လိုက်

 face book မျက်နှာ ဘုတ်အုပ် မှာ အပျော် တင်ထားတဲ့ ကဗျာ လိုလို.. ဘာလိုလို လေး တခုပါ..။ အရင်းအတိုင်း ပြန် ကူးတင် လိုက်ပါတယ်။ မျက်နှာ သူငယ်ချင်း တွေ ရဲ့ ယဉ်ကျေးမူ လေး..ပျော်ရွှင်စရာလေး တခု ဆိုပါတော့..း)

 

လိုက်

by Kay Htwe on Thursday, March 3, 2011 at 11:38am
မိတ်ဖြစ်ဆွေဖြစ် ..လိုက်  
အားနာပါးနာ…လိုက်

အလွယ်တကူ.. လိုက်
ယောင်ယောင်မှားမှား..လိုက်

ပြောင်စပ်စပ်နဲ့..လိုက်
အမြင်ကပ်ကပ်နဲ့..လိုက်

သူများလိုက် လို့ ..လိုက်
(သူ) များ..မြင်မလား လို့..လိုက်

ကြောင်ချင်လို့..လိုက်
ငေါင်မနေချင်လို့..လိုက်

တိုင်းပြည်အတွက်..လိုက်
ချစ်သူအတွက်..လိုက်

ကြိုက်လို့ လိုက်
မိုက်လို့ လိုက်..

လိုက်သာလိုက်..
လိုက်
လိုက်..
Like
 ---

K
· · Share · Delete

    • Hana San လိုက် မကေ။ :D
      Yesterday at 11:46am · · 2 peopleYou and Aung Tha Nge like this.

    • Chit Kyi Aye Like like like like :)
      Yesterday at 11:54am · · 2 people like

    • Rosalind Tay လိုက် .. လိုက်.. Like.. Very Like.. Very, Very Like... :)
      Yesterday at 11:57am · · 2 people like

    • Eain Dra အန်လိုက်.... :P
      Yesterday at 12:23pm · · 2 peopleLike

    • Ko Thar Ngel တိုင်းပြည်ချစ်သူတွေ နောက်ကို ( အလိုတော်ရိ )ခွေးများ တစီစီ လိုက်တာလည်း ကျန်သေးတယ် မဟုတ်လား ... မကေ ?
      Yesterday at 12:24pm · · 2 peopleLike

    • Kay Htwe လိုက်တာတွေ ကို ပြန်လိုက်း)
      Yesterday at 2:05pm · · 3 peopleLike

    • Kay Htwe ကိုယ့်ကိုကိုယ်လည်း ပြန်လိုက်
      Yesterday at 2:07pm · · 2 peopleLike

    • Chit Kyi Aye အန်လိုက်သာ ရှိမယ်ဆို....ကိုယ့်ကိုယ်ကို ပြန် ကလစ်လိုက်ချင်တာ.....အဟုတ်
      Yesterday at 2:10pm · · 2 peopleLike

    • Moe Cho Thinn တို့ကတော့ စိတ်ထဲက ပါမှ လိုက် နိုင်မယ်ဟေ့...။
      Yesterday at 2:46pm · · 4 peopleLike

    • Moe Cho Thinn တကယ်က ကိုယ်ချစ်ခင်နေသူတွေ လုပ်တာ ရေးတာတွေကို ချစ်ခင်စိတ်နဲ့ ကြည့်တော့ ဖတ်တော့ like မိတာပေါ့။ you က I like တာကို မ like ဘူးလားးးး :D :D
      Yesterday at 2:48pm · · 9 peopleLike

    • Chit Kyi Aye ဟော Like မိပြန်ပြီတော့် အဲဒါတွေကြောင့် ကိုယ့်ကိုယ်ကို မ Likeတာ...
      Yesterday at 2:52pm via · · 2 peopleLike

    • Moe Cho Thinn မမ CK, တကယ်က ကိုယ် မအားလို့ မကြည့်မိတဲ့အချိန် လွတ်သွားတဲ့ like စရာတွေ တပုံကြီး ရှိသေးတာနော်.. (CK = ချစ်ကြည်၊ ချစ်ကောင်း မဟုတ်) ဟိ..
      Yesterday at 2:54pm · · 3 peopleLike

    • Chit Kyi Aye ဟုတ်တယ် ချိုသင်းရဲ့ ကိုယ်ကလည်း ချစ်တတ် ခင်တတ်သူမို့ ချစ်တဲ့ ခင်တဲ့
      မျက်စေ့နဲ့ကြည့် အကုန် Like ပစ်နေမိတာ...မသိရင် ဖောရှောကြီး
      လုပ်နေသလိုလို....:)

      Yesterday at 2:57pm via · · 4 peopleLoading...

    • Turn On Ideas အဖိုးကြီးလည်း လိုက်
      အဖွားကြီးလည်း လိုက် မွေးကင်းစအာပြဲလေးလည်း လိုက်
      အကြော်သည်၂ယောက်ထချတော့လည်း လိုက်းP

      Yesterday at 4:08pm · · 3 peopleLoading...

    • Mae Coe ချစ်လို့လိုက်ပါတယ် :P :P
      Yesterday at 6:39pm · · 3 peopleYou, Aung Tha Nge and Little Brook like this.

    • Lynn Depa ကျွန်တော်တို့ကတော့ လိုက် လိုက် လိုက် တွေ ထဲကပဲ :P
      23 hours ago · · 2 peopleLoading...

    • Lynn Depa အပေါ်က ဒေါ်မယ်ကိုးကို ....“ချစ်လို့လိုက် ချစ်လို့ လိုက်ခဲ့တယ်.. ချစ်လိုလိုက် ချစ်လို့လိုက်ပါတယ်.. ”ဆိုပြီး “ချစ်လူမိုက်” သီချင်းကို “ချစ်လို့လိုက်”လို့ ပြောင်းဆိုရမယ် ။ :P :P
      23 hours ago · · 5 peopleLoading...

    • Naw Phaw like, like,like မှ like :)
      23 hours ago · · 1 personLoading...

    • Pandora Pandori အန်လိုက် :P
      23 hours ago · · 2 peopleLoading...

    • Naw Shunn Lae Win like ချင်လို့ like တာကို မမကေ က like တာကို အမျိုးမျိုး ဖွင့်လိုက်တော့ ကိုယ်တောင် ဘယ် like နဲ့ ညိမှန်း မသိညိသွားပြီး ရောယောင် like လိုက်တယ်... ဒါပေမယ့် သဘောကျလို့  like တာပါ.... :D
      23 hours ago · · 3 peopleLoading...

    • Breathing Linn ဟားးဟားး မကေ ကတော့လေ.... :D :D
      22 hours ago · · 2 peopleLoading...

    • Aung Tha Nge ကွန်မန့်တွေ အားလုံး လိုက်သွားတယ်... ATN လောက် ဘယ်သူမှ လိုက်နိုင်မယ် မထင်ဘူး... မကျေနပ်ရင် သည်ကွန်မန့်ကို လိုက်လိုက်... ကိုယ့်ဘာသာကိုယ်လည်း ကိုယ့်ကွန်မန့်ကို လိုက်သွားတယ်... အေးရော...
      21 hours ago · · 5 peopleLoading...

    • Aung Tha Nge ခင်လေး ... ငါ့ညီမ ... ညည်းကြည့်ရတာ မကျေနပ်ဘူး ထင်တယ်...း))
      21 hours ago · · 2 peopleLoading...

    • Breathing Linn ကဲ... မှတ်ပလား..!! :P
      21 hours ago · · 2 peopleLoading...

    • Aung Tha Nge မှတ်ဘူး... လိုက်ပလိုက်တယ်...း))
      21 hours ago · · 1 personLoading...

    • Breathing Linn အို.. ဘာပဲ ပြောပြော တစ်ခါ Like ပီး ထပ် Like လို့မရတော့ဘူးပဲ စိတ်လေးတော့လျှော့လိုက်..။ ဟဲဟဲ
      21 hours ago · · 2 peopleLoading...

    • Aung Tha Nge ခင်လေး... ကိုကြီးကို စိတ်တိုအောင် မလုပ်နဲ့နော်... ထပ်လိုက်ပလိုက်မယ်... ဘာမှတ်နေလဲ...
      21 hours ago · · 1 personLoading...

