သရုပ်ဆောင်ရွေးပွဲ

အညာသား ဖြစ်ရမည်
-
ဘာသာ စကား နိုင်နင်းရမည်
-
စာပေ အရေးအသား နီးစပ် သူ ဖြစ်ရင် ပို စဉ်းစားမည်
-
အလာ အသွား လှုပ်ရှားမူ များ ချင် များ မည်
-
ဟိုင်နန် ကျွန်း ကနေ ပျဉ်းမနား
-
နေသူရိန်  ပြီးတော့  ပင်လုံ
-
တက္ကသိုလ်ဂုဏ် နှင့် လည်း ကိုက်ညီ ရမည်
-
ရိုင်းတတ်ရမည် .. ရဲ တတ်ရမည်
-
ချစ်တတ်ရမည် .. စစ် ထွက် ရမည်
-
စွန့် ၀ံ့..ဆုတ် ၀ံ့..  နေ ၀ံ့..သေ ၀ံ့… အောင်ဆန်း ဖြစ် ၀ံ့ ဖို့ တော့ မလို

အောင်ဆန်း နဲ့ တူအောင် လေ့ကျင့် ပေးမည်
-
တလ အတွင်း ဆက်သွယ် ရန် ………။

++

အညာသား နဲ့ အတော့်ကို တူ

အောင်ဆန်း ဟန်ပန် နဲ့ အလွန် နီးစပ်

ဒါပေမဲ့.. အောင်ဆန်း နဲ့ တူအောင် လေ့ကျင့်ပေးဖို့ မလို

စွန့် ၀ံ့..ဆုတ်ဝံ့..နေ ၀ံ့..သေ ၀ံ့.. အောင်ဆန်း လို ဖြစ် ၀ံ့ သူ

ရာမည ဆောင် ကနေ.. အင်းစိန် ထောင်

သရက်ချောင် ကနေ.. မိုင်းဆက်..

နှစ်ရှည်လများ.. ခရီး တွေ ဆက် နေ ခဲ့ သူ

သမိုင်း တခု ကို .. သဏ္ဌာန် လုပ် သရုပ်ဆောင် မဲ့သူ တော့ မဟုတ်ဘူး

သမိုင်းတကွေ့ မှာ.. ပြတ်ပြတ်သားသား သန္နိဋ္ဌာန် ချ.. သရုပ် ဖော်ပြ ခဲ့သူ

တိုင်းပြည်အတွက် လိုအပ်ပါက

အချိန်မရွေး ဆက်သွယ်ရန်….... ။




၂၀၁၁ ဒီဇင်ဘာ ၁၈ ရက် နေ့ မှာ..အသက် ၅၀ ပြည့်သွား ခဲ့သူ .. ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး အတွက်..လေးစား ဦးညွှတ်လျက်-

ကေ
(၁၉ ဒီဇင်ဘာ ၂၀၁၁)


Share/Bookmark

15 Comments:

သဒ္ဓါလှိုင်း said...

မကေ.
အကို ကိုကိုကြီးကို ဗိုလ်ချုပ်နေရာမှာ ဝင်ပြီး ခံစားကြည့်မိတယ်။ လုပ်ဝံ့တဲ့ သတ္တိ၊ အမူအယာတွေ အများကြီးရှိတယ်။
ချစ်တဲ့
သဒ္ဓါ

ချစ်ကြည်အေး said...

သဘောကျလိုက်တာ ကေရယ်....

NSA said...

သိပ်ကြိုက်လို့ ဖွဘုမှာ ရှယ်လိုကတယ် မကေ


Pifpif

Mi Tay 4 said...

သရုပ်တူရွေးပွဲလို့ ကိုယ့်ဖာသာ ခေါင်းစဉ်ပြောင်းဖတ်လိုက်တယ်။

Mi Tay 4 said...

သရုပ်တူရွေးပွဲလို့ ကိုယ့်ဖာသာ ခေါင်းစဉ်ပြောင်းတပ်လိုက်တယ်...။

သတိုး said...

