လွန်ခဲ့တဲ့..အနှစ် ၂၀ က...

(မနှစ်က တည်း က..ရေးခဲ့တဲ့..ပို့စ် အဟောင်း လေး ကို ပြန် လည် တင် ပြ ဝေငှ ပါ သည်။)

၈လေးလုံး အကြောင်း..ထွေထွေ ရာရာ မရေး တော့ ဘူးဆိုပီး...ရေးချင် လာပြန်သည်။ထွေရာ စရာ အကြောင်းလဲ..မရှိပါဘူးလေ။..ဘာဖြစ် လို့ဆို..၁၉၈၈ ရဲ့..သြဂုတ်လ ရှစ်ရက် နေ့က..မြို့ကလေး မှာ..တက္ကသိုလ်ကျောင်းသား ကြီးတွေရဲ့ ..လှုံ့ဆော် ပါဝင်မူနဲ့ အတူ..အထက်တန်းကျောင်းသား လေးတွေ..ဆန္ဒပြ ကြတော့..ကိုယ်က...ဘာ ကျောင်းသား မှန်း မသိတဲ့ အချိန်အခါ ဖြစ်နေလို့ပါ။ ပီးတော့..တအိမ်လုံး မှာ..နောက်ဆုံး တယောက်မှ မကျန် တော့မှ..လမ်းပေါ် ထွက်တဲ့ သူဖြစ်နေ လို့ပါ။၈လေးလုံး အတွေ့အကြုံ အကြောင်း..သူများတွေ နာနာ ကျင်ကျင် ပြန်ပြောင်း ပြောကြ တဲ့အချိန် မှာ ..ကိုယ်ကတော့...ငိုအားထက် ရီအား သန် ခဲ့ရတဲ့ အူကြောင်ကြောင်..အတွေ့အကြုံ လေး တွေကိုပဲ..သတိရရင်း ပြုံးလိုက် မိတယ်။
+++++++
-
တကယ်တော့..အဲဒီ အချိန် ကာလကြီးက..လူတွေ အားလုံး..မိုးရွာ တော့ မယ်လို့...ညိုမှိုင်း အုံ့ဆိုင်း နေတဲ့ ကောင်းကင် ကြီး ကို တမော့မော့ ကြည့်ရင်း. .စောင့် မျှော် နေခဲ့ ကြတာ။
-
” ပိုက်ဆံတွေသိမ်းပြန်ပီတဲ့။”
-
”ဘုန်းမော်ဆိုတာ..သေသွားတယ်တဲ့။”
-
ဦးအောင်ကြီး..စာတွေထွက်တာဖတ်ပီးပလား..တဲ့။”
-
ဗိုလ်ချူပ်အောင်ဆန်းသား..အောင်ဆန်းဦးပြန်လာတယ်..တဲ့။”
-
”ထောင်ထဲမှာဖမ်းထားတဲ့..ကျောင်းသူလေးတွေ..မတရာပြုကျင့်ခံရတယ်..တဲ့။”
-
အသံ ဗလံတွေ လဲစုံ လို့ ။ စာရွက်တွေလည်း ပလူပျံလို့။ လူတွေလည်း တွတ်ထိုး လို့ ။ အဲဒီ တုံးက..စာရွက် တွေကို ပွားချင်ရင်..ဖယောင်း လှိမ့်ရတာ။ ကော်ပီရာ ဆိုတာ မသုံးနိုင်သေး။ခုလို များ..အင်တာနက် ဆိုတာ ရှိလို့က တော့...ဘာပြော ကောင်းမလဲ။ ကိုယ့် ကြီးဒေါ်ရဲ့ အိမ်အပေါ်ထပ် မယ်...မောင်နှမ တွေစုပီး..စာရွက်တွေ လှိမ့်ကျ..ဖြန့်ကျ။ တကယ်တော့ ..ရန်ကုန် တက္ကသိုလ်ကကျောင်းတွေ ပိတ်လိုက်လို့..ပြန်လာတဲ့..အကိုတွေ အမတွေ..ပြောသမျှ..ခိုင်းသမျှ...လိုက်လုပ် ရတဲ့..ကွမ်းညှပ် (ချိုင်းညှပ်) အဆင့်ပဲ ဆိုတော့..ကိုယ်တိုင် ကတော့..မနုးမနပ်..အူလည် လည်ရယ်။အဲဒါနဲ့ပဲ..တညနေ စောင်း..အမ ၂ ယောက်ရဲ့ ကြီးကြပ်မူ နဲ့..မြို့ လယ်ခေါင် က..စာအုပ်ဆိုင် ကို စာအုပ်အပ် ရအောင် စက်ဘီး စီးပီး ထွက်ခဲ့ ကြတယ်။ နောက်က ထိုင်တဲ့ ကိုယ့်ကို.. မြို့လယ်ခေါင် တည့်တည့် နာရီစင် နားမှာ..စာရွက် တချို့ ပစ်ချခဲ့ ဖို့..တာဝန် ပေးတယ်။
