ဂျင်းဘောင်းဘီ နိုင်ငံရေး

လူမအား လို့ ဘလော့ ကြီး အား နေတုန်း.. လတ်တလော ဖြစ်ပျက် နေတဲ့.. မြန်မာ့ စက်ရုံ အလုပ်သမား သပိတ် အခြေအနေ တချို့ ကို ထင်ဟပ် နိုင်မဲ့.. နှစ်သက်မိတဲ့.. စာ အဟောင်း လေး တခု ကို ပြန်တင်ပါတယ်။

+++++++++

ဂျင်းဘောင်းဘီ နိုင်ငံရေး


လူတယောက် ဟာ.. ဟောဒီ ခေတ်ကြီးမှာ..အနည်းဆုံး၊ ဂျင်းဘောင်းဘီ တထည် လောက်တော့ ပိုင်ဆိုင် ပြီးသား ဖြစ် ပေလိမ့်မည်။

မဟုတ်ရင် လည်း.. ဂျင်းဘောင်းဘီ တထည် လောက် လို ချင် လိုက်တာ လို့ - စိတ်ကူးနေ ပေလိမ့်မည်။
-
ဂျင်းန် အသုံးအဆောင်တွေ ဖက်ရှင်လော က ထဲကို ဘယ် အချိန် က ၀င်ရောက်လာခဲ့ သလည်း။ ၁၉ ရာစု နှောင်းပိုင်း လောက်က.. အလုပ်ကြမ်းသမား တွေ ၀တ်ဖို့..ဂျင်းန် ဘောင်းဘီ တွေ ပေါ် လာ ခဲ့ သည် လို့ တော့..ဆို ထားသည်။ ၂၁ ရာစု - စတိုးဆိုင် ကြီး တွေ ရဲ့ မီးရောင် ပြိုးပြက် အောက်မှာ တော့.. Levis တို့ Wrangler တို့ ဆို တာ..သိပ်ကို ခမ်းနား တဲ့ ဆိုင် ကြီး တွေ ဖြစ်နေပြီ။ ဒီ တံဆိပ် တွေ ကို မ၀ယ် နိုင် သေး ရင် တောင်.. Wal-Mart တို့ ဘာတို့ မှာ..ဈေးသင့်တဲ့ တခြား တံဆိပ် တခု ခု ၀ယ် ၀တ် ဦးတော့...ကျ ကျ နန ရှိ နေ နိုင် သေးသည်။
-
ဈေးကြီး တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်...ဈေးတော်တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်.... အဲဒီ ပမာဏ တန်ဖိုး တွေ ရဲ့ နောက်ကွယ်က..labor cost ဖြစ်တဲ့..အလုပ်သမားတွေ ရဲ့ ချွေး စက် တွေ မျက်ရည် တွေ အကြောင်း ကိုတော့....ဘယ်သူ မှ တွေး မိ မှာ မဟုတ် တာ..သေချာ လွန်း လှ သည်။
-
ဂျင်းဘောင်းဘီ ပိုင်ဆိုင်သူများ ( သို့) China Blue
အဲဒီ - မမြင် ရ တဲ့ မျက် နှာ တွေ အကြောင်း ကို ၊ ဂျူးလူမျိုး ဒါရိုက်တာ Micha Peled က China Blue ဆိုပြီး..ကမ္ဘာ့ ဂျင်းန် ၀တ်ဆင် သူများ ထံ ဖွင့်ထုပ် သယ်ယူ လာခဲ့ သည်။
-
( အဲဒီ documentary ကို ကြည့် ခဲ့ မိတာ ၂ နှစ် လောက် တောင် ရှိ တော့မည်။ ခုမှ ပဲ ရေး ဖြစ် တာတော့..ခုမှ ပဲ ရေးဖြစ် လို့ပါပဲ။ တရုတ် အိုလံပစ် ကြောင့်လည်း.. အမြင်ကပ် ကပ် နဲ့..ရေးချင် စိတ် ပေါက် လာ တာ ဖြစ် နိုင်သည်။)
-
အမေရိကန်ု အပါအ၀င်..ကမ္ဘာ့ ဈေးကွက် အတော် များ များက.. ဂျင်းန် ဘောင်းဘီ များ ရဲ့ ၉၀ % လောက် ဟာ Made in China ဆိုတဲ့ sweatshop ကြီး ကနေ ထုတ်လုပ် နေ တာပါ။ ဗမာလို အဓိပ္ပါယ် အနီးဆုံး ယူ ကြည့် ရင်တော့..`၀ိသမ လောဘ လုပ်ငန်း´ လို့ ပြော ရမလား။ ဘာလို့..၀ိသမ လောဘ- လို့ ပြော ရ လည်း ဆို ရင်- အခြေ အနေ အရ ဈေးပေါ ပြီးသား ဖြစ်နေ တဲ့ လုပ် အား တွေ အပေါ် မှာ ..ထပ် ဆောင်းပြီး.. ခေါင်းပုံဖြတ်တာ တွေ.. မမျှတတဲ့ အလုပ်ချိန် တွေ.. အနေအစား နှိပ်စက်မူတွေ.. ပြီးတော့..အလုပ်သမား အခွင့်အရေး တောင်းဆိုခွင့် အားလုံးကို အမှောင် တိုက် သွင်းထား တဲ့..လုပ်ငန်းခွင် အခြေ အနေ တွေ ကြောင့် ပါ။ အားလုံး မဟုတ်ရင် တောင်မှ..တရုတ် ပြည် ကြီးထဲ မှာ.. sweatshop တွေ အများကြီး ရှိ နေတယ် ဆို တာ.. အားလုံး သိ နေ ကြပါတယ်။
-
အဲဒီ မှတ်တမ်း ရှပ်ရှင်လေး ထဲ မှာ-Wal-mart ကို သွင်းဖို့ ဖောက်သည် ရ ထား တဲ့ ဂျင်းန် ဘောင်းဘီ ချုပ် စက်ရုံ တခု ရယ် .. jasmine လို့ နံမယ်ပေး ထား တဲ့..၁၇ နှစ် အရွယ် တရုတ်ပြည်တောင်ပိုင်း က..တောသူ အထည်ချုပ် သမလေး ရယ်..ကို.. ထိထိ မိမိ..ပြီးတော့..ခက်ခက်ခဲခဲ မှတ်တမ်းတင်ထား ခဲ့ တယ်။ ဒါရိုက်တာက..ဒေသဆိုင်ရာ တာဝန်ရှိသူ တယောက် က တဆင့်..စက်ရုံ ထဲက..တာဝန် မှူး တယောက် နဲ့ ကြိုးစားချိတ်ဆက် ပြီး.. လျှို့ဝှက် ရိုက် ကူး ခဲ့ ရ တယ် လို့ ဆို တယ် ။

