နဂါးကြီး ရဲ့ ပထ၀ီ နိုင်ငံရေး

အိပ်နေတဲ့.. နဂါးကြီးကို မနှိုးပါနဲ့.. ဆိုတဲ့.. ပြင်သစ် စစ်သူကြီး နပိုလီယန် ရဲ့.. သတိပေး စကား က..ခုတော့.. လွန်ခဲ့ ပေ ပြီ။ တရုတ် နဂါးကြီးက.. နိုး သွား ခဲ့ ပါပြီ။ နိုးထ လူးလွန့် လာယုံ တင် မက..အနီးအပါး က.. အာရှကျားတွေ.. ခွေးခြင်္သေ့တွေ..ရှိသမျှ..အကောင်ဗလောင် တွေ ကို .. ၀ါးမြို ဖို့ ကြိုးစား နေပေ ပြီ။ ခပ်လှမ်းလှမ်း က.. အာဖရိက..တောဆင်ရိုင်း တွေ ကို တောင်.. အလွတ်မပေး .. အခိုးအငွေ့ တွေ ထုတ်လွှတ်ပြီး.. ညှိ့ငင် ထား ပြီးပြီ။

အဲဒီ တော့ မှ.. အားလုံးက.. မျက်ကလဲ ဆန်ပြာ နဲ့.. နဂါးကြီးကို..ခြံခတ်ဖို့ ပြင်သူ က ပြင်။ တရား ဟောပြီး ဥပုပ် စောင့်ခိုင်း ဖို့ ကြိုးစားသူက ကြိုးစား..။ ဂဠုန် တွေ လင်းယုန် တွေ နဲ့..စစ်ခင်း ဖို့.. ဗိန်းဗောင်း တီးသူ တွေက..တီး..။

အဲဒီ လို တုန်း.. ဗြုန်းကနဲ.. နှုတ်ခမ်းမွေး ဆွဲ နှုတ် ခံ လိုက်ရ တဲ့.. နဂါးကြီး ကတော့ .. နော်ဝေ နိုင်ငံ ရဲ့.. နိုဘယ်ဆု ကော်မီတီ ကို သာ.. တရှူးရှူး တရှားရှားနဲ့.. မျက်စောင်း တွေ ထိုးနေ ရ လေ တော့ သည်။

တရုတ် ဒီမိုကရေစီ ရေး လှုပ်ရှားသူ လျူ ကို.. ၂၀၁၀ အတွက် ငြိမ်းချမ်းရေး နိုဘဲလ် ဆု ပေး ဖို့ ရွေးချယ် ဆုံးဖြတ် လိုက်တာ ကို.. အင်မတန် ကျေနပ် အားရ နေ မိ သည်။ ကမ္ဘာကြီး မှာ..ဒီလို ကိုယ်ကျိုးစွန့် အနစ်နာခံ ပြီး.. မြင့်မြတ်တဲ့ ယုံကြည်ချက် အတွက်..ရဲရင့်သူ တွေ ကို မှ.. ဂုဏ်မပြု ရရင်.. ဘယ်လို လူတွေ ကို သွား ပြု ရ တော့ မှာ လဲ။ ဒီ ဆုဟာ..လျူ ချည်း သက်သက် ကြောင့် မဟုတ်ပဲ.. တရုတ်ပြည် ကြီး တပြည်လုံး
နဲ့.. ဆက်စပ် နေတဲ့..ကမ္ဘာ့ အခင်းအကျင်း ကြောင့် ဆိုတာလည်း.. အားလုံး သိနေ ကြ တာပါပဲ။ အဲဒီ တော့ ရော..ဘာဖြစ် သေး သလဲ…။ သင့်တင့် လျောက်ပတ်. တဲ့..ကမ္ဘာ့ အခင်းအကျင်း တခု ကို.. ဖော်ဆောင် ဖို့…နဲ့.. လူသားတိုင်း ငတ်မွတ် တောင့်တ တဲ့..ဒီမိုကရေစီ တန်ဖိုး တခု ကို.. အရောင် တင် ပေး ဖို့.. နော်ဝေ ဆုကော်မီတီ က..လုပ်သင့် တာ ကို လုပ်လိုက် ခြင်းသာ။

တရုတ် အစိုးရ တာဝန် ရှိသူ များ ပြစ်တင် သလို.. အနောက် အုပ်စု တွေ အနေ နဲ့.. တရုတ် ရဲ့ .. တရှိန်ထိုး တိုးတက် ကြီးပွား လာနေ မူ ကို.. ကြောင့်ကြ မရှုဆိမ့် လို့.. တမင် ထိုးနှက်ခြင်း ဖြစ်တယ်…နော်ဝေ ဆုကော်မီတီ အနေနဲ့လည်း ..နိဘဲလ် ဆု ကြီးကို အသရေ ဖျက် ခြင်း ဖြစ်တယ် ဆိုတဲ့.. စကား တွေက.. မျက်စိမှိတ် ပြီး အော်နေ သလို ဖြစ်နေတာလည်း..လူ တိုင်း သိ နေ ကြ တာပါပဲ။ ဘာလို့ ဆို.. တရုတ်က..အမြဲ မျက်စိ မှိတ် အော်နေ ကျ ကိုး ။ ဒလိုင်းလားမား ကို ဆုချ ရင်လည်း အော်..။ အူရဂါ လှုပ်ရှားမူ ခေါင်းဆောင် အဘွားကြီး ကို.. အလည်ခေါ် ရင် လည်း အော်။ ကမ္ဘာ့အဆိုးယုတ် ဆိုး အာဏာရှင် တွေ ကို..အကာအကွယ် ပေး တဲ့ နေရာ မှာလည်း..မျက်စိမှိတ် ပြီးတော့ ကို.. အော်ပေး နေ တာ ပဲ မဟုတ်လား။

တကယ်တော့..ဒါတွေ ဟာ.. အုပ်စု အားစမ်းပွဲ.. စစ်အေး ပုံစံ သစ် တွေ ပါပဲ။ ဒါပေမဲ့..ဒီ တချီ ကတော့.. အရင် စစ်အေး လို..ဒုတိယ ကမ္ဘာစစ် အရှိန် မပျယ် တဲ့..အယူဝါဒ တိုက်ပွဲ သက်သက် မဟုတ်တော့ပဲ.. ကိုယ်ကျိုးစီးပွား နဲ့ ဒီမိုကရေစီ ကျင့်ဝတ် ကိစ္စတွေ က..ပို အရေးပါ လာပြီး..တကယ့် စစ်ပွဲ တခုဆီ ကိုတောင်.. ပြန်ပြီး ဦးတည် ကောင်း ဦးတည် နိုင်တယ် လို့.. ပြောဆို ခန့်မှန်း နေ ကြ လေသည်။


( လောဆယ်..စာနဲ့ ကိုက်လို့ သုံးထားတာ ..အိုလံပစ်က..ပုံဖြစ်နေတယ်..နောက်မှ ပုံထပ်ရှာပါမယ် )


တလောက.. CNN သတင်း ဆရာကြီး... Zakaria .. ရဲ့.. တွေ့ဆုံမေးမြန်းခန်း တခု ကြောင့်.. Robert D Kaplan ဆိုတဲ့.. နာမည်ကျော် ဂျာနယ်လစ် တယောက် ရဲ့.. Monsoon ဆိုတဲ့ စာအုပ် ကို.. စိတ်ဝင်စား နေ ခဲ့ မိသည်။ စာအုပ်ကတော့.. အောက်တိုဘာ ၁၉ ရက်နေ့ ( မနေ့ ကမှ..) ဆိုင်တွေ ပေါ် ရောက်သည်။ စာအုပ် မထွက်ခင် ကတည်းက.. စိတ်ဝင်စား မူ ရ နေ ကြ တာ ကလည်း..တကမ္ဘာလုံး အာရုံ စိုက် နေ တဲ့.. တရုတ် ရဲ့.. .ပထ၀ီ နိုင်ငံရေး ..စစ်ရေး အလားအလာ တွေ ကို.. သုံးသပ် ခန့် မှန်း ထားခြင်း ကြောင့် ဖြစ် တန် ရာ သည်။ နောက်ပြီး.. စာရေးသူ ကိုယ် ၌ ..က .. အမေရိကန် စစ်ရေး လုံခြုံမူဆိုင်ရာ အကြံပေး တယောက် ဖြစ်ပြီး.. ဖူကူယာမား တို့ နီးပါး လောက်.. အလေးထား ကြ တဲ့.. အနာဂတ္တိ ဆရာ တယောက် လို့ လည်း ဆိုလေ သည်။




အဲဒါနဲ့.. Monsoon ရဲ့ အကြို ..ဆောင်းပါး တပုဒ် ကို ရှာ ဖတ်ဖြစ်သည်။
ဖတ်နေရင်း... အခု ခေတ် တရုတ် ရဲ့....နယ်ပယ် အင်အား ချဲ့ထွင်မူ တွေ က.. ဟိုးယခင်.. စစ်ပြီး ခေတ်.. အနောက် အုပ်စု နဲ့..အမေရိကန် တို့ ရဲ့.. လက်ဝါးကြီးအုပ်ပုံစံနဲ့ မတူ.. တမျိုးတဘာသာ ဖြစ်နေ တာကို..သတိထား မိ လာ သည်။ ကမ္ဘာ့လူဦးရေ ရဲ့ ငါးပုံ တပုံ ရှိတဲ့..သူ့ နိုင်ငံ ကြီး အတွက်..စွမ်းအင် လုံလောက် မူ နောက်ကို လိုက် နေ တယ် လို့..ထင်စရာ ရှိ ပေမဲ့… ဒါ့ထက် ပို ကောင်း ပိုပေ လိမ့်မည်။ ဈေးကွက် ချဲ့ထွင်မူ လား..။ ဒါကတော့..ရှင်းပါသည်။ ယဉ်ကျေးမူ ဘာသာစကား ကြီးထွားလို မူ လား.. ။ အရိပ် အယောင် တွေ တော့..တွေ့ ရသည်။ အယူ ၀ါဒ ဆိုရ အောင် လည်း.. ကွန်မြူနစ် ပါတီ ကြီး လို့.. မျက်စိ မှိတ် အော် နေပေမဲ့.. ဒီမိုကရေစီ အသံ တ၀က် ပေး ပြီး..အရင်းရှင် စနစ် နောက်.. ကောက်ကောက် ပါ အောင် လိုက်နေ တာမို့.. မဖြစ်နိုင် ။ အဲဒါ တွေ အားလုံး ပေါင်းစပ် ထားတဲ့.. ရည်မှန်းချက် လည်း ဖြစ် နိုင် သည်။ သေချာ တာက တော့..ကိုယ်ကျိုးစီးပွား အလွန်အမင်း ကြည့်လို ခြင်းသာ..။ အဲဒီ အတွက် ကြောင့် လည်း..အများက..သတ်မှတ် ထား တဲ့..စံ တွေ ကို.. မျက်စိမှိတ် ငြင်းပယ် နေရတဲ့.. ဝေဖန် ထောက်ပြ စရာ တွေ နဲ့ ပြည့်နှက် လာတဲ့.. နဂါးကြီး တကောင် ဖြစ်နေ လေ တော့ သည်။