    • Breathing Linn သေချာပါပြီ ငါ့အစ်ကိုတော် ပုလင်းမှောက်သွားပြီ.. ((ပါးစပ်ထဲပြောပါတယ်))
      21 hours ago · · 2 peopleLoading...

    • Aung Tha Nge လိုက်ပြီး မှောက်ပြီ... ခင်လေး...
      21 hours ago · · 1 personLoading...

    • Thet Wai ပြောင်စပ်စပ်နဲ့... လိုက် သွားတယ်...း))
      9 hours ago · · 1 personLoading...

    • Kay Htwe ငါ့ကိုလိုက်လို့..သူ့ကိုလိုက်...။ ကဲခုတော့...လိုက်...ကို လာလိုက်တဲ့ လူတွေ အကုန် ပြန်လိုက် ပြစ် လိုက်တယ်..း) ဖြစ်နိုင်ရင်..အလိုက်ပေး ပြီးတော့ တောင်..လာမလိုက် သေးတဲ့ လူတွေ ကို လိုက် ပြီး လိုက်ပြစ်လိုက် ချင်သေး..း)
      8 hours ago · · 2 people

 

◦
Share/Bookmark

ပုံရိပ်ဟောင်းများ

ခုတလော.. ဘလော့ဂ် လောက သားတွေ လည်း.. ဖဘ ပေါ် ပြောင်းကုန် ကြ သလား.. သုံးဖြတ် တကုံး..အလံတော် အသစ် ရဲ့ မင်္ဂလာကြက်သရေ မှာ..မှင်သက် သွားကြ သလား .. နာဂစ် ဂီရိ တွေ နဲ့.. စိတ်ပန်း လူပန်း ဖြစ်ကုန် ကြပြီလား.. ဒါမှ မဟုတ်.. ၇ ရက်နေ့ နီးလို့.. စိတ်လှုပ်ရှား.. နေ ကြ လေ သလား.. လား ပေါင်း များစွာ ကြားမှာ..သေချာ တာတော့..ဘလော့ဂ် ရွာကြီး တခု လုံး တိတ်ဆိတ် ခြောက်ကပ် နေ လေ သည်။

ဘယ်သူ တွေ ဘာပဲ ပြောပြော..ဘလော့ဂါ တွေ ကတော့.. ပျော်ရွှင်စွာ..ချစ်ခင်စွာ.. နှုတ်ခွန်း ဆက် ကြရင်း.. တဂ် ခြင်း လို့ ခေါ်တဲ့..ရေးစရာ အကြောင်းအရာ လေး တွေ ဖော်ထုပ် ကြရင်း.. တခါတလေ ..လေးလေး နက်နက်.. တခါတရံ တော့လည်း.. ပေါ့ပေါ့ ပါးပါး.. နဲ့.. ဘလော့ဂါ ပီသ ခြင် ကြ ပါသေး သည်။


ပြီးတဲ့ တပတ်က.. အီးမေးလ် ထဲကို..သူငယ်ချင်း တွေ..အဆင့်ဆင့် ပို့ ရင်း.. သီချင်းလေး တပုဒ် ရောက် လာ လေသည်။ သီချင်း နာမည် က.. “ဘူမိကျောင်းတော်သား”  တဲ့။ စပ်တဲ့သူက.. တတန်းထဲသား..ကျော်ကျော်မင်း ဆိုတဲ့..သူငယ်ချင်း ပါ။ တကယ်တော့..သူနဲ့ ကျောင်းမှာ တုန်းက..သိပ်မခင်လှ.။ သူက.. အောနပ်စ် ကျောင်းသား.. စာတော် သော ၊ ...ဘူမိဗေဒ ကို.. အလေးအမြတ်ထား...သင်ယူ လေ့ကျက်သော..ကျောင်းသား တယောက်။ ပြီးတော့...ရန်ကုန် မြို့ထဲက တက်တဲ့..နေ့ကျောင်းသား။ ဥပဓိ ကောင်းကောင်း နဲ့ သပ်သပ်ရပ်ရပ် နေတတ် တာ ကိုတော့.. သတိ ထားမိ သည်။ ဂီတ ဘာညာ လိုက်စား တာ ..တီးတတ် မှုတ်တတ် တာ ကိုတော့.. field ဆင်း..ကွင်းထဲ ရောက်မှ.. သိဖူး ကြ သည်။ ကျောင်းတွေ ပြီး.. လမ်းခွဲ အသီးသီး ဆက်လျှောက် ကြ တော့ .ကျောင်းမှာ..ဆရာ လုပ်ပြီး ကျန်ခဲ့တယ် ဆိုတာပဲ.. သိ လိုက် သည်။ ပြီးခဲ့ တဲ့..လေး ငါး ခြောက် နှစ် လောက် ကတော့.. ဌါန ကနေ..ဆရာ ငယ်တွေ..အစိုးရ စကော်လာ လွှတ် ဖို့.. ယှဉ်ပြိုင် ကြ.. ရွေးချယ် ကြ တာမှာ.. သူ့ကို.. ဘာသာရေး..လူမျိုးရေး အကြောင်းပြ ချက် နဲ့.. ကန့်သတ် ခံရ လိုက် လို့.. စိတ်နာ နာ နဲ့ အလုပ်ထွက် သွားတယ် ဆိုတာ .. နောက်တော့... အပြင် မှာ.. ဂစ်တာတီး..သီချင်းဆို နေတယ် ဆိုတာ ရယ် ..ခပ်သန့်သန့် ကြားခဲ့ ရ သည်။  ခု..ဒီ သီချင်း လေး ကို.. သူ..ဘယ် နှစ် ဘယ်အချိန် လောက်က..ဘယ်လို ခံစားချက် နဲ့.. ဖန်တီး တီးခတ် ထား လဲ တော့..မသိပေ။ အဆက်အသွယ် အမြဲ ရှိတဲ့ သူငယ်ချင်း တွေ မေးကြည့် တော့ လည်း.. သူတို့ အားလုံး..ခုမှ သာ ကြားဖူး ပြီး..ဘယ်တုန်းက စပ် ခဲ့ သလဲ... ဘယ်ရာက်နေ သလဲ... မသိ ကြပေ..။

ချစ်စရာ ကောင်း တဲ့ သီချင်း လေး ကို..ဒီ အတိုင်း မထားချင် တာ နဲ့.. ရှိတဲ့ ပုံလေး တွေ နဲ့..ဗီဒီယို ကလစ် လေး လုပ်ပြီး.. အမှတ်တရ.. တင် လိုက်ပါတယ်။ အလုပ်မအား တဲ့ ကြားထဲက.. အဲဒီ ဗစ်ဖိုင် ကို..ကလိ ရတော့.. အကုန် လုပ်ပြီးမှ.. Evaluation copy ဆိုတာ ကြီး ပေါ် နေတာလဲ..ပြန် မပြင်ချင် တော့ဘူး။ software application က..အလကားပဲ သုံးနိုင်တာ ကိုး။း) ကောင်းပါတယ်။ လူပုံ တွေ ကိုလည်း..နဲနဲ လေး ကွယ်လိုက် သလို ဖြစ်သွား တာပေါ့.။ ပုံတွေ ထဲ မှာ ပါတဲ့ သူငယ်ချင်း တွေ အနေနဲ့.. သိပ်ပေါ်လွင် နေရင်.. ကြိုက်ချင် မှ ကြိုက်မှာ လေ..။ 

ဓါတ်ပုံ အဟောင်း တွေ ပြန်ရှာ.. စကန် ဆွဲ နဲ့.. တော်တော် တော့..အလုပ်ရှုပ်သွားသား။ မနှစ်က..စိန်ပန်း ကံ့ကော် ရေးတုန်းက.. သုံးထား ပြီးသာလေး တွေ လည်း ရှိ နေတော့..အတော်ပါပဲ..။ပုံအဟောင်းလေး တွေ ပြန်ကြည့်ရ တာ လည်း..ဘယ်လို အရသာ ရှိမှန်းကို မသိတာ။ ဓါတ်ပုံတွေက..ကြာလေ တန်ဖိုး ရှိလေ ပါပဲ...။

“ ဟယ်..အဲတုန်းက.. သူ..ပိန်ပိန်လေး နော်.. မထင်ရဘူး ...”....
“ ဟယ်တော့....အဲဒါ ကြီးက..နင်..ရီဖို့ ကောင်းလိုက်တာ ဟယ်..” 

