အဲဒါ..ရည်းစားစာ...
ဟုတ်ကော ဟုတ် ရဲ့ လား..
အခုလေး တင်.. ရင်တုန် ပန်းတုန် ဖွင့် လိုက်တဲ့.. စာအိတ်ထဲက.. ထွက်ကျ လာတဲ့.. စာရွက် အဖြူ ကလေး ကို.. ငိုင်ပြီး ကြည့် နေမိတယ်။
ဒီနေ့ ..အတန်း အဖြုတ်မှာ..အနားကို ရောက်လာပြီး.. စာ
အုပ် ကို ပေးသွားတာ။ သူသိတယ်.. ဒီစာအုပ် ကြားထဲမှာ..တခုခု ပါလာမယ် ဆိုတာ..။ ဘာဖြစ်လို့ သိနေမှန်း တော့ မသိဘူး..။ ချက်ခြင်း.. အဆောင် ပြန်ပြေး လာပြီး.. အခု.. ဖွင့် လိုက် တာပဲ..။ လမ်းမှာ တည်းက.. စာအုပ် ကြားထဲက..စာအိတ် အပြာလေး ကို ခဏ ခဏ လှန်ကြည့်ပြီး..ရင်တွေ တအား ခုန်နေ ခဲ့တာ..။
ခု တော့..သူ့ရင် တွေ ..ခုန်တာ..အရှိန် မသေ သေးေ
ပမဲ့.. မျက်မှောင် တော့ ကျုံ့ နေ မိ သည်။ စာရွက် ပေါ်မှာ..ဆွဲ ထားတဲ့.. ကာတွန်း ပုံ က.. ယောက်ျားလေး တယောက်က.. မိန်းကလေး တယောက်ကို.. ချစ်ခွင့် ပန် ဖို့ ဆွဲ ထား တယ် ဆိုရင် တောင်.. ကြောင်တောင် တောင်..မနိုင် လှ ဘူးလား..။
ပြီးတော့.. အော်ပီကျယ် ရဲ့.. အသည်းနှလုံးကို လေးပေါ်တင် ပြစ်သူ ..တဲ့။ ပေါ်တင်ကြီး လည်း ကူးဆွဲ ထား သေးတယ်။ ပြစ်နေတဲ့ အ၀ိုင်း တွေ ကလည်း..
တခု ထက်မက...။ နောက်ပြီး...တခု မှ..မမှန်ပဲ.. အသဲ နှလုံးကြီး က..လေထီးပွင့် ပြီး ပြန်ဆင်း လာ တာ က ရော..ဘာ သဘော လည်း...။ ခက်လိုက် တာ ကွယ်...။ နင်.. စာသမား ပေ သမား တယောက် မဟုတ်ဘူး ဆိုတာ.. ငါ သိ ပါတယ် ဟယ်...။ ကဗျာ လှလှ လေး တပုဒ် .. မဟုတ် တောင်... အနည်း ဆုံး တော့... အဆို အမိန့်လေး ဖြစ်ဖြစ်.. ဘာလေး ဖြစ်ဖြစ်.. ကူး ထဲ့ ပေး ပါ ဦး တော့လား..။
အေးလေ..သမရိုးကျ ကြီး မဖြစ် ချင် တာ လည်း နေ မှာပါ...။
ရင်ခုန်တာ တွေ ရော.. ရီချင်..စိတ်ပျက် မိတာရော.. ရောရော ထွေးထွေး နဲ့ပဲ.. တတ်နိုင်သမျှ... နားလည် ပေး ဖို့ ကြိုးစား ကြည့် ပါ တယ်။
ရင်ခုန် လက်ကျန် လေး နဲ့ပဲ ..စာအိတ်ထဲမှာ..အတူပါလာတဲ့..အပြာရောင်..ကဒ်ကလေး ကို .. ခပ်ဖြည်းဖြည်း ဖွင့် ကြည့် မိတယ်။ ... မြင်ဖူး နေကျ.. ခပ်ဆန်းဆ
န်း လက်ရေး စောင်းစောင်း ပိန်ပိန် လေး တွေ....
“ ရည်မှန်းချက် တွေ ကို ဖြည့်ဆေး ပေး ချင် တယ်..”
သူ့ ရင်တွေ..အခုန် မြန် လာ ပြန် သည်။
-------
----
ရင်ဘတ်မှာ အပ် ထားလိုက် မိတဲ့..ကဒ်ပြား လေး ကို..နောက်တခေါက် ဖတ် ကြည့် မိပြန် သည်။ ဟာ.. လုပ်ပြန် ပါပြီ...ဖြည့်ဆေး မဟုတ်ပါဘူး..ဖြည့်ဆည်း
ပါ ကွာ...။
ဘာပဲ ဖြစ်ဖြစ်...သူ ကျေနပ်စွာ.. ကြည်နူးစွာ... ပြုံးနေ မိ တော့ သည်။
++++++++++++++++
လှိုက်လှိုက် လှဲ လှဲ.. ရှိုက် ကြီး တငင် ငို နေတဲ့.. သူ့ကို.. ကုတင်ဘေး မှာ လာရပ် ပြီး ချော့ဖို့ ကြိုးစား နေတဲ့.. မဖြူ .. နားမလည် နိုင် တာ ထက်.. သူ့ ကို သူ တောင် .. နားမလည် နိုင် နေ တော့ တာပါ...။
ရိုးလ်ကော မှာ .. ကလေး နဲ့ မစု.