အာဖရိ က တိုက် မှာ ပဲ.. ကြည့်…။ ဆင်းရဲ မွဲတေ ပါ တယ် ဆိုတဲ့..အာဖရိက တိုက် ကြီးကို.. အနောက်နိုင်ငံ တွေက..အစိုးရ လိုက်ရော.. တယောက်ခြင်း အလိုက်ရော.. အလုံးအရင်း နဲ့.. လူသားခြင်းစာနာမူ တွေ ပြ ခဲ့ ကြ တာ..ဘယ်လောက် ကြာပြီလည်း..။ အလှူငွေ တွေ.. အစိုးရ မဟုတ်သော..အဖွဲ့ တွေ..အင် နဲ့ အားနဲ့.. ယခု တိုင် ။ အာဖရိက လည်း..ပို တိုးတက် မလာ ခဲ့.. မစည်ပင် လာခဲ့..။ အဲဒီ အချိန်မှာ..တရုတ်က တော့.. ရင်းနှီးမြုပ်နှံ မူ တွေ နဲ့.. ၀င်လာ ခဲ့ သည်။ အငြင်းပွား ဖွယ်.. အာဏာရှင် ဆူဒန် ရဲ့ ..ရေနံ သဘာဝ ဓါတ်ငွေ့ ကုန်သွယ် မူ တွေ က..စလို့.. တရုတ်..လမ်းပေါက် သွားခဲ့သည်။ ခုတော့.. အာဖရိက မြို့ကြီး တွေ ရဲ့..မွဲခြောက်ခြောက် လမ်းမ ကြီး တွေ ပေါ်မှာ.. မှန်ရောင် ပြောင်လက်လက်.. တရုတ် လက်ရာ.. အဆောက်အဦ တွေ ကို တွေ့ လာရ သလို.. အနောက်နိုင်ငံသား ဆရာဝန် တွေ..ကျန်းမာရေး လုပ်သား..ကယ်ဆယ်ရေး လုပ်သား တွေ ရဲ့ ကြားထဲ မှာ..တရုတ် အင်ဂျင်နီယာ .. ဆောက်လုပ်ရေး လုပ်သား တွေကိုပါ.. အရောင်စုံ စွာ.. တွေ့ နေ ကြ ရ တော့ သည်။

Robert D Kaplan ထောက်ပြ ထား တဲ့ အချက် တွေ ထဲ မှာ လည်း.. စိတ်ဝင်စား စရာ ကောင်းတဲ့.. တရုတ် ရဲ့.. ပါးနပ် မူ တခု ကို တွေ့ ရ ပြန် သည်။

ဒုတိယ ကမ္ဘာစစ် အရှိန် နဲ့.. ပစိဖိတ် ကျွန်းစု နိုင်ငံ တွေ ပေါ်မှာ..အမေရိက.. သြဇာ လွှမ်းမိုး နေခဲ့ တာ..၊. ဖိလစ်ပိုင်.. ဂျပန် ..တို့ မှာ ရေတပ် စခန်း တွေ ရှိ နေ တာ..၊ တောင်ကိုရီးယား..တိုင်ဝမ် ကို..စစ်ရေး ကူညီ မူ တွေ ပေး နေခဲ့တာ..၊ ဂူအမ် ကျွန်းလိုမျိုး နေရာ တော်တော် များများ ကို...အပိုင် ရ ယူ ထားတာတွေ..၊ စတဲ့.. အနေအထား တွေ ကြားထဲမှာ.. တရုတ် အနေနဲ့..သူ့ရဲ့. အသက်ရှူ ကြပ်လှ တဲ့...တောင်တရုတ် ပင်လယ် ထွက်ပေါက် ကို.. အသာ ထား ပြီး.. အိန္ဒိယ သမုဒ္ဒရာ ဖက် ဆင်း ပြီး .. ဆိပ်ကမ်း ကြီး တွေ တည် ဆောက် ဖို့ လုပ် လိုက် သည်။ ကျောက်ဖြူ မှာ.. စစ်တကောင်းမှာ.. သိရိလင်္ကာ မှာ.. ။ အမေရိကန် က...ပစိဖိတ် ကျွန်းစု ရေတပ် စစ်စခန်း တွေ နဲ့.. အလုပ်ရှုပ် နေတဲ့..အချိန် မှာ.. တရုတ် က.. အိန္ဒိယ သမုဒ္ဒရာ ထဲ မှာ စီးပွားရေး ဆိပ်ကမ်း ကြီး တွေ.. ဖွင့်လှစ် နိုင် တော့ မည်။ တရုတ် ရဲ့. ဆင်ဝှေ့ ရန်ရှောင်..ထိပ်တိုက် မတိုးပဲ.. အလိမ္မာသုံး..ဘေးက..ကွေ့ တိုက် တဲ့.. တုံ့ပြန် လုပ်ဆောင်မူ တွေကို.... asymmetrical response လို့ သုံးထား ပြီး..အမေရိကန် အနေ နဲ့ လည်း.. သူ့ထက် ပို လိမ္မာပါးနပ် တဲ့.. နည်းလမ်း တွေကို..သုံးဖို့.. ကြံစည် ကြ ရ ပေ တော့ မည်။ နီးနီးပါးပါး မြင်ရ တာ တွေထဲက.. ဂူးဂဲလ် နဲ့ ပတ်သတ်တဲ့.. ပြသာနာ တွေ.. အခု နိုဘဲလ် ဆုလို မျိုး.. တွေ။ ပြောရရင်.. အမေရိကန် နဲ့..အနောက်နိုင်ငံ တွေ ဖက် မှာ..ဒီမိုကရေစီ နဲ့..လူ့ အခွင့် အရေး ဆို တဲ့.. အကြပ်ကိုင် စရာ စကားလုံး တလုံး ရှိ နေတာ က ပင်.. အားသာမူ တခု ဖြစ်နေ သည်။ အဲဒီ့ အတွက် ကြောင့် လည်း..တရုတ် နဲ့ တကွ.. အလိုတူ အပေါင်းပါ နိုင်ငံ တချို့ က.. ဒီမိုကရေစီ ဆိုတာ ကို.. ဖုံးဖိ ငြင်းပယ် ထားလို့ မဖြစ်ဘူး ဆိုတာ..သဘော ပေါက် လာ ကြ သည်။ ခက်တာက.. သူတို့ ပြောတဲ့.. လူ့ အခွင့်အရေး နဲ့.. သူတို့ ပေး မဲ့..ဒီမို ကရေ စီ ဆိုတာ ကို တော့.. မှတ်ကျောက် တိုက် မခံ နိုင်ပါ ။ ဒီလို နဲ့ပဲ.. ကိုယ့်နည်း ကိုယ့်ဟန် ဒီမိုကရေစီ ဆို တာတွေ.. ပေါ်ထွန်းလာခဲ့ ကြ။

ဆောင်းပါး ကို ပြန်ဆက် ရရင်.. တရုတ် ရဲ့..ပထ၀ီ နိုင်ငံရေး.. ခြေလှမ်း တွေကို.. သူက..အပိုင်း ၄ ပိုင်း ခွဲ ပြီး သုံးသပ် ပြ ထားသည်။ Central Asia, Mongolia, Far East Russia, နဲ့ South East Asia လို့..ဆို ရာ မှာ.. ကိုယ်တွေ နဲ့ ပို သက်ဆိုင် တဲ့.. South East Asia ကို ပိုပြီး အာရုံ စိုက် ဖတ် ဖြစ်သည်။

ဒီဖက် နိုင်ငံ တွေ ထဲ မှာက... မြန်မာ..ဗီယက်နမ်..လာအို နဲ့..မြောက်ကိုရီးယား က လွဲရင်..ကျန်တာ တွေက..လက်ရှိ ကမ္ဘာ့ ချန်ပီယံ အမေရိကန် နှင့်.. ဆက်ဆံရေး မျှသူ များ ချည်း။ စင်ကာပူ လို ဟာ မျိုး ကတော့.. နိုင်ငံ တကာ ဆက်ဆံ ရေး မှာရော.. ရပ်တည်ချက် ပိုင်း မှာ ရော.. ဟိုလိုလို..ဒီလိုလို မို့ ထား လိုက်။ မြန်မာ ကတော့..သေချာ ပေါက်.. တရုတ် နဲ့ ပေါင်းဖက် ခဲ့ ပြီ။ ကျောက်ဖြူ မြို့ကနေ.. မြန်မာပြည် အလယ်ပိုင်း ကို.. ဖြတ်ဖောက် မဲ့.. တရုတ် အကျိုးစီးပွားပိုင်.. ဓါတ်ငွေ့ ပိုက်လိုင်း ကြီး က.. တရုတ် နဲ့ မြန်မာ ဆက်ဆံရေး ကို.. အိမ်ထောင်မူ ဘုရား တည်.. ဆေးမင်ရည် စုတ်ထိုး တာ ထက်ပင် ..ပိုပြီး ခိုင်မြဲ.. ထဲဝင် စေ တော့ မည်။ အထူးသဖြင့်.. အိန္ဒိယ နဲ့ လည်း စစ်တွေ ဆိပ်ကမ်း ဆောက်.. တရုတ်နဲ့လည်း.. ကျောက်ဖြူ ပိုက်လိုင်း ဆောက် ပြီး.. နိုင်ငံရေး ကစား နေတဲ့.. မြန်မာ က.. ဒီပြိုင်ပွဲ ကြီး ထဲ မှာ .. ဗျူဟာ မြောက် တဲ့.. အနေအထား မှာ ရှိနေ သည်။ အဲဒီ တော့ လည်း.. အမေရိကန် ကို ပါ.. ထဲ့ ကစား ယုံ။
(ထိုင်းနိုင်ငံ ရှိ တရုတ်သံရုံးရှေ့ .. မြန်မာ့ အရေး လှုပ်ရှားသူ တချို့ ဆန္ဒပြနေစဉ်)