မနက် ၈ နာရီ ကနေ..ညသန်းခေါင် ၂ နာရီ ထိ ..တပတ်မှာ ၇ ရက် နားရက် မရှိ .. အလုပ် လုပ် ရ တဲ့.. jasmine တို့ ရဲ့.. ပြွှတ်သိပ် နေတဲ့..လူနေ ဆောင် လေး ကို တောင်.. မှုံတိမှုံ မွှား အလင်းရောင် ထဲ မှာ..မရ အရ ရိုက် ယူ ခဲ့တယ်။ သူ့လို တခြား မြို့ပေါ် တက် အလုပ် လာ လုပ်ကြ တဲ့..မိန်းကလေး ၁၂ ယောက် နဲ့ အတူ ရော နေရတဲ့..သူတို့ အခန်း လေးမှာ.. ကိုယ်လက်သန့်စင်ရာ အခန်းက..တခု တည်း ။ စားစရာက..မနက် စွပ်ပြုတ်တခွက်..ည စွပ်ပြုတ် တခွက်။ ၂ ထပ် ကုတင်လေး တွေပူးကပ် နေ တဲ့ ည မှာ..အချင်းချင်း..အိမ်အကြောင်း..တောအကြောင်း..ယာအကြောင်းလေး တွေ ပြောပြီး..အလွမ်းဖြေကျ။ အပူအပင် သိပ် မရှိ တဲ့.. jasmine ကတော့..ဒီ နှစ် တရုတ် နှစ်ကူး မှာ တောပြန်ပြီး..မိဘ ၂ပါးနဲ့..မောင်လေး တွေကို..လက်ဆောင်တွေ ပေး ဖို့..စိတ်ကူး တွေ ယဉ် နေ သေးတယ်။ သူလုပ် ရ တာက.. ချုပ်ပီးသား ဂျင်းဘောင်းဘီ တွေ က..အမှုန်အမွှား ချည်စ အကျန် တွေကို လိုက် ညှပ် ရတာ။ တနာရီ ကို ( အမေရိကန် ဒေါ်လာ အားဖြင့် ) ၆ ဆင့် ရ တဲ့..လုပ်အားခ အတွက်..သူတို့ အားလုံး..မနေ မနား။ အလုပ်သမား ခေါင်း က လိုက်စစ် နေ တဲ့ ကြား မှာ .. အိပ်မငိုက် အောင်..သူတို့ မျက်ခွံ တွေကို..အ၀တ်ညှပ် ကလစ် နဲ့ တောင် ညှပ် ထား ကြ ရ သတဲ့။

