Voice from Russia

ရုရှ မှ အသံ

စီဘောက်ထဲမှာ ပီးခဲ့တဲ့ ၂၇ ရက်နေ့ ရက်စွဲ ရုရှ အိုင်ပီ နဲ့ ၀င်ရောက်ရေး သွားတဲ့ စကားလေး ကို ပြန် တင်လိုက်ပါတယ်။ ( အခု မှ တွေ့ လို့ပါ)



အန်တီရေ...


ဒီနေ့ကိစ္စာကြားရတာအရမ်းစိတတ်မကောင်းဖြစ်ရတယ်ခင်ဗျာ။

တပ်မတော်ကလုပ်တာလုပ်ပုံမဟုတ်ဘူးဗျာ...။

ကိုယ်ကိုကိုယ်လည်းတပ်မတော်ကအရာရှိတစ်ယောက်ဖြစ်ရတာအရပ်းကိုရှက်မိပါတယ်။

သားတို့လည်းပြည်သူတစ်တယောက်ပါဘဲ။

ပြည်သူတွေခံစားရသလိုသားတို့လည်းထပ်တူထပ်မျှခံစားရပါတယ။်

အရေးကြုံရင်သားတိုလည်းပြည်သူဘက်ကရပ်တည်ပေးသွားမှာပါ။ လက်ရှိအနေအထားအရဘာမှမလုပ်ပေးနိုင်ပေမဲ့ပည်တွင်းမှာရှိတဲ့သူငယ်ချင်းတွေကို

ဘာလုပ်သင့်တယ်ဆိုတာပြောပြပေးမှာပါ။

တပ်မတော်အရာရှိများ..အရာခံများနှင့်...စစ်သည်တော်များဟာလည်း..

ပြည်သူများနဲထပ်တူထပ်မျှပါဘဲဆိုတာဒီနေရာလေးကနေပြောပါရစေဗျာ။

ဗုဒ္ဓဘာသာလူမျိုးများပီပီဗုဒ္ဓသာသနာ၊ ဗုဒ္ဓဘာသာကိုကာကွယ်ပေးကြပါလို့ပြောပါရစေခင်ဗျာ။

အန်တီရေသားတို့ကိုလည်းဥပက္ခာမပြုပါနဲ့ဗျာ။

ကျော်ကြီး


ယုံကြည် ပါတယ်။ တပ်မတော်သား တွေထဲမှာလည်း လူသားထဲက လူသား တွေပဲမို့ ဘယ်ဟာ မှန်တယ် ဘယ်ဟာ မှားတယ် ဆိုတာ ခွဲခြားနားလည်းတဲ့ လူသားစိတ် တွေအများကြီး ရှိနေပါတယ်။

ကျေးဇူးပြု၍ ... ကိုယ် မိသားစု ပတ်ဝန်းကျင် မိတ်ဆွေ တွေထဲက.. စစ် မူထမ်း အရာထမ်းေ တွကို
ဒီလို လူသားချင်း ရက်ရက်စက် စက် ..လက်နက် ချင်း မညီ.. တဖက်သတ် ..ပစ်သတ်ရက်တာ..
မတရား တဲ့ အမိန့် တွေကို မျက်စိမှိတ်ပီး လိုက်နာ နေတာ ... မဖြစ်သင့်ပါဘူး။ တခု ခု တော့ စဥ်းစားပေးကြပါလို့ .. ..ဖုန်းခေါ် မေးမြန်းရင်း..သူတို့ရဲ့ အမြင်မှန် ဆန္ဒမှန်တွေကို ..ထုတ်ဖော် ပွားများပေးကြပါလို့။



Share/Bookmark

Burma Democracy Supportors from Norway

Photo Sharing and Video Hosting at Photobucket


Share/Bookmark

၂၆ စက်တင်ဘာ ၂၀၀၇ ခံစားမူ

ဒီနေ့တော့.. မပျော်ပါ။ ၀မ်းနည်းတယ်။ ကြေကွဲတယ်။ ရှက်တယ်။ ကြောက်တယ် ။ သနားတယ်။ နာကြည်းတယ်။ ဂုဏ်ယူ တယ် ။ လေးစား တယ် ။ ကိုးကွယ်ရာမဲ့ မိတယ်။ ကိုးကွယ် ရာထပ်ရှာမိတယ်။

ဒါပေမဲ့... မျှော်လင့်ရမယ်။ ယုံကြည် ရမယ်။ မေတ္တာ တွေ ဆက်ပို့ ရဦးမယ်။

ဘာဖြစ်လို့ ဆို.. နက်ဖြန်တွေ အများ ကြီး ရှိသေးတယ်လေ။


Share/Bookmark

We are One

တ မိုး ထဲ အောက် မှာ...


ပြည်တွင်း က ပြည်သူတွေ..သိပ်ပျော်ေ
နကြ တယ်တဲ့။

ဒီဗီဘီ Live ကကြားနေ ရတဲ့ ကိုမောင်တူး အသံတွေ လည်း ပျော် သံတွေ စွတ်လို့။

ပြည်ပ က..ပြည်သူ တွေလည်း.. အရမ်းကို အားရ ကျေနပ် ရွှင်လန်း နေကြပါသည်။ ဒီနေ့ မနက်.. ခြိမ်းခြောက်သံ တွေ ကြားထားလို့.. ဘာလုပ် လို့ ဘာကိုင် ရမှန်း မသိတာ နဲ့..တနေ့လုံး အစာ ရှောင် ဆုတောင်းမယ်လို့ ဆုံးဖြတ်ထား တယ်။ အို.. ဘုရား သခင်.. အမှန် တရား နဲ့ တရားမျှ တမူ ဆိုတာ အားလုံး ရဲ့ ကိုးကွယ် ရာ ပါ။ အားလုံး ရဲ့အန္တိမ ဆန္ဒပါ။

ကို ကဒေါင်း ပြော သလို.. ပြည်ပ ကလူတွေ.. ဘာလုပ်နိုင်လဲ .. ငွေကြေး ပံ့ပိုးမယ်။ နည်းပ ညာ ပိုင်း ကူညီမယ်။ မေတ္တာ တွေ.. အထောင် အသောင်း ပို့ နေမယ်..။ ဆန္ဒ တွေ တနင့် တပိုး ပိုက်ပီး ကွန်ပြူ တာရှေ့ မှာ ဖင် ကျိန်း..မျက်စိ ကျိန်း အောင် ရှိနေ ကြပါတယ်။

ဒီမို ကရေစီ လှုပ်ရှား မူ ရံပုံငွေ ဆိုတာကို.. စီဘောက်ထဲ မှာ မောင်မိုး ဆိုတဲ့ တယောက်က.. လာပစ်သွား တယ်။ တော်သေးတာ ပေါ့..သူလာ အော်သွားလို့။ ခုတလော live ဘလော့ တွေမှာ ပဲ မျက်စိ ကျနေ တော့ မိုးမခ ဘက် မရောက်လိုက်ဘူး ဖြစ် သွားတော့..ချက်ချင်း မသိလိုက်ဘူး။ သိတာ နဲ့ ချက်ချင်း ကောက် လင့် လိုက် တယ်။ သူငယ် ချင်းတွေ က ကိုယ့်ဘလော့ကို လာ ချင်မှ လာ မှာ ဆိုတော့.. spam mail တွေ ပါ.. တခါတည်း ပစ် လွှတ် လိုက်တယ်။ တရက် ၂ ရက် နေေ တာ့ မိုးမခ အုပ်စု က..၂ထောင် ၃ ထောင် ရပီလို့..စာရင်း ထုတ်ပြန် တယ်။ အင်... စိတ်နဲနဲ လေသွားတာပေါ့.။ ဘယ်နှယ်.. ပြင် ပေ ရာက်နေတဲ့ ဒီမိုကရေစီ လိုလားသူ အရေ အတွက် က.. နဲတာ မဟုတ်။ တယောက် ၁၀ ဆိုရင်တောင်.. ဘယ်လောက် များ လိုက်မလဲ။ မဖြစ် ချေဘူး။ .. နောက်တခေါက်.. spam mail တွေ ထပ် လွှတ် တယ်။


ခုတော့ အား ရစ ရာပဲ။ ပြည်တွင်း က.. လူထု အရှိန် အဟုန် ကြီး နဲ့ အတူ..ပြည်ပ က လူတွေ ရဲ့ စေတနာ.. တွေ.. ပါဝင် မူ တွေ ..တရိပ် ရိပ် တက်လာ နေပါတယ်။ ဒီနေ့ မနက် ပဲ .. အာ အက်ဖ် အေ မှာ ကြားလိုက်တယ်။ ဆန်ဖရန် စစ္စကို ဘေး ဧရိယာ က..ဗမာ အများ ဆုံး နေရာမှာ မေတ္တာ ပို့ ဆုတောင်းပွဲ ကံဆောင်ပွဲ လုပ်ပီး.. ရံပုံငွေ ကောက်လိုက်တာ ချက်ချင်းပဲ ၇၀၀၀ ကျော် ရတယ် တဲ့။ ကောင်းလိုက်တာ..။ ဦးဆောင် လှုံ့ဆော်သူ ဆရာ ဦးကိုကို သန့် ရဲ့ အသံကို လည်း အား ရ၀မ်းသာ ကြားလိုက်ရတယ်။ အဲဒီ ငွေတွေ ကို တခါတည်း ကျောင်းထိုင် ဆရာ တော် ကြီး တွေ လက်ထဲကို ထဲ့လိုက်တယ်။

ရန်ကုန်နဲ့ မြန်မာပြည် တနံတလျားမှာ ရှိတဲ့.. ဘုန်းကြီးကျောင်းတွေကို ထောက်ပံ့ ပို့ဆောင်မယ်တဲ့။ သာဓုပါ.. ဘေး ဧရိယာ ရေ။

မိုး မခ ငွေစာ ရင်းလဲ.. တရိပ်ရိပ် တက်လာ နေတယ်။

ဟော.. စင်ကာပူ က..အီးမေးလ် တခု ၀င်လာပြန် ပီ။ ရံပုံငွေ ဆိုပါလား...။

အိုး.. သာဓုဗျား။ အိုးဝေ စင်ကာပူ က..တိုပိုင် ရို ကျောင်းမှာ မေတ္တာပို့ ကံဆောင်ကြတယ်တဲ့။ အလှူငွေ ကောက်တယ်။ အားရ ပါးရ ၀ိုင်းထဲ့ကြတယ်။ ခုဆို..စင်ကာပူ ရံပုံငွေ တရပ်ကို.. အလင်းပြ ကြယ် စာကြည့်တိုက် မှာ ဖွင့်ထားလိုက်ပီတဲ့။

ပလုံ ...

ဟော..ဂျီတော့ က..သူငယ် ချင်း တယောက် ကိုရီးယား က..လှမ်းချက် တယ်။

ဘာတဲ့ လဲ..။

ကိုရီးယားရောက် ဗမာ တွေက..ခုပဲ ဒီမိုကရေစီ ရံပုံငွေ အဖြစ် ဗမာငွေ သိန်း ၇၀ ပို့လိုက်ပီ တဲ့။ ကောင်းတယ် ဗျား။

နေဦး။ ဘန် ကောက် အေ အိုင်တီက..သူငယ်ချင်းဟောင်းတွေက လည်း..ဒီမှာ ဂျီမေး တခု တတ် လာပြန်ပီ။ ရံပုံငွေ ဆိုပဲ။

အစ္စ ရေး နိုင်ငံကြီး ထူ ထောင်ဖို့.ရယ်. နာဇီ အကျဉ်း စခန်း တချို့က ဂျူး တွေ..ရွေးယူဖို့.ရယ်ကို ... ကမ္ဘာ အရပ်ရပ် မှာ ရောက်နေတဲ့...သာမန် ဂျူးလူမျိုးတွေ.. ဘဏ်သူဌေး ကြီး တွေ .. ကုန်သည်ကြီး တွေ.. အားတက်သရော.. ထောက်ပံ့ ခဲ့တဲ့သမိုင်းမှာ.. ဂျူး တွေရဲ့ အချင်းချင်း ကြည့်ရှု စောင်မ မူကို လူတကာ က..အားကျ နမူနာ ယူ ခဲ့ရပါတယ်။ ပြည်တွင်း သတင်းထုတ်ပြန် မူ တခု မှာတော့..နိုင်ငံခြား က ငွေကြေးအကူ အညီယူ တယ်လို့ စွပ်စွဲထား ပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံခြား တကာ မှာရောက်နေတဲ့..ဗမာလူမျိုး တွေရဲ့ ချွေးနဲစာ တွေပါ။ စေ တနာ ထက်သန်စွာ နဲ့ ထဲ့ဝင် ကြတာ ပါ။ ဒီမို ကရေစီ အပင် ကြီး ရှင်သန်ဖို့ပါ။

အင်တာန က် ကြီး ထဲ မှာ တကိုယ်လုံး နှစ်ထား ရင်း ..ဗမာ လူမျိုး တွေရဲ့.. ဆန္ဒ တွေ..စေတနာ တွေ.. ကမ်းပေး နေတဲ့ လက်တွေ.. ဆုတောင်းသံတွေ.. စိုးရိမ်မူ တွေ.. တွေ့နေရတယ်.. ခံစားနေ ရတယ်။ နာကြည်းမူ အချို့ နဲ့.. အပျက် အမြင် လေး တွေကိုေ တာ့.. ခု အချိန် မှာ .. တတ်နိုင်သ မျှ.. ဖယ်ထား ကြတာ ပေါ့နော်။

ကဲ.. ပြည် တွင်း က သံဃာတော် အရှင် သူမြတ် များ ညီအကို မောင် နှမ.. ဦးလေး ကြီးဒေါ် များ ရေ.. ပြည်တွင်း ကလူတွေရဲ့.. သတ္တိတွေ.. ရဲရင့်မူ တွေ ကို.. ပြည် ပက.. အရမ်းကို အသိအမှတ်ပြု လေးစား နေကြပါတယ်။ ပြည် ပက.. ညီ အကို မောင် နှမ တွေ က လည်း ... အားတက်သ ရော..ရတဲ့ နည်း နဲ့ ပါဝင်နေကြ ပါတယ် လို့။ ကဲ ..ဒါဆို.. ဘာ များ လို ဦး မလဲ။ တခြား တခြား သော.. ရှုပ်ထွေး နေတဲ့ ခံစားချက် တွေ.. လိပ်ပြာ မလုံ တာတွေ.. ငါ တို့ကတော့..ဆိုတဲ့.. နောက်ဆက်တွဲ မပါ တဲ့ အတွေး တွေ.. အပစ် တင်မူ တွေ.. သံသယ တွေ.. အထင်လွဲ မူတွေ.. ဘာ မှ ..၀င် မလာ နဲ့။ ငါတို့ အားလုံး.. အမှန် တရားကို ချစ်တယ်။ တရား မျှတမူ ကို လိုလားတယ်။
ဆက် လျှောက် ကြပါစို့။ အ ဆိုး တွေကို ပယ် ပီး.. အကျိုး တွေ ကို သယ်ကြပါစို့။




Share/Bookmark

Our Celebrities

ပြည်သူချစ်သော အနုပညာ သည်များ

ခုရက်ထဲ မှာ ဇာ ဂနာ ..ကျော်သူ နဲ့ ကဗျာ ဆာ အောင်ဝေး တို့ .. ရဲရင့်တက်ကြွ စွာ နဲ့ ပြည်သူ တွေ အတွက် ပြော နေပါပီ။ တိုင်း ပြည် မျက်နှာဖုံး .. လူ တို့ ရဲ့ အာ ရုံ ကျ ရာ အနုပညာ ရှင် တွေ လည်း အသံ တွေ ထွက် လာ ကြပါပီ။ မခိုင် ( ထွန်း အိန္ဒြာ ဗိုလ်) က တော့ မိုးကုတ်သူ ပီ ပီ... `မိုးပြို အများ ပါရှင်´ လို့ ပြော ရင်း သံဃာ ထု ကြီး ဘက်က .. ပြတ်ပြတ်သား သား ပြော လိုက် တာ က လည်း အားရ စရာ။

ဟော ဒါ Picasa မှာ တင်ထား တဲ့ ဓါတ်ပုံ တွေ ထဲက.. စိတ် ၀င်တစား မြင်လိုက်ရ တာ .. ။ ပြည်သူ့ မင်း သား ကျော်သူ ရဲ့ ပါရမီဖြည့် ဖက်.. ရွှေဇီးကွက် နဲ့ ပြည်သူ့  စာ ရေး ဆရာ မ ဒေါ် သန်းမြင့် အောင် တို့ ရဲ့ မှတ်တမ်းဝင် ဓါတ်ပုံလေး တွေ ပါ။ အောက်ဆုံး ပုံ က တော့ ကဗျာ ဆရာ အောင်ဝေးလို့ ယူဆ ရသော်လည်း သိပ်မသေ ချာ။










Share/Bookmark

Joyful Tear on University Avenue Road

ဧရာဝတီ စာမျက်နှာမှ ဒီ သမိုင်း ၀င် ဆောင်းပါးလေးကို ထပ်ဆင့် မျှဝေ ရင်း.. ပြည်တွင်းမှ လူများလည်း ဖတ်နိုင်စေ.. ကိုယ့် ရဲ့ စာမျက်နှာ လေးမှာလည်း သိမ်းဆည်း ထား မယ်လို့ ရည်ရွယ် လျက်...