..သူ့ကို.. စ လိုက် ကတည်းက.. မျက်ရည် က..လည်ချင် နေပြီ။ သွား.. ငါတို့ နား လာ မထိုင် နဲ့..နင်က..ရည်းစား ရ နေပြီ မဟုတ်လား ...မဖြူ နား
သွား ထိုင် .. တဲ့။ ဒါ..ဘာမှ .. နာကျင်စရာ.. စကား လည်း မဟုတ်ပါပဲ နဲ့... ချစ်စနိုး..နောက် နေမှန်း လည်း သိပါရဲ့ နဲ့.. သူ ငို ချင် နေ ခဲ့တာ..။ ညနေ က.. အတန်း ပြီးတော့.. အကုန်လုံး ကို.. မလိမ့် တပတ် လုပ်ပြီး..သူ တို့ နှစ် ယောက်..လစ်ထွက် လာ နိုင် ခဲ့ ပေမဲ့.. တအုပ်စု လုံး.. ရိပ်မိ နေ ပြီး.. မျက်နှာ တွေ တမျိုး ဖြစ် နေ ကတည်းက.. သူ့ရင် ထဲ မှာ.. ချစ်သူ ကို အဖြေပေး ဖို့.. အပျော် တွေ.. ပျောက် ခြင်သလို ဖြစ်နေ ခဲ့တာ..။ လိုင်ဘရီ ရှေ့ က.. ကံ့ကော် ပင် ကြီး တပင် အောက် မှာ.. နှစ်ယောက် တည်း..ဘေးခြင်း ကပ် ထိုင် နေခဲ့ တုန်းကလည်း..မှား များ သွား ပြီ လား လို့.. အကြိမ် ကြိမ်..တွေး နေ မိ ခဲ့တာ...ဘယ် လောက် သဘာဝ မကျ တဲ့... ပထမ ဆုံး..ချိန်းတွေ့ ခြင်း လည်း..။
“ ဒါ.. သဘာဝ ကျ ပါတယ် ... ”
မာလာ့ စကားက.. သူ့ အတွေး တွေ နဲ့ ဘယ်လို လာပြီး ချိတ်ဆက် နေ ပါလိမ့်...။
“ အေး အေး.. ရှင်က.. ရည်းစား ထားဖူး တော့.. ပြောလေ.
.. ငါ တောင် ရည်းစားထားလာတာ..သုံး နှစ် ကျော်ပြီ.. ခု..သူ ငိုတာ.. နားမလည် ဘူး...”
သူ့ ငိုခြင်းရှည် မှာ .. အခန်းဖော် မဖြူ တင် မက.. ကျောခြင်းကပ် အခန်းက.. သက်သက် နဲ့ မာလာ တောင်.. ၀င် ပါ နေ ရ ပြီ ကော..။
မဖြူက.. ဟက် - ကနဲ ရီ ရင်း...
“ အေး လေဟယ်... မာလာ ရယ်.. လုပ်ပါ အုံး.. ဘာပဲ ပြောပြော..နင်က..လောလော ဆယ်ဆယ်.. ရည်းစား မရှိပေမဲ့.. ငါတို့ ထက် ဗဟုသုတ ပို များ မှာ..” လို့.. ဟိုဖက် ခန်း ကို.. လှမ်း ပြီး..စစ်ကူ တောင်း တယ်။
မျက်ရည် တွေကို.. ခပ်ကြမ်းကြမ်း ပွတ် သုတ် လိုက် ရင်း ..စိုရွှဲ နေတဲ့..ခေါင်းအုံး ကြီး ကို..ရင်ဘတ် ထဲ ပိုက်ပြီး .. တဖက်ခန်းက .. မာလာ့ စကား ကို.. သူ လည်း..နားစွင့် နေ မိသည်။
“ တချို့ မိန်းကလေး တွေ မှာ...မိန်းမ ဖြစ်ခြင်း ရဲ့.. စတတ်ပ် တွေ ပြောင်း တိုင်း ပြောင်းတိုင်း.. စိတ်ခံစား ထိရှ တတ် တယ် တဲ့...ဥပမာ ဟာ...ရာသီ စလာ တဲ့ အခါ.. ချစ်သူ စ တွေ့ တဲ့ အခါ.. မင်္ဂလာ ဆောင် တဲ့ အခါ.. မျိုးပေါ့...ကလေး တွေ..သွားပေါက်ရင်..လမ်းစလျှောက်ရင်.. ဖျား တတ် တဲ့.. သဘော လည်း.. အဲဒါ ပဲ.. ”
မာ လာ ပြောတာ.. စိတ်ဝင် စားစရာပဲ..။ ဟုတ်တယ်..
