စိန်ပန်း နဲ့ ကံ့ကော် တွေ ကြားထဲ.. ဒီတခါ..တောပန်း ကြားဝင် တာလည်း မဟုတ်ပါဘူး။ နည်း နည်း လောက် စကားခံ ပြီး..အမှားပြင် တာပါ။
ပြောရရင်.. အပိုင်း ၁၃ ပြီးတော့.. ခရီးသွား..ဘာညာ သာရကာ တွေ နဲ့ ကိစ္စများမြောင် သွားတော့.. မုဒ် တော့..နဲနဲ ပြတ်သွား ပါတယ်။ ပြန်ရေးဖို့တောင် တော် တော် အရှိန်ယူ ရပါတယ်။ ထုံးစံ အတိုင်း..ရေးတော့လည်း.. live ရေး နေတယ် ဆိုတော့.. ခံစားလို့ရသမျှ..ရေးပြီးတာနဲ့..တင် လိုက် မိတာပါပဲ။
အခု.. သူငယ်ချင်း မိတ်ဆွေ..ဆွေမျိုး များက..ဆိုတယ်.. အပိုင်း ၁၅ က.. နဲနဲ လေး သွားတယ်..။ စာ အစီးအဆင်း ပြောင်းသွားတယ် တဲ့။ ဟုတ်ပါတယ်..။ ရေးနေရင်းပဲ.. သမိုင်းတွေ အချက်အလက်တွေ ..ဘာတွေ ညာတွေ ထဲမှာ.. လက်က.. လျှောပြီး..မျောပါသွား တယ်။ ဒါကလည်း ကိုယ့် ရဲ့ ပင်ကိုယ် အကြိုက် ကိုးလေ။
တကယ်လည်း..ကိုယ့် စိတ်က..ဘာပဲ ရေးရေး.. အသိ နဲ့ အတွေး ကို ပေးချင်တာ ဦးစားပေးပါ။ ရသ လေး တခု ကြိုးစား ရေးကြည့် တော့လည်း.. ရုပ်တည် ကြီး .. မျက်နှာသေ ကြီး နဲ့..ငိုပြ သလို လည်း ဖြစ်နေမှာ စိုးရသေး တယ်လေ..။
-
ဘာပဲ ပြောပြော.. အပိုင်း ၁၅ ကို ကိုယ်တိုင် က တော့ အလေးထား နှစ်သက် မိတယ်။ လူတိုင်း တက္ကသိုလ် ဇတ်လမ်းတွေ နဲ့ ယဉ်ပါး ကြပေမဲ့.. စေ့စေ့ ငုငု ခေတ်အခြေအနေ.. အချက်အလက် Demography နဲ့ ယှဉ်ပြီး သတိပြု သုံးသပ် မိ မယ် မထင်ဘူး။ အထူးသဖြင့်..ကမာရွတ်မြို့နယ်က..ရန်ကုန်တက္ကသိုလ်ကြီး နဲ့ ဝေးခဲ့ ရတဲ့.. လူငယ် တွေ ပေါ့။ ကိုယ်တိုင် တောင်..ခုမှ..ဓါတ်ပုံ ဟောင်း တွေ နဲ့..စာတွေကို ပြန်တိုက် ဖတ်ကြည့် တော့မှ.. ပိုပြီး သိလာ မြင်လာရတဲ့ အကြောင်း တွေ ရှိလာတယ်။
ထားပါတော့..ပြောချင်တာက.. အခု နောက်ဆုံး ရေးတဲ့.. အပိုင်း ၁၄ နဲ့ ၁၅ က.. ရှေ့နောက် အချိတ် အဆက် စော နေသလို ခံစား ရတာကြောင့်.. နဲနဲ လေး တဲ့.. ၁၅ ကို ရှေ့ပို့ပြီး.. ၁၄ ကို နောက်ဆုံး မှာ ရွှေ့ရင်း..အဖွင့် အပိတ်လေး တွေ နဲနဲ ပြန်ပြင် ထားလိုက်ပါတယ်။ အဲဒါ မှလည်း..၁၆ ကို ပေါ့ပေါ့ပါးပါး လေး ပြန်ဆက် နိုင် မလား လို့။
-
ဖတ်ပြီးသား လူတွေ အတွက်တော့..မထူးလှပါဘူးလေ..။
အင်း..မဖတ်ရသေးတဲ့ လူတွေ အတွက်လည်း..မထူး ပါဘူး .. နော..။ ဟိုပြင် ဒီပြင် ဟိုရွှေ့ ဒီရွှေ့လုပ်ရတာ ခွင့် လွှတ် သီးခံ ပါ။ ပြီးကာ နီးပါပြီ.. ။ နောက် ၃ ခန်း လောက်ပါပဲ။ မျက်စိ မညောင်း စေရ ပါတော့ဘူး။း)
အင်း..မဖတ်ရသေးတဲ့ လူတွေ အတွက်လည်း..မထူး ပါဘူး .. နော..။ ဟိုပြင် ဒီပြင် ဟိုရွှေ့ ဒီရွှေ့လုပ်ရတာ ခွင့် လွှတ် သီးခံ ပါ။ ပြီးကာ နီးပါပြီ.. ။ နောက် ၃ ခန်း လောက်ပါပဲ။ မျက်စိ မညောင်း စေရ ပါတော့ဘူး။း)
◦
9 Comments:
မကေ.. အပိုင်း ၁၅ ကိုဖတ်ရတာ ကြိုက်တယ်.. ကိစ္စမရှိဘူး... လေးတယ်လို့တော့ ပြောလို့မရပါဘူး...
