စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၂၀ )


 


Share/Bookmark

စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၉ )


စာကြည့် စားပွဲ မှာ ထိုင်ရင်း...ပြတင်းပေါက် သံဇကာ ကြားကနေ..တ၀က်တပျက် မြင်နေရတဲ့.. မြက်ခင်းပြင် ကြီး ကို ငေးကြည့် နေမိသည်။ တနေ့ ညက.. လူတွေ စည်ကား လှပ ပျော်ရွှင် ခဲ့ကြတဲ့.. စတိတ် စင် ကြီး ကို.. မီးဖိုဆောင်က.. အလုပ်သမား တွေ..၀ိုင်းဖျက် နေ ကြသည်။

သီချင်းသံ..နှုတ်ဆက်သံ..ချီးမွမ်းသံ..နောက်ပြောင်သံ..လက်ခုပ်သံ..တွေ။

ခုတော့.. သစ်သား တန်းတွေ.. ဖြုတ်ပြီး..ပြစ်- ပြစ် ချ နေတဲ့.. အသံ ..တချက်..တချက်.. ကြားက..အလုပ်သမားတွေ ရဲ့ စကားပြောသံ တစွန်းတစ နောက်မှာ.. မယ်ဇလီပင်ကြီး ပေါ်က.. ကျီးအာသံ တချို့ သာ...။ ခပ်ဝေးဝေး အဆောင် နောက်ဖက် ကံ့ကော်အုပ် ဆီ ကတော့... ဥသြ သံ သဲ့သဲ့ လို..။ ဥသြတွေက..ဆောင်းမှာလည်း.. လွမ်း တက် ကြ တယ်လား...။ အချိန်တန်ရင်..အိမ်ပြန်ရ မယ် တဲ့..။ တကယ်တော့..ပြန်တာရယ်..ထွက်ခွါ တာရယ်.. ဆိုတာ..အတူတူပါလေ..ဒါပေမဲ့.. ပြန်ရောက်တဲ့ နေရာမှာ ..၀မ်းသာမဲ့ လူတွေ ရှိနိုင်ပေမဲ့..ထွက်ခွါရတယ် ဆိုတာကတော့..၀မ်းနည်းစရာ မဟုတ်ဘူးလား..။ အရေးကြီး တာက..
“ လားရာ”

ဟူးးး-- လားရာ ရေ..ခဏ နေပါအုံး ကွယ်..

ထိုင်ခုံ က.. ထလိုက်ရင်း..ဗိုက်ဆာ သလို ရှိလာတာနဲ့.. ဗီရိုပေါ် ကြည့်တော့.. ဒင်နာ မတိုင်ခင် ရက်က.. ခရစ်စ်တိုဖာ.. နယ်ပြန်ရင်း..လက်ဆောင် ၀ယ်လာတဲ့..ငှက်ပျောခြောက်တွေ..မြေပဲယို တွေ...။ ခုထိ မဖောက်ရသေး..။ အားလုံး စားဖို့ လို့ ပြောပြီး..သူ့လက်ထဲ ရောက်လာတာ ဆိုတော့..သူ့ဗီရိုပေါ်မှာပဲ.. ရှိနေသည်။ အခု..မဖြူ လည်း မရှိ..။ ကလေး နဲ့ မစု ကို သွားကျွေး အုံးမှပဲ။

ထုံးစံ အတိုင်း..အင်းလျားဆောင် ရဲ့ နေ့လည်ခင်း ကြီးက..တိတ်ဆိတ်နေသည်။ front roll ဖက် ကွေ့လိုက်တော့...မစု တို့ အခန်း ရှေ့မှာ.. ကြည်ပြာ့ ကို ဖြတ်ကနဲ တွေ့လိုက်သည်။ အခန်းရှေ့က.. အမှိုက်ပုံး လေး ထဲကို တခုခု ကို ပြစ်ထဲ့ပြီး.. အခန်းထဲ ပြန်ဝင် ဖို့ လုပ်တုန်း..
“ ဟယ်.. ကြည်ပြာ ရောက်နေတယ်.. ” လို့ ဆိုတော့.. လက်ညိုးကို ပါးစပ်ရှေ့ တပ်ပြီး...
“ ရှူးးးးး” ..... တဲ့။