သူ..အဲဒီ တုန်း ကလည်း.. ငိုလိုက် ရတာ.. တနေ့ လုံး.. တပတ်လုံး..။
“ ဟဲ့..ဟုတ်မယ် ဟ... ငါ့ အမ ကြီး.. မင်္ဂလာ ဆောင် တုန်း ကလေ..သူ့ ချစ်သူ နော်..သူ ကြိုက်လိုက်တာမှ.. သေချင် ပက်ကျိ.. ပြီး..မင်္ဂလာဆောင် တဲ့ ည ကျတော့.. သတို့ သား အိမ် မလိုက် ပါတော့ ဘူး ဆိုပြီး..ငို နေ တာ..အဲတုန်းက..ငါ ကိုးတန်းပဲ ရှိသေးတာ.. နား ကို မလည် ဘူး.. ဟိ ဟိ.. ငါ ဆိုရင်တော့..ငိုချင်မှာ မဟုတ်ဘူး .. ခု တောင်.. လက်ထပ် ချင် လှပြီ.. စာမေးပွဲ လေး ပြီး အောင်..ဘွဲ့လေး ရ အောင်..မနည်း သည်း
ခံ စောင့် နေရတာ...”
သက်သက် ကတော့..အမြဲ ပြောင်စပ်စပ် နဲ့... သူ့ ရှေ့ရေး..ဘ၀..ရွေးချယ်မူ တွေ အတွက်.. ဘာကိုမှ ပူပင် ပုံ ကို မရတာ..။ သက်သက် တို့ နှစ်ယောက် ဆို လည်း.. နှစ်ဖက် လုံးက.. ပုံမှန် အရာရှိ ၀န်ထမ်း မိဘ တွေ .. သိပ် ပြီး .. ပိုပို လျှံ လျှံ ကြီးတွေ လည်း ဟုတ်ပုံ မရ.. ။ လက်ထပ်ဖို့ တွေ.. နေဖို့ ထိုင် ဖို့ ကိစ္စ တွေ.. သူတို့ ဖာသာ.. ဆွေး နွေး တိုင် ပင် နေ ကြတာပဲ.. ။ မိုးလင်း ရင်.. အခန်းထဲမှာ.. ဟင်းခိုးချက်.. ပြီးရင်.. စတီး ချိုင့် ကြီး တချိုင့် ဆွဲပြီး..ကျောင်း ထွက် သွားတာပဲ...။ သူ့ ဘဲ နဲ့ပဲ.. တယောက် မျက်နှာ တယောက် ကြည့်...အတန်းထဲမှာ အတူတူ ထိုင်.. စာအတူတူ ကျက်.. နေ့လည်စာ အတူတူ စား... ညနေ စောင်းလို့.. အဆော
င် ပြန်လာ အိပ် တာပဲ.. ရှိ တော့တာ..။
“ အေးလေ.. လူတိုင်း က.. တူမှ မတူတာ မိသက်ရဲ့.. နင်က.. ပေါ့ပေါ့ပါးပါး.. တွေးနိုင် လက်ခံ နိုင်ပေမဲ့.. မကေ ကို ကြည့် ရတာ.. သိပ်တွေးပုံ ရတယ်...”
မာလာ ရဲ့ ..မေးခွန်း လိုလို..ကောက်ချက် လိုလို စကား ကို.. အင်းးး---- လို့ သာ..သံရှည် ဆွဲ တုံ့ ပြန် လိုက် ရင်း.. ကုတင်ပေါ်ပဲ ပြန်လှဲ လိုက် သည် ။ အရမ်း ငို ထား မိတော့.. မောနေပြီ.. မျက်လုံးတွေ လည်း ညောင်းနေ ပြီ...။
တလောက လုံးက..လူတွေ မှာတော့ .. သူ့ အဖြေ နဲ့ သူ...ရှင်း လို့.. ကျေနပ် လို့....။ သူ ကတော့.. မာလာပြောသလို..အတွေး ပဲ များ တာလား... စိတ် မပြတ်သား တာလား.. ဒါမှ မဟုတ်.. တစုံတရာ ရွေးချယ် ဖို့ ကြုံလာတိုင်း စိုးရွံ့ နှောင့်နှေး တတ်သူ လား...။
+++++++++++++
ရှေ့ မှာ မြင်နေရတဲ့.. တောင် နှစ်လုံး မှာ..တလုံး ကို သွားရမှာ တဲ့...။
ဒီ တခါ ..ကွင်းဆင်း ရတာ.. အဖော် တွေ လည်း မပါဘူး...။ ခက်တာပဲ... သူ မရွေး တတ် တော့ဘူး...။ နာရီ ဒိုင်ခွက် မှာ.. ၁၂ နာရီ ထိုး တော့မယ်..။
လုပ်လေ....မြန်မြန်...
ရပ်နေတဲ့... တောင် ကြီးက.. လှုပ်လာပြီ....
လှုပ်နေပြီ.....
တအား..လှုပ် လာ တာ...
“ ဟဲ့.. ဟဲ့.. ဘာဖြစ် တာလဲ.. ”
“ မသိဘူး ... ဘာဖြစ် တာလဲ...”
-----
-----
“ အဆောင်ကြီး ပြို ပြီ...”
“ ကမ္ဘာပျက် တာ လား...”
