အိတ်ရောဂါ



 လောလောဆယ်.. ကိုယ့် မှာ အိတ် ကောင်းကောင်း တလုံး မရှိ ပြန်ဘူး။

နေအုံး..ကောင်းကောင်း ဆိုတာ..ဘာကို ဆိုလို ချင်တာလည်း လို့  ကိုယ့်ဖာသာကိုယ် ပြန်မေး ကြည့်ရ အုံးမယ်။ ဘာဖြစ်လို့ လည်း ဆိုတော့.. အပြင်သွားရင်.. ပိုက်ဆံအိတ်  တွေ ..သော့တွေ ကောက်ထဲ့ သွားဖို့  လုံလုံခြုံ ခြုံ အိတ်တလုံးတော့ ရှိနေတာပဲ…။ ဟုတ်ပြီ.. လုံလုံခြုံခြုံ ..။ ဒါလည်း အိတ်တလုံးမှာ ရှိသင့် တဲ့ အနေအထား တခုပဲ ။  ပြီးခဲ့တဲ့ တခေါက်က..  ဗိုလ်ချုပ်ဈေး ထဲ မှာ.. ခါးပိုက် နှိုက် ခံ လိုက်ရတာ.. မလုံခြုံ တဲ့ အိတ်တလုံး ကြောင့် မဟုတ်လား ။ အဲဒီနေ့က.. စာအုပ် ကိစ္စ အတွက်  စကားပြောစရာ ရှိနေတော့.. လက်ပ်တော့ သယ်စရာ အကြောင်း က ပေါ်လာတာ။ အိတ် နှစ်လုံးလည်း လွယ်လို့ မရတာမို့ .. ခါတိုင်း သုံးနေကြ.. အိတ်ထဲက၊ ပိုက်ဆံ အိတ် နဲ့ လိုအပ်မဲ့ စာရွက် တချို့ ထုတ်ပြီး..လက်ပ်တော့ အိတ် ရဲ့ ဘေးဖက်ထဲ ထိုးထဲ့ ပြီး ဒီ အတိုင်း ထွက်လာခဲ့ လိုက်တာလေ…။ ထုံးစံ အတိုင်း လက်ပ်တော့ အိတ်က.. စာရွက်စာတမ်း အနည်းငယ်လောက် အတွက်ပဲ အပို နေရာ ပါတာဆိုတော့..ပိုက်ဆံ အိတ် နဲ့.. စာအုပ် တချို့က..ထိုးထိုးထောင်ထောင် ဖုဖု ဖောင်းဖောင်း ဖြစ်နေမှာပေါ့..။ တက်စီ  နဲ့ သွားမှာ ဆိုတော့..ဘာမှ ပူစရာ မရှိဘူး ပေါ့ ။ အဲဒီ အချိန်မှာ ပူနေတာက..စာအုပ်ကိစ္စ.. အချိန်မီ ရေး.. ဘာရေး ညာရေး တွေ ။ မြို့ထဲ ပန်းဆိုးတန်း ပလက်ဖောင်းပေါ် လျှောက်တော့လည်း၊ ပလက်ဖောင်းဘေးက..ဈေးသည် တွေ တက်မနင်းမိ ဖို့ နဲ့.. ကျိုးနေတဲ့ ပလက်ဖောင်းဘောင်တွေကို ခလုတ်မတိုက် မိ ဖို့ ပဲ အာရုံ ရောက်နေပြန်တယ်။ အရင်ကထက် စာရင် လွတ်လပ် သလို ရှိလာတဲ့ ရန်ကုန်မြို့လယ်ခေါင်က..ကြော်ငြာဆိုင်းဘုတ်ကြီး တွေကို ငေးရင်း..၊ မီးပွိုင့်တွေ မှာ မရပ်ချင် ရပ်ချင် ရပ်နေကြတဲ့ ကားအသစ် ကြီး တွေ ရှေ့က.. ဖြတ်ရင်း..  ဗိုလ်ချုပ်ဈေး ရှေ့ နေပူပူ မှာ ပုသိမ်ထီးကြီး တချောင်း ဆောင်းပြီး သွားနေတဲ့.. နိုင်ငံခြားသူမ ကြီး တယောက်ကို  ပြုံးရင်း … ဈေးရှေ့ ပလက်ဖောင်းပေါ်မှာ ချရောင်းနေတဲ့.. ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ မက်ခွက် တွေ အကြောင်း တွေးရင်း..၊ အရင်တုန်းက.. ခါးပိုက်နှိုက် အလစ်သုတ် ပေါတယ်ဆို တဲ့ ရန်ကုန်မြို့ ကြီး ကို  မေ့နေ မိ ခဲ့တယ်။ ဒီမိုကရေစီ နိုင်ငံဖြစ်ပြီ ဆိုတော့.. ခိုး မဲ့ ၀ှက်မဲ့ အလစ်သုတ် မဲ့ လူတွေ မရှိတော့ဘူး လို့ များ..၊ မသိစိတ်က နေ ယုံကြည် မှောက်မှား သွားမိတာ များလား..။ ထားပါတော့..။ အရင်းစစ်တော့.. နေရာ ကျဉ်းကျဉ်း ကျပ်ကျပ် နဲ့ ဆိုင် အကွေ့ တခု မှာ လူချင်း တိုးမိ တိုက်မိ ရင်း ၊ မလုံမခြုံ လက်ပ်တော့ အိတ်ကြီးထဲက.. ပိုက်ဆံအိတ် အနှိုက်ခံ လိုက်ရတယ် ဆိုပါတော့..။ ချက်ခြင်းတောင် သိလိုက်တာ မဟုတ် ။ ကိုယ့်အိတ်ကြီး ကြောင့် သူများ အနှောင့်အယှက် ဖြစ်သွားလားတောင် အားနာနေမိသေးတာ လေ..။ တုံးပုံက..အူပုံက..။  အားမနာတဲ့ ကောင်ကတော့… ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ကပ်ခွါ အိပ်အဖုံး ရဲ့ အောက်ကနေ.. အသာလေး ဆွဲယူသွား နိုင် ခဲ့ပုံ ။ အိတ် က.. မှည့်တပေါက်တောင် မစွန်းခဲ့။