ကျန်တဲ့..အာဆီယံ နိုင်ငံ တွေ က တော့.. တရုတ် အတွက်.. ပေါချောင်ပျက်.. စက်မူ ထွက်ကုန် ပစ္စည်း ကျန်တဲ့..အာဆီယံ နိုင်ငံ တွေ က တော့.. တရုတ် အတွက်.. ပေါချောင်ပျက်.. စက်မူ ထွက်ကုန် ပစ္စည်း တွေ... စုပုံ ရောင်းချ စရာ.. ဈေးကွက် ကြီး ( dumping ground လို့ သုံးထား ) ဖြစ်နေတဲ့ တချိန် တည်း မှာပဲ.... စိုက်ပျိုးရေး ထွက်ကုန် စားစရာ ကုန်ကြမ်း တွေကို.. ဈေးချို ချို နဲ့.. ရယူ နိုင် နေ သည်။

ကိုရီးယား ကျွန်းဆွယ် ဆက်ဆံ ရေး ကိုတော့.. Divide and Conquer ဗျူဟာ ကို သုံး ထား သည် ဟု.. ခပ်ရဲရဲ စွပ်စွဲ ထား လေသည်။ မြောက် ကို.. မျက်စိ မှိတ် ထောက်ခံ ပေး နေတဲ့ အချိန်မှာ ပဲ.. ကြားခံ အဖြစ်.. အမြတ်ထုတ်ရင်း..တောင် နဲ့ လည်း.. အဆက်အဆံ ကောင်း အောင် လုပ်ထား နိုင် သည်။ မြောက် ကျဆုံး သွားရင် လည်း.. သူ့ကို ပို အားကိုး ရ မည်။ ဒါမှ မဟုတ်..တောင် နဲ့..ပေါင်းစည်း သွားရင် လည်း.. တောင်-မြောက် ကိုရီးယား သစ် က..ဂျပန် ထက်..သူ့ကိုသာ.. ဆက်ဆံ စရာ ရှိ လိမ့်မည်။ ဘာ အရှုံးမှ တော့ မရှိ။

ကျွန်းစု အရေး တွေ မှာ .. တရုတ်က..အလျှော့ပေး ရသလို ရှိ နေပေ မဲ့..တဖက်က.. အမြတ်ထွက် နေ ပြန်သေး သည် ဟု..တွက်ပြ ထားသည်။ တောင် တရုတ်ပင်လယ် ထဲက.. ဂျပန် နဲ့ အငြင်းပွား နေ ကြတဲ့.. နယ်မြေ လု နေကြတဲ့..ကျွန်းစု ပြသာနာ တွေ ကြောင့်.. တရုတ် ပြည်တွင်း မှာ.. အမျိုးသား ရေး စိတ်ဓါတ် ကို မြှင့်တင် ထား နိုင် သည်။ ပထ၀ီ အနေအထား အရ.. တရုတ် ပင်လယ် နဲ့ ပို နီးကပ် တဲ့..ဂူအန် ကျွန်းကို..အမေရိကန် တွေ ပိုင်ဆိုင် ထား မူ ကလည်း..သဘာဝ မကျ တဲ့ ကိစ္စ ဖြစ်သည် ။

အဓိက ပြသာနာ ဖြစ်တဲ့..တိုင်ဝမ် ကျွန်း ကိစ္စ ကလည်း..စိတ်ဝင် စားစရာ ကောင်း လှ သည်။ တရုတ် ဖက်က.. “ One China Policy” ကို အော် ပြီး..တရုတ်လူမျိုး များ စုစည်း ညီညွှတ် ရေး ယောင်ယောင် ပြောသလို.. တိုင်ဝမ်ကို အကာအကွယ် ပေးထားတဲ့.. အမေရိကန် ဖက်က လည်း..ဒီမိုကရေစီ ကိစ္စလို့..ဆို နေ ပေမဲ့.. တကယ့်တကယ်.. ဖြစ်နေတာ က.. Unsinkable aircraft carrier လို့..အမေရိကန် ဖက်က..တင်စား ထား တဲ့..တိုင်ဝမ် ရဲ့.. ပထ၀ီ အနေအထား ပါ။ ပြောင်းလဲ လာတဲ့.. နိုင်ငံရေး အခင်းအကျင်း တွေ ကြားထဲ မှာ..တိုင်ဝမ် အစိုးရ ကိုယ်၌ က.. တရုတ် နဲ့.. ဆက်ဆံ ရေး ကောင်းဖို့ လိုလား ပြ နေတဲ့ အချိန် မှာ.. အမေရိကန် အနေနဲ့..တိုင်ဝမ်ကို ဆက် အကာအကွယ် ပေးထားစရာ အကြောင်း သိပ် မရှိ တော့ ပေ။ အကယ်လို့ သာ.. တိုင်ဝမ် ကို..အမေရိကန် ထား သွား မယ် ဆိုရင်.. ဒေသတွင်း နိုင်ငံ ငယ် တွေ ကြားထဲ.. အမေရိကန် အပေါ်..ယုံကြည်အားကိုး မူ ပျက်ပြား သွားနိုင် ပြီး.. တရုတ် သြဇာ ပဲ..အလွယ်တကူ နေရာ ယူ သွား နိုင် ပေလိမ့် မည်။

ပိုပြီး စိတ်ဝင်စား စရာ ကောင်း တာက.. လူတွေ သိပ် အာရုံ မရှိ ကြတဲ့.. Central Asia ဖက်က.. စတန် နိုင်ငံ တွေ နဲ့ ဆက်ဆံ ရေး ဖြစ်သည်။
တရုတ်မှာက .. မြန်မာ ပိုက်လိုင်း ကြီး အပြင်.. နောက်ထပ် ပိုက်လိုင်း ကြီး ၂ခု စာ..အကြံ ကြီးတွေ ရှိနေ သေး သည်။ တလောက..မငြိမ်မသက် မူ တွေ ဖြစ်တဲ့..အူရဂါ လူမျိုးစု များ နေထိုင်ရာ.. ဇင်ကျန်း ပြည်နယ် ထိ ရောက် အောင် ဖောက်လုပ် မဲ့.. ပိုက်လိုင်း ကြီး ၂ လိုင်း မှာ.. ရေနံ ပိုက် ကြီးက.. ကဇတ်ကစ္စတန် ကို ဖြတ် ဖောက် မည်။ သဘာဝ ဓါတ်ငွေ့ ပိုက်ကြီး ကိုတော့.. ဥစဘတ်ကစ္စတန် ပေါ် ပါ..ဖြတ်မည်။ ကဲ.. ပိုက်လိုင်း ကြီး တွေ နဲ့.. သိမ်းပိုက် လိုက် ပြီ ဆို မှ ဖြင့်.. ဒီ တသက်.. မခွဲ စတမ်း ပေါင်းရ ပေ တော့မည်။ လမ်းကလည်း သင့် သွားပြီ မို့....အာဖဂန်နစ္စတန် မှာ ရှိတဲ့..သတ္တုတွင်း တွေကို တောင် မျက်စိ ကျ နေ ပြန်သည် တဲ့။ အခုနေ.. အမေရိကန် နဲ့..မဟာမိတ် တပ် တွေ ကြောင့်..အာဖဂန် တည်ငြိမ် သွား ရင်.. တရုတ် အတွက် တော့.. ဇိမ်တကာ့ ဇိမ် ပါ ဗျိုဗျို ဖြစ်ပေလိမ့်မည်။

တိဗက် ကို.. မျက်စိ မှိတ် သိမ်းထား ခြင်း သည် လည်း.. နယ်ပယ် အာဏာ ချဲ့ထွင် ဖို့ သက်သက် သာ ဖြစ်လေသည်။ နယ်ချဲ့စနစ် ကား မကျဆုံး သေး ပေ။ အခု နောက်ပိုင်း လူသူ ကျဲပါး လှ တဲ့.. မွန်ဂို လီးယား ကြီး ကိုတောင်..သမိုင်း တပတ်လည် ပြီး..နယ်ချဲ့ လက်သစ် လုပ်နေတဲ့..အရိပ် အယောင် တွေ ရှိနေ သည် တဲ့။ ရုရှ ကလည်း..ဒါကို စိုးရိမ် သတဲ့။.. မြန်မာပြည်..အရှေ့ မြောက်ခြမ်း ကို.. တအိအိ တိုးဝင် လာသော.. အခြေချ နေထိုင် မူ များ ကဲ့သို့ ပင်.. မွန်ဂိုလီးယား နယ်စပ် များ ကို လည်း.. တရုတ်လူမျိုး များ..သောင်း နဲ့ ချီ ၀င်ရောက် လာ နေလေ သည်။

တလျှောက်လုံး.. ငြိမ်သက် တိတ်ဆိတ် နေခဲ့တဲ့.. တရုတ် နယ်စပ် တကျော..အာရှ အလယ်ပိုင်း နိုင်ငံ ကြီး တွေ မှာ.. အခုလို..လူတွေ..လမ်းတွေ..တံတားကြီးတွေ..ပိုက်လိုင်း ကြီး တွေ နဲ့.. သွယ်တန်း ယှက်နွယ်.. စီးပွား .. စည်ပင် လာ ခဲ့ရင်.. တရုတ်ရဲ့ ကုန်းတွင်း အင်အား ဟာ.. မခန့် မှန်းနိုင် အောင်.. ကြီးထွားလာ ပေ တော့မည်။ တရုတ် အနေ နှင့်.. အဲဒီလို အဖက်အဖက် အင်အား တည်ဆောက် နေ မူ နဲ့ အတူ..ဟန်ချက် ညီညီ.. ရေလမ်း အင်အား ( စစ်အင်အား ) ကိုပါ..တိုးချဲ့ လာ နေမူ က.. ဒေသတွင်း.. ဂျပန်..တောင်ကိုရီးယား နဲ့..အိန္ဒိယ တို့ကိုပါ.. ရေတပ် အင်အား ပြင်ဆင် လာ စေ သည်။