အဲဒီလို... ပျော်ရွှင် ရယ်မြူးရင်း.. အရသာ ရှိ လှ ပေ သည်။ နောက်ပြီး.. ခေတ်တခေတ် ရဲ့..၀တ်စား ဆင်ယင် ပုံ လေး တွေ ပြန်မြင် ရ တာလည်း.. စိတ်ဝင်စား စရာ တမျိုး ကောင်းသည် ။ ဓါတ်ပုံ တပုံ ကြည့်လိုက်လို့.. အ၀တ် အစား ဖက်ရှင်ကို မြင်တာ နဲ့..ဘယ်နှယ် ခုနှစ် လောက်...ဘယ်ကာလ လောက် ဆိုတာ ကို မှန်း ရ တာ လည်း.. ရုပ်ရှင်ဖွက် တမ်း..ကစား နည်း တခု လို..ပျော်စရာ ကောင်း တယ် ရော...။ 

ကဲ.. ဒီပုံ တွေ ကတော့.. ဖွက် စရာ မလိုပါဘူး.. အတိ အလင်း ပြောထားပြီးသား..။ ၁၉၉၄-၉၅ ကာလ များ ဆီက...။





အတော်ပဲ.. ဘလော့ဂ် ရွာ ကြီး ခြောက်ကပ် နေတုန်း.. ကစား လိုက် အုံး မည်။

တက္ကသိုလ် တုန်း က.. ဒါမှမဟုတ်..ဘ၀ တက္ကသိုလ် တုန်းက.. အဲဒီလို ပုံဟောင်း အုပ်စု ပုံလေး တွေ.. ကြည့်ချင်ပါကြောင်း.. အနည်းငယ် ၀ါးထား နိုင်ပါကြောင်း.. ကျောက်မောင်နှမ များ နဲ့ တကွ.. အောက်ပါ..ဘလော့ဂ် မိတ်ဆွေ များကို.. တဂ် လိုက်ပါသည်။   ရုပ်ရှင်ဖွက်တမ်း ..ဓါတ်ပုံ ဖွက်တမ်း ပေါ့.။ 


“ သူက.. ဒါပဲ ဖြစ်ရမယ်..”
“  အင်း..သူ့စာတွေ အရ ဆို..ဒီဖက် အစွန်က..ဆံပင်အရှည်လေး ဖြစ်ရမယ်.. ” 

အဲဒီလို မျိုး...။

ကိုကြီးကျောက်.. ( စိတ်ပြေ လက်ပျောက်.... ကွင်းထဲက..အလန်းပုံလေး တွေ ကြည့်ချင်ပါတယ်..)  ( ရေးပြီး)
ကိုအောင်သာငယ်.. ( စိတ်ပြေ လက်ပျောက်.. အဲ.. ယောင် သွားလို့..း)  ( ရေးပြီး )
မမိုးချိုသင်း.. ( ဘူမိ ကွင်း ပုံလေးတွေ ထုတ်ပြပါ.. ကွင်းဆင်းတုန်းကလို့ ပြောတာ )


ကျောက်မောင်နှမ တွေထဲ.. အေးအေးဆေးဆေး ဖြေးဖြေး ခြင်း.. ဘလော့ဂ် ရေးတဲ့.. အောင်ပန်းသား.. ကိုစိုင်းမော်ခမ်း  ကိုလည်း ထဲ့ စာရင်းတို့ပါ ရစေ။ ( ရေးပြီး)

ကျမ မသိသေးတဲ့.. လူတွေလည်း ရှိအုန်းမယ် ထင်ပါတယ်။

 ပြီးတော့ကာ...


မမေငြိမ်း ( အတော်ပဲ.. အမ .. အတိတ်တွေဆီ ပြန်ရောက် နေတုန်း.. )
မခင်မင်းဇော
်
မခင်ဦးမေ
 ( ဟန်းဖုန်း က ပုံတွေထက် ပို ၀ါးပစေ.. )
မအယ်ဇီ

မမီးငယ် ( ဘလော့ဂ် မရှိရင်..ရှိတဲ့နေရာကို လှမ်းတင် ပေး )း)
မသီတာ  ( ရေးတုံး)

မသိဂီ င်္ နွယ်
မမွန် (သုနှင်းဆီ)
မတန်ခူး
မရွှေစင်ဦး ( ရေးပြီး)

တီတီဆွိ  (ရေးပြီး)

မချစ်ကြည်အေး   (ရေးပြီး)
မသက်ဝေ  ( ရေးပြီး)
ပန်ဒိုရာ
မနော်
အိန္ဒြာ
ခွန်မြလှိုင် (ရေးပြီး)

မနော်ဖော

မမေဒါဝီ
မလေး ( အိမ့်ချမ်းမြေ့)  (ရေးပြီး)

ကိုပီတိ ( တောင်တက်တာတွေ တင်ဖူးတယ်.. ခု..ဘလော့ဂ် မရေးတာကြာတော့.. ပြန် နှိုးပေးတာ )း) ရေးပြီး

ကလူသစ်     

(ရေးပြီး)
ကိုလူထွေး
ကိုပေါ ( တလောက တည်းက ပုံတွေ တထောကြီး ပြထားပြီးသား.. မကျန်ခဲ့အောင် ထဲ့လိုက်တယ် )း) 


ကိုအောင်   (ရေးပြီး)
ကိုတင်မင်းထက်
ကိုချစ်ဖေ  (ရေးပြီး)

အားလုံးကို... စပ်စု စိတ်ဝင်စား စွာ ဖြင့်..တဂ်ပါသည်။ တခြား စိတ်ဝင်စားတဲ့ သူတွေလည်း အများကြီး ကျန်သေးတယ်။ အထူးသဖြင့် အသက်မှန်းမရ တဲ့..လျှို့ဝှက်တတ်သူတွေပေါ့..။ ဒါပေမဲ့..သိပ်များနေမှာ စိုးလို့.... ကိုယ့် နဲ့.. ခေတ်ခြင်းသိပ်မကွာလှ ဟု ထင်သူများကိုသာ.. တဂ် လိုက်တာပါ။ ဘယ်သူတွေ ရှိအုံးမလဲ..?????
၇ ရက်နေ့ မတိုင်ခင် နော်။ 

၇ ရက်နေ့ မှာ.. အိမ်ထဲက.အိမ်ပြင် မထွက်ပါ... ( ကြောက်လို့ )း)


ဆက်စပ် ဖတ်ရန်-






◦
Share/Bookmark

သူ- အကျင့်မကောင်းပုံ

ခုရက်ထဲ ...မိသားစု ထဲမှာ.. တော်တော်များများ အကျင့်မကောင်း ဖြစ် နေ ကြ တယ်။

ဖြစ်ပုံက.. တရက်မှာ.. ၇ နှစ် အရွယ် ၂ တန်းကျောင်းသူ တူမငယ်လေး ရဲ့ ဗလာ စာအုပ် လေး တအုပ် ကို..လူကြီး တွေ.. ရှာဖွေ တွေ့ ရှိသွား တာက.. စတော့ တာပဲ..။ အဲဒီ စာအုပ် ထဲ မှာ.. အိမ်မှာ ရှိသမျှ လူတွေ အပေါ်..သူ မကျေနပ် သ မျှ..သဘောမကျ သမျှ တွေ ကို.. တိတ်တိတ်လေး ကြိတ်ပြီး.. မှတ်စုလေး တွေ ရေးထား တာပါ...။ ကြည့်ပါအုံး.. သူ့အမေ ကို ရေးထားပုံလေး က...