ဒါပေမဲ့.. အဲ့ဒီ အိတ်ကို မသုံးချင်တော့…။   ပိုက်ဆံ တွေ ၊ ဘဏ်ကဒ်ပြားတွေ၊ မှတ်ပုံတင် တွေ အလစ်သုတ်ခံ လိုက်ရတဲ့ ၊ ရှက်ဒေါသ က၊ မင်းတုန်းမင်း နဲ့ ငါးခြောက်ပြားလို ၊ ဒဏ်ရာမြင်တိုင်း နာကျင် ရတာမို့ ၊ အဲဒီ လက်ပ်တော့ အိတ်ကလေး ကို  မမြင်နိုင်တဲ့ စတိုခန်း တနေရာ မှာ အပြီးတိုင် ထိုးထဲ့ထားလိုက်ပြီ  ။ တကယ်တော့လည်း အိတ်ကလေးက ၊ လက်ပ်တော့ ထဲ့ ဖို့ ပဲ လုပ်ထားတာ မို့ ၊ မဆန့်ရင်ကန် အသုံးချ ခဲ့ မိ တဲ့ …သတိလက်လွတ် အတွေးတွေ ထဲမှာ လျှောက်သွားနေခဲ့ မိတဲ့ ကိုယ့်ကို ကိုယ်သာ အပြစ်တင်ရမှာပါ။

လက်ပ်တော့ ထဲ့ဖို့ အိတ်ကလေး တလုံး အွန်လိုင်း မှာ ရှာခဲ့တုန်းက ၊ ထုံးစံ အတိုင်း ချိတုံ ချတုံ ဟိုဟာလေး ကောင်းနိုး..ဒီဟာလေး ကောင်းနိုးဖြစ်နေတော့..ဘေးမှာ ထိုင်ကြည့်ပေးနေတဲ့ သူက၊ အလှလည်း လွယ်လို့ရတဲ့..လက်ပ်တော့ ထဲ့ဖို့လည်းပါ တဲ့ Michael Kors အိတ် လိမ္မော်ရင့်ရောင် လှလှလေး တလုံးကို   လက်ညိုးထိုးပြီး  ၀ယ်ခိုင်း ရှာ ပါတယ်။ လိမ္မော်ရင့် ရောင်က ကိုယ့် အကြိုက်ဆုံး အရောင်ဖြစ်ပေမဲ့ ၊ အဲဒီ အိတ်ကလေး ကို ဟိုဖက်ကနေ လှည့် ကလစ် လိုက်..ဒီဖက်ကနေ လှည့် ကလစ် လိုက် နဲ့  ဖန်သားပြင် ပေါ်မှာ အတော်ကြာ တွေဝေ နေခဲ့ မိသေးတယ်။  နောက်တော့ ၊ ဈေးကြီးတယ်၊ မိန်းမဆန်တယ်၊ ဆိုတဲ့ အကြောင်းပြချက်တွေ ကိုယ့်ဖာသာ ပေးပြီး ၊ ဈေး နည်းနည်း ပိုသက်သာတဲ့.. အခုန မလုံမခြုံ အိတ် အညို လေးကို ရွေးခဲ့တာလေ..။

မိန်းမဆန် တဲ့ အိတ် .. လို့ သုံးရတာက..ကျား-မ ခွဲခြား သတ်မှတ်တဲ့ စိတ် ကြောင့် ထက်၊   ယေဘျယျ သတ်မှတ်ထားကြတဲ့ အသွင်ပုံစံ ကိစ္စ ကြောင့်လို့ပဲ ပြောရမှာပဲ..။ ယောက်ျားဆန်တဲ့ အိတ်မျိုးကို မှ  ရွေးပြီး နှစ်သက်တာ မဟုတ်ပဲ ၊ ရွှေရောင် ငွေရောင်တွေ ၊ ကွင်းတွေ ကြယ်သီး တွေ နဲ့ အဆင်တန်ဆာ များလွန်းတာမျိုး ကို မကြိုက်တတ်တာ ကို ဆိုလိုချင်တာပါ။
ဈေးကြီးတဲ့ အိတ် ကို မလိုချင်တဲ့ မိန်းမ တယောက် ဖြစ်နေတဲ့ အတွက် တော့ ၊ ကိုယ်ဖ့ာကိုယ်လည်း အံ့သြနေမိတယ်။ နည်းနည်းလေးတော့  ကပ်စီးနည်းတဲ့သူ မို့  ဈေးကြီးတဲ့ အိတ်ကို မ၀ယ်ချင်တာလား ။ သေချာတာတော့.. luxury ဆိုတဲ့ စကားလုံးကို တော်တော် မနှစ်သက်တာတော့ သေချာတယ်။ ဇိမ်ခံ/ အကောင်းစား /တံဆိပ်ပစ္စည်း/ ဆိုတာတွေကို ၊ တခါမှ မမက်မောမိ သလို ၊ အဲ့ဒီ အတွက် ငွေတွေ မတန်မဆ ပုံအော သုံးတာကိုလည်း မျက်မှောင်ကြုံ့ ချင် တဲ့ သူ လေ ။ MK အိတ်လောက်ကို ဈေးကြီးတယ် လို့ ပြောနေတဲ့ သူ ကို၊ အမျိုးသမီးထု ကြီး ကတော့ အတော့်ကို ကရုဏာ သက်နေကြမယ် ထင်ရဲ့ ။  မိတ်ဆွေ တွေ ထဲမှာ.. အမ လို ခင်ရတဲ့ တယောက်ဆို ၊ LV  / Burberry  အိတ် တွေ ကို အပတ်တကုပ် စုဆောင်း ၀ယ်ယူ တဲ့ သူ ပါ။ တနှစ် ဒီဇိုင်းတမျိုး ၀ယ် တတ်သလို ၊ သူဝယ်ထားတဲ့ အိတ်တွေ ကို ၊ ဗီရိုထဲမှာ လူမမြင်အောင် သိမ်းထားတာမျိုးလည်း  မဟုတ်ရှာဘူးပေါ့ ။ နောက် မိတ်ဆွေ အမျိုးသမီး တယောက်ကတော့ ၊ ဈေးပတ်နေရင်း ၊ Coach အိတ်တလုံးကို ဒေါ်လာ ၆ ထောင် နဲ့ ကောက်ကာ ငင်ကာ ၀ယ် တဲ့ သူပါ ။  အဲဒါတွေ မြင်ပြီး ရှော့ ရ သွားလားတော့ မသိ…။ နည်းနည်းပါးပါး မနာလိုတာသာ ဖြစ်ချင်ဖြစ်မယ်… နည်းနည်းမှ လိုချင် အားကျ စိတ်မပေါ်တာတော့ သိပ်ကို သေချာလေသည်။ ကိုယ်လည်း အလှတော့ ကြိုက်တာပါပဲ..။ အကောင်းလည်း မက်တာပါပဲ။ ဒါပေမဲ့.. အကောင်း ဆိုတာထက် ကျော်လွန်နေတဲ့ ကိစ္စကျတော့..အပို ဖြစ်သွား ပြီလား… လို့ လေ..။

