တနှစ် ဆိုတာ ဘာမှ မကြာလိုက်ဘူး ။ အခုလို စိန်ပန်းပြာတွေ
ပွင့် နေတဲ့ နွေဦး ရက် တရက် မှာ ၊ တိတ်တိတ်
ဆိတ်ဆိတ် ရှိလှတဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်လေး
ဆီ ၊ လူအသစ် တယောက် ရောက်လာခဲ့ တာ ။ ကောင်းကင်ကြီးကလည်း ပြာ ၊ အရာရာ ဟာ အပြာရောင် တွေ
နဲ့ လွှမ်း နေ ခဲ့တယ် ။ ဆေးရုံကနေ အိမ်ကို ပြန်တဲ့ လမ်းမှာ ၊ အဖြူပေါ် မှာ အပြာရောင်
အလုံးလေးတွေ ပါတဲ့ အကျီ င်္လေး ကို ၀တ်ထားတဲ့ လူအသစ် ကလေး ဟာ စောင်အပြာရောင် လေး အောက်မှာ အိပ်ပြီး လိုက်လာ
လိုက်တာ ၊ ဘာဆို ဘာကိုမျှ သိလည်း မသိ ၊ မြင်လည်း မမြင် ရှာသေးဘူး ။ အဲ့ဒီနေ့က အပြာရောင် ကဒ်ပြားတွေ အပြာရောင် ပူဖောင်း
တွေ ၊ အပြာရောင် ပန်းစည်း တွေ ကြားထဲ မှာ မှ ၊ သဘာဝ က ပေးတဲ့ လက်ဆောင် ၊ စိန်ပန်းပြာ တွေ ကတော့ အလှဆုံးကို
၊ ပွင့်နေ ခဲ့ ကြတယ် လေ။
။။။။။
လေရူး ကြောင့် တရှဲရှဲ မြည်နေတဲ့ သစ်ပင်တွေကို ၊ မုန့်လေးက တွန်းလှည်းလေး ထဲကနေ မျက်နှာလေး မော့ပြီး
ကြည့် တယ်။ သူ့ အတွေးသေးသေး
ပိစိလေး ထဲမှာ ဘာတွေများ တွေးနေ လေ မလဲ ။ တွန်းလှည်း
ကို တွန်း နေ တဲ့ မိုးမိုး ကတော့ အတွေး အကြီးကြီး ကို ချဲ့ ချင် တိုင်း ချဲ့ လို့
ပေါ့ ။ တစက္ကန့် ရဲ့ အပုံလေး တခု အတွင်းထဲ
မှာ ကို ၊ ဟိုး မိုးကုပ်စက်ဝိုင်း ကြီးကနေ ၊ လမ်းဘေးမှာ ကြွေကျ နေတဲ့ စိန်ပန်းပြာ
ပွင့်လေး ဆီ လည်း ရောက်ချင် ရောက်သွား ပြန် တယ် ။ အရင်တုန်းက ဆို ၊ တယောက်တည်း လမ်းလေ
ျှာက် ထွက်ရင်း ၊ အတွေးထဲမှာ စာတွေ ရေး တယ် ။ အခုတော့ ခါ ၊ ပုခက်ထဲ လည်း စကားပြောပါ
၊ ရေချိုးပေးလည်း စကားပြောပါ ၊ ဆို တဲ့ ကလေးပြုစုရေး
ပညာပေး တွေ ဖတ်ပြီး ၊ လမ်းလျှောက်ရင်း ပါ
စကားတွေ ပြောပေး နေရတော့ ၊ အတွေးထဲက
ရေးလက်စ တွေ လည်း ကစင့် ကလျားပါပဲ ။
ဖတ်လက်စ တွေ၊ လုပ်လက်စ တွေ ။ တကယ့်ကို ဘာကိုမှ
လက်စ သတ် မရ နိုင်သေး တဲ့ နေ့ရက် တွေ ပေါ့ ။ ကလေး တယောက်ဟာ ဘယ်အရွယ် မှာ သူ့ကိုယ်သူ
သီးခြား လူတယောက်ဆိုတာ သိလာ တယ် ၊ ဘယ် အရွယ်မှာ စကားလုံး တွေကို တွဲသိလာတယ် ၊ ဘယ်အရွယ်မှာ
မိဘ ကို ကပ် လာတယ် စသဖြင့် ဖွံ့ ဖြိုးတိုးတက်မူ
ဇယား တွေ နဲ့ တိုက်ဖတ် ရင်း ၊ စိတ်ဝင်စားစရာ
ကောင်းလှတဲ့ စာပေ အသစ် တမျိုး ကိုလည်း တွေ့ ရှိ နေလေရဲ့ ။
အိမ်ပြင်
ထွက်ရမှာ ကြိုက်တတ်လာတဲ့ မုန့်လေး ဟာ ၊ စကားလုံးတွေ ကို နားလည်စ
ပြုလာ ပြီ ။ ကောင်းကင် သစ်ပင် မြက်ခင်း တွေ ကို ၊ လက်ညိုးလေး ထိုးပြီး စူးစမ်း
တတ် လာပြီ ။ တခါတလေ သခင် နဲ့ အတူ လမ်းလျှောက် ထွက် လာ ရ လို့ ၊ စပ်စလူးခါ
ပျော်နေတဲ့ ခွေး လေး တကောင်ကို ၊ တခစ်ခစ်
နဲ့ သဘောကျ ချင် ကျ နေ သေး တယ်။ ယူကလစ်ပင်
ကြီး တွေ ပေါ် ကို ပျံ တက် လိုက် ပျံ ဆင်းလိုက် နဲ့ တ၀ုန်းဝုန်း ဖြစ်နေကြ တဲ့ ကတ္တ၀ါ ငှက်အုပ်လိုက် ကြီးကို ၊ အေးအေး ဆေးဆေး ပဲ ကြည့် တဲ့ ကလေးလေး ဟာ ၊ အမေ လုပ်သူ ခဏလေး ပျောက်သွားရင် တော့
