ...မြွေတွေ...” လို့ အော်တယ်။ အော်သူက အော်ပြေပေမဲ့  ဆင်းသူကလည်း ဆင်းလိုက်တာပဲ၊ ဒါနဲ့ နောက်ဆုံးမှာ ခရီးသည်အားလုံးဟာ အဆိပ်ပြင်းထန်လှတဲ့ မြွေတွေရဲ့ အစား အမျိုခံရပြီး အသက်ကုန်သွားကြတယ်...တဲ့ ။

ကြားဖူးတယ်မဟုတ်လား၊ ‘ ဃရာဝါသ ကိစ္စမြားမြောင် လူတို့ ဘောင်’ ဆိုတာလေ။ အင်မတန်မှ ဒုက္ခတွေ များတယ်၊ အိမ်ထောင်ကျပြီဟေ့ ဆိုတာနဲ့ တစ်နေ့ ပြီးတစ်နေ့ သားကိစ္စ၊ သမီးကိစ္စ၊ မယားကိစ္စ၊ ယောက္ခမကိစ္စ၊ ဟိုလူ့ ကိစ္စ၊ ဒီလူ့ ကိစ္စ၊ ဟိုအရေးကိစ္စ၊ ဒီအရေးကိစ္စတွေနဲ့  ရှုပ်လိုက်တာမှ အသက်ရှင်ခိုက် ကိုယ့်ဘ၀ကိုယ် အဓိပ္ပါယ်ရှိအောင် မနေရတော့ ဘူး။ စကားတစ်ခုရှိတယ်။ လူ့ ဘ၀ဖြစ်စဉ်မှာ အဖြစ်အပျက် သုံးခုရှိတယ်တဲ့၊ မွေးဖွားခြင်း၊ အသက်ရှင်နေထိုင်ခြင်းနဲ့ သေခြင်း ဆိုတာပဲတဲ့ ။ “ မွေးဖွားခဲ့တာကိုတော့ မမှတ်မိတော့ဘူး၊ သေခြင်းတရားနဲ့ ကြုံလာတော့ တုန်လှုပ်ခြောက်ခြားလာတယ်။ ဘ၀မှာ အသက်ရှင်နေခိုက် နေဖို့ တော့ မေ့ သွားတယ်” ဆိုတဲ့ စကားပေါ့။ အမှန်က ဘ၀အသက်ရှင်ခိုက် နေဖို့ ကို မေ့ တာတော့ မဟုတ်ဘူး။ နေဖို့ ကို အချိန်မရ ဖြစ်သွားတာ။ သားကိစ္စ၊ မယားကိစ္စ၊ စီးပွားရေး ကြီးပွားရေးကိစ္စ ကိစ္စပေါင်းစုံနဲ့  အဓိပ္ပါယ်ရှိ အောင် နေဖို့ အချိန်မရတာပါ။ ဒါကြောင့် ဃရာဝါသဆိုတဲ့ အိမ်ထောင်သားမွေး အလုပ်ကို မလုပ်ကြနဲ့ ၊ မိန်းမမယူကြနဲ့  အင်မတန်ဒုက္ခများတယ်လို့ ရှေးလူကြီးတွေက ပြောခဲ့ ကြတာပဲ။ ဒါပေမဲ့ ... စောစောက တွင်းကြီးထဲဆင်းတဲ့ ပုံပြင်ထဲက အော်ပြောသူတွေလိုပေါ့ဗျာ။ ဆင်းမလာကြနဲ့ လို့ ရှေ့ က အော်ပေမဲ့ နောက်လူကလည်း ဆင်းတာပဲ။ အဲဒီအတိုင်းပဲ၊ ရှေ့ က လူတွေက အိမ်ထောင်မပြုကြနဲ့ ၊ မိန်းမမယူကြနဲ့ လို့ ပြောပေမဲ့ ... နောက်လူတွေ အိမ်ထောင်ပြုကြတာပဲ၊ မိန်းမယူဖြစ်အောင် ယူတော့တာပဲ။ ဒုက္ခတွင်းကြီးအကြောင်း အစဉ်အဆက် သတိပေးပြောသူက ပြောပေမဲ့ ခုန်ချသူကလည်း ခုန်ချနေတာပဲ။ တစ်ဦးပြီးတစ်ဦး စဉ်ဆက် ခုန်ချလျက်ပေါ့ဗျာ...။


