မန္န
တနှစ် ဆိုတာ ဘာမှ မကြာလိုက်ဘူး ။ အခုလို စိန်ပန်းပြာတွေ
ပွင့် နေတဲ့ နွေဦး ရက် တရက် မှာ ၊ တိတ်တိတ်
ဆိတ်ဆိတ် ရှိလှတဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်လေး
ဆီ ၊ လူအသစ် တယောက် ရောက်လာခဲ့ တာ ။ ကောင်းကင်ကြီးကလည်း ပြာ ၊ အရာရာ ဟာ အပြာရောင် တွေ
နဲ့ လွှမ်း နေ ခဲ့တယ် ။ ဆေးရုံကနေ အိမ်ကို ပြန်တဲ့ လမ်းမှာ ၊ အဖြူပေါ် မှာ အပြာရောင်
အလုံးလေးတွေ ပါတဲ့ အကျီ င်္လေး ကို ၀တ်ထားတဲ့ လူအသစ် ကလေး ဟာ စောင်အပြာရောင် လေး အောက်မှာ အိပ်ပြီး လိုက်လာ
လိုက်တာ ၊ ဘာဆို ဘာကိုမျှ သိလည်း မသိ ၊ မြင်လည်း မမြင် ရှာသေးဘူး ။ အဲ့ဒီနေ့က အပြာရောင် ကဒ်ပြားတွေ အပြာရောင် ပူဖောင်း
တွေ ၊ အပြာရောင် ပန်းစည်း တွေ ကြားထဲ မှာ မှ ၊ သဘာဝ က ပေးတဲ့ လက်ဆောင် ၊ စိန်ပန်းပြာ တွေ ကတော့ အလှဆုံးကို
၊ ပွင့်နေ ခဲ့ ကြတယ် လေ။
။။။။။
လေရူး ကြောင့် တရှဲရှဲ မြည်နေတဲ့ သစ်ပင်တွေကို ၊ မုန့်လေးက တွန်းလှည်းလေး ထဲကနေ မျက်နှာလေး မော့ပြီး
ကြည့် တယ်။ သူ့ အတွေးသေးသေး
ပိစိလေး ထဲမှာ ဘာတွေများ တွေးနေ လေ မလဲ ။ တွန်းလှည်း
ကို တွန်း နေ တဲ့ မိုးမိုး ကတော့ အတွေး အကြီးကြီး ကို ချဲ့ ချင် တိုင်း ချဲ့ လို့
ပေါ့ ။ တစက္ကန့် ရဲ့ အပုံလေး တခု အတွင်းထဲ
မှာ ကို ၊ ဟိုး မိုးကုပ်စက်ဝိုင်း ကြီးကနေ ၊ လမ်းဘေးမှာ ကြွေကျ နေတဲ့ စိန်ပန်းပြာ
ပွင့်လေး ဆီ လည်း ရောက်ချင် ရောက်သွား ပြန် တယ် ။ အရင်တုန်းက ဆို ၊ တယောက်တည်း လမ်းလေ
ျှာက် ထွက်ရင်း ၊ အတွေးထဲမှာ စာတွေ ရေး တယ် ။ အခုတော့ ခါ ၊ ပုခက်ထဲ လည်း စကားပြောပါ
၊ ရေချိုးပေးလည်း စကားပြောပါ ၊ ဆို တဲ့ ကလေးပြုစုရေး
ပညာပေး တွေ ဖတ်ပြီး ၊ လမ်းလျှောက်ရင်း ပါ
စကားတွေ ပြောပေး နေရတော့ ၊ အတွေးထဲက
ရေးလက်စ တွေ လည်း ကစင့် ကလျားပါပဲ ။
ဖတ်လက်စ တွေ၊ လုပ်လက်စ တွေ ။ တကယ့်ကို ဘာကိုမှ
လက်စ သတ် မရ နိုင်သေး တဲ့ နေ့ရက် တွေ ပေါ့ ။ ကလေး တယောက်ဟာ ဘယ်အရွယ် မှာ သူ့ကိုယ်သူ
သီးခြား လူတယောက်ဆိုတာ သိလာ တယ် ၊ ဘယ် အရွယ်မှာ စကားလုံး တွေကို တွဲသိလာတယ် ၊ ဘယ်အရွယ်မှာ
မိဘ ကို ကပ် လာတယ် စသဖြင့် ဖွံ့ ဖြိုးတိုးတက်မူ
ဇယား တွေ နဲ့ တိုက်ဖတ် ရင်း ၊ စိတ်ဝင်စားစရာ
ကောင်းလှတဲ့ စာပေ အသစ် တမျိုး ကိုလည်း တွေ့ ရှိ နေလေရဲ့ ။
အိမ်ပြင်
ထွက်ရမှာ ကြိုက်တတ်လာတဲ့ မုန့်လေး ဟာ ၊ စကားလုံးတွေ ကို နားလည်စ
ပြုလာ ပြီ ။ ကောင်းကင် သစ်ပင် မြက်ခင်း တွေ ကို ၊ လက်ညိုးလေး ထိုးပြီး စူးစမ်း
တတ် လာပြီ ။ တခါတလေ သခင် နဲ့ အတူ လမ်းလျှောက် ထွက် လာ ရ လို့ ၊ စပ်စလူးခါ
ပျော်နေတဲ့ ခွေး လေး တကောင်ကို ၊ တခစ်ခစ်
နဲ့ သဘောကျ ချင် ကျ နေ သေး တယ်။ ယူကလစ်ပင်
ကြီး တွေ ပေါ် ကို ပျံ တက် လိုက် ပျံ ဆင်းလိုက် နဲ့ တ၀ုန်းဝုန်း ဖြစ်နေကြ တဲ့ ကတ္တ၀ါ ငှက်အုပ်လိုက် ကြီးကို ၊ အေးအေး ဆေးဆေး ပဲ ကြည့် တဲ့ ကလေးလေး ဟာ ၊ အမေ လုပ်သူ ခဏလေး ပျောက်သွားရင် တော့
၊ စိုးရိမ်တကြီး ငိုညိ တတ် နေ ပြန်တယ်။ ဟောဟိုဖက်က အဆုပ်လိုက် အခဲလိုက် ပွင့်နေတဲ့ ခရမ်းပြာ စိန်ပန်း
တွေ ရဲ့ အလှ ကို ခံစား တတ် ဖို့ ဆိုတာတော့ ၊ အဝေးကြီး လို ဦး
မည် ပေါ့ ။ သူ ရောက်လာတဲ့ လူ့လောက ကြီး ထဲမှာ အံ့သြစရာ တွေ ရော ၊ ပူပင် စရာ တွေ ရော
၊ ရယ်မြူး ကြည်နူးစရာတွေ ရော အများကြီး ရှိတယ်
ဆိုတာ ၊တဖြည်းဖြည်း နဲ့ သိလာ ၊ ကြုံလာ ရင် လေ . .။
တခါတလေ လည်း
သံသရာ ဝဋ်ဆင်းရဲ ဆိုတဲ့ ယဉ်ပါးလွန်းလှတဲ့ စကားလုံးကြီး အကြောင်း စဉ်းစား မိတဲ့
အခါ ၊ မုန့်လေး ကို ငုံ့ ကြည့် ပြီး သနားနေ မိ တတ်တယ်။ ငါတို့ဟာ ကိုယ်တိုင်တောင်
သံသရာက ရုန်းမထွက်နိုင် ကြ တာ ။ အခု နောက်ထပ် သံသရာ ခရီးသည် တယောက် ကို အတင်းကို
ဆွဲခေါ် လာ ခဲ့ မိ ပြီပေါ့ ။ တကယ်တော့လည်း လူတိုင်းဟာ ဒီလိုပါ ပဲ ၊ သံသရာ ဘာညာပေါ့
။ ပြီးတော့လည်း အဖော်အပေါင်းတွေ ခေါ် ပြီး ပျော်ကြောင်းကို ရှာကြ ပြန်တာပဲလေ ။ မုန့်လေးက တော့ သံသရာ ကြော မှာ ၊ မျော ပါ လာ တာ မဟုတ်လောက် ။ သိပ္ဗံ ဓါတ်ခွဲ ခန်း
ထဲက အေးခဲ နေ တဲ့ ဇီဝ အစိုင်အခဲလေး ဟာ ၊ အသေအချာ ကြီးကို ဖန်တီးခဲ့ တာ မဟုတ်လား ။ သံသရာ အဖော် အတွက် ရယ်
လား ၊ ခက်ခက် ခဲခဲ ကို ပျော်ကြောင်း ရှာ ခဲ့
သည်လေ။ လူတယောက် ဖြစ်တည်လာ တာ ဟာ မတော်တဆ မဟုတ်ဘူး တဲ့ ။ ဒါပေမယ့် ၊ မတော်တဆ တွေ များလွန်းလှ
တဲ့ လူ့ ရွာ ထဲ ၊ မသိကျိုးကြင် နေလို့ မရ
တော့ တဲ့ တနေ့ မှာ ၊ လည်မှာ အလှဆင် ဖို့ ရတနာ တကုံး လိုပဲ ၊ ကိုယ်ပျော်ရွှင်ကျေနပ်ရ ဖို့ သားသမီး ရတနာ တယောက်တလေ ဘယ်လို နည်းနဲ့ မဆို လိုအပ်
လာ ခဲ့ တယ် ။ ကိုယ့် ကို ကိုယ် တော့ တိုးတိုးလေး ကတိ ပေး မိတယ်။ ဒါဟာ အတ္တ ဆို ရင် လည်း ၊ မြင့်မြတ်တဲ့ အတ္တ ဖြစ်ရ ပါစေ့ မယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ မုန့်လေး ကတော့ ချစ်ခြင်း မုန်းခြင်း ၊ ပြုံးခြင်း မဲ့ ခြင်း ၊
ရှုံး ခြင်း နိုင်ခြင်း တွေ ရဲ့ အကြားမှာ လူးလာ ရှင်သန် ရတော့မယ့် လူသား တယောက် ဖြစ်
လာ ခဲ့ ပြီ ။
။။။။။။။။။
ပြောရရင်
မုန့်လေး ရဲ့ မိုးမိုး ဟာ ဓူဝံကြယ် မရှိတဲ့ အရပ်ကို ရောက်လာ ကတည်းက ၊ လမ်းပျောက်သလို
ဖြစ်နေခဲ့ တာ။ ဘာအကြောင်း ကြောင့် ငါ ဒီအရပ်ကို
ရောက်လာ ခဲ့ သလဲ လို့ တယောက်တည်း ညည်းတွား
တယ် ။ ဘုရားကို မေးခွန်းတွေ ထုတ်တယ်။ စာရွက်တွေပေါ် မှာ ဟိုခြစ် ဒီခြစ် လမ်း ကြောင်းတွေ ဆွဲ ကြည့် တယ် ။ ကြီးရင့် ခြင်း ရယ် ငြီးငွေ့ ခြင်း ရယ် နဲ့ မပျော်ရွှင်ခြင်း တို့ လိမ်ယှက် ထား တဲ့ ဖွတ်မြီး တချောင်းသာ လည်တိုင်ပေါ် မှာ ရှည် လျား
လာတယ် ။ ဘာဆို ဘာမှ မမြင်ရသေးဘူး ။ လမ်းမ ပေါ်
ငေးမော ရင်း ၊ စိန်ပန်းပြာ ပင် တွေ
အောက် မှာ၊ ကလေးလက်တွန်း လှည်း လေး နဲ့ မိခင်တယောက်
ကို မြင်တိုင်း မျှော်လင့်ချက်တွေ ၊ ကြွေ ကြွေ ကျ တယ် ။ အိမ်တံခါး
ကို အတူတူ သော့ ဖွင့် ၀င်လာပြီး ရင် ၊ တိတ်ဆိတ်
ရှင်းလင်း နေ တဲ့ ဧည့်ခန်းမှာ ၊ ဇနီးမောင်နှံ နှစ်ယောက် ဟာ ၊ စကား တွေ ပို နည်းလာ တယ်။ နံရံ
ပေါ်က နာရီ က တချက်ချက် မြည် သလို ၊ ခန္ဓာကိုယ်ထဲက
နာရီ က လည်း တ တောက်တောက် အသံ ပေးလို့ ပေါ့
။
တနံ တလျား က ပရဟိတ ဂေဟာ တွေမှာ မိဘ စွန့် ပစ် သွားတဲ့ ကလေး လေး တွေကို ကြည့် ပြီး
၊ ကမ္ဘာကြီးကို စောင့်ရှောက် ချင်သူ တယောက်ဟာ
၊ ကလေး တယောက် မွေးစား ရမယ့် အရေး ဒါကတော့
သိပ် မလွယ်ဘူး လို့ သက်ပျင်း ချ တယ်။ ကလေး
တယောက်ကို ကိုယ်တိုင် မမွေးဖွား နိုင် လို့ ၊ ကလေးတွေ အများကြီးကို မွေးဖွားပေး
နိုင်မယ့် သားဖွားဆရာမ အလုပ်ကို ပြောင်းလုပ်
တယ် ဆိုတဲ့ အမျိုးသမီး တယောက် အကြောင်း ၊ အဝေး မှာ နေတဲ့ အချစ်ဆုံး သူငယ်ချင်း တယောက်က