တက္ကသိုလ်ရိပ်သာ လမ်းပေါ်ကျတဲ့ မျက်ရည်မိုး


ကြည်ဝေ

စက်တင်ဘာ ၂၃ ၊ ၂၀၀၇


သာသနာ့အလံ တလွှင့်လွှင့်နဲ့ ရှေ့ဆုံးကနေကြွချီလာကြတဲ့ သံဃာတော်သုံးပါးဟာ လှည်းတန်းလမ်းဆုံမီးပွိုင့်နားကိုရောက်တော့ ဖျပ်ခနဲ တက္ကသိုလ်ရိပ်သာလမ်းမကြီးဘက်ကိုလည်း ချိုးဝင်လိုက်ရော ကျနော့်ရင်တွေ တဒိန်းဒိန်း ခုန်လာတော့တယ်။
ကျနော်အပါအ၀င်အတော်များများဟာ သံဃာတော်တွေ မြေနီကုန်းကနေ လှည်းတန်းဘက်ကို ဦးတည်ပြီး ကြွပြီ ဆိုကတည်းက မြောက်ဥက္ကလာပ မယ်လမု ဘုရားဆီကို ဦးတည်နေပြီလို့ ထင်မှတ်ခဲ့ကြတာပါ။ အဲဒါကြောင့် လည်း လှည်းတန်းမှာ ကြိုစောင့်နေကြတဲ့ သံဃာတော်တွေနောက်ကနေ လိုက်ပြီးအားပေးရင်း အကာအကွယ် ပေးဖို့ စောင့်နေကြသူတွေက သူတို့ခန့်မှန်းထားတဲ့အတိုင်း လှည်းတန်းမီးပွိုင့်ရဲ့ ပြည်လမ်းဘက် အခြမ်းကနေ နေရာယူထားပြီး စောင့်နေကြတာပေါ့။
ခုတော့ မိုးစက်တွေအောက်မှာ မေတ္တာသုတ်တွေရွတ်ဆိုရင်းလျှောက်လာကြတဲ့ သံဃာတော်တွေက တက္ကသိုလ် ရိပ်သာ လမ်းဘက် ချိုးဝင်လိုက်ပြီ။ ဒါဆိုရင် သာံဃာတော်တွေဟာ ကျနော်တို့ ချစ်တဲ့၊ လူထုကို ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ရှိရာဆီကို ဦးတည်လိုက်ပြီဆိုတာကို လိုက်ပါလာကြသူတွေ အားလုံးလိုလိုက သိလိုက်ပါပြီ။ အဲဒီအသိနဲ့အတူ ကျနော်တို့ရဲ့ ခြေလှမ်းတွေဟာလည်းပိုပြီ တက်ကြွလာကြတယ်။
ကျနော့်အထင်တော့ သံဃာတော်တွေဟာ စုစုပေါင်း အပါး ၇၀၀ ကျော်ကနေ ၁၀၀၀ ၀န်းကျင်လောက်ရှိမယ်။ အတော်များများဟာ အသက် ၂၀ ကနေ ၄၀ ကြားအရွယ်ရှိတဲ့ သံဃာပျိုတွေများတယ်။ သံဃာတော်တွေဟာ မိုးရေစက်တွေအောက်မှာပဲ မိုးသံကိုလွှမ်းအောင် မေတ္တာသုတ်ရွတ်ဆိုရင်း ရန်ကုန်ပင်မတက္ကသိုလ်ကျောင်းကြီး ရှေ့မှာ ၈ မိနစ်လောက်ကြာအောင် ရွတ်ဖတ်ပေးခဲ့ကြတယ်။အဲဒီအချိန်မှာ ကျနော်ကတော့ သံဃာတော်တွေလို မအေးချမ်းနိုင်ခဲ့ဘူး။ ကျနော်တို့ချစ်တဲ့ အန်တီစု အိမ်ရှေ့ကနေ ဖြတ်တော့မယ်ဆိုတာကို ကျနော့် သူငယ်ချင်းတွေ ကို ပြောပြချင်တဲ့စိတ်နဲ့ ကျောင်းရှေ့နားက ပီစီအို ဖုန်းလေးနားမှာ ရစ်သီရစ်သီလုပ်ရင်း မိတ်ဆွေသူငယ်ချင်းတွေ ကို ဖုန်းဆက်ခေါ်နိုင်ဖို့ ကြိုးစားခဲ့တယ်။
အဲဒီမိနစ်ပိုင်းလေးအတွင်းမှာ ကျနော့်လိုပဲ ဖုန်းဆက်ဖို့ကြိုးစားနေတဲ့သူတွေက အယောက် ၂၀ လောက်ရှိတော့ ပီစီအို ဖုန်းလေးလုံးဟာ ဘယ်လိုမှ မအားနိုင်သလို ကျနော့် အလှည့်လည်း မကျခဲ့ပါဘူး။ နောက်တော့ စိတ်လျှော့ လိုက်ပြီးသံဃာတော်တွေဘေးနားကနေ ကာရံရင်းလိုက်ပါသွားခဲ့တာ အမေရိကန်သံရုံးရှေ့မှာလည်း ၁၀ မိနစ် လောက်ကြာအောင် သံဃာတော်တွေဟာ မေတ္တာသုတ်တွေ ရွတ်ဆိုပေးခဲ့ပါတယ်။
အဲဒီနားက မီးပွိုင့်ကို ဖြတ်တော့ ကျနော့်ရင်တွေ တဒိန်းဒိန်းနဲ့ ပြန်ခုန်လာခဲ့တယ်။ အန်တီစု အိမ်ရှေ့နားကို မရောက်မီ လေးငါးကိုက်အလိုလောက်မှာ သံဆူးကြိုးတွေနဲ့ပြုလုပ်ထားတဲ့ ဘာရီရာ တွေချပြီး လမ်းပိတ်ထား တယ်။ အဲဒီဘာရီရာတွေရှေ့မှာ သံဃာတော်တွေဟာ သုံးပါးတတွဲစီတန်းလမ်းလျှောက်လာရာကနေ ရပ်လိုက်ကြ တယ်။ ကျနော်အပါအ၀င် လိုက်ပါလာကြတဲ့သူတွေမှာ ဒီနေရာကနေ ဖြတ်သန်းခွင့်မှ ရပါ့မလား၊ ဖြတ်သန်းခွင့် မပေးရင်ကော သံဃာတွေဟာ နောက်လှည့်ပြန်မှာလားဆိုပြီး လားပေါင်းများစွာနဲ့စိုးရိမ်စိတ်တွေ ၀င်လာကြလို့ ကိုယ့်အနီးအနားက လူတွေအချင်းချင်း တဦးကိုတဦး အဓိပ္ပာယ်ပါတဲ့ မျက်ဝန်းတွေနဲ့ အပြန်အလှန်ကြည့်ဖြစ်ကြ တယ်။
တကယ်တော့ ကျနော့်ဘေးနဲ့ လက်ချင်းချိတ်တွဲပြီးလိုက်ပါလာတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသားကြီးဟာ အရင်ကသိကျွမ်းခဲ့ဖူးသူ မဟုတ်ပါဘူး။ခုလို လမ်းလျှောက်ရာမှာ လိုက်ပါကြရင်း လက်ချင်းချိတ်ပြီး သံဃာတွေကို ကာကွယ်တဲ့အခါကြမှ မြင်ဖူးတွေ့ဖူးကြသူတွေပါ။ ဒါပေမယ့် ကျနော်တို့ ရင်ထဲမှာ ရှိကြတဲ့ နှလုံးသားတွေက တူညီနေကြတယ် ထင်ပါရဲ့။ ကျနော့်ရဲ့ အကြည့်ကို အဲဒီ အမျိုးသားကြီးက သိတယ်။ ပြီးတော့ သူပြန်ကြည့်လာ တဲ့ အကြည့်ရဲ့ အဓိပ္ပာယ်ကိုလည်း ကျနော်က နားလည်နေတယ်လေ။
အဲဒီလို ကျနော်တို့ စိတ်လှုပ်ရှားစွာနဲ့ ရပ်စောင့်နေရတာ ငါးမိနစ်လောက်ကြတယ် ထင်တယ်။ ဒါပေမယ့် ခဏ အတွင်းမှာပဲ လက်ခုပ်သံတွေကထွက်လာခဲ့တယ်။ ကျနော်သိလိုက်ရတာကတော့ ရှေ့ဆုံးကနေ ဦးဆောင် ချီတက်လာကြတဲ့ သံဃာတပါးရဲ့ မိန့်ဆိုမှုကြောင့် လမ်းဖွင့်ပေးလိုက်တယ် ဆိုတာပါပဲ။ အဲဒီအချိန်မှာ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် သာသနာ့အလံကိုင်ထားတဲ့ သံယာတပါးက လူတွေဘက်ကိုလှည့်ကြည့်ပြီး မိန့်တယ်။
“ဒါကာတို့ဒါကာမတို့ ဒီနေရာဟာ အန္တရာယ်ရှိတဲ့ နေရာဖြစ်တဲ့အတွက် အထူး စည်းကမ်းရှိဖို့လိုတယ်၊ သံဃာတွေကလည်း နှစ်ပါးတတွဲစီပါ ။ လူတွေကလည်း နှစ်ယောက်တတွဲစီပြီး လျှောက်ကြပါ၊ စည်းကမ်းရှိကြပါ” လို့မိန့်မှာတယ်။ အဲဒီမှာ ကျနော်တို့ဟာ သံဃာတွေရဲ့ ညာဘက်ဘေးကနေ လူတစ်ယောက်စီ လက်ချင်းချိတ် လိုက်ပြီး ဖွင့်ပေးထားတဲ့ လူသုံးဦးစာသာ တပြိုင်တည်းဖြတ်လို့ရတဲ့ နေရာလေးကနေ ဖြတ်ပြီးရှေ့ကို လျှောက် လာကြတယ်။ ကျနော်တို့လျှောက်လာတဲ့ လမ်းတလျှောက်မှာတော့ စစ်အစိုးရ အစောင့်ချထားတဲ့သူတွေရော ၊ သူတို့ စီးလာတဲ့ ကားတွေပါ ရပ်ထားတာ မြင်တွေ့ကြရတယ်။
လူထုချစ်သော၊ လူထုကိုချစ်ပြီး အနစ်နာခံတတ်သော လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ရှေ့ ရောက်တော့ ရှေ့ဆုံးက သံဃာတော်တွေဟာ ခြံဝင်းပေါက်ရှေ့တည့်တည့်နားမှာ အိမ်ဘက်ကို မျက်နှာမူပြီး ရပ်လိုက်ကြတယ်။ နောက်က သံဃာတွေကလည်း တစ်ပါးစီ ညီညီစီပြီး ရှေ့သံဃာတွေအတိုင်း အိမ်ဘက်ကို မျက်နှာမူပြီးရောက်တယ်။ သံဃာတွေရဲ့နောက်မှာတော့ လက်ချင်းချိတ်ပြီးလိုက်လာတဲ့ သူတွေက တဦးချင်းစီ ရပ်လိုက်ကြတယ်။
သံဃာတွေရဲ့ရှေ့မှာတော့ စစ်ယူနီဖောင်းလား၊ ရဲ ယူနီဖောင်းလား ကျနော်မခွဲခြားတတ်တဲ့ နက်ပြာရောင် ယူနီ ဖောင်း အပြည့်အစုံဝတ်ထားတဲ့ အစောင့်တွေက သံဒိုင်းကြီးတွေကို သူတို့ရင်ဘတ်ရှေ့မှာ အကာကွယ်ယူကိုင် ထားပြီး ရှေ့မှာရပ်နေတဲ့ သံဃာတော်တွေဆီကို အသင့်အနေအထားနေရာယူပြီး မျက်လုံးမမှိတ်မသုန် စူးစိုက် ကြည့်နေလိုက်ကြတာ။ ကျနော်ဖြင့် ရင်တွေ တဖျပ်ဖျပ်တုန်လာတယ်။ တခုခုသာဆို သူတို့ ပုံစံတွေက ပစ်တော့ မယ်ဆိုတာ သိသာလွန်းတယ်။ အဲဒီအချိန်မှာပဲ သံဃာတော်တွေက နမောတဿ သုံးကြိမ်ရွတ်တယ်။ ပြီးတော့ မေတ္တာသုတ်ကို စရွတ်တော့တယ်။
သံယာတော်တွေ မေတ္တာသုတ်ရွတ်နေတုန်း ကျနော်တို့လူထုဟာ ရှေ့မှာလှမ်းမြင်နေရတဲ့ အန်တီစု ၀င်းထဲက ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အဆောက်အဦးတွေဆီကို လှမ်းမျှော်ကြည့်ကြရင်း အန်တီဘယ်နေရာမှာများရှိမလဲ လို့ ဟိုဟိုဒီဒီရှာဖွေ ကြည့်နေကြတယ်။
အဲဒီအချိန်မှာပဲ သံဃာတွေက မေတ္တာသုတ်ရွတ်ဆိုတာပြီးလို့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အရပ်ရှစ်မျက်နှာ မေတ္တာပို့သံစနေပြီ။ အဲဒီအချိန်မှာပဲ ခြံတံခါးပေါက်နားမှာ လက်အုပ်လေးချီပြီး ထွက်လာတဲ့ အန်တီကို ကျနော်တို့ မမျှော်လင့်ဘဲ အားလုံး တွေ့လိုက်ကြရတယ်။




