မန္န
တနှစ် ဆိုတာ ဘာမှ မကြာလိုက်ဘူး ။ အခုလို စိန်ပန်းပြာတွေ
ပွင့် နေတဲ့ နွေဦး ရက် တရက် မှာ ၊ တိတ်တိတ်
ဆိတ်ဆိတ် ရှိလှတဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်လေး
ဆီ ၊ လူအသစ် တယောက် ရောက်လာခဲ့ တာ ။ ကောင်းကင်ကြီးကလည်း ပြာ ၊ အရာရာ ဟာ အပြာရောင် တွေ
နဲ့ လွှမ်း နေ ခဲ့တယ် ။ ဆေးရုံကနေ အိမ်ကို ပြန်တဲ့ လမ်းမှာ ၊ အဖြူပေါ် မှာ အပြာရောင်
အလုံးလေးတွေ ပါတဲ့ အကျီ င်္လေး ကို ၀တ်ထားတဲ့ လူအသစ် ကလေး ဟာ စောင်အပြာရောင် လေး အောက်မှာ အိပ်ပြီး လိုက်လာ
လိုက်တာ ၊ ဘာဆို ဘာကိုမျှ သိလည်း မသိ ၊ မြင်လည်း မမြင် ရှာသေးဘူး ။ အဲ့ဒီနေ့က အပြာရောင် ကဒ်ပြားတွေ အပြာရောင် ပူဖောင်း
တွေ ၊ အပြာရောင် ပန်းစည်း တွေ ကြားထဲ မှာ မှ ၊ သဘာဝ က ပေးတဲ့ လက်ဆောင် ၊ စိန်ပန်းပြာ တွေ ကတော့ အလှဆုံးကို
၊ ပွင့်နေ ခဲ့ ကြတယ် လေ။
။။။။။
လေရူး ကြောင့် တရှဲရှဲ မြည်နေတဲ့ သစ်ပင်တွေကို ၊ မုန့်လေးက တွန်းလှည်းလေး ထဲကနေ မျက်နှာလေး မော့ပြီး
ကြည့် တယ်။ သူ့ အတွေးသေးသေး
ပိစိလေး ထဲမှာ ဘာတွေများ တွေးနေ လေ မလဲ ။ တွန်းလှည်း
ကို တွန်း နေ တဲ့ မိုးမိုး ကတော့ အတွေး အကြီးကြီး ကို ချဲ့ ချင် တိုင်း ချဲ့ လို့
ပေါ့ ။ တစက္ကန့် ရဲ့ အပုံလေး တခု အတွင်းထဲ
မှာ ကို ၊ ဟိုး မိုးကုပ်စက်ဝိုင်း ကြီးကနေ ၊ လမ်းဘေးမှာ ကြွေကျ နေတဲ့ စိန်ပန်းပြာ
ပွင့်လေး ဆီ လည်း ရောက်ချင် ရောက်သွား ပြန် တယ် ။ အရင်တုန်းက ဆို ၊ တယောက်တည်း လမ်းလေ
ျှာက် ထွက်ရင်း ၊ အတွေးထဲမှာ စာတွေ ရေး တယ် ။ အခုတော့ ခါ ၊ ပုခက်ထဲ လည်း စကားပြောပါ
၊ ရေချိုးပေးလည်း စကားပြောပါ ၊ ဆို တဲ့ ကလေးပြုစုရေး
ပညာပေး တွေ ဖတ်ပြီး ၊ လမ်းလျှောက်ရင်း ပါ
စကားတွေ ပြောပေး နေရတော့ ၊ အတွေးထဲက
ရေးလက်စ တွေ လည်း ကစင့် ကလျားပါပဲ ။
ဖတ်လက်စ တွေ၊ လုပ်လက်စ တွေ ။ တကယ့်ကို ဘာကိုမှ
လက်စ သတ် မရ နိုင်သေး တဲ့ နေ့ရက် တွေ ပေါ့ ။ ကလေး တယောက်ဟာ ဘယ်အရွယ် မှာ သူ့ကိုယ်သူ
သီးခြား လူတယောက်ဆိုတာ သိလာ တယ် ၊ ဘယ် အရွယ်မှာ စကားလုံး တွေကို တွဲသိလာတယ် ၊ ဘယ်အရွယ်မှာ
မိဘ ကို ကပ် လာတယ် စသဖြင့် ဖွံ့ ဖြိုးတိုးတက်မူ
ဇယား တွေ နဲ့ တိုက်ဖတ် ရင်း ၊ စိတ်ဝင်စားစရာ
ကောင်းလှတဲ့ စာပေ အသစ် တမျိုး ကိုလည်း တွေ့ ရှိ နေလေရဲ့ ။
အိမ်ပြင်
ထွက်ရမှာ ကြိုက်တတ်လာတဲ့ မုန့်လေး ဟာ ၊ စကားလုံးတွေ ကို နားလည်စ
ပြုလာ ပြီ ။ ကောင်းကင် သစ်ပင် မြက်ခင်း တွေ ကို ၊ လက်ညိုးလေး ထိုးပြီး စူးစမ်း
တတ် လာပြီ ။ တခါတလေ သခင် နဲ့ အတူ လမ်းလျှောက် ထွက် လာ ရ လို့ ၊ စပ်စလူးခါ
ပျော်နေတဲ့ ခွေး လေး တကောင်ကို ၊ တခစ်ခစ်
နဲ့ သဘောကျ ချင် ကျ နေ သေး တယ်။ ယူကလစ်ပင်
ကြီး တွေ ပေါ် ကို ပျံ တက် လိုက် ပျံ ဆင်းလိုက် နဲ့ တ၀ုန်းဝုန်း ဖြစ်နေကြ တဲ့ ကတ္တ၀ါ ငှက်အုပ်လိုက် ကြီးကို ၊ အေးအေး ဆေးဆေး ပဲ ကြည့် တဲ့ ကလေးလေး ဟာ ၊ အမေ လုပ်သူ ခဏလေး ပျောက်သွားရင် တော့
၊ စိုးရိမ်တကြီး ငိုညိ တတ် နေ ပြန်တယ်။ ဟောဟိုဖက်က အဆုပ်လိုက် အခဲလိုက် ပွင့်နေတဲ့ ခရမ်းပြာ စိန်ပန်း
တွေ ရဲ့ အလှ ကို ခံစား တတ် ဖို့ ဆိုတာတော့ ၊ အဝေးကြီး လို ဦး
မည် ပေါ့ ။ သူ ရောက်လာတဲ့ လူ့လောက ကြီး ထဲမှာ အံ့သြစရာ တွေ ရော ၊ ပူပင် စရာ တွေ ရော
၊ ရယ်မြူး ကြည်နူးစရာတွေ ရော အများကြီး ရှိတယ်
ဆိုတာ ၊တဖြည်းဖြည်း နဲ့ သိလာ ၊ ကြုံလာ ရင် လေ . .။
တခါတလေ လည်း
သံသရာ ဝဋ်ဆင်းရဲ ဆိုတဲ့ ယဉ်ပါးလွန်းလှတဲ့ စကားလုံးကြီး အကြောင်း စဉ်းစား မိတဲ့
အခါ ၊ မုန့်လေး ကို ငုံ့ ကြည့် ပြီး သနားနေ မိ တတ်တယ်။ ငါတို့ဟာ ကိုယ်တိုင်တောင်
သံသရာက ရုန်းမထွက်နိုင် ကြ တာ ။ အခု နောက်ထပ် သံသရာ ခရီးသည် တယောက် ကို အတင်းကို
ဆွဲခေါ် လာ ခဲ့ မိ ပြီပေါ့ ။ တကယ်တော့လည်း လူတိုင်းဟာ ဒီလိုပါ ပဲ ၊ သံသရာ ဘာညာပေါ့
။ ပြီးတော့လည်း အဖော်အပေါင်းတွေ ခေါ် ပြီး ပျော်ကြောင်းကို ရှာကြ ပြန်တာပဲလေ ။ မုန့်လေးက တော့ သံသရာ ကြော မှာ ၊ မျော ပါ လာ တာ မဟုတ်လောက် ။ သိပ္ဗံ ဓါတ်ခွဲ ခန်း
ထဲက အေးခဲ နေ တဲ့ ဇီဝ အစိုင်အခဲလေး ဟာ ၊ အသေအချာ ကြီးကို ဖန်တီးခဲ့ တာ မဟုတ်လား ။ သံသရာ အဖော် အတွက် ရယ်
လား ၊ ခက်ခက် ခဲခဲ ကို ပျော်ကြောင်း ရှာ ခဲ့
သည်လေ။ လူတယောက် ဖြစ်တည်လာ တာ ဟာ မတော်တဆ မဟုတ်ဘူး တဲ့ ။ ဒါပေမယ့် ၊ မတော်တဆ တွေ များလွန်းလှ
တဲ့ လူ့ ရွာ ထဲ ၊ မသိကျိုးကြင် နေလို့ မရ
တော့ တဲ့ တနေ့ မှာ ၊ လည်မှာ အလှဆင် ဖို့ ရတနာ တကုံး လိုပဲ ၊ ကိုယ်ပျော်ရွှင်ကျေနပ်ရ ဖို့ သားသမီး ရတနာ တယောက်တလေ ဘယ်လို နည်းနဲ့ မဆို လိုအပ်
လာ ခဲ့ တယ် ။ ကိုယ့် ကို ကိုယ် တော့ တိုးတိုးလေး ကတိ ပေး မိတယ်။ ဒါဟာ အတ္တ ဆို ရင် လည်း ၊ မြင့်မြတ်တဲ့ အတ္တ ဖြစ်ရ ပါစေ့ မယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ မုန့်လေး ကတော့ ချစ်ခြင်း မုန်းခြင်း ၊ ပြုံးခြင်း မဲ့ ခြင်း ၊
ရှုံး ခြင်း နိုင်ခြင်း တွေ ရဲ့ အကြားမှာ လူးလာ ရှင်သန် ရတော့မယ့် လူသား တယောက် ဖြစ်
လာ ခဲ့ ပြီ ။
။။။။။။။။။
ပြောရရင်
မုန့်လေး ရဲ့ မိုးမိုး ဟာ ဓူဝံကြယ် မရှိတဲ့ အရပ်ကို ရောက်လာ ကတည်းက ၊ လမ်းပျောက်သလို
ဖြစ်နေခဲ့ တာ။ ဘာအကြောင်း ကြောင့် ငါ ဒီအရပ်ကို
ရောက်လာ ခဲ့ သလဲ လို့ တယောက်တည်း ညည်းတွား
တယ် ။ ဘုရားကို မေးခွန်းတွေ ထုတ်တယ်။ စာရွက်တွေပေါ် မှာ ဟိုခြစ် ဒီခြစ် လမ်း ကြောင်းတွေ ဆွဲ ကြည့် တယ် ။ ကြီးရင့် ခြင်း ရယ် ငြီးငွေ့ ခြင်း ရယ် နဲ့ မပျော်ရွှင်ခြင်း တို့ လိမ်ယှက် ထား တဲ့ ဖွတ်မြီး တချောင်းသာ လည်တိုင်ပေါ် မှာ ရှည် လျား
လာတယ် ။ ဘာဆို ဘာမှ မမြင်ရသေးဘူး ။ လမ်းမ ပေါ်
ငေးမော ရင်း ၊ စိန်ပန်းပြာ ပင် တွေ
အောက် မှာ၊ ကလေးလက်တွန်း လှည်း လေး နဲ့ မိခင်တယောက်
ကို မြင်တိုင်း မျှော်လင့်ချက်တွေ ၊ ကြွေ ကြွေ ကျ တယ် ။ အိမ်တံခါး
ကို အတူတူ သော့ ဖွင့် ၀င်လာပြီး ရင် ၊ တိတ်ဆိတ်
ရှင်းလင်း နေ တဲ့ ဧည့်ခန်းမှာ ၊ ဇနီးမောင်နှံ နှစ်ယောက် ဟာ ၊ စကား တွေ ပို နည်းလာ တယ်။ နံရံ
ပေါ်က နာရီ က တချက်ချက် မြည် သလို ၊ ခန္ဓာကိုယ်ထဲက
နာရီ က လည်း တ တောက်တောက် အသံ ပေးလို့ ပေါ့
။
တနံ တလျား က ပရဟိတ ဂေဟာ တွေမှာ မိဘ စွန့် ပစ် သွားတဲ့ ကလေး လေး တွေကို ကြည့် ပြီး
၊ ကမ္ဘာကြီးကို စောင့်ရှောက် ချင်သူ တယောက်ဟာ
၊ ကလေး တယောက် မွေးစား ရမယ့် အရေး ဒါကတော့
သိပ် မလွယ်ဘူး လို့ သက်ပျင်း ချ တယ်။ ကလေး
တယောက်ကို ကိုယ်တိုင် မမွေးဖွား နိုင် လို့ ၊ ကလေးတွေ အများကြီးကို မွေးဖွားပေး
နိုင်မယ့် သားဖွားဆရာမ အလုပ်ကို ပြောင်းလုပ်
တယ် ဆိုတဲ့ အမျိုးသမီး တယောက် အကြောင်း ၊ အဝေး မှာ နေတဲ့ အချစ်ဆုံး သူငယ်ချင်း တယောက်က
ပြောပြ လာတော့ မမြင်ဘူးတဲ့ အမျိုးသမီး ကို အံ့သြ ချီးကျုး မိ ရ တယ်။ သူငယ်ချင်း ကိုယ်တိုင်က
တော့၊ သားဖွားဆရာမ အလုပ်ကို ပြောင်းလုပ်မယ့် သူမျိုး မဟုတ် ။ အပူအပင် ကင်း ပြီး
၊ သံသရာ အချုပ် အနှောင် ကင်းတဲ့ ဘ၀ ကို ၊ ကျေနပ်စွာ လက်ခံ ထား ပြီးသား ။ သူ နဲ့ က
မိန်းမ ခြင်း အတွင်းကျကျ စိတ်ခံစားချက် တွေကို တီးတိုး ရင်ဖွင့် နေကျ ။ နင် က
peer pressure မခံ နိုင်တဲ့ မိန်းမ မျိုးမှ
မဟုတ်တာ လို့ ၊ သူ က ပြောတော့ ၊ ကိုယ့်ကို
ကိုယ် မလုံချင် ။ မိန်းမ တယောက်ဟာ သူ့ လိင် သဘာဝ အရ ၊ အချိန်တန်ရင် သားသမီး လိုချင်
တာပဲ ၊ အဲ့ဒီ အချိန်ကို ကျော်သွား ရင် လည်း
သူ့ဟာ သူ နေတတ် သွား တာပါပဲ ၊ လို့ သူက ဖြောင်းဖြ သည်။
တည မှာ ၊ ပုံပြင်လေး တပုဒ် ကို ဖတ်မိ လိုက်တယ်