ဘယ်သူ့ အသံ တွေ လည်း...
မာလာ နဲ့ သက်သက်...
အဆောင်ထဲ မှာပဲ...
မဖြူက.. ကုတင် ပေါ်မှာ မှောက်ပြီး.. တခုခု ပြော နေတယ်...။
------
------
မျက်နှာ ကျက် ကြီး ပိ ကျ လာပြီ။ ခုန သူ ....ကုတင် ပေါ်ကေ
န .. ပြုတ်ကျ သွား တယ်။ သိမ့်က နဲပဲ..။
-----
လက် နဲ့ စမ်း ကြည့် တယ်။ သူ..ကုတင် ပေါ်မှာ..ရှိသေးတယ်။
-----
------
“ ငလျင်... လှုပ်တာဟေ့...အောက်ကို မဆင်း ကြ နဲ့...
”
တယောက်ယောက် အော် လိုက်သံ...။
ငလျင်... ငလျင် ပဲ...
ကုတင် ခေါင်းရင်းက..မီးခလုတ်ကို လှမ်း ဖွင့် လိုက်တယ်။ ဘာမှမလင်း လာဘူး..။
“ မီးတွေ လည်း ပြတ်ကုန်ပြီ ထင်တယ်..”
မဖြူက.. ထပြီး..အခန်းတံခါး ဖွင့် တယ်။ စကား ပြောသံ တွေ...။ သူလည်း.ကုတင်ပေါ်က..ဆင်းပြီး..အပြင် ထွက် လိုက်တယ်။ အဆောင် ကြီး တခု လုံး မဲ မှောင် လို့... ကောင်းကင် ရောင် မလင်း တလင်း အောက်မှာ..လူ ရိပ်တွေ.. စင်္ကြန် ၀ရံတာ တွေ မှာ အပြည့်...။ စကားသံ တွေ ... ဝေါဝေါ..ဝေါဝေါ နဲ့ ။ လရောင် လား.. ရောင်နီ ပျို့ တာလား.. လက်က နာရီ ကို ပြူးပြဲ ကြည့် တော့..သုံး နာရီ ခွဲ စွန်းစွန်း ...။ ည ခေါ်ရမလား..မနက် ခေါ်ရမ လား။ ခုန လှုပ်သွား တဲ့..ငလျင် က.. တော်တော် တော့ ကြီး သည်။ ခု ထိ..မလင်း မလယ်။
“ ကဲ ..ကဲ... ခုန ငလျင် လှုပ်သွားတာ...အခန်းထဲ ပြန်ဝင် ကြ တော့...ဘာမှ မဖြစ်ဘူး.. အိပ်ကြ..အိပ်ကြ..”
အလယ် မြက်ခင်း ဆီ လောက် က.. အော်လိုက် တဲ့.. မမမြ အသံ ကြား ရသည်။
ဘယ်လို ကြီး လည်း မသိ.. တခါမှ မကြုံ ဘူး။ ကြောက်စရာ ကောင်း တာ ထက် ကို .. တမျိုး တပါး ကြီး...။ ကမ္ဘာပျက် ရင်..ဒါမျိုး ဖြစ် မှာ လား မသိ ။
တချို့ တွေ.. အခန်း ထဲ ပြန် ၀င် ကုန် ကြပြီ။ အရေး ထဲ.. မဖြူ က.. ရေချိုးခန်း သွားချင် တယ် ဆိုမှ..သူလည်း.. သွားချင် လာ သည်။ ဓါတ်မီး ယူ ပြီး.. ထွက်လာတော့.. ရေချိုးခန်း အိမ်သာ တွေ မှာ.. တရေး နိုး လာ သူ တွေ နဲ့ ပြည့် လို့..။ ရေချိုးခန်း ရှေ့ မှာ ရပ်စောင့် ကြ ရင်း.. အတွေ့ အကြုံ တွေ.. လုယက် ပြော ကြ ပြန် သည်။
ကုတင် ပေါ်.. ပြန် ခေါင်းချ မိ တော့.. လေး နာရီ တောင် ခွဲ တော့ မည်။ ညက.. ငို ပြီး..မောမော နဲ့ အစော ကြီး အိပ်သွား မိ တာ ပဲ...။ ခု တော့.. ငလျင် တန်ခိုး နဲ့.. မျက်လုံး တွေက.. လင်ကွင်း လောက် ကျယ် နေ သည်။
“ ဒါ လောက် ဆို.. ရစ်ခ်ျတာ စကေး တော်တော် များ မယ်ဟ... နင် ဘယ်လောက် လောက် ရှိ တယ် ထင်လဲ...”
အရေး ထဲ.. မဖြူက.. ကျောင်း သင်ခန်းစာ တွေ.. အသုံးချ ခြင် နေ သေး သည်။
“ သိဘူး ဟာ.. ရည်မွန့် သွား မေး ကြည့်.. ငါ တော့.. ကမ္ဘာပျက် ရင်.. ဘယ်လို နေ မလည်း ဆိုတာပဲ.. တွေး မိ တယ်...”