(၂)

သူက ဆက်ပြောပြန်ပါတယ်။ “ ကျုပ်တို့ ဗုဒ္ဓစာပေမှာ ဥပမာတစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ သံသရာဆိုတဲ့  ရေပြင်ကျယ်ကြီးဟာ ကျယ်ဝန်းလှတဲ့ အတွက် ကူးမြောက်ဖို့ ခက်ခဲရတဲ့ အထဲ ‘ ၀ဲ ’ ဆိုတာ ရှိသေးတယ်တဲ့ ။ ရေပြင်ကျယ်ကြီး မှာ ရှိနေတဲ့ ဝဲလှည့်နေတဲ့ အထဲရောက်သွားရင် အဲဒီဝဲက လှည့်ပတ်စုတ်ယူ ဆွဲဆောင်သွားတာ ပြင်းထန်လို့ အဲဒီဝဲထဲကနေ ပြန်ထွက်ဖို့ ပေါ်လာဖို့ သိပ်ခက်ခဲတယ်။ မာတုဂါမဆိုတဲ့ မိန်းမဟာ အဲဒီရေပြင်ကျယ်မှာ ရှိတဲ့ ဝဲနဲ့ တူတယ်တဲ့ ဗျ။ အဲဒီမိန်းမရဲ့  အချစ်၊ အကြိုက်၊ အမူအနွဲ့ မူယာမာယာထဲရောက်သွားလို့ ကတော့ ယောက်ျားတစ်ဦးအဖို့ ပြန်ပေါ်လာဖို့ မလွယ်တော့ဘူး၊ အမယ်... ဒီလိုမာတုဂါမ မိန်းမရဲ့ အဖမ်းအယူခံရပြီး တဏှာရာဂ ၀ဲကြီးထဲ ရောက်ရတာကိုပဲ ယောက်ျားဆိုတဲ့ သူက ဂုဏ်ယူနေ တတ်သေးတယ်။ ငါ့ မှာ မိန်းမတွေ ကြိုက်နှစ်သက်တဲ့ ရုပ်လက္ခဏာရှိလို့ ၊ ငါကတော်တဲ့ တတ်တဲ့ ယောက်ျားဖြစ်လို့ ၊ အစွမ်းအစရှိတဲ့ သူမို့ လို့ မိန်းမတွေက ငါ့ကို ကြိုက်တာ...ဆိုပြီး မိန်းမ၀ဲထဲ ရောက်တာကိုပဲ ဂုဏ်ထူးဝိသေသလို့ ထင်တတ်သေး တယ်တဲ့ ဗျ၊ အင်း... ရှိစေတော့၊ ဘာပဲဖြစ်ဖြစ် အိမ်ထောင်ရေးဆိုတဲ့ ဃရာဝါသ ၀ဲထဲနစ်မြုပ်ပြီဆိုရင်တော့ ထွက်စရာလမ်းက အခက်သားလား၊ ပြောခဲ့ တဲ့ အတိုင်း သားကျွေးမှု၊ မယားကျွေးမှု၊ ဂုဏ်သိက္ခာ ရရှိရေးဆိုတဲ့ အမှုကိစ္စတွေနဲ့ လုပ်လိုက်ရတဲ့  စီးပွားရေး၊ ကြီးပွားရေးတွေ ပြီးနိုင်တယ်ရယ်မရှိဘူး။ ဆုံးနိုင်တယ်ရယ် မရှိဘူး...။”