ပြောပြ လာတော့ မမြင်ဘူးတဲ့ အမျိုးသမီး ကို အံ့သြ ချီးကျုး မိ ရ တယ်။ သူငယ်ချင်း ကိုယ်တိုင်က
တော့၊ သားဖွားဆရာမ အလုပ်ကို ပြောင်းလုပ်မယ့် သူမျိုး မဟုတ် ။ အပူအပင် ကင်း ပြီး
၊ သံသရာ အချုပ် အနှောင် ကင်းတဲ့ ဘ၀ ကို ၊ ကျေနပ်စွာ လက်ခံ ထား ပြီးသား ။ သူ နဲ့ က
မိန်းမ ခြင်း အတွင်းကျကျ စိတ်ခံစားချက် တွေကို တီးတိုး ရင်ဖွင့် နေကျ ။ နင် က
peer pressure မခံ နိုင်တဲ့ မိန်းမ မျိုးမှ
မဟုတ်တာ လို့ ၊ သူ က ပြောတော့ ၊ ကိုယ့်ကို
ကိုယ် မလုံချင် ။ မိန်းမ တယောက်ဟာ သူ့ လိင် သဘာဝ အရ ၊ အချိန်တန်ရင် သားသမီး လိုချင်
တာပဲ ၊ အဲ့ဒီ အချိန်ကို ကျော်သွား ရင် လည်း
သူ့ဟာ သူ နေတတ် သွား တာပါပဲ ၊ လို့ သူက ဖြောင်းဖြ သည်။
တည မှာ ၊ ပုံပြင်လေး တပုဒ် ကို ဖတ်မိ လိုက်တယ်
။ မီးတွေ ၀ိုင်းနေတဲ့ အိမ် ထဲ မှာ ပိတ်မိ နေတဲ့ လူတယောက်ဟာ ၊ ကြောက်ရွံ့ တုန်လှုပ်စွာ
နဲ့ ဘုရား ကျနော့်ကို ကယ်ပါ လို့ မျက်စိ
မှိတ်ပြီး ဆုတောင်း နေရှာ သတဲ့ ။ မီးသတ် သမား က ၊ ပြတင်းပေါက်ကနေ သူ့ကို လှမ်းခေါ်
ပေမယ့် ၊ ဘုရားကို ပဲ ဆက်ပြီး ဆုတောင်း နေသတဲ့ ။ ဒီလို နဲ့ သူ ကောင်းကင်ဘုံ ကို
ရောက်သွားတော့ ၊ ဘုရားကို တွေ့ တဲ့ အခါ ၊ သူ့ကို ဘာကြောင့် လာမကယ် တာ လဲ လို့
စိတ်မကောင်းစွာ နဲ့ မေး တော့ တယ်။ လူတွေဟာ ဘုရား ဆိုတာကို ဘယ်လို ရုပ်ဒြပ်
နဲ့ မျှော်လင့် ထား ကြ သလဲ ။ ဘုရားရဲ့ သတင်း စကား ဟာ ဘယ်လို တိပ တဲ့ ဘာသာ စကား နဲ့
ဖော်ပြ လာ လိမ့် မယ်လို့ စောင့်စား နေ မိ
ကြ သလဲ ။
အဲ့ဒီ ည မှာပဲ ကောင်းကင်ပေါ်က ကျ လာတဲ့ မုန့်လေး
အကြောင်းကို လည်း သိ ခဲ့ ရ တယ်။
။။။။။။။။
သာမန် မိခင် တယောက်လို မုန့်လေး ကို ရင်ခွင်ထဲ
မှာ ပိုက်ထွေး ထားရင်း ကပဲ ၊ အံ့သြတကြီး ငုံ့ ကြည့်
မိတဲ့ အခါတိုင်း သူဘယ်ကနေ ဘယ်လို ရောက်လာတာလဲ
လို့ စိတ်ထဲကနေ မြည်တမ်း မိတယ်။ တကယ်ပဲ
သူလေး ဟာ မန္နမုန့် လို ၊ ကောင်းကင် ပေါ်က သူ့အတိုင်း ကျ လာ ခဲ့လေ သ လား ။
အဲ့ဒါကြောင့်ပဲ ဘယ်တုန်းကမှ အနုပညာ မဆန် တဲ့ မုန့်လေး ရဲ့
ပါ့ပါ က ၊ မန္န ဆိုတဲ့ ၊ နာမယ် လှလှ လေးကို ရွေး ခဲ့ တယ်။ ဇာတ်စုံ ကို လည်း
ခင်း ပြ ရ သေးတယ် ။ အီဂျစ်ပြည် မှာ ကျွန်ခံ နေကြ ရတဲ့ ဣသရေလ လူမျိုး တွေ ဟာ ၊ဘုရားသခင်
ကတိတော် ထားတဲ့ ပျားရည် နဲ့ နို့ စီးဆင်း
နေတဲ့ နိုင်ငံ သစ် ဆီကို ထွက်ပြေး ကြတယ် ။ တောထဲမှာ လမ်းပျောက် အစာ ရေစာ ငတ်ပြတ်ကြတဲ့
အခါ ၊ ဘုရားသခင် ကို အပြစ်တင် ငြီးတွား ကြ တယ် ပေါ့။ အဲ့ဒီမှာ ကောင်းကင်ပေါ်က နေပြီး
၊ မနက်ခင်း တိုင်း အံ့သြဘွယ်ရာ မန္န မုန့်
တွေ ချ ပေးသနား ခဲ့ တယ် လို့ အဆို ရှိတယ်။
မန္န ရဲ့
ဇာတ်ကြောင်း က ဒီလောက် နဲ့ တင် ပြီးမသွားသေးဘူး ။ တရက် မှာ အိမ်ကို တရားဟော
ဆရာ တယောက် ရောက်လာတယ် ။ မန္န ကို မြင်ဖူး လား လို့ သူ တရားဟောနေကြ လေသံ အတိုင်း စ ပြီး မေးတယ်။ မန္န
ဆိုတဲ့ မုန့်လေးကို ရင်ခွင်ထဲ ချီ ထား ရင်းက ၊ ဟင့်အင်း မမြင်ဖူးဘူး ပေါ့ ။ တရားဟော ဆရာက ကျမ်းစာအုပ်ကို
တရွက်ခြင်း လှန် ရင်း ၊ တနေရာ မှာ ရပ် လိုက်တယ်။
“ ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟု
ခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသော
မုန့်ကြွပ်နှင့် အရသာတူ၏ ”
ရင်ခွင် ထဲက
မုန့်လေးကို ငုံ့ ကြည့်ရင်း ရွှင်ရွှင် မြူးမြူး
ပြုံး မိတယ်။ ဟုတ်တယ် အရသာ ရှိ
တဲ့ မုန့်လေး ပေပဲ ။ တရားဟော ဆရာက ဆက်ပြောတယ် ။ နံနံစေ့ ဆိုတာ တကယ့်
သေးသေးလေး ဒါပေမယ့် ဒီ လူအုပ်စု
ကြီးကို အနှစ် လေးဆယ် လုံးလုံး တောထဲ မှာ အာဟာရ ဆက်ပေး ခဲ့ တဲ့ အဓိက အစားအစာ ။
ပြီးတော့ ၊ မနက်တိုင်း ကောက်သိမ်း တဲ့ အခါ
တရက်စာ ပဲ ယူရတယ် ။ လောဘ နဲ့ ပို ပြီး သိမ်းဆည်း မိ ရင် ပိုးထိုး သွား တတ်တယ် ။ အဲ့ဒါကြောင့်
နှိမ့်ချခြင်း ၊ ရောင့်ရဲခြင်း ၊ ဆိုတဲ့ ဂုဏ်ဒြပ် တွေ ပါ တဲ့ အမည် ပဲ လို့ ဆိုတယ်။
။။။။။
မိုးမိုးကတော့ မုန့်လေး ကြီးလာရင် ၊ တကယ်ပဲ စာနာ နှိမ့်ချ
တတ်သူ ဖြစ် နိုင်ပါ့ မလား ၊ ကျေနပ်
ရောင့်ရဲ နိုင်သူ ရော ဖြစ် ပါ့ မလား ဆို
ပြီး အများကြီး ကြိုတင် မပူပန်
မိသလို နိမိတ် လည်း မဆောင် ချင် ဘူး ။ အနိမ့်ဆုံး
တော့ ၊ လောက ကြီး ထဲကို ရည်ရွယ်ချက်
ရှိရှိ ရောက် လာ ပြီး ၊ ကိုယ့် နဲ့ စပ်ဆိုင်သူ တိုင်း ကို ကြည်နူးပျော်ရွှင်စေ တဲ့ သူလေး ဖြစ် လာရင် တော်ပါ ပြီလေ ။
လောကကြီး နဲ့ ချီ တဲ့
ရည်ရွယ်ချက် ကြီးတွေ ခဏနေပါ ဦးတော့ ။ ကနေ့
နဲ့ မနက်ဖြန် မှာ ၊ စိန်ပန်းပြာ တွေ က ၊ ဝေ ပြီးရင်း ဝေ နေ ရော ။ လေပြေ တွေက လတ်ဆက်
လွန်းတယ် ။ နေမင်းကြီးက ပြုံး ပြီး ၊ ကောင်းကင် ကြီးက ပြာ လို့ ။ အဆင်မပြေ မူ
တွေကို ကျော်လွှား ပြီး တဲ့ အခါ ၊ လောကကြီးမှာ ကျေနပ် စရာ တွေ လည်း ရှိတယ် ဆိုတာ ကို
မုန့်လေးက သက်သေ ဖွင့်ဆို ပေး ခဲ့ ပြီ ။ လိုချင်တာတွေရ
တော့ ကျေနပ် တာပေါ့ ၊ ဖြစ်ချင် သလို တွေ ဖြစ်မလာရင် စိတ်ပျက် လိုက်ပေါ့ လို့
သဘာဝ ဓမ္မ ကို ရိုးရိုးရှင်းရှင်း လက်ခံ တတ်တဲ့ အဝေးက ချစ်သူငယ်ချင်း
ရဲ့ ကွန်ဂရက် ကျုလေးရှင်း မက်ဆေ့ခ်ျ လေး ကို တော့ ၊ အားတုံ့ အားနာ ဖြစ်နေ မိ ခဲ့တယ် ။
တကယ်ဆို စောင့်စားသင့်
တဲ့ အချိန်တခု ဟာ လုံလောက် ပြီမို့ ၊ ဘဝ
ရဲ့ ဦးတည်ရာ ကို လမ်းကြောင်း ပြောင်း ဖို့ ၊ ဆုံး ဖြတ် ပြီးတဲ့ အချိန် ကျမှ ၊ မုန့်လေး
ရောက် လာ ခဲ့တာ ။ ဒါဟာ ၀မ်းသာစရာ
ဆိုတာထက် အများကြီး ပို ခဲ့တယ် ။ အနီး အပါးက မိတ်ဆွေ တယောက်က ဆိုရင် ကာယကံ
ရှင်ထက် တောင် ပို အံ့သြနေဟန် နဲ့
ကိုယ့် အသား ကို ကိုယ်ပြန် ဆိတ် ဆွဲ မ ကြည့်ဘူးလား တဲ့ လေ။ နောက် တယောက်က လည်း ၊ ကဲ - မိခင် ဖြစ်ရတာ ဘယ်လို နေလဲ လို့ မချို မချဉ် မေး လာ တယ် ။ ဒီ မြို့ကို
ရောက်ကတည်းက အစစ အရာရာ ကူညီ နေကြ မိခင်လို စောင့်ရှောက်တဲ့ အမျိုးသမီးကြီး ကတော့ ခု အချိန် မှာ ပျော် ထား စမ်း ဟေ့ လို့
ခပ်ကျယ်ကျယ် ရယ်မောရင်း ဆိုတယ် ။ အမြော်အမြင် ရှိ တဲ့ သူ့စကားက
ရိုးရိုးလေး နဲ့ အဓိပ္ဗါယ်တွေ ပါနေတယ် ။ ဟုတ်
မယ်လေ ။ ရင်ခွင် ထဲက မုန့်လေး ဟာ အမြဲတမ်း
ရင်ခွင် ထဲ မှာ ရှိနေမှာ မဟုတ် သလို ၊ ကောင်းကင်ကြီး ကလည်း အမြဲ ပြာနေသည် မှ
မဟုတ်ပဲ ။ တကိုယ်စာ အပူအပင် တွေက တဘ၀ စာ ကြို စောင့်နေ နှင့် ပြီ ရော။
အပူအပင် မရှာလို တော့ တဲ့
ချစ်သူငယ်ချင်း ဆီ ကိုတော့ ၊ ကျေးဇူးတင်
ကြောင်း စာပြန် လိုက် တယ်။ သူငယ်ချင်း ရေ ၊ ပန်းတိုင် ဆိုတာ တကယ် မရှိ တဲ့ အသက်တာ
မှာ ၊ လက်ခံ ရရှိ တဲ့ နေ့ရက် တိုင်း ဟာ ၊ ဆု တွေ ချည်းပဲ ။ ။ မမှီ လိုက်တဲ့
ရထား ရှိပေမယ့် ၊ မရောက် လာ တဲ့ လက်ဆောင် ဆိုတာ မရှိ ပါဘူး ။ အရာရာတိုင်း မှာ အကြောင်းပြချက် ရှိတယ် လို့