သြော.. အိသွယ်ဆီ လာ အိပ် တာ ထင်တယ်..။ ကြည်ပြာက..အဆောင်မှာ..ခဏခဏ လာခိုးအိပ် လေ့ ရှိသည်။ ဒါပေမဲ့လည်း..အိသွယ် အခန်း မှာက.. ရည်မွန် က..အမြဲ စာကျက် နေတာ ဆိုတော့.. အားနာ ပြီး .. ကပ်ရပ် အခန်းက..မစု တို့ ဆီမှာပဲ.. လာပြီး တိုးခွေ့ တွတ်တိုး နေ ရော..။ ဘေးခန်း တွေက.. တခြား ကျောင်းသူ တွေ ကတော့.. မိန်းမ ဆန်ဆန် နေတတ်တဲ့..အိသွယ် နဲ့....အပြင်ကနေ ခဏခဏ လာခိုးအိပ် တဲ့.. ဆံပင်တိုတို..အကျီ င်္ ပွစိ ပွယောင်း နဲ့.. ကြည်ပြာ့ကို.. အချစ်တော် လို့ပဲ... ထင်ကြ သည်။ သူတို့ ခြင်း ကတော့... အကြောင်း သိတွေ မို့.. အဲဒီလောက် ကြီးတော့..မဟုတ်ဘူး ဆိုတာ.. သိနေသည်။ လောလော လတ်လတ်. အိသွယ်မှာ..ချစ်သူ တယောက် ရ သွား သလို... ချစ်စရာ ကောင်း တဲ့..ပွင့်လင်း တဲ့ ကြည်ပြာ့ မှာလည်း .. ကိုတိုးပြောသလို..ဟ၀ှါ မဖြစ်ပေမဲ့..ဟ၀ှါ တော့ ဖြစ်တဲ့.. ချစ်သူ တယောက် အစောကတည်းက ရှိတယ် ဆိုတာ.. သူတို့ အားလုံး သိနေတာပဲ။

ကြည်ပြာက.. သူ့ နှုတ်ခမ်းကို..လက်ညိုး နဲ့.. ဆက် ကပ်ထားရင်း..အခန်း လိုက်ကာ လေးကို ဖွင့် ပေး တော့..
အဲ... ကုတင်တလုံးပေါ်မှာ..အိသွယ်က..ငိုလို့ ပါလား။ မစု နဲ့ ကလေးက.. တဖက် ကုတင် ပေါ်ကနေ ..မျက်နှာငယ်လေး တွေ နဲ့... ကြည့် လို့...။

.......................
.......................


Share/Bookmark

စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၈)


ငါလေ...နင့် ၀တ္ထုကို ဖတ်ပြီး တော့.. စိတ်ထဲမှာ တမျိုးပဲ..”

“ အ” စာလုံး ကို.. ခက်ခက်ခဲခဲ..ကွေ့ဝိုက် ညှပ်နေ ရင်း...ကပ်ကျေး ကို ခဏ ချ ပြီး.. မစု ကို လှမ်းကြည့် မိသည်။ မစု ဘာပြော ချင် တာလဲ...။
မစုက သူ့စကား ကို မဆက်သေးပဲ ... သူ ညှပ်ထားတဲ့.. ကြယ် ရောင်စုံ လက်လက် ကလေး တွေကို.. ရေတွက် ရင်း ထပ်စီနေ ပြန်တယ်။

ညောင်း နေတဲ့ လည်ပင်း ကို ဘယ်ညာ ချိုးလိုက်တော့..ဂျွတ်ကနဲ..။ တနာရီလောက် ကြာအောင် ခွေထိုင်နေမိ တဲ့ ခြေထောက် တွေ ကိုပါ..ဆန့် ထုတ် ပြစ် လိုက် ရင်း..

“ပြောလေဟာ.. ဘာ တမျိုး လဲ...”

နင့် ၀တ္ထု ထဲကလိုပဲ..ငါလည်း. နောက် ၂လ လောက် ဆို.. နယ် ပြန်ပြီ လေ...တောမှာ..ဆရာမ ဖြစ်ပြီ လေဟာ.. ”

သူ တို့ သိပါတယ်။ တလောက.. ကိုကြီး ပြန်လွတ်လာ တော့.. မစု ဖေကြီးက.. မိသားစု တွေကို မျက်စိ အောက်က.. အပျောက်မခံ ခြင် တော့ပဲ ..တစုတစည်း ထဲ ရှိနေ စေချင်တာ။ အထူးသဖြင့်..မစု တို့ ညီအမ တွေ ကိုပေါ့...။ သမီး တွေကို ဒီအရွယ် ကြီးတွေ ရောက်တဲ့ အထိ.. ကားလတ်မှတ် ဖြတ်တာက အစ..အဆောင်ကြေး သွင်းတာ အဆုံး...အကုန် စီမံ ပေး လာတာ..အခုလဲ.. မစုတို့ ညီအမ နှစ်ယောက်လုံး ကို..ကျောင်းဆရာမ အလုပ်တွေ.. ကျောင်းမပြီးခင် တည်းက.. ကြို လျှောက်ထား ပြီး ပြီ တဲ့ လေ.. ။