“ အေးလေ နော်.. ငါဖြင့်.. ကုတင် ကြီး ရမ်းခါ နေ တော့.. ငါ သေပြီ အောက်မေ့ ပြီး..ဇော်ဇော့် ကို..ချက်ခြင်း သတိရ တာ.. အခု..သူတို့ စစ်ကိုင်း ဆောင် တွေဖက် လည်း.. ဖြစ်မယ် ထင်တယ် နော်...”
သက်သက် စကား ကို..မာလာက..ဟက်ဟက် ပက်ပက် ရီ ရင်း..
“ ကဲ...ရည်းစား ပိုင်ရှင် တွေ... မိသက် လို..ကမ္ဘာပျက် ရင်.. ကိုယ့်ချစ်သူ ကို အရင်ဆုံး..သတိရ မိ ကြ ရဲ့ လား.. ”
တဖက်ခန်းက.. မာလာ ရဲ့ လှောင်ရယ်သံ...နဲ့ သက်သက်ရဲ့ ရှက်ရယ်- ရယ်သံ တွေက..ည နက်နက်မှာ.. အတော်လေး တောင် ကျယ် သွားသည်။ သူ တို့ လေး ယောက် လုံး.. ကုတင် ပေါ် ပြန် လှဲ နေ ကြ ပေမဲ့.. အိပ် လို့ ရမယ့် ပုံ ..မပေါ်တော့..။ ညတပိုင်း လုံး..ခြင်ထောင် မထောင်ပဲ အိပ်ပျော်သွား ခဲ့တာ.. ခုမှ လည်း..မထောင်ချင် တော့ ပါဘူး။ မျက်နှာကျက် ကြီး ကို ပဲ ..ငေး နေ မိတယ်။ တိုက်တိုက် ဆိုင်ဆိုင်... တက်တိုးနစ် နဲ့ ပဲခူး ငလျင် ကြီး အကြောင်း ပြောခဲ့ ကြ တုန်းက.. ဆရာ ပြောခဲ့ တဲ့.. ကမ္ဘာ ကြီးက.. တခုပဲ ရှိ တာ.. ဆို တဲ့..စကားကို.. သတိ ရ နေမိ ပြန်တယ်။
“ မာလာရယ်.. မဖြူ တို့ တွေ.. သက်သက်
လောက်..မချစ် နိုင် တာတော့..သေချာတယ်...”
“ အင်း နော်.. အခု မှပဲ.. အချစ် ဆိုတာ အကြောင်း..ကောင်းကောင်း သိ တော့တယ်.. အချစ် ဆိုတာ..လူကို လည်း လိုက်သေး တာပဲ.. အချစ်ကြီး တဲ့ သူ..အချစ်သေး တဲ့သူ..အချစ် ဝေး တဲ့ သူ .... အချစ်ရွေး တဲ့သူ..”
“ အမယ်..မယ်.. ပြောပါအုံး.. ဘယ်သူ တွေက.. အချစ်ရွေး တာလဲ..မကေ ရဲ့.. ”
“ အော်..ဟုတ်ပါဘူး.. ဒီလိုပဲ.. တွေးမိ တာပါ..တို့ အုပ်စု က.. အိသွယ်ဆို... ချစ်ပါလျက် နဲ့ ဘယ်လိုမှ..မဖြစ် နိုင် လို့ ဆိုပြီး..ရည်းစားကို ချက်ခြင်း ဖြတ်ပစ် လိုက်တာလေ.. တဖက်က တော့..လိမ့် နေ မှာပေါ့.. သူလည်း ခံစားရမဲ့ ပုံပါပဲ.. ”
“ ဒါဆို..အိသွယ်က.. တကယ် မချစ် သေး လို့ လည်း ဖြစ်နိုင် တာပဲ.. နောက်ပြီး..အချစ် ဆိုတာ.. အချိန်ကာလ နဲ့ လည်း ဆိုင်သေးတာပဲ ..သံ ယောဇဉ် တွေ သိပ် မတိုး ခင် တော့..ဖြစ်နိုင် ပါတယ်...”
မာလာက လေ.. ပြောလိုက် ရင်တော့..တကယ့် ဆရာကြီး သံ ..။ မာလာ့ ကို စချင် လာသည်။
“ နေပါအုံး..မာလာရဲ့... မာလာကရော...အချစ် အကြောင်း ဒီလောက် သိရဲ့ နဲ့.. ဘာလို့ ခု ထိ .. အကောင်အထည် မဖော်သေးတာလဲ...”
“ အင်း.. မကေ့ စကားနဲ့ ပြန်ပြောရ ရင်.. တို့က.. အချစ်ဝေးသူ ဖြစ်လိမ့်မယ်...”
“ အဲ.. စိတ်ဝင်စားစရာ ကောင်းလာပြီ.. ”
“ ဟုတ်တယ်...ကျောင်းမှာ..တို့ သဘောကျ တဲ့ သူ တယောက် ရှိတယ်..
နေအုံး... ချစ်တာ လို့ မပြောသေးဘူးနော်...