ကျနော်တို့ချစ်တဲ့အန်တီဟာ အသက် ၅၀ ကျော်အရွယ်လို့ပဲထင်ရ လောက်အောင် နုပျိုလန်းဆန်းနေပါတယ်။ မြန်မာအင်္ကျီအ၀ါခြောက်ရောင်လေးဝတ်ထားတဲ့ အန်တီ့မျက်နှာမှာ သနပ်ခါးတို့၊ မိတ်ကပ်တို့ဘာမှ လိမ်းထားတာမတွေ့ရဘူး။ လက်အုပ်ချီထားတဲ့ အန်တီ့ဆီကို ခေါင်းဆောင်ဖြစ် ဟန် တူတဲ့ သံဃာတပါးက ရှေ့ထွက်ပြီး တစ်ခုခုကို မိန့်တယ်။ အန်တီကလည်း ရှေ့ကို ခြေလှမ်းတလှမ်းလောက် တိုးလာပြီး ဆရာတော်ဘုရားကို တခုခုလျှောက်တယ်။
အဲဒီမြင်ကွင်းဟာ ကျနော့်ဘ၀အတွက် မှတ်မှတ်ရရအဖြစ်ရဆုံး မြင်ကွင်းတစ်ခုပါပဲ။ ကျနော်တို့ချစ်တဲ့ လူထု ခေါင်းဆောင်တယောက်နဲ့ သံဃာတော်တွေကိုဦးဆောင်ပြီးလူထုအတွက်ပေးဆပ်နေကြတဲ့ သံဃာတော်တပါးရဲ့ ကြားမှာ သံဆူးကြိုး ဘာရီရာရှိတယ်။ ပြီးတော့ အန်တီ့နောက်မှာ အရပ်ဝတ်နဲ့မိန်းမကြီးတစ်ယောက်နဲ့ အမျိုးသား ၂ ဦးရှိတယ်၊ အန်တီ့ရှေ့မှာတော့ ရဲယူနီဖောင်းဝတ်ထားတဲ့ ရဲမှူးလားဘာလားမသိတဲ့ရဲအရာရှိတဦးက ဘုန်းဘုန်း နဲ့ အန်တီကြားကိုဝင်ရပ်ပြီး တားတယ်။
အဲဒီအချိန်မှာ လူထုထဲက ဘယ်သူက စပြီး အော်လိုက်တယ်မသိဘူး“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အချုပ်အနှောင်ကနေ အမြန်ဆုံး လွတ်ကင်းပါစေ”လို့ စအော်လိုက်ရော ကျန်တဲ့ လူတွေအားလုံး ကလည်း လိုက်အော်ကြတော့တယ်။ အဲဒီကြွေးကြော်သံတွေကို လူတွေပါမက သံဃာတွေကပါ ၀ိုင်းပြီး အော်ကြ တယ်။ လူထုရော သံဃာတွေပါ လက်သီးလက်မောင်းတန်းပြီး “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာ ပါစေ၊ အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်ကင်းပါစေ”လို့ ထပ်ခါထပ်ခါ ရွတ်ဆိုကြတယ်။ သိပ်ကိုအားရကျေနပ် ဖို့ ကောင်းလိုက်တာ။
ကျနော်လေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖြစ်လို့ ဘယ်လိုဖြစ်တယ်မသိဘူး လူထုကို အပြုံးမျက်နှာနဲ့ လက်ပြနေတဲ့ အန်တီရှေ့မှာ အဲဒီလို ရွတ်ဆိုနေရင်း မျက်ရည်တွေ ကျလာတော့တယ်။ မျက်ရည်တွေနဲ့မိုးစက်တွေကြားမှာပဲ ကျနော်တို့ရဲ့ ရွတ်ဆိုကြွေးကြော်သံတွေဟာ တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်မှာသာမက အင်းလျားလမ်းထိပ် က ပါ ကြားနိုင်လောက်တယ်။ ဒီထက်မက ပြောရရင်တော့ မိုးတိမ်ယံအထိပါ ပြန့်လွင့်နေတော့တယ်။
လူထုကိုချစ်တဲ့ အန်တီကလည်း ရပ်နေတဲ့နေရာကနေ အပြုံးမျက်နှာနဲ့ သူ့ရဲ့ ညာလက်ကို မနားတမ်းဝှေ့ယမ်းပြီး လှိက်လှိက်လှဲလှဲလက်ပြတယ်။ ကျနော်ထင်ပါတယ် သူလည်းပဲ ကျနော်တို့လို မျက်ရည်တွေ ကျနေလိမ့်မယ်။ တကယ်တော့ အန်တီကို ကျနော်တို့ အပြင်မှာ မမြင်မရတော့တာ ဘယ်လောက်ကြခဲ့ပြီလဲ။ သူ့ကျန်းမာရေး အတွက် ကျနော်တို့ဘယ်လောက် စိုးရိမ်နေခဲ့ရသလဲ။ ခုလို သူရှိနေသေးတယ် ဆိုတာကို မြင်လိုက်တွေ့လိုက်ရ တော့ အရမ်းကို အားတက်မိတယ်။
ကျနော့်နားမှာရပ်ကြည့်နေတဲ့ အသက် ၅၀ ကျော်အရွယ် အင်္ကျီနံ့သာရောင်ဝတ်ထားတဲ့အမျိုးသမီးကတော့ အန်တီကို ကြည့်ရင်း ကြွေးကြော်နေရင်းက မပြောမဆိုနဲ့ ဟီးခနဲ ငိုချလိုက်တော့တယ်။ သူဘာကြောင့် ငိုတယ် ဆိုတာကို သူ မပြောပြပေမယ့် ကျနော် သိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ကိုယ်တိုင်လည်း ငိုရင်း ကြွေးကြော်နေတာကိုး။ အဲဒီင်္လိုပဲ အမျိုးသမီးအတော်များများဟာ ငိုရင်း ကြွေးကြော်နေကြတယ်။
အမျိုးသားတွေကတော့ အသံတွေပြာသွားတဲ့အထိ လက်သီးလက်မောင်းတန်းပြီး လှိက်လှိက်လှဲလှဲအော်ကြ ကြွေးကြော်ကြတယ်။ အဲဒီအချိန်မှာပဲ ရှေ့ကသံဃာတော်တွေကို အစောင့်တွေက မြန်မြန်ကြွပေးဖို့ လျှောက်ကြ တာ တွေ့ရတယ်။ သူတို့အနေနဲ့ခုထက်ပိုပြီး စိတ်အားတက်ကြွလာကြမှာကို စိုးရိမ်ပုံရတယ်။ ခုလည်း လူထုနဲ့ သံဃာတော်တွေရဲ့ အခြေအနေကို ကြည့်ပြီး မျက်လုံးပြူးမျက်စံပြူးတွေနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေပုံက ရယ်စရာကြီးပါ။
သံဃာတော်တွေ ပြန်ကြွဖို့ပြင်ကြတော့ လူထုကလည်း သံဃာတွေနောက်နားကနေ လိုက်ဖို့ပြင်ကြတယ်။ ကျနော် ကတော့ စောစောတုန်းက ရှေ့ဆုံးနားကလိုက်ပေမယ့် ခုတော့နောက်ဆုံးကလိုက်မယ်လို့ ဆုံးဖြတ်လိုက် တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ဆုံးကနေ အန်တီ့ကို မျက်စိတဆုံးမြင်ရတဲ့အထိ ကြည့်သွားချင်လို့ပါ။
ကျနော့်လိုပဲ နောက်ဆုံးကနေ ကြည့်သွားချင်တဲ့ လူတွေတော်တော်များတယ်ထင်တယ်။ လူအုပ်ကြီးဟာ သံဃာတွေ ထွက်ပေမယ့် တော်တော်နဲ့ အန်တီ့အိမ်ရှေ့ကနေ မခွာနိုင်ကြဘူးဖြစ်နေတယ်။ အန်တီ ကိုယ်တိုင် ကလည်း ခြံတံခါးဝလေးမှာ ရပ်ပြီး လက်ပြနေတုန်းပဲ။ ကျနော်တို့လူထုကလည်း အန်တီရပ်နေရာကို လှည့်ကြည့် လှည့်ကြည့်နဲ့လျှောက်ကြတာ အန်တီရပ်နေရာကို လုံးဝမမြင်ရတော့တဲ့နေရာထိအောင် လှည့်ကြည့်နေမိကြတုန်း ပါပဲ။
အန်တီ့အိမ်ရှေ့မှာ စုစုပေါင်း မိနစ် ၂၀ လောက်ကြာခဲ့တယ်။ အစပိုင်း ၁၀ မိနစ် လောက်တုန်းကတော့ အန်တီ့ကို မြင်ခွင့်မရကြသေးဘူး။ ကျနော်ထင်ပါတယ်။ အန်တီလည်း ခုလိုထွက်ခွင့်ရဖို့ အတော့်ကို ကြိုးစားခဲ့ရရှာမယ်။ ဘယ်လိုပဲပြောပြော အန်တီ့ကို ခုလိုကျန်းကျန်းမာမာနဲ့ လန်းလန်းဆန်းဆန်းတွေ့လိုက်ရတဲ့အတွက် ကျနော် တို့ တွေ အများကြီးအားတက်သွားရပြီ။
ကျနော့်နားက အသက်၄၀ ကျော်အရွယ်အမျိုးသားကြီးကဆိုရင် “သူရှိသေးတယ်ဆိုတဲ့ အသိနဲ့တင် အားတက် ရပြီဗျာ၊ ခုလို ကိုယ်တိုင်ကိုယ်ကျ မျက်စိနဲ့ မြင်လိုက်ရတော့ ပိုပြီး စိတ်အားတက်ရတယ်၊ အဲဒါ ဆရာတော် ဘုရား တွေရဲ့ကျေးဇူးပဲ ၊ ဘုန်းဘုန်းတွေ ခုလို စွန့်စွန့်စားစားနဲ့ဆောင်ရွက်ကြတာ သိပ်ကို ကျေးဇူးတင်ဖို့ ကောင်းတယ် ဗျာ”လို့ သူရဲ့ ခံစားချက် အမြင်ကို ပြောပြတယ်။
အင်္ကျီနံ့သာရောင်ဝတ်ထားတဲ့ စောစောတုန်းက ငိုချလိုက်တဲ့အမျိုးသမီးကြီးကလည်း ပါးပေါ်က မျက်ရည်တွေကို ညာဘက်လက်ဖမိုးနဲ့ သုတ်ရင်း “ခုမှပဲ ထီးစောင်းဖို့ သတိရတော့တယ်လေ။ စောစောတုန်းကတော့ မိုးရွာနေ တယ်ဆိုတဲ့ အသိတောင် ပျောက်နေတယ်။ ဘာပဲပြောပြော ဒီနေ့တော့ သိပ်ကိုအဖိုးတန်တယ်” လို့ ပြောပါတယ်။
တကယ်တော့ အဲဒီအမျိုးသမီးကြီးဟာ မြေနီကုန်းမီးပွိုင့်ကတည်းက လိုက်လာခဲ့သူ တယောက်ဖြစ်ပါတယ်။ အဲဒီ အန်တီက သူ့အဖြစ်အပျက်ကို ပြောပြပါတယ်။
“လှည်းတန်းနားရောက်တော့ ဒူးနာလာတဲ့အတွက် လှည်းတန်းမီးပွိုင့်ရောက်ရင်နားမယ်လို့ စိတ်ကူးခဲ့တာပါ။ ဒါပေမယ့် ဆရာတော်တွေက တက္ကသိုလ်ရိပ်သာလမ်းဘက်ကို ကွေ့လိုက်ကြတော့ အန်တီလည်း ဟာ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့က ဖြတ်မှာပေါ့ဆိုပြီး ဒူးနာနာနဲ့ဆက်လိုက်လာတာ ခုတော့သိပ်အဖိုးတန်သွားပြီ” လို့ပြောပြခဲ့ပါတယ်။
ကျနော့်နဲ့အတူ တလမ်းလုံးလိုက်ပါလာတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးကလည်း ဒီနေ့က စပြီး သူဟာ လူဖြစ်ရကျိုးနပ်သွားပြီလို့ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အန်တီကို ခုမှ မြင်ဖူးတာ၊ ပြီးတော့ ခုလို အစောင့်တွေကြားထဲကနေ ခက်ခက်ခဲခဲမြင်တွေ့လိုက်ရတဲ့အတွက် ပိုပြီး တန်ဖိုးရှိတယ်လို့ ပြောပြပါတယ်။
အဲဒီကနေ ဆက်ပြီး ကြွချီလာကြတဲ့ သံဃာတော်တွေရဲ့ မေတ္တာပို့သံတွေဟာ ပိုပြီး ကျယ်လောင် တက်ကြွလာ တယ်။ ဘေးကနေ ရံပြီးလိုက်ပါလာကြတဲ့ လူထုရဲ့ ခြေလှမ်းတွေကလည်း စောစောတုန်းကထက်ပိုလို့ မြဲမြံ ခိုင်မာ လာခဲ့တယ်။ အန်တီ့အိမ်ရှေ့မှာတုန်းက မိုးဘယ်လောက်သည်းသည်း ထီးဆောင်းဖို့ကို မေ့လျော့ကုန်ကြတဲ့ သူတွေကလည်း ခုမှ ထီးတွေထုတ်စောင်းပြီး တက်ကြွစွာနဲ့ဆက်လျှောက်ကြတာပေါ့။
အာဏာရှင်စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုပဲ ပိတ်ပင်ချုပ်နှောင်ထားခဲ့ပါစေ လူထုရဲ့ ရင်ထဲ နှလုံးသားထဲက အန်တီ့အပေါ်ချစ်တဲ့စိတ်နဲ့ ယုံကြည်မှုတွေကိုတော့ ဘယ်လိုအရာမျိုးနဲ့မှ တားဆီးထားနိုင်မှာ မဟုတ်ပါဘူး။ ။

******************************************
ဒေါ် စု သက်တော်ရာကျော် ရှည် ပါစေ။ ငြိမ်း ချမ်းရေး နဲ့ တရားမျှ တမူကို သက် သေ ထူ နိုင်သော ပစ္စုပ္ပန် ကို မြင် နိုင် ရပါ စေ။ သူ မချစ် တဲ့ ပြည်သူ တွေ နဲ့ အတူ မြန်မာ ပြည် ကြီး ကို အမြန်ဆုံး ကယ်တင်နိုင်ပါစေ။


Share/Bookmark

Mogok Courage

အမှန်တရားကို ချစ်မြတ်နိုးတဲ့ မိုးကုတ်

သိခဲ့ဘူးတဲ့ မိုးကုတ် ဆိုပီး Mogok Blues လေးရေးပီး နောက်တရက် ၂၀ ရက်နေ့မှာ...ကိုသားဖြူ ဆီက မှတ်ချက်ကလေး ၀င်လာတယ်။ မြို့သူမြို့သားတွေရဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ကတော့ သိပ်မလျော့လောက်သေးဘူးလို့ ထင်ပါတယ်..။ တဲ့။

**************************************************

ကျနော်တို့လိုပဲ မိုးကုတ်မြို့ကလေးကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ တခုတ်တရ ပို့စ်တင်ပေးတဲ့ အစ်မကေကို အရမ်းကျေးဇူးတင်ပါတယ်..။
အရေးအသားရော.. အကြောင်းအရာပါ တော်တော်လေး ပြည့်စုံကောင်းမွန်တယ်ဗျ..။
ကျနော်က ရှမ်းတောသား၊ ပို့စ်ထဲက ရှမ်းတောဇရပ်က ကျနော်ငယ်ငယ်တုန်းက သွားကစားနေကျ..။ ကထိန်ပွဲတွေဆို အမြဲ ဆင်နွဲနေကျပါ..။
အိမ်ကလည်း အဲဒီဇရပ် ကုန်းဆင်း၊ ရုပ်ရှင်ရုံနားမှာလေ..။
အိမ်က အဘ(အဖေ)ဆိုလည်း ညနေတိုင်း အဲဒီနားက ကင်းတဲသွားပြီး စကားစမည် ပြောပြောနေတုန်း..။
ဇရပ်ထဲမှာမိုးကုတ်ကို ဖီးဆင်းတဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ ခုထိ တည်းခိုနေကြတုန်း..။
လေးလေးတူးတို့ လေးလေးဇော်တို့လည်း ခုထိ ကူညီပေးနေကြတုန်းပါပဲ..။ (မေမေအုန်းတော့ ဆုံးသွားတာကြာပြီဗျ..။)
ကျောက်မျက်လုပ်ကွက်တွေနဲ့ ပတ်သက်လို့တော့ အခုဆို ဦးပိုင်ထက် နိုင်ငံတော်နှင့်အကျိုးတူ ဆိုတာတွေ ရှိလာပြီလေ..။ (ပို့စ်တင်မလို့ စိတ်ကူးနဲ့ တို့ထားတယ်)
ဂေါက်ကွင်းကြီးလည်း တစ်ဝက်လောက် ပါနေပြီ..။ ငယ်တုန်းက ပြေးပြေးတက်နေတဲ့ အဲဒီဘေးကတောင်ကြီးတောင် ပျောက်ပြီး ရေအင်းဖြစ်သွားရောပေါ့..။
မြို့သူမြို့သားတွေရဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ကတော့ သိပ်မလျော့လောက်သေးဘူးလို့ ထင်ပါတယ်..။
(လေးလေးတူးတို့ လေးလေးဇော်တို့နဲ့ အမြဲတွေ့တယ်..။ မှာစရာရှိရင် tharphyu.zmh@gmail ကို မေးပို့၊ ဒါမှမဟုတ် ဂျီတော့ အက်လုပ်ပေးရင်ရပါတယ်ဗျ.. ကျနော်သွားပြောပေးပါ့မယ်..။)


သားဖြူ (မိုးကုတ်မီဒီယာ)

September 20, 2007 12:44 AM

****************************************************

အဲဒါနဲ့ ကိုယ်လည်း ၀မ်းသာအားရ..အီးမေးလ်ပြန်လိုက်တယ်။ ကိုသားဖြူ အပါအ၀င် မိုးကုတ်မီဒီယာက လူတွေအားလုံးကို တကယ်ကို လေးစား ချီးကျုးတဲ့ စိတ်နဲ့ပါ။

Sep 20 (1 day ago)

ကိုသားဖြူရေ..
ကွန်မန့်လေး ဖတ်လိုက်ပီး.. မိုးကုတ်ကို တကယ်ပြန်ရောက်သွားတယ်။ အရမ်းလည်း ၀မ်းသာ ပါတယ်။ လေးတူး တို့ လေးဇော် တို့ ကို အမြဲအမှတ် ရ နေကြောင်း ပြောပေးပါ။ ဖြစ်နိုင်ရင်..အဲဒီ ပို့စ်လေးကို print ထုတ်ပီး.. ပေးဖတ် စေချင်ပါတယ်။ နှစ်တိုင်း နှစတိုင်း ကျောင်းသူ -သား တွေ အမြဲလာနေတော့.. သူတို့လည်း ဘယ်သူ ဘယ်ဝါ ဘယ်မှတ်မိ နိုင်တော့ မလဲ နော်။ ဒါပေမဲ့.. မိုးကုတ်မြို့လေးရဲ့ချစ်စ၇ာ တွေ..စေတနာတွေ.. အမှန် တရားတွေကို တစုံတယောက်က.. အသိအမှတ်ပြု ဖြန့်ဝေ ပေးတယ် ဆိုတာလေး သူတို့ သိသွား ရင် ၀မ်းသာ မလားလို့ပါ။ တို့တွေ ရောက်ခဲ့တာ ၁၉၉၆ လောက်ဖြစ်မယ်..။ အတိအကျ တော့ မမှတ်မိတော့ဘူး။ အဲဒီ ဇရပ် ရှေ့က တူရိယာ တွေ ထားတဲ့ နော်ဇရပ် တခု ရှိသေးတယ်လေ.. အဲဒီထဲမှာ ..စန္ဒယားတီးပီး သီချင်း ဆိုကြတာ လည်း ..အမြဲ အမှတ်ယ နေတယ်။ လေးဇော်တောင် တခါ တီးသေးတယ် ထင်တယ်။ အမှတ် ရ ဆုံးကတော့.. ၀မ်းဒဖူး..ပါပဲ။

နောက်ပီး..တခုပြောချင်တာက..မိုးကုတ်မီဒီယာ ရဲ့ လုပ်ဆောင်ချက်တွေ ဟာ တကယ်ကို ချီးကျူး ဂုဏ်ပြု ထိုက် တယ် ဆိုတာ..လူတိုင်းပြောနေကြတယ်လေ။ကိုထက်နိုင်..ကိုစိုင်းထွန်းအေး နဲ့ တခြားတခြား လူများကိုလည်း အမြဲ အားပေး ချီးကျူးလျက်၇ှိကြောင်းပြောပေးပါ။

ခင်မင်လျက်
--
Kay Thwe

**************************************************

ဟော... မိုးကုတ်ဇာတ်လမ်းက.. ရေးနေရင်း..ပြောနေရင်းကိုပဲ.. ဒီနေ့ ၂၁ ရက်ညမှာ.. သမိုင်းဝင်ဓါတ်ပုံလေးတွေ တောင်တွေကိုကျော်ပီး..ပြန့် လွင့်လာပြန်ပီ။ အားရ..ပါးရ ရှိလိုက်တာ..မိုးကုတ်ရေ။ အဲဒါနဲ့.. Mogok Courage ဆိုပီး.. ဒီဓါတ်ပုံလေးတွေကို.. အမခင်မင်းဇော်ဆီကနေ.. ထပ်ဆင့် မျှဝေ လိုက်တယ်။ မိုးကုတ် ဆောင်းပါးလေးနဲ့ အတူ တွဲပီး သိမ်းထား လိုက်သလိုလည်းဖြစ်သွားတယ်လေ။





ဒီနေ့ ၂၁ ရက်နေ့ မှာ မိုးကုတ်မြို့လုံးကျွတ် လမ်းပေါ် ထွက် ဆန္ဒပြ ကြပီတဲ့။ စုစုပေါင်း ဦးရေ တသိန်းလောက်တောင် ရှိတယ်ဆိုပဲ။
ကဲ.. ကိုသားဖြူပြောသလို.. မိုးကုတ်မြို့သားတွေ ရဲ့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်ကတော့ မလျော့ဘူးဆိုတာ တကယ့်ကို သက်သေပြခဲ့ ပီ။ လေးစားပါတယ် မိုးကုတ် မြို့လေးရေ။ မိုးကုတ်မြို့ က သံဃာ တော်များကို လည်း ရိုသေ လေးမြတ်လျက်..