၊ စိုးရိမ်တကြီး ငိုညိ တတ် နေ ပြန်တယ်။ ဟောဟိုဖက်က အဆုပ်လိုက် အခဲလိုက် ပွင့်နေတဲ့ ခရမ်းပြာ စိန်ပန်း
တွေ ရဲ့ အလှ ကို ခံစား တတ် ဖို့ ဆိုတာတော့ ၊ အဝေးကြီး လို ဦး
မည် ပေါ့ ။ သူ ရောက်လာတဲ့ လူ့လောက ကြီး ထဲမှာ အံ့သြစရာ တွေ ရော ၊ ပူပင် စရာ တွေ ရော
၊ ရယ်မြူး ကြည်နူးစရာတွေ ရော အများကြီး ရှိတယ်
ဆိုတာ ၊တဖြည်းဖြည်း နဲ့ သိလာ ၊ ကြုံလာ ရင် လေ . .။
တခါတလေ လည်း
သံသရာ ဝဋ်ဆင်းရဲ ဆိုတဲ့ ယဉ်ပါးလွန်းလှတဲ့ စကားလုံးကြီး အကြောင်း စဉ်းစား မိတဲ့
အခါ ၊ မုန့်လေး ကို ငုံ့ ကြည့် ပြီး သနားနေ မိ တတ်တယ်။ ငါတို့ဟာ ကိုယ်တိုင်တောင်
သံသရာက ရုန်းမထွက်နိုင် ကြ တာ ။ အခု နောက်ထပ် သံသရာ ခရီးသည် တယောက် ကို အတင်းကို
ဆွဲခေါ် လာ ခဲ့ မိ ပြီပေါ့ ။ တကယ်တော့လည်း လူတိုင်းဟာ ဒီလိုပါ ပဲ ၊ သံသရာ ဘာညာပေါ့
။ ပြီးတော့လည်း အဖော်အပေါင်းတွေ ခေါ် ပြီး ပျော်ကြောင်းကို ရှာကြ ပြန်တာပဲလေ ။ မုန့်လေးက တော့ သံသရာ ကြော မှာ ၊ မျော ပါ လာ တာ မဟုတ်လောက် ။ သိပ္ဗံ ဓါတ်ခွဲ ခန်း
ထဲက အေးခဲ နေ တဲ့ ဇီဝ အစိုင်အခဲလေး ဟာ ၊ အသေအချာ ကြီးကို ဖန်တီးခဲ့ တာ မဟုတ်လား ။ သံသရာ အဖော် အတွက် ရယ်
လား ၊ ခက်ခက် ခဲခဲ ကို ပျော်ကြောင်း ရှာ ခဲ့
သည်လေ။ လူတယောက် ဖြစ်တည်လာ တာ ဟာ မတော်တဆ မဟုတ်ဘူး တဲ့ ။ ဒါပေမယ့် ၊ မတော်တဆ တွေ များလွန်းလှ
တဲ့ လူ့ ရွာ ထဲ ၊ မသိကျိုးကြင် နေလို့ မရ
တော့ တဲ့ တနေ့ မှာ ၊ လည်မှာ အလှဆင် ဖို့ ရတနာ တကုံး လိုပဲ ၊ ကိုယ်ပျော်ရွှင်ကျေနပ်ရ ဖို့ သားသမီး ရတနာ တယောက်တလေ ဘယ်လို နည်းနဲ့ မဆို လိုအပ်
လာ ခဲ့ တယ် ။ ကိုယ့် ကို ကိုယ် တော့ တိုးတိုးလေး ကတိ ပေး မိတယ်။ ဒါဟာ အတ္တ ဆို ရင် လည်း ၊ မြင့်မြတ်တဲ့ အတ္တ ဖြစ်ရ ပါစေ့ မယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ မုန့်လေး ကတော့ ချစ်ခြင်း မုန်းခြင်း ၊ ပြုံးခြင်း မဲ့ ခြင်း ၊
ရှုံး ခြင်း နိုင်ခြင်း တွေ ရဲ့ အကြားမှာ လူးလာ ရှင်သန် ရတော့မယ့် လူသား တယောက် ဖြစ်
လာ ခဲ့ ပြီ ။
။။။။။။။။။
ပြောရရင်
မုန့်လေး ရဲ့ မိုးမိုး ဟာ ဓူဝံကြယ် မရှိတဲ့ အရပ်ကို ရောက်လာ ကတည်းက ၊ လမ်းပျောက်သလို
ဖြစ်နေခဲ့ တာ။ ဘာအကြောင်း ကြောင့် ငါ ဒီအရပ်ကို
ရောက်လာ ခဲ့ သလဲ လို့ တယောက်တည်း ညည်းတွား
တယ် ။ ဘုရားကို မေးခွန်းတွေ ထုတ်တယ်။ စာရွက်တွေပေါ် မှာ ဟိုခြစ် ဒီခြစ် လမ်း ကြောင်းတွေ ဆွဲ ကြည့် တယ် ။ ကြီးရင့် ခြင်း ရယ် ငြီးငွေ့ ခြင်း ရယ် နဲ့ မပျော်ရွှင်ခြင်း တို့ လိမ်ယှက် ထား တဲ့ ဖွတ်မြီး တချောင်းသာ လည်တိုင်ပေါ် မှာ ရှည် လျား
လာတယ် ။ ဘာဆို ဘာမှ မမြင်ရသေးဘူး ။ လမ်းမ ပေါ်
ငေးမော ရင်း ၊ စိန်ပန်းပြာ ပင် တွေ
အောက် မှာ၊ ကလေးလက်တွန်း လှည်း လေး နဲ့ မိခင်တယောက်
ကို မြင်တိုင်း မျှော်လင့်ချက်တွေ ၊ ကြွေ ကြွေ ကျ တယ် ။ အိမ်တံခါး
ကို အတူတူ သော့ ဖွင့် ၀င်လာပြီး ရင် ၊ တိတ်ဆိတ်
ရှင်းလင်း နေ တဲ့ ဧည့်ခန်းမှာ ၊ ဇနီးမောင်နှံ နှစ်ယောက် ဟာ ၊ စကား တွေ ပို နည်းလာ တယ်။ နံရံ