။ မီးတွေ ၀ိုင်းနေတဲ့ အိမ် ထဲ မှာ ပိတ်မိ နေတဲ့ လူတယောက်ဟာ ၊ ကြောက်ရွံ့ တုန်လှုပ်စွာ
နဲ့ ဘုရား ကျနော့်ကို ကယ်ပါ လို့ မျက်စိ
မှိတ်ပြီး ဆုတောင်း နေရှာ သတဲ့ ။ မီးသတ် သမား က ၊ ပြတင်းပေါက်ကနေ သူ့ကို လှမ်းခေါ်
ပေမယ့် ၊ ဘုရားကို ပဲ ဆက်ပြီး ဆုတောင်း နေသတဲ့ ။ ဒီလို နဲ့ သူ ကောင်းကင်ဘုံ ကို
ရောက်သွားတော့ ၊ ဘုရားကို တွေ့ တဲ့ အခါ ၊ သူ့ကို ဘာကြောင့် လာမကယ် တာ လဲ လို့
စိတ်မကောင်းစွာ နဲ့ မေး တော့ တယ်။ လူတွေဟာ ဘုရား ဆိုတာကို ဘယ်လို ရုပ်ဒြပ်
နဲ့ မျှော်လင့် ထား ကြ သလဲ ။ ဘုရားရဲ့ သတင်း စကား ဟာ ဘယ်လို တိပ တဲ့ ဘာသာ စကား နဲ့
ဖော်ပြ လာ လိမ့် မယ်လို့ စောင့်စား နေ မိ
ကြ သလဲ ။
အဲ့ဒီ ည မှာပဲ ကောင်းကင်ပေါ်က ကျ လာတဲ့ မုန့်လေး
အကြောင်းကို လည်း သိ ခဲ့ ရ တယ်။
။။။။။။။။
သာမန် မိခင် တယောက်လို မုန့်လေး ကို ရင်ခွင်ထဲ
မှာ ပိုက်ထွေး ထားရင်း ကပဲ ၊ အံ့သြတကြီး ငုံ့ ကြည့်
မိတဲ့ အခါတိုင်း သူဘယ်ကနေ ဘယ်လို ရောက်လာတာလဲ
လို့ စိတ်ထဲကနေ မြည်တမ်း မိတယ်။ တကယ်ပဲ
သူလေး ဟာ မန္နမုန့် လို ၊ ကောင်းကင် ပေါ်က သူ့အတိုင်း ကျ လာ ခဲ့လေ သ လား ။
အဲ့ဒါကြောင့်ပဲ ဘယ်တုန်းကမှ အနုပညာ မဆန် တဲ့ မုန့်လေး ရဲ့
ပါ့ပါ က ၊ မန္န ဆိုတဲ့ ၊ နာမယ် လှလှ လေးကို ရွေး ခဲ့ တယ်။ ဇာတ်စုံ ကို လည်း
ခင်း ပြ ရ သေးတယ် ။ အီဂျစ်ပြည် မှာ ကျွန်ခံ နေကြ ရတဲ့ ဣသရေလ လူမျိုး တွေ ဟာ ၊ဘုရားသခင်
ကတိတော် ထားတဲ့ ပျားရည် နဲ့ နို့ စီးဆင်း
နေတဲ့ နိုင်ငံ သစ် ဆီကို ထွက်ပြေး ကြတယ် ။ တောထဲမှာ လမ်းပျောက် အစာ ရေစာ ငတ်ပြတ်ကြတဲ့
အခါ ၊ ဘုရားသခင် ကို အပြစ်တင် ငြီးတွား ကြ တယ် ပေါ့။ အဲ့ဒီမှာ ကောင်းကင်ပေါ်က နေပြီး
၊ မနက်ခင်း တိုင်း အံ့သြဘွယ်ရာ မန္န မုန့်
တွေ ချ ပေးသနား ခဲ့ တယ် လို့ အဆို ရှိတယ်။
မန္န ရဲ့
ဇာတ်ကြောင်း က ဒီလောက် နဲ့ တင် ပြီးမသွားသေးဘူး ။ တရက် မှာ အိမ်ကို တရားဟော
ဆရာ တယောက် ရောက်လာတယ် ။ မန္န ကို မြင်ဖူး လား လို့ သူ တရားဟောနေကြ လေသံ အတိုင်း စ ပြီး မေးတယ်။ မန္န
ဆိုတဲ့ မုန့်လေးကို ရင်ခွင်ထဲ ချီ ထား ရင်းက ၊ ဟင့်အင်း မမြင်ဖူးဘူး ပေါ့ ။ တရားဟော ဆရာက ကျမ်းစာအုပ်ကို
တရွက်ခြင်း လှန် ရင်း ၊ တနေရာ မှာ ရပ် လိုက်တယ်။
“ ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟု
ခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသော
မုန့်ကြွပ်နှင့် အရသာတူ၏ ”
ရင်ခွင် ထဲက
မုန့်လေးကို ငုံ့ ကြည့်ရင်း ရွှင်ရွှင် မြူးမြူး
ပြုံး မိတယ်။ ဟုတ်တယ် အရသာ ရှိ
တဲ့ မုန့်လေး ပေပဲ ။ တရားဟော ဆရာက ဆက်ပြောတယ် ။ နံနံစေ့ ဆိုတာ တကယ့်
သေးသေးလေး ဒါပေမယ့် ဒီ လူအုပ်စု
ကြီးကို အနှစ် လေးဆယ် လုံးလုံး တောထဲ မှာ အာဟာရ ဆက်ပေး ခဲ့ တဲ့ အဓိက အစားအစာ ။
ပြီးတော့ ၊ မနက်တိုင်း ကောက်သိမ်း တဲ့ အခါ
တရက်စာ ပဲ ယူရတယ် ။ လောဘ နဲ့ ပို ပြီး သိမ်းဆည်း မိ ရင် ပိုးထိုး သွား တတ်တယ် ။ အဲ့ဒါကြောင့်
နှိမ့်ချခြင်း ၊ ရောင့်ရဲခြင်း ၊ ဆိုတဲ့ ဂုဏ်ဒြပ် တွေ ပါ တဲ့ အမည် ပဲ လို့ ဆိုတယ်။
။။။။။
မိုးမိုးကတော့ မုန့်လေး ကြီးလာရင် ၊ တကယ်ပဲ စာနာ နှိမ့်ချ
တတ်သူ ဖြစ် နိုင်ပါ့ မလား ၊ ကျေနပ်
ရောင့်ရဲ နိုင်သူ ရော ဖြစ် ပါ့ မလား ဆို
ပြီး အများကြီး ကြိုတင် မပူပန်
မိသလို နိမိတ် လည်း မဆောင် ချင် ဘူး ။ အနိမ့်ဆုံး
တော့ ၊ လောက ကြီး ထဲကို ရည်ရွယ်ချက်
ရှိရှိ ရောက် လာ ပြီး ၊ ကိုယ့် နဲ့ စပ်ဆိုင်သူ တိုင်း ကို ကြည်နူးပျော်ရွှင်စေ တဲ့ သူလေး ဖြစ် လာရင် တော်ပါ ပြီလေ ။
လောကကြီး နဲ့ ချီ တဲ့
ရည်ရွယ်ချက် ကြီးတွေ ခဏနေပါ ဦးတော့ ။ ကနေ့
နဲ့ မနက်ဖြန် မှာ ၊ စိန်ပန်းပြာ တွေ က ၊ ဝေ ပြီးရင်း ဝေ နေ ရော ။ လေပြေ တွေက လတ်ဆက်
လွန်းတယ် ။ နေမင်းကြီးက ပြုံး ပြီး ၊ ကောင်းကင် ကြီးက ပြာ လို့ ။ အဆင်မပြေ မူ
တွေကို ကျော်လွှား ပြီး တဲ့ အခါ ၊ လောကကြီးမှာ ကျေနပ် စရာ တွေ လည်း ရှိတယ် ဆိုတာ ကို
မုန့်လေးက သက်သေ ဖွင့်ဆို ပေး ခဲ့ ပြီ ။ လိုချင်တာတွေရ
တော့ ကျေနပ် တာပေါ့ ၊ ဖြစ်ချင် သလို တွေ ဖြစ်မလာရင် စိတ်ပျက် လိုက်ပေါ့ လို့
သဘာဝ ဓမ္မ ကို ရိုးရိုးရှင်းရှင်း လက်ခံ တတ်တဲ့ အဝေးက ချစ်သူငယ်ချင်း
ရဲ့ ကွန်ဂရက် ကျုလေးရှင်း မက်ဆေ့ခ်ျ လေး ကို တော့ ၊ အားတုံ့ အားနာ ဖြစ်နေ မိ ခဲ့တယ် ။
တကယ်ဆို စောင့်စားသင့်
တဲ့ အချိန်တခု ဟာ လုံလောက် ပြီမို့ ၊ ဘဝ
ရဲ့ ဦးတည်ရာ ကို လမ်းကြောင်း ပြောင်း ဖို့ ၊ ဆုံး ဖြတ် ပြီးတဲ့ အချိန် ကျမှ ၊ မုန့်လေး
ရောက် လာ ခဲ့တာ ။ ဒါဟာ ၀မ်းသာစရာ
ဆိုတာထက် အများကြီး ပို ခဲ့တယ် ။ အနီး အပါးက မိတ်ဆွေ တယောက်က ဆိုရင် ကာယကံ
ရှင်ထက် တောင် ပို အံ့သြနေဟန် နဲ့
ကိုယ့် အသား ကို ကိုယ်ပြန် ဆိတ် ဆွဲ မ ကြည့်ဘူးလား တဲ့ လေ။ နောက် တယောက်က လည်း ၊ ကဲ - မိခင် ဖြစ်ရတာ ဘယ်လို နေလဲ လို့ မချို မချဉ် မေး လာ တယ် ။ ဒီ မြို့ကို
ရောက်ကတည်းက အစစ အရာရာ ကူညီ နေကြ မိခင်လို စောင့်ရှောက်တဲ့ အမျိုးသမီးကြီး ကတော့ ခု အချိန် မှာ ပျော် ထား စမ်း ဟေ့ လို့
ခပ်ကျယ်ကျယ် ရယ်မောရင်း ဆိုတယ် ။ အမြော်အမြင် ရှိ တဲ့ သူ့စကားက
ရိုးရိုးလေး နဲ့ အဓိပ္ဗါယ်တွေ ပါနေတယ် ။ ဟုတ်
မယ်လေ ။ ရင်ခွင် ထဲက မုန့်လေး ဟာ အမြဲတမ်း
ရင်ခွင် ထဲ မှာ ရှိနေမှာ မဟုတ် သလို ၊ ကောင်းကင်ကြီး ကလည်း အမြဲ ပြာနေသည် မှ
မဟုတ်ပဲ ။ တကိုယ်စာ အပူအပင် တွေက တဘ၀ စာ ကြို စောင့်နေ နှင့် ပြီ ရော။
အပူအပင် မရှာလို တော့ တဲ့
ချစ်သူငယ်ချင်း ဆီ ကိုတော့ ၊ ကျေးဇူးတင်
ကြောင်း စာပြန် လိုက် တယ်။ သူငယ်ချင်း ရေ ၊ ပန်းတိုင် ဆိုတာ တကယ် မရှိ တဲ့ အသက်တာ
မှာ ၊ လက်ခံ ရရှိ တဲ့ နေ့ရက် တိုင်း ဟာ ၊ ဆု တွေ ချည်းပဲ ။ ။ မမှီ လိုက်တဲ့
ရထား ရှိပေမယ့် ၊ မရောက် လာ တဲ့ လက်ဆောင် ဆိုတာ မရှိ ပါဘူး ။ အရာရာတိုင်း မှာ အကြောင်းပြချက် ရှိတယ် လို့
ပြောကြတယ် မဟုတ်လား ။ ဘယ်သူ့ အတွက်မဆို ၊ ကောင်းကင်ကြီးက တနည်းတဖုံ တော့
ပြာလွင် ပေး နေတာပါ ပဲ ကွာ ။
။။။။။။။။
တကယ်ဆို မုန့်လေး
ရဲ့ မိုး နဲ့ ပါ့ ဟာ မှန်ရှေ့မှာ ရပ်ပြီး သက်ပြင်း တွေ ကိုယ်စီ ချ နေ မိ ကြတာ
ဘယ်သူ သိပါ့ မတုန်း။ မီးခိုးရောင် ဆံပင် တချို့ကို တနည်းနည်း နဲ့ ဖုံးကွယ် ထား လို့ ရပေမယ့် ၊
ဖုံးကွယ်ထား လို့ မရ တဲ့ အရိပ် အငွေ့ တချို့ က ၊ အရှိတရား အတိုင်း လေ။ တခါတလေ
လည်း အရှိတရားထက် ပိုပြီး ဆင်ဆင်ပြင်ပြင်
လုပ်ရင်း ၊ မဆိုးလှသေးပါဘူး လို့ အားတင်း ရ တာပေါ့ ။ အခုအချိန် တော့ မိုးမိုး ရဲ့ နားဆွဲ အကြီး ကြီး တွေကို သဘောကျ တာက လွဲ လို့ ၊ မုန့်လေး က ဘာ မြင်တတ်
အုံးမလဲ ။ တချိန် ကျောင်းတက် ရ တဲ့ အရွယ်
ရောက်ရင် ကျောင်းက သူငယ်ချင်း တွေ ရဲ့ မိဘ တွေ နဲ့ ၊ နှိုင်းယှဉ် တာ မျိုးတွေ
ဖြစ်ချင် ဖြစ် လာမယ် ။ အဲဒီ အခါ ကျရင် ၊ မိုး တို့ ပါ့ တို့ဟာ မုန့်လေး ကို
အကြာကြီး စောင့်ခဲ့ ရတဲ့ အကြောင်း ၊ ရှင်းပြရမယ်။ သိတတ် လာတဲ့ အရွယ်ရောက်ရင် တော့
၊ မုန့်လေး ဟာ ဖြစ်ရိုးဖြစ်စဉ် ထက် ပို
တဲ့ လူကလေး ဖြစ်ကြောင်း နားလည် အောင်
ပြောပြရ မှာပေါ့ ။
ဗိုက်ထဲက ထွက်လာကာစ
ပိစိကွေး လေး တုန်းက ဘယ်သူ နဲ့ တူမှန်းမသိ ဘယ်လိုချစ်ရ မှန်းမသိ ။ ခုတော့
ပေါင်ပေါ် ကို ကုတ်ခြစ် ဖက်တွယ် တက်ပြီး ၊ သွားလေး နှစ်ချောင်း ပေါ်အောင် တခစ်ခစ်
ရီ ပြ နေ တဲ့ ၊ ကလေးလေး ဟာ ၊ စိန်ပန်းပြာတွေ နဲ့ အတူ တနှစ် ပြည့် ပြီ ။ ဒီ ကလေးလေး အသက် နှစ်ဆယ်
ဆိုရင် - ငါတို့ အသက် ဘယ်လောက် ရှိမလဲ ဆိုတဲ့ ရိုးဆင်းလှ တဲ့ သချာင်္ က၊ အခက်ခဲဆုံး