စဉ်းစားကြည့်တော့… အဲ့ဒီလို နာမယ်ကြီး တံဆိပ် နဲ့ အိတ်တွေကို ကိုင်ကြတာဟာ (သို့) ကိုင်ချင်ကြတာဟာ.. ပိုက်ဆံတွေ သုံးနိုင်ကြောင်း ပြချင်တာလား..၊ အဲဒီပစ္စည်းက..သူမတူအောင်ကို အရည်အသွေး ထူးကဲ သာလွန်နေလို့လား ။ ဒါမှ မဟုတ်..ဆွစ်နာရီကြော်ငြာ တခု ကလို… I feel like a star ဆိုတဲ့ ခံစားချက် မျိုး ရချင်လို့ လား..။ ဘာပဲဖြစ်ဖြစ်.. ဒီကိစ္စလည်း..ကိုယ် ညဏ်မမီ..ပါရမီနည်း..မခံစားနားမလည် နိုင်တဲ့ အရာတွေ ထဲက..နောက်တခု လို့ပဲ သဘောထားလိုက် မိ တယ်။

ဒါပေမဲ့..ဒီ အိတ်ရောဂါ ဟာ.. အနီးအနား မှာ တော်တော် ပျံ့ နှံ့ ကူးစက်နေလာနေလေတော့… တခါတခါ ကိုယ်တိုင် လည်း ကိုယ်ပူ ချင်သလို ဖျားချင်သလို ဖြစ်ဖြစ်လာတယ်။ အပြိုင်အဆိုင် များတဲ့ ပတ်ဝန်းကျင် မှာဆို..ပို ကူးစက်မြန်ပုံ ရတယ်။ ဒီတခေါက် ရန်ကုန်မှာ..ကျောင်းတုန်းက သူငယ်ချင်းမ က မုန့်စားရအောင် ဆိုပြီး သူ့ကားနဲ့ လာခေါ်တော့.. ကားပေါ်မှာ..ဟိုပြော ဒီပြော စီးပွားရေး အိမ်ထောင်ရေးတွေ ဖလှယ်ကြရင်း...အိမ်ကလူ လည်း ဟိုမှာ ကြာတော့ ပြန်ချင်နေပြီဟ.. ဟိုတလောက.. ငါက ကလေးတွေ တာဝန် တယောက်တည်း ယူရတာ ညည်းတော့..ငါ့ကို ချော့ပြီး..Coach အိတ် တလုံးဝယ် လာတယ်လေ.. လို့ စကားကို အတင်းကြီး အိတ်ထဲ ဆွဲထဲ့တော့တယ်။ အိတ်ရောဂါ ရှိနေပြီ ဆိုတာ သိလိုက်တာနဲ့ .. ချက်ခြင်းပဲ..
ငါကတော့..အိတ်ဆို အကောင်းစားကြီးတွေ ထက်.. ၊ လက်မူထည် တွေပဲ ကြိုက်တာ လို့..ခပ်မြန်မြန်လေး..ကာကွယ် လိုက်ရ တယ်။ တော်ပါသေးရဲ့…။ ကားရှေ့ခန်းမှာ..နှစ်ယောက်အတူ ထိုင်ရင်း.. ကိုယ့် ပေါင်ပေါ် မှာက ၊ ဟို မရောက် ဒီမရောက် သားရေ အိတ် တလုံး မဟုတ်ပဲ.. ၊ ချင်းမိုင်က ၀ယ်လာတဲ့.. မုန်းတိုင်းရင်းဖြစ် လက်ယက်ထည်စ နဲ့ ရောချုပ်ထားတဲ့ လျှော်ချည်သားအိတ် ကလေး ဖြစ်နေပေလို့..။

