ရှစ်လေးလုံး ငလျင်


ဆရာမကြီး ဒေါ်ကြည်မေကောင်း ရဲ့    “၈လေးလုံး ငလျင်” ဆိုတဲ့ ကဗျာလေးကို ဖတ်လိုက်မိတော့.. မြန်မာလို ပြန်ဆိုကြည့်ချင်စိတ်တွေ အလိုအလျောက် ပေါ်လာခဲ့ တယ်။ အလိုအလျောက် ပေါ်လာရတယ် ဆိုလို့ ....ဖုတ်သွင်းရထားကြီး ခမ်းခမ်းနားနား ဆိုက်လာတာမျိုး.. Flash of Inspiration ဆိုတဲ့  ကြီးကြီးကျယ်ကျယ် အနုပညာအာရုံတွေ  ဖျပ်ကနဲ နိုးထလာတာမျိုးကို မဆိုလိုပါဘူး။ ရိုးရိုးသားသား ပြောရရင်.. အကျွမ်းဝင်ခင်မင်ခဲ့ဘူးတဲ့ ဘူမိဗေဒ ဘာသာရပ် အသုံးအနှုံးလေးတွေကို မြင်တော့.. ပျော်သွားမိတာ..၀မ်းသာသွားမိတာ ကြောင့်ပါ။ 

ငယ်သူငယ်ချင်း တယောက်အကြောင်း တခြားအသိတယောက်က ပြောနေတဲ့ အခါ.. သူ့ကို သိတာပေါ့ လို့...ပြောလိုက်ချင်တာမျိုး..သက်သက်ရယ်ပါ။ အဲဒါနဲ့..သူ့နာမယ်က.. စစ်ကိုင်းပြတ်ရွေ့ လေ...လို့.. အန်တီ့ကို  ပြောပြရင်း.. သူ့နာမယ်အရင်း နဲ့ပဲ ဘာသာပြန်လိုက်မယ်နော်..လို့.. ခွင့်တောင်းလိုက်တယ်။  ကဗျာမှာက.. ဆန်အန်ဒရီယက်စ်ပြတ်ရွေ့ ကဲ့သို့-  လို့.. ဆိုထားတယ်ကိုး။ 

ရိုးရိုးပဲ ပြန်မယ်လို့ ..စလိုက်ပေမဲ့.. တဖြည်းဖြည်း ကာရံတွေ နောက် ပါသွားမိတယ်။ မူရင်းကဗျာပိုင်ရှင် အန်တီ ကတော့..ကာရံတွေကို သိပ်မကြိုက်ဘူး လို့ ဆိုတယ်။ အဲ့ဒါနဲ့.. သုံးခေါက်လောက် ပြင်လိုက် ပြလိုက် နဲ့.. နောက်ဆုံးတော့လည်း ကာရံ တွေ ထဲမှာ ပဲ..ခပ်မျောမျော တင်ကျန်နေဆဲ...။ ဘာပဲဖြစ်ဖြစ်..အန်တီ ပြောသလို..အတွေးအာရုံ စိတ်အစုံ ကို.. နိမိတ်ပုံတချို့ နဲ့ ဆွဲထုတ်ဖြေလျော့ .. လိုက်နိုင်ယုံပေါ့။  




Earthquake (8-8-88)

A Poem by Kyi May Kaung
 
Earthquake (Burma: 8-8-88)
In the Year with many Eights in it
the World trembled.
A fault like the San Andreas
had been rumbling in Burma for
decades sending seismic signals
the finials of chedis falling
off a gourd temple Bu Hpaya
toppling into the Irrawaddy.
 
In that year finally the Fault that
people tried to hop or jump over
could no longer be ignored.
 
Two tectonic plates grated
against each other
one plate completely sliding under
one undermining the other
the other raised higher for the
opposing plate pushed
under it as
 
Everest always grows
higher as India pushes under China.
Extinct volcanos belched
lava and mud
the Dragon bubbled sulphur
through its
nostrils rivers changed course
children spoke with
the wisdom of adults
grownups babbled
like fools.
 
It rained human
ashes and bones
Buddha images shed tears
swollen at the breast
the blood of children
flowed.






၈.၈.၈၈ ငလျင်


ရှစ်ဂဏန်းတွေ အများကြီးပါတဲ့ နှစ်တနှစ်
ကမ္ဘာကို ကိုင်လှုပ်ပစ်ခဲ့။

မြန်မာပြည်ကြီးမှာ…
စစ်ကိုင်းပြတ်ရွေ့ကြောတဲ့..
တုန်ခါမူတွေ မကြာမနှေး သတိပေးရင်း
ဗူးဘုရားကြီးရဲ့ စိန်ဖူးတော်တောင်
ဧရာဝတီကမ်းနဖူးဘောင်မှာ မြေခခဲ့ဖူးရဲ့ ။

အဲဒီ ရှစ်များနှစ်မှာပေါ့…
အက်ကြောင်းပြတ်ရွေ့ ကြီး နောက်တခု
လူတွေ ဒီ့ထက်ပိုပြီး မသိကျိုးကြင် မပြုနိုင်ကြတော့..။

တက်တိုးနစ်* ဖြစ်စဉ်မှာ...
ဘူမိအလွှာ မြေကဗ္ဗလာ နှစ်ချပ်
တွန်းတိုက် ဖြတ်လျက်
တခုဆင့်ထပ်..တချပ်မြင့်လာ..
ဓမ္မတာအလား
အိန္ဒိယမြေချပ် တွန်းကာထပ်လျင်
တရုတ်ကုန်းပြင် ပင့်တင်သယောင်
ဧ၀ရတ်တောင် မိုးသို့ ထောင်တက်။

ချော်ရည်မီးလျှံ ပွင့်အန်အပြီး.. 
မျိုးတုံးမီးတောင် အရောင်တညီး
နဂါးတကောင် နှာယောင်အမှုတ်
ကန့်ချုပ် သတ္တု .. ဓါတ်အစုလောင်း
မြစ်ချောင်းတို့ ရေကြောင်းပြောင်းခဲ့ပြီ။

ကလေးတွေက လူကြီးအသိနဲ့ စကားပြောတော့
လူကြီးတွေက သူရူးတွေအလား မပီဝိုးဝါး ညည်းတွားကြ။
လူ့ အရိုးပြာတွေ မိုးလိုရွာချ
မျက်ရည်ကျတဲ့ ရုပ်ပွားတော်
ယောင်မို့ ရင်အုံတော်တွေနဲ့
ကလေးတွေ သွေးချောင်းစီးခဲ့ပြီ။


(ကေသွယ်  မြန်မာပြန်စပ်ဆိုသည်)

တက်တိုးနစ်ဖြစ်စဉ် *- Plate Tectonic Theory


Share/Bookmark

2 Comments:

တန်ခူး said...

ကဗျာလေးက အသက်ဝင်လိုက်ပုံများ အဲဒီနေ့ တွေကိုပြန်ခေါ်သွားခဲ့တယ်. တက်ကြွလန်းဆန်းတဲ့လူငယ်တယောက်ရဲ့ သွေးတွေ ပွက်ပွက်ဆူနေတာကို ကိုယ့်ကိုကိုယ် ပြန်ငေးကြည့်မိတယ်.

Unknown said...

အမ ကေ ဆရာမ မသီတာ (စမ်းချောင်း)ရဲ့
အညိုမှသည် ကြက်သွေးနီသို့ ဆောင်းပါး အပိုင်းအကုန်ရှိရင် ပို့ပေးပါလားဗျာ. ကျွန်တော့်မှာ အစုံမရှိလို့။ fs1464@gmail.com