စိတ်တွက် ပုစ္ဆာ ။ ငါတို့ ကျန်းမာအောင်
နေရ မယ် - လို့ သာ တယောက်တပြန်
အားပေးရင်း ကြောင့်ကြမူ တွေ ကို လျှော့ချ ကြတယ်။
မောင်နှမ သားချင်း မရှိ ပဲ တယောက်တည်း ကြီးပြင်းလာ မယ့် ၊ ခလေး ဟာ ၊ သူ့
ဘေးမှာ ရှိနေမယ့် နှစ်ဦးတည်း သော မိဘ တွေကို ဘယ်လို ပုံစံ နဲ့ ရှိစေချင် မလဲ ။
ကိုယ်တွေကသာ သားသမီး ကို ဟိုလို
ဒီလို ဖြစ်စေ ချင်ကြတာ ။ သူတို့ ဖက်က မှာလည်း သူတို့ ဖြစ်စေချင်တာ တွေ ရှိပေ
မပေါ့ ။ ငယ်တုန်း က ဆို ၊ အတူမနေ ကြ တဲ့
မိဘ နှစ်ယောက်ကို ကြည့်ြ ပီး ၊ ငါ တို့ဟာ
ကြားထဲက သက်သက် ဒုက္ခလာခံ ရတယ် လို့ ၊
မလိမ်မိုး မလိမ္မာ တွေး မိ ခဲ့ တယ်။ ဖြစ်ကို ဖြစ်ရမယ် လို့ ရည်မှန်းချက်တွေ နဲ့ ရဲရင့် ခဲ့တဲ့ လူငယ် ဘ၀ ကို ကျော်လွန်လာ ခဲ့ ပြီး
လို့ ၊ မဖြစ်နိုင်တာတွေ မဖြစ်သင့်တာတွေ
အကြောင်း တွေးတော တွေဝေ မူ တွေနဲ့
ရောင့်ရဲလွယ် တဲ့ အရွယ် ကို ရောက်လာ တော့ မှ ၊ စာနာ စရာ တွေကို စာနာ တတ်
လာ ခဲ့ တယ်။ အဲဒီ အရွယ်ကျမှ ဘ၀ ကို အသစ်ပြန်စ ရ မယ် ဆိုလည်း စ ကြတာပေါ့
မုန့်လေးရာ ။
လက်ကိုင်ဖုန်း
နဲ့ တက်ဗလက် တွေကို ကစားစရာ လုပ်
တဲ့ မျိုးဆက် က ၊ ရောင်းသူမဲ့ ဆိုင်မှာ ဈေးဝယ်
ပြီး ၊ မောင်းသူမဲ့ ကား ကို စီးကြ တဲ့ အချိန်မှာ ၊ ချစ်ခြင်း မေတ္တာ တွေ မဲ့ မသွား ဖို့ ပဲ
အရေးကြီးတာ မဟုတ်လား။
၊၊၊၊၊၊၊၊၊
ပြောကြတယ် ။ သား သမီး
ရှိလာပြီ ဆိုရင် ဘ၀ ရဲ့ တ၀က်လောက်ကို ပေးလိုက် ရတယ် တဲ့ ။ ခု ကို ပဲ ဘ၀ က
တ၀က်ကျိုး ချင် နေပြီ ဆိုတော့ ၊ ရှိတာတွေ အကုန်ပဲ ပေး ရ တော့မှာ ပေါ့ ။ မနက် မိုးလင်း ယုံ ရှိသေး အိပ်ရေးဝ ပြီး
လန်းဆတ် နေတဲ့ မုန့်ကလေး ကို ၊ အိပ်ချင်မူးတူး နဲ့ ချီရင်း ၊ open up the blind, here is the sun လို့
ကဗျာလေး ဆို ပြ ပြီး ၊ ယင်းလိပ်တွေ ဖွင့် လိုက် တာနဲ့ ၊ အဲဒီနေ့ ဟာ ကိုယ့်အတွက်
ဘာမှ မကျန် တော့ ဘူး ။ မနက်စာကျွေးတယ် ။
ကဗျာ တွေ ဆိုပြ သီချင်းတွေ ဖွင့်ပြတယ်။ ဆော့ပေးတယ် ။ နေ့လည်စာကျွေးတယ် ။
တရေးသိပ်တယ်။ အပြင် ထွက် လမ်းလျှောက် ပေးတယ်။ ညစာကျွေးတယ်။ စာအုပ်ဖတ်ပြတယ် ။
ညအိပ်ကာနီး ရေချိုးပေးတယ်။ close the
blind လို့ ဆိုထားတဲ့ ကဗျာ မရှိပေမယ့် ၊ ညနေစောင်းလို့ ယင်းလိပ် တွေ ပိတ် တဲ့
အချိန်တိုင်း မှာ ၊ မြန်ဆန်လွန်း တဲ့ တနေ့တာ ကို သတိ ထား မိ တယ်။ မုန့်လေး
ညအိပ် သွား တော့ ၊ ကိုယ်ပိုင် အချိန်တိုတိုလေး ထဲ ကမှ ၊ အချိန်လုပြီး မန္န အကြောင်း
လည်း စာ က ရေး ချင်သေး တာ။
စာအုပ် ဖတ်ဖို့ ဆိုတာ
တော့ ဝေလာ ဝေး ။ ကြည့်နေကျ သတင်းတွေ ၊
ရုပ်ရှင် တွေ လည်း မကြည့် ရ တဲ့ အတူတူ ၊
တီဗွီရှေ့ မှာ အတူ ထိုင်ပြီး ၊ Thomas and his friends ကိုပဲ စီးရီးစ် လုပ်ပြီး
ထိုင်ကြည့် နေရတယ် လေ ။ ဒါပေမယ့် ဒီကောင်ကလေး တကယ် ကြိုက်တာက ၊ အတီးအမှုတ် နဲ့
သီချင်းသံ တွေ ။ ဂီတ သံ တခုခု ကို ကြားတာနဲ့
လူက တလှုပ် လှုပ် ဖြစ်နေပြီ ။အရုပ်တရုပ် ကို ၅ မိနစ် ထက် ပိုပြီး
စိတ်မ၀င်စား တဲ့ မုန့်လေး ဟာ ဂစ်တာ ကို
ပထမဆုံး စ ပြီး တွေ့ တဲ့ အချိန်မှာ ၊ သူ့ ပါ့ပါ တီး ပြတာ ရပ်လိုက်တဲ့ အထိ ၊ ဒူးလေး
နှစ်ချောင်း ထောက်ပြီး မြောက်ဆွ မြောက်ဆွ လုပ် လို့ မ၀ နိုင် ရှာ ဘူး ။ သူ့ ပါ့
က ဂျီမီဟန်းဒရစ်ဇ် ၀င်စားတာ လို့ နောက် ရင် ၊ မိုးမိုးကလည်း စန္ဒယား လှထွတ်
လောက်တော့ ၀င်စား စေ ချင်တာပေါ့ ။ မုန့်လေးရေ ။ ဘာပဲ ဖြစ်ဖြစ် ၊ ကိုယ်တွေ
မဖြစ်မြောက်ခဲ့ ၊ ဖြစ်မြောက်ခွင့် မရ ခဲ့တာတွေ ကို ၊ ပြန်ပြီး စိတ်ကူးယဉ် ခွင့်
ပေး လို့ ကျေးဇူးပါ ကွယ်။
။။။။။။
မုန့်ကလေး ဟာ
တနှစ်ပြည့် သွားတာနဲ့ ၊ ချက်ခြင်း ပြောင်းလဲ လာ တယ် ။ ကလေးလေး မဟုတ်တော့ ပဲ ၊
ကောင်ကလေး ဖြစ် ချင် လာ ပြီ ။ မကိုင်ရဘူး လို့
ပြောထားတဲ့ ဟာ ကို ၊ လစ် တဲ့ အချိန် မှာ သွား ကိုင်ကြည့် ဖို့ လူလည် ကျ တတ်နေပြီ ။ သူ့ကို မကြည့်ပဲ တခြား
တခုခု လုပ်နေရင် ၊ ခေါင်းကို နံရံ နဲ့ ဆောင့်ပြီး ၊ ယူ ချီ အောင် မူယာ မာယာ
တွေ လုပ်တတ် ပြီ။ အကျီ င်္ ၀တ်ပေးလို့
ပြီးကာနီး မှ ခြေထောက် တချောင်းကို ပြန်ဆွဲထုတ် ပြီး တခိခိ နဲ့ လူနောက် ကလေး လုပ် နေပြီ ။ လမ်းလျှောက် ထွက်
ဖို့ ၊ တွန်းလှည်း ပေါ် ကို တောင် ၊ သိပ် ပြီး မတက် ချင် တော့ဘူး ။ ကြည့် ဦးလေ ။
တွန်းလှည်း နဲ့ ကိုယ်လုံး နဲ့ အပြည့်လောက် ဖြစ် လို့ ၊ ခြေထောက် တွေက အပြင်ကို
တောင် ထွက် နေပြီ ။ မကြာခင် မှာ သူ့ခြေထောက်ပေါ် သူ ရပ်ပြီး လမ်း စ လျှောက် တော့
မည် ။ မိုးမိုး လည်း ကလေး တွန်းလှည်း
လေး နဲ့ လမ်းလျှောက်ထွက် ခြင်း အမူ ကို ရပ် ရ တော့မည် ။ တခြား အမူ ဆောင်တာ အသစ်တွေကို လိုက်ပြီး ဖြည့်ဆည်း
ရ အုံးမည်ပေါ့ ။ နောက်တနှစ်ဆို ကစားကွင်းထဲ လိုက်ပြီး ပြေး ခုန် ပေါက် ပေး
ရမည်။ နောက် သုံး လေး နှစ် လောက်ဆို ၊ ကျောင်းလိုက်ပို့ ရမည်။ နောက် ဆယ် နှစ်
ဆယ့်ငါးနှစ် ဆို ကျောင်းစာတွေ အတွက် ပူပန်ပေး ရမည်။ တက္ကသိုလ်တွေ တက်ဖို့ ဖန်တီး ပေး ရ မည် ။ မဆုံး နိုင်သော တာဝန်
ဝတ္တရား များ နဲ့ တကယ့် ဘ၀ ထဲ မှာ သူ့
ခြေထောက် ပေါ် သူ မတ်တပ်ရပ် နိုင် တဲ့ အချိန် တွေ ထိ ၊ ကြိုတင် တွေးတော နေ ရ
ပြန်တယ်။
လောလောဆယ်ဆယ် မှာတော့ ၊လေတဖြူးဖြူး
အောက်မှာ လမ်းတပတ် ပတ် ပြီး တဲ့ ၊ မုန့် ကလေး ဟာ ၊ ယူကလစ် ပင်ကြီးတွေ အောက် က ငှက် တွေ
ကိုလည်း မကြည့် နိုင်တော့ဘူး ။ အိမ်ရှေ့
ကစားကွင်း ထဲမှာ ပြေးလွှား
ခုန်ပေါက် နေတဲ့ ကလေး တွေ ကို လည်း ၊ အားမကျ နိုင်ရှာ တော့ဘူး ။ နေလုံး နီနီ ညနေ စောင်း လို့ အမေ့ကျောင်း ကို မရောက်ခင် မှာ ကို မျက်တောင် တွေ ညောင်း လေ
ပြီ ။
ဒီနိုင်ငံ မှာ မွေးတဲ့
ကလေး မို့ ဒီက အများသုံး အင်္ဂလိပ် စကား နဲ့ ၊
မိဘ တွေ အိမ်မှာ ပြောတဲ့ ဘာသာ စကား ကြားမှာ ရှုပ်ထွေး နေမှာ ကို စိုးရိမ်
မိ ခဲ့ ပေမယ့် ၊ ပုံမှန် စစ်ဆေး ရတဲ့
ကျန်းမာရေး ဌါန က ဆရာမ တွေ က ၊ ကလေး ငယ်
တွေရဲ့ ဦးဏှောက်မှာ ဘာသာစကား နှစ်မျိုး
လောက် ကို တချိန်တည်း လက်ခံ မှတ်သား နိုင်တယ် လို့် ဆိုတာ ကြောင့် ၊ တော်ပါသေး သည်။ ဒီတော့ လည်း မုန့်လေး ရဲ့
အိပ်ယာဝင် သီချင်းတွေဟာ မိုးမိုး
ကြိုက်တဲ့ ဗမာ သီချင်း တွေ လည်း ဖြစ်နေ တတ် သည် ။ အရေးကြီးတာ မုန့်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ
သွားဖို့ ပဲ လေ ။ သွပ်ပြားပေါ် မိုးစက်ကျသံ တပေါက် ပေါက် အောက်မှာ ၊၀ါဆို
ဝါခေါင် ရေတွေ ကြီးတော့ ၊ သပြေသီးမှည့် ကောက်စို့ ကွယ် .. လို့ အမေ တလှည့် အဖွား တလှည့် အဒေါ်တွေ တလှည့် ချော့သိပ်
ခံ ခဲ့ ရတဲ့ ငယ်ဘ၀ တွေ လို တော့ ဘယ် ဟုတ် ပါ့ မလဲ ။ မုန့်လေး
ရဲ့ ငယ်ဘ၀ လေး ဟာ ခုချိန်မှာ အေးချမ်း တိတ်ဆိတ် စွာပဲ ဆွေမျိုး သားခြင်း တွေ ရဲ့ မေတ္တာငွေ့ နဲ့
ဝေး ကွာ လှ တယ်။
တခါတလေ တော့ လည်း ၊
မိုးမိုး တို့ ဟာ ၊ ခရာဆူးခြုံ တွေ ရှိ
တဲ့ အရပ်ကို ပြန် ချင် တယ်။ အဲ့ဒီ အရပ်မှာ ချစ်တဲ့သူ တွေ နေ ကြ တာ ဆိုတော့ ၊ မေ
ျှာ့ နက် မည်း ကြီးတွေ တွယ်ချင် လည်း တွယ်
ပါစေ ၊ သပြေသီး မှည့် တချို့ တလေ ရရင်ကို ပျော်နေမှာပဲ လေ။ အခုတော့ ခရမ်းပြာ
စိန်ပန်း တွေ ကြားထဲ မှာ ပန်းနုရောင် ကတ္တဝါ ငှက်ကြီး တွေ ရဲ့ အသံ ကို နားယဉ် ငေးမော နေရင်း ၊ ဘယ်တုန်းက
ဘယ်ကွေ့ ကို ကျော် ခဲ့ မှန်း မသိ ပဲ ၊ ဘဝ
ခရီး ရဲ့ တနေရာ မှာ ရောက်နေ ခဲ့ တယ် ။ ချောင်းရိုး တလျှောက် လှေကို လှော် လာ
လိုက်တာ လေ ။ အခုဆို ၊ ဟောဒီ လက်တွန်းလှည်း လေး ထဲ မှာ ၊ မျက်တောင် ညောင်း
နေတဲ့ ကလေးလေး တယောက် တောင် ရှိ နေ ခဲ့ ပြီ ။ အဲ့ဒီ ကလေး လေး ကရော ၊ ဘယ် သားချော့