ပြီးတော့.. ဖေကြီး တလှည့်.. ကိုကြီး တလှည့်.. ထောင်ထဲ ရောက်နေတုန်း.. ငါတို့ အိမ်က ကျောင်းလေးလဲ အတော်အားနည်း သွားတာ.. အဲဒါကိုလည်း အဓိက ပြန် ဦးဆောင် ရမှာ ဟ...”

မစု စကား ကို တုန့်ပြန် အားပေး ဖို့... အားယူ လိုက်ရင်း..ဘေးဘီ ကို အရင် စောင်းငဲ့ ကြည့် လိုက်သည်။ လောလော ဆယ်ဆယ်... ဘုရားခန်း ထဲမှာ.. နောက်ခံ စာလုံး ကိုက် ပေးနေတဲ့...သူတို့ နှစ်ယောက် ရယ်.. ခပ်လှမ်းလှမ်းမှာ... အငြိမ့်ခန်း အတွက်.. နောက်ခံ ကားချပ် ဆွဲ နေတဲ့... ရွှေဘိုဆောင်.. လောဖိုင်နယ်က.. ပန်းချီ ဆွဲတဲ့ အကို ကြီးရယ်.. သုံး ယောက် သာ ရှိ နေသည်။ ဒီ စနေ မှာ လုပ်မဲ့.. အင်းလျား ဒင်နာ အတွက်.. အတန်းမရှိတဲ့ လူတွေ.. ကြုံသလို လုပ်အားပေး နေ ကြ တာ ဆိုတော့.. မနက်က.. နောက်ခံ စင်မြင့် တာဝန် ယူပေးတဲ့..ပင်းယဆောင်..အဖွဲ့ တွေက.. စာလုံး တွေ ကူ ကိုက် ပေးဖို့.. လူလို တယ် ဆို တာနဲ့...သူတို့ နှစ်ယောက်.. ဆင်း လုပ် ပေး နေ ကြတာ..။ ကလေးက.. လှည်းတန်းက..သူ့အမ အပြင်ဆောင် မှာ စာသွား ကျက်သည်။။ မဖြူ ကတော့...ဘယ် ထွက်သွား တယ် မသိ။

 .........
.............

 
 


Share/Bookmark

စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၇)

ခုတလော..လူက..တဖက်ခြမ်း ကနေ.. နောက်တဖက်ခြမ်း ကို လှည့်လိုက် တဲ့.. နှစ်ကိုယ့် တစိတ် အရုပ်လို ဖြစ်နေ သည်။ အမြဲတမ်း..တွေးတွေး ဆွေးဆွေး ငေးငေးငိုင်ငိုင်…ကြီးပြင်း ခဲ့ ရာက.. အင်းလျားဆောင် ရောက်မှ.. အပျော်ကျူးတတ်.. နောက်တတ် ပြောင်တတ်..ဖြစ်လာ ပြီး.. ခု ..ဗြုန်းကနဲ ဆို.. သံပတ် ကုန်သွားသလို..တယောက်တည်း.. တနေရာမှာ ရပ်တန့်ပြီး.. တွေးချင်ရာ တွေး ခြင် နေ မိ ပြန် သည်။ ဘယ်ဟာက.. ပင်ကိုယ် မူလ စရိုက်လည်း တော့ မသိ။
-
ဒီနေ့.. စာသင်ခန်း ထဲကို နဲနဲ နောက်ကျမှ ၀င်မိ လို့.. နောက်ဆုံး ခုံ မှာ ပဲ ထိုင်မိ တော့.. ဟိုကောင် တွေ သူ အတန်းတက်တာ သိချင် မှ သိမယ်။ အတန်း ဖြုတ်တော့.. ဘယ်သူ မှ မမြင်ခင်.. စာသင်ခန်း အပြင် ထွက် လိုက်သည်။ ဘယ်သူ မှ ..မမြင်လောက် ဘူး ထင်ကာမှ..ဘယ်တုန်းက…အနား ရောက်လာမှန်း မသိတဲ့..မှုံကြီးက.. လာ..လာ.. ကန်တင်းန် သွားမယ်..တဲ့။
-
“ မလိုက်ဘူး..ငါ လိုင်ဘရီ သွားမလို့…”
-
“ အောင်မာ.. ရာရာ စစ … လာပါဟ..နင်ကလဲ..”
-