ပေါ်က နာရီ က တချက်ချက် မြည် သလို ၊ ခန္ဓာကိုယ်ထဲက
နာရီ က လည်း တ တောက်တောက် အသံ ပေးလို့ ပေါ့
။
တနံ တလျား က ပရဟိတ ဂေဟာ တွေမှာ မိဘ စွန့် ပစ် သွားတဲ့ ကလေး လေး တွေကို ကြည့် ပြီး
၊ ကမ္ဘာကြီးကို စောင့်ရှောက် ချင်သူ တယောက်ဟာ
၊ ကလေး တယောက် မွေးစား ရမယ့် အရေး ဒါကတော့
သိပ် မလွယ်ဘူး လို့ သက်ပျင်း ချ တယ်။ ကလေး
တယောက်ကို ကိုယ်တိုင် မမွေးဖွား နိုင် လို့ ၊ ကလေးတွေ အများကြီးကို မွေးဖွားပေး
နိုင်မယ့် သားဖွားဆရာမ အလုပ်ကို ပြောင်းလုပ်
တယ် ဆိုတဲ့ အမျိုးသမီး တယောက် အကြောင်း ၊ အဝေး မှာ နေတဲ့ အချစ်ဆုံး သူငယ်ချင်း တယောက်က
ပြောပြ လာတော့ မမြင်ဘူးတဲ့ အမျိုးသမီး ကို အံ့သြ ချီးကျုး မိ ရ တယ်။ သူငယ်ချင်း ကိုယ်တိုင်က
တော့၊ သားဖွားဆရာမ အလုပ်ကို ပြောင်းလုပ်မယ့် သူမျိုး မဟုတ် ။ အပူအပင် ကင်း ပြီး
၊ သံသရာ အချုပ် အနှောင် ကင်းတဲ့ ဘ၀ ကို ၊ ကျေနပ်စွာ လက်ခံ ထား ပြီးသား ။ သူ နဲ့ က
မိန်းမ ခြင်း အတွင်းကျကျ စိတ်ခံစားချက် တွေကို တီးတိုး ရင်ဖွင့် နေကျ ။ နင် က
peer pressure မခံ နိုင်တဲ့ မိန်းမ မျိုးမှ
မဟုတ်တာ လို့ ၊ သူ က ပြောတော့ ၊ ကိုယ့်ကို
ကိုယ် မလုံချင် ။ မိန်းမ တယောက်ဟာ သူ့ လိင် သဘာဝ အရ ၊ အချိန်တန်ရင် သားသမီး လိုချင်
တာပဲ ၊ အဲ့ဒီ အချိန်ကို ကျော်သွား ရင် လည်း
သူ့ဟာ သူ နေတတ် သွား တာပါပဲ ၊ လို့ သူက ဖြောင်းဖြ သည်။
တည မှာ ၊ ပုံပြင်လေး တပုဒ် ကို ဖတ်မိ လိုက်တယ်
။ မီးတွေ ၀ိုင်းနေတဲ့ အိမ် ထဲ မှာ ပိတ်မိ နေတဲ့ လူတယောက်ဟာ ၊ ကြောက်ရွံ့ တုန်လှုပ်စွာ
နဲ့ ဘုရား ကျနော့်ကို ကယ်ပါ လို့ မျက်စိ
မှိတ်ပြီး ဆုတောင်း နေရှာ သတဲ့ ။ မီးသတ် သမား က ၊ ပြတင်းပေါက်ကနေ သူ့ကို လှမ်းခေါ်
ပေမယ့် ၊ ဘုရားကို ပဲ ဆက်ပြီး ဆုတောင်း နေသတဲ့ ။ ဒီလို နဲ့ သူ ကောင်းကင်ဘုံ ကို
ရောက်သွားတော့ ၊ ဘုရားကို တွေ့ တဲ့ အခါ ၊ သူ့ကို ဘာကြောင့် လာမကယ် တာ လဲ လို့
စိတ်မကောင်းစွာ နဲ့ မေး တော့ တယ်။ လူတွေဟာ ဘုရား ဆိုတာကို ဘယ်လို ရုပ်ဒြပ်
နဲ့ မျှော်လင့် ထား ကြ သလဲ ။ ဘုရားရဲ့ သတင်း စကား ဟာ ဘယ်လို တိပ တဲ့ ဘာသာ စကား နဲ့
ဖော်ပြ လာ လိမ့် မယ်လို့ စောင့်စား နေ မိ
ကြ သလဲ ။
အဲ့ဒီ ည မှာပဲ ကောင်းကင်ပေါ်က ကျ လာတဲ့ မုန့်လေး
အကြောင်းကို လည်း သိ ခဲ့ ရ တယ်။
။။။။။။။။
သာမန် မိခင် တယောက်လို မုန့်လေး ကို ရင်ခွင်ထဲ
မှာ ပိုက်ထွေး ထားရင်း ကပဲ ၊ အံ့သြတကြီး ငုံ့ ကြည့်
မိတဲ့ အခါတိုင်း သူဘယ်ကနေ ဘယ်လို ရောက်လာတာလဲ
လို့ စိတ်ထဲကနေ မြည်တမ်း မိတယ်။ တကယ်ပဲ
သူလေး ဟာ မန္နမုန့် လို ၊ ကောင်းကင် ပေါ်က သူ့အတိုင်း ကျ လာ ခဲ့လေ သ လား ။
အဲ့ဒါကြောင့်ပဲ ဘယ်တုန်းကမှ အနုပညာ မဆန် တဲ့ မုန့်လေး ရဲ့
ပါ့ပါ က ၊ မန္န ဆိုတဲ့ ၊ နာမယ် လှလှ လေးကို ရွေး ခဲ့ တယ်။ ဇာတ်စုံ ကို လည်း
ခင်း ပြ ရ သေးတယ် ။ အီဂျစ်ပြည် မှာ ကျွန်ခံ နေကြ ရတဲ့ ဣသရေလ လူမျိုး တွေ ဟာ ၊ဘုရားသခင်
ကတိတော် ထားတဲ့ ပျားရည် နဲ့ နို့ စီးဆင်း