ရှုပ်ထွေး လာ တဲ့.. ဆက်ဆံရေး တွေ ကြား မှာ.. ပစိဖိတ် ဒေသ ပေါ်က...အမေရိကန် ရဲ့ အနေအထား..ရပ်တည်မူ တွေက.. ကြပ်တည်း လာ ပြီလား။
အကယ်လို့သာ.. အိုဘားမား အစိုးရ သစ်က...နဂို ရှိရင်းစွဲ အင်အားချိန်ခွင်လျှာ နိုင်ငံရေး အယူအဆ ကို.. ဆက်လက် မဆုပ်ကိုင် တော့ဘူး ဆိုရင်.. ဒီ ဒေသ မှာ.. တရုတ်လွှမ်းမိုး မူ ကြီး .. အလိုအလျောက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ် ပေါ်လာ မလား…။
ဒေသတွင်း စစ်ကျိမ်းသံ တွေ..ပို ဆူညံ လာ မလား… ။
အမေရိကန် ကိုယ်တိုင် ကရော.. ခေါင်းကနေ..အမြီးအထိ..အစာတွေ ၀ ဆူဖြိုး နေ တဲ့.. တရုတ် နဂါး ကြီး ကို.. လိုလို လားလား လွှတ်ထား ခဲ့ လေ မလား….။



( ဒီဆောင်းပါးကို ရေးဖြစ်အောင် တိုက်တွန်း သော ခင်ပွန်းသည် နှင့် အတူ... တရုတ် နဲ့ ပတ်သတ် တဲ့..တခြား..စိတ်ဝင်စား ဖွယ် ..ဖတ်စရာ မှတ်စရာ များ.. ပေးပို့ ဝေမျှ လေ့ ရှိသော.. လန်ဒန် မှ..မိတ်ဆွေ ဇနီးမောင်နှံ.. ဇီဇ၀ါ တို့ အား..ကျေးဇူး တင် လျက်... )


Ref:


 

◦
Share/Bookmark

Me Generation

လတ်တလော..ညီမငယ် ရီတာ ရဲ့ ဘလော့မှာ..အငြင်းပွားဖွယ် စာလေး တခု ဖတ်ဖြစ်ခဲ့ ရတယ်။ မျိုးဆက် တခု ထဲက..သူတို့ ရဲ့ အသံလေးတွေ.. အတွေးအခေါ် ခံယူချက် လေး တွေကိုလည်း..စိတ်ဝင်စား မိတယ်။ Generation Gap ဖြစ်ကောင်း ဖြစ်နိုင် တယ် လို့.. ဆိုလာတဲ့ အတွက်.. Generation နဲ့ပတ်သတ်တဲ့..
ဝေါဟာရ တွေ..ခေါင်းထဲ စုပြုံ ရောက်လာရင်း.. လွန်ခဲ့တဲ့..၂ နှစ်လောက်က..ရေးခဲ့ တဲ့.. Times မဂ္ဂဇင်း မျက်နှာဖုံး ဆောင်းပါး ကို ကိုးကား ရေးသားခဲ့ တဲ့.. Me Generation ဆိုတဲ့..စာလေး ကို ပြန် ဖတ် ကြည့် ဖြစ်ပါတယ်။
ဖတ်ကြည့် ရင်း... သေချာ ပြန်စဉ်းစား တော့.. ဒါတွေဟာ..Generation Gap လား.. မျိုးဆက် တခု နဲ့ တခု ကြား..ခေတ် အပိုင်း အခြား တခု နဲ့ တခု ကြား.. သမိုင်း လက်ဆင့် ကမ်းနိုင်မူ ..စာနာ နားလည်မူ.. အပြန်အလှန် လေးစားမူ.. တွေ ကို မတည်ဆောက် နိုင် လောက် အောင်.. လေဟာ..လစ်ဟ နေခဲ့တဲ့.. Generation Vaccum ကြီးလား ဆိုတာ.. အဖန်ဖန် ပြန် ဆန်းစစ် ကြည့်နေ မိပါတယ်။
-

-

◦
Share/Bookmark

တီဗွီ ထဲက.. အိုလံပစ်- အတွေး ထဲက..အိုလံပစ်

ကန့်ကွက်သူ တွေ..ရှုတ်ချသူတွေ... ထောက်ခံသူတွေ.. အကျိုးလိုသူ တွေ..ကြား ထဲ ကပဲ.. ပီကင်း အိုလံပစ် ကတော့.. တွန်းတွန်း တိုက် တိုက်..ထုံပေ ဒူပေ ။ ခပ်မဆိတ် - ဂရုမစိုက် ပဲ...ခုဆိုရင်.. သူ့ အစီအစဉ် ကို ကပြ အသုံး တော် ခံ ဖို့.. နာရီ တွေ ရေ တွက် ရင်း.. ဇတ်ခုံ နောက် မှာ- ပ၀ါ ၂ စ အသာ ချ ပြီး - အသင့် ရှိ နေ ပေ ပြီ။ မြို့ မေတ္တာခံယူ တဲ့.. သား ပေ မို့- တမြို့ လုံး..တတောလုံး ကလည်း..မျက်စိ ဒေါက် ထောက် ကြည့် နေ ကြ သည်။

CNN- -- BBC ဘယ်သတင်း ပဲ ကြည့် ကြည့်.. သတင်းထောက် တွေ ရဲ့..မေးခွန်း တွေ..ခြေလှမ်းတွေက... ရင်သပ် ရှု မော ဘွယ်.. အခင်းအကျင်း တွေ နဲ့..အားကစား ပွဲ တွေထ က်.. ဘယ်နေ ရာမှာ..ဘာများ ဖြစ်လာမလည်း ဆိုတဲ့.. စိတ်လှုပ်ရှားမူ တွေ အပြည့် နဲ့ မှန်း..သိသာ လှ သည်။ မနေ့က တော့.. ဗြိတိသျှ နိုင်ငံသား တယောက် နဲ့.. အမေရိကန် နိုင်ငံသား တယောက်.. အိုလံပစ် ပင်မ အဆောက်အဦ ကြီး ဘေး က..အတော်မြင့်မား တဲ့- လမ်းမီးတိုင် ကြီး တခု ပေါ် တက်ပီး.. Free Tibet စာ တမ်း ကြီး ကို ချိတ်ဆွဲ နိုင် ခဲ့သည်။



တိုင်ပေါ် က အဆင်း..အောက်မှာ အသင့် စောင့် နေတဲ့.. တရုတ် ရဲ ငယ်ငယ်လေး တွေရဲ့ လက်ထဲ ကို..အသာတကြည် လိုက်သွား တုန်း.. လက်မောင်းကို နောက်ပြစ် အကြော ဖြေ လိုက် ရင်း..တော် တော် ညောင်းသွားပုံရ သည်။ ဒီ နေ့ သတင်း မှာ လည်း..အနောက်နိုင်ငံသား ၄ -၅ ယောက်လောက်..မြို့လယ်ခေါင် မှာ.. အုပ်စု လိုက်.. လှုံ့ဆော် ကြွေးကြော် နေ ပြန်ပြီ။ လွန်ခဲ့တဲ့..၁၉ နှစ်က..တီရနန်းမင်း ရင်ပြင် မှာ..ကျောင်းသား တွေ အသက်ခံ ရ တာ..မမေ့ သင့်ဘူး - တဲ့။ ခဏ နေ တော့..ရဲမေ ငယ်ငယ် လေး တယောက် က..လာ ခေါ် သွား သည်။ ခန့်မှန်း ထားကြ တဲ့ အတိုင်း.. မစိစစ် နိုင် အောင် ၀င်ရောက်လာ နေ တဲ့.. နိုင်ငံခြားသား တွေ နဲ့.. တရုတ် အစိုးရ နဲ့ တော့..တွေ့ နေ ကြ ပြီ။

အခု ဆို ရင်.. နိုင်ငံတကာ က.. ထိပ်သီး ခေါင်း ဆောင် ကြီး တွေ လည်း..တဖွဲ ဖွဲ နဲ့ ရောက် လာနေ ကြပြီ။ ဇတ် ပြိုင် မင်းသား ကြီး Bush က လည်း..အတော် နောက် သည်။ ခပ်တည်တည် နဲ့..(တကယ်တော့..စပ်ဖြဲဖြဲ နဲ့) အိုလံပစ် အကြို မှာ.. အထဲ ၀င်ကာ နီး မှ..တရုတ် လူ့အခွင့် အရေး ကိစ္စ တွေကို..တုံးတိတိ ပြော ချ လိုက် ပြန် သည်။ နားရွက် တံတွေးစွတ် ခံ လိုက် ရတဲ့.. ဟူဂျင်တောင် တော့.. ထရ မလို..ထိုင် ရမလို..ဖြစ်နေ ပြီ လား မသိ။း) ဘာပဲ ပြော ပြော..မင်းသား ကြီး Bush ကို ..ဗမာ ပြည် အရေးကို.. တွေ့တဲ့ နေရာ တိုင်း မှာ..မမောတန်း ပြော ပေး နေ လို့..ကျေးဇူးတင် လိုက် ပါ တယ်။ သြစတြေလျ ၀န်ကြီး ချုပ် Kevin Rudd ကလည်း.. အခွင့်သင့် တုန်း..မန်ဒရင်း လို မှုတ်ရင်း..သူ့ရဲ့ ဘာသာ စကား ကျွမ်းကျင်မူ ကို..ကြွားရတာ အမော။