ပြောကြတယ် မဟုတ်လား ။ ဘယ်သူ့ အတွက်မဆို ၊ ကောင်းကင်ကြီးက တနည်းတဖုံ တော့
ပြာလွင် ပေး နေတာပါ ပဲ ကွာ ။
။။။။။။။။
တကယ်ဆို မုန့်လေး
ရဲ့ မိုး နဲ့ ပါ့ ဟာ မှန်ရှေ့မှာ ရပ်ပြီး သက်ပြင်း တွေ ကိုယ်စီ ချ နေ မိ ကြတာ
ဘယ်သူ သိပါ့ မတုန်း။ မီးခိုးရောင် ဆံပင် တချို့ကို တနည်းနည်း နဲ့ ဖုံးကွယ် ထား လို့ ရပေမယ့် ၊
ဖုံးကွယ်ထား လို့ မရ တဲ့ အရိပ် အငွေ့ တချို့ က ၊ အရှိတရား အတိုင်း လေ။ တခါတလေ
လည်း အရှိတရားထက် ပိုပြီး ဆင်ဆင်ပြင်ပြင်
လုပ်ရင်း ၊ မဆိုးလှသေးပါဘူး လို့ အားတင်း ရ တာပေါ့ ။ အခုအချိန် တော့ မိုးမိုး ရဲ့ နားဆွဲ အကြီး ကြီး တွေကို သဘောကျ တာက လွဲ လို့ ၊ မုန့်လေး က ဘာ မြင်တတ်
အုံးမလဲ ။ တချိန် ကျောင်းတက် ရ တဲ့ အရွယ်
ရောက်ရင် ကျောင်းက သူငယ်ချင်း တွေ ရဲ့ မိဘ တွေ နဲ့ ၊ နှိုင်းယှဉ် တာ မျိုးတွေ
ဖြစ်ချင် ဖြစ် လာမယ် ။ အဲဒီ အခါ ကျရင် ၊ မိုး တို့ ပါ့ တို့ဟာ မုန့်လေး ကို
အကြာကြီး စောင့်ခဲ့ ရတဲ့ အကြောင်း ၊ ရှင်းပြရမယ်။ သိတတ် လာတဲ့ အရွယ်ရောက်ရင် တော့
၊ မုန့်လေး ဟာ ဖြစ်ရိုးဖြစ်စဉ် ထက် ပို
တဲ့ လူကလေး ဖြစ်ကြောင်း နားလည် အောင်
ပြောပြရ မှာပေါ့ ။
ဗိုက်ထဲက ထွက်လာကာစ
ပိစိကွေး လေး တုန်းက ဘယ်သူ နဲ့ တူမှန်းမသိ ဘယ်လိုချစ်ရ မှန်းမသိ ။ ခုတော့
ပေါင်ပေါ် ကို ကုတ်ခြစ် ဖက်တွယ် တက်ပြီး ၊ သွားလေး နှစ်ချောင်း ပေါ်အောင် တခစ်ခစ်
ရီ ပြ နေ တဲ့ ၊ ကလေးလေး ဟာ ၊ စိန်ပန်းပြာတွေ နဲ့ အတူ တနှစ် ပြည့် ပြီ ။ ဒီ ကလေးလေး အသက် နှစ်ဆယ်
ဆိုရင် - ငါတို့ အသက် ဘယ်လောက် ရှိမလဲ ဆိုတဲ့ ရိုးဆင်းလှ တဲ့ သချာင်္ က၊ အခက်ခဲဆုံး
စိတ်တွက် ပုစ္ဆာ ။ ငါတို့ ကျန်းမာအောင်
နေရ မယ် - လို့ သာ တယောက်တပြန်
အားပေးရင်း ကြောင့်ကြမူ တွေ ကို လျှော့ချ ကြတယ်။
မောင်နှမ သားချင်း မရှိ ပဲ တယောက်တည်း ကြီးပြင်းလာ မယ့် ၊ ခလေး ဟာ ၊ သူ့
ဘေးမှာ ရှိနေမယ့် နှစ်ဦးတည်း သော မိဘ တွေကို ဘယ်လို ပုံစံ နဲ့ ရှိစေချင် မလဲ ။
ကိုယ်တွေကသာ သားသမီး ကို ဟိုလို
ဒီလို ဖြစ်စေ ချင်ကြတာ ။ သူတို့ ဖက်က မှာလည်း သူတို့ ဖြစ်စေချင်တာ တွေ ရှိပေ
မပေါ့ ။ ငယ်တုန်း က ဆို ၊ အတူမနေ ကြ တဲ့
မိဘ နှစ်ယောက်ကို ကြည့်ြ ပီး ၊ ငါ တို့ဟာ
ကြားထဲက သက်သက် ဒုက္ခလာခံ ရတယ် လို့ ၊
မလိမ်မိုး မလိမ္မာ တွေး မိ ခဲ့ တယ်။ ဖြစ်ကို ဖြစ်ရမယ် လို့ ရည်မှန်းချက်တွေ နဲ့ ရဲရင့် ခဲ့တဲ့ လူငယ် ဘ၀ ကို ကျော်လွန်လာ ခဲ့ ပြီး
လို့ ၊ မဖြစ်နိုင်တာတွေ မဖြစ်သင့်တာတွေ
အကြောင်း တွေးတော တွေဝေ မူ တွေနဲ့
ရောင့်ရဲလွယ် တဲ့ အရွယ် ကို ရောက်လာ တော့ မှ ၊ စာနာ စရာ တွေကို စာနာ တတ်
လာ ခဲ့ တယ်။ အဲဒီ အရွယ်ကျမှ ဘ၀ ကို အသစ်ပြန်စ ရ မယ် ဆိုလည်း စ ကြတာပေါ့
မုန့်လေးရာ ။
လက်ကိုင်ဖုန်း
နဲ့ တက်ဗလက် တွေကို ကစားစရာ လုပ်
တဲ့ မျိုးဆက် က ၊ ရောင်းသူမဲ့ ဆိုင်မှာ ဈေးဝယ်
ပြီး ၊ မောင်းသူမဲ့ ကား ကို စီးကြ တဲ့ အချိန်မှာ ၊ ချစ်ခြင်း မေတ္တာ တွေ မဲ့ မသွား ဖို့ ပဲ
အရေးကြီးတာ မဟုတ်လား။
၊၊၊၊၊၊၊၊၊
ပြောကြတယ် ။ သား သမီး
ရှိလာပြီ ဆိုရင် ဘ၀ ရဲ့ တ၀က်လောက်ကို ပေးလိုက် ရတယ် တဲ့ ။ ခု ကို ပဲ ဘ၀ က
တ၀က်ကျိုး ချင် နေပြီ ဆိုတော့ ၊ ရှိတာတွေ အကုန်ပဲ ပေး ရ တော့မှာ ပေါ့ ။ မနက် မိုးလင်း ယုံ ရှိသေး အိပ်ရေးဝ ပြီး
လန်းဆတ် နေတဲ့ မုန့်ကလေး ကို ၊ အိပ်ချင်မူးတူး နဲ့ ချီရင်း ၊ open up the blind, here is the sun လို့
ကဗျာလေး ဆို ပြ ပြီး ၊ ယင်းလိပ်တွေ ဖွင့် လိုက် တာနဲ့ ၊ အဲဒီနေ့ ဟာ ကိုယ့်အတွက်
ဘာမှ မကျန် တော့ ဘူး ။ မနက်စာကျွေးတယ် ။
ကဗျာ တွေ ဆိုပြ သီချင်းတွေ ဖွင့်ပြတယ်။ ဆော့ပေးတယ် ။ နေ့လည်စာကျွေးတယ် ။
တရေးသိပ်တယ်။ အပြင် ထွက် လမ်းလျှောက် ပေးတယ်။ ညစာကျွေးတယ်။ စာအုပ်ဖတ်ပြတယ် ။
ညအိပ်ကာနီး ရေချိုးပေးတယ်။ close the
blind လို့ ဆိုထားတဲ့ ကဗျာ မရှိပေမယ့် ၊ ညနေစောင်းလို့ ယင်းလိပ် တွေ ပိတ် တဲ့
အချိန်တိုင်း မှာ ၊ မြန်ဆန်လွန်း တဲ့ တနေ့တာ ကို သတိ ထား မိ တယ်။ မုန့်လေး
ညအိပ် သွား တော့ ၊ ကိုယ်ပိုင် အချိန်တိုတိုလေး ထဲ ကမှ ၊ အချိန်လုပြီး မန္န အကြောင်း
လည်း စာ က ရေး ချင်သေး တာ။
စာအုပ် ဖတ်ဖို့ ဆိုတာ
တော့ ဝေလာ ဝေး ။ ကြည့်နေကျ သတင်းတွေ ၊
ရုပ်ရှင် တွေ လည်း မကြည့် ရ တဲ့ အတူတူ ၊
တီဗွီရှေ့ မှာ အတူ ထိုင်ပြီး ၊ Thomas and his friends ကိုပဲ စီးရီးစ် လုပ်ပြီး
ထိုင်ကြည့် နေရတယ် လေ ။ ဒါပေမယ့် ဒီကောင်ကလေး တကယ် ကြိုက်တာက ၊ အတီးအမှုတ် နဲ့
သီချင်းသံ တွေ ။ ဂီတ သံ တခုခု ကို ကြားတာနဲ့
လူက တလှုပ် လှုပ် ဖြစ်နေပြီ ။အရုပ်တရုပ် ကို ၅ မိနစ် ထက် ပိုပြီး
စိတ်မ၀င်စား တဲ့ မုန့်လေး ဟာ ဂစ်တာ ကို
ပထမဆုံး စ ပြီး တွေ့ တဲ့ အချိန်မှာ ၊ သူ့ ပါ့ပါ တီး ပြတာ ရပ်လိုက်တဲ့ အထိ ၊ ဒူးလေး
နှစ်ချောင်း ထောက်ပြီး မြောက်ဆွ မြောက်ဆွ လုပ် လို့ မ၀ နိုင် ရှာ ဘူး ။ သူ့ ပါ့
က ဂျီမီဟန်းဒရစ်ဇ် ၀င်စားတာ လို့ နောက် ရင် ၊ မိုးမိုးကလည်း စန္ဒယား လှထွတ်
လောက်တော့ ၀င်စား စေ ချင်တာပေါ့ ။ မုန့်လေးရေ ။ ဘာပဲ ဖြစ်ဖြစ် ၊ ကိုယ်တွေ
မဖြစ်မြောက်ခဲ့ ၊ ဖြစ်မြောက်ခွင့် မရ ခဲ့တာတွေ ကို ၊ ပြန်ပြီး စိတ်ကူးယဉ် ခွင့်
ပေး လို့ ကျေးဇူးပါ ကွယ်။
။။။။။။
မုန့်ကလေး ဟာ
တနှစ်ပြည့် သွားတာနဲ့ ၊ ချက်ခြင်း ပြောင်းလဲ လာ တယ် ။ ကလေးလေး မဟုတ်တော့ ပဲ ၊
ကောင်ကလေး ဖြစ် ချင် လာ ပြီ ။ မကိုင်ရဘူး လို့
ပြောထားတဲ့ ဟာ ကို ၊ လစ် တဲ့ အချိန် မှာ သွား ကိုင်ကြည့် ဖို့ လူလည် ကျ တတ်နေပြီ ။ သူ့ကို မကြည့်ပဲ တခြား
တခုခု လုပ်နေရင် ၊ ခေါင်းကို နံရံ နဲ့ ဆောင့်ပြီး ၊ ယူ ချီ အောင် မူယာ မာယာ
တွေ လုပ်တတ် ပြီ။ အကျီ င်္ ၀တ်ပေးလို့
ပြီးကာနီး မှ ခြေထောက် တချောင်းကို ပြန်ဆွဲထုတ် ပြီး တခိခိ နဲ့ လူနောက် ကလေး လုပ် နေပြီ ။ လမ်းလျှောက် ထွက်
ဖို့ ၊ တွန်းလှည်း ပေါ် ကို တောင် ၊ သိပ် ပြီး မတက် ချင် တော့ဘူး ။ ကြည့် ဦးလေ ။
တွန်းလှည်း နဲ့ ကိုယ်လုံး နဲ့ အပြည့်လောက် ဖြစ် လို့ ၊ ခြေထောက် တွေက အပြင်ကို
တောင် ထွက် နေပြီ ။ မကြာခင် မှာ သူ့ခြေထောက်ပေါ် သူ ရပ်ပြီး လမ်း စ လျှောက် တော့
မည် ။ မိုးမိုး လည်း ကလေး တွန်းလှည်း
လေး နဲ့ လမ်းလျှောက်ထွက် ခြင်း အမူ ကို ရပ် ရ တော့မည် ။ တခြား အမူ ဆောင်တာ အသစ်တွေကို လိုက်ပြီး ဖြည့်ဆည်း
ရ အုံးမည်ပေါ့ ။ နောက်တနှစ်ဆို ကစားကွင်းထဲ လိုက်ပြီး ပြေး ခုန် ပေါက် ပေး
ရမည်။ နောက် သုံး လေး နှစ် လောက်ဆို ၊ ကျောင်းလိုက်ပို့ ရမည်။ နောက် ဆယ် နှစ်
ဆယ့်ငါးနှစ် ဆို ကျောင်းစာတွေ အတွက် ပူပန်ပေး ရမည်။ တက္ကသိုလ်တွေ တက်ဖို့ ဖန်တီး ပေး ရ မည် ။ မဆုံး နိုင်သော တာဝန်
ဝတ္တရား များ နဲ့ တကယ့် ဘ၀ ထဲ မှာ သူ့