တရက်သား .. ၀မ်းကွဲ အမ တယောက် ရဲ့ တိုက်သစ် တက်ပွဲ မှာ ဆွေမျိုး တွေ စုံ ကြတော့ ၊ အိမ်ရှင်အမက အမေရိက က မိတ်ဆွေ တယောက် လှမ်းပို့လိုက်တာ ဆိုတဲ့.. အဆင် အပျောက် တွေ နဲ့ အိတ်တလုံးကို တယုတယ ထုတ်လာပြတယ်။ ဈေးတော်တော် ကြီး တာကို ပေးတာဟယ်… လို့ ၊  ကျေနပ်ပြုံးကြီး နဲ့ ပြောနေတုန်း.. တခြား အမျိုးတယောက်က လည်း အားကျမခံ ပေါ့…။  သူ့အသိ ဗိုလ်မှူးကတော် တယောက်များ တအား ရိုး တာတဲ့လေ..  ဒေါ်လာ ရှစ်ထောင်လောက် တန်တဲ့ အိတ် တွေ မသုံးပဲ သိမ်းထား တာ တဲ့ ဆိုပြီး မစားရ ၀ခမမ်း သွားရေတွေ သိမ်းနေလေ တော့ ၊ နဖူးတွေ တော်တော်ပူ ပြီး အာခေါင်တွေ တောင် ခြောက်ချင် လာတယ်။ စကားဝိုင်းကလည်း ရှောင်သွားလို့ မကောင်းလေတော့.. “အင်း..သိပ်လည်း မထူးခြားပါဘူး..ဒီ အဆင် ဒီအကွက် မျိုးတွေ ကို အတု တွေ လည်း အားကြီး ကိုင်ကြတာပဲ.. ” လို့  ကိုယ်မကျွမ်းကျင် တဲ့ ဘာသာရပ် မှာ သွားပါ လိုက် မိတယ်။ ယောင်ဝါးဝါး ကိုယ့် မှတ်ချက်ကို ၊ ခပ်လှမ်းလှမ်း ထောင့်မှာ ထိုင်နေတဲ့.. ယောင်းမ ၀မ်းကွဲ တယောက်က.. ပါးစပ်ကလေး ဟ ယုံ  တချက်ပဲ တုန့် ပြန် လိုက် တယ် ။ ကြည့်ရင်သိပါတယ်.. တဲ့။   သူကိုင်လာတဲ့.. ခရမ်းရောင်မှာ ရွှေရောင် ကြိုးတွေ လိမ်ထားတဲ့.. အိတ်ကို.. ပေါင်ပေါ် ကို မသိမသာ တင် လိုက်ရင်း  တပြိုင်တည်း  စိန်လက်စွပ် ကိုတောင် မတဲ့-တဲ့ အောင် နေရာ ညှိ လိုက် နိုင် အောင် ကျွမ်းကျင် တဲ့ ၊ အဲ့ဒီ ဆွေတော်မျိုးတော် ယောင်းမတော် ကို.. ကိုယ်က လည်း ကြည့်ရင်း ကို သိနေမိတယ်။ သြော်.. အိတ်ရောဂါ ရှိသူတွေ.. အိတ်ဆရာမကြီးတွေ..။

အိတ်ရောဂါ က.. အရပ်ထဲ မှာတင် မကဘူး…နိုင်ငံရေး သတင်း ရပ်ကွက် ထဲမှာတောင် ၊ ဘယ်သူကဖြင့်..ဒေါ်အောင်ဆန်းစုကြည် ကို LV အိတ်တလုံး လက်ဆောင်ပေး တာ ဆိုတဲ့ ကောလဟာရ မျိုးတွေလည်း  ကြားရ တတ်တယ်။ ခုထိ တော့.. ဒေါ်အောင်ဆန်းစုကြည် တယောက် အပျောက်ပျောက် အကျားကျား နဲ့ အကောင်းစား အိတ်ကြီး တလုံး ကိုင်ပြီး ထွက်လာတာ မမြင်မိသေးဘူး။ ဘာပဲဖြစ်ဖြစ်လေ.. ရုရှ သမ္မတဟောင်း ဂေါ်ဘာချော့ဗ် တောင် သူ့ဖောင်ဒေးရှင်း ရံပုံငွေ အတွက် LV  အိတ် နဲ့ မော်ဒယ် လုပ်ပြီး ကြော်ငြာ ရိုက်ခဲ့သေးတာပဲလေ…။ 



ဒေါ် ကြိုင်ကြိုင် အစ ရှိ လို့ ၊ မြန်မာပြည် အုပ်ချုပ်မင်းလုပ်သူ စစ်ဗိုလ်ချုပ်ကြီးတွေ အဆက်ဆက် ရဲ့ ကတော် ကြီးတွေ ကိုင်ခဲံတဲ့ အိတ် တွေ ဆို လည်း ၊ အမျိုးအစားသာ သေချာ မသိပေမဲ့ ၊ အကောင်းတကာ့ အကောင်းစား တွေ ဆိုတာတော့ ၊မေးစရာကို မလို ။ ရွှေအစစ် နဲ့ လုပ်တဲ့ အိတ်တွေတောင် ကိုင်ခဲ့ ကြတာ လို့ ၊ ကြားဖူး ခဲ့ ကြသည်ပဲ။ သူတို့တွေက ထားပါတော့လေ… အကယ်လို့များ ၊ ကိုယ်တွေ ချစ်ခင် လေးစား ရ တဲ့ လူ တယောက်ယောက်ကများ..၊  အမျိုးသမီး တယောက် ကို၊  LV အိတ်တလုံး ၀ယ်ပေးဖို့ ဗျာများနေတယ် ဆိုရင်တော့ ..တော်တော် ဂွကျ မဲ့ ကိစ္စ ပဲလို့.. ပေါက်ပေါက်စစ ရှာကြံ တွေးပူနေ မိ ပြန်တယ်။