သံဃံ သရဏံ ဂစ္ဆာမိ..ပါ ဘုရား။



Share/Bookmark

Mogok Blues

သိခဲ့ဘူး တဲ့ မိုးကုတ် မြို့

ခုတလော..မိုးကုတ်မီဒီယာနဲ့ ကိုသားဖြူ အကြောင်း လေး တွေ ဖတ်မိတယ်။ မိုးကုတ် မီဒီယာ.. တကယ်ကို တာဝန်ကျေ ခဲ့ပါတယ်။ သူတို့ ရဲ့ ဓါတ်ပုံ သတင်း လေးတွေ ဆောင်းပါးလေး တွေဟာ တောင်ကွေ့ ပေါင်း ၉၀ ကျော်ကို ပတ်တက်မှ ရောက်နိုင်တဲ့ ဟို တောင်ပေါ် မြို့လေး ကနေပီး တကမ္ဘာလုံးဆီ ကို မြန်မြန်သွက်သွက် ကလေး ရောက်လာခဲ့ တာ။ မိုးထဲရေထဲ လမ်းလျှောက်နေကြတဲ့ မိုးကုတ်မြို့သူ မြို့သားတွေ နဲ့ ရေလျှံတဲ့ သတင်းဓါတ်ပုံလေး တွေကို ကြည့်ပီး သူတို့ရဲ့ ခံစားချက်ကလေးတွေကို နားလည်နေမိတယ်။ အေးချမ်း လှပ တဲ့ တောင်ခိုးတွေ ဝေနေတဲ့ မိုးကုတ်မြို့လေးဆီ ကို ပြန်ရောက် သွား မိပြန်တယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က .. မိုးကုတ်မြို့လေးကို ရောက်ခဲ့ဘူးတယ်။ တကြိမ် ထက်မက.. ၂ ကြိမ် ၂ခါ ၂နှစ်ဆက် ပီး ရောက်ခဲ့ဘူးတာ ။ ရောက်ယုံတင် ဘယ်က မလဲ....။ မိုးကုတ်မြို့ကြီးကို ၀န်းရံထားတဲ့ အမြင့်ဆုံးဆိုတဲ့ လက်ညိုးတောင်ကြီးပေါ် ကနေ ..ဟောဒီလို မိုးကုတ်မြေကို စီးမိုး ကြည့် ခဲ့ဘူးတာ။



အဲဒီ လက်ညိုး ပုံစံ ထိုးထွက်နေတဲ့ ကျောက်ထွတ် ကြီး ပေါ် မှာ ရပ်ပီး ..အား..ငါဘယ်လိုလုပ် ပီးတော့များ ဒီထိပ်ပေါ် ရောက်လာ တာပါလိမ့်လို့ ငေးမော ယစ်မူး ရင်း ..ဝေးကွာ လှတယ်လို့ ထင်ရပေမဲ့ တကယ့် တကယ်မှာ ရင်ချင်းဆက် နေတဲ့ ကောင်းကင်နဲ့ မြေကြီး ကြားက အနားသတ် တောင်တန်းလေး တွေကို မှင်သက် လို့။


ကြည့်ပါဦး။ ဟိုး အောက်မှာ မိုးကုတ်မြို့ လေးက ငြိမ်ငြိမ်သက်သက်။ သူတို့ ဘ၀တွေ တကယ်ရော ငြိမ်သက်နိုင် ကြ လို့လား။

အဲဒီတုံးက ဘူမိဗေဒ ဘွဲ့လွန်ကျောင်းသားတစု ထူးခြားဆန်းကျယ် လှပါတယ်ဆို တဲ့ ရတနာမျိုးစုံရာ မိုးကုတ်မြေရဲ့ ဘူမိအနေ အထားတွေကို လေ့လာ ဖို့ ရောက်လာကြတာပါ။ ကိုယ်ကတော့ ထုံးစံ အတိုင်း မိုးကုတ်မြေ က လူမူစီးပွား အနေအထား တွေကို ပဲ စူးစူးရဲရဲ စိတ်ဝင်စား နေခဲ့ တယ်။ မရောက်ခင်က တော့ ..အင်း..မိုးကုတ်ဆိုတာ ကျောက်သူဌေးတွေ နေတာဆိုတော့ လောဘ ဒေါသ ရန်မီး အဓ္ဒမတွေ အတော် များ မှာပဲပေါ့။ ကာတွန်းတွေ ရုပ်ရှင်တွေ ထဲကလို မျက်မှန် မဲမဲ ကုတ်အကျီ င်္ ဖားဖား နဲ့ လူကြီးတွေ များမှာပဲ လို့ ထင်ခဲ့မိတာ။ ဘယ်က ပါ့မလဲ။ အသားနီစပ်စပ် လူတွေ မဲကျူတ်ကျုတ်တွေ ၀ါတာတာတွေ အစိမ်းရောင် အကျီ င်္တွေ..အိုး..လူမျိုး ကိုစုံလို့.. အရောင်ကိုစုံလို့ ။



ကိုယ်တို့ ဆရာ က..ရီစရာ ပြောတယ်။ `ဟဲ့ ..မိုးကုတ်မှာလည်း ချဉ်ဖတ် ရောင်း တဲ့သူ ရှိတာပေါ့ ´ တဲ့။ တကယ်လည်း ရတနာမြေ ဆိုတဲ့ မြို့လေးမှာ ဗမာပြည်အရပ်ရပ်က အများ သူငါတွေလို ပဲ ကျပ်တည်းလှ တဲ့ နေ့စဉ် ဘ၀ တွေကို ရင်ဆိုင် ဖြေရှင်းနေ ရတဲ့ မြို့ခံလူထု အများအပြား ရှိနေ တာ ..နဲနဲတော့ အံ့သြစရာ။

ကိုယ်တို့ ကျောင်းသားတွေ တည်းတဲ့ ချမ်းသာကြီး ဘုရား ဇရပ် နဲ့ကပ်လျက် တိုက်က အန်တီ ကတောင်.. `အေး...ခု နောက်ပိုင်း စီးပွားရေး လုပ်လို့ မကောင်းတော့ဘူး..ဟေး..´ လို့ ၀ဲတဲတဲ နဲ့ ညည်းရှာတယ်။ သဘော အင်မတန်ကောင်းတဲ့ အန်တီ တို့ လင်မယားက ကျောင်းသား တွေ ကို အစစအရာရာ ကူညီ.. သူတို့ တိုက်ထဲကိုလည်း ၀င်စေ ထွက်စေ ပဲ။ လှပ ခေတ်မှီ တဲ့ တိုက် နဲ့ ဘုရားစင် ဧည့်ခန်းတွေမှာ အလှဆင် ထားတဲ့ နီလာ အရိုင်းတုံး ပတ္တမြား အရိုင်းတုံးကြီးတွေ ကို ငေးရင်း .. သူတို့ရဲ့ တဦးတည်းသော သား မန္တလေး တက္ကသိုလ်ကျောင်းဆင်း က မိုးကုတ်မှာ အလုပ် လုပ်မကောင်းတော့ လို့ မှိုင်းရှုးမှာ တွင်းသွားတူး နေတယ် ဆိုတော့.. ကိုယ်တွေ အတွက် တော့ အထူး အဆန်း တွေချည်း။

အနီး အပါး က အိမ် တွေ က ကိုယ် တို့ ကို မီးငယ် လို့ ခေါ် တော့ ပထမတော့ အူကြောင်ကြောင်..။ နောက်မှ သူတို့ အရပ်အခေါ် လေးတွေကို သိလာရတယ်။ ယောက်ကျား ကြီး တွေဆို လေးလေး လို့ ခေါ် ကြတယ်။ ပီးတော့ အိမ်တအိမ် က ပြန်ပီ ဆို တံခါးဝ ထိ လိုက်ပို့ပီး ..` ဖြေးဖြေး နော်..´ လို့ ပြောလေ့ရှိတာ အရမ်း ချစ်စရာကောင်းတယ်။ ပြည် မ က.. မုန့်ဟင်းခါး ဆိုင်တွေလို ပဲ .. နေရာတိုင်းမှာ ရနိုင်တဲ့ တို့ဖူးနွေး ..သူတို့ အခေါ် `၀မ်းဒဖူး´ တို့ .. ဆန်စီး တို့ ဆန်ဖွယ် တို့ မှိုပေါင်းတို့.. ကောင်းမှကောင်း.. ကြိုက်မှကြိုက်။

ကျောင်းသားတွေ ရေချိုး ရေ ခပ် အစစ အရာရာ ဒိုင်ခံ အကူညီ ပေးတဲ့ ဇရပ် ရှေ့အိမ် က လေးလေးတူး တို့ မိသားစု လေး ဆို တကယ့် မိုးကုတ်သား တွေ ရဲ့ စရိုက် နဲ့ နေပုံထိုင်ပုံ အတိုင်း ပဲ။ လေးလေးတူး ရော သူ့ညီ .. လေးလေး ဇော် ရော အသက် ၅၀ ကျော် လူပျို ကြီးတွေ။ မကျန်းမာ တဲ့ အမေအို ကြီးကို ပြုစု ရင်း မိရိုးဖလာ ကျောက် ထု ပန်းပု လုပ်ငန်း ကို လုပ်ကြတာ။ သူတို့ လက်ရာ တွေက အမေရိကန် နဲ့ ဥရောပ ဈေးကွက် ထိတောင် ပို့ရောင်း ရတယ် ဆိုပဲ။ ပြည်ပ ရောက် ဗမာ ကုန်သည် တချို့ လာ လာယူတယ်ပြော တာပဲ။ ညဖက် ဆို ကိုယ်တို့ ကျောင်းသား တသိုက် လေးလေးတူးတို့ မီးဖိုချောင် ထဲမှာ ဖယောင်း တိုင်လေး တွေ ထွန်းပီး ဘီဘီစီ တို့ ဗီအိုအေ တို့ နားထောင်ကြ နိုင်ငံရေးတွေ ပြောကြပေါ့ ။ တလ ကြီးတောင် နေရ တာဆိုတော့ ပြည်မက သတင်း တွေကို အဆက် အသွယ် မပြတ် ချင်ဘူးလေ။ ထူးထူး ခြား ခြား မီး လွှတ် တဲ့ နေ့တွေဆို တီဗီလေး ဘာလေး ခဏ တဖြုတ်ကြည့် ကြ။ အရမ်း ခင်စရာကောင်း တဲ့ မိသားစု တွေပါ။ ( မိုးကုတ်မှာ အဲဒီ အချိန်ထိ ပြည်မကလို တရားဝင် လျှပ်စစ် ဓါတ်အား ပေး လိုင်း တွေ မရှိပါ) တခါတော့ လေးလေးတူးက သူ့ အတွေ့အကြုံ တခု ကိုပြောပြတယ်။ မိုးကုတ် မြို့ပြင် တနေရာ မှာ အဖိုး မဖြတ် နိုင်တဲ့ နီလာကြီး တတုံးကို သူကောက်ရ ခဲ့ဘူးတယ်တဲ့။ အရိုင်းတုံး ကို ရ တာမဟုတ်ဘူး နော်။ တကယ့် အပြည့် အစုံ အကွက်ဖော် သွေးပီးသား သိန်းထောင်ပေါင်းများစွာ တန်နိုင်မဲ့ ကျောက်ကြီးတဲ့။ အဲဒါ နဲ့ သူ့မှာ တပတ်လောက် ချိတုံ ချတုံ ဘာလုပ်ရမှန်း မသိ ဖြစ်နေပီး နောက်ဆုံး တော့ ပိုင်ရှင် ကို ပြန်ပေး လိုက်နိင်တယ်တဲ့။ ကိုယ် တို့ တသိုက်က အော်တာပေါ့။ `ဟာ..လေးတူးက ဘာလို့ ပြန်ပေးလိုက်တာ လဲ..´ ဘာပဲ... ညာပဲ ပေါ့။ လေးလေးတူးက ပြုံးပြုံးကြီး နဲ့ ပြောတယ်။ ` အယ်..ငါလဲ လိုချင်တာပေါ့ ကွ..ဒါမင့် ပိုင်ရှင် နေရာ ကတွေးလိုက် တော့ သူ့ခမျာ အတော် နှမြော ရှာ မယ် ဆိုပီး ..မရ ရ အောင် စုံစမ်းပီး လိုက်ပေး လိုက်တာ..´တဲ့။
ကဲ.. အဲဒါ တကယ့် မိုးကုတ်သား စစ်စစ် တွေ။

တကယ်တော့ မိုးကုတ်သူ မိုးကုတ်သား တွေဟာ .. သဘာဝ ကပေး တဲ့ ရတနာ မြေပေါ် မှာ.. အေးအေးချမ်း ချမ်းနေ ထိုင် ကြရင်း .. ရတနာ လုပ်ငန်း ကို သူ့ ကံ ကိုယ့်ကံ အလျောက်.. ပုံသဏ္ဍန် အမျိုး မျိုး .. အတိုင်း အဆ အမျိုးမျိုး နဲ့ ဘိုးစဉ် ဘောင် ဆက် လုပ်ကိုင် စားသောက်ခဲ့ကြ ပုံပါ။ တချို့ လည်း ဂျစ်ကားလောက် နီလာ အိုးကြီး တွေ့သွားလို့ ဆက်သက်လောက် ချမ်းသာ တဲ့ သူဌေးကြီးတွေ။ တချို့လည်း ထမင်းစား ကျောက် လောက် ပဲ ပုံမှန် ထွက် တဲ့ တွင်း လေး တွေ စုစပ် လုပ်ကိုင် ကြသူတွေ။ ကျောက်သွေး ခုံ ထောင်ထား တဲ့ သူတွေ။ ဌါပွဲ မှာ ၀ယ်ရောင်း လုပ်တဲ့ လက် လှည့် ကျောက်ပွဲစား တွေ။ အမျိုးမျိုးပေါ့။ အကုန်လုံး လိုလို ကတော့ ကျောက် အရောင်း အ၀ယ်ကို အနဲ နဲ့ အများ တော့ ယဉ်ပါးသူ တွေချည်းပါပဲ။

ဒါပေမဲ့ သူတို့ တွေရဲ့ စီးပွားရေး တွေ နေ့စဉ် ဘ၀ တွေ ဟာ.. ၁၉၆၂ ခု နှစ် နောက်ပိုင်းက စလို့ တဖြည်းဖြည်း ပြောင်းလဲ လာလိုက်တာ... ၁၉၉၀ နောက်ပိုင်း နှစ်တွေဟာ အသိသာဆုံးပဲလို့ ပြောပြကြတယ်။ ၁၉၆၂ ခုနှစ် ပြည်သူ ပိုင်တွေသိမ်း တော့ တအိမ်တက်ဆင်း လိုက်ရှာ ခံရတာ ဆိုပဲ။ ခုနောက်ပိုင်း ဦးပိုင် လိမိတက် ဆိုတာ ကြီး မိုးကုတ်ကို ရောက် လာ တော့ အခြေ အနေ တွေ ပိုကျပ်တည်း လာတယ် တဲ့။ ကိုယ် တို့ ကျောင်းသားတွေ လေ့လာရတဲ့ နံမည် ကြီး ကျောက် အထွက် ဆုံး တွင်း ကြီး တွေ ဆိုလဲ ဦးပိုင် က ပိုင် တာတွေချည်း ပဲ။ အရင်သတ္တု တွင်း ၀န်ကြီးဌါန လက်အောက်က မြန်မာ့ ကျောက်မျက် ကော်ပိုရေးရှင်း ဆိုတဲ့ ဌါန လည်း အသာ ချောင်ကပ်ပီး မီးစင် ကြည့်က နေတာ ကို မြင်ခဲ့ရတယ်။ ကိုယ်တို့ ကျောင်းသားတွေ က..` ဟာ ဦး ပိုင် ဆိုတဲ့ အဘိုးကြီး တော့ ..တော်တော်ချမ်းသာ မှာပဲနော်..´ လို့ နောက်ပြောင် ပြော ကြပေမဲ့ ... အဲဒီ ဟာသ က.. မိုးကုတ် မြို့သား တွေ အတွက် တော့ လုံးဝ ရီစရာ မကောင်းခဲ့ ဘူး။

ကိုယ်တို့ လေ့လာ ရတဲ့ အကြီး ဆုံး တွင်းကြီး ဆို... တနေ့ ကို ရတနာမျိုးစုံ ကရက်ချိန် ၂၅၀ လောက် တောင် ထွက်တာတဲ့။ အဲဒါ တနေ့ထဲ တင်နော်။ ကံကောင်းတော့ ကျောင်းသားတွေ ကို အထူးအခွင့် အရေးအ နေ နဲ့ အဲဒီ တွင်း ကြီး ကနေ ရတနာ တွေ အဆင့် ဆင့် ထုတ်လုပ် ပုံ ဈေးကွက် ပို့ပုံ တွေ ကို လေ့လာခဲ့ ရတယ်။ သူ တို့ ရဲ့ အကျိုးတူ အစုစပ် လုပ်ကိုင်ပုံ တွေ ကိုလည်း မျက်စိလည် ခမန်း သိခဲ့ရတယ်။ သဘော ကတော့ ဒေသ တခု လုံး က အထွက်ကောင်း တဲ့ နေရာ မှန်သမျှကို ဦးပိုင် က ဘာအကြောင်းပြချက်မှ ပေးစရာ မလိုပဲ သိမ်းလိုက်တယ်။ ပီးမှ အကွက် တွေ ပြန်ခွဲ ရိုက်ပီး ပုဂ္ဂလိက လုပ်ငန်းရှင် တွေ ကို လေလံ ပြန်ဆွဲတယ်ပေါ့။ ဒါပေမဲ့ အပြတ် ပေးဆွဲ လိုက်တာ လည်း မဟုတ်ပြန်။ အဲဒီ လုပ်ငန်း ရှင် က ငွေ အား လုပ်အား စိုက် တူးပေရော့။ ကြိုက်သလောက်တူး ။ တတောင် လုံးပြိုချင် ပြိုသွားပစေ။ ပီးရင်သာ ထွက်လာ တဲ့ အထဲက ဦးပိုင် ကို ရာခိုင်နှုံး နဲ့ ပြန် ခွဲပေး။ နံမယ်နဲ့ လိုက်အောင်ကို ပိုင်ပါပေတယ်။ ဘာ မှ ကို လုပ်စရာ မလိုဘူး။ အချိန် တန် လိုက်သိမ်းယုံပဲ။ ဒါပေမဲ့ စီမံ ခန့်ခွဲ ဖို့ နဲ့ ..လုပ်ငန်းရှင် တွေ လူလည် မကျ နိုင်ေ အာင် ကြီးကြပ် ဖို့ ကိုတော့ ရိုးရိုး စစ် သည်က စလို့ တပ်ကြပ်..ဗိုလ်မှူး အထိ အဆင့် ဆင့် တာဝန် တော့ ယူရတာပေါ့။