(၃)

အထက်ပါ သူ့ စကားတွေကို နားထောင်ရင်းက ကျွန်တော့်ညာဘက်တွင်ထိုင်ရင်း ကျွန်တော့်လိုပဲ နားထောင် နေတဲ့ ကျွန်တော့်မိတ်ဆွေ လူပျိုကြီးကို လှမ်းကြည့်လိုက်တော့ သူက လှုပ်ရှားလာပြီး အသံခပ်နိမ့်နိမ့်နဲ့ “ ကျုပ်ကတော့ တွင်း နက်ကြီးထဲ အတင်းခုန်ချခဲ့ တာပဲ၊ ဘယ်လိုဖြစ်ပြီး မကျတာလဲ မသိပါဘူးဗျာ။ ၀ဲတွေစုပ်ချင်လည်း စုပ်ဆိုပြီး မျှောလိုက်လာတာ ဘယ်ဝဲကမှလည်း ကျုပ်ကိုယ်ကို ဆွဲယူမသွားဘူး။ အဲဒီအဖြစ်ဟာ ကံကောင်းတာလား၊ ကံဆိုးတာလား ... ပြောစမ်းပါအုံး...” ဟု ကျွန်တော့်ကို ပြောနေပါတယ်။

ကျွန်တော် သူ့ ကို ထိုနေ့ က ချက်ချင်း စကားမတုံ့ ပြန်နိုင်ခဲ့ ပါ။ ‘ ၀ဲ ’ ဆိုတဲ့နေရာမှာ အလှည့်အပတ်၊ အညာ အလှိုင်း၊ အဖြီးအဖြန်း တွေနဲ့ မိန်းမကို ဆက်ဆံတတ်တဲ့ ‘ ယောက်ျား ’ ကို အလင်္ကာပြုရင်ကော မဖြစ်နိုင်ဘူးလားလို့ တွေးနေမိ တဲ့ အတွက် ဖြစ်ပါတယ်။

ပြီးတော့ ဃရာဝါသ ကိစ္စမြားမြောင် လူတို့ ဘောင်ဆိုတဲ့ အတိုင်း များမြောင်လှတဲ့ ပြဿနာတွေကြားမှာ ပြုမိ မှား၊ ပြောမိမှားခြင်းတွေနဲ့ ရလိုက်ရတဲ့ မဆုံးနိုင်တဲ့ ‘ နောင်တ ’ တွေ အကြောင်းကို ... အတွေးဆန့် နေတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။


(Perfect နိုဝင်ဘာ၊ ၂၀၀၈)


Share/Bookmark

အခမ်းအနား ဆုံးသော သက်ရှိ ကဗျာ




ဧ ရာ ၀ တီ ကို ပြန် တောင်း ဖို့ အကြောင်း .. ထောင်း လ မောင်း ထ အောင် မ ပြောချင် တော့ ဘူး..မော တယ် ဆို ပြီး အ ချစ် တွေ သာ တ ထောင်း ထောင်း ထ နေ တော့ တဲ့..က ဗျာ တွေ က ရော.. ကောင်း မ ကောင်း .. ရွှေ ပေ လွှာ တွေ လက် ခ မောင်း ခတ် နေ တာ လည်း…မ ဖတ် ချင် တော့ ဘူး ဆို တော့.. အ သိ ညဏ် ဟောင်း လောင်း တွေ နဲ့ အ လောင်း အ စား ထပ် ထား ရ တာ ရင် နာ လှ ချည့် ဆို တဲ့ .. အ ကြောင်း အ ပေါင်း သင့် မှ.. ရှေး ဟောင်း နှောင်း ဖြစ် တွေ..ပြော ဖြစ် တာ ပါ.. ဆိုသော.. ရောင်း ရင်း တို့ ရဲ့ အ ဟောင်း အမြင်း ကဗျာ တွေ သာ ပဲ ကောင်း ပြီး ရင်း ကောင်း .. ဧ ရာ ၀ တီ ကို မ ရောင်း ရင် ပဲ တော် ပေ သေး ရဲ့ ဆို ပြီး ... သူ့ အ ခေါင်း ပေါ်မှာ .. ကမ္ပည်း တင် ထိုး ကြ တဲ့ အခါ .. အ ခမ်း အ နား ဆုံး သော သက် ရှိ ကဗျာ ဆို တဲ့.. သက် မဲ့ က ဗျာ ဆ ရာ တ ယောက် ရဲ့.. အ ခမ်း နား ဆုံး ကဗျာ တ ပုဒ် နဲ့.. ခမ်း ခမ်း နား နား ငို ကြွေး ကြ ယုံ မှ တပါး ...