ဗိုလ်ချုပ်အောင်ဆန်း တောင် လန်ဒန်က အပြန်မှာ သူ့ မိသားစု အတွက် နိုင်ငံခြားပြန် လက်ဆောင် တွေ ၀ယ်ဖို့  ဒေါ်သန်းအေး ( ဒိုရာသန်းအေး ) ကို ခိုင်းတော့ ၊ ဒေါ်ခင်ကြည် အတွက် အနည်းဆုံးတော့ ၊ လက်ကိုင်အိတ် လှလှလေး တလုံးတော့ ပါသွားခဲ့ မယ် ထင်တာပဲ...။  

အင်းလေ.. မိန်းမ နဲ့ အိတ် ဆိုတာ..ဘယ်မှာ ခွဲခြား ထားလို့ ရ ခဲ့ လို့ တုန်း ။

ကိုယ်တိုင်လည်း  အိတ်တွေ..ဟော တလုံး.. ဟောတလုံး လိုချင် တပ်မက် နေတာမျိုး  မဟုတ်ပေမဲ့ ၊ အခါ အားလျော်စွာတော့…အိတ် ကလေး တလုံး ၀ယ်ဖို့  လိုအပ်နေ တတ်တာပဲ မဟုတ်လား။ တချို့ တွေမှာ.. အကြမ်း သုံးဖို့ အိတ် ဆိုတာ တမျိုး ၊ အလှသုံးဖို့ အိတ်ဆိုတာ တမျိုး ၊ ၀တ်တဲ့ ဖက်ရှင် နဲ့ လိုက်အောင် ပြောင်းကိုင် တဲ့ အိတ် တွေလည်း အမျိုးမျိုး ရှိ တတ်ကြသည်။ ကိုယ်ကတော့..အိတ်တလုံးသာ ဒုံးခံ သုံးတတ်သူမို့ ၊ အပြင်သွားရင် ကောက်ဆွဲ ထွက်သွားယုံ ။ နှုတ်ခမ်းနီက..ဟို အိတ်ထဲ ကျန်ခဲ့လိုက် ၊ လိုင်ဘရီ ကဒ် က ဒီ အိတ် ထဲ ညှပ်နေခဲ့ လို့ ဆိုတာမျိုး သိပ်မရှိ။ တခါတလေ လည်း ၊ လှတာ ကောင်းတာရယ် ကြောင့် မဟုတ် ၊ သော့ လေး နှိုက် ဖို့ လွယ်တာ နဲ့.. ဖုံးလေး ထဲ့ဖို့  အဆင်ပြေ တာနဲ့ .. လက်ဆုံဝင် ခင်မင် နေတဲ့ ဖန်တရာတေ အိတ်ကလေးတွေ လည်း ရှိ ဖူးသည်။ အခု လက်ရှိ ကိုင်နေတဲ့ ချင်းမိုင် အိတ်ကလေးက ၊ တခုခု လိုချင် လို့ နှိုက်လိုက်ရင်..ဟိုးအောက်မှာ လက်တဆုံးရောက်မှ။ တခါတလေ..ဟန်းဖုံးက..မြည်နေ လိုက်တာ.. ဘယ်မှာ မှန်းမသိ..။


ကိုင်ခဲ့သမျှ အိတ်တွေထဲမှာ..ဈေးအကြီးဆုံး လို့ မှတ်မိနေတာ..စင်ကာပူမှာ အလုပ်လုပ်ကာစ က၊ ၀ယ်တဲ့ Picard သားရေအိတ် အညိုလေး။ သားရေ အစစ် လို့ ရေးထားတာနဲ့..ဘာမှန်းလဲမသိ…သဘောတွေကျလို့..ကျေနုပ်လို့..။ အဲ့ဒီ အိတ်ကလေး ရဲ့ ဘေးဖက်အတွင်းသားလေးမှာ၊ ဒဏ်ရာလိုလေး အနာသေးသေးလေး ပါနေတာကတောင်.. သိပ်ကို သားရေစစ်ကြောင်း သက်သေ ဖြစ်လို့ပေါ့..။ နှစ်နှစ်လောက် ရှိတော့..အဲဒီ အပေါက်ကလေးက..တဖြည်းဖြည်း စားလာတယ်။ ကြည့်နေရင်း..ကြည့်နေရင်း..တကယ့် တိရိစ္ဆါန်တကောင် ရဲ့ ကိုယ်မှာ အနာဖြစ်နေတာကို မြင်နေရသလို..ခံစားလာရတယ်။  အဲဒီ နောက်တော့..သားရေ ပစ္စည်း ဘာမှ မသုံးတော့ဘူးလို့ စိတ်ပိုင်းဖြတ် လိုက်တယ်။ ခုနောက်ပိုင်းတော့.. Ethical goods ဆိုတာတွေ ကို စိတ်ဝင်စားလာတယ်.. ။ fair trade product ဆိုတာတွေကို နားလည်လာတယ်။ Eco friendly တို့  sustainability တို့ ဆိုတာ အာပလာ တွေ သက်သက် မဟုတ်ဘူး ဆိုတာ သဘောပေါက်လာတယ်။ ကိုယ် ၀ယ်လိုက် သုံးလိုက်တဲ့ ကုန်ပစ္စည်း တခု..၀န်ဆောင်မူ တခု ရဲ့ နောက်ကွယ်က အကြောင်း နဲ့   အကျိုးဆက် ကို ၊ ထဲ့တွက် စဉ်းစား နေ တတ် ပြီ ။

ဘာပဲဖြစ်ဖြစ်.. အိတ်တလုံး တော့ ၀ယ်ရ အုံးမည်။




Share/Bookmark

14 Comments:

alfhagram said...