ကလေး တွေ ဆို တော့လည်း.. သိပ် ပြီး စိတ်ပျက် ညီးညူ ပုံ မပေါ်။ အိမ် အပြန် ယူသွားမဲ့..ယွမ်ငွေ တွေ တွက် ပြီး...သူတို့ဘ၀ ကို ..ပြုံးစပ်စပ် နဲ့ ..ကျေနပ် နေ ကြ ပုံပဲ။ ဒါပေမဲ့..တကယ် နှစ်ကူး နီး လာတော့.. တနေ့ကို ၁ ဒေါ်လာမပြည့်တဲ့ လစာ ထဲက.နေ..အဆောင်စရိတ်..စားစရိတ်.. တွေ အပြင်.. ကြားထဲ မှာ တရက်.. အိပ်ငိုက်လွန်းလို့..အချိုရည်ဗူး ခိုးထွက်ဝယ်တာ..မိသွားခဲ့ဘူးတဲ့.. ဒဏ်ကြေး ကို နှုတ်လိုက် တော့.. ဝေးလံ လှ တဲ့.. တောင်ပိုင်း က သူ့ရွာ လေး ဆီပြန် ဖို့..ခရီးစရိတ် တောင် မလောက် ရှာ တော့ဘူး။
-
ဒီ နှစ် မပြန် ရ လည်း..နောက် နှစ် ပေါ့ လို့..သူ တွေး နေ ပုံ ရ သည် ။ သူကိုယ် တိုင် ပင် ဂျင်းဘောင်းဘီ တထည် ကို ၀တ် ထား ရင်း.. ပတ် ပတ် လည် မှာ တောင်လုံ ပုံ နေတဲ့..ဂျင်းဘောင်းဘီ ပုံ ကြီး ထဲ က.. ဂျင်းဘောင်းဘီ တထည် ရဲ့.. ချည်စ တွေ ကို..ခေါင်ငုံ့ဖြတ် နေ ရင်းက.. ကင်မရာ ကို လှမ်းကြည့် တယ်။ ပြီးတော့..သူ့ဘေးက..သူငယ်ချင်း လီပင်း ကိုပါ ကြည့် လိုက် ရင်း..ခပ် ပြုံးပြုံး ပြော ချ လိုက် တယ်။

`ဟောဒီ ဂျင်းဘောင်းဘီ ရဲ့ အိပ်ကပ် ထဲ မှာ..စာလေး တစောင် ရေး ထဲ့ ပေး လိုက် ချင် တယ်။ ဒီ ဘောင်းဘီ ကို လီပင်း က ကြယ်သီး တပ် ပြီး..ကျ မက..ချည်စ တွေ ဖြတ် တယ် ဆိုတာ...´


ဂျင်းဘောင်းဘီ လို ချင် နေ ခဲ့သူများ ( သို့) USSR

တကယ့် ကို.. ဂျင်းဘောင်းဘီ တထည် လောက် ..အသည်းအသန် လို ချင် နေ ခဲ့ တဲ့ သူတွေ.. ဆိုဗီယက် ပြည် ထောင်စု ကြီး ထဲ မှာ .. အများ ကြီး ရှိ နေခဲ့ ဘူးတယ်။
-
၁၉၆၀ ၀န်းကျင် ..စစ်အေး ကာ လ ကြီးမှာ .. ဆိုဗီယက် မှာ.. အမေရိကန် ယဉ်ကျေးမူတွေ..အသုံးအဆောင် တွေဖြစ် တဲ့..ကိုကာ ကိုလာ.. ကစ်ကတ်ချောကလက် .. Beatles သီချင်း တွေ အပါအ၀င်.. ဂျင်းဘောင်းဘီ