မေကြီး၏ နေ့စဉ် အကျင့်မကောင်းပုံ

မေကြီးသည် ကျွန်မကို 7 နာရီ နှင့် 8 နာရီ တွင် တီဗီ ပိတ်ခိုင်းသည်။ အိမ်စာ မပါရင်လည်း ပိတ်တတ်သည်။ ဒါကြောင့် မနက်ဆိုရင်လည်း နေ့စဉ် နေ့တိုင်း ဘုန်းကြီး တရားခွေ ဖွင့် သည်။ ဤ ဘုန်းကြီး တရားခွေ သည်လည်း အလွန်ရှည်သည်။ ဒါကြောင့် ကျွန်မ ကာတွန်းကား မကြည့်ရ။ ဘုန်းကြီး တရားခွေ ပြီးတာနဲ့ မေကြီးသည် ကျွန်မ ကို တကိုယ်ရေ သန့်ရှင်းအောင် ပြုလုပ်ခိုင်းသည်။
စာရေးသူ ဇွန်လေးခင် မှတ်စု ဒါပဲ။



ဘွားဘွား အကျင့်မကောင်းပုံ..... လေးလေး အကျင့်မကောင်းပုံ.. မမဆု အကျင့်မကောင်းပုံ ..စသဖြင့်..စာတိုလေး တွေ ကို ..တအိမ်လုံး.. တပြုံးပြုံး နဲ့ ဖတ်ကြ.. နောက်ကြရင်း.. အကျင့်မကောင်းပုံ ဆိုတဲ့.. စကားလုံး လေး ခေတ်စား သွား ပါတယ်။

အဲဒါ နဲ့.. ကျမ လည်း တအိမ်တည်း နေတဲ့.. သူ့ ရဲ့ အကျင့်မကောင်းပုံ တွေကို.. ရေးဖို့ ရှိ လာတော့ တယ်။

++++++++++++


သူ သည် ကျမ ကို.. ဘလော့ဂ် ရေးချင်ရေး..ဖေ့စ်ဘွတ် မသုံး ရ လို့ ပြောပါတယ်။ ဖေ့စ်ဘွတ် မှာလည်း သူ့ပုံတွေ ကို မတင် နဲ့ လို့ ကန့်သတ်ပါတယ်။ နောက်တော့မှ သိရ သည်မှာ..သူ ငယ်စဉ် ၁၀ တန်းကျောင်းသား ဘ၀ က.. ခင်မင်ဖူး ..တိတ်တခိုး နောက်ပိုးချင် နေ ခဲ့သော.. အမေရိက ရောက် နာမည်ကြီး အဆိုတော် မ တယောက်ကို.. ဖေ့စ်ဘွတ် မှ တဆင့်.. ပြန်လည် ဆက်သွယ် ကြည့်ရာ..ဟို တယောက်က.. လက်မခံ သော ကြောင့်..စိတ်အနာ ကြီး နာ သွားဖြင်း ဖြစ်ကြောင်း ပေါ် သွား ပါ တော့သည်။ အကြောင်း ရင်း ကို စိစစ် လိုက်သော အခါ.. သူသည် နာမည်ကျော် အမေရိကန် ဂစ်တာ သမား တယောက် နာမည် ကို သုံး ၍ အကောင့် ဖွင့် ထား ခြင်း ဖြစ်နေ သော ကြာင့်.. ဟို တယောက်က.. မသင်္ကာ ဖြစ်သွား ဟန် တူ ပေ သည်။ သို့သော်.. ယုန် ထာင် ကြောင်မိပြီး..မြန်မာပြည် ထဲက.. နာမည်ကြီး အဆိုတော် ယောက်ျား တယောက် က.. တကယ် အမေရိကန် ဂစ်တာသမား အစစ် ထင် ပြီး.. လာအဒ် သော ကြောင့် ကို့ယို့ကားယား ဖြစ်ပြီး.. ဆက်မသုံးပဲ ပြစ် ထား လိုက်ခြင်း ဖြစ်ပါသည်။ ထို့ ကြောင့် ယခု အခါ..ကျမ တယောက် တည်း လွတ်လပ်စွာ သုံး နေရ ပါသည်။



သူသည် ဂစ်တာ လည်း အလွန် ရူး ပါသည်။ သူ နှင့် စတွေ့ စဉ် က.. သူတို့ အိမ် ဧည့်ခန်းမှာ ချိတ်ဆွဲ ထားသော အနက်ရောင် ဟော်လို ဂစ်တာ ကြီး ကို ကြည့် ၍.. သူ့ကို မသိစိတ် ထဲ မှာ..အထင်ကြီး ပြီး.. ဂစ်တာ တီး ပြီး သီချင်းတွေ ဆိုပြ နေ ပုံ..စိတ်ကူးယဉ် ခဲ့ ဖူးပါသည်။ နှစ်ပေါင်း အတန်ငယ် ကြာပြီး သော အခါ မှ ..သိ ရသည် မှာ.. ထို ဂစ်တာ အနက်ရောင် ကြီး သည်..သူ့ သူငယ်ချင်း တယောက် ပိုက်ဆံ ပြတ်သော ကြောင့် အတင်း လာရောင်း ၍ ၀ယ် ချိတ် ထားခြင်း ဖြစ်ကြောင်း သိခဲ့ ရပါသည်။ ယခု လည်း...သူ့ အခန်း ထဲမှာ.. ဂစ်တာ ၃ လုံး ရှိပါသည်။ တလုံး က ဆို လျှင်..အလွန် လှပ ထည်ဝါ သော သေတ္တာ ကြီး နှင့် ထဲ့ထားသော.. နို့စိမ်း ရောင် လျှပ်စစ် ဂစ်တာ တလုံး ဖြစ်ပါသည်။ ဧည့်သည် များ လာလျှင်.. အဲဒီ ဂစ်တာ သေတ္တာ ကြီးကို ထုတ် လာလေ့ ရှိပါသည်။ ထိုဂစ်တာ ကောင်းမကောင်း လှ မလှ ..ဘာ အမျိုးအစား မှန်း.. ကျမ မသိသော်လည်း... ဈေးကြီး သော ကြောင့် ၀ယ်တုန်းက ရန်ဖြစ် ခဲ့ ရသည် ကို သာ မှတ် မိ နေ ပါသည်။

ထို့ အပြင် ..သူ ဂစ်တာ တီး သည့် အခါ.. တတောင် တောင် သာ ကြား ရပြီး..တခါမှ..သီချင်း တပုဒ် ပြီး အောင် တီး သည် ကို မတွေ့ ဖူး ပါ။ ကျမက.. မြန်မာ ပြည် က...အဆောင်တွေ ရှေ့ မှာ တီးသလို.. ဗမာ သီချင်း တပုဒ် လောက် တီး ပြ ပါလား ဆို လျှင် တော့... ဗမာ သီချင်း တွေ တီးရ တာ ..ဖီလင် မလာ တော့ ဘူး ..ဟု..ခပ်တည် တည် ရွှီး ကာ..ယခုတိုင် တခါမှ.. သူ တီးသော သီချင်း ပီပီသသ မကြားဖူးသေးပါ။ အသက် ကြီး လျှင်.. ဂစ်တာ တွေ ထပ်ဝယ် စု ဦး မည် ဆို သော ကြောင့်.. ကျမ စိတ်ညစ် နေ ပါသည်။

သူသည် ဂစ်တာ တင် .. ရွှီး ပြီး တီး ခြင်း မဟုတ် ပါ။ ဘောလုံး လည်း..ရွှီးပြီး ကန်တတ် ပါသေးသည်။ ဂစ်တာ ကဲ့သို့ပင်.. သူ နှင့် ခင်မင် စ က.. သူငယ်ချင်း များ နှင့် ဆုံလျှင် ဘောလုံး အကြောင်း အားရ ပါးရ ပြောလေ့ ရှိပြီး.. အောင်ဆန်းကွင်း မှာ လုပ်တဲ့ ဘောလုံးပွဲ မှန်သမျှ မလွတ်အောင် သွား ကြည့်တတ် သော ကြောင့်... ဘောလုံး ကန် ကောင်း မည့် သူ တယောက် ဟု ..ကျမ ထင် ခဲ့ ပါသည်။ တကယ်တော့..ကျမ ကသာ.. တော်တော် တုံး ခြင်း ဖြစ်ပေ သည်။ နောင် သော မှ..မပြောချင် ပြောချင် နှင့် ၀န်ခံ သည် မှာ..သူသည် တေဇ လူငယ် ဘောလုံး အသင်း တခု မှာ.. အရံ သမား အဖြစ် ကွင်းဘေး မှာ..တပွဲ ကြီး မျှ ..ရပ်နေ ခဲ့ ဖူး သည် က..လွဲ ၍ တခါ မှ..ဘောလုံးကွင်းထဲ မှာ..ဘောလုံး မကန် ဖူး ဘူး ဟူ ၍ ဖြစ်ပါသည်။ ထို့ အပြင်...တက္ကသိုလ် ကျောင်းသားဘ၀ က..ညနေတိုင်း အောင်ဆန်းကွင်း ကို သွား ၍ ဘောလုံး ပွဲ ကြည့်သည် မှာ လည်း .. အောင်ဆန်း ကွင်း ထဲ မှာ ရောင်း သော.. အသားကင် နှင့် ဆီထမင်း အလွန် ကောင်း သော ကြောင့် ဟု ပြောပါသည်။ ထို ကတည်း မှ စ၍.. သူ့ကို.. မင်းလူ ၏ ၀တ္တု ဇတ်လိုက် ..“ ကိုစာကလေး” ဟု..နာမည် ပေးလိုက် ပါတော့ သည်။