တေး ကို လွမ်းဆွတ် လို့ ၊ ဘယ်အရပ် ဒေသ ကို ခင်တွယ်မှာ လဲ ။ ဘယ် ဆီ
ဘယ်ဝယ် လှေ လှော် ထွက်လေ မလဲ ။ ချောင်းရိုးထဲ မှာ ပဲ လား ။ မြစ်ကွေ့ မြစ်ကောက် ဆီ
ဆန် တက်လေ မလား ။ တကယ်တော့ လည်း ဘဝ ဟာ
အိပ်မက် တခု ပါပဲ ။
မရိုး နိုင်တဲ့
ကလေးချော့ ကဗျာ လေး ကို ဆို ညည်း မိ တယ်။
row ... row ... row
your boat, gently down the stream,
merrily ... merrily ... merrily ... merrily , life is but a dream
အိပ်ပြီလား မုန့် လေး
ရေ ၊ မိုးမိုး တို့ ချောင်းရိုး တလျှောက် ဆက် လှော်ကြ ဦးမယ် လေ။
ပျော်ပျော်ကြီးသာ လှော် ကြ မယ် နော် ။
ကေသွယ်
အောက်တိုဘာ ၂၀၁၇
အိပ်မက်တွေ စီးပြီး သွားတဲ့ ခရီး
ကောင်မလေး နဲ့ ကျောင်းသား တချို့ နေ့လည်စာ ဘားထဲ ၀င်လာပြီး ခပ်သွက်သွက်ပဲ ခုံတွေမှာ နေရာယူလိုက်ကြတယ်။ လူတချို့ အံ့သြပြီး ကြောင်ကြည့်နေ တယ် ။ မိန်းမကြီး တယောက်က ဒါ နင်တို့စားတဲ့ဆိုင်မဟုတ်ဘူးလို့ ပြောတယ်။ သူတို့ ဘာမှ ပြန်မပြောပဲ ဆက်ထိုင်နေတယ်။ ချက်ခြင်းပဲ တဆိုင်လုံးရဲ့ အကြည့်က သူတို့ ဆီ ရောက်လာတယ်။ တယောက်တပေါက် သံတွေ ဆူညံလာတယ်။ သူတို့ ကတော့ ၊ ရှေ့တဲ့တဲ့က ကောင်တာကိုပဲ ကြည့်ပြီး ၊ ငါတို့ကို ၀န်ဆောင်မူပေးပါ လို့ ပြောတယ်။ လူတချို့ ဆိုင်ထဲကနေ..ဆဲဆို မြည်တမ်းပြီး ထွက်သွားကြတယ်။ သူတို့ အသံကို ထပ်မြှင့်တယ်။ ဆိုင်ထဲက လူတွေ ၀ိုင်းလာကြတယ်။ တယောက်က ငရုတ်ဆီပုလင်းကို ယူပြီး ကောင်မလေးရဲ့ မျက်နှာ ကို ပက်လိုက်တယ်။ နောက်တယောက်က အချဉ်ရေတွေ ခေါင်းပေါ် လောင်းချတယ်။ မျက်ခွံတွေ အလိုအလျောက် ဖျပ်ကနဲ ပိတ်လိုက် တာကလွဲလို့ တုတ်တုတ်မှ မလှုပ်ဘူးကြဘူး ။ တယောက်က တံတွေးနဲ့ ထွေးလိုက်တယ်။ စိုရွှဲ ညစ်ပတ်နေတဲ့ မျက်နှာအောက်က ကောင်မလေး ရဲ့ မာချင်ချင် မျက်လုံးလေးတွေက ပိုပြီး တောက်ပြောင်လာတယ်။ ကြံ့ခိုင်ဟန်ရှိတဲ့ မေးရိုးလေးတွေ ပိုပြီး ထောင်လာတယ်။ ကောင်မလေး ရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီး ခုံပေါ်က ဆွဲချတယ်။ ကောင်မလေး အသံကုန် အော်လိုက်တဲ့ အချိန်မှာ နောက်ပြကွက် တခု ဖြစ်သွားခဲ့ပြီ။
သူ့ထိုင်ခုံ ရှေ့က မြင်ကွင်းကျဉ်းကျဉ်း တီဗွီ မျက်နှာပြင်လေးကို ကြည့်ရင်း အသက်ရှု ကျပ်လာတယ်။ သက်ပြင်းတခု ၀၀ ရှုသွင်းချ လိုက်ရင်း တီဗွီလေးရဲ့ လမ်းကြောင်းပြ ခလုတ်ကလေးကို ပြောင်းနှိပ်လိုက်တယ်။ သူတို့ လေယဉ်ကြီးက ပစိဖိတ် သမုဒ္ဒရာ ကြီးကို တော်တော်တောင် ဖြတ်ပြီးနေပြီပဲ ။ လေယဉ်ခရီးရှည် စီးရတဲ့ ညဖက် အချိန်တွေမှာ သူ စိတ်ချ လက်ချ အိပ်မပျော်တတ်ပါ ။ ရုပ်ရှင်တွေ တကားပြီး တကားကြည့်လိုက် စာဖတ်လိုက် တရေးငိုက်လိုက် သာ ဖြစ်နေတတ်သည်။ ရုပ်ရှင်တွေ ကြည့်ဖို့ ရွေးတော့ ၊ အခု ကိုယ်သွားလည်မဲ့ နိုင်ငံရဲ့ လူမူသမိုင်းကြောင်း နဲ့ ဆက်စပ် တာကို သာ ရွေးမည်လို့ ပေါ့ ။ ပြောတော့လည်း ၊ ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှု အသုံးတော် ခံ ကြတဲ့ ရုပ်ရှင်ဇတ်ကား ဆိုတာတွေကလည်း ၊ အဲဒီ အမေရိက နိုင်ငံ ကြီးကပဲ ထုတ်လုပ်ပြီး အဲဒီ အမေရိကနိုင်ငံ နောက်ခံ တွေသာပဲ ခပ်များများ မဟုတ်လား။
အခု ကြည့်နေတဲ့ The Butler ရုပ်ရှင်ကလည်း ၊ အမေရိကန် သမ္မတ ခုနှစ်ဆက် တာဝန်သိသိ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တဲ့ အမေရိကန် အာဖရိကန် လူမည်း ကြီး တယောက်ရဲ့ အိမ်ဖြူတော် မီးဖိုချောင်က လက်ဖက်ရည်ဆက်သ တဲ့ အလုပ်နဲ့ သားကြီး ဖြစ်သူရဲ့ အသားအရောင်ခွဲခြားမူ တိုက်ဖျက်ရေး civil right လှုပ်ရှားမူ တွေကြားက ၊ လိပ်ပြာတိုက်ပွဲ အကြောင်း ။ တကယ့် အဖြစ်မှန် ကို အခြေခံထားတယ် ဆိုပေမဲ့ ၊ ရုပ်ရှင်ဇာတ်လမ်း တို့ ရဲ့ ထုံးစံ လုပ်ဇာတ် ထိုးကွက်ကလေးတွေ လည်း ပါမည်ပေါ့ ။ အထူးသဖြင့် အိမ်ဖြူတော် အထက်တန်းလွှာ လူဖြူတွေ ကို အထင်ကြီး စိတ်ဝင်စားရင်း တဖက်ကလည်း ခွဲခြားကန့်သတ်ခံ ဘ၀တူ လူမည်းတွေ အတွက် မခံချင် ၊ ခင်ပွန်း နဲ့ သား အကြား ဗျာများရတဲ့ ဘတ်တလာ ကြီးရဲ့ မိန်းမ နေရာမှာ ထူးထူးခြားခြား ထဲ့ရိုက်ထားတဲ့ နာမယ်ကျော် တီဗွီအစီအစဉ် တင်ဆက်သူ အော်ပရာ ၀င်းဖရေး ကြောင့်လည်း ဒီဇာတ်ကား ကို ကြည့်ဖြစ်သွားတယ် ဆိုပါတော့။
အခု ကြည့်နေတဲ့ The Butler ရုပ်ရှင်ကလည်း ၊ အမေရိကန် သမ္မတ ခုနှစ်ဆက် တာဝန်သိသိ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တဲ့ အမေရိကန် အာဖရိကန် လူမည်း ကြီး တယောက်ရဲ့ အိမ်ဖြူတော် မီးဖိုချောင်က လက်ဖက်ရည်ဆက်သ တဲ့ အလုပ်နဲ့ သားကြီး ဖြစ်သူရဲ့ အသားအရောင်ခွဲခြားမူ တိုက်ဖျက်ရေး civil right လှုပ်ရှားမူ တွေကြားက ၊ လိပ်ပြာတိုက်ပွဲ အကြောင်း ။ တကယ့် အဖြစ်မှန် ကို အခြေခံထားတယ် ဆိုပေမဲ့ ၊ ရုပ်ရှင်ဇာတ်လမ်း တို့ ရဲ့ ထုံးစံ လုပ်ဇာတ် ထိုးကွက်ကလေးတွေ လည်း ပါမည်ပေါ့ ။ အထူးသဖြင့် အိမ်ဖြူတော် အထက်တန်းလွှာ လူဖြူတွေ ကို အထင်ကြီး စိတ်ဝင်စားရင်း တဖက်ကလည်း ခွဲခြားကန့်သတ်ခံ ဘ၀တူ လူမည်းတွေ အတွက် မခံချင် ၊ ခင်ပွန်း နဲ့ သား အကြား ဗျာများရတဲ့ ဘတ်တလာ ကြီးရဲ့ မိန်းမ နေရာမှာ ထူးထူးခြားခြား ထဲ့ရိုက်ထားတဲ့ နာမယ်ကျော် တီဗွီအစီအစဉ် တင်ဆက်သူ အော်ပရာ ၀င်းဖရေး ကြောင့်လည်း ဒီဇာတ်ကား ကို ကြည့်ဖြစ်သွားတယ် ဆိုပါတော့။
ဒရာမာ ပီပီ ၊ လေးတွဲ့တွဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကြား တချက် တချက် အိပ်ငိုက်သွားပေမဲ့ ၊ အိမ်ဖြူတော်က ဘတ်တလာရဲ့ သား ကို လှုပ်ရှားမူတွေထဲ ပါလာအောင် ဆွဲဆောင် စည်းရုံးခဲ့တဲ့ ချစ်သူ လူမည်းမလေး ရဲ့ သရုပ်ဆောင်ကွက်ကလေး တွေက၊ တမျိုး ကြည့်လို့ ကောင်းလှသည် ။ sit-in လှုပ်ရှားမူ လို့ ခေါ်တဲ့ သူတို့ ကောလိပ် ကျောင်းသား အဖွဲ့ တွေရဲ့ ၊ လူမည်းမ၀င်ရ ဆိုင်တွေထဲကို အတင်းဝင်ထိုင်ကြတဲ့ အခန်း ပြီးသွားတော့ ၊ အတွေးတွေက ဟိုဟိုဒီဒီ။
ခွဲခြားကန့်သန့်မူ ဆိုတာ အသားအရောင်တင် မကပါဘူး . . ဘယ်အတွက်မှ မရှိသင့်တာ ။ ကိုယ်ချင်းစာကြည့်လေ ဘယ်သူ ခွဲခြားကန့်သတ်ခံရသူ ဖြစ်ချင်မလဲ ။ တကယ်ဆို အမေရိကန် အသားအရောင်ခွဲခြားမူ ပြည်သူ့ အခွင့်အရေး လှုပ်ရှားမူတွေ အထွတ်အထိပ်ရောက်နေခဲ့တဲ့ ၁၉ ၅၀-၆၀ ဆိုတဲ့ နှစ်ကာလတွေက ဘာမှ သိပ်ဝေးလှသေးတဲ့ သမိုင်း မဟုတ်။ ခုတော့ အမေရိကန်သမ္မတပင် လူမဲ အနွယ်ထဲက ဖြစ်လာခဲ့ပြီ မို့ ၊ ဘတ်တလာကြီး လည်း သေပျော်ပြီပေါ့ ။
အမေရိက ကို သွားကြမယ် ဆိုတော့ သူက အဲ့ဒီလို သမိုင်းကြောင်း နက်ရှိုင်းခဲ့တဲ့ အရှေ့ဖက်ခြမ်း ပြည်နယ်တွေဆီ သွားပြီး ခြေရာခံကြည့်ချင်သည်။ ဒေသခံ တိုင်းရင်းသားတွေ ရဲ့ ၀ိညဉ်တွေ ခိုတွယ်ရာ အင်ဒိစ် တောင်တန်းကြီးတွေ အနား ဝေ့သီ ကြည့်ချင်သည်။ ဒါပေမဲ့ အခွင့်မသာ ။ သူတို့ ဦးတည်ရာ က၊ အနောက်ဖက်ခြမ်းကမ်းခြေဒေသ က မြို့ပြတချို့ဆီ ။ “ကေ” ဒီဖက် လာနိုင်ရင် အရမ်း စိတ်ဝင်စားမှာပဲ ဒီမှာ မာတင်လူသာကင်း ဂျုနီယာ ရဲ့ အမှတ်တရ နေရာတွေ ရှိတယ် ဆိုတဲ့ အတ္တလန်တာ မှာ နေတဲ့ မချိုရဲ့ ဖိတ်ခေါ်သံ ကို ဖုန်းထဲမှာ ပဲ မေ့ပျောက်ပစ်လိုက်ရသည်။
ခရီးက တ၀က်ကျိုးလာပေမဲ့ လေယဉ်ပျံ ဦးတည်ရာ လော့စ်အိန်ဂျလိစ် ကို ရောက်ဖို့ နောက်ထပ် ၆ နာရီ လောက် လိုသေးသည်။ ရုပ်ရှင်လည်း ဆက်မကြည့်ချင် ။ စာဖတ်မယ်ဆိုပြီး Kindle လေးကို ဖွင့်သည်။ စာအုပ်က ၊ နိုဘယ်ဆုရှင် အမေရိကန်စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်ဇ် ရဲ့ The Price of Inequality ။ ဖတ်လတ်စ မှတ်ထားတဲ့ နေရာက ပထမဆုံး အခန်း ဖြစ်တဲ့ America’s 1 percent Problem .