နေတဲ့ နိုင်ငံ သစ် ဆီကို ထွက်ပြေး ကြတယ် ။ တောထဲမှာ လမ်းပျောက် အစာ ရေစာ ငတ်ပြတ်ကြတဲ့
အခါ ၊ ဘုရားသခင် ကို အပြစ်တင် ငြီးတွား ကြ တယ် ပေါ့။ အဲ့ဒီမှာ ကောင်းကင်ပေါ်က နေပြီး
၊ မနက်ခင်း တိုင်း အံ့သြဘွယ်ရာ မန္န မုန့်
တွေ ချ ပေးသနား ခဲ့ တယ် လို့ အဆို ရှိတယ်။
မန္န ရဲ့
ဇာတ်ကြောင်း က ဒီလောက် နဲ့ တင် ပြီးမသွားသေးဘူး ။ တရက် မှာ အိမ်ကို တရားဟော
ဆရာ တယောက် ရောက်လာတယ် ။ မန္န ကို မြင်ဖူး လား လို့ သူ တရားဟောနေကြ လေသံ အတိုင်း စ ပြီး မေးတယ်။ မန္န
ဆိုတဲ့ မုန့်လေးကို ရင်ခွင်ထဲ ချီ ထား ရင်းက ၊ ဟင့်အင်း မမြင်ဖူးဘူး ပေါ့ ။ တရားဟော ဆရာက ကျမ်းစာအုပ်ကို
တရွက်ခြင်း လှန် ရင်း ၊ တနေရာ မှာ ရပ် လိုက်တယ်။
“ ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟု
ခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသော
မုန့်ကြွပ်နှင့် အရသာတူ၏ ”
ရင်ခွင် ထဲက
မုန့်လေးကို ငုံ့ ကြည့်ရင်း ရွှင်ရွှင် မြူးမြူး
ပြုံး မိတယ်။ ဟုတ်တယ် အရသာ ရှိ
တဲ့ မုန့်လေး ပေပဲ ။ တရားဟော ဆရာက ဆက်ပြောတယ် ။ နံနံစေ့ ဆိုတာ တကယ့်
သေးသေးလေး ဒါပေမယ့် ဒီ လူအုပ်စု
ကြီးကို အနှစ် လေးဆယ် လုံးလုံး တောထဲ မှာ အာဟာရ ဆက်ပေး ခဲ့ တဲ့ အဓိက အစားအစာ ။
ပြီးတော့ ၊ မနက်တိုင်း ကောက်သိမ်း တဲ့ အခါ
တရက်စာ ပဲ ယူရတယ် ။ လောဘ နဲ့ ပို ပြီး သိမ်းဆည်း မိ ရင် ပိုးထိုး သွား တတ်တယ် ။ အဲ့ဒါကြောင့်
နှိမ့်ချခြင်း ၊ ရောင့်ရဲခြင်း ၊ ဆိုတဲ့ ဂုဏ်ဒြပ် တွေ ပါ တဲ့ အမည် ပဲ လို့ ဆိုတယ်။
။။။။။
မိုးမိုးကတော့ မုန့်လေး ကြီးလာရင် ၊ တကယ်ပဲ စာနာ နှိမ့်ချ
တတ်သူ ဖြစ် နိုင်ပါ့ မလား ၊ ကျေနပ်
ရောင့်ရဲ နိုင်သူ ရော ဖြစ် ပါ့ မလား ဆို
ပြီး အများကြီး ကြိုတင် မပူပန်
မိသလို နိမိတ် လည်း မဆောင် ချင် ဘူး ။ အနိမ့်ဆုံး
တော့ ၊ လောက ကြီး ထဲကို ရည်ရွယ်ချက်
ရှိရှိ ရောက် လာ ပြီး ၊ ကိုယ့် နဲ့ စပ်ဆိုင်သူ တိုင်း ကို ကြည်နူးပျော်ရွှင်စေ တဲ့ သူလေး ဖြစ် လာရင် တော်ပါ ပြီလေ ။
လောကကြီး နဲ့ ချီ တဲ့
ရည်ရွယ်ချက် ကြီးတွေ ခဏနေပါ ဦးတော့ ။ ကနေ့
နဲ့ မနက်ဖြန် မှာ ၊ စိန်ပန်းပြာ တွေ က ၊ ဝေ ပြီးရင်း ဝေ နေ ရော ။ လေပြေ တွေက လတ်ဆက်
လွန်းတယ် ။ နေမင်းကြီးက ပြုံး ပြီး ၊ ကောင်းကင် ကြီးက ပြာ လို့ ။ အဆင်မပြေ မူ
တွေကို ကျော်လွှား ပြီး တဲ့ အခါ ၊ လောကကြီးမှာ ကျေနပ် စရာ တွေ လည်း ရှိတယ် ဆိုတာ ကို
မုန့်လေးက သက်သေ ဖွင့်ဆို ပေး ခဲ့ ပြီ ။ လိုချင်တာတွေရ
တော့ ကျေနပ် တာပေါ့ ၊ ဖြစ်ချင် သလို တွေ ဖြစ်မလာရင် စိတ်ပျက် လိုက်ပေါ့ လို့
သဘာဝ ဓမ္မ ကို ရိုးရိုးရှင်းရှင်း လက်ခံ တတ်တဲ့ အဝေးက ချစ်သူငယ်ချင်း
ရဲ့ ကွန်ဂရက် ကျုလေးရှင်း မက်ဆေ့ခ်ျ လေး ကို တော့ ၊ အားတုံ့ အားနာ ဖြစ်နေ မိ ခဲ့တယ် ။
တကယ်ဆို စောင့်စားသင့်
တဲ့ အချိန်တခု ဟာ လုံလောက် ပြီမို့ ၊ ဘဝ
ရဲ့ ဦးတည်ရာ ကို လမ်းကြောင်း ပြောင်း ဖို့ ၊ ဆုံး ဖြတ် ပြီးတဲ့ အချိန် ကျမှ ၊ မုန့်လေး
