ငါတို့ရောက်နေတာ နိဗ္ဗန်မဟုတ်ဖူး. . .
အများဆုံး မျှော်မှန်းနိုင်တာက
လူတန်စေ့ နေနိုင်ခွင့်
လူတန်စေ့ နေနိုင်ခွင့်
သက်တမ်းစေ့ သေဆုံးခွင့်
လူ့အခွင့်အရေး ပြည့်ပြည့်၀၀
စေ့စေ့ငှငှ အကြွေးခံစားခွင့်
လုပ်ပိုင်ခွင့်မှန်သမျှ လုပ်နိုင်ခွင့်
အခွင့်မှန်သမျှ ရစေတော့ရယ်လို့
တိတ်ဆိတ်လွမ်းဆွတ်မူတွေ အလုံးအရင်းကို
စင်းလုံးငှားပြီး အရောက်လာခဲ့ကြတာ။
ငါတို့ ပြန်ချင်တာ ငရဲမဟုတ်ဖူး . . .
တချို့ ငွေတွေကြဲ နေတုန်း တချို့က ရေတွေထဲမှာ
အစီအစဉ်မကျတဲ့ လေတွေ ထဲမှာလည်း
အသက်ရှု ၀၀ - ကျကျနန နေရဲကြတာ။
ပတ်ဝန်းကျင် သဘာဝတွေ ပျက်ယွင်းနေပေမဲ့
စိတ်နေ သဘာဝတွေ ဘာမှ မပြောင်းလဲသေးဘူး။
ရတနာ သုံးပါး နဲ့ မိုးလင်း
ကိလေသာ ဆယ်ပါးကို သိမ်းထုပ်ရင်း မိုးချုပ်ကြတုန်း. . .
စား စရာမရှိလည်း လှူစရာရှိတယ်
ရ စရာမရှိလည်း လျော်စရာရှိတယ်
ပြေး စရာမရှိလည်း ပျော်စရာ တွေ ပေါပါတယ်။
ဒီနေ့ အတွက်တော့ နှလုံးသားဟောင်းလောင်းကို အသာဖုံး
အိတ်ကပ်ထဲက ထီလတ်မှတ် တစောင် နဲ့
မနက်ဖြန် အတွက် အိပ်မက်တွေ တိုက်လိုက်အုံးမယ်။
K
15/09/13
*Limbo - နိဗ္ဗန် နဲ့ ငရဲ အကြား နေရာ ကာလ
0 Comments:
Post a Comment