ခြေထောက် ပေါ် သူ မတ်တပ်ရပ် နိုင် တဲ့ အချိန် တွေ ထိ ၊ ကြိုတင် တွေးတော နေ ရ
ပြန်တယ်။
လောလောဆယ်ဆယ် မှာတော့ ၊လေတဖြူးဖြူး
အောက်မှာ လမ်းတပတ် ပတ် ပြီး တဲ့ ၊ မုန့် ကလေး ဟာ ၊ ယူကလစ် ပင်ကြီးတွေ အောက် က ငှက် တွေ
ကိုလည်း မကြည့် နိုင်တော့ဘူး ။ အိမ်ရှေ့
ကစားကွင်း ထဲမှာ ပြေးလွှား
ခုန်ပေါက် နေတဲ့ ကလေး တွေ ကို လည်း ၊ အားမကျ နိုင်ရှာ တော့ဘူး ။ နေလုံး နီနီ ညနေ စောင်း လို့ အမေ့ကျောင်း ကို မရောက်ခင် မှာ ကို မျက်တောင် တွေ ညောင်း လေ
ပြီ ။
ဒီနိုင်ငံ မှာ မွေးတဲ့
ကလေး မို့ ဒီက အများသုံး အင်္ဂလိပ် စကား နဲ့ ၊
မိဘ တွေ အိမ်မှာ ပြောတဲ့ ဘာသာ စကား ကြားမှာ ရှုပ်ထွေး နေမှာ ကို စိုးရိမ်
မိ ခဲ့ ပေမယ့် ၊ ပုံမှန် စစ်ဆေး ရတဲ့
ကျန်းမာရေး ဌါန က ဆရာမ တွေ က ၊ ကလေး ငယ်
တွေရဲ့ ဦးဏှောက်မှာ ဘာသာစကား နှစ်မျိုး
လောက် ကို တချိန်တည်း လက်ခံ မှတ်သား နိုင်တယ် လို့် ဆိုတာ ကြောင့် ၊ တော်ပါသေး သည်။ ဒီတော့ လည်း မုန့်လေး ရဲ့
အိပ်ယာဝင် သီချင်းတွေဟာ မိုးမိုး
ကြိုက်တဲ့ ဗမာ သီချင်း တွေ လည်း ဖြစ်နေ တတ် သည် ။ အရေးကြီးတာ မုန့်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ
သွားဖို့ ပဲ လေ ။ သွပ်ပြားပေါ် မိုးစက်ကျသံ တပေါက် ပေါက် အောက်မှာ ၊၀ါဆို
ဝါခေါင် ရေတွေ ကြီးတော့ ၊ သပြေသီးမှည့် ကောက်စို့ ကွယ် .. လို့ အမေ တလှည့် အဖွား တလှည့် အဒေါ်တွေ တလှည့် ချော့သိပ်
ခံ ခဲ့ ရတဲ့ ငယ်ဘ၀ တွေ လို တော့ ဘယ် ဟုတ် ပါ့ မလဲ ။ မုန့်လေး
ရဲ့ ငယ်ဘ၀ လေး ဟာ ခုချိန်မှာ အေးချမ်း တိတ်ဆိတ် စွာပဲ ဆွေမျိုး သားခြင်း တွေ ရဲ့ မေတ္တာငွေ့ နဲ့
ဝေး ကွာ လှ တယ်။
တခါတလေ တော့ လည်း ၊
မိုးမိုး တို့ ဟာ ၊ ခရာဆူးခြုံ တွေ ရှိ
တဲ့ အရပ်ကို ပြန် ချင် တယ်။ အဲ့ဒီ အရပ်မှာ ချစ်တဲ့သူ တွေ နေ ကြ တာ ဆိုတော့ ၊ မေ
ျှာ့ နက် မည်း ကြီးတွေ တွယ်ချင် လည်း တွယ်
ပါစေ ၊ သပြေသီး မှည့် တချို့ တလေ ရရင်ကို ပျော်နေမှာပဲ လေ။ အခုတော့ ခရမ်းပြာ
စိန်ပန်း တွေ ကြားထဲ မှာ ပန်းနုရောင် ကတ္တဝါ ငှက်ကြီး တွေ ရဲ့ အသံ ကို နားယဉ် ငေးမော နေရင်း ၊ ဘယ်တုန်းက
ဘယ်ကွေ့ ကို ကျော် ခဲ့ မှန်း မသိ ပဲ ၊ ဘဝ
ခရီး ရဲ့ တနေရာ မှာ ရောက်နေ ခဲ့ တယ် ။ ချောင်းရိုး တလျှောက် လှေကို လှော် လာ
လိုက်တာ လေ ။ အခုဆို ၊ ဟောဒီ လက်တွန်းလှည်း လေး ထဲ မှာ ၊ မျက်တောင် ညောင်း
နေတဲ့ ကလေးလေး တယောက် တောင် ရှိ နေ ခဲ့ ပြီ ။ အဲ့ဒီ ကလေး လေး ကရော ၊ ဘယ် သားချော့
တေး ကို လွမ်းဆွတ် လို့ ၊ ဘယ်အရပ် ဒေသ ကို ခင်တွယ်မှာ လဲ ။ ဘယ် ဆီ
ဘယ်ဝယ် လှေ လှော် ထွက်လေ မလဲ ။ ချောင်းရိုးထဲ မှာ ပဲ လား ။ မြစ်ကွေ့ မြစ်ကောက် ဆီ
ဆန် တက်လေ မလား ။ တကယ်တော့ လည်း ဘဝ ဟာ
အိပ်မက် တခု ပါပဲ ။
မရိုး နိုင်တဲ့
ကလေးချော့ ကဗျာ လေး ကို ဆို ညည်း မိ တယ်။
row ... row ... row
your boat, gently down the stream,
merrily ... merrily ... merrily ... merrily , life is but a dream
အိပ်ပြီလား မုန့် လေး
ရေ ၊ မိုးမိုး တို့ ချောင်းရိုး တလျှောက် ဆက် လှော်ကြ ဦးမယ် လေ။
ပျော်ပျော်ကြီးသာ လှော် ကြ မယ် နော် ။
ကေသွယ်
အောက်တိုဘာ ၂၀၁၇
အတိတ်ကို ပြန်တွေးလို့ ရာဇ၀င်သာ အသစ်ပြင်ရေး
ကောင်းကင်ကြီးက ကြည်ကြည် ။ အလံတွေက နီနီ ။ ပြည်သူတွေက ညီညီ ။ မိန့်ခွန်းတွေက တည်တည် ။ ဗိုလ်စိန်မှန် ကွင်း က နေမှ အောင်ပင်လယ်ကြီးထဲ ထိ စီးမျောလို့ ။ အဲဒီတော့ အတွေးတွေကလည်း စီရရီ ပေါ့ ။
“ မေ လ တို့ ရင့်အိုဟောင်းချိန် . . . ၀သာန်မိုးဦး မုတ်သုန်မြူးပြီ . . . တိမ်ညို မိလ္လာ ရစ်ဝိုင်းကာလေ . . . တထောင့်ကိုးရာ ကိုးဆယ် မေ မှာ . . . တို့ နိုင်ငံ သမိုင်း အသစ်ပြင်ရေးကြမည် . . .”
အခုလိုပဲ မေလ ရဲ့ ရက်တွေမှာ ရွေးကောက်ပွဲ လှုံ့ဆော်တေး တွေ လေထဲမှာ ပျံ့လွင့်နေခဲ့သည်။ ခြေလှမ်းတိုင်းမှာ တက်ကြွမူတွေ ။ ပင်နီဝတ်စုံ တွေပေါ်က လုံ့လဥသဟ တွေ ။ ခမောက်ကြီးတွေ ရဲ့ ဗျပ်ကျယ်ကျယ် အ၀န်း တလျှောက် မျှော်လင့်ချက်တွေ ခိုတွဲရင်း. . . ဦးထိပ်ချွန်ချွန် ရဲ့ ပန်းပွားတွေကနေ တဆင့် အောင်စိတ်တွေက ကောင်းကင်ယံကို ထိုးထွက်လို့ ။ သီချင်းလေး ထဲက လိုပဲ အာဏာရှင်စနစ် ကြီး က ရင့်အိုဟောင်းပြီး ဒီမိုကရေစီ လေညင်းတွေ မြူးနေ ခဲ့တယ်။ ဒါပေမဲ့ တိမ်တောင်သဖွယ် မင်ရေးကျယ် တဲ့ မြန်မာ့နိုင်ငံရေး ရာသီဥတု ကြီးထဲ မှာ ၊ အဲဒီတုန်းက ကျမ တို့တွေရဲ့ နိုင်ငံ့ သမိုင်းကို တကယ်ပဲ အသစ်ပြင်ရေး နိုင်ခဲ့ကြရဲ့ လား ။
အပြောင်းအလဲကို လိုလားနေတဲ့ ပြည်သူတွေ အားလုံးက နိုင်ငံ့ သမိုင်းကို အသစ်ပြင်ရေးကြမယ်ဟေ့ လို့ ကြိုးစားခဲ့ကြ ပေမဲ့ ၊ ရာထူး အာဏာ တွေပေါ်မှာ ယစ်မူးဖက်တွယ် နေတဲ့ စစ်အာဏာရှင်တွေ ရဲ့ တဖက်သက် အကြောင်းပြချက်ကတော့ ၊ အသစ်ပြင်ရေး ထားတဲ့ အခြေခံဥပဒေ တခု မရှိနေသေး - ဆိုပြီး ၊ ၁၉၉၀ ရဲ့ အောင်ပွဲ ရလဒ် ကို အကောက်ကြံ နဲ့ မှောက်လှန် ထားခဲ့လိုက်တာ ကနေ့အထိပဲ ဆိုပါတော့ ။ တကယ်တော့ မြန်မာ့သမိုင်းမှာ … တလအတွင်း အရေးပေါ် အပြီးရေးဆွဲခဲ့တာ ဆိုတဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကလွဲရင် ၊ တော်လှန်ရေးကောင်စီ အစိုးရ ရဲ့ ၁၉၇၄ ဖွဲ့စည်းပုံ ဆိုတာလည်း ဦးနေ၀င်း အာဏာသိမ်းပြီး ဆယ်နှစ်ကျော် ကြာမှ တရားဝင် အတည်ပြု နိုင်ခဲ့တာလေ။
“ ပြည်သူ့ အစိုးရ တခု ကို ဖော်ထုပ် တည်ထောင်ရန် ဟူသော နားလည်ခံယူချက်ဖြင့် ပြည်သူတို့၏ ဆန္ဒအရ ရွေးကောက်တင်မြှောက် လို်က်သော ပြည်သူ့ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းအပ်သည့် ပြည်သူ့ လွှတ်တော်သည် စတင်ခေါ်ယူ စည်းဝေးသည့် အချိန်မှ စ၍ အချုပ်အခြာကို ပိုင်ဆိုင်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိသည် ဖြစ်စေ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြဌါန်း ပြီးသည်အထိ အုပ်ချုပ်ပိုင်ခွင့် ရှိသည် ”
ဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ အာဘော် သဘောထားကို ၊ ရွေးကောက်ပွဲ အနိုင်ရပြီး နှစ် လ တိတိအကြာ ဇူလိုင် ၂၇ ရက် မှာတော့ သမိုင်းဝင် ဂန္ဓီညီလာခံ ကြီး နဲ့ အတူ လက်တွေ့ အကောင်အထည်ဖော်ခဲ့တော့တယ်။
အဲဒီအချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တကွ အဖွဲ့ချုပ် ခေါင်းဆောင် တော်တော်များများကို အကျယ်ချုပ် အကျဉ်းချုပ်တွေ အသီးသီးနဲ့ စစ်တပ်ရဲ့ ဗျုဟာကျကျ လူစုခွဲ နေရာခွဲ ရပ်တည်ချက်တွေပါ ကွဲပြားအောင် လုပ်ထားပြီးပြီ။ ဒါပေမဲ့ ဂန္ဓီခမ်းမရှေ့ က မိုးရေတွေထဲမှာ ပြည်သူလူထု ကြီးက