လေးယောက်သား..ရယ် ကြ ပြန်တယ်။
.....ငါတို့ စာသင်ခန်း နားက..ဖြတ် ပြီး.. ပရယ်တီကယ် အမြဲသွားရင်း ..ငါ သတိ ထားမိ လာတာ.. သားရေဖိနပ် အနက်လေး နဲ့.. ခြေသည်းလေး တွေ..သန့် နေတာက အစ..ငါ သတိထား မိနေတာ.. ဟေ့... မရီ နဲ့နော်...
“ အေးပါ.. ဆက်ပြောပါ...”
“ ငါ့ စိတ်ကူးထဲက..ချစ်သူ က ..သူ့ ပုံစံ ပဲ ဟာ.. ဒါမဲ့.. ငါက..ဘယ်လို သူ့ကို ခင်အောင်..သိအောင် လုပ်ရ မှန်းလည်း မသိဘူး.. ဇာတ်လမ်း အတင်း ဖန် ဖို့ ဆိုတာလည်း..ဘယ်လို မှ ကို မကြုံ ဖူးဟာ.... ခု တော့.. စာမေးပွဲ ကြီးလည်း နီးနေပါပြီ.. ကျောင်းကြီးကလည်း..ခွါရတော့ မှာ.. ဒီလို နဲ့ပဲ..ငါလည်း..နယ်ပြန် ရ တော့မှာ.. သိဖို့ လမ်းစ လည်း မရှိ တော့ ပါဘူး ဟာ.. ၀တ္ထုတွေ ထဲမှာ လို.. ကောင်လေးက.. ကောင်မလေး တယောက် ကို.. သိချင် ခင်ချင် လို့ .. အတင်း လိုက်ကပ်တာမျိုး လည်း.. ငါက..ဘယ်လို လုပ်..လုပ်မလည်းလေ....”
“ အင်းနော် ... အချစ် ဆိုတာလည်း.. တွေ့မှ သိ.. သိမှခင်.. ခင်မှ ချစ် ဆိုသလို ပဲ .. တဆင့် ပြီးမှ တဆင့်.. ဖူးပွင့် ကြတာ မျိုးပဲ..”
“ ဒါပေါ့ကွယ်....ဖူးရာမှ ငုံ.....
ငုံရာမှ ပွင့်.....
ပွင့် ရာမှ.. မွှေးရ သည်သာ နှယ်.. .... ဒါတွေကိုလည်း..သိနားလည်.. ကိုယ်လို ချင်သော..ဆန္ဒရယ်.....
မာလာက...သူ့ဖီလင် နဲ့သူ..သီချင်း ဆက် ညည်းေ
န ရာကနေ...
“ နေပါအုံး.. ညက..ငိုတာ ရော.. ဘယ်လို လဲ.. အခု သက်သာပြီလား.. ”
သူ..အရှက်ပြေ.. ရယ် မိသည်။
“ မသိပါဘူး..မာလာရယ်..ခုန မာလာ ပြောသလို ပေါ့.. စိတ်ကူးထဲက..ချစ်သူ ဆိုတာ.. .....
လူတိုင်း မှာ.. အဲဒီ လို..စိတ်ကူးထဲ..အရိပ်လေး တွေ.. ရှိနေ ကြမယ် ထင်ပါ တယ်.. အဲဒီ အရိပ်လေး တွေ ထဲကို.. အပြင်က..လူအစစ် တွေ နဲ့.. ဖြည့်- ဖြည့် ကြည့် ကြတာပဲ .. လွဲချော်နေ မှာလည်း.. စိုး ကြ သပေါ့ လေ...”
“ အင်း.. တို့ ထင် တာတော့လေ.. ဘယ်လိုပဲ ဖြည့်ဖြည့် .. ဘယ်နှယ်ယောက်ပဲ ထဲ့ထဲ့.. ဘယ်တော့ မှ.. ပြည့်စုံ သွား တယ် ရယ် လို့ ဖြစ်လာမှာ မဟုတ် လောက် ဘူး.. အဲဒီ အရိပ်လေး က.. အမြဲ နောက်နား မှာ လစ်ဟာ ပြီး ရှိနေ မှာပဲ ထင်တယ်... မိသက် ဆိုရင် တော့..မသိဘူး...ဟုတ် တယ် မလား..မိသက်.. ဇော်ကြီးက.. နင့် အရိပ်လေး ထဲ မှာ..ကွက်တိ မဟုတ်လား....
--------
ဟဲ့.. သူက..အိပ်တောင် ပျော်နေပြီ....”