ရောက် လာ ခဲ့တာ ။ ဒါဟာ ၀မ်းသာစရာ
ဆိုတာထက် အများကြီး ပို ခဲ့တယ် ။ အနီး အပါးက မိတ်ဆွေ တယောက်က ဆိုရင် ကာယကံ
ရှင်ထက် တောင် ပို အံ့သြနေဟန် နဲ့
ကိုယ့် အသား ကို ကိုယ်ပြန် ဆိတ် ဆွဲ မ ကြည့်ဘူးလား တဲ့ လေ။ နောက် တယောက်က လည်း ၊ ကဲ - မိခင် ဖြစ်ရတာ ဘယ်လို နေလဲ လို့ မချို မချဉ် မေး လာ တယ် ။ ဒီ မြို့ကို
ရောက်ကတည်းက အစစ အရာရာ ကူညီ နေကြ မိခင်လို စောင့်ရှောက်တဲ့ အမျိုးသမီးကြီး ကတော့ ခု အချိန် မှာ ပျော် ထား စမ်း ဟေ့ လို့
ခပ်ကျယ်ကျယ် ရယ်မောရင်း ဆိုတယ် ။ အမြော်အမြင် ရှိ တဲ့ သူ့စကားက
ရိုးရိုးလေး နဲ့ အဓိပ္ဗါယ်တွေ ပါနေတယ် ။ ဟုတ်
မယ်လေ ။ ရင်ခွင် ထဲက မုန့်လေး ဟာ အမြဲတမ်း
ရင်ခွင် ထဲ မှာ ရှိနေမှာ မဟုတ် သလို ၊ ကောင်းကင်ကြီး ကလည်း အမြဲ ပြာနေသည် မှ
မဟုတ်ပဲ ။ တကိုယ်စာ အပူအပင် တွေက တဘ၀ စာ ကြို စောင့်နေ နှင့် ပြီ ရော။
အပူအပင် မရှာလို တော့ တဲ့
ချစ်သူငယ်ချင်း ဆီ ကိုတော့ ၊ ကျေးဇူးတင်
ကြောင်း စာပြန် လိုက် တယ်။ သူငယ်ချင်း ရေ ၊ ပန်းတိုင် ဆိုတာ တကယ် မရှိ တဲ့ အသက်တာ
မှာ ၊ လက်ခံ ရရှိ တဲ့ နေ့ရက် တိုင်း ဟာ ၊ ဆု တွေ ချည်းပဲ ။ ။ မမှီ လိုက်တဲ့
ရထား ရှိပေမယ့် ၊ မရောက် လာ တဲ့ လက်ဆောင် ဆိုတာ မရှိ ပါဘူး ။ အရာရာတိုင်း မှာ အကြောင်းပြချက် ရှိတယ် လို့
ပြောကြတယ် မဟုတ်လား ။ ဘယ်သူ့ အတွက်မဆို ၊ ကောင်းကင်ကြီးက တနည်းတဖုံ တော့
ပြာလွင် ပေး နေတာပါ ပဲ ကွာ ။
။။။။။။။။
တကယ်ဆို မုန့်လေး
ရဲ့ မိုး နဲ့ ပါ့ ဟာ မှန်ရှေ့မှာ ရပ်ပြီး သက်ပြင်း တွေ ကိုယ်စီ ချ နေ မိ ကြတာ
ဘယ်သူ သိပါ့ မတုန်း။ မီးခိုးရောင် ဆံပင် တချို့ကို တနည်းနည်း နဲ့ ဖုံးကွယ် ထား လို့ ရပေမယ့် ၊
ဖုံးကွယ်ထား လို့ မရ တဲ့ အရိပ် အငွေ့ တချို့ က ၊ အရှိတရား အတိုင်း လေ။ တခါတလေ
လည်း အရှိတရားထက် ပိုပြီး ဆင်ဆင်ပြင်ပြင်
လုပ်ရင်း ၊ မဆိုးလှသေးပါဘူး လို့ အားတင်း ရ တာပေါ့ ။ အခုအချိန် တော့ မိုးမိုး ရဲ့ နားဆွဲ အကြီး ကြီး တွေကို သဘောကျ တာက လွဲ လို့ ၊ မုန့်လေး က ဘာ မြင်တတ်
အုံးမလဲ ။ တချိန် ကျောင်းတက် ရ တဲ့ အရွယ်
ရောက်ရင် ကျောင်းက သူငယ်ချင်း တွေ ရဲ့ မိဘ တွေ နဲ့ ၊ နှိုင်းယှဉ် တာ မျိုးတွေ
ဖြစ်ချင် ဖြစ် လာမယ် ။ အဲဒီ အခါ ကျရင် ၊ မိုး တို့ ပါ့ တို့ဟာ မုန့်လေး ကို
အကြာကြီး စောင့်ခဲ့ ရတဲ့ အကြောင်း ၊ ရှင်းပြရမယ်။ သိတတ် လာတဲ့ အရွယ်ရောက်ရင် တော့
၊ မုန့်လေး ဟာ ဖြစ်ရိုးဖြစ်စဉ် ထက် ပို
တဲ့ လူကလေး ဖြစ်ကြောင်း နားလည် အောင်
ပြောပြရ မှာပေါ့ ။
ဗိုက်ထဲက ထွက်လာကာစ
ပိစိကွေး လေး တုန်းက ဘယ်သူ နဲ့ တူမှန်းမသိ ဘယ်လိုချစ်ရ မှန်းမသိ ။ ခုတော့
ပေါင်ပေါ် ကို ကုတ်ခြစ် ဖက်တွယ် တက်ပြီး ၊ သွားလေး နှစ်ချောင်း ပေါ်အောင် တခစ်ခစ်
ရီ ပြ နေ တဲ့ ၊ ကလေးလေး ဟာ ၊ စိန်ပန်းပြာတွေ နဲ့ အတူ တနှစ် ပြည့် ပြီ ။ ဒီ ကလေးလေး အသက် နှစ်ဆယ်
ဆိုရင် - ငါတို့ အသက် ဘယ်လောက် ရှိမလဲ ဆိုတဲ့ ရိုးဆင်းလှ တဲ့ သချာင်္ က၊ အခက်ခဲဆုံး