အဲဒီ လုပ်ကွက် ကြီး မှာ.. လုပ်ငန်းရှင် က တရုတ်လူမျိုး ..ဗမာ စကား သိပ် မရေ လည်..အရွယ်လည်း သိပ်မကြီးသေး။ ဒါပေမဲ့ ဘယ်သူ့ ကို ဘယ်လို ကျွေးပေါင်းရမလဲ ဘယ်လို ကိုင်တွယ် ရမလဲဆို တာ ကျွမ်း မှ ကျွမ်း။ ကျောင်းသား တွေ ဆိုလည်း အထိုက် အလျောက်။ ပင်ပေါင် ခုံလောက် ရှိတဲ့ စကာ ကြီး ထဲကို ဗြုံး ခနဲ..ဝေါခနဲ ..ကျလာတဲ့ လတ်လတ် ဆတ်ဆတ် ကျောက်ရောင်စုံ တွေကို ..ကဲ နင်တို့ ရွေးစမ်း ဆို တော့ ကိုယ်တို့ မှာ လက်တွေ တောင် တုံလို့။ သူငယ် ချင်း တယောက် က..`ဟောဒီမှာ ´ လို့ ဇာဂနာ နဲ့ ညှပ် ဖမ်းလိုက်တဲ့ ဇီးစေ့ လောက် ပတ္တမြား ကြီး ကို..၀မ်းသာ အားရ ပြ တော့.. ခပ်တည်တည် နဲ့ ယူကြည့်ပီး.. ` နင် ..ဒီနေ့ ရေချိုးမလာဘူးထင်တယ်´ တဲ့။ ကျောက်က အထဲမှာ မစင်လို့ တဲ့လေ။ သူတို့ ဆီမှာ ..အယူလည်း တအား သီးကြတာ။

အဲဒီ လုပ်ကွက် ကြီး က တကယ့် အကျယ်ကြီး။ ပီး တော့ မြို့ထဲ အကွက်အကွင်းနေရာမှာ။ ဘေးကပ် လျက်က မိုးကုတ် ဂေါက်ကွင်း ကြီး ကလဲ လှမလှ။ အဲဒီ ဂေါက်ကွင်းကြီး ကို တောင် တဖြည်း ဖြည်း နဲ့ သိမ်းတော့ မယ်ဆိုလား ( အခု ဆို..ရှိတောင် ရှိသေးလား မသိ)။ ပတ်ပတ်လည် သံဆူးကြိုး တွေခပ်ထား တဲ့ ၀န်းကျယ် ကြီးထဲ မှာ လည်း ..ခုန ပိုင်ရှင် တရုတ်ကြီး ရဲ့ တူသား..တပည့်တပန်းတွေ ..ဦးလေး အကို တွေ အများကြီး တွေ့ခဲ့ရတယ်။ ကျောက်ရွေး တဲ့ နေရာနဲ့ အ၀င် ဂိတ်တွေမှာတော့ စစ်သား တချို့ လက်နက်အပြည့်အစုံ နဲ့ စောင့်ကြပ်နေ ကြတယ်။ အားလုံး ကတော့ ရီရီမော မော လုံးလုံးထွေးထွေး ပုံစံတွေပါပဲ။

အဲ...အဲဒီ လုပ်ကွက် ကအပြန် .. စည်း ရိုး အပြင် အနောက်ဖက် ခပ်ကျကျ တနေရာမှာ တော့..အထဲ ကနေ ဗြုံး ( သဘာဝ အတိုင်းထွက် လာတဲ့ ကျောက် နဲ့ မြေစေး အရော အနှော ) တွေကို အထပ်ထပ် ဆေးကြော ထားတဲ့ ရေ တွေ စီးထွက် လာတဲ့ ရေ နီမြောင်း ကလေး ။







လူတွေ ..လူ တွေ..။ ဆူ ညံလို့...။ တန်း စီလို့..။ တွတ်တိုးလို့... ။ သနပ်ခါး အ ဖွေးသား နဲ့ ကလေး တွေ..မိန်း မတွေ..ကောင်လေး တွေ .. အရွယ်စုံ.. အရောင်စုံ။ အဲဒီ ရေ နီတွေ ထဲ မှာများ အထဲ က တရုတ် ကြီး မိသားစု တွေ အထပ်ထပ် ဇကာ ချ တဲ့ ကြား ထဲက..ကံကောင်း ထောက်မ.. အပေါက် ချော် ပီး ရေ နဲ့ မျော ပါလာ မဲ့ ကျောက် သေး သေး လေး တွေကို .. စိတ် ရှည် လက် ရှည် စောင့်ပီး ကျင် ယူ နေကြ တာလေ။ အမယ် .. သူ ဟာ နဲ့ သူ တော့ အလုပ် ကို ဖြစ် လို့။ ကလေး လေး တယောက် ဆို ..သွား မေးကြည့်တော့. တနေ့ကို ပျှမ်း မျှ အိမ် ဟင်းဖိုး တော့ ရတယ် တဲ့။

နေ့ လည် ၃ နာ ရီလောက် ကျ.. တခါ.. မြို့ထဲ က ..ဦးပိုင် ရုံးကို သွား ကြည့်ခွင့် ရ ပြန်တယ်။ နေ့ တိုင်း နေ့တိုင်း နေ့လည် ၂ နာ ရီ လောက်ဆို တမြို့ လုံးက လုပ်ကွက် တွေက ရသမျှ ကျောက် တွေ ကို သေချာ .. ချိတ်ပိတ် ထုပ် ပိုး ပီး စစ်ကား အစောင့် အရှောက် နဲ့ ..ခု ဦးပိုင် ရုံး ကို လာ ပို့ ကြ ရ တယ် တဲ့။ ကိုယ် တို့ အဖွဲ့ တွေ ရောက်သွားတော့ .. လုံလုံ ခြုံ ခြုံ အခန်း တခု ရဲ့ အလယ်.. စားပွဲ အကြီး ကြီး တခု ပေါ် မှာ ..အထုပ် တွေ..အထုပ်တွေ...။ မိုးကုတ် မြို့ က ထွက် တဲ့ တနေ့စာ ရတနာ တွေလေ။ အဲဒီ စားပွဲ ကြီး ကို ၀ိုင်း ထိုင် နေတဲ့ လူ ကြီး လေး ငါး ခြောက် ယောက် က.. စာ ရွက် ကြီး တရွက် ပေါ် မှာ မှတ် တဲ့သူ က မှတ်။ တချို့ အထုပ် တွေကို ဖြည် တဲ့ သူ က ဖြည်ပေါ့။ လုပ်ကွက် တခု ချင်းက လာ တဲ့ ကျောက်တွေကို စာရင်း ဇယားနဲ့ အရေ အတွက် ကိုက် မကိုက် စစ်ဆေး ကြ တယ် ထင်တာပဲ။ ဘေး က ..လိုက်ရှင်း ပြတဲ့ လူ ကြီး ကပြော တာတော့.. အဲဒီ အဖွဲ့မှာ ..မြို့မိမြို့ဖ ထဲက တချို့ရယ်.. မြန်မာ့ ကျောက်မျက် ကော်ပိုရေး ရှင်း က ..တာဝန် ရှိသူ ရယ်... ဦးပိုင် က တာဝန် ကျ ဗိုလ်မှုးရယ် ..ရာဖြတ် တချို့ ရယ် ..အဲလို..အဲလို.. ဖွဲ့ ပီး စစ်ဆေး လက်ခံ တာလို့ ရှင်းပြတယ်။ ကိုယ် တို့ တွေက တော့ ခပ်လှမ်း လှမ်း ကပဲ..ကဲ ကြည့်ရတာပါ။ ပီး တော့မှ.. အား လုံး ရဲ့ ရှေ့မှာ အာမခံ သေတ္တာ ထဲ ထည့်.. တပတ် တခါ ဆိုလား.. ချာတာ လေ ယဉ်နဲ့ ရန်ကုန် ကို တန်းပို့ ရ တာတဲ့။

အဲဒီတော့ သဘော ကတော့..မိုးကုတ် မြို့ ကထွက် တဲ့ ကျောက်မျက် ရတနာ တွေဟာ မိုးကုတ်မြို့သား တွေအတွက် .. မျက်စိနဲ့ မြင် ရဖို့ နေနေသာသာ အနံ့ တောင် ခံချိန် မရ ပဲ.. မြန်မာ့ နှစ် လည် ကျောက်မျက် အရောင်းခန်းမ ထဲကို ရောက်သွား တာပါ။ ဆိုက်ဆိုက် မြိုက်မြိုက် အဖိတ်အ စင် ..အကြွင်း အကျန် မရှိပဲ ..ရောက်သွားလို့.. နိုင်ငံ ဘဏ္ဍာ တွေ တိုးတယ် ဆိုရင် ပဲ..ကျေနပ် ရမှာပေါ့။ မိုးကုတ် မြို့ က တချို့ ကုန်သည် တွေကတော့ ရောင်းဖို့ဝယ်ဖို့ ကျောက် ကို ရန် ကုန်ပြန် ဆင်း ၀ယ်ရ ကြပါ သတဲ့။ တချို့ လဲ.. ဝေးဝေး လံ လံ မသွားနိုင် ရင်..ခိုးတွင်း တွေက ထွက် တဲ့.. တချို့ တွင်း ကြီး တွေက လျှော ထွက်လာတဲ့ မှောင် ခို ကျောက်ကလေး တွေကိုပဲ.. ရ သလောက် ရောင်းကျ ၀ယ်ကျပေါ့။ ခိုး တွင်း ဆိုတာ တကယ်တော့ .. မတရား အမြတ်ထုပ် မခံနိုင်တဲ့ မိုးကုတ်သား တချို့က..မထင်မရှား နေရာတွေ မှာပဲ ဖြစ်ဖြစ်.. လိုင်စင် ရ တွင်းတွေ နဲ့ မသိမသာ ရောနှောပီး တော့ပဲ ဖြစ် ဖြစ်.. တရားမ၀င် ခိုးလုပ် ကြ တာပါ။

အလွှာ အစုံစုံ က မိုးကုတ်မြို့ ခံ တွေက တော့ သူတို့ မြို့လေး ကို ရောက်လာတဲ့ အနယ်နယ် အရပ် ရပ် က လူစိမ်း လူကျက် ..မှန် သမျှကို သင့်တင့်လျှောက်ပတ် အောင် ကြည့် ကျက်ပေါင်းရင်း .. တော်လှန်ရေး တေး သီချင်း တွေကို တိုးတိုးတမျိုး ကျယ်ကျယ် တမျိုး သီဆို နေ တတ်ကြတယ်။ အံ့သြစရာ ကောင်း တာက.. မိုးကုတ် မြို့ က အိမ်တိုင်း လိုလို မှာ .. ဆင်းရဲချမ်းသာ မရွေး ဒေါ်စု ဓါတ်ပုံ တွေ ချိတ်ဆွဲ ထား ကြတာပဲ။ ဒေါ် စု ရဲ့ နယ် လှည့် စည်း ရုံးရေး ခရီး စဉ် တိုင်းလိုလို မှာ.. မန္တလေး မတ္တရာ စဉ့်ကိုင် တို့ကို ကျော်ပီး မိုးကုတ် မှာ ..ထူးထူးခြားခြား သောင်းသောင်းဖျ ဖျ ရှိလွန်းတာကို သတိထား မိနေတယ် ။ တောင်ပေါ် မြို့လေးမှာ အေးအေးချမ်းချမ်း နေထိုင်ရင်း ရောင်းရေးဝယ် တာတွေ နဲ့ ချည်း နစ်မွန်းမနေပဲ နိုင်ငံရေး အသိအမြင် နိုးကြား လွန်း တာက တော့ ..အင်မတန် စိတ် ၀င်စားဖို့လည်းကောင်း.. ချီး ကျူးဖို့လည်း ကောင်းလှပါတယ်။

ချမ်းသာ လွန်း လို့ အနိုင်ယူ အပိုင် သွင်း ချင် သူ တွေ ၀ိုင်းနေ တဲ့ မိန်းမ တယောက်လိုပဲ သူ့ရဲ့ ပြည့်စုံ ကြွယ်ဝ လွန်းတဲ့ ဂုဏ်သတင်း ကြောင့် ခေတ်အဆက် ဆက် ..ပိုင်းလုံး ကျ ခံရတာတွေ အနိုင်ကျင့် ခံခဲ့ ရ တာတွေက .. စိတ်မကောင်း စရာ။

မိုးကုတ် မြို့ အ၀င် က သမိုင်း ၀င် ဒေါ် နန်း ကြည့်တေင် နဲ့ ပတ္တမြား ငမောက်ရဲ့ သမိုင်းကိုပဲ ကြည့်လေ..။ သူ့ဖာသူ တောင်ယာခုတ် နေတဲ့ ငမောက် ခမျာ သူ့ခြံထဲမှာ တွေ့တဲ့ ပတ္တမြား ကြီး ကို တ၀က် ခြမ်းပီး ရောင်းလဲရောင်း ရေမြေ့ရှင် ကိုလည်း ဆက်သ ပါရဲ့ နဲ့.. အကုန် မပေး ရ ကောင်း လား ဆိုပီး ရွှေစဉ် မျိုး ဆက် မီး တင် ရှို့ လို့ အမ လုပ်တဲ့ ဒေါ် နန်း ခမျာ လွတ် အောင် ပြေး ရင်း မိုးကုတ် အ၀င်က ..တောင် ကြီး ပေါ် ကနေ.. ဟိုး မင်း နေပြည်က မောင် လုပ်သူနဲ့ မိသားတစု ကွပ်မျက် ခံရ တာကို လှမ်း မျှော်ရင်း ရင်ကွဲ နာ ကျ ခဲ့ရ သတဲ့။ ရေ မြေ့ရှင် တို့များ.. စိတ်ကြီး ပုံ ကတော့။

ငယ်ငယ်တုံး က ပထ၀ီမှာ ဗမာပြည် မြေပုံ ဆွဲ ရတိုင်း.. ရှမ်းပြည်နယ် လိုင်း ကိုဆွဲ ရင်.. ဒီနေရာ လေး က ဘာလို့ အချိုင့် ခွက် လေး ဖြစ် နေပါလိမ့် လို့ တွေး ခဲ့ရတာ။ အော်.. မိုးကုတ် မြေရယ်.. မင်း ကို ဘယ်သူ ပိုင် လဲ တော့ မသိ.. ရွှေစွန် ညို တွေ လင်းတ တွေ က တော့ တ၀ဲ လည် လည်။ မင်း ရဲ့ ကိုယ် ခန္တာပေါ် မှာ လည်း ဒဏ်ရာ တွေက ပြည့် လို့.. အနာ အဟောင်းတွေ ကလည်း မကျက် နိုင်..။ အနာ အသစ် တွေကလည်း ဟော တခု ..ဟော တခု။ ဟောဒီ မှာ ကြည့် ပါဦး ... အနာ ပေါက် ကြီး တွေက ဟောင်းလောင်း ။










နာ ကျဉ် စွာ ငို ညည်း နေတဲ့ မင်း ရဲ့အ သံ တွေ ကို လည်း ကြားမှ ကြားကြရဲ့ လား။ မင်းကို ချစ် တဲ့ မြို့သူ မြို့သား တချို့ ကတော့ .. မင်းနဲ့ အတူ တူ .. ခပ်သဲ့ သဲ့ ရှိုက် လို့။ ` ဖြည်း ဖြည်း နော်..´ လို့ဘယ်လောက်ပဲ ပြောပြော .. ဘယ်သူ မှ မကြားနိုင် ကြ ပါလား နော်။



Related Links


မိုးကုတ်ရေကြီး သတင်း ( မိုးကုတ် မီဒီယာဘလော့)

စားကျက်ပျေက်သွား တဲ့ မြို့ကလေး ( အောင်ချမ်းသာ ဘလော့)

ပတ္တမြား ငမောက် ( ဇော်မိုးအောင် ဘလော့)



Share/Bookmark

Free Education and Education Free



ကာတွန်း - ကလျာမိတေ


Share/Bookmark

Who is the Guradian of Righteousness



ကလျာမိတေ ရဲ့...ကာတွန်းကို.. ဒီကနေ ယူလာပါတယ်။


( တရားစောင့်နတ်မင်းကြီးရေ.. ထိုင်စောင့်မနေပါ နဲ့.. သွားပီးလုယူပေးပါတော့။)




Share/Bookmark

East, Autocracy, Lee Kwan Yew

အရှေ့တန်ဖိုး .. အော်တိုကရေစီ .. လီကွမ်ယူ

စင်ကာပူလမ်းလျှောက်ပွဲကတဆင့်..အာဆီယံအကြောင်းတွေးမိသည်။..မိုးသီးဇွန်ရဲ့..နာခံမူကို ဆန်းစစ်ခြင်း စာအုပ်ကိုဖတ်ဖြစ်သည်။ တမြန်နေ့ကပဲ..ကောက်လှန်ဖြစ်သော ၂၀၀၇ ဇွန်လ ထုတ် တိုင်းမ်စ်မဂ္ဂဇင်းပါ တဟုန်ထိုးစင်ကာပူ Soar Singapore ဆိုတဲ့ဆောင်းပါးကို နဲနဲမြည်းကြည့်သည်။ အဲဒီလိုနဲ့.လီကွမ်းယူဆိုသော..အောင်မြင်ကြီးကျယ်သော..စင်ကာပူနိုင်ငံ၏ဖခင်ကြီးအကြောင်း ဆန်းစစ်ကြည့်ဖို့.လုံလောက်သော အတွေးများရလာခဲ့သည်။