မျှော်လင့်ချက်တွေ အပြည့်နဲ့ သောင်းသောင်းဖြဖြ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ မှာလည်း ၊ ပြည်သူတွေနဲ့ အပြိုင် ဇူလိုင် မိုးသည်းသည်းကို အံတုရင်း ၀မ်းသာ ၀မ်းနည်း မျက်ရည်တွေ ဖြိုင်လို့ ။ ဒါပေမဲ့ ဂန္ဓီခမ်းမ ရဲ့ အဆင်းမှာပဲ အဖွဲ့ချုပ်ရဲ့ အင်အားတွေ ဦးဆောင်မူတွေ တွဲဆက်မူတွေ ကို ၊ တခုခြင်း တယောက်ခြင်း တရက်ခြင်း စနစ်တကျ ဖြိုခွင်း ခံရလေတော့ပြီ။
မျှော်လင့်ချက်တွေ အပြည့်နဲ့ သောင်းသောင်းဖြဖြ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ မှာလည်း ၊ ပြည်သူတွေနဲ့ အပြိုင် ဇူလိုင် မိုးသည်းသည်းကို အံတုရင်း ၀မ်းသာ ၀မ်းနည်း မျက်ရည်တွေ ဖြိုင်လို့ ။ ဒါပေမဲ့ ဂန္ဓီခမ်းမ ရဲ့ အဆင်းမှာပဲ အဖွဲ့ချုပ်ရဲ့ အင်အားတွေ ဦးဆောင်မူတွေ တွဲဆက်မူတွေ ကို ၊ တခုခြင်း တယောက်ခြင်း တရက်ခြင်း စနစ်တကျ ဖြိုခွင်း ခံရလေတော့ပြီ။
အဲဒီကတည်းက ပြည်သူ့ အစိုးရ သာ ဖြစ်ခဲ့မယ်ဆိုရင် ၊ အစိုးရတွေ လေး- ငါး ဆက် လောက် တောင် ပြောင်းပြီး နေလောက်ပြီ ဖြစ်တဲ့ ၊ ဆယ်စုနှစ် နှစ် ခု နီးပါး ရှိလာတဲ့ အချိန် မှာတော့ ၊ စစ်တပ်အစိုးရ ပြောတဲ့ လိုအပ်နေတယ်ဆိုတဲ့ ရေးဆွဲနေတယ်ဆိုတဲ့ ၊ တဖက်သက် အခြေခံဥပဒေ ဆိုတာ ကြီး ရလာခဲ့ပါပြီ တဲ့ ။ နာဂစ်ဥပဒေ ၊ မသာ မီးကွင်းပစ် ဥပဒေ ၀ိသေသ တွေ အထူးထူး ၊ ၀ိဝါဒ တွေ အထွေထွေ ဖြစ်နေတဲ့ ၊ ဒီ အခြေခံ ဥပဒေ ကြီးကို . . . ကဲ အခု နောက်တခါ အသစ်ပြင်ရေး ကြရအုံးမည် ။
ပုဒ်မ ၄၃၆ ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မူ ဆိုင်ရာ ပုဒ်မကြီးကို ပြင်ဆင်ဖို့ ရန် အတွက် ၊ ပြောကြသလိုဆို … စစ်ဘားတိုက် လွှတ်တော်ကြီးရဲ့ မျက်နှာစာ တံခါးကြီးကို ဖွင့်ပစ် နိုင်ဖို့ အတွက်၊ ပြည်သူ့ ဆန္ဒ ထုပ်ဖော်ပွဲ တွေ လမ်းမတွေပေါ် လျှံကျ လာပြန်ပြီ။ လက်မှတ်ရေးထိုး ဆန္ဒဖော်ထုပ်လွှာတွေ လူတွေကြားထဲ ပျံဝဲ လာပြန် ချေပြီ။ အဲဒီအတိုင်းပါပဲ ။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် ကာလတွေ တုန်းကလည်း ၊ ၁၉၉၀ အထွေအထွေ ရွေးကောက်ပွဲ ကြီးနဲ့ အတူ ပြည့်သူ့ဆန္ဒဖော်ထုပ်လွှာ တွေ တတိုင်းပြည်လုံး အနှံ့ ၊ လျှံခဲ့ ပျံခဲ့ သည် ပဲ မဟုတ်လား ။
“ခမောက်ရဲ့ ဘေးမှာ ကြက်ခြေခတ်လို့ . . . သမိုင်းဟောင်း အသစ်ပြင်စို့ . . . ဖြောင့်မတ် တည့် မှန်တည်ကြည် ဂုဏ်မချို့ . . . အဖွဲ့ချုပ်သဘောထားမို့ . . . ရည်မှန်းချက် လ၀န်းအိမ် ဒီနွေမိန် ရွှန်းကြည်လဲ့လို့ . . . ဘ၀ မချို့ အလှ မချို့ အားမာန်မချို့ပါ . . . ပြည်သူ့ အောင်မြေ သပြေနု ချိန် မို့ . . .”
မဲစာရွက်တွေ ပေါ်က၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သင်္ကေတ ခမောက်ပုံ ရဲ့ ဘေးမှာ ကြက်ခြေခတ်နိုင် ဖို့ အတွက် ၊ ကျမ တို့ လူငယ်တွေ တရွာဝင် တရွာထွက် ၊ ဟောပြော စည်းရုံးခဲ့ကြသည်။ မေလ ရဲ့ နွေနေက စူးရဲ လှပေမဲ့ မမောနိုင် ကြ မပမ်းနိုင်ကြ ။ သမိုင်းအဟောင်း တွေကို ဒီတချီတော့ အသစ်ဖြစ်အောင် ပြင်နိုင်ကြတော့မယ်… လို့ လုံးဝ ဧကန် စိတ်ချ မျှော်လင့် လို့ ပေါ့ ။ လ၀န်းအိမ် ကြီး ကလည်း မိုးကောင်းကင် မှာ ကြည်လင် ၀င်းပ အေးမြ လို့ပေါ့ ။
“ ‘စု’ နိုင်မှ ချမ်းသာမည် . . . ‘စု’ နိုင်မှ ကြီးပွားမည် . . . ‘စု’ နိုင်မှ တိုးတက်နိုင်မည် ယုံယုံကြည်ကြည် စုံစုံညီညီ တို့အားလုံး ယုံကြည် . . ”
သီချင်းလေးတွေ ဆောင်ပုံလေး တွေက ကျမတို့ နှုတ်ဖျား မှာ တရွရွ တဖွဖွ ။ “ ပိတောက်တွေ လှိုင်တဲ့ နှစ်… ခမောက်တွေ နိုင်မဲ့ နှစ်” ဆိုပြီး ပိတောက်ပန်း တွေကတောင် တခဲနက် အောင် ၀င်းဝါထိန် လို့ ။ “ငု နဲ့ ပိတောက် နွေမှာပြိုင် . . . စု နဲ့ ခမောက် မေမှာနိုင်” ဆိုတဲ့ အတိုင်း အားလုံးရဲ့ ခေါင်းပေါ်မှာ ခမောက်တွေ နေရာယူခဲ့တဲ့ ၁၉ ၉ ၀ မေ ။
ဒီနှစ်တော့ ငွေရတု အကြို သို့ တိုင်ခဲ့လေပြီ ။ ခေတ်တခေတ် ဒါမှမဟုတ် သမိုင်းအဖြစ်သနစ် တခု ပြောင်းလဲ ထုဆစ်ပုံဖော် နိုင်လောက်အောင် လုံလောက်တဲ့ ၊ နှစ်ဆယ့်လေးနှစ် ဆိုတဲ့ အချိန်ကာလ မှာ၊ လ၀န်းအိမ်ကြီး က ၊ မိုးကောင်းကင်မှာ ရှိနေဆဲပါပဲ ။ ‘စု’ ကလည်း အားလုံးရဲ့ နှလုံးသား မှာ ကြီးစိုးလွှမ်းမိုး နေဆဲပါပဲ ။ ဒါပေမဲ့ ခမောက်တွေ ရဲ့ နွေဆောင်ပွဲ မေအောင်ပွဲကြီး ကိုတော့ ရုပ်ရော နာမ်ရော ဒြပ်ရော ကျမတို့ ဘယ်လိုမှ ရှာ မတွေ့ နိုင်ကြ တော့ဘူး ။ အဲဒီ အောင်ပွဲကြီးထဲက အောင်ပွဲခံ ပြည်သူ့ ကိုယ်စားလှယ် တွေမှာလည်း တချို့ (ရုပ်) မရှိတော့ပေမဲ့ (နာမ်)ရှိနေသေး . . . တချို့ (ရုပ်) ရှိနေသေးပေမဲ့ (ဒြပ်) မရှိတော့ ။ ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ် တယောက် ဖြစ်ခဲ့တဲ့ ကျမရဲ့ ဖခင်ကြီး ထံမှာတောင် ၊ နိုင်ငံရေး (ရုပ်-နာမ်-ဒြပ်) တွေ ကျမ သေချာ မခွဲ ခြားနိုင်တော့ ။ သူ့ဆီမှာ ဆဲဗင်းဇူလိုင် ၀ိညဉ်တွေက စလို့ ၊ ရှစ်လေးလုံး ဖြတ်သန်းမူတွေ အလယ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တယောက်ရဲ့ ရုန်းကန်ရပ်တည်မူ တွေ အထိ နိုင်ငံရေး (ဒြပ်)သားတွေ အပြည့် ရှိနေသေးပေမဲ့ ၊ သူ့ရဲ့ (နာမ်) ကတော့ ၊ သူ အင်မတန် မြတ်နိုးလှတဲ့ အဖွဲ့ချုပ်ကြီး နဲ့ မသက်ဆိုင်တော့ပြီလား ။ အဖွဲ့ချုပ် ရဲ့ ၉၀ ရွေးကောက်ပွဲအလွန် ၊ ဂန္ဒီခန်းမ ညီလာခံအဆင်း ၊ နိုင်ငံရေး မုန်တိုင်းကြမ်းကြီးထဲမှာ ၊ မားမားရပ်ပြီး နိုင်ငံရေး အန်တုဖို့ ကြိုးစားခဲ့တဲ့ အတွက် ၊ အဲဒီတုန်းက ပါတီရဲ့ နို့ထိန်း ခေါင်းဆောင်ဖြစ်သူများရဲ့ အငြိုအငြင် အထင်မြင်လွဲမူကို ခံခဲ့ရသည်။ ပါတီရပ်တည်ရေးကို သာ ဦးစားပေး ပြီး ၊ နိုင်ငံရေး ရပ်တည်ချက်ကို အလျှော့ပေး ထိုးကျွေးခဲ့တဲ့ ၊ အဖွဲ့ချုပ်ရဲ့ သမိုင်း အမှောင်တကွေ့ မှာ ၊ သူ့ရဲ့ နိုင်ငံရေး ရပ်တည်ချက် (ဒြပ်)သားထု အတွက် ၊ (နာမ်) နဲ့ (ရုပ်) တချို့ ကို စတေး ပြစ်ခဲ့ရသည်။ အခုတော့ ကျမတို့ အိမ်ရဲ့ နံရံ ထက်မှာ ခမောက်ဆိုတဲ့ (ရုပ်) ကြီးတွေ ပင် မရှိတော့ ။ မရှိတော့ ဆို ၊ အသစ်တဖန် ပြန်လည် နိုးထ လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကြီး ရဲ့ အလံကိုင်သူ “စု” ကိုယ်တိုင် ကတောင် ၊ အတိတ်ကို အရိပ်ထဲမှာ ထားခဲ့ချင်သည်ပဲ ။ ၉ ၀ ရလာဒ် အကြောင်း စာမဖွဲ့ တော့ပြီပဲ ။ ခမောက်ကြီး တွေ ကို ၊ ဘေးမှာ ချ ထားလိုက်ပြီပဲ ။
ခမောက်ကြီး တွေထဲမှာလည်း ၊ အမှည့်ကြွေ အစိမ်းကြွေ ၊ ကြွေပုံ အနည်းနည်း နဲ့ ကြွေတဲ့သူတွေက ကြွေသွားကြပြီ ဖြစ်ပေမင့် ၊ နိုင်ငံရေးအားဖြင့် သူတို့ ကျွတ်လွတ် ကြပါ့မလား ။၉၀ ရလာဒ်ကို အသိအမှတ်ပြုခြင်း ဆိုတဲ့ ၊ နိုင်ငံရေး အမျှဝေ ခြင်း မလုပ်နိုင်သေးသ၍ ၉၀ အောင်ပွဲ သံယောဇဉ် အစွဲတွေ ထဲမှာ သူတို့ ၀ဲလည်နေကြပေဦးမည် ။ လူလည်း မကြွေ ယုံကြည်ချက်တွေလည်း မကြွေသေးတဲ့ သူတွေ မှာလည်း အခြေအနေ အရပ်ရပ် အရ ရပ်တည်ချက်တွေ ပြောင်းချင်ပြောင်း စောင်းချင်စောင်း သွား ရပေမယ့် ၊ ၉၀ ရလာဒ်ကြီး ကို စိတ်မှာ စွဲ … ကြိတ်ကာ ခဲ ရင်း မပြေ မကြေ နိုင် ရှိနေကြပေဦးမည် ။ တကယ်တော့ သူတို့တွေဟာ ၊ ၉ ၀ မေရဲ့ မကြေ မကြွေ မကျွတ် နိုင်သေးသူများပါပေ ။