ဝတ်ဆင် မူ တွေ ကိုပါ..တင်းကျပ်စွာ ပိတ်ပင် တားမြစ် ထား ခဲ့ တယ်။ အဲဒီလို သံကန့်လန့်ကာ ကြီး ပိတ်လိုက် ရင်.. လူတွေ လည်း..သံတုံး သံခဲ တွေ လို..ပုံသွင်းချင် သလို သွင်းလို့ ရမယ် လို့ ထင် ခဲ့တဲ့.. အဲဒီ ခေတ် က..ခေါင်း ဆောင် ကြီး တွေ ကို..အံ့ လည်း သြ ပါ ရဲ့ ။
-
အဲဒီ အချိန် တွေက.. နိုင်ငံခြားသား ခရီးသွား တွေ..ဒါမှမဟုတ်..ရုရှ ပညာ တော်သင် တို့ဘာတို့..တိုင်းပြည် ထဲ ပြန်ဝင် လာရင်.. ဂျင်းဘောင်းဘီ တွေ..မှောင်ခိုသွင်း ကြ တယ် တဲ့ ။ ဗမာပြည် မှာ..ကားသွင်းသလောက်.မြတ် မည့် ပုံပင်။ လမ်းပေါ် မှာ..နိုင်ငံခြား သား ခရီးသွား တယောက် မြင် ရင်..နောက်က လိုက် ပြီး.. ဂျင်းဘောင်းဘီ ရောင်းဖို့ ပါ လား လို့..တတွတ်တွတ် လိုက် မေး တဲ့ အထိ တောင် ရှိ ခဲ့ တယ်လို့.. အင်တာနက် တနေရာ မှာ..ပြန် ရှာ ရင်း တွေ့ လိုက် ရ သည်။
-
တကယ်က..China Blue လိုပဲ..ဒီ အကြောင်းတွေ ကိုလည်း.. documentary တခု မှာ..သေသေချာ ချာ .. ကြည့် လိုက် မိ တာပါ။ အဲဒီ ရုပ်ရှင် ဖိုင် ထဲ မှာ ဆိုရင်.. လူငယ် တွေက.. နိုက် ကလပ် ကို လာ ကြ... အထဲ ရောက်တာနဲ့..အိပ်တွေ ထဲ မှာ..ခိုးထဲ့ လာတဲ့..ဂျင်းဘောင်းဘီ တွေ..အမြန် လဲဝတ် ကြ နဲ့.. မယုံ နိုင် စရာ ပါပဲ ။ ဒီ့ထက်ပို မယုံ နိုင် စရာက.. တကြော့မှာ..ဂျင်းဘောင်းဘီ အကြီး အကျယ် မှောင်ခိုသွင်း တဲ့ လူ တယောက် ကို..ဖမ်းမိ သွား တာ.. သေဒဏ် ပေးဖို့ ထိ တောင်..ဖြစ်ခဲ့ ရတယ် တဲ့။ တကယ် ပေးဖြစ် ခဲ့ လား ဆိုတာ တော့ မသိ..။ အဲဒီ အချိန်က.. ခေတ်စနစ် ကို ရေးစပ် တဲ့..ကဗျာ ဆရာ ကြီး တွေ..သုံးသပ် တဲ့..ပညာရှင် ကြီး တွေ - တချို့ တော့..သေဒဏ် ပေး ခံ ခဲ့ ရ တဲ့..နာနာကျင်ကျင် မှတ်တမ်းတွေ ရှိ ခဲ့ ဘူး သည်။
-

+++++++
-
ခု တော့ ..ဂျင်းဘောင်းဘီ တထည် ၀ယ် တိုင်း.. Made in China ဆိုတဲ့..တံဆိပ်လေး ကို အသာ ကြည့် လိုက် ရင်း..အိပ်ကပ် ထဲ က..စာလေး တစောင် လောက် များ ထွက်လာ မလား ရယ်.. လို့..ရယ်သွမ်းသွေး တဲ့ အတွေး နဲ့ တွေး နေ မိ ရတယ်..။
-
ချွေး စက်ရုံ ကြီး တွေက..ချုပ်လုပ် တင်ပို့ လိုက် တဲ့..ဂျင်းဘောင်းဘီ တွေ..အသက်နဲ့ ရင်း..အန္တရယ်နဲ့ ရင်းပြီး.. ၀တ်ဆင် ခဲ့ ရ တဲ့..ဂျင်းဘောင်းဘီ တွေ... ။ ကဲ- ဂျင်းဘောင်းဘီ တောင်..နိုင်ငံရေး ဖြစ်သွား ခဲ့ ပြီ။
-
တကယ်တော့..အားလုံးဟာ- နိုင်ငံရေး ပါပဲ။ ခုဆို..အိုလံပစ် နိုင်ငံရေး.. ။ လောင်စာ နိုင်ငံရေး..။ ကမ္ဘာ ကြီး ပူနွေးမူ နိုင်ငံရေး.. ။ မြန်မာ ပြည်က.. နာဂစ်မုန် တိုင်း နိုင်ငံရေး... ။ ဂန္ဓီကြီး ရဲ့..ဆား လည်း နိုင်ငံရေး... ။ ကချင် ကျောင်းသားတွေ ပြော နေတဲ့..ကျောက်စိမ်း တွေ လည်း.. နိုင်ငံရေး...။
-
မီးဖိုချောင်က.. အိမ်ရှင်မ တယောက် ရဲ့.. ဆီပုလင်း လည်း..နိုင်ငံရေး ပါပဲ ။