ပြီးခဲ့သော.. ကမ္ဘာ့ ဖလား မှာလည်း ပွဲစဉ်များ စတင် ကတည်းက.. လောင်း ကြေး ကစားသည့် ဒိုင် ၀ဘ်ဆိုဒ် တခု တွင် ငွေ ၂၀၀ သွင်း ၍.. တပွဲ ပြီး တပွဲ လောင်း ခဲ့ သော် လည်း.. ဆီမီးဖိုင် နယ် အထိ.. တပွဲ မှ..မနိုင် ခဲ့ ပါ။ ကြံရာ မရ..ကြိတ်မနိုင် ခဲမရ ဖြစ် လွန်းသော ကြောင့်..ဖိုင် နယ် ပွဲ တွင်.. အပီ အပြင် တွက် ချက်ကာ..ကျန်သမျှ ပိုက်ဆံ ၃၀ အား စပိန် ဖက် က.. ၂၀ ဖိုး.. နယ်သာလန် ဖက်က..၁၀ ဖိုး ထိုး လိုက်ပြီး..ဒီ တခါ တော့.. ဘယ်လို ဖြစ်ဖြစ် မလွတ် တော့ဘူး ဟု.. ကြုံးဝါး ကာ..ဆိုဖာပေါ်မှာ.. ပြုံးပြုံးကြီး နှင့် ထိုင်ကြည့် ပါ တော့သည်။ ထိုည တွင်..မိနစ် ၉ ၀ အတွင်း..သားရေ ကျ ကာ.. သူ့ ပိုက်ဆံ ၂၀၀ လုံး.. ပလုံ ဟု မြည်သွား သံသာ ကြားလိုက် ရ ပါတော့သည်။

အခုလည်း..ကျမ ကို..သူ့ မွေးနေ့ အတွက်..သူ့ အကြောင်း ရေးပေး ရမည်ဟု အတင်းအကြပ် ရော.. မသိမသာ ရော..ချော့မော့ ၍ ရော.. တောင်းဆို လာ ပါသည်။ ကျမ လည်း လောလောဆယ်..မွေးနေ့ လက်ဆောင် ၀ယ်ပေး ရန်.. ပိုက်ဆံ ပြတ်နေသော ကြောင့်.. အတော်ပဲ ဟု.. တွေးကာ.. အပျံစား ရေးပေး မည် ဟု ပြော ၍.. ယခု ဒီ စာ ကို တင် လိုက်ပါသည်။



++++++++++++++++++++++++


ဒီကနေ့ ကျရောက်တဲ့.. သူ့ မွေး နေ့ အတွက်....
ကေကေ အကျင့်မကောင်းပုံ....

:P






◦
Share/Bookmark

ဘလော့ဂ်ဥပုသ်


ဗေဒင် တို့ ယတြာ တို့ကို ယုံကြည် လွန်းလှ သည် တော့ မဟုတ်။ မယုံ မကြည် လည်း ပြက်ရယ် မပြု နိုင် ပြန်။ ထုံးစံ အတိုင်း အသင့် အတင့် နှလုံးသွင်း ရင်း..ဥပဒါန် ကို လည်း ရှောင်...ဥပဒ် ကို လည်း တွန်းလှန် နိုင် ရ ဖို့ သာ။


တလော က တော့.. ကိုယ် လည်း မမေး ခိုင်း ပါပဲ နဲ့....မိခင် လုပ်သူက.. သူ့ ရဲ့ ဖောက်သည် ဗေဒင် ဆရာမ ဆီမှာ..ဓါတ်ပုံ ပြ ပြီး..ဟောစာတမ်း ထုတ်လာ လေ ရဲ့။ ဗမာပြည် က.. ၉ ၀ ရာနှုန်း လောက် သော.. ဗေဒင် ယတြာ ယုံကြည် သူ များထဲမှာ.. မေမေ လည်း တယောက် အပါအ၀င် ပေါ့လေ။


ကျန်းမာရေး အညံ့ ရှိတယ်။ ခွဲစိတ်ခံ ရ အုံးမယ်..ဟိုဟာ..ဒီဟာ..။ မိတ်ဆွေ ပျက်ကိန်း ရှိတယ်။ ဘယ်နေ့ နံနဲ့ စကား ပြော သတိထား.. ဘာဘာ ညာ ညာ..။ ဟောစတမ်း မှ ဖတ်လို့ မဆုံး ခင်..ဥပဒ် က ၀င်ချင် နေပြီ။ စိတ်တွေ က..မှိုင်း လာ သည်။

မေမေ ပြောလေ့ ရှိတဲ့ အတိုင်း..ဒါ..ဘာမှ ကြောက်စရာ မဟုတ်ဘူး.. မဖြစ်သင့်တာ မဖြစ် အောင်..ယတြာ ချေ လိုက် ယုံပဲ....တဲ့။ ကဲ.. ယတြာက ဘာတဲ့ လဲ.. ဒါဆို...။


တခုခု ကို သီလ ယူ.. ဥပုသ် စောင့် ပါ.. တဲ့။ အားထုတ် ထိန်းချုပ်ရ မဲ့ ဟာမျိုးပေါ့... ညစာ မစားတာမျိုး.. ။ သီချင်း နားမထောင် တာမျိုး..။ တီဗီ မကြည့် တာ မျိုး..။ ဒါတွေက.. ဘာ ခက်လို့ လည်း...နော်..။ တကယ် ခက်တာက....

......

အင်တာနက် ဆိုရင် ကော...။

အင်း..ဟုတ်တယ်... အင်တာနက် မသုံးဘူး လို့ သီလ ယူ လိုက် ရင် ကော..။

၈ ပါး သီလ မဟုတ်တောင်.. ၅ ပါးသီလ မှာ..အင်တာနက် ပါ ထဲ့ပြီး..၆ ပါး သီလ စောင့်သင့် နေတဲ့ ခေတ်ကြီး ဆို တော့ လေ...။


ဗေဒင် ဆရာမ ရဲ့ စာလုံးတွေ ကြားထဲမှာ.. ထုံးစံ အတိုင်း.. မေမေ့ ရဲ့... ကိုယ်ပိုင် ၀ါကျ ..ဆုံးမစာ တွေ က.. မျဉ်းသား လို့ရော.. စတား တွေ ပြလို့ ရော.. ပါလာ သေး တယ်။


“ မလိုအပ်တဲ့ စကားတွေ မပြောနဲ့....လူတွေ နဲ့ အပို ဆက်ဆံ တာ..တတ်နိုင်သမျှ.. လျှော့...တဲ့...” ။ အဲ...နေ့တိုင်းလို တက်ကြည့် ဖြစ် နေတဲ့.. ဖေ့စ်ဘွတ်ခ် ကြီး ကို သာ.. ပြေးမြင်ယောင် မိေ တာ့သည်။


အဲဒီ လောက် ကြီး တော့ လည်း မဖြစ်သေးပါဘူးလေ..။


အင်း...ရှဥ့် လည်း လျှောက်သာ ပျားလည်း စွဲ သာ အောင် ဆိုရင် တော့...အင်တာနက် တော့ သုံးမယ် လေ.. ဒါမဲ့...ဘလော့ဂ် မရေး သေး ဘူး ... ဖေ့စ်ဘွတ်ခ် လည်း.. သိပ် မသွား ဘူး ကွာ...။ ဟုတ်ပလား...။ ဟမ်း.. ငါ့ဟာက.. ထိန်းချုပ်တာလား.. ကန့်သတ် တာလား... ။ ဘာပဲ ဖြစ်ဖြစ် ကွာ ... ဖြစ်နိုင် တဲ့ အလုပ် တခု မို့ ....ဘလော့ဂ် ဥပုသ် တော့ စောင့် ရ မည် ။