အင်း
အိတ်ရောဂါဆိုမှ မိုးတွင်းတောင်ရောက်လာပြီ။ လေဓံ မိုးဓံ ခံနိုင်တဲ့အိတ်ဝယ်ရဦးမရ်။ ဝန်ထမ်းဆိုတော့ ရုံးတက်ရုံးဆင်း သင့်တော်တဲ့ အိတ်လေးတလုံးပေါ့။

alfhagram said...

အင်း
အိတ်ရောဂါဆိုမှ မိုးတွင်းတောင်ရောက်လာပြီ။ လေဓံ မိုးဓံ ခံနိုင်တဲ့အိတ်ဝယ်ရဦးမရ်။ ဝန်ထမ်းဆိုတော့ ရုံးတက်ရုံးဆင်း သင့်တော်တဲ့ အိတ်လေးတလုံးပေါ့။

ဝေမိုးနိုင်(မုံရွာ) said...

ဝယ်ပြီးပြီဆိုရင်လည်း ပို့စ်လေးတစ်ပုဒ်လောက် ရေးတင်ပါဦး ဆရာမရေ...။ အကြောင်းအရာလေးတစ်ခုကနေ ပြန့်ကြဲတွေးသွားတဲ့ အတွေးစလေးတွေကို သဘောကျနှစ်ခြိုက်မိလို့ပါ။

သက်ဝေ said...

အဟဲ... အိတ် ဆိုတော့ ဘာမှ ရှည်ရှည်ဝေးဝေး မပြောတော့ပဲ အဟဲ လို့ပဲ ရယ်ပြသွားတယ်နော် ကေ... တခါတခါကျတော့လည်း အဲလိုလူတွေကိုကြည့်ပြီး Will Smith ပြေတဲ့စကားလေးကို သတိရမိတယ်...
Too many people spend money they haven't earned to buy things they don't want to impress people they don't like... တဲ့... :D

တန်ခူး said...

တခါတလေ ကိုယ်တိုင်လဲ ကိုယ်ပူချင်သလို ဖျားချသ်သလိုမို့  အကိုက်အခဲပျောက်ဆေးလို တလုံးလောက် ကောက်ဆွဲလိုက်တာမျိုးရှိတယ် ကေ ရေ. လူမှုရေးတွေလုပ်နေတဲ့ လေးစားရတဲ့အမတယောက်ရေးတာ ဖတ်ပြီး ကိုယ်ပူရောဂါကို မေ့ပစ်လျုက်တယ်. သူကြိုက်တဲ့ချိတ်လုံချည်လေးတထည်ဝယ်ဖို့ ကို အဲဒီချိတ်လုံချည်က ချို့ တဲ့တဲ့ကလေးဘယ်နှစ်ယောက်ကို ဗလာစာအုပ်ဘယ်လောက် ဝယ်ပေးနိုင်တယ်လို့  တွက်ပြီး ဈေးချိုတဲ့ လုံချည်လေးပဲဝတ်တော့တယ်တဲ့. ဟုတ်ပါရဲ့တွေးပြီး အဲဒီနောက်ပိုင်း သိပ်ဈေးကြီးတာတွေ(အမှန်ကကိုယ့်အတိုင်းအတာနဲ့ ဈေးကြီးတာပါ. ဟီး). သိပ်မစဉ်းစားတော့ဘူး. ရိုးရာအိတ်လေးတွေ လက်မှုအိတ်လေးတွေ တို့ လဲချစ်တယ်.

Kay Thwel said...

ImaginaryClouds Mmblogger ဓါတ်ပုံထဲက ဘိုးတော်ကြီးကတော့ အိတ်နဲ့မိုက်တယ် ။ နိုင်ငံရေးတွေမပါဘဲ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့သူတွေ ၊ နိုင်ငံရေးနဲ့မပါတ်သက်တဲ့ အောင်မြင်ကျော်ကြားတဲ့သူတွေ ပိုက်ဆံတတ်နိုင်တဲ့သူတွေ သူ့ဘာသာဝင်ငွေရှိလို့ ဝယ်တာ ဘာအရေးမှမဟုတ်ပါဘူး ။ သူတတ်နိုင်လို့သူသုံးတာပဲ။း)
Sunday at 9:51pm · Unlike · 1

Aung Khin Myint အိတ်ရောင်းရန် ရှိသည် ...း)))
Sunday at 9:57pm · Unlike · 1

Snow Snow Lay အဟိ မမပြောမှ သတိရတယ်... ဆယ်လီဘရက်တီတွေနဲ့ ရှော့ပင်ထွက်တုန်းက ချန်နယ်လား ရှန်နယ် လား အဲ့ဘရန်းကို အပြိုင်အဆိုင် အားရပါးရ ဝယ်ကြတယ်... ဒီကြားထဲ ဒါက ဘယ်နှစ်လုံးမြောက်ဆိုတာကပါသေး...ဘယ်သူက LV ကို မှ အိတ်ထင်နေတာ ဆိုတာကပါသေး....မိန်းမတွေကတော့ ပြောမနေနဲ့မမရေ...Brand တွေမှာမှ 1 st copy 2nd copy 3rd copy ဆိုပြီး အဆင့်ခွဲပြီး ကိုင်ကြတာလဲ ကြားဖူးပါရဲ့... ညီမလဲ မကေလိုပါပဲ ထည့်ချင်တာ ထည်ရလို့ရတဲ့ အိတ်တစ်လုံး နှစ်လုံး သုံးလုံးလောက်တော့ ရှိတယ်... ဘရန်းတွေတော့ အနားမကပ်နိုင်သလို လိုချင်တပ်မက်စိတ်လဲ မရှိသေးပါဘူးမမရယ်....
Sunday at 10:06pm · Unlike · 1