ကေ...
တပိုင်းပြီး တပိုင်း ဖတ်ဖြစ်ပါတယ်...။ ဖတ်ရင်းနဲ့ အမြဲမျောပါသွားတတ်တာမို့ အထားအသိုတွေ၊ ရှေ့နောက် အချိတ် အဆက် တွေ ဘာတွေ သတိမထားဖြစ်ပါဘူး..
အားလုံးပြီးရင်တော့ Word ထဲမှာ Copy, Paste လုပ်ပြီး အစ အဆုံး ပြန်ဖတ်မယ်လို့ တွေးထားတယ် ကေ...
မျက်စိမညောင်းပါဘူးကေ... ပြီးသွားရင် အပိုင်း၁ ကနေ ဆက်တိုက်ပြန်ဖတ်မလို့တောင် မှန်းထားတာပါ.........
အခန်းဆက်က ရေးတာ တင်တာကြာသွားရင် ဒီလိုပဲ ဖြစ်တတ်
ပါတယ်လို့ ။ ဒါပေမဲ့  မရိုးနိုင်တဲ့  သင်္ကြန်မိုး ကားလိုပဲ
တက္ကသိုလ် အကြောင်းကလဲ ဒီအတိုင်းပါပဲ။
ဆက်ရေးပါလေ။
မကေရေ...
စောင့်...မျှော်...လျှက်
အထားမှားတယ်ဆိုလို့ လန့်သွားတာပဲ
စာဖိုင်များပျောက်သွားသလားလို့ ..
ရှေ့ဆက်လို့ရပါပြီ
ရှေ့ဆက်ဖို့က အဓိကပါး)
း)
ထင်တော့ထင်သား
အပိုင်း (၁၅) ကို ဖတ်တုန်းက
ကိစ္စ မရှိပါဘူးလေ
ပြီးရင်သာ Pdf လုပ်ပေး
တပေါင်းထဲ ဖတ်၇အောင်
ပြီးတော့ ဒီခေတ်ကလေးတွေ တခါ တည်းပေးဖတ်ရအောင်
မျက်စိမညောင်းပါဘူး..မကေ..။ သိမ်းထားပြီးအစအဆုံးပြန်ဖတ်ဦးမှာ....
စာတော်တော်ရေးနိုင်တာပဲ။ ကောင်းလည်းကောင်းတယ်။ ဖတ်ရတာ ကျွန်တော်မတက်ဖူးတဲ့ တက္ကသိုလ်ကို ကောင်းကောင်းကြီး မြင်ရတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကတော့.. ဖဲဝိုင်းရယ်.. ချစ်ချစ်တောက်ပူတာရယ်... ဘောလုံးပွဲအကြောင်းတွေရယ်..ရွှေမန်းမေကားကြီးတွေရယ်..ထောင်းထောင်းထနေတဲ့ ဖုတ်တွေရယ်.. ...အခုတော့လည်း ကိုယ်နဲ့ ဘာမှမဆိုင်တော့တဲ့နေရာတွေဖြစ်ကုန်ပီ.. အသက်တွေကြီးလာပီလေ။ :)
Post a Comment