ကေ
 
သြဂုတ် ၁၄ ရက် ၂၀၁၁ ...
ထူးအိမ်သင် နှစ်ပတ်လည် အမှတ်တရ


Share/Bookmark

လွင့်

စွန် နဲ့ လွင့်
စိတ် နဲ့ လွင့်


ကြယ် နဲ့ လွင့်
လ နဲ့ လွင့်

အချစ် နဲ့ လွင့်
ရာဂ နဲ့ လွင့်

အနုပညာ နဲ့ လွင့်
အတတ်ပညာ နဲ့ လွင့်

အလံ  နဲ့ လွင့်
ယုံကြည်မူ နဲ့ လွင့်

မာန နဲ့ လွင့်
မောဟ နဲ့ လွင့်

လွှင့် ခဲ့ ကြ တဲ့ အလွင့် တွေ
အန္တိမ အလွင့် မှာ
လွင့် သွား တော့ မှ...

လွင့်………………………




Share/Bookmark

What a Wonderful World

In this little but not small town, we - Burmese people are just a few but not far from each other. We always gather in weekend, enjoy each other cooking, sing Burmese songs aloud and share laughters out.  

Among all middle aged, I found my little friend as young as she is only 13. She is my swimming instructor and I’m her literature guide sometimes. Unlike other teens who make distance themselves from elders - tapping their hands and plugging their ears, she amazingly find her place to talk and argue with her parents. She always come and join to what we chatter – like classic music, movie and politics.

One day, she come and get me to listen one song from her ipod.
Mee Mee..

I was surprised when you come and get me this song. You are such a good girl. You always share me whenever you find something that I would probably love. What a coincidence! This is not only my favorite song but also spiritual one.


Listen !

Somewhere over the rainbow
Way up high
And the dreams that you dreamed of
Once in a lullaby ii ii iii
Somewhere over the rainbow
Blue birds fly
And the dreams that you dreamed of
Dreams really do come true ooh ooooh



Everybody have their own dream(s).
I have. You too have. Your Mom have.. your Dad have.
No matter young or old… rich or poor.. healthy or needy.
Just dream of beautiful dream and believe that it will come true.

Look! I’ve been seeing such a lovely blue birds flying over the rainbow. One can imagine that how would it be breathtaking beauty of colors and nature.


Someday I'll wish upon a star
Wake up where the clouds are far behind me ee ee eeh
Where trouble melts like lemon drops
High above the chimney tops thats where you'll find me oh
Somewhere over the rainbow bluebirds fly
And the dream that you dare to,why, oh why can't I? i iiii



Nothing can make a difference to its lovely lyrics. You like the one sung by Israel, fat guy. And I like the other one sang by Norah Johns, beautiful young lady. We argue each other over which is better and which one is original. But verses are still the same to touch our hearts. Isn’t it?

This song is in fact very very classic one, sung by many famous singers in their own version. Even Eric Clapton sang in blues version. But this ukulele melody version was first sung by Israel the Hawaiian you like. It could rather say Hawaiian version.