မှတ်ချက် အဟောင်းများ ဖတ်ချင်ရင်... မူရင်းစာ


Share/Bookmark

14 Comments:

ကလူသစ် said...

ဒါဆို ကလူသစ်လဲ ဘီယာပုလင်းနိုင်ငံရေးလုပ်လိုက်အုန်းမယ်။ :) ဒါနဲ့ ၀ယ်ဝတ်တဲ့သူ အပြစ်တော့ မဟုတ်လောက်ဘူးထင်ပါတယ်။ ဘူတာကြီးက မိုးယိုလို့နေမှာပေါ့။

tin min htet said...

မကေသွယ်ရေ ပြန်ဖတ်သွားပါတယ်။ မိုဃ်းဇော် ရဲ့ မိုးတိတ်တေးကိုလည်း သတိရသွားပါတယ်။ ကိုငြိမ်းဝေ ဘလော့ဂ်မှာ တင်ထားတာကို ကူးလာပါတယ် ..

"မိုးတိတ်တေး"

အထည်ချုပ်စက်ရုံကြီးထဲက
ချည်မွေးညှပ် ကောင်မလေးရေ
မင်းရဲ့ မြွေရေခွံအိတ်အဟောင်းလေးထဲမှာ
လုံခြုံမှုတွေ ကြည့်ကောင်းသေးရဲ့လား
ထမီ တပတ်နွမ်းလေးကိုပဲ
အကြိမ်ကြိမ်အထပ်ထပ် ဆင်မြန်းရှာခဲ့၇
သမ္မာအာဇီဝဆိုတာ
စကားလုံးအားဖြင့် လှပါရဲ့
ပရိုတိန်းတော့ ကြွယ်ဝလိမ့်မယ် မဟုတ်ဘူး။

tin min htet said...

နတ်ပြည်ခြောက်ထပ်အဝေး
ရွှေမြို့ တော်ကြီးရဲ့ အဝေးဆီက
ပူဆွေးနေတဲ့လယ်ကွင်းတွေကို မင်းထားခဲ့တယ်
တဘဝလုံး ပတ်ကြားအက်နေတဲ့
တောသူတောင်သား မိဘမောင်ဘွားတွေကို
မင်းထားခဲ့တယ်
ထနောင်းပင်၊ ထန်းမြစ်နဲ့ 
သဲထဲရေသွန်နေ့ ရက်တွေကို
မင်းထားခဲ့တယ်။

မင်းကတော့
အတောင်အလက်မစုံလင်ပဲ
တောင်ဒဂုံ စက်မှုဇုံထဲမှာ
ဒဏ်ရာရ ငှက်ကလေးတကောင်လို တုန်ရင်လို့ 
ကြုံလှီဖျော့တော့
မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘဝကို အမျောမခံနဲ့ 
သံမဏိကြိုးတချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေနတ်သမားရဲ့ ကျည်ဆံလို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ် မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ အနိဌါရုံချည့်ပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့ 
ပျော်စရာသီချင်းသံတွေလည်း ရှိတယ်ကွယ့်
အဲဒီ အခါကျ
မင်းဟာ သားကောင်းမိခင်လည်း ဖြစ်ခွင့်ရှိ
အိပ်မက်ကို ပခက်လွှဲရင်း
လောကကို နို့ ချိုတိုက်ကျွေးခွင့်လည်းရှိ
အခွင့်အရေးမှန်သမျှ အကုန်ရှိပေရဲ့။

အခုလို
မိုးပြိုချိန်မှာတော့
ဒုက္ခကို သရုပ်ပြတင်ဆက်ရင်း မင်းရယ်မော
သောကကို ကကြိုးဆင်ရင်း မင်းကခုန်
ဆေးရောင်စုံနဲ့ အနာဂတ်ကို
မင်းယုံကြည်လိုက်ပါ
ရှင်နေမင်းဟာ
ငါတို့ ထင်သလို
အဝေးကြီး မဟုတ်ရပါဘူးကွာ...။ ။

မိုဃ်းဇော်

Nge Naing said...