စိတ်တွက် ပုစ္ဆာ ။ ငါတို့ ကျန်းမာအောင်
နေရ မယ် - လို့ သာ တယောက်တပြန်
အားပေးရင်း ကြောင့်ကြမူ တွေ ကို လျှော့ချ ကြတယ်။
မောင်နှမ သားချင်း မရှိ ပဲ တယောက်တည်း ကြီးပြင်းလာ မယ့် ၊ ခလေး ဟာ ၊ သူ့
ဘေးမှာ ရှိနေမယ့် နှစ်ဦးတည်း သော မိဘ တွေကို ဘယ်လို ပုံစံ နဲ့ ရှိစေချင် မလဲ ။
ကိုယ်တွေကသာ သားသမီး ကို ဟိုလို
ဒီလို ဖြစ်စေ ချင်ကြတာ ။ သူတို့ ဖက်က မှာလည်း သူတို့ ဖြစ်စေချင်တာ တွေ ရှိပေ
မပေါ့ ။ ငယ်တုန်း က ဆို ၊ အတူမနေ ကြ တဲ့
မိဘ နှစ်ယောက်ကို ကြည့်ြ ပီး ၊ ငါ တို့ဟာ
ကြားထဲက သက်သက် ဒုက္ခလာခံ ရတယ် လို့ ၊
မလိမ်မိုး မလိမ္မာ တွေး မိ ခဲ့ တယ်။ ဖြစ်ကို ဖြစ်ရမယ် လို့ ရည်မှန်းချက်တွေ နဲ့ ရဲရင့် ခဲ့တဲ့ လူငယ် ဘ၀ ကို ကျော်လွန်လာ ခဲ့ ပြီး
လို့ ၊ မဖြစ်နိုင်တာတွေ မဖြစ်သင့်တာတွေ
အကြောင်း တွေးတော တွေဝေ မူ တွေနဲ့
ရောင့်ရဲလွယ် တဲ့ အရွယ် ကို ရောက်လာ တော့ မှ ၊ စာနာ စရာ တွေကို စာနာ တတ်
လာ ခဲ့ တယ်။ အဲဒီ အရွယ်ကျမှ ဘ၀ ကို အသစ်ပြန်စ ရ မယ် ဆိုလည်း စ ကြတာပေါ့
မုန့်လေးရာ ။
လက်ကိုင်ဖုန်း
နဲ့ တက်ဗလက် တွေကို ကစားစရာ လုပ်
တဲ့ မျိုးဆက် က ၊ ရောင်းသူမဲ့ ဆိုင်မှာ ဈေးဝယ်
ပြီး ၊ မောင်းသူမဲ့ ကား ကို စီးကြ တဲ့ အချိန်မှာ ၊ ချစ်ခြင်း မေတ္တာ တွေ မဲ့ မသွား ဖို့ ပဲ
အရေးကြီးတာ မဟုတ်လား။
၊၊၊၊၊၊၊၊၊
ပြောကြတယ် ။ သား သမီး
ရှိလာပြီ ဆိုရင် ဘ၀ ရဲ့ တ၀က်လောက်ကို ပေးလိုက် ရတယ် တဲ့ ။ ခု ကို ပဲ ဘ၀ က
တ၀က်ကျိုး ချင် နေပြီ ဆိုတော့ ၊ ရှိတာတွေ အကုန်ပဲ ပေး ရ တော့မှာ ပေါ့ ။ မနက် မိုးလင်း ယုံ ရှိသေး အိပ်ရေးဝ ပြီး
လန်းဆတ် နေတဲ့ မုန့်ကလေး ကို ၊ အိပ်ချင်မူးတူး နဲ့ ချီရင်း ၊ open up the blind, here is the sun လို့
ကဗျာလေး ဆို ပြ ပြီး ၊ ယင်းလိပ်တွေ ဖွင့် လိုက် တာနဲ့ ၊ အဲဒီနေ့ ဟာ ကိုယ့်အတွက်
ဘာမှ မကျန် တော့ ဘူး ။ မနက်စာကျွေးတယ် ။
ကဗျာ တွေ ဆိုပြ သီချင်းတွေ ဖွင့်ပြတယ်။ ဆော့ပေးတယ် ။ နေ့လည်စာကျွေးတယ် ။
တရေးသိပ်တယ်။ အပြင် ထွက် လမ်းလျှောက် ပေးတယ်။ ညစာကျွေးတယ်။ စာအုပ်ဖတ်ပြတယ် ။
ညအိပ်ကာနီး ရေချိုးပေးတယ်။ close the
blind လို့ ဆိုထားတဲ့ ကဗျာ မရှိပေမယ့် ၊ ညနေစောင်းလို့ ယင်းလိပ် တွေ ပိတ် တဲ့
အချိန်တိုင်း မှာ ၊ မြန်ဆန်လွန်း တဲ့ တနေ့တာ ကို သတိ ထား မိ တယ်။ မုန့်လေး
ညအိပ် သွား တော့ ၊ ကိုယ်ပိုင် အချိန်တိုတိုလေး ထဲ ကမှ ၊ အချိန်လုပြီး မန္န အကြောင်း
လည်း စာ က ရေး ချင်သေး တာ။
စာအုပ် ဖတ်ဖို့ ဆိုတာ
တော့ ဝေလာ ဝေး ။ ကြည့်နေကျ သတင်းတွေ ၊
ရုပ်ရှင် တွေ လည်း မကြည့် ရ တဲ့ အတူတူ ၊
တီဗွီရှေ့ မှာ အတူ ထိုင်ပြီး ၊ Thomas and his friends ကိုပဲ စီးရီးစ် လုပ်ပြီး
ထိုင်ကြည့် နေရတယ် လေ ။ ဒါပေမယ့် ဒီကောင်ကလေး တကယ် ကြိုက်တာက ၊ အတီးအမှုတ် နဲ့
သီချင်းသံ တွေ ။ ဂီတ သံ တခုခု ကို ကြားတာနဲ့
လူက တလှုပ် လှုပ် ဖြစ်နေပြီ ။အရုပ်တရုပ် ကို ၅ မိနစ် ထက် ပိုပြီး
စိတ်မ၀င်စား တဲ့ မုန့်လေး ဟာ ဂစ်တာ ကို