အခု အချိန် မှာ တော့..တရုတ်အစိုးရ မလိုလားသူ များ အားလုံး.. တခုခု ကို..မသိစိတ် နဲ့..မျှော်လင့် နေကြ သည်။ စင်ပေါ် က..မြို့မေတ္တာ မင်းသား - ခြေထိုးအက ကရင်း.. လေ၀င် အကြောညပ်များ သွား မလား။ စင်အောက်က..ကြက်ဥ ပုပ် နဲ့များ အပေါက် ခံရ မလား ။ ၀ုန်းဆို.. မိုးကြီးသဲသဲရွာ ပြီး.. ပွဲ ပျက် မလားပေါ့။ တရုတ်ပြည် ကြီး ထဲ က.. နေအိမ် ခြံမြေ အသိမ်းခံ ရ တဲ့..လူတွေ..။ အကျဉ်းထောင် ထဲက.. ဖန်လုံဂွန်း ဂိုဏ်းသား တွေ..။ခိုးကြောင်ခိုးဝှက်...ဘုရားရှိခိုး ရတဲ့.. House church တွေ.. ။တိဗက် တောင်တန်း ပေါ် က.. ဗုဒ္ဓဘာသာ ဘုန်း တော် ကြီး တွေ.. ။တရုတ်ပြည် မြောက်ပိုင်း က.. သဘာဝ ဓါတ်ငွေ့ ပေါကြွယ် ၀ တဲ့.. မူဆလင် လူမျိုး စုတွေ...။အသတ်ခံ ရဖို့ သေနတ် ကို ရေနံနဲ့ လဲလှယ်ပေး နေ ရတဲ့ .. ဆူဒန် နိုင်ငံသား တွေ...။ တရား အားထုတ် နေ ရ တဲ့..ဗမာ ပြည် ထဲက.. စားသုံးသူတွေ..။ သဘာဝ ဓါတ်ငွေ့တွင်းကြီးဘေးမှာ နေ ပြီး..ဖယောင်းတိုင် မီးရောင် နဲ့..နီမှောင်နေ တဲ့.. စစ်တွေ မြို့ကြီး ..ဗမာပြည် ကြီး.. ။ အဲဒီ ကြား ထဲက..ဘာမှန်းမသိ..ညာမှန်း မသိ..စွတ်ပြီး..တက်ကြွ ဂုဏ်ယူ နေတဲ့..တရုတ် Me generation လူငယ် လေး တွေ..။ diplomacy ပီကေ မျှင်တွေ နဲ့..အာစေး မိ နေတဲ့.. ကမ္ဘာ့ ခေါင်းဆောင် ကြီး တွေ..။ နောက်ပြီး.. နိုင်ငံခြား ဧည့်သည် တွေ ကို..အသည်းအသန် စောင့်မျှော် ကြော်ငြာ နေတဲ့..ဟိုတည် တွေ..ဈေးသည် တွေ.. ။

အား... အဲလောက် ရှုပ်ရှက်ခက် လွန်း တဲ့..ကိစ္စ မြားမြောင် တွေ ကြောင့် ထင်ပါရဲ့။ လေထု ညစ်ညမ်း မူ တွေ နဲ့.. ပီကင်းမြို့ ရဲ့ ခဲပုပ် ရောင် ကောင်းကင်းကြီး ကတောင်.. အခါ တိုင်း ထက်..စိတ်ရှုပ် မှိုင်းမှုံ နေ တယ် တဲ့။ တရုတ်လူ မျိုး တွေ လည်း.. ဗမာ လူမျိုး တွေ လိုပဲ.. အယူ သည်း ကြ မှာပဲ ဆို တော့.. တိုင်းပြည် တ၀ှမ်း ..ဒီကောင်းကင် ကြီး..ပြို့လာ တာကို..ကြိတ်ကြိတ် -- ကြိတ်ကြိတ် ပြော နေ ကြ ပုံပေါ် သည်။ အိုလံပစ် ကျင်းပရေး ကော်မီတီ ဥက္ကဌ ကြီးက.. ဒီနေ့..ကောင်းကင် ကြီး မှိုင်း နေတာ.. Haze (မြူ ) တွေ ပါ တဲ့.. လေထု ညစ်ညမ်း မူ မဟုတ်ရ ပါဘူး လို့တောင်.. သတင်း ထုတ်ပြန် ရ တဲ့ အထိ။ ပီကင်းမြို့ ထဲ ရောက်နေ တဲ့..ဘီဘီစီ သတင်း ထောက် ကို ..စတူဒီယို ထဲက..သတင်းကြေ ငြာသူ ကလည်း...ဒီကောင်းကင် ကြီး ဘာလို့ မှောင်နေ တာလည်း လို့.. ရေးကြီးခွင် ကျယ် လုပ် ပြီး..မေး ပေး နေတယ်။

တီဗီရှေ့ မှာ ထိုင် ရင်း.. စိတ် ထဲ ကတော့..တရုတ် အိုလံပစ် ကြီးကို.. အဲဒီ မြို့လယ်ခေါင်က.. သူတို့ ဆောက်ထားတဲ့..ခုံးခုံး ကွကွ..လုံးလုံး လျှောလျှော အဆောက်အဦ ကြီး နဲ့ အတူ..လုံးချေ ပစ် နေ မိတယ်။ သွားစမ်း ပါ.... တရုတ် အိုလံပစ် တင် မကဘူး..ဘာအိုလံပစ် မှ.. စိတ်မ၀င်စား ဘူး.. ။ ပိုက်ဆံ တွေ အလကား ဖြုန်း ပြီး..ဘ၀ တွေ မတရား ပြုန်း ပြီး..တခဏ တာ အတွက်.. ဟန် ဆောင် ကြီး ကျယ် ကျ။ အဲဒါတွေ ပြီး သွား တော့.. လူတွေ ရဲ့ အူဟောင်းလောင်း နဲ့ လဲလှယ်ခဲ့ ရတဲ့..အဲဒီ အဆောက်အဦ ဟောင်းလောင်း ကြီး တွေ ကို..ဘယ်သွား ထား ကြ မလည်း။ သူတို့ နှလုံးသား တွေကလည်း..ဟောင်းလောင်း။ သူတို့ ပေါ်လစီ တွေ ကလည်း..ဟောင်းလောင်း။ သူတို့ အလုပ်စားပွဲ အံဆွဲ တွေ ကလည်း..ဟောင်းလောင်း။ သူ တို့ အစည်း အဝေး အာဂျန်ဒါ တွေ ကလည်း..ဟောင်းလောင်း။ ကမ္ဘာ ကြီးကိုက..ဟောင်းလောင်း။


◦
Share/Bookmark

ဂျင်းဘောင်းဘီ နိုင်ငံရေး


ဒီခေတ်မှာ- လူတယောက် ဟာ.. အနည်းဆုံး၊ ဂျင်းဘောင်းဘီ တထည် လောက်တော့ ပိုင်ဆိုင် ပေလိမ့်မည်။ မဟုတ်ရင် လည်း.. ဂျင်းဘောင်းဘီ တထည် လောက် လို ချင် လိုက်တာ လို့ - စိတ်ကူးနေ ပေလိမ့်မည်။

ဂျင်းန် အသုံးအဆောင်တွေ ဖက်ရှင်လော က ထဲကို ဘယ် အချိန် က ၀င်ရောက်လာခဲ့ သလည်း။ ၁၉ ရာစု နှောင်းပိုင်း လောက်က.. အလုပ်ကြမ်းသမား တွေ ၀တ်ဖို့..ဂျင်းန် ဘောင်းဘီ တွေ ပေါ် လာ ခဲ့ သည် လို့ တော့..ဆို ထားသည်။ ၂၁ ရာစု - စတိုးဆိုင် ကြီး တွေ ရဲ့ မီးရောင် ပြိုးပြက် အောက်မှာ တော့.. Levis တို့ Wrangler တို့ ဆို တာ..သိပ်ကို ခမ်းနား တဲ့ ဆိုင် ကြီး တွေ ဖြစ်နေပြီ။ ဒီ တံဆိပ် တွေ ကို မ၀ယ် နိုင် သေး ရင် တောင်.. Wal-Mart တို့ ဘာတို့ မှာ..ဈေးသင့်တဲ့ တခြား တံဆိပ် တခု ခု ၀ယ် ၀တ် ဦးတော့...ကျ ကျ နန ရှိ နေ နိုင် သေးသည်။ ဈေးကြီး တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်...ဈေးတော်တဲ့ ဂျင်းန် ပဲ၊ ၀ယ်ဝယ်.... အဲဒီ ပမာဏ တန်ဖိုး တွေ ရဲ့ နောက်ကွယ်က..labor cost ဖြစ်တဲ့..အလုပ်သမားတွေ ရဲ့ ချွေး စက် တွေ မျက်ရည် တွေ အကြောင်း ကိုတော့....ဘယ်သူ မှ တွေး မိ မှာ မဟုတ် တာ..သေချာ လွန်း လှ သည်။

ဂျင်းဘောင်းဘီ ပိုင်ဆိုင်သူများ ( သို့) China Blue

အဲဒီ - မမြင် ရ တဲ့ မျက် နှာ တွေ အကြောင်း ကို ၊ ဂျူးလူမျိုး ဒါရိုက်တာ Micha Peled က China Blue ဆိုပြီး..ကမ္ဘာ့ ဂျင်းန် ၀တ်ဆင် သူများ ထံ ဖွင့်ထုပ် သယ်ယူ လာခဲ့ သည်။ ( အဲဒီ documentary ကို ကြည့် ခဲ့ မိတာ ၂ နှစ် လောက် တောင် ရှိ တော့မည်။ ခုမှ ပဲ ရေး ဖြစ် တာတော့..ခုမှ ပဲ ရေးဖြစ် လို့ပါပဲ။ တရုတ် အိုလံပစ် ကြောင့်လည်း.. အမြင်ကပ် ကပ် နဲ့..ရေးချင် စိတ် ပေါက် လာ တာ ဖြစ် နိုင်သည်။) အမေရိကန်ု အပါအ၀င်..ကမ္ဘာ့ ဈေးကွက် အတော် များ များက.. ဂျင်းန် ဘောင်းဘီ များ ရဲ့ ၉၀ % လောက် ဟာ Made in China ဆိုတဲ့ sweatshop ကြီး ကနေ ထုတ်လုပ် နေ တာပါ။ ဗမာလို အဓိပ္ပါယ် အနီးဆုံး ယူ ကြည့် ရင်တော့..`၀ိသမ လောဘ လုပ်ငန်း´ လို့ ပြော ရမလား။ ဘာလို့..၀ိသမ လောဘ- လို့ ပြော ရ လည်း ဆို ရင်- အခြေ အနေ အရ ဈေးပေါ ပြီးသား ဖြစ်နေ တဲ့ လုပ် အား တွေ အပေါ် မှာ ..ထပ် ဆောင်းပြီး.. ခေါင်းပုံဖြတ်တာ တွေ.. မမျှတတဲ့ အလုပ်ချိန် တွေ.. အနေအစား နှိပ်စက်မူတွေ.. ပြီးတော့..အလုပ်သမား အခွင့်အရေး တောင်းဆိုခွင့် အားလုံးကို အမှောင် တိုက် သွင်းထား တဲ့..လုပ်ငန်းခွင် အခြေ အနေ တွေ ကြောင့် ပါ။ အားလုံး မဟုတ်ရင် တောင်မှ..တရုတ် ပြည် ကြီးထဲ မှာ.. sweatshop တွေ အများကြီး ရှိ နေတယ် ဆို တာ.. အားလုံး သိ နေ ကြပါတယ်။