လက်တွေ့ အရှိ ပကတိ အတိုင်းတင်မက ယုံကြည်ချက် သက်သက်နဲ့ လည်း ရပ်တည်နိုင်တဲ့ နတ္တိပစ္စယော - မရှိခြင်းဖြင့် ကျေးဇူးပြုခြင်း ဆိုတဲ့ နိုင်ငံရေး နည်းနာ တွေကို နားမလည် နိုင်သေးတဲ့ အချိန်တချိန်တုန်းက ဖခင်ဖြစ်သူကို မသိသား ဆိုးရွားစွာ မေးခဲ့ဘူးသည်။ လွှတ်တော်ခေါ်ယူရေး ဆိုတဲ့ သဘောထားက ဒီလောက်နှစ်တွေ ကြာနေမှဖြင့် ဘာအဓိပ္ဗါယ်ရှိတော့မှာလည်း - လို့ ဆိုတော့ - ဟုတ်တာပေါ့ကွာ လူတွေလည်း စုံစုံညီညီ မရှိနိုင်တော့ဘူးပေါ့ . . .ဒါပေမဲ့ ပြည်သူ့ဆန္ဒကို အသိအမှတ်ပြုတယ် ပြည်သူ့အစိုးရ တခုကို အလေးအနက်ထားတယ် ဆိုတဲ့ နိုင်ငံရေး အစဉ်အလာတခုကို ရှိစေချင်တာ ၊ ဒီမိုကရေစီ အောင်စိတ်ကို နောက်တက်လာမဲ့ အစိုးရအဖွဲ့ တခုဆီ သိက္ခာရှိရှိ ငြိမ်းငြိမ်းအေးအေး လက်လွှဲပြောင်းပေးနိုင်ယုံပဲ ဖေဖေ တို့ မျှော်လင့်တာပါကွာ - လို့ ၉ ၀ အရေးကို အံကြေးပြီး ဖြေရှာတယ်။ အေး ဒါပေမဲ့ ၁၉၉၀ မေ ဆိုတဲ့ ပြက္ခဒိန်စာရွက်ကိုတော့ သမိုင်းထဲကနေ ဘယ်သူမှ ဆုတ်ဖြဲ ပြစ်ခွင့် မရှိဘူး . . . ကျော်ချ သွားလို့ မရဘူး . . . ငါတို့မှာ စစ်အာဏာရှင်တွေရဲ့ အတိတ်က ကြမ်းကြုတ် ရက်စက်မူတွေကို လက်စားချေလိုစိတ် မရှိပေမဲ့ သင်ပုန်းချေလိုစိတ်လည်း လုံးလုံး မရှိဘူးကွာ … လို့ ယတိပြတ် ဆိုလေသည်။
အဲဒီလိုပဲ “စု-လွှတ်-တွေ့ ” ကို တလျှောက်လုံး ကိုင်စွဲ လာတဲ့ အဖွဲ့ချုပ် တည်ထောင်သူ နာယက ကြီး ဦးဝင်းတင် ကလည်း သူ့ကိုယ်သူ ၉ ၀ စော် နံသူ လို့ အမြဲ ဂုဏ်ယူ စွာ ၀န်ခံတတ်လေသည်။ ၉၀ ရလာဒ်ကို နားလည် တန်ဖိုးထား ခဲ့လေသည်။ သူ့ရဲ့ “ ဘာလဲဟဲ့ … လူ့ငရဲ ” စာအုပ်ထဲက အခန်းတခန်း ရဲ့ ခေါင်းစဉ် ပေးထားပုံကို ကျမ တော်တော်လေး စိတ်ဝင်စား လေးနက် မိသည်။
ခေါင်းစဉ်က - “အနာဂါတ်ကို ပြန်သွားခြင်း”
ခေါင်းစဉ်က - “အနာဂါတ်ကို ပြန်သွားခြင်း”
တကယ်ဆို အနာဂါတ် ဆိုတာ ရှေ့ကို လျှောက်ရမှာလေ ၊ ပြန်သွားလို့ မှ မဖြစ်နိုင်တာ ။ ဒါပေမဲ့ ဦးဝင်းတင်ကတော့ အနာဂါတ်ကို ပြန်သွားယုံတင်မက ၊ တူးဆွဖော်ထုပ် ထားတယ်။ ပစ္စုပ္ဗန် နဲ့ ဆက်စပ် ပေါင်းစည်းထားတယ်။ တကယ်တော့ ဒီ “အနာဂတ်” ထဲမှာ သူ တင်စား သိမ်းဝှက်ထားတဲ့ အရာတွေက ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေပေါ့ ။ သူပြောသလိုဆို ရှစ်လေးလုံး ရဲ့ အနာဂတ် ၊ ၉၀ မေ ရဲ့ အနာဂတ် ၊ ဂန္ဓီကြေငြာစာတမ်း ရဲ့ အနာဂတ် ၊ ရွှေဂုံတိုင် ကြေငြာစာတမ်းရဲ့ အနာဂတ် … အားလုံးသော ရည်မှန်း မျှော်လင့်ချက်တွေဟာ စစ်အာဏာရှင် စနစ်မှန်သမျှ ကို ဆန့်ကျင် တိုက်ဖျက်ရေး ဆိုတဲ့ အခြေခံ မူပေါ်မှာပဲ ရှိနေသင့်တယ်… တဲ့။
“ဆယ်စုနှစ် နှစ်ခုကျော် ကျွန်တော်တို့ရဲ့ အနာဂတ်တွေဟာ အနာဂတ် အဖြစ်နဲ့သာ ရှိတည်နေပါသေးတယ် ” လို့ ဆိုလိုက်တော့မှ ၊ အနာဂတ် ကို ပြန်သွားခြင်း ရဲ့ အဓိပ္ဗါယ်က ပေါ်လွင်လာတယ်။ အနာဂတ်ကို ပြန်သွားနေစရာ မလို တော့ဘဲ တော်လှန်-မာန်-ညဏ်-သတ္တိတွေ နဲ့ အနာဂတ်ကို ချီတက် ကြပါလို့ လည်း ဦးဝင်းတင်က နှိုးဆော် ထားခဲ့တယ်။ အနာဂတ်ကို ချီတက်ဖို့ အတွက် “ နိုင်ငံရေးသစ် ” ဆိုတဲ့ လမ်းကိုလည်း တိတိပပ ၀ိသေသ နဲ့ ဖော်ညွှန်းပေးခဲ့သလို ၊ လမ်းဖောက်ရမဲ့ လက်နက် ယန္တယားတွေကိုပါ တခါတည်း နေရာ ပြ ခဲ့တယ်။
“နိုင်ငံရေးသစ် ဆိုတာ စကားလုံးသာ ကြီးကျယ်တာပါ။ လုပ်ရမယ့် ကိစ္စက သိပ် အကြီးအကျယ် မဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ နိုင်ငံရေး အင်အားစုတွေ လက်တွဲပေါင်းစည်း လှုပ်ရှားဖို့ပါပဲ ။ အားလုံး အသံတူ အော်ကြဖို့ အလုပ်တူ ဖော်ကြဖို့ပါပဲ ။ အားလုံး ညီညွတ် လက်တွဲ ကြဖို့ပါပဲ ။ နိုင်ငံရေးသစ် ဆိုတာ ဒါပါပဲ ။”
နိုင်ငံရေးသစ် ကို ကျမတို့ တကယ်ပဲ တောင့်တ ပါတယ်။ ရာဇ၀င် ကို အသစ်ပြင်ရေးဖို့ လည်း ကျမတို့ ခဏခဏ ကြိုးစားခဲ့ ကြတယ်။ ဒါပေမဲ့ အတိတ်ကို ပြန်မတွေးချင်လို့ တော့ မရ ။
++++++++++
ကေသွယ်
၂၄ မေ ၂၀၁၄
မေလ ၂၇ ရက် မှာ ငွေရတု အကြို နှစ်ဆယ့်လေးနှစ် တိုင်ပြီ ဖြစ်တဲ့ ၁၉ ၉ ၀ ပါတီစုံ ဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲ ကြီး အား ဂုဏ်ပြု သတိရလျက် ......
Weekly Eleven Journal Vol. 9 No. 22
အတိတ်ကို ပြန်တွေးလို့ ရာဇ၀င်သာ အသစ်ပြင်ရေး
Labels: Burma History , Family , Printed
မေမေ ငိုဖို့ စာလေးတပုဒ်
ခုနစ် နှစ် သမီးလေးထဲက ထားခဲ့ရတော့.. အမေကို မခင်ဘူးပေါ့… လို့ မေမေက အမြဲ ခနဲ့ တတ်တယ်။ တကယ်တော့ ခနဲ့ တယ် ဆိုတာထက် မဟုတ်ပါဘူး…မေမေရဲ့ ဆိုတဲ့ အသဲအသန် ငြင်းဆိုတဲ့ အသံကို မေမေ ကြားချင်တာ ထင်ပါရဲ့ ။
အကြောင်းကြောင်းကြောင့် သူ အင်မတန် နှစ်သက် မြတ်နိုး တယုတယ ပုံဖော်ယူ ခဲ့တဲ့ အိမ်ကလေး ပေါ်ကနေ မေမေ မျက်ရည်စက်လက် နဲ့ ဆင်းသွားခဲ့ရတုန်းက .. ဟုတ်တယ် နှစ်တန်းကျောင်းသူပဲ ရှိသေးတဲ့ သူ ၊ ကျောင်းက ပြန်လာတော့ အိမ်မှာ မေမေ မရှိနေတာကို သိပေမဲ့ ၊ ခဏတဖြုတ်လို့ပဲ ထင်ခဲ့လို့လားတော့မသိ ၊ ဘာမှ သိပ်ပြီး ထူးခြားတုန်လှုပ်မူ မရှိခဲ့ဘူး ။ အဲဒီနေ့က တလမ်းထဲ နေတဲ့ မေမေ့ တပည့်မလေး တယောက်က ထူးထူးဆန်းဆန်း ထမင်းချိုင့်လာပို့ တာရယ်၊ သူ့ကို အသေအချာ ဂရုစိုက်ပြီး နေ့လည်စာ ကျွေးခဲ့တာရယ် ကိုပဲ မှတ်မိတော့တယ်။ ငါးခူကြော် ဟင်း လို့ တောင် မှတ်မိ နေသလိုပဲ ။ အဲ့ဒီလောက် ဘ၀ တွေ ချိုးကွေ့ သွားခဲ့တဲ့ နေ့ တနေ့ ကို ငါးခူကြော် ဟင်းနဲ့ပဲ မှတ်မိနေ ခဲ့ရတာ ၊ ကံကောင်းတယ်လို့ ဆိုရမလားပဲ ။ ခုမှ ပြန်စဉ်းစားမိတော့ ဒီလောက် တောင် မြည်ဟည်းတုန်ခါနေတဲ့ နာရီတွေ… ခါးသက် ပြင်းရှနေတဲ့ စကားသံတွေကြားထဲကနေ သူ့တပည့်မကို လှမ်းခေါ်ပြီး သမီးကလေးတွေဆီ ထမင်းဗူး ပို့နိုင်အောင် စီစဉ်သွားခဲ့သေးတဲ့ မေမေ ။