အောင်မြင်သူ

လီ..တကယ်ကိုအောင်မြင်ပါသည်။..စင်ကာပူအမျိုးသားနေ့လူထုအလှပြပွဲခင်းကြီးရဲ့အလယ်.. ပီသုံးလုံးပါတီရဲ့ အဖြူရောင်တူညီဝတ်စုံဆင်မြန်းထားကြသော.. တပည့်တပန်းများကြားမှာ.. ပြုံးပြုံးကြီး..ကျေနပ်နေသော..သူ့မျက်နှာသည်..မနာလိုချင်စရာကောင်းလောက်အောင်ကို.. ၀င့်ထယ်လှပါသည်။ ကြည့်ပါဦးလေ။ တိုင်းပြည်ကြီးကလည်း ပြည့်စုံလို့။ သားကြီးသြရသကလည်း သူ့အရိုက်အရာကိုဆက်ခံလို့။ သားငယ် သမီးငယ်တွေကလည်း..တိုင်းပြည်ရဲ့အရေးကြီးတဲ့..တာဝန် တွေကို အသီးသီးထမ်းဆောင်လို့။ ထက်မြတ်တဲ့ ငယ်ပေါင်းကြီးဖော် ဇနီးသည်ကလည်း အသက်ရှည်ရှည်..ခင်ခင်မင်မင်ဆိုသလို။...ပါလီမန်ကြီး တခုလုံး ကိုလည်း..ဂုဏ်ထူးဆောင်ရာသက်ပန်နာယကကြီးအဖြစ်နဲ့..မီးသေတုံး။ အင်..ကျန်သေးတယ်..၀န်ကြီးချူပ် ကတော်..ချွေးမကလည်း တနိုင်ငံလုံးရဲ့စီးပွါးရေးအချူပ်အခြာပိုင်ဆိုင်မူတွေကို..ထိန်းချူပ်ထားတဲ့...တီမားဆပ်.ဦးပိုင်လိမိတတ်ကြီးမှာ..ဥက္ကဠ။...မကြာသေးခင်ကမှ..အမေရိကန်အခြေစိုက်..ဓန..Fortuneမဂ္ဂဇင်းကြီးကနေပီးတောင်..ကမ္ဘာ့..နံပတ်သုံး..အအောင်မြင်ဆုံး..စီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးအဖြစ်..်ရွေးချယ်ခံလိုက်ရသေး။ ဒီလိုဘ၀မျိုးကိုမှ..အောင်မြင်ကြီးကျယ်တယ်မခေါ်လျှင်..ဘာကိုခေါ် ရတော့မလဲ။

အရှေ့တန်ဖိုးနဲ့..အနောက်တန်ဖိုး

မိုးသီးဇွန်ရဲ့..နာခံမူကိုဆန်းစစ်ခြင်းစာအုပ်မှာ..ဗမာလူမျိုးတွေ..တလျှောက်လုံး....လက်ကိုင်ပြုလာသော..လောကနီတိကျမ်းကြီးကို..ရဲရဲတင်းတင်း..ခွဲခြားသုံးသပ်ပြသွားသည်။...ဗမာလူမူအသိုင်းအ၀ိုင်းထဲမှာ..ဗုဒ္ဒဘာသာနဲ့အတူရောနှောစိမ့်ဝင်လာတဲ့..လောကနီတိရဲ့ကျမ်းရှင်..စဏတျကို..နိုင်ငံရေးဆရာကြီး..အာဏာပွဲစားကြီးအဖြစ်..ခပ်ကြမ်းကြမ်းလေးသရုပ်ဖော်သွားသည်။ ကောင်းပါတယ်။..ကိုယ်ကတော့..ကျမ်းတက်ပေတတ်လည်းမဟုတ်.လောကနီတိကိုလည်း..ဃဃနနမသိသူမို့..သူထောက်ပြသွားတဲ့ အချက်တော်တော်များများဟာ..လက်ခံနိုင်စရာတွေလို့ပဲ..မြင်မိပါတယ်။ စဏတျဟာ..သူ့ရှေ့က..နံမည်ကျော်ကြားခဲ့တဲ့..ကွန်ဖြူးရှပ်တို့..စွန်ဇူတို့လိုပဲ ..အရှေ့စံနှူန်းတွေကို နိုင်ငံရေးနဲ့လူမူရေးနယ်ပယ်မှာ သူ့စိတ်ကြိုက်ပြဠန်းသွားခဲ့ပါတယ်။ ခုထက်ထိလည်း..မြန်မာ့အလင်း သတင်းစာမျက်နှာဖုံးမှာ တနေ့တမျိုးတွေ့မြင်နေရဆဲပါ။

တကယ်တော့..၆၀၀ဘီစီနဲ့...၃၀၀ဘီစီအကြား..အရှေ့တိုင်းမှာ..ကွန်ဖြူးရှပ်တို့..စွန်ဇူးတို့..ခု..စဏတျ တို့လိုပညာတတ်ပုဂ္ဂိုလ်ကြီးတွေရဲ့..အရှေ့တိုင်းစံနှူန်းတွေ...ထွန်းကားခဲ့တာနဲ့.မရှေးမနှောင်းဆိုသလိုပဲ..ဆိုကရေးတီးတို့လို..ပလေတိုတို့လို..တွေးခေါ်ပညာရှင်ကြီးတွေကလည်း..ဒီမိုကရေစီသဘောတရား


အပါအ၀င် အနောက်တိုင်းစံနှူန်းတွေကို အုတ်မြစ်တည်ခဲ့ကြပါတယ်။
အဲဒီ..အရှေ့လား အနောက်လား .. ဇတ်လမ်းတွေက ခုထိမပီးသေးပါ။ လီကွမ်ယူအပါအ၀င် ယခု အာဆီယံခေါင်းဆောင်အများက ..ဒီမိုကရေစီဆိုတာ အနောက်တိုင်းတန်ဖိုးသတ်မှတ်ချက်မို့.. ပုံတူကူးချစရာ မလိုဘူးဆိုတဲ့အမြင်များရှိနေကြတယ်။..ဒီမိုကရေစီဆိုသောစကားကိုနိုင်ငံတကာဘောင်ဝင်အောင်...ကြားကောင်းအောင်သာ..အော်နေကြသော်လည်း..တကယ့်တကယ်မှာတော့..ဦးနေ၀င်းကြီးထွင်တဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဆိုသလိုမျိုး...ကိုယ့်နည်းကိုယ့်ဟန်..ဒီမိုကရေစီလုပ်နေကြ ခြင်းပါပဲ။ မိုးသီးဇွန်ပြောသလို.. ပုံဖျက်ထားသောဒီမိုကရေစီ (သို့မဟုတ်) တပါတီတည်းကသာ..ထပ်ပြန်တလဲလဲ အာဏာရနေသော Autocracy အော်တိုကရေစီ များကခပ်များများ ဖြစ်နေကြပါတယ်။
စင်ကာပူကိုပဲကြည့်ပါတော့။ ပီးတော့..သူတို့ အာစီယံနိုင်ငံအကြီးအကြဲတွေ..ဘာလုပ်များ..ဒီလောက်တကမ္ဘာလုံး နားပူနားဆာလုပ်နေတဲ့ မြန်မာနိုင်ငံအရေးကိစ္စကို.. နားထိုင်းနေကြသလဲ။ သိက္ခာတွေလည်း ကျနေတာရစရာမရှိတော့။ ဘာဖြစ်လို့များ ဒီလောက်တောင် ပေတေတေကြီးတွေ ဖြစ်နေကြတာလဲ။ အဲဒီထဲမှာမှ လီကွမ်ယူ ဟာ..ကွန်ဖြူးရှပ်ရဲ့..အရှေ့တိုင်းဥပဒေသတွေကို စံထား ကျင့်သုံးသူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။


လီဟာ အနောက်တိုင်းတက္ကသိုလ်ထွက်ဖြစ်ပီး..အနောက်ကနည်းပညာတွေနဲ့ အနောက်ပုံစံငယ် နိုင်ငံလေး ကိုဖန်တီးနေပေမဲ့..အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကို သတိနဲ့ချည်းကပ်သူဖြစ်ပါတယ်။ ကြုံရင်ကြုံသလိုလည်းဝေဖန်ပါတယ်။ သူဟာမျိုးချစ်စိတ် မာနရှိသူဖြစ်ကြောင်းနဲ့.. westernization ကိုတွန်းလှန်နေသူဖြစ်ကြောင်း မသိမသာမြင်နိုင်ပါတယ်။ စင်ကာပူပါလီမန်ထဲက..ပီသုံးလုံးပါတီဝင်တွေဟာ..ဘယ်တော့မှ..အနောက်တိုင်းဝတ်စုံမ၀တ်ကြပါဘူး။ အမျိုးသားဝတ်စုံလည်းသတ်သတ်မှတ်မှတ်မရှိတဲ့အတွက်..အနွေးထည်လိုလို ဂျာကင်လိုလို အကျီင်္မျိုးကိုဝတ်ဆင်ကြတာ..ပြုံးချင်စရာပါ။.


ကမ္ဘာ့ဇာတ်ခုံပေါ်မှာ..အဲလိုဖော်ပြနည်းမျိုးကို.. ထင်ရှားတဲ့အမေရိကန်ဆန့်ကျင်ရေးသမားတွေဖြစ်တဲ့...ကျူးဘားသမ္မတ Castro အီရန်သမ္မတ..Ahmadinejad..ပီးတော့..ဗမာပြည်က..နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်တို့ပြသခဲ့ကြပါတယ်။ အဲလိုပဲ..အနောက်တိုင်း ဒီမိုကရေစီအသိုင်းအ၀ိုင်းကလည်း လီကို သိပ်ပီးလူရာသွင်းဟန်မပြပါဘူး။ စင်ကာပူနိုင်ငံတိုးတက်အောင်မြင်နေတာ..မြင်နေလက်ခံနေကြပေမဲ့လည်း..လီရဲ့စွမ်းဆောင်ချက် တွေကို ဂုဏ်တင်ချီကျူးလေ့မရှိပါဘူး။

လီကွမ်ယူနဲ့ဗမာပြည်

လီထူထောင်ခဲ့တဲ့ စင်ကာပူနိုင်ငံကြီးနဲ့..ဗမာ့အသိုင်းအ၀ိုင်းကြားမှာ..ဆက်စပ်မူတွေအလွန်များပြားခဲ့ ပါတယ်။ တချို့လဲဆိုတယ်။ စင်ကာပူ မြို့ပြစီမံကိန်းကို ဦးနုရဲ့ပြည်တော်သာစီမံကိန်းက လွှမ်းမိုးခဲ့တယ်ဆိုတာမျိုး။ ဗမာပညာရှင်တွေများစွာနဲ့ စင်ကာပူနိုင်ငံကြီးကို အားဖြည့်ခဲ့ကြတယ် ဆိုတာမျိုးလို။ ခုချိန်မှာလည်း ဗမာ့လူသားရင်းမြစ်တွေကို ပွဲလန့်တုန်းဖျာခင်းပီး..သိမ်းကျူံး ကောက်ထဲ့နေတယ်ဆိုတဲ့အမြင်မျိုး ။ (အကောင်းမြင်မယ်ဆိုရင်လည်း..ရနိုင်တဲ့အခြေအနေပါ)
ပါးစပ်ရာဇ၀င်တွေအရတော့..လီ ဟာ ဦးနေ၀င်းနဲ့ အပေးအယူလုပ်ခဲ့ပီး အရှေ့နဲ့ အနောက် ရေကြောင်း ဆက်သွယ်ဖို့ တူးမြောင်းကြီး တနသာင်္ရီတိုင်းကိုဖြစ်ဖေါက်ဖို့ စီမံကိန်းကို ပယ်ဖျက်နိုင်ခဲ့တယ် လို့လည်း ဆိုကြတယ်။ အဲဒီအတွက်..စင်ကာပူရဲ့ဆိပ်ကမ်းစီးပွါးရေးကြီး အကြီးအကျယ်အကျိုးအမြတ်တွေရခဲ့ပီး
ဦးနေ၀င်းကတော့ မိသားစုပိုင် မြေကွက်တချို့ စင်ကာပူ မှာရခဲ့တယ်လို့ဆိုပါတယ်။

မြန်မာပြည်မှာလည်း...လူကြိုက်များတဲ့...လီကွမ်ယူအတုပတ္တိစာအုပ်ကြီးဟာ..နှစ်လက်မလောက်ထူပါတယ်။ ကိုယ်တိုင်တော့မဖတ်ဘူးပေမဲ့ ကောက်နုတ်ချက်တခုမှာ တွေ့လိုက်ရတာတော့ အဲဒီစာအုပ်ထဲမှာ လီက..


ဦးနေ၀င်းကို ချီးကျူးရေးသားပြောဆိုထားချက်တွေပါတယ်ဆိုတာရယ်... မြန်မာပြည်သားတွေဟာ..ဒီမိုကရေစီနဲ့မထိုက်တန်သေးပါဘူးလို့....သုံးသပ်ထားတယ်ဆိုတာကတော့ အတော်စိတ်ဝင်စားစရာပါ။

ခုန်နေသောပင့်ကူများ

ဘားမားတူဒေးအင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့ဘူးပီး နယူးယောက်အထက်ပိုင်းဗမာလူငယ်များ ရေးသားတဲ့ ခုန်နေသောပင့်ကူများ ဆိုတဲ့ဆောင်းပါးကို စိတ်ဝင်တစားဖတ်ခဲ့ဘူးပါတယ်။ တရုတ်လူမျိုးနွယ်စုတခုဖြစ်တဲ့..ဟက်က(Hakka)ဆိုတဲ့..အဓိပ္ပယ်ရင်းကို....တင်စားဖွင့်ဆိုထားခြင်းဖြစ်ပီး နံမယ်ကျော် ဟက်က လူမျိုးများ အကြောင်း ဆက်စပ်ဖော်ပြထားပါတယ်။ မှတ်မိတာတော့ မော်စီတုန်း လီကွမ်ယူ ဦးနေ၀င်းနဲ့ ထိုင်းဝန် ကြီးချူပ်ဟောင်း သက်ဆင်ရှင်နာဝပ် တို့ပါပဲ။ မျိုးနွယ်ခြင်းတူလို့ပဲလား....စိတ်ဓါတ်ခြင်းတူလို့ပဲလားတော့မသိ..လီဟာ..ဦးနေ၀င်းနဲ့အပေးအယူမျှခဲ့သလို...သက်ဆင်နဲ့လဲ...သတင်းလွေ့ခဲ့ကြပါတယ်။..သက်ဆင်ရဲ့ဘ၀ကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့တဲ့.. ရှင်းကော်ပိုရေးရှင်းအရောင်းအ၀ယ်ကိစ္စမှာ ပါင်ပတ်သတ်နေခဲ့တာဟာ လီတို့မိသားစုချူပ်ကိုင်ထားတဲ့..စင်ကာပူနိုင်ငံရဲ့ထိပ်တန်း တီမားဆက်ဦးပိုင်လီမိတတ်ကြီးပါပဲ။
အကြီးအကျယ်အဝေဖန်ခံခဲ့ရတဲ့....နိုင်ငံဥလျှောင်ကြီးတွေရဲ့ဥပဒေလက်တလုံးခြားလှည့်..အရောင်းအ၀ယ် ကြီးအဖြစ် သမိုင်းတွင်နေပါတယ်။

တဟုန်ထိုးစင်ကာပူ

ဘယ်သူတွေဘာပဲပြောပြော စင်ကာပူကတော့ တဟုန်ထိုး တိုးတက်လာနေပါတယ်။
အခုနောက်ဆုံး Marina Bay Sands ဆိုတဲ့ Casino စီမံကိန်းနဲ့ Sentosa Cove ဆိုတဲ့အထူးအဆင့်မြင့်..(ရိုးရိုးအဆင့်မြင့်မဟုတ်ပါ)..အိမ်ယာစီမံကိန်းသစ်တွေဟာ..နောင်လာမဲ့နှစ်အနည်းငယ်အတွင်းမှာ..စင်ကာပူရဲ့ပုံရိပ်ကို...လုံးဝပြောင်းလဲသွားစေမယ်လို့..ခန့်မှန်းမျှော်လင့်ထားကြပါတယ်။ စင်ကာပူနိုင်ငံမှာ လောင်းကစားခြင်းကို တရားဝင်လုပ်သင့်မလုပ်သင့် ပါလီမန်မှာ အတော်ကြာ ငြင်းခုံနေခဲ့ကြပါတယ်။ နောက်ဆုံး လီက တချက်ပဲဝင်ပြောလိုက်တယ် ။ ဘယ်တရုတ်လူမျိုးဟာ လောင်းမကစားပဲနေမှာလဲကွ ဆိုတော့..ကာစီနိုလောင်းကစားဥပဒေဟာ ချက်ချင်းဆိုသလို အတည်ပြုလိုက်နိုင်ပါတော့တယ်။



(Scale model of the development together with the Singapore skyline on display in the URA Gallery. Source: )


ခုဆို ဗမာလူငယ်တွေလဲ..စင်ကာပူ ကာစီနိုကိုအကြောင်းပြုလို့...ကျောင်းတွေတက်ဖို့လမ်းပွင့်ကြသည်။..အလုပ်အကိုင်တွေတိုးပွါးလာသည်။ ကျောင်းပွဲစားတွေလည်း ပျော်ကြသည်။ ဒါပေမဲ့ လူတွေရင်ထဲမှာ စိုးရိမ်မူတွေရှိနေကြသည်။ လောင်းကစားကြောင့်ရှုပ်ထွေးလာမဲ့...လူမူရေးပြသာနာတွေကိုတွေးပူကြသည်။
ဒါဆိုအရှေ့တောင်အာရှက..ကျောင်းသားတို့ပညာရှာရာ...နိုင်ငံတကာက..ပညာရှင်တို့သာယာ ကြည်နှူးရာ..ဒီကျွန်းကလေးသာ..မကာအိုလိုလူဆိုးဂိုဏ်းတွေများလာမယ်ဆိုရင်..ဘယ်လိုလုပ်ကြ မလဲဆိုတာ..စဉ်းတော့ စဉ်းစားစရာပါ။


( Sentosa Cove Bunglow Model from its website)



လူဆိုးဂိုဏ်းတင်မက.. မီလျံနာတွေလည်းရောက်လာကြလိမ့်မည်။..