-
လူက ကြောက် ကြောက်..ချွေးစီး တွေလည်း ပျံ လို့။ဘာရမလဲ..လေးငါး ရွက်တော့ ကျဲချ ပစ်လိုက်တယ်။ ပီးတာနဲ့.. ညီအမ တွေ သုတ်ချေ တင်ပီးစာအုပ်ဆိုင် ကို အတင်း နင်း။ အမလေး.. စာအုပ် ဆိုင် ရောက်မှ သက်မ ချနိုင် တော့တယ်။စာအုပ်ဆိုင် ထဲ အရောက် ...မြို့နယ် တာဝန်ကျ..ဒုရဲအုပ် တယောက် ကို ဆိုင် ကောင်တာခုံ မှာ ဆိုင်ပိုင်ရှင် နဲ့အတူ ..တွေ့လိုက် တော့..ရင်တွေ ပန်းတွေ တုန်သွား ပါရော။ကဲ..ဟန်ကိုယ့်ဖို့ လုပ်ရင်း..ပြန်အပ်မဲ့ စာအုပ်တွေ ကောင်တာ ပေါ်တင်..လက်ထဲမှာ ဆုပ်ထား တဲ့ ပိုက်ဆံပါ ခပ်တည်တည်နဲ့ ပစ်တင် လိုက်တယ်။ အာရိုရို...လက်ရေးမူ စိပ်စိပ်..မှင်ရောင် ထူထူ..ခွပ်ဒေါင်း ပုံလေး တစွန်းတစ မြင်နေရတဲ့..မိတ္တူ စာရွက် လိပ်ကလေး က..စားပွဲပေါ်မှာ အလုံး လိုက် က လေး။ ချွေးစီးတွေ နဲ့..ပျော့ဖတ် ဖတ် ဖြစ် ..အဲဒီ မပြေ့တပြေစာရွက် လိပ်လေး ကို.. အားလုံး က.. မြွေတကောင် လို..ကြောင် ပြီးး ကြည့် နေကြတယ်။
-
ဖြတ်ကနဲဆို..ကိုယ့်အမ က..ကောက်ယူ လိုက်ရင်း..“ အဟင်း..မှားသွားလို့..ပိုက်ဆံ..မေ့ကျန်ခဲ့လို့..နက်ဖြန်မှ လာပေး မယ် နော်..” ဆို ပြီး သဖြဲ လေး နဲ့ ။ တော်ပါသေး ရဲ့..အဲဒီရဲ က..အမကို လိုက်ငန်း နေတဲ့ လူပျို သိုး ကြီးမို့.. ပြုံးပြုံးကြီး နဲ့ ကြည့် နေတယ်။ ကိုယ် ကတော့..ဆိုင်အပြင် ကို သုတ်ချေတင် ပြေး တော့တယ်။ အဲဒီနေ့ က.. မြို့လယ် နာရီစင် နား မှာ.ဘယ် သကောင့်သား များ ပိုက်ဆံတွေ ကောက်ရ သွားသလဲ မသိ။
-
++++++
-
အဲလိုနဲ့ ..ချိန်းချက် ထားကြ တဲ့..၈.၈.၈၈ ကြီး နီး--နီး လာတယ်။ ကိုယ်တို့ မောင်နှမ တွေ..တသိုက် သိုက်နဲ့ ..ရှုပ်နေ ကြတာ ကို..ကြီးဒေါ် လုပ်သူ က..အရမ်း အားပေး တယ်။ သူ ကိုယ်တိုင် လည်း..တော မိတ်...မြို့ မိတ် တရုံးရုံး ရှိလှတဲ့..ပွဲရုံမှာ ထိုင်ရင်း..လာသမျှ လူကို..အသံ ကျယ်ကျယ်- ကျယ်ကျယ် နဲ့..မမော နိုင်မပမ်း နိုင်..စည်းရုံး လှုံ့ဆော် နေ တော့ တာ ပဲ။အဲဒီ..နေ့..၈ ရက် ၈ လ ၈၈ မှာတော့.. မနက်လင်း ထဲက လူတွေ အားလုံး..မြို့ထဲဖက်ကို နား တစွင့်စွင့်နဲ့ ပေါ့။ ၁၀ နာရီ လည်း..ဘာသံမှမကြားရ။ ၁၁ နာရီ လည်း မထူး သေး။ ခဏနေ တော့..ကြို့ပင် ဆိုတဲ့ ရွာကကိုအောင်လေး တယောက်..သုတ်သုတ် ပြာပြာနဲ့. .ဆိုင်ထဲ ၀င်လာ တယ်။ ကိုယ်တို့ လည်း..ဘာများ လဲပေါ့။ ပီး တော့မှ.. ကြီးဒေါ်နား ကို..တိုးတိုး ကပ်ပီး- “ ဒေါ်လေး..ဘာမှလည်း မဖြစ်သေး ပါလား... ဒေါ်လေး ခေါ်လို့..ကျနော် တို့ရွာက လူတွေ စုပီး..မြို့ပြင်မှာ..မနက်ထဲ က..စောင့်နေ တာ အုပ်လိုက် ကြီးပဲ..ဘယ်လို လုပ်ရမလဲ..” တဲ့။