xxxxxxx
တကယ့်တကယ် မြောက်အမေရိက တိုက်ကြီးပေါ်ကို ခြေချမိတော့ ၊ သူ့ အတွေးအာရုံတွေထဲ လောလောလတ်လတ် ရောက်နေတဲ့၊ ပြည့်သူ့ အခွင့်အရေး တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်း တို့ လူမဲအဖွဲ့တွေ ကိုလည်း မတွေ့ရ ။ ခေါင်းပေါ်မှာ သိမ်းငှက်အမွေးအတောင်တွေ တလူလူ ထောင်နေတဲ့ ၊ လေးမြှားတလက် နဲ့ လူနီအုပ်စု တွေကိုလည်း မမြင်ရ ။ ကြီးကြီးကျယ်ကျယ် ရှာဖွေ ဖတ်ရှုနေမိတဲ့ Wall Street ပေါ်က တစ်ရာခိုင်နှုံး သော လူဖြူ ဆိုတာတွေက တော့ ဝေးပေါ့။ ဒါပေမဲ့ လူဝါ၀ါ တွေကိုတော့ ပေါပေါများများ တွေ့ ရပါရဲ့ ။ သေချာတာတော့ အပြင်က လာလည်တဲ့ သူတယောက် အနေနဲ့ အမျိုးအမည် အရောင် ခွဲခြားလို့ မတတ်နိုင်တဲ့ ၊ အရောင်ပျယ် နေတဲ့ သူတွေ ကသာ အများစု ။ ဒါကိုက အမေရိက ရဲ့ အမှတ်အသား တခု လို့ ဆိုသည်။
ဒီ့ထက် ထူးခြားတာက၊ အရောင်ပျယ်ယုံ ပျက်ယုံတင်မက ညစ်ထပ် နွမ်းဖတ်နေတဲ့ လူ တွေကို အမေရိက ရဲ့ လမ်းဆုံ လမ်းခွ တိုင်း မှာ တွေ့ရတာပဲ ။ သူတောင်းစားတွေ အလှူခံတွေ ပေါပါတယ်ဆို တဲ့ ကိုယ်တို့ မြန်မာပြည်ကြီး လောက် နီးနီး ၊ စာရွက်ကလေးတွေထောင် ၊ ခွက်ကလေးတွေချ ပြီး ၊ တောင်းစားနေတဲ့ အိုးမဲ့ အိမ်မဲ့ ဆိုတဲ့ လူတန်းစား တရပ်ကို ၊ အမေရိကမှာ မမျှော်လင့်ပဲ ၊ အမြောက်အမြား တွေ့ နေရသည်။ စတစ်ဂလစ်ဇ် ပြောတဲ့ Inequality ရဲ့ အထင်ရှားဆုံး သက်သေ တွေပဲလား ။ လုပ်ခ လစာ အတွက် ဆန္ဒပြနေတဲ့ အလုပ်သမားအဖွဲ့ တချို့ကိုလည်း မြို့လယ်ခေါင်က နာမယ်ကြီး ဆိုင်ကြီးတွေ ရှေ့မှာ တွေ့နေရတယ်။
ကိုယ်တိုင်က လူဝါ မို့ ၊ အနီးအပါး သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ အကုန် ၀ါတာတာ ဖြစ်နေတာ မဆန်းပေမဲ့လို့ ၊ ပထမ ဆုံး ရောက်သွားတဲ့ ဆန်ဖရန်စ္စကို ဘေးဧရိယာမှာ ၊ အဘိုးအဘွားက စလို့ တူ-တူမ တွေအထိ ၊ စားရင်းဝင်ပြီး ဖြစ်နေတဲ့ ၊ မြန်မာပြည်ပေါက် တရုတ်အနွယ် တွေ တော်တော်များများကို အခြေတကျ ဖြစ်နေကြတာ တွေ့တော့ အံ့သြနေမိတယ်။ အမ လိုလည်း ဖြစ် ၊ ဆရာမ လည်း ဖြစ်နေတဲ့ ဒေါ်နီနီလွင် ရဲ့ sun set က အခန်းလေးမှာ ခဏ တည်းခိုနေတုန်း ၊ မနီက.. အန်းမ လို့ ခေါ်တဲ့ မျက်နှာချင်းဆိုင် အခန်းက တိုက်ပိုင်ရှင် အဒေါ်ကြီး တိုင်ချိ ကစားဖို့ အောက်ဆင်းတာနဲ့ တခေါက် နှစ်ခေါက် ကြုံသည်။ နေသာတဲ့ မနက်ခင်းတွေမှာ Sun set ကမ်းခြေတလျှောက်မှာ နဂိုအရောင်ပျယ်နေတဲ့ သူတွေ တောက်ပတဲ့ အရောင်အသစ်တွေနဲ့ လမ်းလျှောက်သူက လျှောက်၊ အပမ်းဖြေသူက ဖြေ ။
တညနေတော့ ဘူမိက ဆရာဦးကိုကိုသန့်က ကားနဲ့ လာခေါ်ပြီး Twin Peaks လို့ ခေါ်တဲ့ တောင်ထိပ်ရှုခင်းသာ ကို လိုက်ပို့သည်။ ဒီနေရာက နေ၀င်သွားပြီးကာစ အချိန်မှာမှ အလှဆုံးလို့ ဆိုသည်။ အလင်းဖျော့ဖျော့ တောင်ထိပ်မှာ ကိုယ်တွေလိုပဲ နေ၀င်ချိန်ကို စောင့်ကြည့်နေကြ တဲ့ ၊ အရောင်ပျယ်လူတစု ကို တွေ့ရသည်။ ဆရာ က ဟိုးခပ်လှမ်းလှမ်းက တံတားကြီး တခု ကို လက်ညှိးထိုးပြပြီး ၊ အဲဒီဘေးက ဖောင်ဒေးရှင်းတွေ ငါတို့ လုပ်ခဲ့တာပေါ့ကွာ လို့ ပြောသည်။ ဆရာ့ မျက်နှာကို လှမ်းကြည့်တော့ နေ၀င်ပြီးကာစ ညနေရောင် အောက်မှာ မသဲမကွဲ။ ကြည့်နေရင်းပဲ ပြာရီရီ ညဦးကောင်းကင် ရဲ့ အောက်မှာ ၊ ဆန်ဖရန်စ္စကို မြို့ ကြီးက မီးရောင်တွေ ပြိုးပြိုးပြက်ပြက် နဲ့ အသွင်ပြောင်းသွားတော့သည်။
တညနေတော့ ဘူမိက ဆရာဦးကိုကိုသန့်က ကားနဲ့ လာခေါ်ပြီး Twin Peaks လို့ ခေါ်တဲ့ တောင်ထိပ်ရှုခင်းသာ ကို လိုက်ပို့သည်။ ဒီနေရာက နေ၀င်သွားပြီးကာစ အချိန်မှာမှ အလှဆုံးလို့ ဆိုသည်။ အလင်းဖျော့ဖျော့ တောင်ထိပ်မှာ ကိုယ်တွေလိုပဲ နေ၀င်ချိန်ကို စောင့်ကြည့်နေကြ တဲ့ ၊ အရောင်ပျယ်လူတစု ကို တွေ့ရသည်။ ဆရာ က ဟိုးခပ်လှမ်းလှမ်းက တံတားကြီး တခု ကို လက်ညှိးထိုးပြပြီး ၊ အဲဒီဘေးက ဖောင်ဒေးရှင်းတွေ ငါတို့ လုပ်ခဲ့တာပေါ့ကွာ လို့ ပြောသည်။ ဆရာ့ မျက်နှာကို လှမ်းကြည့်တော့ နေ၀င်ပြီးကာစ ညနေရောင် အောက်မှာ မသဲမကွဲ။ ကြည့်နေရင်းပဲ ပြာရီရီ ညဦးကောင်းကင် ရဲ့ အောက်မှာ ၊ ဆန်ဖရန်စ္စကို မြို့ ကြီးက မီးရောင်တွေ ပြိုးပြိုးပြက်ပြက် နဲ့ အသွင်ပြောင်းသွားတော့သည်။
.