Sentosa-Coveမှ အထူးလုံးချင်း အိမ်ယာ များက ဒေါ်လာသန်း ၂၀ တန်အထိတောင်ရှိပါတယ်တဲ့။ သန်း ၂၀ ဆိုတော့..ဘယ်လိုလူမျိုးတွေ...၀ယ်မှာလဲ ဆိုတာ..မေးစရာမလိုပါ။...ကမ္ဘာတ၀ှမ်းက..ငွေမဲတွေ ပေါနေ သော သူဠေးများ..အာဏာရှင်များနဲ့..ရင်းနှီး မြုပ်နှံမည့် သူများသာ ၀ယ်နိုင်ပါလိမ့်မည်။ အဲဒီအတွက်ကြောင့်..နိုင်ငံခြားသား မြေယာပိုင်ဆိုင်မူ ဥပဒေတွေကိုလည်း...မနှေးအမြန်ပင် စီစဉ်လိုက်သည်။


ငွေ နဲ့ သိက္ခာ

လောကမှာ..ငွေနဲ့ သိက္ခာ..ဘယ်ဟာမှန်သလဲ ဆိုရင်..ဖြေဖို့ခက်ပါလိမ့်မည်။ Reality ကဘာလဲ..ငွေရှိမှလူရာ
ဝင်တာ..လူတိုင်းငွေရှိချင်တာပဲ ..မင်းကော ငွေမမက် ဘူးလားလို့ မေးခဲ့ရင် .. အင်း..ဟုတ်သားပဲလို့ ဖြေမိမလား။ ငွေ နဲ့ သိက္ခာ အလဲအလှယ်လုပ်ရမယ်ဆိုရင်တောင်... သိက္ခာတွေ အလိုက်တောင် ပေးဦးမယ့်.လူတွေမရှားပါ။...ဒါပေမဲ့..အသိုင်းအ၀ိုင်းတခုအလယ် ရပ်တည်မူတခုနဲ့. တင့်တယ်စွာ နေချင်သူများ အတွက်တော့ အဲဒီ နာမ်ပုဒ် နှစ်ခုကို ညီမျှအောင်ထိန်းသိမ်းဖို့..အတန်ငယ်ခက်ပါလိမ့်မည်။ ဒီနေ့ခေတ်..ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ human right တို့ humanity တို့ Integrity တို့လို သံတမန် စကားလုံး လှလှလေးများ အတော်အရေးပါလာပါပီ။ အဲဒါကြောင့်..ကမ္ဘာ့အသိုင်းအ၀ိုင်းကြီးက..အာစီယံ ဘယ်လဲ ဘာလဲလို့..တမေးတည်းမေးနေကြသည်။ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဆိုသော အဖြေသည်..မလုံလောက်မှန်း ..မခိုင်လုံမှန်းလည်း..အားလုံးသိကြပါသည်။ သို့သော်....။

လီကွမ်ယူ နှင့် စင်ကာပူနိုင်ငံကရော.. ။ ဆက်စပ်မူတွေများပြားလှသော..အိမ်နီးချင်း မြန်မာနိုင်ငံအတွက်..ဘယ်လို..သံတမန်ရေးရာမူဝါဒတွေကို ဆက်လက်ဆုပ်ကိုင်ထားဦးမလဲ။ မသိကျိုးကျွံပြုစရာများကိုပြု၍..သိသိသာသာအကျိုးအမြတ်ရမည့်ကိစ္စများကိုသာ..အာရုံစိုက်တော့မည်လား။ လီ တယောက် .. ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့များ တက်ေ၇ာက်ယူရာနိုင်ငံတွေမှာလည်း..ဆန္ဒပြမူများ..ကန့်ကွက်မူများ..ရင်ဆိုင် ခဲ့ရဘူးသည်။ အောင်မြင် ကြီးကျယ်သော်လည်း မြင့်မြတ်တည်ကြည်ဖို့များ လိုနေသေးသလားဆိုသော..မေးခွန်းများလည်း ရှိနေပါသေးသည်။

Related Links
http://burmatoday.net/article2005/070121_aungmoewin.swf
http://en.wikipedia.org/wiki/Kra_Isthmus
မိုးသီးဇွန်ရဲ့ နာခံမူကိုဆန်းစစ်ခြင်းစာအုပ် (ရွက်မွန်စာမျက်နှာမှ)




Share/Bookmark

Who explore the roads

ခုတလော..ဗမာပြည်က..အခြေအနေတွေနဲ့ပတ်သတ်လို့..လူတွေအတော်များများ..စိတ်ဓါတ်တက်ကြွလိုက်...စိတ်ဓါတ်ကျလိုက်..ကျသွားတဲ့စိတ်တွေပြန်ကောက်တင်လိုက်..ဘာလုပ်လို့..ဘာကိုင်ရမှန်းလည်းမသိ..ဘယ်သူ့ကိုဘာလုပ်ခိုင်းရမှန်းလည်းမသိ..မောတောတောကြီးတွေဖြစ်နေကြပါတယ်။ ကိုယ်တော့...ဒီစာလေးကိုဖတ်ပီး..နဲနဲလေးနေလို့ထိုင်လို့ရသွားသလိုမို့..ထပ်ဆင့်ကူးပီးဖော်ပြပါရစေ။
အဟင်း..စာရေးသူကလည်း..တခြားဟုတ်ပါဘူး..ကာတွန်းဆရာမလုပ်ချင်တဲ့ကိုယ့်အမပါပဲ။ အဲဒါနဲ့...သူတို့
ဘလော့ကနေ..အတင်းသွားယူလာပါတယ်။ ကျေးဇူးပါပဲ..မိတေဖိုးရေ...

တောင်ပတ်လမ်းဖောက်ကြသူများ

ကျမခပ်ငယ်ငယ်ကပေါ့... လူကြီး တစ်ယောက်ယောက်ကများ “တိုင်းပြည်ကြီးကတော့ သွားပါပြီကွာ၊ ပြင်လို့လည်းရမှာ မဟုတ်တော့ဘူး”လို့ စိတ်ပျက်လက်ပျက် ငြီးငြူသံကြားရင်၊ သိပ်စိတ်ဆိုးမိပါတယ်။ ရင်ထဲမှာလည်း စိုးရိမ်မိတယ်။“သူကတော့ ကြီးပြီကိုး၊ ငါတို့က ဒီတိုင်းပြည်ထဲမှာ ဆက်ပြီးလူလုပ်ရဦးမှာ” လို့လည်း တွေးပူမိပြန် ပါတယ်။

တဖြည်းဖြည်းနဲ့၊ ကျမလည်း အရွယ်ရောက်လို့၊ လူလတ်ပိုင်း ဖြစ်လာခဲ့ပြီ။ လူကြီးဘ၀ ချဉ်းကပ်လာနေပြီပေါ့။ ကျမထက် ငယ်ရွယ်တဲ့ လူငယ်တွေ ရှေ့မှာ၊ အဲလို မျှော်လင့်ချက်မဲ့တဲ့ စကားမျိုးတွေ၊ ဘယ်တော့မှမပြောမိဖို့၊ သတိထားတယ်။ တကယ်လည်း ကိုယ့်ရင်ထဲမှာ၊ မျှော်လင့်စိတ်မွေးတယ်။“ငါတို့ တိုင်းပြည်ကြီး ပြန်ကောင်းလာရဦးမယ်၊ ငါတို့ တိုင်းသူပြည်သားတွေဟာ၊ ကောင်းမွန်တဲ့ စံနစ်အောက်မှာ၊ သာတူညီမျှ အခွင့်အရေးတွေနဲ့ လူတန်းစေ့နေနိုင်မယ့် အချိန်ကို ရောက်ကို လာရဦးမယ် ” လို့ပေါ့။

(၁၉၈၈) လူထုအုံကြွမှုကြီးမှာ၊ ကျမလည်း ကျောင်းသားအနေနဲ့ ပါဝင်ခဲ့တယ်။ ကျမအဖြစ်ကို ၀န်ခံရရင် . . . (၈) လေးလုံးနေ့က၊ ကျမထက်ကြီးတဲ့ အစ်ကိုတွေ၊ အစ်မတွေက၊ “ဒီမိုကရေစီရေး”လို့ တိုင်ပေးတာကို၊ ဘယ်လို ဆက်အော်ရမှန်းမသိခဲ့ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ၊ ထောက်ခံရမယ့် အရာလား၊ ရှုံ့ချရမယ့် အရာလား ဆိုတာတောင် မသိခဲ့တာအမှန်ပါ။(၁၉၉၀) မှာ ရွေးကောက်ပွဲလုပ်တော့ ကျမအသက် (၁၈) နှစ် မပြည့်လို့၊ မဲမပေးခဲ့ရပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လျစ်လျူရှုနေတဲ့ အာဏာသိမ်းစစ်တပ်အစိုးရအပေါ် မကျေနပ်ကြတဲ့ ကျမတို့တွေဟာ၊ တကယ်တော့ . . ပြည်သူ့ဆန္ဒမဲပေးပွဲဆိုတာမှာ၊ တစ်ခါမှ . . . မပါဝင် မဆင်နွဲဘူးတဲ့သူတွေ အများကြီးပါ။စကားလုံးကြီးကြီးကျယ်ကျယ်တွေ ပြောတတ်တဲ့ ကျမသူငယ်ချင်းကို “ဟင်း . . မွေးကတည်းက တစ်ခါမှဖြင့် မဲမပေးဖူးနဲ့” လို့ ကျီစယ်ရင်၊ သူက “အဲတာကြောင့် ပိုစိတ်တိုရတာပေါ့ဟ” လို့ ပြန်ပြောတတ်ပါတယ်။

အချိန်တွေ၊ အတွေ့အကြုံတွေ၊ တော်တော်တန်တန်ရယူ ဖြတ်သန်းပြီးတဲ့ အခုအရွယ်မှာလည်း၊ ကျမရဲ့ မျှော်လင့်ချက်တွေ၊ အယူအဆတွေ အများကြီး ပြောင်းလဲ မသွားခဲ့သေးပါဘူး။ ပိုပြီးခိုင်မာလာသလားလို့ မေးရင်တော့ “ပိုတယ်မပိုဘူးဆိုတာ၊ ဘာနဲ့ နှိုင်းယှဉ်ရမှာလည်း၊ အရင်ကလည်း ဒီလိုပဲမျှော်လင့်တယ်၊ အခုလည်း ဒီလိုပဲမျှော်လင့်တယ်”လို့ ပြန်ဖြေရမှာပါ။တချို့ သူငယ်ချင်းတွေကတော့ ပြောတယ်၊ “အသက်အရွယ်နဲ့ အတွေ့အကြုံအရ၊ မျှော်လင့်ချက်အိပ်မက်တွေဟာ ပြောင်းလဲရမယ် ” တဲ့ “ ဒါ ရင့်ကျက်လာတယ်လို့ ခေါ်တယ် ”တဲ့၊ ဒါဆို ကျမက မရင့်ကျက်သေးဘူးပေါ့။ မရင့်ကျက်ရင်လည်း ရှိပါစေတော့။ လူဆိုတာ မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှင်နိုင်တာမို့၊ ကျမတန်ဘိုးထားတဲ့ ယုံကြည်မျှော်လင့်ချက်တွေကို မပြောင်းလဲပါရစေနဲ့။

ကလေးဘ၀တုန်းက၊ ရွှေသွေးဂျာနယ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ ရုပ်ပြပုံပြင်လေး တစ်ခုကို မှတ်မိနေတယ်။ အဖိုးအိုတစ်ယောက်က၊ တောင်အမြင့်ကြီး တစ်ခုကို ကျော်ဖြတ်နိုင်ဖို့၊ တောင်ပတ်လမ်းတစ်ခု ဖေါက်နေတော့၊ သူ့မြေးလေးက ကူညီရင်းမေးတယ်။‘အဖိုးရယ် . . အဖိုးမသေခင် ဒီလမ်းက ပြီးပါ့မလား’တဲ့၊ အဖိုးက ပြန်ဖြေတယ် ‘တို့တွေ ဒီတောင်ကြီးကို ကျော်ချင်တယ် မဟုတ်လား၊ ဒါဆိုရင် အဖိုးလက်ထက်မှာ မပြီးလည်း၊ မြေးလက်ထက်မှာ ဆက်ဖောက်ပေါ့ကွာ၊ မြေးလက်ထက်မှာ မပြီးခဲ့သေးရင်လည်း၊ မြေးရဲ့မြေးတွေ ဆက်ဖေါက်ကြ ပစေပေါ့ ’ တဲ့။

(၂၀၀၄) ခုနှစ် သြဂုတ်လ၊ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ၊ ကျမတို့ မြန်မာပြည်သားတွေ၊ ဂုဏ်ယူရတဲ့ အဖိုးတန်စာဆိုနှစ်ဦးကို ဆုံးရှုံးခဲ့ရတယ်။ သြဂုတ်လ (၁၄) ရက်၊ စနေနေ့မှာ ပြည်သူချစ်တဲ့ သီချင်းရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်ထူးအိမ်သင် (၄၂) နှစ်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့သလို၊ သြဂုတ်လ (၁၅) ရက်၊ တနင်္ဂတွေနေ့မှာ ခေတ်အဆက်ဆက် ပြည်သူလေးစားခဲ့တဲ့ ပညာရှင်ကဗျာဆရာကြီး ဆရာမင်းသုဝဏ်၊ အသက် (၉၆) နှစ်ဟာ၊ လူကြီးရောဂါနဲ့ ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတယ်။ဆရာကြီး မင်းသု
ဝဏ်နဲ့ အဆိုတော်ထူးအိမ်သင်တို့ အတွက်၊ အမှတ်တရဂုဏ်ပြုမှုတွေ၊ လွမ်းဆွတ်တသမှုတွေနဲ့ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရကြားရပါတယ်။ သူတို့နှစ်ယောက်အကြောင်း နှိုင်းယှဉ်ခံစားမိတော့ . . .ဆရာကြီးမင်းသုဝဏ်ဟာ၊ အသက်ရှေခဲ့တဲ့ အလျောက်၊ ခေတ်ပေါင်းများစွာကို၊ မပြောင်းလဲတဲ့ ယုံကြည်ချက်တွေနဲ့ ဖြတ်သန်းခဲ့တယ်။ တိုင်းပြည်လွတ်လပ်ရေးကစလို့၊ ဒီမိုကရေစီရေးအထိ ပါဝင် ဆောင်ရွက်ခဲ့တယ်။ သူ့တိုင်းပြည်၊ သူ့လူမျိုးအတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေခဲ့ပါတယ်။ ထူးအိမ်သင်ဟာလည်း၊ သူအသက်ရှင်ခွင့်ရတဲ့ အချိန်လေးထဲမှာပဲ၊ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်သမိုင်းရဲ့တာဝန်ကိုကျေခဲ့တယ်။ သူ့ရဲ့ယုံကြည်ချက် အမှန်တရားတွေကို ဘာနဲ့မှ ပြောင်းလဲမပြစ်ခဲ့ပါဘူး။ ‘ကျနော်ဟာ မိုက်မိုက်မဲမဲ ရိုးသားနေဆဲ’လို့ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။သူတို့ နှစ်ယောက်ဟာ၊ တောင်ပတ်လမ်းအတူ ဖေါက်ခဲ့ကြတဲ့ အဖိုးနဲ့ မြေးတို့ပါ။

အဖိုးရော မြေးရော၊ တောင်ရဲ့တဖက်ကို မရောက်သေးခင်၊ သေသွားခဲ့ကြပေမဲ့ ဒီတောင်ကြီးကို ကျော်ချင်တဲ့ စိတ်ရှိသူတွေ ရှိနေသရွေ့ လမ်းဆက်ဖေါက်ကြဦးမှာပါ။ မြေးရဲ့ မြေးတွေက ဆက်ဖေါက်ကြဦးမှာပါ။ မြေးတို့ လက်ထက်မှာ စိတ်တူကိုယ်တူညီညွတ် ကြလို့ တောင်တဖက်ထိ လမ်းပေါက်ခဲ့ရင်လည်း၊ ဟိုဘက်မှာ တောင်ဘယ်နှစ်လုံး ဆက်တွေ့ရဦးမလဲ မသိနိုင်ပါဘူး။လမ်းဖေါက်ဖို့လိုတဲ့ တောင်တွေလား၊ သဘာဝအရ ထိမ်းသိမ်းထားသင့်တဲ့ တောင်တွေလားဆိုတာလည်း တွေ့မှပဲ ဆုံးဖြတ်နိုင်မှာပါ။အဖိုးသာ ရှိဦးမယ်ဆိုရင်တော့ ‘အေးလေကွာ . . အဖိုးလည်း ဒီနေရာ ရောက်အောင်၊ တခြားတောင်တွေကို ဖြတ်လာခဲ့ရတာပဲ။ အရေးကြီးတာက လမ်းဆက်လျှောက်ချင်စိတ် ရှိနေဖို့နဲ့ လမ်းမမှားကြဖို့ ကြိုးစားကြပေါ့ ’ လို့ ပြောမယ်ထင်ပါရဲ့နော်။

(Burma Post သတင်းစာ၊ ၂၀၀၆ ခုနှစ်/ သြဂုတ်လ တွင် နှစ်နှစ်ပြည့်အတွက် ဖော်ပြခဲ့ပြီးဖြစ်သည်။)

By courtesy of http://mrbalance.blogspot.com/



Share/Bookmark

င်္Free Follow

အလိုက်အထိုက်...မထိုက်မလိုက်


အိမ်ရှေ့မှာ..ကားရပ်သံလိုပဲ...
လျှော်ပီးစ အ၀တ်တွေခေါက်ရင်းမို့..ထိုင်ရာမထ..လှမ်းနားစွင့်တော့..သိပ် တော့မသဲကွဲ။
ည ရှစ်နာရီတောင်ခွဲနေပီပဲ..ဧည့်သည်လာစရာအကြောင်းတော့မရှိ..ဈေးဝယ်သူများလား။
အိမ်ရှေ့ဧည့်ခန်းထဲက..ဖေဖေ့ရေဒီယိုသံကလည်း..ခပ်ကျယ်ကျယ်မို့..အသံတွေခပ်ရောရောရယ်။ သတင်းကလည်းကောင်းနေသည်။..ဒီပဲယင်းလူရိုက်ပွဲအပီး..ဒေါ်စုနှင့်ဘဘဦးတင်ဦးတို့ ဖမ်းခံထားရတဲ့သတင်းသုံးသပ်ချက်မို့...အာရုံပြန်စိုက်ရင်း..အ၀တ်ဆက်ခေါက်နေတုံး ....