ပထမဆုံး စ ပြီး တွေ့ တဲ့ အချိန်မှာ ၊ သူ့ ပါ့ပါ တီး ပြတာ ရပ်လိုက်တဲ့ အထိ ၊ ဒူးလေး
နှစ်ချောင်း ထောက်ပြီး မြောက်ဆွ မြောက်ဆွ လုပ် လို့ မ၀ နိုင် ရှာ ဘူး ။ သူ့ ပါ့
က ဂျီမီဟန်းဒရစ်ဇ် ၀င်စားတာ လို့ နောက် ရင် ၊ မိုးမိုးကလည်း စန္ဒယား လှထွတ်
လောက်တော့ ၀င်စား စေ ချင်တာပေါ့ ။ မုန့်လေးရေ ။ ဘာပဲ ဖြစ်ဖြစ် ၊ ကိုယ်တွေ
မဖြစ်မြောက်ခဲ့ ၊ ဖြစ်မြောက်ခွင့် မရ ခဲ့တာတွေ ကို ၊ ပြန်ပြီး စိတ်ကူးယဉ် ခွင့်
ပေး လို့ ကျေးဇူးပါ ကွယ်။
။။။။။။
မုန့်ကလေး ဟာ
တနှစ်ပြည့် သွားတာနဲ့ ၊ ချက်ခြင်း ပြောင်းလဲ လာ တယ် ။ ကလေးလေး မဟုတ်တော့ ပဲ ၊
ကောင်ကလေး ဖြစ် ချင် လာ ပြီ ။ မကိုင်ရဘူး လို့
ပြောထားတဲ့ ဟာ ကို ၊ လစ် တဲ့ အချိန် မှာ သွား ကိုင်ကြည့် ဖို့ လူလည် ကျ တတ်နေပြီ ။ သူ့ကို မကြည့်ပဲ တခြား
တခုခု လုပ်နေရင် ၊ ခေါင်းကို နံရံ နဲ့ ဆောင့်ပြီး ၊ ယူ ချီ အောင် မူယာ မာယာ
တွေ လုပ်တတ် ပြီ။ အကျီ င်္ ၀တ်ပေးလို့
ပြီးကာနီး မှ ခြေထောက် တချောင်းကို ပြန်ဆွဲထုတ် ပြီး တခိခိ နဲ့ လူနောက် ကလေး လုပ် နေပြီ ။ လမ်းလျှောက် ထွက်
ဖို့ ၊ တွန်းလှည်း ပေါ် ကို တောင် ၊ သိပ် ပြီး မတက် ချင် တော့ဘူး ။ ကြည့် ဦးလေ ။
တွန်းလှည်း နဲ့ ကိုယ်လုံး နဲ့ အပြည့်လောက် ဖြစ် လို့ ၊ ခြေထောက် တွေက အပြင်ကို
တောင် ထွက် နေပြီ ။ မကြာခင် မှာ သူ့ခြေထောက်ပေါ် သူ ရပ်ပြီး လမ်း စ လျှောက် တော့
မည် ။ မိုးမိုး လည်း ကလေး တွန်းလှည်း
လေး နဲ့ လမ်းလျှောက်ထွက် ခြင်း အမူ ကို ရပ် ရ တော့မည် ။ တခြား အမူ ဆောင်တာ အသစ်တွေကို လိုက်ပြီး ဖြည့်ဆည်း
ရ အုံးမည်ပေါ့ ။ နောက်တနှစ်ဆို ကစားကွင်းထဲ လိုက်ပြီး ပြေး ခုန် ပေါက် ပေး
ရမည်။ နောက် သုံး လေး နှစ် လောက်ဆို ၊ ကျောင်းလိုက်ပို့ ရမည်။ နောက် ဆယ် နှစ်
ဆယ့်ငါးနှစ် ဆို ကျောင်းစာတွေ အတွက် ပူပန်ပေး ရမည်။ တက္ကသိုလ်တွေ တက်ဖို့ ဖန်တီး ပေး ရ မည် ။ မဆုံး နိုင်သော တာဝန်
ဝတ္တရား များ နဲ့ တကယ့် ဘ၀ ထဲ မှာ သူ့
ခြေထောက် ပေါ် သူ မတ်တပ်ရပ် နိုင် တဲ့ အချိန် တွေ ထိ ၊ ကြိုတင် တွေးတော နေ ရ
ပြန်တယ်။
လောလောဆယ်ဆယ် မှာတော့ ၊လေတဖြူးဖြူး
အောက်မှာ လမ်းတပတ် ပတ် ပြီး တဲ့ ၊ မုန့် ကလေး ဟာ ၊ ယူကလစ် ပင်ကြီးတွေ အောက် က ငှက် တွေ
ကိုလည်း မကြည့် နိုင်တော့ဘူး ။ အိမ်ရှေ့
ကစားကွင်း ထဲမှာ ပြေးလွှား
ခုန်ပေါက် နေတဲ့ ကလေး တွေ ကို လည်း ၊ အားမကျ နိုင်ရှာ တော့ဘူး ။ နေလုံး နီနီ ညနေ စောင်း လို့ အမေ့ကျောင်း ကို မရောက်ခင် မှာ ကို မျက်တောင် တွေ ညောင်း လေ
ပြီ ။
ဒီနိုင်ငံ မှာ မွေးတဲ့
ကလေး မို့ ဒီက အများသုံး အင်္ဂလိပ် စကား နဲ့ ၊
မိဘ တွေ အိမ်မှာ ပြောတဲ့ ဘာသာ စကား ကြားမှာ ရှုပ်ထွေး နေမှာ ကို စိုးရိမ်
မိ ခဲ့ ပေမယ့် ၊ ပုံမှန် စစ်ဆေး ရတဲ့
ကျန်းမာရေး ဌါန က ဆရာမ တွေ က ၊ ကလေး ငယ်
တွေရဲ့ ဦးဏှောက်မှာ ဘာသာစကား နှစ်မျိုး
လောက် ကို တချိန်တည်း လက်ခံ မှတ်သား နိုင်တယ် လို့် ဆိုတာ ကြောင့် ၊ တော်ပါသေး သည်။ ဒီတော့ လည်း မုန့်လေး ရဲ့