“မလိုက်ပါဘူး ဆို …”
-
ပြောရင်း.. အပြင် ထွက်တော့..အရေးထဲ.. မန္တလေးဆောင် ပေါ်တီကို အောက်မှာ.. ဟို..“ အမှတ်တမဲ့တူးတူး” ကြီး ရဲ့ တမင်လုပ်ထားတဲ့..ဆွေးဆွေး မြေ့မြေ့ မျက်နှာ ကြီး ပါလား..။ အဲ တယောက် ကိုတော့.. ကြောက် လည်း ကြောက်.. ရွံလည်း ရွံ.. တော့.. လာ..ငါ့ကို ဟိုထိပ်ထိ လိုက်ပို့ ဆိုပီး..မှုံကြီးကိုပဲ..ခဏ ချော ဆွဲ လိုက်သည်။ လွတ်လွတ် ကျွတ်ကျွတ် ဖြစ်သွားတော့မှ… အဓိပတိ လမ်းမ ကြီး ပေါ်က..နေရောင် နွေးနွေး ကို..အားရ ပါးရ မော့ ကြည့် လိုက်မိသည်။ သင်းပျံ့ပျံ့ ရနံ့ တခု….အဲ.. ကံ့ကော် နံ့.. ကံ့ကော် တွေ ပွင့်ပြီလား..စောသေးတယ် လေ…။
-
.............................

......................................


Share/Bookmark

Me Generation

လတ်တလော..ညီမငယ် ရီတာ ရဲ့ ဘလော့မှာ..အငြင်းပွားဖွယ် စာလေး တခု ဖတ်ဖြစ်ခဲ့ ရတယ်။ မျိုးဆက် တခု ထဲက..သူတို့ ရဲ့ အသံလေးတွေ.. အတွေးအခေါ် ခံယူချက် လေး တွေကိုလည်း..စိတ်ဝင်စား မိတယ်။ Generation Gap ဖြစ်ကောင်း ဖြစ်နိုင် တယ် လို့.. ဆိုလာတဲ့ အတွက်.. Generation နဲ့ပတ်သတ်တဲ့..
ဝေါဟာရ တွေ..ခေါင်းထဲ စုပြုံ ရောက်လာရင်း.. လွန်ခဲ့တဲ့..၂ နှစ်လောက်က..ရေးခဲ့ တဲ့.. Times မဂ္ဂဇင်း မျက်နှာဖုံး ဆောင်းပါး ကို ကိုးကား ရေးသားခဲ့ တဲ့.. Me Generation ဆိုတဲ့..စာလေး ကို ပြန် ဖတ် ကြည့် ဖြစ်ပါတယ်။
ဖတ်ကြည့် ရင်း... သေချာ ပြန်စဉ်းစား တော့.. ဒါတွေဟာ..Generation Gap လား.. မျိုးဆက် တခု နဲ့ တခု ကြား..ခေတ် အပိုင်း အခြား တခု နဲ့ တခု ကြား.. သမိုင်း လက်ဆင့် ကမ်းနိုင်မူ ..စာနာ နားလည်မူ.. အပြန်အလှန် လေးစားမူ.. တွေ ကို မတည်ဆောက် နိုင် လောက် အောင်.. လေဟာ..လစ်ဟ နေခဲ့တဲ့.. Generation Vaccum ကြီးလား ဆိုတာ.. အဖန်ဖန် ပြန် ဆန်းစစ် ကြည့်နေ မိပါတယ်။
-

-


Share/Bookmark

စိန်ပန်း နဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၆)