Yin Latt Phyu Thanks you K yae! Love your article! I have never seen any professors or Directors (ladies or gents) in uni or other Dept. in Australia use expensive bags. I went back to Burma in 2011 and noticed that even some middle class women are crazy about bags with logo. I am very lucky that I live in a very decent world that people don't care about logo! I will be one crazy women if I go to work with a LV bag!!! The LV cannot upgrade my status or reputation here in Australia (Thank God)! I reckon that the LV disease in Burma is the excellent outcome of successful commercialisation of LV in a country where per capita income is the lowest within Asia. Burma need more educated and broad-minded society.
Sunday at 10:34pm · Edited · Unlike · 2

Ma May ဖတ်ရင်းနဲ့ အိတ်တွေနောက် လိုက်ရတာ မောလိုက်တာဒေါ်ကေရယ်....:))))))))))
Sunday at 10:22pm · Unlike · 1

Kyi Kyi Khin လိုတာတွေ ထည့်လို့ရ ပြီးတာပါပဲလေ။
Sunday at 10:31pm · Edited · Unlike · 3

Tin Min Htet မနှစ်က တရုတ်ပြည်ကို ရက်တိုရောက်တယ်။ ရှန်ဟိုင်းနဲ့  မြို့ ခပ်သေးသေး တခု။ ပြောချင်တာက မြို့ လေးမှာကို စလုံးမှာ တွေ့ နေကျ အဝတ်အစား တံဆိပ်စုံရနေပြီး ဈေးလည်း မကွာတာ သတိထားမိတယ်။ သိပ်ဈေးကြီး တံဆိပ်တွေလည်း ရှိမယ်လို့  ကြော်ငြာဆိုင်းဘုတ်တွေ အရသိရတယ်။

အခြားကုန်တွေမှာ ဈေးခြင်း မယှဉ်နိုင်လို့  ဈေးကွက် အသာပေးထားရတဲ့ တရုတ်ဆီက ပိုက်ဆံကို တံဆိပ်နဲ့  ပြန်ယူနေပုံပဲ။
Sunday at 10:39pm via mobile · Unlike · 1

Khin Lay Nge အိတ်တွေအကြောင်းရေးတော့ ဘရန်းနံမည်တွေဖတ်ပြီး သိပ်နားမလည်မိဘူး ဘာလို့ဆို ကိုင်ဖူးတဲ့ အိတ်တွေက ချစ်သော ညီမလေးက ၀ယ်ပြီး သူမသုံးချင်တော့လို့ ပေးထားတာတွေချည်းမို့လေ။ သူကလည်း ကပ်စေးနဲဆိုတော့ သူ့အကျဆို စဉ်းစားသာကြည့်ပါတော့...
Sunday at 11:29pm · Like · 3

Kyi Kyi Khin ဟီးဟီး
Sunday at 11:35pm · Unlike · 1

Moe Cho Thinn မိန်းကလေးဆိုတာ ကောင်းရင် လှရင် ကြိုက်တတ်တဲ့ အမျိုး မဟုတ်လား။ သူ့အကြိုက်နဲ့သူပေါ့ ကေ။
ကိုယ့်ကတော့ သူများ လက်ဆောင်ပေးတဲ့ အိတ်ကောင်းကောင်းတလုံး လွယ်ရတာတောင် ကိုယ်နဲ့ မတန်တဆ ဖြစ်နေပြီလို့ ဘယ်သူ့ကို အားနာနေမှန်း မသိ။ အဲဒီအိတ်တန်ဖိုးလောက်ကို အဲဒီအိတ်ထဲ ပိုက်ဆံ မထည့်နိုင်ခဲ့သူ မဟုတ်လားလေ..
Sunday at 11:47pm · Unlike · 5

Ma Yu Yu ဆလင်းဘက်လို့ လွယ်လွယ်ခေါ်တဲ့ အိတ်ကို လွယ်ရင်တောကျတင်ထင်လို့ လွယ်ကိုမလွယ်ချင်တာ ကလေးတွေငယ်တုန်းကတော့ အစုံထည့်ရတာမို့ လွယ်ဖြစ်သေး ခုများလက်ဆောင်ရသမျှ အိတ်ကြိုက်တဲ့ မေမေကိုပဲပေးပြစ်တယ်။ဟိုတလောလေးကပဲ သူငယ်ချင်းတယောက်ကအမေရိကားကအိတ်တဲ့ ဈေးကြီးသတဲ့  နင်တကယ်လွယ်ရမယ်နော်တဲ့  အင်းအင်းလို့ ပြောပြီး မေမေကိုပဲပေးလိုက်ပြီ ဟေ့သူငယ်ချင်းရေ ဒီစာကိုဖတ်မိရင် ခွေးလွှတ်လိုက်ပါ --ဟဟ

rose of sharon said...

ကိုယ့်မှာလဲအိတ်ရောဂါရှိတယ်... ဒါပေမဲ့ ရောဂါဘဲရှိတာပါလေ :)

မမ said...

ကြိုက်လို့ရှယ်ပါရစေနော်

မမသီရိ said...

ကိုယ့်မလဲ အဲဒီ ရောဂါ နဲနဲ ရှိတယ်.. မိန်းမပေကိုး.. ဒါပေမဲ့ ..ကိုယ့်အိတ်က အမြဲ ပဲ ..စုံစီနဖာတွေ နဲ့ ဖောင်းကား လိုတရ အရူးလွယ်အိတ်ဆိုတော့.. High Class Brand တွေနဲ့ အဆင်မယ် မထင်လှဘူး.. ပြောမဲ့ ပြောတာ မဟုတ်ဖူး ဟိုပုံပြင်ထဲက စပျစ်သီးတွေ အတိုင်း .. အရမ်းပဲ ချဉ်..း)

JuneOne said...