အဲဒီ မှတ်တမ်း ရှပ်ရှင်လေး ထဲ မှာ-Wal-mart ကို သွင်းဖို့ ဖောက်သည် ရ ထား တဲ့ ဂျင်းန် ဘောင်းဘီ ချုပ် စက်ရုံ တခု ရယ် .. jasmine လို့ နံမယ်ပေး ထား တဲ့..၁၇ နှစ် အရွယ် တရုတ်ပြည်တောင်ပိုင်း က..တောသူ အထည်ချုပ် သမလေး ရယ်..ကို.. ထိထိ မိမိ..ပြီးတော့..ခက်ခက်ခဲခဲ မှတ်တမ်းတင်ထား ခဲ့ တယ်။ ဒါရိုက်တာက..ဒေသဆိုင်ရာ တာဝန်ရှိသူ တယောက် က တဆင့်..စက်ရုံ ထဲက..တာဝန် မှူး တယောက် နဲ့ ကြိုးစားချိတ်ဆက် ပြီး.. လျှို့ဝှက် ရိုက် ကူး ခဲ့ ရ တယ် လို့ ဆို တယ် ။ မနက် ၈ နာရီ ကနေ..ညသန်းခေါင် ၂ နာရီ ထိ ..တပတ်မှာ ၇ ရက် နားရက် မရှိ .. အလုပ် လုပ် ရ တဲ့.. jasmine တို့ ရဲ့.. ပြွှတ်သိပ် နေတဲ့..လူနေ ဆောင် လေး ကို တောင်.. မှုံတိမှုံ မွှား အလင်းရောင် ထဲ မှာ..မရ အရ ရိုက် ယူ ခဲ့တယ်။ သူ့လို တခြား မြို့ပေါ် တက် အလုပ် လာ လုပ်ကြ တဲ့..မိန်းကလေး ၁၂ ယောက် နဲ့ အတူ ရော နေရတဲ့..သူတို့ အခန်း လေးမှာ.. ကိုယ်လက်သန့်စင်ရာ အခန်းက..တခု တည်း ။ စားစရာက..မနက် စွပ်ပြုတ်တခွက်..ည စွပ်ပြုတ် တခွက်။ ၂ ထပ် ကုတင်လေး တွေပူးကပ် နေ တဲ့ ည မှာ..အချင်းချင်း..အိမ်အကြောင်း..တောအကြောင်း..ယာအကြောင်းလေး တွေ ပြောပြီး..အလွမ်းဖြေကျ။ အပူအပင် သိပ် မရှိ တဲ့.. jasmine ကတော့..ဒီ နှစ် တရုတ် နှစ်ကူး မှာ တောပြန်ပြီး..မိဘ ၂ပါးနဲ့..မောင်လေး တွေကို..လက်ဆောင်တွေ ပေး ဖို့..စိတ်ကူး တွေ ယဉ် နေ သေးတယ်။ သူလုပ် ရ တာက.. ချုပ်ပီးသား ဂျင်းဘောင်းဘီ တွေ က..အမှုန်အမွှား ချည်စ အကျန် တွေကို လိုက် ညှပ် ရတာ။ တနာရီ ကို ( အမေရိကန် ဒေါ်လာ အားဖြင့် ) ၆ ဆင့် ရ တဲ့..လုပ်အားခ အတွက်..သူတို့ အားလုံး..မနေ မနား။ အလုပ်သမား ခေါင်း က လိုက်စစ် နေ တဲ့ ကြား မှာ .. အိပ်မငိုက် အောင်..သူတို့ မျက်ခွံ တွေကို..အ၀တ်ညှပ် ကလစ် နဲ့ တောင် ညှပ် ထား ကြ ရ သတဲ့။

ကလေး တွေ ဆို တော့လည်း.. သိပ် ပြီး စိတ်ပျက် ညီးညူ ပုံ မပေါ်။ အိမ် အပြန် ယူသွားမဲ့..ယွမ်ငွေ တွေ တွက် ပြီး...သူတို့ဘ၀ ကို ..ပြုံးစပ်စပ် နဲ့ ..ကျေနပ် နေ ကြ ပုံပဲ။ ဒါပေမဲ့..တကယ် နှစ်ကူး နီး လာတော့.. တနေ့ကို ၁ ဒေါ်လာမပြည့်တဲ့ လစာ ထဲက.နေ..အဆောင်စရိတ်..စားစရိတ်.. တွေ အပြင်.. ကြားထဲ မှာ တရက်.. အိပ်ငိုက်လွန်းလို့..အချိုရည်ဗူး ခိုးထွက်ဝယ်တာ..မိသွားခဲ့ဘူးတဲ့.. ဖိုင်း ရယ်.. နှုတ်လိုက် တော့.. ဝေးလံ လှ တဲ့.. တောင်ပိုင်း က သူ့ရွာ လေး ဆီပြန် ဖို့..ခရီးစရိတ် တောင် မလောက် ရှာ တော့ဘူး။ ဒီ နှစ် မပြန် ရ လည်း..နောက် နှစ် ပေါ့ လို့..သူ တွေး နေ ပုံ ရ သည် ။ သူကိုယ် တိုင် ပင် ဂျင်းဘောင်းဘီ တထည် ကို ၀တ် ထား ရင်း.. ပတ် ပတ် လည် မှာ တောင်လုံ ပုံ နေတဲ့..ဂျင်းဘောင်းဘီ ပုံ ကြီး ထဲ က.. ဂျင်းဘောင်းဘီ တထည် ရဲ့.. ချည်စ တွေ ကို..ခေါင်ငုံ့ဖြတ် နေ ရင်းက.. ကင်မရာ ကို လှမ်းကြည့် တယ်။ ပြီးတော့..သူ့ဘေးက..သူငယ်ချင်း လီပင်း ကိုပါ ကြည့် လိုက် ရင်း..ခပ် ပြုံးပြုံး ပြော ချ လိုက် တယ်။

`ဟောဒီ ဂျင်းဘောင်းဘီ ရဲ့ အိပ်ကပ် ထဲ မှာ..စာလေး တစောင် ရေး ထဲ့ ပေး လိုက် ချင် တယ်။ ဒီ ဘောင်းဘီ ကို လီပင်း က ကြယ်သီး တပ် ပြီး..ကျ မက..ချည်စ တွေ ဖြတ် တယ် ဆိုတာ...´



ဂျင်းဘောင်းဘီ လို ချင် နေ ခဲ့သူများ ( သို့) USSR

တကယ့် ကို.. ဂျင်းဘောင်းဘီ တထည် လောက် ..အသည်းအသန် လို ချင် နေ ခဲ့ တဲ့ သူတွေ.. ဆိုဗီယက် ပြည် ထောင်စု ကြီး ထဲ မှာ .. အများ ကြီး ရှိ နေခဲ့ ဘူးတယ်။ ၁၉၆၀ ၀န်းကျင် ..စစ်အေး ကာ လ ကြီးမှာ .. ဆိုဗီယက် မှာ.. အမေရိကန် ယဉ်ကျေးမူတွေ..အသုံးအဆောင် တွေဖြစ် တဲ့..ကိုကာ ကိုလာ.. ကစ်ကတ်ချောကလက် .. Beatles သီချင်း တွေ အပါအ၀င်.. ဂျင်းဘောင်းဘီ ၀တ်ဆင် မူ တွေ ကိုပါ..တင်းကျပ်စွာ ပိတ်ပင် တားမြစ် ထား ခဲ့ တယ်။ အဲဒီလို သံကန့်လန့်ကာ ကြီး ပိတ်လိုက် ရင်.. လူတွေ လည်း..သံတုံး သံခဲ တွေ လို..ပုံသွင်းချင် သလို သွင်းလို့ ရမယ် လို့ ထင် ခဲ့တဲ့.. အဲဒီ ခေတ် က..ခေါင်း ဆောင် ကြီး တွေ ကို..အံ့ လည်း သြ ပါ ရဲ့ ။

အဲဒီ အချိန် တွေက.. နိုင်ငံခြားသား ခရီးသွား တွေ..ဒါမှမဟုတ်..ရုရှ ပညာ တော်သင် တို့ဘာတို့..တိုင်းပြည် ထဲ ပြန်ဝင် လာရင်.. ဂျင်းဘောင်းဘီ တွေ..မှောင်ခိုသွင်း ကြ တယ် တဲ့ ။ ဗမာပြည် မှာ..ကားသွင်းသလောက်.မြတ် မည့် ပုံပင်။ လမ်းပေါ် မှာ..နိုင်ငံခြား သား ခရီးသွား တယောက် မြင် ရင်..နောက်က လိုက် ပီး.. ဂျင်းဘောင်းဘီ ရောင်းဖို့ ပါ လား လို့..တတွတ်တွတ် လိုက် မေး တဲ့ အထိ တောင် ရှိ ခဲ့ တယ်လို့.. အင်တာနက် တနေရာ မှာ..ပြန် ရှာ ရင်း တွေ့ လိုက် ရ သည်။ တကယ်က..China Blues လိုပဲ..ဒီ အကြောင်းတွေ ကိုလည်း.. documentary တခု မှာ..သေသေချာ ချာ .. ကြည့် လိုက် မိ တာပါ။ အဲဒီ ရုပ်ရှင် ဖိုင် ထဲ မှာ ဆိုရင်.. လူငယ် တွေက.. နိုက် ကလပ် ကို လာ ကြ။ အထဲ ရောက်တာနဲ့..အိပ်တွေ ထဲ မှာ..ခိုးထဲ့ လာတဲ့..ဂျင်းဘောင်းဘီ တွေ..အမြန် လဲဝတ် ကြ နဲ့.. မယုံ နိုင် စရာ ပါပဲ ။ ဒီ့ထက်ပို မယုံ နိုင် စရာက.. တကြော့မှာ..ဂျင်းဘောင်းဘီ အကြီး အကျယ် မှောင်ခိုသွင်း တဲ့ လူ တယောက် ကို..ဖမ်းမိ သွား တာ.. သေဒဏ် ပေးဖို့ ထိ တောင်..ဖြစ်ခဲ့ ရတယ် တဲ့။ တကယ် ပေးဖြစ် ခဲ့ လား ဆိုတာ တော့ မသိ..။ အဲဒီ အချိန်က.. ခေတ်စနစ် ကို ရေးစပ် တဲ့..ကဗျာ ဆရာ ကြီး တွေ..သုံးသပ် တဲ့..ပညာရှင် ကြီး တွေ - တချို့ တော့..သေဒဏ် ပေး ခံ ခဲ့ ရ တဲ့..နာနာကျင်ကျင် မှတ်တမ်းတွေ ရှိ ခဲ့ ဘူး သည်။