မကေရေ ဖတ်ရှုမှတ်သားသွားပါတယ်။ ဂျင်းဘောင်းဘီ ၀တ်တိုင်း ဒီပို့စ်လေးကို သတိရနေတော့မှာ သေချာတယ်။

Rita said...

သေချာ မဖတ်ရသေးဘူး မကေ။

ဂျင်းမှောင်ခိုကို သေဒဏ် ပေးတဲ့ ကိစ္စ ဖတ်မိလို့။
ဗိသုကာ အသင်းက ထုတ်တဲ့ မဂ္ဂဇင်းတစ်စောင်က ဆောင်းပါးကို သတိရမိတယ်။ ဆိုဗီယက်ခေတ်မှာပဲ အာခီတက်တယောက်ကို သူဆောက်တဲ့ အဆောက်အဦမှာ ဥရောပ အမေရိက ဘက်က ဇိမ်ခံပစ္စည်းတွေ အများကြီးသုံးပြီး ကုန်ကျစရိတ်တွေများအောင် ဆောက်ထားလို့ သေဒဏ်ပေးလိုက်တယ် ဆိုတာ...

မေ့သမီး said...

ဒုတိယအကြိမ်ပြန်လာဖတ်တာ။ အသစ်မရေးပဲ ဆားချက်တယ်ပေါ့လေ။

khin oo may said...

မဖတ်ဘူးရင်အသစ်ပေါ့ k.......... ကျေးဇးး

little brook said...

ဒုတိယအကြိမ်ပေါ့ အမရေ .. ပထမအကြိမ်ဖတ်တုန်းကလည်း ကြိုက်တဲ့ပို့စ်လေး

ကိုလူထွေး said...

တကယ်တော့ ဂျင်းဘောင်းဘီဆိုတာ.. တရုတ်ပြည်ဆိုတာ.. ဂျစမင်းတို့ လီပင်းတို့ ဆိုတာ...
ဥပမာပြစရာ တခုဖြစ်ခဲ့ရတာပါ...

ဂျူနို said...

မကေရေ မအယ် ကြည့်ဖူးတယ်။ တီဗွီမှာ လာခဲ့တာ။

နောက်ဆုံးတော့ တီဗီင်္ွမှာ ဘယ်လို ဇာတ်လမ်းတွေ လာတတ်တယ် ဆိုတာလည်း နိုင်ငံရေးပဲ ထင်ပါတယ်။:)))

Dho-ong Jhaam said...

လာဖတ်သွားပါတယ်။ မျက်ရည်တောင်လည်မိတယ်။ တကယ်ဗျာ။ thnx for sharing... အော်ဒါနဲ့စကားမစပ် ဖေ့စ်ဘွက်မှာ ထပ်ဆင့်ဖော်ပြခွင့်ပြုပါလို့။

eaindraomtt said...

မကေသွယ်ရေ..

west coast လမ်းမပေါ်မှာ လမ်းလျှောက်ဆဲလည်း နိုင်ငံရေးပေါ့..း)

အဆင်ပြေကျန်းမာပါစေ

rose of sharon said...

ဖတ်ဖူးသလိုဘဲဆိုပြီးဖတ်လိုက်တာ ဖတ်ပြီးသားမှန်းသေချာသွားတယ်..... ဟုတ်ပါရဲ့နော်... နေ့တဓူဝ အသက်ရှင်နေရတဲ့ဘဝတွေဟာ နိုင်ငံရေးတွေပါဘဲ....

ကိုချစ်ဖေ said...

နိုင်ငံကြီးတွေက အောက်ခြေအလုပ်သမားလေးတွေလဲ Made in China ဂျင်းဘောင်းဘီလေးတွေပဲ
ဝတ်နိုင်ကြတာပါ အဲ့ဒီဂျင်းဘောင်းဘီလေးတွေကို ညစ်လိုက်ရင် မျက်ရည်စတွေများ ထွက်လာမလား..