ဟုတ် တယ်... ဘလော့ဂ် ဥပုသ် စောင့်ရ တော့မယ်။


ကျမ အတွက်...စောင့် လည်း စောင့် သင့် နေပြီ ။ ဘလော့ဂ် ရေး လာ ခဲ့တာ.. ၃ နှစ် ထဲ ၀င်လို့.. ကျော် တောင် ကျော်ခဲ့ပြီ။ ပုံမှန် လောက် နီးနီး.. တလ ကို အနည်း ဆုံး သုံး- လေးပုဒ် တော့ ရေးဖြစ် နေ ခဲ့ သည်။ ၃ နှစ် ဆိုတဲ့ ကာလ ကို ပြန် ငဲ့ ကြည့် တော့... ပို့စ် ပေါင်း ၃၀၀ ကျော် မှာ...ဘလော့ဂ် တလုံး နဲ့... ပျော်ခဲ့ ပြီးပြီ။ ဟန်းနီးမွန်း ခဲ့ပြီးပြီ။ ရေးချင် တာတွေ လည်း ရေးခဲ့ ပြီး ပြီ။ လွဲစရာ ရှိတာ တွေ လည်း လွဲ ခဲ့ ပြီးပြီ။ မလွှဲသာ မရှောင်သာ စိတ် ကသိ ကအောက် လေး တွေ လည်း.. တွေ့ ဘူး ခဲ့ ပြီ။ ခဏ တော့ နားဖို့ သင့် ပြီ..ဒါမှ မဟုတ် လျှော့ ဖို့ သင့် ပြီ။ တကယ် ကတော့.. အလိုလို ကို.. ရေးချင် စိတ် တွေ က... သူ့သဘာဝ အလျောက်..ကွေးညွတ် နှေးကွေး သွား တာ ထင် သည်။ ဒါမှ မဟုတ် ..စောင့်ထိန်း သင့် စရာ တွေ ကို .. မြင်လာ ခဲ့ လေ သလား...။ ဒါ ဆိုရင် လည်း..ဘလော့ဂ် ရဲ့ သဘော သဘာဝ နဲ့... များစွာ ကွဲလွဲ လာ နေပြီ ပေါ့။


ဘာလို့ လည်း ဆိုရင်...ဘလော့ဂ် ဆိုတာ.. သွက်လက် တယ်... ပေါ့ပါးတယ်.. လွတ်လပ် တယ်။ ပြီး တော့.. ဖြိုးကနဲ... ဖျပ်ကနဲ ။ ခု.. ကိုယ် တွေ က..လေးလံ လာ သလိုလို..။ ပျင်းတွဲ့ လာ သ လိုလို။


ရေးစရာ တွေ ရှား သွား လို့ လား..။

မဟုတ် ဘူး ထင်သည်။ အင်း.. ရှား တော့ ရှား တယ်... ဒါပေမဲ့ လည်း မရှား ဘူး ဆိုတာမျိုး ။ ကဲပါလေ...ဘလော့ဂ် နဲ့ ပတ်သတ် လို့... ဟိုဒင်း..ဒီဒင်း ..ဟ၀ှါ..ဒဟာ.. ဟိုက်ပိုသစစ်စ် လုပ် နေ ရင် တော့..ပြီးမှာ မဟုတ် ပေ။ ဘလော့ဂ် ဘာလဲ ဘယ်လဲ ဆိုတာ...သူ့ လမ်းကြောင်း ကို သူ ထွင် သွား နေ သည် ပင်။ ကိုယ် ပူ စရာ မလို....။


ပူချင်လို့.. ဘလော့ဂ် ရေးသူ တယောက် အနေနဲ့... တခုခု ပြော ရမယ် ဆိုရင် တော့...သုံးနှစ် လောက် ဘလော့ဂ် ရေးခဲ့ သမျှ...ကိုယ် ပိုင် အမြင် အရ .. ဘလော့ဂ် နည်းပညာ အသုံးချ မူ လမ်းပေါ်မှာ.. စာတပုဒ် ကို အလွယ် တကူ .. ကိုယ်ထူ ကိုယ်ထ ရေးနိုင် လာ သလို.. အလွယ်တကူပဲ.. ချီးမွမ်း ခံ ရ နိုင် သည်။ အလွယ် တကူပဲ..ကဲ့ရဲ့ ..ပြစ်တင် ခံ ရ နိုင်သည်။ ဒါကလည်း..သဘာဝ ကျ ပါသည်.။


ဒါပေမဲ့..ဘလော့ဂ် တွေ အပေါ် ထားတဲ့ အမြင်..ဒါမှ မဟုတ်.. လက်ခံ နိုင်မူ ကတော့.. တချို့ နေရာ တွေမှာ...ခက်ခဲ နေသေးသည်။ ဒါကလည်း.. အရည်အသွေး ထိန်းချုပ်မူ ဆိုတဲ့.. ထုပ်လုပ်မူ အခြေခံ သဘောတရား နဲ့... ကင်းလွတ် နေ လို့ လည်း ဖြစ် ပေ မည်။ ဒါဆိုရင်...ရောင်းသူ ၀ယ်သူ..ရေးသူ..ဖတ်သူ.. ဆိုတဲ့.. demand/ supply ၀င်ရိုး သဘောတရား မှာရော...။ ဘာမှ မဆိုင်...။ စာတပုဒ် ဆိုတာ.. ရေနံစိမ်း တဂါလံ မှ မဟုတ်တာ..။ ကွန်ပြူတာ တခု ရဲ့ အမှတ်တံဆိပ် တခု မှ မဟုတ်တာ။ apple က ထုတ်လိုက် တဲ့... ipad လိုမျိုး.. ပေါ်ပင် ခေတ်စား လာတဲ့.. အသုံးချမူ တခု နဲ့ နှိုင်းယှဉ် ရင်မှ.. ဟုတ် တုတ်တုတ် ရှိချေ ဦးမည်။ နောက် တချက် က... ရေးသားမူ ပုံစံ.. ဘာသာရပ်.. အုပ်စု တွေ ကွဲပြား ခြားနား မူ ကလည်း... “ဘလော့ဂ် ဆိုတာ...” ဆိုပြီး... သိမ်းကျုံး ဆွဲယူ ... ကောက်ချက် ချဖို့ ..တန်ဖိုး ဖြတ် ဖို့ .. မဖြစ်သည့် အနေအထား..။ဒါပေမဲ့...ဘလော့ဂ် ဆိုတာ.. ပြောခဲ့သလို.. တိုက်ရိုက် သဘောအရ... လွယ်ကူ သလောက် ..cheap ဖြစ်သလောက်.. တကယ် ဘလော့ဂ် ကို ခုံခုံ မင်မင် ရေးသား နေသူ တွေ ကို မေး ကြည့်ပါ...။ cheap မဖြစ် ပါဘူး..။ အားလုံး..ကိုယ့်အတိုင်း အတာ နဲ့ ကိုယ် တန်ဖိုး ထား မြတ်နိုး ကြ မှာပါ...။ ဘယ်သူ့ အတွက်ရေးတာလည်း..အများအတွက်လား..ကိုယ့် ဟာဒယ အတွက် လား..အချစ် အတွက်လား... ဘယ်သူ့ အတွက် မှ မဟုတ်ဘူး.. ရေးချင် လို့ ရေးတာ.. ။ ဘယ်လို.. စေ့ဆော် မူတွေပဲ.. ရှိ နေ ရှိနေ.. အတိုင်း အတာ တခု တော့.. ပေးဆပ် ရတာပါပဲ...။ အချိန် ပေး ရတာ.. ပဲ ဖြစ်ဖြစ်... စိတ် အာရုံ စွဲလန်း ရ တာမျိုး .. ပဲ ဖြစ်ဖြစ်...။ ဒါပေမဲ့ လည်း...ဘယ်လောက်ပဲ အတွေး တွေ ကို ဖန်တီး တည်ဆောက် အချိန်ကုန် ခံစေ အုံး တော့... စွဲဆောင်မူ အနည်းဆုံး လို့ ဆို ရမဲ့... ပုံနှိပ် စာအုပ် တအုပ်.. စာမျက်နှာ တရွက်ရွက် လောက် တောင်... အသိအမှတ်ပြု ခံရ နိုင် ဖို့.. အခွင့်အလန်း နည်းလွန်း လှ ပေသည်။


တလော က..New Mandalar အွန်လိုင်း အင်တာဗျူး တခု မှာ..ဗမာပြည်ဖွား..သမိုင်း ပညာရှင် ကြီး တယောက် က... I don't read blogs as a matter of principle.