အဘွားအိမ်ကနေ ပြန်မလာနိုင်သေးတဲ့ မေမေ့ကို သူ . . . စ မေးလာတဲ့ အချိန်တွေတုန်းက စိတ်ရှုပ်ထွေးနေတဲ့ ဖေဖေ့ မျက်နှာကို တော့ ၊ မှတ်မိနေခဲ့တယ်။ နောက်တော့ သူ ဘယ်လိုနေတတ်သွားခဲ့သည်လည်း မသိ. . . ဖေဖေ့ နှမတွေ ရဲ့ ချော့မြူ ယုယမူတွေ ထဲမှာ သက်သောင့် သက်သာ ရှိနေခဲ့လေသလား . . . သူ့အမ တွေ မေမေ့ဆီကို ပထမဆုံး သွားတွေ့ တဲ့ နေ့မှာတောင် သူ လိုက်မသွားခဲ့မိဘူး ။ တပတ်တခါ မေမေ့ဆီ သွားလည်ခွင့် ရလာတဲ့ အခါတွေတိုင်းမှာလည်း သမီးဇော နဲ့ မှုံတေ နေတဲ့ အဘွားရဲ့ “ အဖေချစ်မ တွေ နင်တို့ အမေကိုတော့ မသနားကြဘူးလား… အဲဒီ အမျိုးတွေကို ငါမုန်းတယ် ” .. ဆိုတဲ့ နာကျည်းသံတွေ ကြားမှာ စိတ်လက်ပေါ့ပါးမူ ဆိုတဲ့ အရာ ဟာ ၊ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တယ်။ မေမေ နဲ့ အဘွားရော ဘယ်မှာ စိတ်လက်ပေါ့ပါး နိုင်ကြမလဲလေ..။ ဖေဖေ့ မှာ လည်း သူ့ ရပ်တည်ချက် အတွက် သူ့မာန် သူ့ထန်တွေ နဲ့ လေးလံ တင်းကျပ်နေခဲ့မှာ အသေအချာပါပဲ ။ အဲဒီအချိန်က သူတို့မှာ ဘယ်သူ့ကို သနားပြီး ဘယ်သူ့ ဘက်လိုက်ရမယ် လို့ ဆုံးဖြတ်ရွေးချယ်နိုင်တဲ့ အင်အားမှ မရှိခဲ့တာ။ ထူးထူးကဲကဲ ရွေးချယ်ရဲ တဲ့ အမလတ် ကတော့ ၊ တနေ့ ကျောင်းက အပြန်မှာ သူတို့တွေ နဲ့ အိမ်ပြန် လိုက်မလာတော့ဘူး ။ မေမေ့ ဆီကို လိုက်သွားခဲ့တယ်။ တပတ် တပတ် မြို့ကလေးရဲ့ မြောက်ဖက်ကနေ တောင်ဖက်ကို ဖြတ်ပြီး မေမေ့ဆီ သွားလည်ဖို့ ဖေဖေ့ဆီမှာ ခွင့်တောင်းရတဲ့ အချိန်ရယ် ၊ ညနေစောင်းလို့ မျက်ရည်တွေ ၀ဲပြီး ကျန်ခဲ့တဲ့ မေမေ့ဆီကနေ ပြန်လာရတဲ့ အချိန်တွေရယ် ဟာ၊ ဘ၀ မှာ အမှတ်မရချင်ဆုံး အချိန်တွေပါပဲ ။
အဲဒီအချိန်တွေမှာ ကဗျာတွေ အများကြီး စပ်ဖြစ်ခဲ့တယ် လို့ မေမေ က ပြောပြတယ်။ ပြောယုံတင် မဟုတ်ဘူး ။ သူ့ကဗျာတွေ အပုဒ် ၁၀၀ နီးပါးလောက် ရေးထားတဲ့ ကဒ်ထူဖုံး စာအုပ် အဟောင်းကလေးကို သူ့ဗီရိုထဲက ထုတ် ထုတ်လာပြီး သူတို့တွေ လက်ထဲ အတင်းထဲ့ပြီး ပြန်ဖတ်ခိုင်းတတ်တယ်။ အဲဒီခေတ်က သင့်ဘ၀ မဂ္ဂဇင်းလေးမှာ ကျိုကြား ကျိုကြား ပါလေ့ရှိတဲ့ မေမေ့ ရဲ့ လေးလုံးစပ် ကဗျာလေးတွေကို ဖတ်ကြည့်ဘူးပေမဲ့ ၊ အထီးကျန် ခံစားချက် တွေကို ပုံအောထားတဲ့ . . . အပစ်ပယ်ခံ အလွမ်းတွေ နဲ့ နွမ်းနယ် နေမဲ့ . . . နာကျည်းချက်တွေကို ထိုးချေ ထဲ့ထားခဲ့ တဲ့ အဲဒီ ကဗျာပေါင်း များစွာကို သူတို့ အခုချိန်မှာ မဖတ်ချင်ကြတော့ဘူး ။ စိတ်လှုပ်ရှားစရာ ပစ္စပ္ဗုန် အသီးသီးက နေရာယူထားပြီး ဖြစ်နေတဲ့ သူတို့ ညီအမတွေက အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်ပေမဲ့ ၊ မေမေ့မှာကတော့ သူ့ ပစ္စပ္ဗုန် ကလည်း အတိတ်ထဲမှာပဲ ရှိနေရှာတယ်။ မေမေက ဖေဖေ့ကို ချစ်ရှာသေးသည်ကိုး ။ အတိတ်တုန်းက ဖေဖေ့ အချစ်ကို ရင်ခုန်နွေးထွေးစွာ လက်ခံ ခဲ့သလိုမျိုး ၊ ပစ္စပ္ဗုန်မှာလည်း ဖေဖေ့ ရဲ့ နွေးထွေးနူးညံ့တဲ့ ဆက်ဆံမူကို မျှော်လင့်စောင့်စား နေရှာဆဲ ပဲ ။
ဖေဖေနဲ့ အတူ နေထိုင်ကြီးပျင်းခဲ့ကြတဲ့ သူတို့ ညီအမတွေဟာ ဖေဖေ့ မျက်နှာရိပ် မျက်နှာကဲ နဲ့ စိတ် အထားအသိုကို ၊ အလိုလို နားလည်နိုင်ကြပေမဲ့ ၊ မေမေ့ ကို ချစ်သေးရဲ့ လား . . . အနည်းဆုံး သမုဒယ အကြွင်းအကျန်လေးတွေ ရှိသေးရဲ့ လား . . .ဒါမှမဟုတ် အနေအထိုင် စရိုက် ခံစားချက်တွေ ပိုပြီး ဝေးသထက် ဝေးသွားတာလား . . .ဆိုတဲ့ ဖေဖေ့ရဲ့ မာကျောဟန်ရှိတဲ့ နှလုံးသားကိုတော့ ဘယ်လိုနည်းနဲ့ မှ မခန့်မှန်းနိုင်ကြဘူး ဖြစ်နေရတယ် ။ မေမေ့ ကို ပေါ့ပေါ့ပါးပါး ဖြစ်အောင် နောက်ပြောင် ကျီစယ် ယုံက လွဲလို့ ဘယ်လို သတင်းစကား ယုံမှားခံစားချက်ကိုမှ မပေးနိုင်လောက်အောင် အစွမ်းအစ တုံးနေကြရတယ်။ ဟိုးတချိန်တုန်းကလို . . . “အမေ့ကို ပြန်ခေါ် ဖို့ နင်တို့ အဖေကို ပြောလေ..” ဆိုတဲ့ အဘွားရဲ့ တိုးတိုး ကြိတ်ကြိတ် အသံကို ပြန်ကြားယောင်လာ တဲ့ အခါမျိုးမှာတော့ သူတို့ ခံစားချက်တွေဟာ ၊ ၀မ်းနည်းမူတွေနဲ့ ပြန် ရွှန်းစို လာတတ်တယ်။ ပြီးတော့လည်း မေ့မေ့ ပျောက်ပျောက် ကိုယ့်ဘ၀ ကိုယ့်မိသားစု ဆိုတာတွေထဲ ကျပျောက် သွားကြပြန်တာပဲလေ ။ ဖေဖေ တို့ မေမေ တို့ ဒီ အသက် ဒီအရွယ်ကြီးတွေပဲ ရောက်နေပြီ … ကိုယ့် တရား ကိုယ် အားထုတ်.. ဘာကိုများ ပြန်ပေါင်းထုပ်ဖို့ လိုသေးလို့ လဲ လို့ အလိုလို ပုဒ်မ ချ ပစ် လိုက်မိကြတယ် ။
ရန်ကုန်မှာ မေမေ နဲ့ အတူနေတဲ့ သမီးကြီး ဆီကို နယ်က ဖေဖေက လာခဲလှပေမဲ့ ၊ နယ်မှာ ဖေဖေ နဲ့ အတူနေတဲ့ သမီးလတ် ဆီကိုတော့ ၊ မေမေက အကြောင်းတိုက်ဆိုင်တိုင်း ရောက်လာတတ်တယ်။ အဲဒီအိမ်လေးကလည်း သူမြတ်နိုး ခဲ့တဲ့ သူ့ အိမ်ကလေး မဟုတ်လား။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်နီးပါးလောက်ကတည်းက ထားရစ်ခဲ့ရတဲ့ သူ့အိမ်ကလေးကို ပိုင်ပိုင်နိုင်နိုင် ခြေချ နေထိုင်ဖို့တော့ မဖြစ်နိုင်တော့ဘူးပေါ့ ။ ရောက်တာနဲ့ အိမ်ရှေ့လာလိုက် အိမ်နောက်သွားလိုက် အပြင်ထွက်လိုက် ပြန်ဝင်လာလိုက် ရှုပ်ရှက်ခက်နေတတ်တဲ့ မေမေ့ကို ၊ အနေအထိုင် စည်းကမ်းကြီးလှတဲ့ ဖေဖေက ၊ သူ စာထိုင်ဖတ်နေကြ ခုံကနေ အ၀င်တချက်.. အထွက်တချက် လှမ်းကြည့်တာလောက် အပြင် ၊ စကားအပို မပြောဘူး ။ မနေနိုင်တဲ့ မေမေကသာ ၊ သမီးကို ပြောသလို မြေးကို ပြောသလို နဲ့ သူပြောချင်တာလေးတွေ ညှပ်ပြီး ဖေဖေ ကြားအောင် ပြောရရှာတယ်။ ရန်ကုန်ပြန်ရောက်သွားရင်လည်း နယ်မှာ နေတဲ့ သမီးလတ် ဆီ ကို မနက်တခါ ညတခါ လောက် ဖုန်းဆက်တတ်တယ်။ တခါတလေ တဖက်က ဖုံးကိုင်တဲ့သူက ဖေဖေ ဖြစ်နေရင် ၊ မေမေ့အတွက် နေကောင်းလား လို့ တချက်လောက် တော့ နှုတ်ခွန်းဆက်နိုင်တယ်လေ။ တနှစ်တခါလောက် ဖေဖေ ရန်ကုန်ကိုလာပြီး ဆေးစစ် မျက်စိပြ လုပ်တဲ့ အချိန်တွေဆို မေမေ့ မှာ အိပ်ယာပြင်ရ ၊ ဟင်းစီစဉ်ရ နဲ့ နေစရာကို မရှိဘူး။ အဲဒီလို အခါမျိုးဆို သမီးတွေတင်မက မြေးတွေက အစ ၊ မေမေ့ကို နောက်ကြ ပြောင်ကြရော ။
ဘာလုပ်လုပ် အဖေကို သာ ရှေ့တန်းတင် အလေးဂရုထားကျင့် ဖြစ်နေတဲ့ သူတို့ ညီအမ တွေ ဟာ၊ တခါတလေ တော့လည်း မေမေ့ကို နောက်စရာ ပြောင်စရာ ချစ်စနိုး လုပ်နေမိတာ ထက်ပိုပြီး နေရာပေးမိ အလေးထားမိရဲ့ လား လို့ ပြန်စဉ်းစားကြည့်မိ တယ်။
သူဆိုလည်း . . . မေမေပြောလည်း ပြောလောက်စရာ ။ ကြားထဲမှာ မေမေ့ဆီ တခါတလေ ညအိပ်သွားတာ ၊ မေမေ ဆရာမ အလုပ်နဲ့ နယ်ပြောင်းတဲ့ မြို့တွေကို လိုက်ပြီး တပတ်တလေ အလည်လိုက် ဘူးတာလောက်က လွဲ လို့ ၊ သူ. . . မေမေ နဲ့ ပထမဆုံး အသေအချာ အတူ နေဖူးတာဟာ ၊ အသက် ၂၄နှစ် အရွယ်ရောက်မှ ဆိုတော့ ၊ အနေစိမ်းမယ် ဆိုလည်း စိမ်းလောက်ချင်စရာပေါ့ ။ နောက် ၂ နှစ်လောက်နေတော့တခါ ၊ မွေးမိခင် ကိုတင်မက အမိ မြန်မာပြည်ကို တောင် ထားရစ်ခဲ့မိပြန် ။ အခု ဒီအသက်အရွယ်ကြီး ရောက်နေတာတောင် မြန်မာပြည် ပြန်လည်လို့ ၊ မေမေ နဲ့ အိပ်တဲ့အခါ ၊ ကလေးလေး တယောက်လို ထွေးလိုက် ဖက်လိုက် လုပ်ရင် ၊ သူ မနေတတ်တာ ၊ မေမေသိရင် စိတ်မကောင်းဖြစ်မှာ သေချာတယ်။