Whenever I listen this song to retreat from despair thoughts, I feel like I wish I could play my own ukulele. I’m holding this petite guitar , plucking its nylon strings diligently and elegantly. But I never wish to be upon a star.  I would rather follow the way guided by a star.

Sure is we all have someday gone and looking back this world from above, may be above from the chimney top.. Isn’t it?  Still, we could see blue birds , even their blue feathers are deeper than ever.

Hey please don’t think that I’m too much thinking and dreaming. I know you are not like other friends who always told me not to think too much. How we could possibly live on this wonderful world without thinking and mesmerizing its beauty.



Well I see trees of green and
Red roses too,
I'll watch them bloom for me and you
And I think to myself
What a wonderful world

Well I see skies of blue and I see clouds of white
And the brightness of day
I like the dark and I think to myself
What a wonderful world

The colors of the rainbow so pretty in the sky
Are also on the faces of people passing by
I see friends shaking hands
Saying, "How do you do?"
They're really saying, I...I love you
I hear babies cry and I watch them grow,
They'll learn much more
Than we'll know
And I think to myself
What a wonderful world (w)oohoorld


My ukulele is made up of mahogany . LOOK ! What a splendid wooden brown one. The beach I stand firm is also shining like a mother of Pearls , backed and matched by Aqua blue Sea , seems like that would never end into the horizon. Instead it went fly up to the Sapphire blue sky.

 Let’s count the colors in the songs. Trees are green. Roses are Red. Skies are blue. Clouds are White - Silver white. But we shouldn’t forget the dark color too. The truth is that no color can be prettier without the sacrifice of black. Likewise, no liberation can be more valuable without the existences of troubles.

Just like all the colors ended up in the beautiful Rainbow, all the troubles will end up in discerning thoughts eventually. Yes.. there are many troubles out there.

Oh.. I almost forgot to tell you that this song was originally composed as a movie song for one little girl about you age. She had hurt by one house elder, scold her to find a place where she won't get herself into any trouble.

I know that you are smart little girl. You never make your mom feel bad and no body won’t get hurt you too. I wish I could have such a good girl in my own. I already have 4 wonderful nieces plus you. Oh.. it’s more than enough to say.. What a wonderful world. I did really watch them getting grow. Of course, I want all of my little loved ones to be smart, clever, intelligent and well behave.

Even If things doesn’t turn out to be and people turn down to me, I will still saying “ I love you” .

Let me imagine I’m in somewhere over the rainbow , seeing colors and beauty, saying 'How do you do' to everybody who come around and passing by.

Hrr .. What a wonderful world!  :)


Share/Bookmark

Somewhere over the rainbow

Somewhere over the rainbow

Way up high

And the dreams that you dreamed of

Once in a lullaby ii ii iii

Somewhere over the rainbow

Blue birds fly

And the dreams that you dreamed of

Dreams really do come true ooh ooooh



Someday I'll wish upon a star

Wake up where the clouds are far behind me ee ee eeh

Where trouble melts like lemon drops

High above the chimney tops thats where you'll find me oh

Somewhere over the rainbow bluebirds fly

And the dream that you dare to,why, oh why can't I? i iiii



Well I see trees of green and

Red roses too,

I'll watch them bloom for me and you

And I think to myself

What a wonderful world



Well I see skies of blue and I see clouds of white

And the brightness of day

I like the dark and I think to myself

What a wonderful world

The colors of the rainbow so pretty in the sky

Are also on the faces of people passing by

I see friends shaking hands

Saying, "How do you do?"

They're really saying, I...I love you

I hear babies cry and I watch them grow,

They'll learn much more

Than we'll know

And I think to myself

What a wonderful world (w)oohoorld



Someday I'll wish upon a star,

Wake up where the clouds are far behind me

Where trouble melts like lemon drops

High above the chimney top that's where you'll find me

Oh, Somewhere over the rainbow way up high

And the dream that you dare to, why, oh why can't I? I hiii ?



Share/Bookmark
 
K