လို့ ဖြေ သွား တာ ဖတ်လိုက် ဘူး သည်။ အဲဒီ စကား အတွက်.. သူတို့ အရွယ်..လူကြီး စာဖတ် ပရိသတ်.. ပညာရှင် တွေ.. ဆရာ တွေ.. စိတ်ဆိုး မာန်ဆိုး.. ဝေဖန် ..ငြင်း ကြ ..ခုန်ကြ တာ ကို.. သွားမော့ ဖတ် ရင်း.. သြော..သူတို့ မှာလည်း ဒါမျိုးလေး တွေ ရှိတာပဲ လို့.. ပြုံးမိ သေး သည်။ တကယ်တော့.. အဲဒီ ဒေါက်တာကြီး လည်း မမှားပါ။ သူလည်း သူ့မှာ..အရေးတကြီး ဖတ်စရာ တွေ များပြား လှပေ မည်။ သူ့ မူ နဲ့ သူ ရှိပေမည်။အငြင်း အခုံ မှတ်ချက် တွေ ကြားထဲမှာ..စိတ်ဝင် တစား ခေါင်းညိမ့် လိုက် မိ တာ က... အယ်ဒီတာ ၀င်ပြော လိုက်တဲ့..စကားလေး တခွန်း ကို ပါ။


" one of the things that blogs do is bring everyone down to the same level. I have a sneaking suspicion that this is the reason why the professor avoids reading.


ဟုတ်ပေသား...။ သူ့ အလွှာနဲ့ သူ ရှိနေတဲ့.. လူမူ အဆင့်အတန်း.. ပညာ အဆင့်အတန်း တည်ဆောက်ပုံ တွေ ထဲ မှာ.. အားလုံး တပြေးညီ ဖြစ်သွား နိုင် သည့် ကိစ္စ က.. တချို့ လူ တွေ ဖက်က ကြည့်ရင်.. သတိထား ချင် ကြ မည်ပေါ့။


တပြေးညီ ဆိုလို့... ပြီးခဲ့တဲ့..လပိုင်း က...Times မဂ္ဂဇင်းရဲ့ မျက်နှာဖုံး ဆောင်းပါး မှာ.... Facebook အကြောင်း ရေး တော့.. Friends without Border လို့ ခေါင်းစဉ် တပ် ထား တာကိုလည်း..သဘောကျ မိသည်။ လူတွေ တယောက် နဲ့ တယောက်..ဘယ်လောက် ဝေးဝေး.. ဘယ်လောက်လေးပဲ..သိသိ.. ဘယ်လောက် ကြီး ပဲ.. မသိ..မသိ... ခင်ရာ မင်ရာ.. နှစ်သက်ရာ..လမ်းကြောင်းတူရာ... မိတ်ဆွေ ဖွဲ့ နိုင် နေကြ ပြီ မဟုတ် လား...။ ဟိုးတုန်းက.. မင်းသား မင်းသမီး..နာမည်ကြီး.. တွေ ဆိုတာ.. အိပ်မက် ထဲ မှာ တောင် ယောင်လို့ မသိ နိုင် တဲ့ ခေတ် ကနေ... သူတို့ ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွေ မှာ.. တနေ့တာ အပမ်းဖြေပုံ တွေ..မိသားစု ပုံ တွေ... အလွယ်တကူ မြင်နေ ကြည့်နေ ရပြီ။မိတ်ဆွေ ဖွဲ့နိုင် ကြ ပြီ။

ကိုယ်က မကြည့်ပဲ နဲ့ တောင်.. ဖေ့စ်ဘွတ်ခ် ကြီးက...အတင်းကာရော.. ဟိုက..ဒီက.. အကုန်လုံး ကို.. ရော မွှေ ပေးနေပြီ မို့.... မကြည့်ချင် မှ ..အဆုံး.. မြင်နေ ကြ ရ သည်။ Privacy ရဲ့ သဘော သဘာဝ တွေ လည်း ပြောင်း လဲ လာ သည်။ လူတွေ တကယ် လိုအပ်တာ.. Secrecy တဲ့။ The art of openness ဆိုတဲ့..ပညာ တမျိုး တောင် ဖြစ်ပေါ် နေ သယောင်ယောင် ။


ဘလော့ဂ် တွေ..ဖေ့စ်ဘွတ်ခ် တွေ ပေါ်မှာ..ကိုယ့်ကို ကိုယ် ဖော်ပြ ရေးသား နိုင် လာ တဲ့.. အခွင့် အလန်း (သို့) ပြသာနာ တွေ ကို.. ဟောဒီ ဘလော့ဂ် စာမျက်နှာလေး ပေါ်က..ဘလော့ဂါ တယောက် ရဲ့..လက်တဖောင် လေး နဲ့.. လျှောက် စမ်း နေ လို့ တော့ ... ဟို မထိ..ဒီ မထိ.. ဖြစ် နေ မှာပါ။


ပေါ့ပေါ့ ပါးပါး ပြောကြ ကြေး ဆို... မနေ့ ည ကမှ.. ကြည့် လိုက် ရတဲ့..Meryl Streep ရဲ့ နောက်ဆုံး ထွက် တဲ့ ကား .. Julie & Julia ထဲ ကလို.. ဘလော့ဂါ ဘ၀ လေး က တော့ ဖြင့်.. မသေချာ မရေရာ မူ လေး တွေ နဲ့ ပျော်စရာ လည်း ကောင်း.. စိတ်လှုပ်ရှား စရာ လည်း ကောင်း လှ သည်။ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော် လောက် က Julia ဆိုတဲ့.. နာမယ်ကျော် cook book author တယောက် ရဲ့ ဘ၀ ကို အားကျ နှစ်သက် ရင်း.. သူမ ရဲ့ နေ့စဉ် ဘ၀ ထဲက..အမောလေး တွေ ကို ဖြေဖျောက် ဖို့.. ချက်နည်းပြုတ်နည်း ဘလော့ လေး တခု စ ရေး မိ တဲ့.. Julie ဆိုတဲ့.. ရုံးဝန်ထမ်း မလေး တယောက် ရဲ့... ဘလော့ဂါ ဘ၀လေး ပါ။ သူ့ ဘလော့ဂ် လေး ရဲ့ အမည် ကို လည်း.. Julie & Julia လို့ ခပ်တည်တည် နဲ့ ပေးထားသေးတယ်။


အဲဒီ ဘလော့ဂ် လေး အရှိန် စရ ပြီ ဆိုတာ နဲ့.... Julie အမေ က.. အင်တာနက် မှာ..သူ့ဖာသူ တွေ့သွားပြီး..သမီး လုပ်သူ ကို ဘာတွေ လျှောက်လုပ် နေတာလည်း.. လို့ ဖုန်း နဲ့ လှမ်း ဆူ ပါ တော့တယ်။ Julie က ဆင်ခြေပြန်ပေးတယ်။


It's a short-term goal တဲ့။


Julie ရဲ့ စကားလုံး ရွေးချယ်မူ အတွက်.. ရှည်ရှည် ဝေးဝေး ထပ် မတွေး ဖြစ်တော့ ပါဘူး..။ သေချာ တာ တော့..Julie ရော.. Julia ရော.. ကျမ မှာ ရော.. ဘေးကနေ... .အပြည့်အ၀ ထောက်ပံ့ ပေး နေတဲ့..( မြှောက်ပေးနေတဲ့ ) ခင်ပွန်း သည် တွေ ရှိ နေ တာ ကြောင့် လည်း .. ခဏတာ ပျော်ရွှင်မူ ပဲ ဖြစ်ဖြစ်.. ရေရှည် မျှော်ကိုးမူ ပဲ ဖြစ်ဖြစ်... အဲဒီလို စာတွေ ရေးဖြစ် နေ နိုင် တာ ပါပဲ။ ရုပ်ရှင် ကို.. .အတူ ကြည့် နေကြရင်း ကတောင် ..ဘလော့ဂါ တယောက် ရဲ့.. အဆင့်အဆင့်.. အရှိန်တက် လာပုံ.. လေး တွေ ကို ပြတဲ့ အခန်းလေး တွေမှာ.. “ တပုံစံ တည်းပဲ ကွာ...” ဆိုလို့... “ အေးပါ.. ခု ..လျှော့ ထားပါပြီ နော်..” လို့.. ပြောပြီး.. ရီ မိ ကြ သေးတယ်။