တကယ်တော့ အခု ခရီးစဉ်မှာ ဆန်ဖရန်စစ္စကို မပါခဲ့ ။ အမျိုးသားရဲ့ အလုပ်ကိစ္စ နဲ့ Utah ပြည်နယ်ထဲက Salt Lake City ကိုလာဖို့က အဓိက ။ ပြီးရင်တော့ တထောက်နားရာ LA မှာပဲ လည်ပြီးပြန်ကြမည်ပေါ့။ ဒါပေမဲ့ သူ့ကိစ္စက မက္ကစီကိုထိ ရောက်သွားလေတော့ တယောက်ထဲ ဆန်ဖရန် ဆင်းလည်ရဖို့ အကြောင်းဖန်လာခဲ့ တာ။ ဆန်ဖရန်မှာ တွေ့မယ်လို့ ချိန်းထားသူတွေထဲမှာ မနီ ကလွဲလို့ တယောက်မှ အပြင်မှာ အသေအချာ ဆုံဖူးထားတာ မဟုတ်။ ဒါပေမဲ့ ၊ တွေ့လိုက်ကြတော့လည်း ၊ ဘယ်အချိန်တည်းက မိတ်ဆွေရင်းတွေလို ဖြစ်နေခဲ့မှန်းလည်း မသိ ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် အွန်လိုင်းမီဒီယာတွေ မကျယ်ပြန့်လှခင် အချိန်တွေတည်းက ၊တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ မိုးမခ မိသားစု နဲ့ လည်း တွေ့ချင်သည်။ ကံကောင်းချင်တော့ စိန်ပန်း နဲ့ ကံ့ကော် စာအုပ်ကလေး ကြောင့် ၊ အမျိုးပြန်စပ်ဖြစ်သွားတဲ့ အင်းလျားညီအမ မမြတ်မိုး တို့ မိသားစု ကလည်း စင်ကာပူကနေ ၊ အမေရိက ကို ပြောင်းရွှေ့ လာကာစ - မိုးမခ နဲ့ နီးစပ်သူတွေ ။ မိုးမခ ကိုရစ် ရဲ့ အမျိုးသမီး မမေသန်းဌေး နဲ့ မနီ ကလည်း ရခိုင်သူခြင်းတွေ ။ အားလုံး ဆက်စပ် လိုက်တော့ ၊ ဒီ အ၀န်းအ၀ိုင်းထဲကချည်း ။ ဒီကြားထဲ အမ ဖြစ်သူရဲ့ သူငယ်ချင်း မမိစံ ကြီးကလည်း မအားတဲ့ ကြားက အိပ်ရေးပျက်ခံပြီး တရက် လိုက်လည်ပြီး မုန့်ကျွေးသည်။ အဲဒီမှာ ထူးထူးခြားခြား ကျေးဇူးတင်ရမှာက၊ လူခြင်း နာမယ်ခြင်း တခါမှ မဆုံဘူး မကြားဘူးခဲ့ပေမဲ့ ၊ ဆွေမျိုးသားခြင်း တယောက်လို ဂရုတစိုက် အလည်လိုက်ပို့ ပေးကြ တဲ့ ၊ မနီ ရဲ့ ဘာသာရေးမိတ်ဆွေ မြန်မာတရုတ် အမျိုးသမီးကြီးတွေ ။ သူတို့ ကောင်းမူကြောင့် ဆန်ဖရန် ကို တော်တော်စုံ သွားတဲ့ အပြင် ၊ ပြတိုက် သုံးခု စလုံးရဲ့ လက်မှတ်ကိုတောင် လက်ဆောင်ရလာအောင် နှံ့စပ် အပေါင်းအသင်းဆန့်လှသူတွေ ။
မထင်မှတ်ထားပဲ အားလုံးက သိုက်သိုက်မြိုက်မြိုက် ဖြစ်နေသည်။ ဒါတောင် ၃ နာရီလောက် မောင်းရတဲ့ မြို့က ဘလော့ဂါ ညီမလေး ရွှေဂျမ်းကလည်း သူ့ဆီကို ရောက်အောင်လာဖို့ ခေါ်နေသေးသည်။ တက်စီမောင်းနေတဲ့ ကျောင်းတုန်းက သူငယ်ချင်း တယောက်က လည်း ၊ အပြန် လေဆိပ်လိုက်ပို့မယ်လို့ ဖုန်းလှမ်းဆက်ထားသည်။ ဆန်ဖရန်စစ္စကို မှာ နေတဲ့ တပတ်က ဘယ်လို ကုန်သွားမှန်းပင် မသိလိုက်။ တောင်ကုန်းလေးတွေ အတက်အဆင်း ၊ အိမ်လေးတွေ အနိမ့်အမြင့် နဲ့ ၊ အလှဆုံး မြို့လေးကို ခြေလျင်ပင် လျှောက်မကြည့်လိုက်ရ ။
ဒါပေမဲ့ ဂိုးဒင်းဂိတ် တံတားကြီး ပေါ်မှာ ခြေလျင်ဖြတ်လျှောက်ဖို့ကိုတော့ မမေ့ခဲ့ပါ။ တံတားနီနီကြီး ပေါ်ကနေ၊ ကောင်းကင်ပြာပြာ အောက်က ညို့တို့တို့ ပင်လယ်အော်ကြီးကို ငေးရင်း လူဖြူတွေ မရောက်လာခင်တုန်းက ဒီနေရာတွေဟာ နတ်ပြည်လိုများ ဖြစ်နေမလားလို့ တွေးချင်ရာတွေး ကြည့်သည်။ တံတား လက်တန်းကြီးတွေကို ချည်(မ) ထားတဲ့ လက်မောင်းလောက် သံကြိုးနီနီ ကြီးတွေကို ပွတ်သပ်ကြည့်ရင်း လွန်ခဲ့တဲ့ နှစ်တရာလောက်က ၊ ဟိုး .. ထိပ်က သံယက်မ စင်ကြီးတွေပေါ်မှာ ထိုင်နေခဲ့တဲ့ ဆောက်လုပ်ရေး အလုပ်သမားကြီးတွေရဲ့ ၊ ကမ္ဘာကျော် ဓါတ်ပုံတပုံကို ပြန်အသက်သွင်းကြည့်နေမိတယ်။
ပါးစပ် ကလည်း မမြတ်မိုး နဲ့ စကားတွေ ပြောလို့ မကုန်။
ပြီးခဲ့တဲ့ ညက ကိုတိုးလွင် ဆီ သွားရင်း ရောက်ခဲ့တဲ့ ခွပ်ဒေါင်းအလံကြီး နဲ့ အန်အယ်ဒီ LA ရုံးခန်းလေး အကြောင်းက စလို့ ၊ အန်အယ်ဒီ ပါတီကြီးရဲ့ သမိုင်းအဟောင်းတွေ အထိ ၊ သူတို့မှာ ပြောစရာတွေ တူနေကြသည်။ ရွှေ့ပြောင်း နေထိုင်မူ တွေနဲ့ အတူ၊ ပြောင်းရွေ့ နေကြရတဲ့ အလုပ်အကိုင် ဘ၀ အာမခံချက်တွေ အကြောင်းလည်း ပါသည်။ အန်အယ်ဒီ LA က လော့စ်အိန်ဂျလိစ်မှာ မဟုတ်ပဲ ဘယ်လိုလုပ် ဆန်ဖရန် ရောက်နေတာလဲလို့ ပင် နောက်မိသေးသည်။ အခုတော့ အန်အယ်ဒီ အတွက်လည်း လွတ်မြောက်နယ်မြေ မလိုအပ်တော့ဘူး မဟုတ်လား။ ကိုတိုးလွင် တို့ပင် မြန်မာပြည်ကို ပြန် ပြီး ရွှေ့ပြောင်း နေထိုင်ကြတော့မည် လို့ ဆိုသည်။ တံတားကြီးရဲ့ ဟိုမှာဖက်ဆီ ၊ ပစိဖိတ် လမ်းကြောင်းပေါ်က ဖြတ်ကျော် ပျံသန်းသွားတဲ့ ဆောင်းခို ငှက်တအုပ် ကို မြင်ယောင် ကြည့်နေမိသည်။ ပြီးတော့လည်း ငှက်အုပ်ထဲက ပြုတ်ကျကျန်ခဲ့တဲ့ ငှက် နှစ် ကောင်လိုပဲ ၊ အစာရေစာ ရှာဖွေစားသောက်လို့ ကောင်းတဲံ အရပ်ဒေသ တွေ အကြောင်း တကျိကျိ နဲ့ ဆက်ပြောကြပြန်။
တံတား တခု ကို ဆုံးအောင် လျှောက်ပြီးတော့ လူတွေဘာလုပ်တတ်ကြသလဲ ။ နောက်ပြန်လှည့်ကြည့်ကြမှာပေါ့ ။
နေမွန်းတည့်ရဲ့ အတောက်ပဆုံး ကောင်းကင်ပြာပြာကြီးအောက် က ဂိုးဒင်းဂိတ် တံတားကြီးက ၊ ဂရိပုံပြင်တွေထဲက စောင်းအနီကြီး တလက်လို တူရိယာကြိုးတွေနဲ့ ကွေးညွတ် ညှင်းနွဲ့ နေပုံက ဂီတသံစဉ်ကိုပင် ကြားလာနေရသလို ။ တလောကလုံးကလည်း အပူအပင်ကင်းမဲ့နေဟန်။ အနည်းဆုံးတော့ ၊ ဒီတနေ့တာ ဒီ မနက်ခင်းအတွက်တော့ဖြင့် ၊ အပူအပင် ကင်းမဲ့လှပါသည်။
နေမွန်းတည့်ရဲ့ အတောက်ပဆုံး ကောင်းကင်ပြာပြာကြီးအောက် က ဂိုးဒင်းဂိတ် တံတားကြီးက ၊ ဂရိပုံပြင်တွေထဲက စောင်းအနီကြီး တလက်လို တူရိယာကြိုးတွေနဲ့ ကွေးညွတ် ညှင်းနွဲ့ နေပုံက ဂီတသံစဉ်ကိုပင် ကြားလာနေရသလို ။ တလောကလုံးကလည်း အပူအပင်ကင်းမဲ့နေဟန်။ အနည်းဆုံးတော့ ၊ ဒီတနေ့တာ ဒီ မနက်ခင်းအတွက်တော့ဖြင့် ၊ အပူအပင် ကင်းမဲ့လှပါသည်။
တံတားကြီးက အပြန် ညနေကျရင် ကိုမောင်ရစ် အလုပ်လုပ်တဲ့ ကျောင်းကို သွားလည် ပြီး ၂ နာရီ နီးပါး မောင်းရတယ်ဆို တဲ့ ရစ်ခ်ျမွန် က သူတို့ အိမ်ကို လိုက်လည် ကြအုံးမည်။ မိုးမခ ရဲ့ စာတွေအကြောင်း စာအုပ်တွေ အကြောင်း ၊ အားပါးတရ ပြောကြရအုံးမည်။
xxxxxxx
Salt Lake City ကို ရောက်တော့ ၊ အမျိုးသားက ကွန်ဖရန့်စ် နဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ၊ မိုးလင်းရင် ဟိုတယ်က ထွက်ပြီး ဟန်းဖုံး မြေပုံ လမ်းညွှန် နဲ့ မြို့ ထဲ တယောက်ထဲ လျှောက်ပတ်သည် ။ ရေခဲတောင်တွေ ပတ်ပတ်လည် နဲ့ ဆောင်းရာသီ အိုလံပစ် ကျင်းပရာ မြို့ကြီး ဖြစ်သည်မို့ ဧည့်သည်တွေ အ၀င်အထွက် အတော်များပုံရပေမဲ့ ၊ ကုန်းတွင်းဖက် ကျတဲ့ မြို့ပီပီ ၊ တိတ်တိတ်ဆိတ်ဆိတ် နဲ့ အမေရိကန် ပိုဆန်သည်ပဲ ပြောရမလား။ ကြီးမားလှတဲ့ မိုမွန် ဘုရားရှိခိုးကျောင်းကြီး နဲ့ ပြတိုက်ကြီးကြောင့် ၊ ရှေးရိုးစွဲ လူဖြူတွေ အတော်များမည်လို့ ခန့်မှန်းရနိုင်သည်။ အင်ဖော်မေးရှင်း စန်တာက မြေပုံတွေထဲမှာ ၊ ဒီကနေဆို ဂရင်းကန်ညွန် ကျောက်တောင်ကြီးတွေ ကိုတောင် သွားလို့ရနေပြီ . . . နီးနေပြီ ဆိုတော့ ၊ ကျောက်တွေ တောင်တွေကို သံယောဇဉ်ရှိသူမို့ စိတ်က ၀င်စားနေမိပြီ။
ဂရင်းကန်ညွန် ချောက်ကြီးရဲ့ တောင်ကမ်းပါးယံ မှာ နေတဲ့ သိမ်းငှက်ကြီးတွေကို ကြည့်ချင်သည်။ ဒေသခံ တိုင်းရင်းသားတွေရဲ့ ၀ိညဉ်တွေကို တောင်ထိပ်က လေတွေ ထဲမှာ ရှာ ကြည့်ချင်သေးသည် ။ ဒါပေမဲ့ ကွန်ဖရန်စ်က အပြန် လည်ဖို့ရက်က သိပ်မကျန်တော့။ လော့စ်အိန်ဂျလိစ် မှာ စောင့်နေတဲ့ မမိုးချိုသင်း က ၊ “ကေ” ရေ.. ဂရင်းကန်ညွန်က ရောက်လဲ ကောင်းတယ် . . . မရောက်လဲ ကောင်းတယ်။ ဒါပေမဲ့ ယူနီဗာဆယ် စတူဒီယို ကတော့ လည်သင့်တယ်နော် လို့ ဆိုသည်။ အမျိုးသား ကလည်း ၊ ယူက ဆန်ဖရန်စစ္စကိုမှာ ၀အောင် လည်ပြီးပြီ. . . ငါက မြို့ပေါ်မှာ မလည်ရသေးဘူး . . လို့ - ဆိုလာတော့ ၊ စိတ်ကို ဒုံးဒုံးချ လို့ ၊ အမေရိက ရဲ့ အန်တာတိမ်းမန့် မြို့တော်ကြီးဆီ တန်းတန်းမတ်မတ် ရောက်သွားရတော့သည်။
ဂရင်းကန်ညွန် ချောက်ကြီးရဲ့ တောင်ကမ်းပါးယံ မှာ နေတဲ့ သိမ်းငှက်ကြီးတွေကို ကြည့်ချင်သည်။ ဒေသခံ တိုင်းရင်းသားတွေရဲ့ ၀ိညဉ်တွေကို တောင်ထိပ်က လေတွေ ထဲမှာ ရှာ ကြည့်ချင်သေးသည် ။ ဒါပေမဲ့ ကွန်ဖရန်စ်က အပြန် လည်ဖို့ရက်က သိပ်မကျန်တော့။ လော့စ်အိန်ဂျလိစ် မှာ စောင့်နေတဲ့ မမိုးချိုသင်း က ၊ “ကေ” ရေ.. ဂရင်းကန်ညွန်က ရောက်လဲ ကောင်းတယ် . . . မရောက်လဲ ကောင်းတယ်။ ဒါပေမဲ့ ယူနီဗာဆယ် စတူဒီယို ကတော့ လည်သင့်တယ်နော် လို့ ဆိုသည်။ အမျိုးသား ကလည်း ၊ ယူက ဆန်ဖရန်စစ္စကိုမှာ ၀အောင် လည်ပြီးပြီ. . . ငါက မြို့ပေါ်မှာ မလည်ရသေးဘူး . . လို့ - ဆိုလာတော့ ၊ စိတ်ကို ဒုံးဒုံးချ လို့ ၊ အမေရိက ရဲ့ အန်တာတိမ်းမန့် မြို့တော်ကြီးဆီ တန်းတန်းမတ်မတ် ရောက်သွားရတော့သည်။