-
ကိုယ့် ကြီးဒေါ် လည်း..ဘာပြော ရမှန်း မသိ..နေမထိ ထိုင်မသာ..အသံကို ခပ်ကြေးကြေး လုပ်ရင်း..
“ ဟဲ့..နင်တို့ကို လာဖို့ ခေါ်တာ မဟုတ် ပါဘူးဟယ်..ဒီနေ့ တခုခု ဖြစ်ရင်..တောက လူတွေပါ.သတိ ရှိကြဖို့ ပြောတာ ပါ...”
-
ကိုအောင်လေး တယောက်..ခေါင်းတွေသာ..တွင်တွင် ကုပ်ပီး.ပြန် ထွက် သွားတယ်။ သိပ် မကြာ ပါဘူး...ကိုအောင်လေး ပြန်ထွက် သွားပီး..တအောင့်လောက် နေ ..၁၂ နာရီ တိတိ..ထမင်းစား ကျောင်းဆင်း ချိန်မှာပဲ..မြို့ပြင် အထက်တန်း ကျောင်းကြီး ဆီက... “ တို့အရေး...တို့အရေး...တို့အရေး ” ဆိုတဲ့..အသံနက် ကြီး တွေ ကြားလိုက် ရတော့ တာ ပဲ။ကြီးဒေါ် လည်း ပင်နီအကျီ င်္ မြန်မြန် ကောက်ဝတ်...သူ့ဆိုင်မှာ ခိုင်းတဲ့ ကောင်လေး ၂ယောက် ကို တွေ့တဲ့ ပုဆိုး အစိမ်း ၂ထည် မြန်မြန် ရှာဝတ် ခိုင်းပီး..မြို့ထဲဖက် ကို ထွက်သွား ကြ တော့ တာပဲ။ကိုယ် ကတော့...အိမ်တံခါး ပိတ် နေရလို့..နောက်ဆုံးမှ။
-
+++++++
-
(နောက်ဆက်တွဲ.........ဒီစာလေးကို တင်ပီး..ချက်ချင်း ဆိုသလို..ဒိုင်ခံ ဖတ်နေကျ..သူငယ်ချင်း တယောက်က..စေတနာနဲ့ အီးမေးပို့လာတယ်။ ဇတ်လမ်းထဲ က..ကိုယ့်ကြီးဒေါ် လျှောက်လုပ် ခဲ့တဲ့..လုပ်ရပ်တွေ ဟာ..တကယ့် အရေးတော်ပုံ ကြီးရဲ့ အမှန်စင်စစ် ဖြစ်မူ တွေ ကို သူများ အမြင်မှာ..ရောထွေး သွားနိုင် တယ်တဲ့။ အဲဒါနဲ့..ကိုယ်လည်း စဉ်းစားတယ်..ဘယ်လို ဝေ့၀ိုက်ေ ရးမလဲပေါ့...အဲဒီအချိန်က..ကိုယ့်ကြီးဒေါ်ရဲ့..အရေးတော်ပုံ ကြီး ဖြစ်လာဖို့.. စိတ်အား အရမ်း ထက်သန် ခဲ့တာ၊ ဖြစ်လာ ခဲ့ရင်လည်း..လူတွေ အားလုံးပါဝင် စေချင် ခဲ့တဲ့ စိတ်ဇော ကို..ဟာသနှော ပီး ဖော်ပြတာ..ပုံမပေါ်ပဲ ဖြစ်နေပီလား လို့ လည်း..စိတ်မကောင်း ဖြစ်သွားမိတယ်။ သူ နားလည်သလို..သူ့စိတ်ထင်သလို ပါဝင် ခဲ့တာ တွေ..မှားချင်လည်း မှားပေမယ်။ ဒါပေမဲ့..အဲဒီ အချိန် အဲဒီ အခါတုံး က..ဗမာ တနိုင်ငံလုံး..လှည်းနေ လှေအောင်း မြင်းဇောင်း မကျန်..အဆင့် အတန်း အလွှာ မရွေး.သတ္တိ အနု အရင့် --အဆင့်ဆင့်.. စိတ်အား ထက်သန်မူ အတိုင်းအတာ အထွာထွာ..ပုံသဏ္ဌန် အမှန်အမှား မျိုးစုံနဲ့.. ပါဝင် ခဲ့ကြတယ် ဆိုတာ..တကယ့် အဖြစ်အပျက် တွေပါ..။)