+++++++

ခု ဆိုရင်..ဂျင်းဘောင်းဘီ တထည် ၀ယ် တိုင်း.. Made in China ဆိုတဲ့..တံဆိပ်လေး ကို အသာ ကြည့် လိုက် ရင်း..အိပ်ကပ် ထဲ က..စာလေး တစောင် လောက် များ ထွက်လာ မလားလို့..ရယ်သွမ်းသွေး တဲ့ အတွေး နဲ့ တွေး နေ မိ တတ် တယ်။

ချွေး စက်ရုံ ကြီး တွေက..ချုပ်လုပ် တင်ပို့ လိုက် တဲ့..ဂျင်းဘောင်းဘီ တွေ..အသက်နဲ့ ရင်း..အန္တရယ်နဲ့ ရင်းပြီး.. ၀တ်ဆင် ခဲ့ ရ တဲ့..ဂျင်းဘောင်းဘီ တွေ... ။ ကဲ- ဂျင်းဘောင်းဘီ တောင်..နိုင်ငံရေး ဖြစ်သွား ခဲ့ ပြီ။

တကယ်တော့..အားလုံးဟာ- နိုင်ငံရေး ပါပဲ။ ခုဆို..အိုလံပစ် နိုင်ငံရေး.. ။ လောင်စာ နိုင်ငံရေး..။ ကမ္ဘာ ကြီး ပူနွေးမူ နိုင်ငံရေး.. ။ မြန်မာ ပြည်က.. နာဂစ်မုန် တိုင်း နိုင်ငံရေး... ။ ဂန္ဓီကြီး ရဲ့..ဆား လည်း နိုင်ငံရေး... ။ ကချင် ကျောင်းသားတွေ ပြော နေတဲ့..ကျောက်စိမ်း တွေ လည်း.. နိုင်ငံရေး...။ မီးဖိုချောင်က.. အိမ်ရှင်မ တယောက် ရဲ့.. ဆီပုလင်း လည်း..နိုင်ငံရေး ပါပဲ ။



Related link : Blood Jade: Burmese Gemstones and Bejing Oylumpic

◦
Share/Bookmark

Me Generation


မကြာ သေးခင် အပတ် လောက်က.. အွန်လိုင်း မဂ္ဂဇင်း အင်တာ ဗျူး တခု မှာ Me, Myself and I ဆိုတာ ကို..ကြိုက် နှစ်သက်ကြောင်း ..ကိုးကား သွားသည် ။ အဖြေ ရှင် က.. `မိမိ ကိုယ် သာ ..အားကိုး ရာ´ လို့ များ ပြော ချင် တာ လား တော့ မသိ။ ဘာ ရယ် လို့တော့ မဟုတ်.. Me ချင်း တူနေ တာနဲ့..စိတ်ကူး ထဲ မယ် တန်းစီ စောင့် နေ တဲ့.. တိုင်းမ် မဂ္ဂဇင်း ထဲက.. Me Generation ဆို တဲ့ အကြောင်း အရာ လေး ကို. ပြန် တူး ဆွ လိုက် မိ တယ်။

တရုတ် နိုင်ငံ ၏ Me Generation များ

တရုတ် နိုင်ငံ မှာ.. Me Generation များ တိုးတက် များပြား လျက် ရှိ သည် ဟူ၏။ ၂၀၁၅ ခု လောက်တွင်..လူဦးရေ ၏ ၆၀ % ကို ကျော် ကာ သန်း ၅၀၀ အထိ ရှိ လာ ပေ တော့မည်။ သူ တို့ သည် အလုပ် အကိုင် ကောင်းကောင်း ရှိ ကြ သည်။ ကိုယ်ပိုင် တိုက်ခန်း မှာ တယောက်တည်း..ခွေး တကောင် မွေး ကာ နေချင် နေမည်။ နေ့လည် စာ ကို စားသောက်ဆိုင် မှာ စား ပီး..ည စာ ကို တော့.. နိုက်ကလပ် မှာ ကျော် ပြစ် တတ် ကြ သည် ။

ဆောင်းပါး ရှင် က... အသက် ၃၀ အောက် အသီးသီး ရှိ တဲ့ .. ကြော်ငြာ ကုမ္ပဏီ တခုက. စာရင်း ကိုင် အရာရှိ မလေး ရယ်.. အာမခံ အေဂျင်စီ က..အတိုင်ပင်ခံ တယောက် ရယ်.. ဖန်စီ မဂ္ဂဇင်း တွေ ထုတ်ဝေ သူ ကောင်လေး တယောက် ရယ် နှင့် ..ရှန်ဟိုင်း မြို့လယ်ခေါင် က..အကောင်းစား စားသောက်ဆိုင် တခု မှာ.. starbuck ကော်ဖီ သောက် ရင်း စကား ပြောခဲ့ သည် များ ကို အခြေ တည် ရေးသား ထား သည်။ ထိုင်း နိုင်ငံ တောင်ပိုင်းကျွှန်း တခုမှာ..ဒိုက် ဗင်း သွား ကြဖို့ တယောက် က ပြော သည်။ နောက် တော့..နှင်းလျှော စီး တာ ရောက် သွား သည်။ ကနေ ဒါ နိုင်ငံ လုပ် နှင်းလျှော စီး ကိရိယာ ဆက်လိုက် ..သူဝယ် လိုက်တာ.. ဒေါ်လာ ၇၀၀ ကျ သည် ဆို ၏။ အိုင်ပေါ့ဒ် အကြောင်း လည်း ပါသည်။ အကြွေးဝယ် ကဒ် တွေ..လွယ်လွန်း လို့..ဘယ်နှယ် ကဒ် ယူ မလဲ လို့ ပင် ..နောက်လိုက် သေးသည်။





THIS YEAR'S MODEL: Young Chinese like Liu Yun, 23, an actress pictured in a Beijing dance studio, belong to a generation for whom prosperity and personal freedom haven't required democracy
Photograph for TIME by Ian Teh



blog it


သူတို့ တွေ သည်..တရုတ်နိုင်ငံ စီးပွားရေး ကို အဓိက..မောင်းနှင်သူ များ ဖြစ်နေ သည်။ စီးပွားရေး ကောင်း လျှင်..ပြီး ပြီ ဆိုသော ရိုးရာ အစွဲ အလမ်း ကို ကြိုက် နှစ် သက် သော..အခု တိုင်..ကွန်မြူနစ် ပါတီ ဟု ဆက်လက် သုံးစွဲ နေ သေး သော အုပ်ချုပ်ရေး အင်အားစု ကြီး အတွက်.. လုံခြုံ သော ခြံစည်းရိုး တခု ကို..တည် ဆောက် ပေး နေ သူ များ လည်း ဖြစ် ကြ သည်။

One child policy

တရုတ် ပြည် ၏ one child policy သည်...လူ ဦးရေ လျှော့ချ နိုင် ခြင်း ထက် ..ပိုမို နက်ရှိုင်း သော အကျိုးဆက် များစွာ ကို ဖြစ် ပေါ် လာ စေ သည်။ ဆိုပါစို့...ကလေး များ သည်.. အိမ်မှာ ရှိသမျှ တယောက်တည်း အကြိုက်သုံး..တဦးတည်း အလိုလိုက် ခံ ရ ရင်း..ဝေမျှ ပေးကမ်း ခြင်း ကို နား မလည်..အတ္တ များလာ ကြ သည်။ ဒါက.. Me Generation ၏ အခြေခံ အုတ်မြစ် ။ တရုတ် ယဉ်ကျေး မူ ..သားယောက်ျား ကို သာလို ချင် သော ကြောင့်..ကလေး မှောင်ခို မွေးဖွားမူ တွေ..သမီး သန္ဓေ ဖျက် ချ မူ တွေ.. ။ နောင် ဆို ရင်..နိုင်ငံ အနှံ့ သတို့သမီး ရှားပါး လာ မူကြောင့်.. အနီး အပါး နိုင်ငံများ မှ..လူ မှောင်ခို ( သတို့သမီး တင်သွင်းမူ တွေ) ဖြစ် လာ ဦး မည်။ ကောင်း ကွက် လို့ ပြော ရ မလား... သားသမီး ၀န် တာ တွေ ပိ မနေ တော့ ပဲ.. ဇနီး မောင် နှံ တွေ ပို လွတ်လပ် လာ သည်.. ပို သုံးစွဲ လာသည်။ အမေရိ ကန် စတိုင် Consumerism ပြောင်းလဲ လာ ခြင်းသည်.. ဘာ အကျိုးဆက် တွေ..ထပ် လာ ဦး မလဲ။

Cultural Revolution to Sexual Revolution

ဒီ အကြောင်း တွေ..ခေါင်း ထဲ ရောက် နေ တုန်း.. SBS TV မှာ Sexual Revolution ဆို တဲ့ အစီအစဉ် ကို..ကြည့် ခွင့် ရ လိုက် ပြန် သည်။ ကြည့် ပါဦး တော့...ခေါင်း စဉ် ကို က.. ရင် တုန် စရာ..။ စီးပွား ရေး ပွင့် လမ်း မူ တွေ နဲ့ အတူ.. လိင် ကိစ္စ တွေ လည်း.. အား ရှိ ပါး ရှိ ..ပွင့် လန်း လာ ကြ သည်။ Expo တွေ တင် မက.. Sexpo ဆို တာ ကြီး ကတော့..လန့်စရာ။ ပြပွဲ ကို လာသူ ပေါင်း သန်း နဲ့ချီ သည် ဟု ဆို သည်။ ယဉ်ကျေး မူ တော်လှန်ရေး ခေတ် က..လူ ကြီး တွေ က လည်း..ခင်းကျင်း ပြသ ထား တဲ့ အရာ တွေ ကို.. နတ်ပြည် က ရောက် လာ တဲ့ ပစ္စည်း တွေ အလား ..လာ ငေး ကြသည်။ လူငယ် တွေ ဆီက.. ပြုပြင် ပြောင်းလဲ မူ တွေ လေ့လာ ရ မည် ဟု ဆို သည်။( တခြား ကိစ္စ တွေ တော့ မသိ။ )လူငယ် တွေ ကလည်း..သူတို့ သိပ် ကံကောင်း သည် ဟု ပြော ကြ သည်။ တရုတ် ကွန်မြူ နစ် အစိုး ရ က.. Valentine Day ကို ပင်.. တရားဝင် ရုံး ပိတ် ရက် အဖြစ် ..မကြာခင် က မှ..သတ်မှတ် ပေး လိုက်သည်... တဲ့။ ဘာပြော ရ မှန်း တောင် မသိတော့။ အနောက် နိုင်ငံ တွေ မှာ တောင်.. ရုံး တော့ ပိတ် ပေး မည် မထင်။ အဲဒီ နေ့ မှာ..လူမြင် ကွင်း ထဲ..အနမ်း ပြိုင်ပွဲ တွေ ကြည့် ရမည်။ ဈေး ဆိုင် တွေ ရောင်း ကောင်း မည်။ တီရနန်မင်း ရင်ပြင် ရှေ့က..မော်စီ တုန်း ရဲ့ ဧရာမ ပုံ ကြီး ကတော့.. ပြုံး မြဲ ပြုံး လျက် ပါပဲ။