ခုမှ ရောက်ဖူးတာ ခွင့်လွှတ်ပါ ခင်ဗျာ..။
သရုပ်ဆောင် ရွေးပွဲကို ကြိုက်မက်လေးစားစွာ ဖတ်ရှုခဲ့ပါတယ်။ FB မှာ ရှယ်ခွင့်ပြုပါ။ လင့်ခ်လည်း ယူသွားခဲ့ပါပြီ။

A Nonentity said...

I see eye to eye with you.

Cho Wunna said...

ကဗျာလေး ကောင်းလွန်းလို့ ချီးကျူးပါတယ် ညီမ ကေ။

ကိုချစ်ဖေ said...

ဒေါ်ကေ
ကျနော်လဲ ကိုကိုကြီးကို စဉ်းစားနေတာ..
နလအ ကလွှတ်ပေးရင်ကောင်းမယ်..လို့..
သူဆို တော်တော်နီးစပ်တယ် ကိုဇာဂနာတို့ကို အကြံပေးရင်ကောင်းမယ်နော် နည်းနည်းလေ့ကျင့်ပေးလိုက်ရင် ရပြီ..ဗျ.
နိုင်ငံရေးအကျဉ်းသားအမြန်လွှတ် အမြန်လွှတ် လို့. ပိုအော်ရမယ်..

mirror said...

အမြဲတမ်း လေးစားအားကျခဲ့ပါတယ်။ ခုလဲ အမ အိုင်ဒီယာကို ထပ်ပြီး Salute လုပ်ပါရစေဦး။
I salute your idea. :)

ကိုအောင် said...

သာယာဝတီသား ဖြစ်ရမည် ...
ဂဠုန်ဆရာစံနဲ့ တူဖို့ မလို
ခန့်စည်သူနှင့် တူရမည်
ရက်ရက်စက်စက်
သတ်ရဲဖြတ်ရဲ ရမည် ...
ပုံ
ကေဂျုံအီနှင့် ရောင်းရင်များ
ရုပ်ရှင်ထုတ်လုပ်ရေး ...

kogyikyaw said...

မကေ…
ကျွန်တော.ရဲ. လူလည်းမနေ/အိမ်ရှင်ကလည်း တခါတရံ မှသာ လာလေ.ရှိတဲ.
မည်ကာမတ္တ ဘလော. လေးကို တကူးတက လာလည်ပြီး နုတ်ခွန်းဆက် မှတ်ချက်ရေးပေးသွား တဲ.အတွက်
အထူး ပဲဝမ်းသာအဲလည်းဖြစ် မိပါတယ်။
ကျေှးဇူးအထူးတင်ပါ တယ် မကေ…
မကေ ရဲ. Post တွေ ကို အမြဲမပြတ် လာဖတ်ဖြစ် ပေမဲ. Comments တွေမရေး ဖြစ်ခဲ.ဘူး။
အမြဲတစေ အားပေးပြီး၊ အားကျလျှက် ပါ မကေ ကို…
ပျှော်ရွင်ဖွယ်ခရစ္စမတ် နဲ. အေးချမ်းတဲ. ဒီဇင်ဘာလ လေးကို..
မကေ ချစ်တဲ.မိသား စုနဲ.အတူ
ပျှော်ရွင်စွာဖြတ်သန်း နိုင်ပါစေကြောင်း
ဆုမွန်ကောင်း တောင်းလိုက်ပါတယ်………….

sapai said...

ကိုအောင် မှတ်ချက်တော့ ကြိုက်သွားပြီ
အဲ မေ့လို့ နင့်ကဗျာယောင်ယောင် စာယောင်ယောင်လဲကြိုက်ပါရဲ့

Shinlay said...

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တူတဲ့ ကျမတို့  အကိုကြီးကို လေးစားလျှက်ပါ။

Me said...

မကေရေ

ကိုကိုကြီးက အဲလို အကြံပြုကြတဲ့ သူငယ်ချင်းတွေကို ပြောပါတယ်တဲ့-
“ငါက ဗိုလ်ချူပ်အဖေ ဦးဖာ အရွယ် ရောက်သွားပြီ” တဲ့ :D