Mk ဆိုတာတောင်မသိ။သူများ လက်ဆောင်ဝယ်ပေးထားတဲ့ ၇၅ ကျပ်တန်သာ အကောင်းဆုံးရှိတော့တယ်...

မြသွေးနီ said...

မြသွေးကတော့ အိတ်ကို ခရေးဇီးဖြစ်တာ မဟုတ်ပဲ ၊ လွယ်မဲ့အိတ် ချေးများတတ်တယ်။ အိတ်တစ်လုံးအသစ်ရပြီဆို မေ့လောက်အောင်လွယ်တယ်။ ရှိတဲ့အိတ်တွေ မျှဝေလွယ်ဖို့ ဘယ်တော့မှ စိတ်မကူးဘူး။ အဓိကက အိတ်ထဲအစုံထည့်တတ်တဲ့ ပစ္စည်းပစ္စယာတွေကို နောက်တစ်အိတ်ထဲ ပြောင်းရွှေ့ရမှာ အင်မတန်ဝန်လေးလို့ပါ။ အဲ့တော့ အိတ်တွေက အလိုလိုစုမိလျှက်သားဖြစ်နေရော။ သင်္ကြန်တစ်ရက် ဘီဒိုရှင်းမှ မလွယ်ဖြစ်တဲ့ အိတ်အကောင်းတွေ ပြန်တွေ့မိတယ်။ ဒါနဲ့ ပေးတန်ပေး၊ လွယ်တန်လွယ်ရပြန်တယ်။ တန်ဘိုးကြီးလွန်းတဲ့အိတ်တွေထက် ဈေးသင့်၊ လယ်သာကောင်း၊ အရောင်ရိုး၊ ဒီဇိုင်း ရိုးရှင်းပြီး ကြီးမားလွန်းသော (သို့) သေးငယ်လွန်းသော အိတ်မျိုး နှစ်သက်တယ်။ ကံကောင်းတာက ၀ယ်ရတာထက် လက်ဆောင်ရတာကများနေတော့ အဆင်ကို ပြေနေတော့တာပါဘဲ။

Yin Myo Kaung said...

In my opinion, this should all come down to choices we make in our life. We are all human beings who are crazy about something in one way or another. Some people enjoy reading books, whereas others enjoy watching movies. Some like to have luxurious cars in their possession, and others may have a hobby of collecting stamps which is way cheaper than purchasing a luxury car.Travelling around the world may appeal to some of us, while others find that going to a secluded place to pray for their soul uplifts their spirit. Some like to wear comfortable clothing even if it is cheap, while others may want to accessorize themselves with an expensive designer-brand bag. Those are the choices we make in our life, and I believe that the opportunity to make choices should be given to all of us regardless of our religious background, socioeconomic status, race, ethnicity, and gender differences.
What matters the most to me is that each and every one of us should feel the power of “if they can do it, why can’t I?” Expensive and luxurious items do not belong to people who are rich and filthy. It belongs to all of us even if a person makes less than $10.00 a day. We never know what kind of situation a family has behind a closed door. Here are few scenarios we should take a look at. A husband may want to fulfill his wife’s wish which is to have a designer bag. In order to do so, he may have cut some other expenses in his household to save enough money to buy her a bag. It is a love and caring relationship shown between a husband and a wife. How about relationship between parents and children? Parents may want to spare their daughter’s desire, wearing a designer gown to attend her graduation party, by purchasing it even though they are not wealthy enough to do so. It is the sacrifice parents make for their offspring. As long as their significant others are willing to pay for those items to show their love, support, and caring, I cannot see a problem with that. The problems arise when people tend to judge. Judgmental people are the one making a call by saying people who don’t make enough money to purchase luxury items are shallow, or people buy expensive stuff just to show off, or people with low self-esteem need to elevate their sense of confidence by wearing expensive accessories, and so on, and so on.
One thing comes up to my mind while writing this comment is that President Obama would have never become the 44th President of the United States if people had limited the position for only white people. We should never discriminate or segregate people by limiting their ability. If rich people afford to buy an expensive item, poor people can surely do the same as long as they manage their financial situation very well. We should never have two-tier system in our society: rich can have this, but poor can’t have that or Mg Ba is allowed to do this because he is rich, but Mg Wa is denied to do that because he is poor. We should leave such kind of mentality in the past and try to look at the society with an open mind. Let them enjoy their lives by making a decision of their own. Some choices we make in our life are not always right. It’s OK to make a mistake, and we can learn from our mistake. If we do learn from our mistake, we will not repeat the same mistake again in the future. So please allow them to make choices of their own, let them explore their life, and give them space to pave their own path to achieve what they want to become in their lives without criticism of society.
Thank you.
Yin Myo Kaung

May Thu San said...

ဖတ်လို့ ကောင်းလိုက်တာ။ :)

Tom Jerry said...

ကိုယ်ကတော့အိတ်ထဲမိတ်ကပ်တို့ဘာတို့ထည့်လေ့မရှိ
စတက်ပလာလိုစာရေးကိရိယာမျိုး၊တစ်ရှူးထုပ်၊အဆာပြေမုန့ှ်အဲတာမျိုးလေးတွေတော့ထည့်တတ်တယ်...
ဈေးနှုန်းကတော့ ၅၀၀၀-၁၀၀၀၀ပေါ့
smartကျပြီးအသုံးတည့်ရင်ပြီးတာပဲ