Photos



China's Me Generation


Today's young Chinese are better educated and more worldly than ever. Portraits by Ian Teh for TIME


blog it


စီးပွားရေး အရင်..ဒီမို ကရေ စီ နောက် မှ

အမေ ရိကန် အပါ အ၀င် အနောက်အုပ် စု တွေ ကလည်း.. တရုတ် ရဲ့ တံခါးဖွင့် ခြင်းကို သတိ နှင့် စောင့် ကြည့် နေ ကြသည်။ ဈေးကွက် ကြီး က လည်း.. သားရေ ယို စရာ မို့.. စီးပွား ရေး တိုးတက် ပြောင်း လဲ လာ လျှင်..တဖြည်း ဖြည်း နဲ့..ဒီမို ကရေ စီ လည်း လိုက် လာ လိမ့် မည် ဟု.. ချော်လဲ ရော ထိုင်ကာ..အခါ တော် ပေး ကြည့် သည်။ ခု တော့..အားလုံး က ..သဘော ပေါက် စပြု လာ ပြီ။ အဲဒီ လို.. စနစ် တကျ မွေး မြူ ထား တဲ့.. Me generation တွေ နဲ့..ဘယ်လို ဒီမို ကရေ စီ ကြ မလဲ..။ ခု တင်က.. ၃ ယောက် ထဲက.. တယောက်က ဆိုရင် ..နိုင်ငံရေး နဲ့ပတ်သတ် လို့..ဘာမှ လုပ် လို့မရ ဘူး..လုပ်စရာ လည်း မရှိဘူး..ပါ လည်း မပါဘူး ဟု ဆို သည်။ ၈၉ ခု နှစ် တီရနန်မင်း ရင်ပြင် အရေး တော်ပုံ ဖြစ် တုန်း က..၁၁ နှစ် သမီး သာ ရှိ သေးတဲ့.. စာရင်းကိုင် အရာရှိမ ကတော့..` ကျောင်း သား တွေ လုပ်တာ ..ကောင်းပါတယ်..ဒါပေမဲ့.. ဖြိုခွင်း ဖို့ တော့..လိုမယ်လေ..´ လို့ ..ပေါ့ပါး စွာ ပြော ခဲ့သည်။ နောက် တယောက် ကတော့..` ခု..ကျမ တို့ လက်ရှိ ဘ၀ က..သိပ် ကောင်း ပါတယ်..ကျမတော့..ကိုယ့် အခွင့်အရေး ကိုပဲ စိတ်ဝင် စားတယ်.. စားသောက် ဆိုင် မှာ..၀န် ဆောင်မူ ကောင်း ကောင်း ရ -ရ မယ်.. ကိုယ်ဝယ် တဲ့ ပစ္စည်း တွေက..အရည် အသွေး ကောင်း မယ် ဆို..ပြီးတာ ပဲ ပေါ့..´ တဲ့။

လူတန်းစား တိုက်ပွဲ ပြီး တော့..လူတန်းစား တိုက်ပွဲ

တကယ် တော့..အဲဒီလို ..ငါ တို့ တော့..ကံကောင်း လှပီ ဟု.. ကျေ နပ် ပီတိဖြာ နေ ကြ သော Me Generation များ နှင့် မြို့နေ လူတန်းစား တို့၏ ကြွယ်ဝ ပြည့်စုံ မူ များ သည်.. ဝေးလံ ခေါင် ဖျား ဒေသ တွေ က..တရုတ် လယ်သမား ကြီး များ၏ ..ချွေး များ အခွင့်အရေး များ နှင့် ဖလှယ် သုံးစွဲ နေခြင်း ဖြစ်ကြောင်း..သတိ မူ မိသူ ရှားပေ လိမ့် မည်။ ဒါ က..ပါတီ အထူး ကေဒါ များ ၏ ကျွမ်းကျင် သော မျက် လှည့် ပြ ကွက်။ တချိန် တည်း မှာပဲ.. ကျေးလက် နေ ပြည်သူ တွေ ရဲ့ ဘ၀ ကို မြှင့် တင် ဖို့ ..လူတန်း စား ကွာ ဟ မူ လျှော့ ချ ဖို့..စီမံကိန်း များ လုပ် နေသ ည် ဟု.. အော် ထား လိုက် သည်။ ဟိုဖက် လျော့ လိုက်..ဒီဖက် တင်း လိုက်..ချိန်ဆ ..ကစား နေ သော် လည်း.. ဒီပွဲ မှာ..တခုခု တော့..မှား နေသည်။ ရှန် ဟိုင်း ပီကင်း မြို့ ကြီး တွေရဲ့ အထပ်မြင့် အဆောက် အဦ ကြီး တွေ.. ကုန် တိုက် ကြီး တွေ..စက်ရုံ ကြီး တွေ ရဲ့ နောက် က.. ညစ်ညမ်း လေထု တွေ နဲ့ မှိုင်း ဝေ နေတဲ့ ကောင်း ကင် ကြီး တွေ ဆီမှာ.. ဆင်းရဲ မွဲ တေ ... မကျေ နပ် သံ တွေ..ခပ် ကျယ် ကျယ် ပင် ပဲ့တင် ထပ် နေ ခဲ့ တာ အတော် ကြာ ပေ ပြီ။ လူပေါင်း သန်း ၂၀ လောက် သေကျေ ခဲ့ တဲ့ ..ယဉ်ကျေးမူ တော်လှန် ရေး..လူတန်းစား တိုက်ပွဲ ကြီး ရဲ့.. အရိပ် မဲ ကြီး တွေ က..ခြောက် လှန့် နေ လို့သာ။

လုပ်ချင် တာလုပ်..ဒါတော့ မလုပ် နဲ့...

ဇာဂနာ ၏ ပြတ် လုံး အတိုင်း ပါ ပေ။ တရုတ် ပြည် မှာ လည်း .. လုပ်ချင် တာလုပ်.. ။ အင်တာနက် ကဖေး မှာ.. loving technique ဆို တာ မျိုး ပေါ် တင် ကြည့် မလား...မထူး ဆန်း။ ဒါပေမဲ့..တီရနန်မင်း ကျောင်းသား လှုပ်ရှား မူ ဆိုရင် တော့..ဆောရီး ။ မော်စီတုန်း နှင့် မာ့က်ဇ် အကြောင်း မှ..လူ တွေ ..စိတ်မ၀င် စား တော့ တဲ့ အတူတူ.. ဘာသာရေး ကို ရော..ဘာလုပ် နှိပ်ကွပ် နေ တော့မလဲ..။ ဒါပေမဲ့..ဘာသာ ရေး က.. အသင်းအပင်း ယဉ်ကျေး မူ တွေ အားကောင်း လာ နိုင် သည်။ လူမူ ရေး လုပ်ငန်း တွေ ပါလာ မည်။ (သူတို့ အပြော) ချောင်ခြို ချောင် ကြား က..ဆင်းရဲ ငတ်ပြတ် ..ဒုက္ခရောက် နေ သူ တွေကို..ဆွဲထုတ် ပြီး လူမူ ရေး တွေ လုပ် လာ ရင်..အရှက် ကွဲ ရ ဦး မည်။

တရုတ် နဲ့ မြန်မာ ဟာ.. တော် တော် များများ မှာ..သွား တူ နေ ပြန် သည်။ တူ ပေမည် ပေါ့ ..။ ..စီမံ အုပ်ချုပ်မူ နည်း က..တခု ထဲ လို့ပင် ပြော ရ မလောက် ကိုး။ မြန် မာ ပြည် မှာ တော့..ကံကောင်း တာလား..ကံဆိုး တာလား မသိ..... တရုတ် မြို့ပြ Me Generation များ ရဲ့ ဆပ်ပြာပူ ပေါင်း လှ လှလေး တွေ .. သိပ် မ ရှိ ပါ။ တကယ်တော့.. မရှိ နိုင် ခြင်း ပါ။ အဲ ဒီ ပူပေါင်း လှလှလေး များ ကို .. မှုတ် ပေး နိုင် လောက် သော စီးပွားရေး ရင်း နှီးမြုတ် နှံ လုပ်ကိုင် မူ တွေ..မရောက် လာ နိုင် ခဲ့ပါ။ ဒါ ကြောင့် ပင်.. တခြား ဘာ မှ ဂ ရု မစိုက် လှ သော် လည်း.. နိုင်ငံ တကာ ကနေ.... ဖိ ထား သော အမြီး လေး ကို ..နဲနဲ လောက် ကြွ ပေး စေ ချင် နေ သည်။ သူ တို့လည်း..ဆပ်ပြာ ပူပေါင်း လေး တွေ..တအား လို အပ် နေသည်။ ခု တော့..နည်း လမ်း ခြင်း တူ ပေမဲ့ လည်း.. မြန်မာ မျက် လှည့် ပွဲ က တော့..ကြည့် လို့ မကောင်း လောက် အောင်..ကသောင်းကနင်း ဖြစ် နေ သည်။

-----------------------------------------------------
( မြန်မာပူပေါင်ေးလးများ ဘယ်ရောက်နေလည်း ဆိုသော..ခေါင်းစဉ် နှင့်.. ရေးသားထားသော နောက်ဆုံး အပိုဒ် အား.. ..နားလည်မူ လွဲနိုင် သော..အညင်းပွားဖွယ်..မှတ်ချက် များကြောင့်.. ပြန်လည်..ရုတ်သိမ်း လိုက်ပါ တယ်။ )



ကိုးကား-
"China' s Me Generation " by Simon Elegant - ၂၀၀၇ ဇူလိုင် လ ထုတ် Time Magazine
Sexual Revolution via SBS TV Channel

◦
Share/Bookmark