သူကတော့ ပြောပါတယ်။ “ မရေး ခိုင်းတာ မဟုတ်ဘူးနော်.. ” တဲ့။ ဟုတ်ပါတယ်.. ကိုယ့်ဖာ သာ ကိုယ်... လျှော့ ချ ပြစ်လိုက် ချင် တာပါ။ တကယ်က.. ဘလော့ဂ် ရေးတာ.. အပျော်တမ်း ဆိုပေမဲ့... အာရုံ ၀င်စားမူ တွေ ဘယ်လို ယူရတယ် .. အချိန်တွေ ဘယ်လောက် ..ကုန်ရတယ် ဆိုတာ..ဘလော့ဂ် ရေးသူတိုင်း...သိကြ မှာပါ။ ကျမ အတွက်တော့.. ၃ နှစ်တာ ကို ပြန်လှည့်ကြည့် တဲ့ အခါ.. opportunity cost တွေ အတော် ကုန်ကျ ခဲ့တာ ကို အသေအချာ တွေ့ ခဲ့ ရ တယ်။


ဒါပေမဲ့..ဘယ်လိုပဲ ကုန်ကျ ကုန်ကျ..ဒီ ဘလော့ဂ် လေး ကို..ကျမ တန်ဖိုး ထား ပါတယ်။ ဘလော့ဂါ တယောက် လို့.. ချစ်ခင်စွာ ကင်ပွန်းတပ် ခြင်း ကိုရော... အထင်သေးစွာ တန်ဖိုးဖြတ် ခြင်း ကိုရော.. နားလည် လက်ခံ နိုင် တဲ့.. အသက် အပိုင်း အခြား ရဲ့ ရင့်ကျက် မူ လည်း ရှိနေပြီ မို့... ဘယ်အရာ ကမှ..ထူးပြီး စိတ်လှုပ်ရှား ဖွယ် မဖြစ်လှ တော့ပေ။


တလောက... ကျမ ရဲ့ စာပေ မိတ်ဆွေ အဝေးရောက် အုပ်ထိန်းသူ ဆရာမ တယောက် က.. လူ တယောက် နဲ့.. အီးမေးလ် က တဆင့် မိတ်ဆက် ပေး လာသည်။ ဒါကတော့ ဖြင့်..ဘလော့ဂ် က တဆင့် သိကျွမ်း ရတဲ့.. ဘလော့ဂါ အမျိုးသမီးလေး တယောက်ပေါ့ ။ ကျမ ကလည်း...ရိုးရိုး ရှင်းရှင်း ....ဟာသလေး လဲ စွတ်လို့.. ပြန် မိတ်ဆက် လိုက် တယ်။


I just love to read and write. Voluntarily writing some junks online .. that's called blogger. :)


ခပ်ပေါ့ပေါ့ နောက်ရွှတ်ရွှတ် ရေး လိုက် တဲ့..ကိုယ့် စကား ကို.. ဆရာမ က.. လေးလေး နက်နက် ပြင်ပေး လာ တယ်။


Writing is thinking.. not a junk.


ဒီ ၀ါကျ လေးက.. ကျမ ကို အသိ တခု မီးမောင်း ထိုးပြ လိုက် သလိုပါပဲ။ ကိုယ်လုပ် နေတဲ့ အလုပ်တခု ကို.. ကိုယ်တိုင် ယုံကြည်နေ..ပျော်ရွှင်နေ ဖို့ .. အရေးကြီး လှ သည် ပင်..။ မလိုအပ် ပဲ နှိမ့်ချ ဖို့ မလိုသလို.. မလိုအပ်ပဲ လည်း.. ၀င့်ဝါ ပြ နေစရာ အကြောင်းမရှိ .. ဆိုတာ.. လက်တွေ့ အသုံးချ ဖို့ လိုအပ် နေ ပေ ပြီ ကော.. ။ ကိုယ့် ကို ကိုယ် အရောင်း မြှင့်တင် နေကြ..ဖော်ပြ နေကြ.. ကိုယ်တိုင် လုပ်- ဗားရှင်း တွေ နဲ့.. အများကြား မှာ.. ကိုယ်ရောင် ကိုယ်ဝါ တောက် နိုင် နေတဲ့ ဒီ ခေတ်ကြီး ထဲမှာ... humility နဲ့ modesty ကို ..ကျမ ကို တိုင် လည်း..တခါတလေ ကွဲကွဲ ပြားပြား မသိပဲ... ဖြစ် နေ လေ ရော့ သ လား...။


ဘယ်လို ပဲ ဖြစ်ဖြစ်.. ကျမ ဘလော့ဂ် ကို ဖတ်တဲ့သူ တွေ နဲ့.. ဘလော့ဂ် မိတ်ဆွေ အပေါင်းအသင်း တွေ ကတော့.. ကျမ ရဲ့... “ ကျမ အမှန် ” ကို.. အတိအကျ မဟုတ်တောင်.. အနီးစပ် ဆုံး .. သိမြင်.. ဝေဖန်.. နိုင် ကြ မှာပါ။ ၃ နှစ် တာ ဒီ ဘလော့ဂ် လေး က တော့... ကျမ ဖန်တီး ခဲ့တဲ့... the art of openness ပါပဲ လို့ ပြော ရင်... ပိုလွန်း နေ မလား။


( တိတ် တိတ် ကလေး.. စိတ်ထဲ ကပဲ....ဝေဖန် လိုက် ပါ နော်..)း)


အခု တော့...မေမေ့ စကား ကို လည်း.. နားထောင်ရာ ရောက် အောင်.. အန္တရယ် လည်း ကင်းရာ ကင်းကြောင်း.. အချိန် တွေ လည်း မကုန်သင့်တာ မကုန် ရ အောင်.. ဘလော့ဂ် ဥပုသ် စောင့် လိုက် ပါ အုံးမယ် လို့....။ ဥပုသ် လို့ ဆိုတဲ့ အတိုင်း.. သုံး နပ် မှာ..တနပ် လျှော့တာ ဆို တော့... ကျမ လည်း ဘလော့ ဥပုသ် ကို... သုံးပတ် မှာ..တပတ် လောက် လျှော့ ပြီး.. ရေး တော့ ရေး နေ အုံး မှာပါ။ အာရုံ ၀င်စား လှုံ့ ဆော်မူ တွေ ရှိနေ သေး သမျှ.. အတွေး တွေ မရပ် မချင်း... ရေးချင်ရာ ရေးလို့ ရတဲ့..ဟောဒီ ဘလော့ဂ် လေး ကို ဆက်လက် ပိုင်ဆိုင် နေ ဦးမှာပါ။


စကား မစပ်... မနက်ဖြန် ဆို.. ဆဲဗင်း ဇူလိုင် ...။ သုံးနှစ် ဆက်တိုက်.. ဒီဘလော့ဂ် ပေါ်မှာ...ဆဲဗင်းဇူလိုင် အတွက် စာလေးတွေ ရေးခဲ့ ပေမဲ့.. ဒီနှစ် တော့.. မရေး ဖြစ် တော့ပေ။ ပို့စ် အဟောင်း တချို့သာ..



လှိုင်းမကြောက်သူများ

ဇူလိုင်ဝိညဉ်

07-07-07 သို့ သမိုင်းအပိုင်းအစများ


------------------------


( ဒီ ပို့စ် မှာ.. မသက်ဝေ ရေးခိုင်း တဲ့.. အသွင် မတူ..တတူ.. တူတူ..မတူတူ..အိမ်သား အကြောင်း ..တခါတည်း ထဲ့ရေး လိုက် သလို... ကိုအန်ဒီ ရေး တဲ့.. ( ကိုယ် ) ဆန်းစစ်မူ ပို့စ် အတွက်.. ခင်မင်စွာ ဖြင့်... (ကျမ) လို့ ပြောင်းလဲ သုံးစွဲ ထားပါတယ်။ ကြုံ လို့ တခါ တည်း ဖြေရ ရင် တော့.. ကျမ ဆိုတဲ့ နာမ်စား ကို.. ဆရာမ ဂျူး ရဲ့ ၀တ္တု တွေ ထဲမှာ.. အလွန် အမင်း သုံး ထားလေ့ ရှိသလို .. တခြား သော ၀တ္တု များ တွင်လည်း.. လွှမ်းမိုး လှ သော ကြောင့်... အီလည်လည် နိုင် လို့.. တမင် ကို မသုံး ဖြစ် တာပါ.. ကိုအန်ဒီ )း)



◦
Share/Bookmark