ဟုတ်ပါ့.. သူ နဲ့ မာလာ.. ကြီးကြီးကျယ်ကျယ် အချစ် ဒသာန တွေ.. ဆွေးနွေးနေ တုန်း.. သက်သက် နဲ့ မဖြူ ကတော့.. ပြန် အိပ် ပျော် သွား ကြ ပြီ ။ အပြင်မှာ လည်း.. လင်း နေပြီ ကော..။ စင်္ကြန် ၀ရံတာ တွေ ဆီမှာ..ခြေသံ တချို့ တောင်..ကြား နေ ရ ပြီ။
+++++++++++++++
တဆောင်လုံး..ညက.. ငလျင် အကြောင်း ကို .. ပြော လို့ မပြီး ကြသေး..။ အက်ရာ ပေါ် သွားတဲ့.. ရေချိုးခန်း နံရံ ကြီးကို ကြည့် ပြီး..ခု မှ ပြန်ကြောက် နေ ကြ ပြန်သည်။ ငလျင် လှုပ်တဲ့ အချိန်..တယောက်ထဲ..အိမ်သာ ထဲ ရောက်နေတဲ့..သတ္တိခဲမ တယောက်က.. သူ့ အတွေ့ အကြုံ အစ အဆုံးကို.. ရေချိုးရင်း ပြော ပြ နေသည်။ ဟုတ်တယ်..သူတို့ တွေက.. ဘာမှန်း ညာမှန်း ကို မသိလိုက်ပဲ.. နိုး သာ လာတာ..။
ညက.. လေးယောက်သား.. ကျောခြင်းကပ် နှစ်ခန်း ပေါင်းပြီး.. စကား များ လိုက် ကြတာ လည်း.. ဆယ် နာရီ ခွဲ မှ နိုး ကြ တော့တယ်။ သက်သက် ကတော့.. အစောကြီး တည်းက..ထပြီး..စစ်ကိုင်းဆောင် ကို ချီတက်သွားပြီ..။ စစ်ကိုင်းဆောင် ကြီး များ..အက်သွား ပြီလား.. စိုးရိမ်ရှာ ပေ လိမ့်မည်။
ကျောင်းဝန်း ထဲ က...နဂိုမူလ အဆောက် အဦ ဟောင်းကြီး တွေ..စာသင်ဆောင် ကြီး တွေ မှာ..ဘာမှ မဖြစ်ပေမဲ့လို့.. နောက် ဆောက်တဲ့..ဆရာ အိမ်တွေ နဲ့ တချို့ အဆောက်အဦ တွေ တော့..အက်ကုန် တယ် လို့ .. ပြော ကြ တယ်။ အီကိုဖက်မှာ.. တော်တော် ဆိုး တယ်တဲ့...။သွားကြည့် ချင် နေ သည်။ ဒီနေ့ လည်း..သူ လာ မယ် လို့ ပြော ထား တော့.. အတော်ပဲ.. ဒင်နာ က..ဓါတ်ပုံတွေ သွားရွေးရင်း.. အဲဒီဖက် လမ်းလျှောက် ကြည့် တာပေါ့..။
ဓါတ်ပုံ ဆရာ တွေ စုနေ တတ်တဲ့..အီကို ရှေ့.မှာ.. သူတို့ ရိုက်ထားတဲ့..ဓါတ်ပုံ ဆရာ ကို မတွေ့..။ နှစ်ယောက်သား ..ညက ငလျင် အကြောင်း က လွဲလို့ ဘာစကား မှလည်း.. သိပ်မပြောဖြစ်။ သူ လည်း..ည အိပ်ရင်း..လန့် နိုး သွား ခဲ့ တာတဲ့...။ ချစ်သူ အသစ်စက်စက် ကို..သတိရ လား မရလား.. ကိုယ် မမေး မိသလို.. သူကလည်း ဘာမှ ပြောမနေ ပါချေ။
အီ ကို ဖက်က.. ပြန်ထွက် လာရင်း.မျက်နှာချင်း ဆိုင်က.. ဆရာ အိမ် တွေ ရဲ့ နံရံ ကြီး တွေ ပေါ်မှာ..ကွဲ ကြောင်း ကြီး တွေ.. ပေါ် နေတာကို.. အံ့သြ နေ မိသည်။ ကမ္ဘာကြီး လှုပ်ခါ လိုက် တော့.. ဘယ်လို အရာ တွေက.. ခံ နိုင် မတုန်း..။ ကမ္ဘာကြီးက.. တခုပဲ ရှိတာလေ..။
fittest survive လို့ တော့... ဖေဖေ အမြဲ ပြောလေ့ ရှိ သည်.။
ရှေ့ က..ကွန်ဗိုကေးရှင်း ကြီး က တော့.. ဘာမှ ဖြစ်ပုံ မပေါ်...။ ဘယ်အချိန် ဘယ်ကာလ ထဲက.. ကွဲအက်နေမှန်း မသိတဲ့.. အက်ရာ မွမွလေး တွေက သာ .. ဘာကိုမှ ထူးပြီး.. တုန်လှုပ် စရာ.. မရှိ တော့ သလို...။ ရန်သူ မျိုး ငါးပါး ဒဏ် တင် မက.. ဒဏ်ရာ အမျိုးမျိုး ကို.. ထုသားပေသား ကျ နေတဲ့ .. ခံနိုင် ရည် အရှိဆုံး...မျက်နှာ ကြီး နဲ့.. ကျောင်းဝင်း ကြီး တခု လုံး ကို..စီးမိုး ကြည့် နေသလို..။
ရေ ညှိ ရောင် မဲ ညစ်ညစ် နံရံ ကြီး ပေါ်က အက်ရာ သေးသေး လေး တွေကို.. ငေး ကြည့်ရင်း.. သူ့ ပုံစံကြီးက..ဆန်း လိုက် တာလို့ ထင် ခဲ့တာ..သူ့ မျက်နှာပြင် ပေါ်က.. နဂါး နဲ့ ခြင်္သေ့ တွေ ကို..အဓိပ္ဗါယ် ဖော် ကြည့် လို့ မတတ် ခဲ့ တာ.. သူ့ကို..ဘာလို့..ဆေး မသုတ်ပဲ..ထားတာလည်း လို့.. နားမလည် ခဲ့တာ...ခုတော့.. အဲဒီ ထူးခြား စိတ်ဝင်စားဘွယ်.. ဘွဲ့နှင်းသဘင် ခန်းမ ကြီး မှာ.. မကြာခင်..သူတို့ တက်ရောက် လို့... ဘွဲ့ နှင်း သဘင် အကြိမ် တကြိမ် ထပ် တိုး ပေ ဦး တော့ မည်။
“ ဘွဲ့ ယူရင်.. သူငယ်ချင်း တွေ.. ဆုံ ကြ အုံးမယ် နော်..”