“ဒေါက်...ဒေါက်...ဒေါက်..ဒေါက်...”

-------------

ဈေးဝယ်သူထင်တယ်.......
ပုံမှန်ဧည့်သည်ဆို..ဒီဖက်ခြံတံခါးကနေ..ခေါ်မှာ။ ခုဟာက..ဆိုင်ဖွင့်ထားတဲ့..ဟိုဖက်တံခါးကို
ခေါက်နေတာ။..ဖေဖေကတော့...တချက်မော့်ကြည့်ပီး..သတင်းဆီပြန်အာရုံစူးစိုက်နားထောင်နေ
သည်။..ဟိုသားအဖကလည်း..ခုနလေးတင်ပဲ..အပြင်ထွက်သွားတယ်။သူတို့အမျိုးတယောက်
လူမမာမေးဆိုလား။
မီးကလဲမလာ..။ အင်ဗက်တာကြိုးကလည်း..ဘယ်ရောက်နေပါလိမ့်။ ရပီ..ရပီ။

“...ဒေါက်...ဒေါက်...ဒေါက်..ဒေါက်...”

“လာပါပီ...ခဏလေး..မီးထွန်းနေလို့..ဘယ်သူလဲမသိဘူး”

“ကျနော်..စည်ပင်က..ထွန်းသိန်းပါ။ ညကြီးအားတော့နာပါရဲ့..ညီမရေ..။ဆန်လိုချင်လို့။”

အော်...ဆန်အိတ်လိုက်ဝယ်နေကျ..စည်ပင်က.. စစ်ဗိုလ်ပဲ..မထိတ်သာမလန့်သာ။
ဒါပေ..ဒီအချိန်ကြီးမှ..ဈေးလာဝယ်တာ..ဟုတ်သေးပါဘူး။..ဒီလူတွေကလွယ်တာမဟုတ်။ တံခါးချက်ဖြုတ်ပီး..ဖွင့်လိုက်တော့..သူ့မျက်နှာပြူးပြူးကြီးက..အင်ဗက်တာမီးချောင်းရောင် အောက်မှာ..အထင်းသား။

“ရပါတယ်..ဖောက်သည်တွေပဲ..ခါတိုင်းယူနေကျ..ပေါ်ဆန်းထဲကပဲလား..ဘယ်လောက်ယူမလဲ..”

“အေး..အဲထဲကပဲ..တအိတ်လောက်..ခုရက်ထဲ..ရုံးမှာလဲ..အထက်ကဧည့်သည်တွေရောက်နေလို့..
နေ့ခင်းဖက်လဲ.မထွက်အား..ဖြစ်နေတာ..”

ကိုင်း..မတတ်နိုင်..အလုပ်သမားရှိတဲ့အချိန်လည်းမဟုတ်တော့..သူ့ပဲ..အကူအညီတောင်းပီး..
ကတ္တားပေါ်ချီချလုပ်...သူ့ဖာသာပဲ..ကားပေါ်တင်။

“အကိုရေ..ကိုးထောင်နဲ့..ငါးရာနော်..ငါးရာတော့လျှော့ပေးလိုက်မယ်နော်..”

“သြော်..အေးပါ..ရပါတယ်”

ပြောပြောဆိုဆို..ဆိုင်ခန်းနဲ့ဧည့်ခန်းဆက်ထားတဲ့..အရှေ့နေရောင်ကာကျော်ထိ..၀င်လာပီး..အိမ်ထဲကို..လှမ်းစပ်စုနေသေး။..ကြိုက်သလောက်စပ်စုပေါ့။...တွေ့တယ်မဟုတ်လား..။....ဧည့်ခန်းထဲမှာ..ထင်းနေအောင် ချိတ်ထားတဲ့..ဗိုလ်ချူပ်အောင်ဆန်းပုံနဲ့..ဒေါ်စုပုံကြီး။...ဖွင့်ထားတဲ့ဘီဘီစီသတင်းမှာတောင်..ဒေါ်စုအကြောင်းမပီးသေး။
သူ့ပိုက်ဆံတွေကို..ရေနေတုံး..

“ ဟဲ့..နေပါဦး..ဒီအမျိုးသမီးကလည်း..ခုတော့..ဘာများလုပ်နိုင်သေးလည်းဟ..နယ်တွေလျှောက်
သွားပီး....ကို့ယို့ကားယား ..”

“ ဘာ...”
“........”

“ ရှင်..ဒီအိမ်မှာဈေးလာဝယ်ပီး..ဒီလိုစကားမျိုးလာမပြောပါနဲ့”
“..............”
ဒေါသတွေ...တားမရတော့။ သူ့မျက်နှာကိုကြည့်ပါဦး..ထီမထင်.စပ်ဖြဲဖြဲ..။ လူကိုတမင် လာစမ်း တာလား..။

“ဘုံး.....”

ကောင်တာစားပွဲကို..လက်ဝါးနဲ့..ခပ်ပြင်းပြင်းရိုက်ပစ်လိုက်တယ်။

“ဒါ..သူများအိမ်မှာ..လာစော်ကားတာပဲ”

“ဘာဖြစ်တာလဲ”
ဆူဆူညံညံအသံတွေကြောင့်..အမြန်ထလာတဲ့..ဖေဖေ့အသံခပ်တင်းတင်းကို..အဲဒီလူ..နဲနဲတော့ ရှိန်သွားသည်။

“ခင်ဗျား..ခုနကပြောတာ..ကျနော်ကြားလိုက်ပါတယ်..ဟို..ခင်ဗျား..ဒေါ်အောင်ဆန်းစုကြည်
အကြောင်းသိချင်ရင်..ဧည့်ခန်းမှာခဏလာထိုင်ပါ..ကျနော်နဲ့ဆွေးနွေးလို့ရပါတယ်..လာပါ..”

“ အား..ဘာမှမဟုတ်ပါဘူး...ဘာမှ.....ကျနော်က..ဟို..”

ဗလုံးဗထွေးပြောရင်း..ခပ်သုပ်သုပ်ထွက်သွားသော..အဲဒီစစ်ဗိုလ်ကိုကြည့်ရင်း..ဖေဖေရောသူရောဘာစကားမှမပြောပဲရပ်နေမိသည်။.....ဘာဖြစ်သွားလိုက်မှန်းကိုမသိ...။အကြောအချင်တွေလည်းတောင်းတင်းလို့။

ဝူးခနဲထွက်သွားတဲ့ကားသံ.။..ဒီကောင်တွေ..ဒီလိုအိမ်ပေါ်တက်စော်ကားတာ..ခံနေစရာမလိုဘူး...သမီးပြောလိုက်တာကောင်းတယ်..ဆိုတဲ့..ဖေဖေ့ရဲ့..တုန်ခါနေတဲ့အသံတွေအောက်မှာ..ခုမှ..
ဘယ်ကဘယ်လို..စိုးရိမ်စိတ်တွေ..ရောက်လာသလဲမသိ။.ပိုက်ဆံတွေကို..အံဆွဲထဲ..ပစ်ထဲ့လိုက်ပီး...အိမ်အလုပ်တွေကို..တိတ်တိတ်ဆိတ်ဆိတ် လက်စသပ် နေမိသည်။

ခဏနေ..ဟိုသားအဖပြန်လာတော့..သူမျက်နှာပျက်နေတာကို..မရိပ်မိကျ။

ဖေဖေကတော့..အိပ်ရာဝင်ကာနီး..သူ့သတ္တိကို..ချီးကျူးနေတာလား..ဒေါသထွက်နေတုံးလား..သူ့ကိုမကြောက်ဖို့အားပေးနေတာလား..ဘာတွေလှမ်းပြောနေမှန်းကိုမသိ..နားထဲဝင်တချက်..မ၀င်တချက်။

အိပ်ယာထဲရောက်တော့..အိပ်လို့ကမပျော်တော့..။
ကိုယ်က..စီးပွါးရေးလုပ်နေတာ..။
သူတို့ကို.. အဲလိုပစ်ပစ်ခါခါပြောလိုက်လို့..ငါတို့လုပ်ငန်းတွေကို..လာနှောင့်ယှက်ရင်...။
ဒီကောင်က..စည်ပင်မှာအကြီးဆုံး..။
စည်ပင်ဆိုတော့..လည်ပတ်ကာစ..ငါတို့..လုပ်ငန်းသုံးဆန်စက်ကလေးကို..ပြသာနာလာရှာနိုင်
တယ်နော်..။ ပါဝါမီတာလေးကလဲခုမှလျှောက်ထားတာ..အခြေအနေကမဆိုး..ကျခါနီးနေပီ..။
ငါကလည်း..ဘယ်ကဘယ်လို..ဒီလောက်..စိတ်တိုသွားမှန်းမသိပါဘူးကွာ...
တကယ်ဆို..သူတို့အကြောင်းလည်းသိနေတာပဲ..အလိုက်အထိုက်ငြိမ်နေလိုက်လည်းရတာပဲ။
ခုတော့..ဖောက်သည်လည်းပျက်..။ ဖောက်သည်ပျက်တာ..ထားပါ..။ကိုယ့်ကိုငြိုးပီး..စီးပွါးရေးကို
လိုက်ပိတ်ပင်မှာကိုစိုးတာ..စီးပွါးရေးလေးက..ခုမှ..အရှိန်ယူနေတာ..။စီးပွားရေးလုပ်ပီး..ဒီလောက်
ခလေးမှ..သည်းမခံနိုင်ဘူးလားကွာ..ငါ့နှယ်။
ယောက်ကျားကိုပြောရင်ကောင်းမလား။..တော်ပါပီ..သူက..ကိုယ့်ထက်တောင်..ရှုးရှုးရှားရှားနိုင်သေး။

အင်း..ဖေဖေကတော့..ငါ့သတ္တိကိုချီးကျူးဂုဏ်ယူလို့..။..ဟုတ်တယ်လေ..အခွင့်အရေးမက်..ဖြတ်လမ်း ကလိုက်ပီး..အမှားနဲ့အမှန်ကိုတောင်ခွဲမသိနိုင်တော့အောင်အတင်းရိုက်သွင်းခံထားရတဲ့..လူတယောက်က..ဒေါ်စုလို..ခေါင်းဆောင်မျိုးကိုမျက်နှာပြောင်တိုက်ပီး..စော်ကားမော်ကားပြောတာကို..ငါက.ဘယ်လိုပြုံးပီး နားထောင်ရမှာလဲ။
အိရော..အိရောနဲ့..ရုးချင်ယောင်ဆောင်နားထောင်နေလိုက်ရင်..ငါဘာဖြစ်သွားမလဲ။ ပီးတော့..ငါတို့အိမ်ကို..သက်သက်လာစော်ကားတာကြီး။ ဒီအိမ်ဟာ..ဘယ်လိုလဲဆိုတာသိရက်သားနဲ့..။ အမှန်တရားကို..
ငါ..ဒီလောက်တောင်..သက်သေမခံရဲဘူးလား။....ကိုယ့်အခွင့်အရေးကို..ဒီလောက်လေးတောင်..တိုက်မယူနိုင်ဘူးလား။
ဒေါ်စုနဲ့..ဒီပဲယင်းကလူတွေ..ဒီလောက်သတ္တိပြောင်ခဲ့တာကိုများ..တွေးကြည့်ပါဦး။
မကြောက်ဘူးကွာ..မကြောက်ဘူး...။ ငါ..ဘာမှ..မမှားဘူး..။ မှန်ကိုမှန်တာ..။ လုပ်ကိုလုပ်သင့်တာ။ ပြောကိုပြောရမှာ..။ သူတို့မမေးရင်တောင်..လိုက်ပြောရမှာ။

.............................

အဲဒီနေ့ကအကြောင်းပြန်တွေးတော့..သူစိတ်လှုပ်ရှားမိတုန်း။...ပီးတော့..ကျေလည်းကျေနပ်သည်။ ဖေဖေကတော့..ထုံးစံအတိုင်း..ခြံထုံးသုတ်ဖို့မပြောနဲ့..မြောင်းဖော်ခိုင်းတာဘာညာတွေ..လိုက်လုပ်ဖို့ဝေလာ
ဝေး..အိမ်ရှေ့မှာအတင်းလာစိုက်သွားတဲ့..ကြက်ဆူပင်ကိုတောင်..ဈေးဝယ်တွေကျ.လူစည်ကားတဲ့အချိန်မှာ..အမြစ်ကနှူတ်..ဓါးနဲ့အပိုင်းပိုင်းခုတ်ခဲ့တဲ့သူမို့...ဘာမှထပ်ပီးအထွေအထူးပြောမနေပါဘူး။

အဲလိုဖြစ်ပီး..နောက်တနေ့မနက်ပဲ..သေချာပေါက်..အဲဒီပုဂ္ဂိုလ်ပညာပြတာပေါ့။ ဘယ်နေမလဲ။
အိမ်ရှေ့ဈေးလမ်းမပေါ်က..ကုန်ရောင်းကုန်ဝယ်လာတဲ့..တောလှည်းတွေတခုမကျန်..၀စီသံတရွှီရွှီနဲ့..အကျစ်ခံရတော့တာပဲ။..ကံကောင်းချင်တော့..အဲဒီနေ့က...အိမ်ကို..ဆန်လာချတဲ့လှည်းတလှည်းမှမရှိ။..ရှိလည်းဘာဖြစ်လဲ....တရားနည်းလမ်းကျကျဖြေရှင်းဖို့အဆင်သင့်။..အဲဒီအချိန်မှာ..တကယ်ကို..ဘာမှ စိုးရွံ့စိတ်မရှိတော့။လမ်းပေါ်ကနေ..ကားတ၀ီဝီဖြတ်ပြနေသလို..သူလည်း.အိမ်ရှေ့မှာခပ်တည်တည်ပဲထွက်ပီး..လုပ်စရာရှိတာ..လုပ်ပြနေလိုက်တယ်။
ထင်တဲ့အတိုင်းပါပဲ..။ နောက်တပတ်တည်း..အသုတ်လိုက်ကျလာတဲ့..ပါဝါမီတာခွဲတမ်းမှာ..သူတို့ပါမလာခဲ့။
တတ်နိုင်ဘူးလေ။..ကိုယ်တွေလည်း..အလိုက်အထိုက်တော့..ပေးကမ်းထားတာပဲ။

အလိုက်အထိုက်ဆိုတဲ့နေရာလည်း..သူ့အကန့်အသတ်တော့ရှိသေးတာပဲလေ။
အလိုက်အထိုက်ဆိုတိုင်း..တော့..လိုက်မထိုက်နိုင်ပါ။ မတရားသဖြင့်..ပေးမှကမ်းမှ..ကပ်မှမြှေက်မှ..
ကြေက်မှလန့်မှ..တရာဖိုး..အကျိုးအမြတ်ရမယ်ဆိုရင်လည်း...နေပါ့စေ။..ကိုယ့်ခံယူချက်ကို..အတတ်နိုင်ဆုံး ကာကွယ်ပီး..တဆယ်ဖိုးလောက်တော့..မြတ်အောင်ရှာနိုင်ပါသေးတယ်။
မထိုက်တာကိုတော့..မလိုက်နိုင်ပါ။

( မမနီအတွက်..ဂုဏ်ယူသတိရလျက်..)


Share/Bookmark

Used Car

ကားဟောင်း



ဟောဒီမှာ..အကျီ င်္နဲ့ဘောင်းဘီ ၀တ်ထားတဲ့..
မော်တော်ကားတစီး..
လောင်စာဆီအပြည့်
မောင်းလို့မကောင်းတာကသာ..ပြသာနာ။

နေ့တဓူဝကိစ္စ..ဖက်စ်ဂီယာမှာထားတော့..
စက်တော့နိုးပါရဲ့..

စက်ကင်းန် ဂီယာကိုထိုး..ဘာသာရေးနဲ့နှိုးတော့
မရွေ့တချက်ရွေ့တချက်..ဖွတ်ချက်ဖွတ်ချက်..

ကဲ..သာ့ဒ် ဂီယာပြောင်း..အတ္တနဲ့မောင်းပြန်တော့..
ပြုတ်လို့သာကျ..ပရ တွေရဲ့ရောင်ပြန်..ရှေ့မှန်မှာလာလာဟပ်နေ..

မထူးတော့တဲ့အဆုံး..ဖို့သ် ဂီယာကိုသုံး..
စိတ်ထဲရှိတာအကုန်ကျူံး..၀ုန်းကနဲဆောင့်ရုံးတော့..
နံရံကိုတိုက်မိ..တောက်..ဒီကားမိုက်ရပ်သွားပြန်ပီ..

ဂီယာကုန်..ဆီခမ်း..သွားစရာလမ်းမရှိတော့ရင်လည်း..အကောင်းသား
ရီဗါ့စ် ဂီယာမှာအသာထားပီး...နဲနဲချင်းနောက်ပြန်ဆုတ်...
ပိုအလုပ်ဖြစ်ဦးမယ်။



Share/Bookmark