အိပ်ယာဝင် သီချင်းတွေဟာ မိုးမိုး
ကြိုက်တဲ့ ဗမာ သီချင်း တွေ လည်း ဖြစ်နေ တတ် သည် ။ အရေးကြီးတာ မုန့်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ
သွားဖို့ ပဲ လေ ။ သွပ်ပြားပေါ် မိုးစက်ကျသံ တပေါက် ပေါက် အောက်မှာ ၊၀ါဆို
ဝါခေါင် ရေတွေ ကြီးတော့ ၊ သပြေသီးမှည့် ကောက်စို့ ကွယ် .. လို့ အမေ တလှည့် အဖွား တလှည့် အဒေါ်တွေ တလှည့် ချော့သိပ်
ခံ ခဲ့ ရတဲ့ ငယ်ဘ၀ တွေ လို တော့ ဘယ် ဟုတ် ပါ့ မလဲ ။ မုန့်လေး
ရဲ့ ငယ်ဘ၀ လေး ဟာ ခုချိန်မှာ အေးချမ်း တိတ်ဆိတ် စွာပဲ ဆွေမျိုး သားခြင်း တွေ ရဲ့ မေတ္တာငွေ့ နဲ့
ဝေး ကွာ လှ တယ်။
တခါတလေ တော့ လည်း ၊
မိုးမိုး တို့ ဟာ ၊ ခရာဆူးခြုံ တွေ ရှိ
တဲ့ အရပ်ကို ပြန် ချင် တယ်။ အဲ့ဒီ အရပ်မှာ ချစ်တဲ့သူ တွေ နေ ကြ တာ ဆိုတော့ ၊ မေ
ျှာ့ နက် မည်း ကြီးတွေ တွယ်ချင် လည်း တွယ်
ပါစေ ၊ သပြေသီး မှည့် တချို့ တလေ ရရင်ကို ပျော်နေမှာပဲ လေ။ အခုတော့ ခရမ်းပြာ
စိန်ပန်း တွေ ကြားထဲ မှာ ပန်းနုရောင် ကတ္တဝါ ငှက်ကြီး တွေ ရဲ့ အသံ ကို နားယဉ် ငေးမော နေရင်း ၊ ဘယ်တုန်းက
ဘယ်ကွေ့ ကို ကျော် ခဲ့ မှန်း မသိ ပဲ ၊ ဘဝ
ခရီး ရဲ့ တနေရာ မှာ ရောက်နေ ခဲ့ တယ် ။ ချောင်းရိုး တလျှောက် လှေကို လှော် လာ
လိုက်တာ လေ ။ အခုဆို ၊ ဟောဒီ လက်တွန်းလှည်း လေး ထဲ မှာ ၊ မျက်တောင် ညောင်း
နေတဲ့ ကလေးလေး တယောက် တောင် ရှိ နေ ခဲ့ ပြီ ။ အဲ့ဒီ ကလေး လေး ကရော ၊ ဘယ် သားချော့
တေး ကို လွမ်းဆွတ် လို့ ၊ ဘယ်အရပ် ဒေသ ကို ခင်တွယ်မှာ လဲ ။ ဘယ် ဆီ
ဘယ်ဝယ် လှေ လှော် ထွက်လေ မလဲ ။ ချောင်းရိုးထဲ မှာ ပဲ လား ။ မြစ်ကွေ့ မြစ်ကောက် ဆီ
ဆန် တက်လေ မလား ။ တကယ်တော့ လည်း ဘဝ ဟာ
အိပ်မက် တခု ပါပဲ ။
မရိုး နိုင်တဲ့
ကလေးချော့ ကဗျာ လေး ကို ဆို ညည်း မိ တယ်။
row ... row ... row
your boat, gently down the stream,
merrily ... merrily ... merrily ... merrily , life is but a dream
အိပ်ပြီလား မုန့် လေး
ရေ ၊ မိုးမိုး တို့ ချောင်းရိုး တလျှောက် ဆက် လှော်ကြ ဦးမယ် လေ။
ပျော်ပျော်ကြီးသာ လှော် ကြ မယ် နော် ။
ကေသွယ်
အောက်တိုဘာ ၂၀၁၇
4 Comments:
မန္နဆိုတာ မုန့်ကလေးကိုပြောတာကိုး
ဖတ်လို့ကောင်းလိုက်တာ မကေရယ် စမ်းချောင်းလေး ရင်ထဲစီးဆင်းသွားသလို တငြိမ့်ငြိမ့်နဲ့
ရှားရှားပါးပါးပြန်ဖတ်ရတယ်။ ကျေးဇူးပါ။ တိုက်ဆိုင်မှုလည်းရှိတော့ အစအဆုံး တထိုင်တည်းဖတ်ဖြစ်တယ်။ မုန့်လေး မိုးမိုး နဲ့ ပါ့ပါ တို့ ပျော်ရွှင်ချမ်းမြေ့တဲ့ နေ့ရက်များစွာ အတူဖြတ်သန်းကြရပါစေ။
ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နေတဲ့ စာစုလှလှလေးကို လာဖတ်သွားပါတ်ယ မကေရေ။
ဖုန်းနဲ့ဖတ်မရလို့ ၊ ကွန်ပျူတာနဲ့မှ သေချာဖတ်ပြီး ခံစားလိုက်မိတယ်။ မုန့်လေး ပျော်ရွှင်ပါစေ။ လွတ်လပ်စွာ ပေါ့။
ကိုယ့်ကမ္ဘာကြီးတခုလုံးကို သူတို့ပေးထားတဲ့အခါ အင်မတန်ကြည်ဖြူစွာနဲ့ပါပဲ ကေရယ်။
Post a Comment