Share/Bookmark

3 Comments:

ပင်နီ said...

ကျွန်မကတော့ အမရဲ့ကြီးတော်ဟာ ၈၈၈၈ မှာ သူတတ်
နိုင်သလောက် ပါဝင်ခဲ့တယ်လို့ပဲ မြင်မိပါတယ်..
အစ်မလည်းပါခဲ့တာပဲပေါ့..ဘာပဲဖြစ်ဖြစ် အမှတ်တရ
တစ်ခုထက်တော့ ပိုပါတယ်....

Moe Cho Thinn said...

ဒါက တကယ်ဖြစ်ခဲ့တာပဲ ကေရဲ့။
ရိုးသားမှုသာ ချစ်စရာပါ။

yannaing said...

မကေ..
ဘာဝမ်းနည်းစရာလည်း..
ကိုယ်တို့တုန်းကလည်း အဲဒီလိုပဲဟာ ဘယ်သူကမှာ
ဦးဆောင်မဲ့သူမရှိဘူးလေ ကိုယ်ဖာသာ ကိုယ်လုပ်ပဲ
မကေ ကြီးတော် ကလည်း သူနိုင်တာ သူလုပ်တာပဲ
အဓိက ကလုပ်ချင်တဲ့ စိတ်ဓာတ်ပဲလိုတာပါ
ဂုဏ်ယူပါတယ် မကေ နှင့် မကေကြီးဒေါ်ကို