.
သရက်ပင်တွေ မရှိတဲ့ သရက် ဆိပ်ကမ်း
သဲပူ တွေကို ယက်ရင်း ကုန်းရုန်းတက် ကြရ တယ်
လူ့ဂုဏ်သိက္ခာ တွေ ကို .. အ၀တ်စုတ် နဲ့ ကိုယ်စီ သိမ်းထုပ်
အမှန်တရား တွေကို လည်း.. သံခြေကျင်းတွေ နဲ့အတူ .. အပါသယ်ခဲ့ရတယ်။
.
ခရီးသွား တွေ ဥဒဟို ကြား
တလမ်းလမ်းကိုတော့.. ရွေးခဲ့ ကြပြီပဲ
ထောင်ထားခြားနားသူတွေ…. တဲ့
ထောင်ကို သွားတဲ့လမ်း ဆီ
ခေါင်းမမော့ နဲ့.. ဘေးဘီ မကြည့် နဲ့
ဆဲဆို ကျိမ်းမောင်း
ဧရာဝတီ တောင် မသိချင်ယောင် ဆောင်နေ ရ ရှာတယ်။
.
မချင့်မရဲ ဧရာဝတီ ရေ...
နင့်ကို .. တို့ထိ သစ္စာဆိုချင် မိရဲ့..
အမှန်တရား မှာ ရလဒ် မရှိဘူး ဆိုရင်တောင်
အကြွင်းတော့ မဲ့ စေ ရမယ်
ငါ..တနေ့ ဒီနေရာလေး ကို ပြန်လာခဲ့ မယ်
.
ဧရာဝတီ ရဲ့ စီးဆင်းသံ တွေ .. စိတ်မှန်း နဲ့ ရည်တွက်
တရက်ပြီး တရက် ကျော်ဖြတ် ခဲ့တယ်
နံရံ တွေရဲ့ အခြားတဖက်မှာ..
ပန်းတွေ ဖူးပွင့်တဲ့ အကြောင်း..
ငှက်တွေ ကျုးရင့် တဲ့ အကြောင်း
လူတွေ မြူးလွင့် တဲ့ အကြောင်း ..
ညစဉ် ညတိုင်း တယောက်တည်း ပုံပြော ပြ တယ်။
.
ဟိုး လွန်ခဲ့တဲ့.. ဆယ့်ရှစ်နှစ် က အတိုင်းပါပဲ..
သရက် ဆိပ်ကမ်းမှာ သရက်ပင် တွေ မရှိဘူး..
ခရီးသွားတွေ ဥဒဟို ကြားထဲ..
ငါ..မျက်ရည် ကျ မိတယ်…
နှလုံးသားက ခွင့်လွှတ် ခိုင်းပေမဲ့.. ဦးဏှောက်က မေ့ဖျောက် မစွမ်း နိုင် ခဲ့..
ဝန်ချမူ မပါ တဲ့… ကျေအေး ခြင်း ကို ငါတို့တီထွင် ရ မှာ ပါလား
-
ဒီတခါတော့..ဧရာဝတီရေ
အမိအရ ထိနှစ် သစ္စာဆိုပြစ်လိုက်တယ်..
အနှစ်နှစ် အလလ ဆုပ်ကိုင် ခဲ့တဲ့.. အမှန်တရား မီးအိမ်...
ရလဒ် နဲ့တင် မမှိန် စေ ရ ဘူး။
ဆုလာဘ် နဲ့တောင် မငြိမ်းစေ ရ ဘူး။
-
ကေ
၆ နာရီ ၅၂ မိနစ် - ၂၃ ဖေဖော်ဝါရီ ၂၀၁၂
( ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ရဲ့ သရက်မြို့ ခရီးစဉ် ဗွီဒီယို မှ..ခံစားချက် )
ICC Chief suspended---
-
https://apnews.com/article/international-criminal-court-khan-suspended-8d7b68e361a27ef08cfe515a131af230
21 hours ago



9 Comments:
ကိုကိုကြီး ဆိုတဲ့ အမည်နဲ့လိုက်အောင် မျိုးဆက်သစ်တွေအတွက် တကယ့် အကိုကြီးပါပဲ။
လွမ်းစရာတွေ၊ နာစရာတွေကို ချန်ထားပြီး အနာဂါတ်ရေးကို ပြောသွားနိုင်တဲ့ သူပါ ..
လူကိုလူလို မဆက်ဆံခံရတဲ့အဖြစ်ကို ဘယ်သူကမှ မမေ့ဘူး.....
ကြည့်ရင်းက မျက်ရည်လည်..
အို.. ကွယ် သူရဲကောင်းမှာလဲ
အသဲနှလုံးနုနုလေးနဲ့ရယ်.. ။ :(
ကံကောင်းချင်တော့ မြစ်ကိုဖြတ်နေချိန်မှာ ဗျူးခွင့်ရတယ်။ ကံဆိုးချင်တော့ ဗျူးသမားက သိပ်ညံ့တယ်။ အပေါစားမေးခွန်းတွေပဲ မေးတတ်ရှာတယ်။ ကံကောင်းချင်တော့ ကင်မရာညိမ်တယ်။ ကံဆိုးချင်တော့ ကိုကိုကြီးရဲ့သရက်မြို့လွမ်းချင်းဟာ ပေါ်လစီဆန်ဆန် စကားလုံးတွေနဲ့ နိဂုံးချုပ်ခဲ့ရတယ်။ ကံကောင်းချင်တော့ ကိုကိုကြီးငိုတဲ့ ဗီဒီယို ပေါက်သွားတယ်။ ကံဆိုးချင်တော့ ဒါဟာအောင်မြင်မှုပဲ ဆိုပြီး အပေါစားသတင်းသမားတွေ ထပ်ထွက်လာမယ့် သဘောရှိတယ်။ ကောင်းတော့ ကောင်းတယ်၊ မျက်စိစပ်တယ်။ ကေ့မှာ အပြစ်မရှိပါ။ ကျန်းမာပါစေ။
မကေ ပေါ်လွင်ထိရှခံစားရတယ်။
ချစ်တဲ့
ညီမသဒ္ဓါ
အနှစ်နှစ် အလလ ဆုပ်ကိုင် ခဲ့တဲ့.. အမှန်တရား မီးအိမ်...
ရလဒ် နဲ့တင် မမှိန် စေ ရ ဘူး။
ဆုလာဘ် နဲ့တောင် မငြိမ်းစေ ရ ဘူး။
အဲဒါ မာန်ပေါ့...း)
ကျုပ်ကတော့ ဒီဗီဒီယိုကို ရိုးရိုးလေးပဲ ကြည့်လိုက်တယ်။ ခါးသီးလွန်းလှတဲ့ အတိတ်တွေကို မွေးဖွားခဲ့ရာ နေရာပေမယ့် အလွမ်းပြေပြန်လာကြည့်ရင်း အတိတ်ရဲ့ခါးသီးချက်တွေကို အတင်းမြိုသိပ်ချနေရတဲ့ ဖြူစင်တဲ့ သံမဏိယောက်ျားတစ်ယောက်ရဲ့ အချိန်ကိုက်ပွင့်ထွက်လာတဲ့ ခံစားချက်မျက်ရည်..ဒါနဲ့ပဲ လုံလောက်ပါတယ်။ အင်တာဗျူး နားထောင်ဖို့မဟုတ်ပါ။ Political analysis လုပ်ဖို့ နားထောင်တာမဟုတ်ပါ။
စိတ်မကောင်းဘူး ...
Nanda ရဲ့ ကွန်မင့် ကို Copy and Paste လုပ်လိုက်ပါရစေ ..
Post a Comment