တန်းမတ် ယုံတင် မက၊ တဲ့တဲ့ပါ တိုးချင်တော့ ၊ သူတို့ ရောက်သွားတဲ့ ရက်တွေက ၊ ဟောလိဝုဒ် တရပ်ကွက်လုံး အော်စကာ ဆုပေးပွဲ အတွက် ၊ ရွစိတွေ ထိုးနေတဲ့ အချိန်။ ဘေးက တယောက်လည်း ရွစိ ရွစိပေါ့။ ကိုယ် ကတော့ ဘာကို ရွစိ ရမှန်းကို မသိနိုင်ပဲ ၊ ကိုယ့် ကို ကိုယ် တောင် ပျောက်နေခဲ့သည်။ သူတို့ တည်းတဲ့ ဟိုတယ်က သဘက်ခါ အော်စကာပေးမဲ့ ဒေါ်လဘီ သီရေတာ နဲ့ ကပ်ရပ်မို့ ဟိုတယ် အ၀င်အထွက်တောင် အစစ်အဆေးတွေ စလုပ်နေသည်။
Hard Rock Café – Hollywood ဆိုင်ထဲ ၀င်ပြီး ကလေးတယောက်လို ပျော်နေတဲ့ ဘေးက ပုဂ္ဂိုလ်တော်ကို ကြည့်ပြီး ၊ နားမလည်နိုင်သလို ၊ သူကလည်း ငုံးတိတိ လုပ်နေတဲ့ ကိုယ့်ကို နားမလည်နိုင် ဖြစ်နေတာမို့ ၊ ဘဲစားဘဲချေ လုပ်ပြီး မသိချင်ယောင် ဆောင်၊ ဟိုငေး ဒီငေး လုပ်နေလိုက်သည်။ တယောက်တည်း တီရှပ်တွေ ရွေးလိုက် ၊ ဦးထုပ်တွေ ဆောင်းကြည့်လိုက် ပျာယာခပ်နေတဲ့ သူက ၊ သူပြောသလိုဆို ဘရန်း တွေကို တန်ဖိုးမထား ကပ်စည်းနဲ မနာလို မရှုဆိမ့်တတ်တဲ့ ကိုယ့်ဆီက နိုး လို့ ပြောမယ်ဆိုတာ ကြိုသိနေတော့ ၊ မှန်တွေနောက်က အယ်လ်ဗွီ အိတ်တွေကို မေးငေါ့ပြရင်း ယူမလား လို့ ၊ လာကလိ နေသေးသည်။ ဒီကြားထဲ အမေရိက သွားမယ်ဆိုလို့ အိတ် မှာတဲ့ သူငယ်ချင်းတွေ လည်း ရှိသေးသည်။ အိတ်တွေ အကြောင်း သူ ထပ် မပြောချင်တော့ ။ တော်ပြီ။ Hollywood Boulevard လမ်းမကြီး ဘေးတဖက်တချက်ကနေ မင်းသားမင်းသမီးတွေ အလာကို ရူးသွပ် တိုးဝှေ့ ကြမဲ့ သူတွေ အကြောင်း ငြင်းခုံရင်း ရန်ဖြစ်ရ အုံးမည်။
Hard Rock Café – Hollywood ဆိုင်ထဲ ၀င်ပြီး ကလေးတယောက်လို ပျော်နေတဲ့ ဘေးက ပုဂ္ဂိုလ်တော်ကို ကြည့်ပြီး ၊ နားမလည်နိုင်သလို ၊ သူကလည်း ငုံးတိတိ လုပ်နေတဲ့ ကိုယ့်ကို နားမလည်နိုင် ဖြစ်နေတာမို့ ၊ ဘဲစားဘဲချေ လုပ်ပြီး မသိချင်ယောင် ဆောင်၊ ဟိုငေး ဒီငေး လုပ်နေလိုက်သည်။ တယောက်တည်း တီရှပ်တွေ ရွေးလိုက် ၊ ဦးထုပ်တွေ ဆောင်းကြည့်လိုက် ပျာယာခပ်နေတဲ့ သူက ၊ သူပြောသလိုဆို ဘရန်း တွေကို တန်ဖိုးမထား ကပ်စည်းနဲ မနာလို မရှုဆိမ့်တတ်တဲ့ ကိုယ့်ဆီက နိုး လို့ ပြောမယ်ဆိုတာ ကြိုသိနေတော့ ၊ မှန်တွေနောက်က အယ်လ်ဗွီ အိတ်တွေကို မေးငေါ့ပြရင်း ယူမလား လို့ ၊ လာကလိ နေသေးသည်။ ဒီကြားထဲ အမေရိက သွားမယ်ဆိုလို့ အိတ် မှာတဲ့ သူငယ်ချင်းတွေ လည်း ရှိသေးသည်။ အိတ်တွေ အကြောင်း သူ ထပ် မပြောချင်တော့ ။ တော်ပြီ။ Hollywood Boulevard လမ်းမကြီး ဘေးတဖက်တချက်ကနေ မင်းသားမင်းသမီးတွေ အလာကို ရူးသွပ် တိုးဝှေ့ ကြမဲ့ သူတွေ အကြောင်း ငြင်းခုံရင်း ရန်ဖြစ်ရ အုံးမည်။
ကိုယ်တော်ချော ကတော့ ဆန်းဒေး အော်စကာဆုပေးပွဲ နေ့ကျ ၊ ဒီနေရာကနေ လာချောင်းအုံးမတဲ့ ။ နောက်နေ့ Hard Rock Café ဘားမှာလည်း တယောက်တည်း ထပ်လာထိုင်အုံးမတဲ့ ။ ကိုယ့် အတွက်ကတော့ ၊ ရုပ်ရှင်တွေထဲမှာ နှစ်သက်တဲ့ မော်ဂန်ဖရီးမင်း ကြီးကို အပြင်မှာ တွေ့ လည်း ၊ တွေ့တယ်ပဲပေါ့ ။ အတင်းတော့ လိုက်တိုးဝှေ့ မကြည့်ချင်ပါဘူး။ အဲ့လိုဆိုတော့ ငယ်ငယ်တုန်းက အဖြစ်တခု သွားသတိရသည်။ နယ်ကနေ ရန်ကုန်ကို အမြန်ရထားကြီး စီးလာရင် မနက် ၅ နာရီဆို ဘူတာကြီးကို ရောက်တယ်လေ ။ တခါတော့ ခြင်းတွေ အိတ်တွေ ဆွဲလို့ လူကြီးတွေနောက်က လိုက်ရင်း ၊ စမ်းချောင်းကို ဘက်စကားစီးသွားဖို့ ၃၈ လမ်းထဲက အဖြတ် ၊ မနက်စောစောစီးစီး အိပ်မှုန်စုံမွှားပုံနဲ့ ဟာသသရုပ်ဆောင် ကွမ်းသီး ကို တွေ့တော့ ၀မ်းသာအားရ လက်ညှိုးထိုးပြီး အော်မိခဲ့ဘူးတယ်။ အခုလည်း ရပ်ဆဲလ်ခရိုး လောက် မဟုတ်တောင် ဟောလိဝုဒ် ကွမ်းသီးလောက်တော့ တွေ့ချင် တွေ့မှာပေါ့လို့ ။
ယူနီဗာဆယ် စတူဒီယို ထဲမှာ အက်ဒီမာဖီ ကို တွေ့ဖူးတယ် ဆိုတဲ့ မချိုသင်းက တော့ ၊ သူပြောထားတဲ့ အတိုင်းပဲ ၊ ယူနီဗာဆယ် စတူဒီယိုကို အကျအန ကို လိုက်ပို့လေတော့သည်။ တနှစ်စာကဒ်တင်မက.. တသက်စာ ကဒ်ပါ ၀ယ်ထားပုံ ရတဲ့ မချိုသင်း တို့ မောင်နှံ ကို ၊ တခြားသူငယ်ချင်းတွေက ၊ ယူနီဗာဆယ် စတူဒီယို ရဲ့ တိုင်တလုံး တောင် ရှယ်ယာ ပါနေပြီ လို့ နောက်ကြသည်။ ခဏခဏ ရောက်မှာပေါ့နော် ဆိုတော့..တနှစ်ကို ဆယ်ခေါက်လောက်တော့ ရောက်မလားပဲ လို့ ဇဝေ ဇ၀ါ နဲ့ ဖြေသည်။ အေးလေ မချိုသင်း တို့ ဆီမှာ ၊ ဆရာကြီး တင်မိုး ရှိကတည်းက ၊ စာပေ မိတ်ဆွေ နိုင်ငံရေး မိတ်ဆွေ .. မြန်မာဧည့်က ပြတ်တယ်မှ မရှိပဲ ။ အခုတောင် တိုက်တိုက်ဆိုင်ဆိုင် နယူးယောက်က မချောအိသိမ်း ပါ အလည် ရောက်နေတော့ ၊ မချိုသင်းရဲ့ ယူနီဗာဆယ် စတူဒီယို တိုးရ် က ၊ လူပိုစုံ ပြီး ပျော်စရာကောင်းနေသည်။ ဖြစ်ချင်တော့ တနှစ်မှာ တရက် နှစ်ရက်သာ မိုးရွာတယ်ဆိုတဲ့ အယ်အေ မှာ ဒီနေ့ မှ မိုးတွေက လည်း စွေလို့ ။ အိမ်ရှင် နှစ်ယောက်ကလည်း ဒီနေ့က သူတို့ရဲ့ ၁၈ နှစ်ပြည့် မင်္ဂလာ နှစ်လည်တဲ့။ ကဲ ဒီနေ့ မှ ထူးထူးခြားခြား မပျော်ရရင် ၊ ဘယ်နေ့ ကို ရွေးအုံးမလဲ။ တကယ်ကိုပဲ ၊ ကလေးဘ၀တုန်းကလို မိုးရွာထဲမှာ မိုးကာတွေ ၀တ်ပြီးတော့ကို ၊ တနေ့လုံး လျှောက်ပတ်ကြတော့တာ ။
သူငယ်ချင်းတွေ သူ့ ခြံ ထဲ လာကစားလို့ ပျော်နေတဲ့ ကလေးလေး တယောက်လို ၊ မချိုသင်း တယောက် ၊ တတောက်တောက် နဲ့ ဒါက ဟောက်စ်အေ့ဖ် ဟော်ရာ သရဲခြောက်တာပါပဲ… ဟိုးမှာ ကင်းကောင် သရီးဒီ . . . လာလာ..ဒါက ရှာ့ခ် ဖိုးဒီ ၀င်ကြမယ်နော် ဆို သူတို့ လိုက်ဝင်ကြပေါ့။ ကိုကျော်ဝဏ္ဏ ကတော့ နောက်မှာ ( ပြုံးပြုံး) ၂ နဲ့ ။
4D ကလည်း Sherk မို့လို့သာ တော်တော့တယ်။ မြည်းကြီး တံတွေးထွေးလည်း တံတွေးစင် . . . တော်ကြာ ဂုပ်ပေါ် ပင့်ကူတွေ ပြုတ်ကျလာလိုက် နဲ့ အက်ရှင်ကားသာ 4D ကြည့်ရရင်တော့ မျော့မျော့ပဲ ကျန်မှာ လို့ ပြောပြီး ၊ သူတို့ ရီ ကြပြန် ။ 4D တင်မက 5D 6D 7D တွေကိုပါ.. မချိုသင်းက ပြသေးသည်။ ကိုကျော်ဝဏ္ဏ နဲ့ မချောအိ ကို ကော်ဖီဆိုင်ထဲမှာ ထားခဲ့ပြီး ၊ သူတို့ နှစ်ယောက်ကို ၊ Jurassic Park ကို သွားမယ်နော်. . . စီးလို့ ကောင်းတယ် အေးအေးဆေးဆေးပဲ .. တဲ့ ။ ဘာကို စီးရမယ်မှန်း သူ သေချာမသိ ။ ပါ့ခ် ဆိုတော့လည်း အေးအေးဆေးဆေး ဟုတ်မှာပဲ ပေါ့ ။ ကားထွက်ခါစ ၊ ပန်းလေးတွေ ရေတံခွန်လေးတွေကို မြင်တော့ . . . တွေ့လား သူက သာသာယာယာလေးရယ် လို့ လုပ်သေးတယ်။ တအောင့်နေတော့မှ၊ လက်ကိုင်လေး ကိုင်ထားနော် ဆိုတဲ့ စကားလည်း ဆုံး.. တခါတည်း ဒိုင်မန်းရှင်းတွေ ၉ ကျော်သွားလိုက်တာ ။ ပြန်အထွက်ကျမှ ဓါတ်ပုံ ရိုက်ထားတာ ရွေးလို့ရတယ် ဆိုတဲ့ ကွန်ပြူတာ မျက်နှာပြင်မှာ ရှာ ကြည့်တော့ . . . အို့ အိုး သူ့မျက်နှာက ငရဲအိုးထဲ ဇောက်ထိုးကျတဲ့ မျက်နှာလို ။ မချိုသင်းကတော့ အေးဆေးပဲ ပြုံးလို့ ။ မ. . . အဲဒါတွေ ဧည့်သည် လိုက်ပို့တိုင်း စီးလားလို့ အံ့သြတကြီးမေးတော့ ၊ တခိခိ နဲ့ Mummy ရှိသေးတယ် သွားစီးကြမယ် တဲ့ ။
ရုပ်ရှင်တွေထဲမှာ အထူးပြုလုပ်ချက်တွေ ထဲ့ တဲ့ ၊ ရှိုးကိုတော့ အားလုံး ကြိုက်ကြသည်။ ကြည့်လို့ အကောင်းဆုံးကတော့ တကယ်လက်ရှိ အသုံးပြုနေတဲ့ ရုပ်ရှင်ရိုက်ကွင်းတွေထဲကို ကားနဲ့ ဖြတ်မောင်းပြတဲ့ တကယ့် စတူဒီယို တိုး ပဲ ။ ကြားထဲမှာ အထူးပြုလုပ်ချက်တွေ လည်း ပါသည်။
ကားပေါ်ထိုင်နေရင်းက ဒိုင်နိုဆောကြီး ထွက်လာလိုက် . . . မုန်တိုင်းတွေကြီး ရေတွေ လျှံ လာလိုက် . . . ဘူတာရုံထဲရောက် ရထားတွေ တိုက်လိုက် . . . ဒုတိယ ကမ္ဘာစစ်က လေယဉ်ကြီး ပျက်ကျ လာလိုက် . . . နယူးယောက် ကို ရောက်သွားလိုက် . . . ဥရောပ ကို ရောက်သွားလိုက် . . . အိပ်မက်ထဲက ပြကွက်တွေလို အဆက်အစပ်မရှိ တခုပြီး တခု ပြောင်းသွား သည်။ တကမ္ဘာလုံးက လူတွေကို ဟောလိဝုဒ် ရုပ်ရှင်တွေက အဲဒီလို ဖမ်းစားထား ခဲ့တာကိုး ။
ကားပေါ်ထိုင်နေရင်းက ဒိုင်နိုဆောကြီး ထွက်လာလိုက် . . . မုန်တိုင်းတွေကြီး ရေတွေ လျှံ လာလိုက် . . . ဘူတာရုံထဲရောက် ရထားတွေ တိုက်လိုက် . . . ဒုတိယ ကမ္ဘာစစ်က လေယဉ်ကြီး ပျက်ကျ လာလိုက် . . . နယူးယောက် ကို ရောက်သွားလိုက် . . . ဥရောပ ကို ရောက်သွားလိုက် . . . အိပ်မက်ထဲက ပြကွက်တွေလို အဆက်အစပ်မရှိ တခုပြီး တခု ပြောင်းသွား သည်။ တကမ္ဘာလုံးက လူတွေကို ဟောလိဝုဒ် ရုပ်ရှင်တွေက အဲဒီလို ဖမ်းစားထား ခဲ့တာကိုး ။