မန္တလေးဆောင်ကြီးကလည်း..မှောင် လိုက်တာ …


ညနေ ကြောင်တောင် ကြီးတောင်.. လက်တွေ့ခန်းထဲ မှာ ထွန်းထားတဲ့ မီးချောင်း ရောင် တွေ က..သူ ထိုင် နေတဲ့..ထောင့် ခုံ ပေါ် ထိ မရောက်။ ဒီ cross section ဆွဲတာ ကို လည်း..သူ ကောင်းကောင်း နားမလည်။ ဆရာ ပြောပြ နေတုန်းကလည်း..နားစိုက် မထောင် မိ..။ သူ ဘာတွေ တွေးနေခဲ့ မှန်း လည်း မသိ။
-
Assignment ပေးထားတဲ့..မြေပုံ စာရွက် ကလေး ကို A B မျှားလေး အတိုင်း ချိုး ပြီးတော့.. အောက်က..စာရွက်လွတ်ပေါ် မှာ.. အစက်လေး တွေ တော့..ချပြီးပြီ။ ဘေး က.. ခလေး ကလည်း..ယောင်တောင် ပေါင်တောင်..သူ့လိုပဲ.. ဟိုဖက် ကြည့် လိုက်..ဒီဖက် ကြည့်လိုက်။ ဆရာမ ဒေါ်သူဇာ နဲ့ ဆရာ လတ် တို့ နှစ်ယောက် ကတော့..သူတို့ သေချာ လက်ချာ ရိုက်ပြီး ပြီ ဆိုပြီး… ကျောင်းသား တွေကို..စိတ်ချ လက်ချ ရှိ ပုံရသည်။ တံခါး ဘောင်မှာ မှီပြီး စကားရပ်ပြော နေကြသည်။

တချို့က..အလင်းရောင် ကောင်းတဲ့..၀ရံတာ က..ခုံ တွေ မှာ ဆွဲ နေကြသည်…။ နောက်ပြောင်သံ တချို့..နဲ့.. ရီမောသံ တချို့ ..။ ၀ရံတာ ဖက် ဆီ မှာ စည်စည် ကားကား ..။ မဖြူ က .. အောနပ်စ် က တသိုက် နဲ့..အဲဒီမှာ သွားဆွဲ နေတာပဲ။
-
အိုး.. မှောင်က မှောင်.. စိတ်က အိုက်..။ ဒေါသ ကလည်း ဘယ်က ထွက်နေမှန်း ကို မသိ။ မျက်နှာကျက်က..ပန်ကာ အိုကြီး တွေ ကလည်း..တဒီးဒီး နဲ့ သာ မြည်နေတာ.. ဘာလေ မှ လည်း မရ..။ တံခါးပေါက် မှာ ရပ်ပြီး..ရယ်မော စကားပြော နေတဲ့..ဆရာ နဲ့ ဆရာမ ကို ကြည့် ရင်း .. ဆရာ့ ကို သတိ ရ သည်။ ခု လောက်ဆို စင်ကာပူ မှာပေါ့.. အလုပ် အသစ် ထဲ မှာ ပျော်နေ ပြီလား..ဘ၀ အသစ်ကို ရုန်းကန် နေ သလား ..။ ဘာရယ် လည်း မဟုတ်.. စာတွေ နားမလည် မိ တော့ .. စိတ်အေး လက်အေး နဲ့.. ဗဟုသုတ တွေပါ ညှပ်ပြီး..စာရှင်းပြ တတ်တဲ့..ဆရာ့ကို သတိရ မိတာပါ..။ ဆရာသာ ရှိသေးရင်.. သူတို့.. ပရက်တီကယ် တွေ
ဝင် ကိုင် ပေးရမှာ..။ ဘာမှန်း လဲ မသိ ..သူ ငိုချင် လာသည်။ ဒီ အခန်းထဲက..ခဏ ထွက်မှ ဖြစ်မည်..။ ခေါင်းတွေ လည်း အုံခဲ လာသလိုပဲ..။ ခဲဆံ ဘောပင် ကို ခုံ ပေါ် ပြစ်ချ ပြီး.. ထိုင်ခုံ ကနေ မတ်တပ် ရပ် မိသွားသည်။
-
“ ဘယ်သွား မလို့လည်း..သူများတွေ ဆွဲ ပြီး တောင် ကုန်ပီ…”
-
ကိုတိုး အသံ က..ခပ် မာမာ ။ လူ ကို မကြည့်ပဲ.. မှုန်ကုပ်ကုပ် နဲ့ ခုံပေါ်က..စာရွက်ကို လှမ်း ကြည့် လိုက် ရင်း…
....
.....
....
....
....
....
....
....