ထိခတ် မှီနွဲ့ လိုက် တဲ့.. ပုခုံး ရဲ့ အဆုံးမှာ .. လက်ဖ၀ါး နှစ်ဖက် ...အလိုအလျောက် စုဆုံ သွား သည်။
“ တို့ တော့..မသေချာဘူးလေကွာ....”
မိမိ ရရ ဆုပ်ကိုင် လာ တဲ့..လက်ဖ၀ါး ထူထူ တစုံ က.. ကိုယ့် ကို နွေးထွေး လုံခြုံ စေ ပြီလား..။
သူတို့ နှစ်ယောက်.. ကွန်ဗို့ ကြီး ကို ကျောခိုင်း လိုက်တော့...အဓိပတိ လမ်း ကြီးက.. ဖြောင့် ဖြောင့် ဖြူးဖြူး..။
( ဆက်ရန်)-
နောက် တခန်း မှာ..အဆုံးသတ် ပါ မည်။
၉ ၁ က စလို့ .. ရန်ကုန် တက္ကသိုလ် ကြီး ရဲ့ .. ရှင်သန် နိုးထ ခြင်းတွေ.. အဆုံးတိုင် ခဲ့တဲ့ ၉ ၆ ...အချိန် ကာလ တွေ ထဲမှာ...မရှေး မနှောင်း ကျောင်းတက် ခဲ့ ကြတဲ့..ဘလော့ဂါ မောင်နှမ တချို့ ကို.. တက္ကသိုလ် ကြီး နဲ့ ပတ်သတ်တာ...တခုခု ... အမှတ်ရ ... ရေးပေး ဖို့ တောင်းဆိုပါတယ်။ ခင်မင် သိကျွမ်းသမျှ... ဘလော့ဂါ အများစု ကတော့.. စွယ်တော်ရွက် တွေ ဖြစ် နေတာ မို့... ရှားရှားပါးပါး.. စိန်ပန်း နဲ့ ကံ့ကော်လေးတွေ ကိုပဲ.. တောင်းဆို လိုက်ပါတယ်။
မနော်ဟရီ ( ကံ့ကော်တင်းကုပ် ကိုမှ.. အထူး ချစ်ခင် စွဲလန်းသူ )
မမိုးချိုသင်း ( အထူးတလည် ပြောစရာ မလိုအောင်.. ခံစားချက် အတွေ့ အကြုံ တူ သူ )
ကိုတင်မင်းထက်( စွယ်တော် ရွက်ပေမဲ့... ကံ့ကော်ပင် အောက် မှာ လာ ကြွေကျရင်း...အမိရန်ကုန်တက္ကသိုလ် ကြီးကို သူပြောသလို.. ယောက္ခမ တော် ထားသူ မို့.. အထူး အစီအစဉ် )
နေဆူးသစ် ( ရေးချင်လားတော့ မသိဘူး.. တနှစ်တည်း..တတန်းတည်း..အင်တာနက်ပေါ်မှာ.. လှမ်းခေါ်လို့ ရတာ..တယောက်တည်း ရှိလို့ပါ.. ကိုယ်ပိုင် ဘလော့ မရေး သူမို့.. ရေးပြီးရင်..တို့ ဆီပဲ ပို့လိုက်ပါ နော်)
ပန်ဒိုရာ( သူကတော့.“.ခေတ်ပြိုင် မဟုတ်ဘူး.. များက ငယ်ပါတယ်” လို့ ငြင်းချင် ငြင်းပါလိမ့်မည်..)း)
ပီတိ ( ကြီးစဉ် ငယ်လိုက် စီရင်း.. အငယ်ဆုံး ဖြစ်သွားပေမဲ့.. မငယ် ရှာ လှ တော့ပါဘူး..)း)
တကယ်တော့.. တယောက်တည်း..တက္ကသိုလ် ထဲ မှာ လျှောက်သွားနေတာ.. အူကြောင်ကြောင် ဖြစ်လာလို့... အဖော် ညှိခြင်း ဖြစ်ပါသည်။ ကီးဘုတ် ရိုက်အား နည်း- များမဆို.. ရေးသား ကြ ပါကုန်..