ရုပ်ရှင် ဆိုတာ အိပ်မက်တွေကို ရောင်းတဲ့ လုပ်ငန်းလို့ ဆိုကြသည်။ တချို့ကတော့ ပျော်ရွှင်ကြည်နူးစရာ တွေတင်မက ၊ လောကရဲ့ အနိဌါရုံ အကျပ်အတည်း အခက်အခဲတွေ ထဲလည်း ၊ အလည်အပတ် ဆင်းကြည့်ချင်ကြသေးသည် ။ တခါတလေ လည်း ရုပ်ရှင်ထဲမှာလား ... အိပ်မက်ထဲမှာလား … တကယ့်ဘ၀ လား …. ခွဲခြားဖို့ ခက်နေတဲ့ စိတ်နယ်လွန် သိပ္ဗံ ဆန်းကျယ် ဇာတ်လမ်းတခု ထဲမှာ ကိုယ်တိုင် ဇာတ်ကောင် တွေ ဖြစ်လို့ ။ ငယ်ငယ်တုန်းကဆို တအားကြီး မပျော်ရွှင်တဲ့ အဖြစ်တွေနဲ့ ကြုံတဲ့အခါ အိပ်မက် တွေကို အားကိုးမိ တာကို သတိရသည်။ ဒါ အိပ်မက်ကြီးပဲ . . . အိပ်မက်က နိုးရင် မိုးလင်းပြီး ကောင်းချင် ကောင်းသွားမှာ လို့ ဆန္ဒအတွေးတွေနဲ့ စိတ်သာသာရာ ရှာဘူးသည်။
အခုလည်း ညနေ ကျရင်တော့ တိတ်သွားမှာပဲ လို့ ထင်ထားတဲ့ မိုးတွေက ပိုလို့တောင် သဲလာ သည်။ ဒီ မိုး ရွာတာ လည်း အထူးပြုလုပ်ချက်ပဲ လားမသိ လို့ ပြောပြီး ရီကြတော့ ၊ ကော်ဖီခွက်ပေါ်က အငွေ့တွေ သူတို့ မျက်နှာရှေ့ ဖြတ်ပြေးသွားကြသည်။ မိုးက အေးသလောက် သူတို့ ရင်ထဲမှာ နွေးထွေးနေကြသည်။ မိုးရေတွေတစွပ်စွပ်နဲ့ တနေ့လုံး လည်ပတ်ထားတဲ့ သူ တို့ ခြေထောက်တွေ လိုပဲ ၊ သူတို့ နှလုံးသားတွေလည်း အပျော်စိတ်တွေနဲ့ နူးအိ လို့ နေတော့သည်။
xxxxxxxxxx
ခရီးတခုကတော့ဖြင့် ၊ အဆုံးသပ်ပြီ။ အိမ်ပြန်ပြီပေါ့ ။
လူတွေ ဘာလို့ ခရီးသွားကြသည်လဲ ။ တချို့ အတွက်က ရေးကြီးခွင်ကျယ် ။ တချို့အတွက်က နိစ္စတဓူဝ ။ တချို့က ပျော်ပျော်ရွှင်ရွှင် ။ တချို့က ငြီးငြီးငွေ့ ငွေ့ ။ ဘာကိစ္စ တွေ နဲ့ ခရီးသွားနေကြသည်လဲတော့မသိ ။ လေဆိပ်တိုင်းမှာ လူတွေ အပြည့် ။ လေယဉ်အတက်အဆင်း စာရင်းမှာ တစင်း ဆင်းလိုက် . . . တစင်း တက်လိုက် ။ လူတွေက အရောင်စုံ လူမျိုးစုံ ဘာသာစကားမျိုးစုံ ။ကမ္ဘာကြီးရဲ့ ဟိုဖက်ကနေ ဒီဖက်ကို လာလိုက် . . . ဒီဖက်ကနေ ဟိုဖက်ကို သွားလိုက် ။ ဟိုးရှေးခေတ်တုန်းက ဥရောပ ခရီးသွားကုန်သည်ကြီးတွေ ဖြစ်တဲ့ မာကိုပိုလို တို့ ၊ ဗက်စကိုဒဂါးမား တို့ ရွက်သဘောင်္ကြီးတွေ နဲ့ နှစ်ပေါက်အောင် ခရီးသွားခဲ့ကြရပေမဲ့ ၊ အခုတော့ ညထွက် မိုးလင်းရောက် ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းကတော့ ၊ ခရီးစဉ်တွေ အားလုံးကို ချောချောမွေ့ မွေ့ လုံလုံခြုံခြုံသာ ဖြစ်ချင်ကြပေမည် ။
ကံကောင်းထောက်မစွာ၊ အပြန်ခရီးမှာ အလယ် လေးခုံတွဲ ကြီးရဲ့ နှစ်ခုံ က လွတ်နေသည်မို့ သူတို့ နှစ်ယောက် လက်တန်းတွေ တင်ပြီး ချောင်ချောင်ချိချိ အိပ်စီးယုံ ။ လေယဉ်ဝန်ထမ်းက ညစာ စားတဲ့ ခွက်တွေ လာသိမ်းပြီးသွား တော့ ရုပ်ရှင်ကြည့်မည်လို့ လျှောက်ရှာသည်။ လောလောလတ်လတ် အော်စကာ ရထားတဲ့ 12 years a Slave ကို ကြည့်ရင်ကောင်းမလား ။ လာတုန်းကလည်း လူမဲကား ။ ခုလည်း လူမဲကား ဖြစ်နေပြီ ။ ဒီလို ကားမျိုးကို နောက်မှ ရုံကြီးမှာ သွားကြည့်ဖို့ ဆေ့ဖ် ထားလိုက်မည်။ Gravity ကို နှိပ်ကြည့်သည်။ မင်းသား မင်းသမီးတွေက ၀ါရင့်တွေမို့ ကြည့်လို့ ကောင်းပါရဲ့ ။ ဒါပေမဲ့ ယူနီဗာဆယ်စတူဒီယို က Special Effects Show မှာ အာကသ ၀တ်စုံ နဲ့ သရုပ်ဆောင်တာကို ဟာသ လုပ်ပြတာ ကြည့်ခဲ့ရတော့ ၊ စန်ထရာဘူးလော့ကို ကြည့်ရတာ နောက်နေတယ်လို့ပဲ ထင်နေမိသည်။ နောက်ထပ် ဟောလိဝုဒ်ကားတခု ပြောင်းကြည့်တော့လဲ ၊ ယူနီဗာဆယ် စတူဒီယိုထဲက ရိုက်ကွင်းကြီးတွေသာ မြင်နေတော့ . . .ခက်ပြီ ။ သူနဲ့ကျမှ ၊ ယူနီဗာဆယ် နာမယ်ပျက်ရတော့မည်။ သူက အခုခေတ် ဗွီစီဒီ ဇတ်လမ်းတွေရဲ့ နောက်မှာ ပါလေ့ ရှိတဲ့ ၊ behind the scenes ဆိုတာမျိုးတွေကို မကြိုက်သူ ။ ကြည့်ခဲ့သမျှ ဇာတ်လမ်းရဲ့ အရှိန်ကို ပြန်ဖျက်လိုက်သလိုပဲ လို့ ထင်သည်။ အပြင်လောကကြီးမှာ လည်း၊ ကန့်လန့်ကာ နောက်ကွယ်ကို မကြည့်မိအောင် နေရမည့် အနေအထားတွေ ၊ ပေါများလှသည်လေ ။
Wolf of Wall Street တဲ့ ။ ဟုတ်ပြီ ။ မရောက်ခဲ့တဲ့ ဝေါလမ်းမကြီး ကို အခု သွားကြည့်ရမည်။ ဒီကားနဲ့ အော်စကာ ဇကာတင်ပါခဲ့တဲ့ လီယိုနာဒို လည်း Catch me if you can ကတည်းက သူ့ ဇာတ်ရုပ်က အတည်ပေါက်နဲ့ လိမ်စားတဲ့ ရုပ် ထွက်သွားခဲ့တာ ။ ဟောလိဝုဒ် ကား ကတော့ ဟောလိဝုဒ် ဆန်တယ်ပဲ ပြောရမလားမသိ ။ ဒီရုပ်ရှင်ကို လည်း တကယ့်အဖြစ် ဆိုပြီး နာမယ်တွေ ကြီးအောင် ကြော်ထား လှော်ထား ညှော်ထားလိုက်တာ ။ ခုကြည့်တော့ဖြင့် သူ့စိတ်ထဲ ဘာမှ တွန်းတွန်း တိုက်တိုက် ဖြစ်မလာ။ Wall street ပေါ်က လက်ညှိုးတချောင်း ၊ ဖုန်းတလုံး နဲ့ ၊ ထိုင်ရာကမထ ၊ လက်တလုံးခြား ကုလားဖန် ထိုးစားနေတဲ့ လူတန်းစား တွေ ကို ပိုပြီး စိတ်ကုန်လာတာပဲ ရှိတယ်။ ငွေရှင်စနစ် ရဲ့ မတည်ကြည်မူ လက်ဝါးကြီးအုပ်မူ ကို ပိုပြီး စိုးရွံ့လာတာပဲ ရှိတယ်။ ဒါတွေကပဲ ၊ သူ့ကို တွန်းတိုက်သွားတယ်လို့ ပြောရမှာပေါ့လေ။ နေပါအုံး ။ ဒီရုပ်ရှင်ရဲ့ တကယ့်အပြင်က ဇာတ်လိုက် ၀ံပုလွေကောင်က.. သူ လိမ်စား လူလည်ကျခဲ့တဲ့ အကြောင်းတွေကို ဇာတ်ညွှန်းလုပ်ပြီး ရောင်းစားတော့ လည်း ၊ ကြည့်လိုက်ကြတာ ၀က်ဝက်ကွဲ ။ သန်း နဲ့ ချီပြီး လုပ်စားသွားပြန်တာပဲ မဟုတ်လား ။
ဟောလိဝုဒ်တွေ တော်ပီ... ပြင်သစ်ကား တကားလောက် ကြည့်မယ်လို့ စိတ်ကူးပြီးကာမှ ၊ Kindle လေးကိုသာ ဖွင့်လိုက်မိသည်။ နိုဘယ်ဆုရှင် ကြီး စတစ်ကလစ်ဇ် က ဖြင့် အခန်းတစ်က.. မကျော်သေး ။ အမေရိက ရဲ့ တစ်ရာခိုင်နှုံး သူဌေးကြီးတွေကဖြင့် တုတ်တုတ်မျှ မလှုပ်သေး ။ ၉ ၉ ရာခိုင်နှုံး ပြည်သူတွေ ရဲ့ အရေးကိစ္စကို ဖြေရှင်းဖို့ အခန်းတွေ မရောက်သေး ။
ဒီ စာအုပ်က တော်တော် တော့ ၊ စိတ်ဝင်စားစရာ ကောင်းသည်။ Price of Inequality ကို ဘယ်သူတွေက ပေးနေရသည်လဲ . . . American Dream ဆိုတာ ရော တကယ်ရှိသလား လို့ အညွန်းမှာ ကတည်းက ရေးထားသည်။ အမေရိက မှာ ကျန်ခဲ့တဲ့ သူ့ မိတ်ဆွေတွေကိုတောင် ၊ ဒီမေးခွန်းတွေ သေသေချာချာ မမေးခဲ့ရ ။ မေးစရာလည်း လိုမည်မထင် ။ လောကအရာတွေက ကြီးကြီးကျယ်ကျယ် တွေးတော့ ရေးတော့လည်း စာတစောင် ပေတဖွဲ့ ပေါ့ ။ ပေါ့ပေါ့ပါးပါး ပြုံးကြည့်တော့လည်း ၊ အမေရိကန် ဒရင်းမ် ဆိုတာ အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်တွေ ထဲမှာ မြင်နေရသည်ပဲ ။ အိပ်မက် ဆိုတာကတော့ အမေရိက မှာမှ မဟုတ်။ ဘ၀ မှာ အိပ်မက် မပါတဲ့ ပြကွက်မရှိ ။ အိပ်မက် နဲ့ အားယူ ။ အိပ်မက်နဲ့ ဖြေလျော့ ။ အိပ်မက်နဲ့ လှည့်ဖျား ။ အိပ်မက်တွေ နဲ့ ဇာတ်ဝင်ခန်းတွေ ပြောင်းကြည့်လို့ မှ မရရင် ၊ ဘ၀ ကြီးက ဘယ်လောက် ညီးငြွေ့ ဖို့ ကောင်းလေမလဲ ။ ဘယ်လောက် မွန်းကျပ်ဖို့ ကောင်းလေမလဲ ။
အခုနတည်းက နည်းနည်း ခုန် ချင်နေတဲ့ လေယဉ်ကြီးက ပိုပြီး တုန်ခါနေသလို ။ (တင်) ကနဲ ၊ ခါးပတ် မီးလေး နီသွားတော့ ကျောထဲ စိမ့်ကနဲ ဖြစ်သွားသည်။ အမျိုးသား ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ ။ အောက်ကို နှိမ့်ဆင်းနေတဲ့ ခံစားမူကို တချက် တချက် ရ သည်။ Kindle လေးကို ပိုက်ပြီး မျက်စိကို အသာ မှိတ်လိုက်သည်။ ခဏ တော့ လေယဉ်ကြီး ငြိမ်သွားပြန်သည်။ ( တင်) ကနဲ..ခါးပိတ်မီးလေး စိမ်းသွားပြီ ။ ဟူး တော်ပါသေးရဲ့ ။ ဒါလည်း ဇာတ်ဝင်ခန်း တခုရဲ့ အထူးပြုလုပ်ချက် ဖြစ်ချင် ဖြစ်မှာ လို့ ကိုယ့်ကိုကိုယ် ဟာသ လုပ်ပြီး စိတ်ကို ဖော့ကြည့်သည်။ လေယဉ်တစင်းလုံးလိုလို စိတ်အေး လက်အေး အိပ်မောကျနေကြဆဲ ။ သူ့ခေါင်းပေါ်က မီးလေးကို ပိတ်လိုက်ရင်း ၊ သူလည်း ကြိုးစားပြီး အိပ်တော့မည်။ ကိုယ်ဘာမှ မတတ်နိုင်တဲ့ အခြေအနေတခုမှာ ၊ စိုးရိမ်ပူပန် နေလို့လည်း အပိုပင် ။ ငယ်ငယ်တုန်းကလိုပဲ ၊ အိပ်မက်ကို အားကိုးရမည်။ အိပ်မက် ထဲမှာ သူ ပျော်စရာတွေ တွေ့ချင် တွေ့နိုင်မည်။ သေချာတာတော့ အိပ်မက်က နိုးရင် ၊ မနက်ခင်းကို တွေ့ ရမည်။ ကာလယန္တယားကြီးထဲမှာ ၊ အိပ်မက်တွေကို စီးပြီး အခက်အခဲ အကြပ်အတည်းတွေပေါ်က ဖြတ်ကျော် သွားနိုင်တယ် ဆိုတာ၊ လူတိုင်း သိပါ့မလား ။
ကေသွယ်
၂၄ - ၂၇ /၀၃/၂၀၁၄အိပ်မက်တွေ စီးပြီး သွားတဲ့ ခရီး