 


Share/Bookmark

အထားမှားသွားတဲ့.. စိန်ပန်းတွေ

စိန်ပန်း နဲ့ ကံ့ကော် တွေ ကြားထဲ.. ဒီတခါ..တောပန်း ကြားဝင် တာလည်း မဟုတ်ပါဘူး။ နည်း နည်း လောက် စကားခံ ပြီး..အမှားပြင် တာပါ။
ပြောရရင်.. အပိုင်း ၁၃ ပြီးတော့.. ခရီးသွား..ဘာညာ သာရကာ တွေ နဲ့ ကိစ္စများမြောင် သွားတော့.. မုဒ် တော့..နဲနဲ ပြတ်သွား ပါတယ်။ ပြန်ရေးဖို့တောင် တော် တော် အရှိန်ယူ ရပါတယ်။ ထုံးစံ အတိုင်း..ရေးတော့လည်း.. live ရေး နေတယ် ဆိုတော့.. ခံစားလို့ရသမျှ..ရေးပြီးတာနဲ့..တင် လိုက် မိတာပါပဲ။
အခု.. သူငယ်ချင်း မိတ်ဆွေ..ဆွေမျိုး များက..ဆိုတယ်.. အပိုင်း ၁၅ က.. နဲနဲ လေး သွားတယ်..။ စာ အစီးအဆင်း ပြောင်းသွားတယ် တဲ့။ ဟုတ်ပါတယ်..။ ရေးနေရင်းပဲ.. သမိုင်းတွေ အချက်အလက်တွေ ..ဘာတွေ ညာတွေ ထဲမှာ.. လက်က.. လျှောပြီး..မျောပါသွား တယ်။ ဒါကလည်း ကိုယ့် ရဲ့ ပင်ကိုယ် အကြိုက် ကိုးလေ။
တကယ်လည်း..ကိုယ့် စိတ်က..ဘာပဲ ရေးရေး.. အသိ နဲ့ အတွေး ကို ပေးချင်တာ ဦးစားပေးပါ။ ရသ လေး တခု ကြိုးစား ရေးကြည့် တော့လည်း.. ရုပ်တည် ကြီး .. မျက်နှာသေ ကြီး နဲ့..ငိုပြ သလို လည်း ဖြစ်နေမှာ စိုးရသေး တယ်လေ..။
-
ဘာပဲ ပြောပြော.. အပိုင်း ၁၅ ကို ကိုယ်တိုင် က တော့ အလေးထား နှစ်သက် မိတယ်။ လူတိုင်း တက္ကသိုလ် ဇတ်လမ်းတွေ နဲ့ ယဉ်ပါး ကြပေမဲ့.. စေ့စေ့ ငုငု ခေတ်အခြေအနေ.. အချက်အလက် Demography နဲ့ ယှဉ်ပြီး သတိပြု သုံးသပ် မိ မယ် မထင်ဘူး။ အထူးသဖြင့်..ကမာရွတ်မြို့နယ်က..ရန်ကုန်တက္ကသိုလ်ကြီး နဲ့ ဝေးခဲ့ ရတဲ့.. လူငယ် တွေ ပေါ့။ ကိုယ်တိုင် တောင်..ခုမှ..ဓါတ်ပုံ ဟောင်း တွေ နဲ့..စာတွေကို ပြန်တိုက် ဖတ်ကြည့် တော့မှ.. ပိုပြီး သိလာ မြင်လာရတဲ့ အကြောင်း တွေ ရှိလာတယ်။
ထားပါတော့..ပြောချင်တာက.. အခု နောက်ဆုံး ရေးတဲ့.. အပိုင်း ၁၄ နဲ့ ၁၅ က.. ရှေ့နောက် အချိတ် အဆက် စော နေသလို ခံစား ရတာကြောင့်.. နဲနဲ လေး တဲ့.. ၁၅ ကို ရှေ့ပို့ပြီး.. ၁၄ ကို နောက်ဆုံး မှာ ရွှေ့ရင်း..အဖွင့် အပိတ်လေး တွေ နဲနဲ ပြန်ပြင် ထားလိုက်ပါတယ်။ အဲဒါ မှလည်း..၁၆ ကို ပေါ့ပေါ့ပါးပါး လေး ပြန်ဆက် နိုင် မလား လို့။
-
ဖတ်ပြီးသား လူတွေ အတွက်တော့..မထူးလှပါဘူးလေ..။
အင်း..မဖတ်ရသေးတဲ့ လူတွေ အတွက်လည်း..မထူး ပါဘူး .. နော..။ ဟိုပြင် ဒီပြင် ဟိုရွှေ့ ဒီရွှေ့လုပ်ရတာ ခွင့် လွှတ် သီးခံ ပါ။ ပြီးကာ နီးပါပြီ.. ။ နောက် ၃ ခန်း လောက်ပါပဲ။ မျက်စိ မညောင်း စေရ ပါတော့ဘူး။း)



Share/Bookmark

စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (၁၅)

 

Get this widget Track details eSnips Social DNA




Share/Bookmark