မနှစ်က ဒီဇင်ဘာ ရန်ကုန်ရောက်တော့ ၊ မေမေ့ အိပ်ယာထဲ တိုးတိုးဝှေ့ဝှေ့ ၀င်အိပ်ဖြစ်တယ်။ အိပ်ယာဝင် နောက်ကျတတ်တဲ့ သူ့ကို မေမေ မစောင့်နိုင်ပဲ အိပ်နှင့်ပေမဲ့ ၊ သူ ခြင်ထောင်ထဲ ၀င်တာနဲ့ တရေးနိုးပြီး ခေါင်းအုံးတွေခု . . .စောင်တွေ ခြုံ နဲ့ လုပ်တော့တာပဲ ။ ပြီးတော့ သူ့ နဖူးက ဆံပင်ကို သပ်တင်ပေးရင်း ပြတင်းပေါက်က မြင်နေရတဲ့ မီးရောင်တွေ ပျောက်တိ ပျောက်ကျားနဲ့ ကောင်းကင်ကြီးကို ငေးကြည့် နေတယ်။ လမင်းကြီးသာ ထိန်ထိန်သာနေ လို့ကတော့ မေမေ တယောက် ငိုအုံးမှာ ဆိုတာ သိနေတယ်။ မေမေ့ရဲ့ ထူးခြားချက် တခုက အင်မတန် အလွမ်းသန် အဆွေးသန် သလောက်၊ တဖက်မှာလည်း ပျော်ပျော်ပါးပါး သွားသွားလာလာ ရှိလွန်းလှတယ်။ တခါတလေ ရေဒီယိုက လာတဲ့ မောင်မောင်ညွန့် သီချင်း ကို နားထောင်ပြီး တအိအိ နဲ့ ရှိုက်နေရင်း ၊ ခဏနေတော့ သူ့မိတ်ဆွေတယောက်ဆီ ဖုံးကောက်ခေါ်ပြီး စကားတွေ ဖောင်လောက်အောင် ပြောချင် ပြောနေပြန်ရော ။ အဲဒီ ခံစားချက် အစွန်း နှစ်ခု ကိုပဲ ဟိုဘက် ဒီဘက် ပြောင်းပြီး မျှခြေ လုပ်ယူ ရင်း ၊ သူ့ ရဲ့ အထီးကျန် နှစ်တွေကို ဖြတ်သန်းကျော်လွှားနိုင် ခဲ့ တာပဲ ထင်ပါရဲ့ ။
“ . . . အဲဒီတုန်းက နင်တို့အဖေက ဆရာမကို လူကြုံပေးလိုက်ချင်လို့ ပါ ဆိုပြီး ရောက်လာတာလေ . . .မေမေက တူတယ်လုံခြည် နက်ပြာမှာ အဖြူပွင့်လေးတွေနဲ့ တပတ်လျှို ဆံထိုးလေး ထုံးထားတာ . . . ” လို့ မေမေ စကား စ လာကတည်းက ၊ အင်း. . .တူတယ်လုံခြည် ဇတ်လမ်းတော့ နားထောင်ရတော့မယ် လို့ စိတ်ထဲက ကြိတ်ပြီး တွေးလိုက်တယ်။ အဲဒီ မေမေ့ ရဲ့ တူတယ်လုံခြည်အလွမ်း ကို သူတို့ ဖန်တရာတေအောင် ကြားဖူးနေခဲ့ပြီးပြီလေ ။ သူသိပြီးသား အကြောင်းတွေကိုပဲ ပြန်နားထောင်နေရရင်း လူကတော့ အိပ်ချင်နေပြီ ။ တဖြည်းဖြည်းနဲ့ မေမေ့ ဓါတ်ပြားကြီးက ၊ ကြည်နူးစရာ ဇတ်ကြောင်းပြန် ကနေ ၀မ်းနည်းစရာ စိတ်ပျက်စရာ ဇတ်ဝင်ခန်းတွေ ဖက်ကို ရောက်ပြီး အသံအက် လာတယ် ။ မေမေ့ စကားလုံးတွေ က သူ့နားထဲ ၀င်တချက် မ၀င်တချက် ဖြစ်နေတုန်း ၊ တဒုန်းဒုန်း နဲ့ ကုတင်ကြမ်းပြင်ကို လက်သီးဆုပ် နဲ့ ထုတော့မှ မျက်စိပြန်ကျယ်သွားတယ်။ မျက်ရည်တွေ နဲ့ တရွှီးရွှီး တရွှဲရွှဲ ဖြစ်နေတဲ့ မေမေဟာ ၊ သူ့ ဇာတ်ကြောင်းပြန် ရဲ့ ဘယ်နေရာမှာ ဇာတ်ရှိန်တက်ပြီး ဘယ်လို ဒေါသ တွေ ထွက်လာသလဲ ဆိုတာကို သတိမထားလိုက်မိဘူး။ တယောက်ထဲ ၀မ်းနည်း ပမ်းနည်း ဖြစ်နေတဲ့ မေမေ့ ကို ကြည့်ပြီး စိတ်ရှုပ်နေမိတယ်။ “ တော်ပါတော့ မေမေရယ်. . . သမီးလည်း အိပ်ချင်နေပြီ ” လို့ ပြောလိုက်တော့.. “ အေးပါ..အေးပါ ” ဆိုပြီး တဖက် လှည့်သွားတဲ့ မေမေ့ကို ၊ အခုမှ ပြန်ပြီး သနားနေမိတယ်။ တကယ်ဆို မေမေ့ရင်ထဲက အစိုင်အခဲ တချို့ ကို မချေဖျက်ပေးနိုင်ရင်တောင် ၊ တခါတလေလေး သူရင်ဖွင့်ချင်တာလေးတွေကို အရေးတယူ နားထောင်ပေးခဲ့ သင့်တာပေါ့ နော် ။
တရက်တော့ ၊ သူ ၀ယ်လာတဲ့ စာအုပ်တွေထဲက ၊ မာမာအေး ရဲ့ “ ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း” ဆိုတဲ့ စာအုပ်လေးကို ယူဖတ်ရင်း ၊ မေမေ တယောက် မာမာအေး ရောဂါ တက်တော့တာပဲ ။ အဆိုတော်ကြီး မာမာအေး ရဲ့ ပုဂ္ဂလဘ၀ အကြောင်း ရင်ဖွင့်ထားတဲ့ အထဲက အိမ်ထောင်ရေးမလှပ ခဲ့တဲ့ အဖြစ်တွေက မေမေ့ကို စွဲဆောင်သွားခဲ့တယ် ထင်ပါရဲ့ ။ စာအုပ် ဘာညာ ဖတ်ခဲလှတဲ့ မေမေဟာ ၊ မာမာအေး အကြောင်း ပါတဲ့ စာအုပ်မှန်သမျှ ရှာခိုင်းတော့တာပဲ ။ ဖြစ်ချင်တော့ အဲဒီတုန်းက မာမာအေးက အမေရိကန် ကနေ ရန်ကုန် ခဏပြန်လာတဲ့ အချိန် ။ ဂျာနယ်တွေထဲမှာ လည်း ၊ မာမာအေး အကြောင်းတွေချည်း ။ စာရေးကောင်းတဲ့ သူ့ ခင်ပွန်းဟောင်းကတောင် ဂျာနယ်တစောင်မှာ အတိတ်တွေကို ပြန်ပြောင်း ရော်ရမ်းရင်း အချစ်ရဲ့ ဒသာန တချို့ကို တို့ထိ သွားခဲ့တော့ ၊ မေမေ့ မှာ စာတပိုဒ် ဖတ်လိုက်.. “ ဟဲ့ သူ့ယောက်ျားကြီးကလည်း ကျနော် လေဆိပ်မှာ သွားကြိုချင်ပါတယ် လို့ ပြောတယ်တဲ့ ဟဲ့.. ” လို့ ပါးစပ်က ပြောလိုက် နဲ့ အလုပ်ရှုပ်နေတော့တာပါပဲ ။
ကဲ. . . အဲဒါနဲ့ ၊ အမျိုးသားကဇာတ်ရုံ မှာ လုပ်တဲ့ မာမာအေး ရဲ့ ဒုတိယ မြောက် ပြည်တော်ပြန် ဂီတပဒေသာပွဲကြီး ကို ၊ မေမေ့အတွက် လက်မှတ် မရ - ရ အောင် ဖြတ်ရတော့တယ်။ သူကိုယ်တိုင်လည်း မာမာအေး ရဲ့ သီချင်းတွေ ကို နှစ်သက် မြတ်နိုးတဲ့ သူဆိုတော့ ၊ အဲဒီ ဂီတပဒေသာပွဲ ကြီးကို ကြည့်ခဲ့ရတာ တကယ့်ကို တန်ဖိုးမဖြတ်နိုင် မမေ့နိုင်အောင်ပါပဲ ။ အစောပိုင်းမှာ ကာလပေါ် ခပ်မြူးမြူး သီချင်းလေးတွေ နဲ့ စ ပေမဲ့ ၊ သမ္ဘာ့ သမ္ဘာကြီး ဒေါ်မာမာအေးကလည်း သူ့ ကို အဆွေးဘုရင်မ အဖြစ် လူသိများစေခဲ့တဲ့ တကယ့် ခံစားချက်အစစ် အနှစ်တွေကို တဖြည်းဖြည်းချင်း ဆွဲထုတ်လာရင်း ၊ ပရိတ်သတ် ရဲ့ နှလုံးသားတွေကို ပဲ့ကြွေ ပျော်ဆင်းလာအောင် တကယ်ပဲ စွမ်းဆောင် နိုင်ခဲ့တယ်။ အဲဒီနေ့က မှတ်မှတ်ရရ ၊ မလှမ်းမကမ်းက ခုံမှာ ထိုင်နေတဲ့ သူငယ်ချင်းနဲ့ သူ့မိခင်ကြီးကို လှမ်းမြင်တော့ လက် လှမ်းပြ ရင်း ၊ ပွဲကြည့်လာသူတွေရဲ့ အသက်အရွယ် နဲ့ အနေအထားတွေကို သတိထားမိပြီး တယောက်တည်း ပြုံးမိနေတယ်။ ခဏနေတော့ သူငယ်ချင်းက.. သူ့ အနားကို ရွှေ့လာထိုင်ရင်း အဆစ်အမြစ်တွေယောင်တဲ့ ရောဂါ ဖြစ်နေလို့ ကြာကြာသိပ်မထိုင်နိုင်တဲ့ မိခင်ကြီးကို တကူးတက လိုက်ပြရတာ ဖြစ်ကြောင်း ၊ အပြီးထိ မကြည့်နိုင်တဲ့ အကြောင်း ပြောတယ်။ ရာသက်ပန် ယောဂီ ၀တ်ထားတဲ့ သူငယ်ချင်းရဲ့ မိခင်ကြီးကို လှမ်းကြည့်ရင်း ၊ သြော် သူလည်း မာမာအေး တို့ ၊ မေမေ တို့ နဲ့ ဘ၀တူပါပဲလား ဆိုတာကို သတိရသွားတယ်။ မြန်မာ့စန္ဒယားလက်ကွက် ကို ကျွမ်းကျင်နိုင်နင်းစွာ တီးတတ်တဲ့ ၊ အဲဒီ သူငယ်ချင်းက ၊ စန္ဒယား အောင်ခင် လက်သံ က ဘယ်လို ၊ စန္ဒယား မျိုးနိုင်က ဘယ်လို ဆိုတာတွေ ပြောပြနေပေမဲ့ ၊ မာမာအေး ရဲ့ ချိုနွဲ့ သလောက် သာယာ ညှင်းပြောင်းလှ တဲ့ အသံနေ အသံထား ၊ စကားပြေ စာသား တွေကိုသာ ဂရုစိုက်နားထောင် နေမိတယ်။
အို. . အို့ . . . အိုး . . . ကိုယ့်တယောက်တည်း . . . . . ပိတောက်လမ်းဝယ် . . . .လျှောက်လှမ်းချင်ပါတယ်. . .
စီလွင် ချိုကြည် လှတဲ့ အဆိုတော်ကြီး မာမာအေး ရဲ့ အရှိုက်အငင်က ရင်ထဲမှာ လှိုက်တက်လာ သလို ဖြစ်လာတုန်း ၊ ရွှတ်ကနဲ နှာခေါင်းသံ ကြားတော့ ၊ မေမေ ရယ်လေ. . . ပါးပေါ်မှာ မျက်ရည်တွေ စီးလို့ ။ ဘေးက သူငယ်ချင်းကို လက်တို့ ပြီး ပြ တော့ ၊ သူ့အမေလည်း ခုလောက်ဆို ငိုနေလောက်ပြီ သွားကြည့်လိုက်အုံးမယ် ဆိုပြီး နေရာ ပြန်ရွှေ့သွားရှာတယ်။ သြော် . . . မိန်းမသားတွေ ရဲ့ နှလုံးသား တွေ ဟာ ၊ မျက်ရည်တွေ နဲ့ ဆေးကြော ဖောက်ထုပ် ပစ်နိုင် ကြလို့ သာပဲ . . . လို့ တွေးနေမိတယ်။ ဘာပဲ ပြောပြော အရင်ညက ပိတ်ပင်လိုက်မိတဲ့ မေမေ့ မျက်ရည်တွေ ကို ၊ အဲဒီညက ဖောက်ထုပ် ယိုစီး ခွင့် ပေး လိုက် နိုင်မိတဲ့ အတွက် ၊ တော်ပါသေးရဲ့ လို့ စိတ်သက်သာရာ ရခဲ့မိတယ်။
မာမာအေး ရဲ့ သီချင်းတပုဒ်စီ ကို သူဖတ်ထားမိတဲ့ အကြောင်းအရာ အပိုင်းအစ တွေ နဲ့ ၊ လျှောက်ဆက်စပ် ကြည့်နေတဲ့ မေမေ့ ကို ၊ နောက်တရက် . . . SONY MP3 Player ကလေး တလုံး သွားဝယ်ပြီး မာမာအေး သီချင်းတွေ အပြည့် ထဲ့ပေးလိုက် တော့ ၊ မေမေ့ မျက်နှာကြီး လင်းပ သွားရှာတယ်။ ပုတီး မျိုးစုံရယ် ၊ သီချင်းနားထောင်တဲ့ နားကျပ် ကြိုးတွေရယ် ရှုပ်ပွနေတဲ့ မေမေ့ အိပ်ယာ ကို ကြည့်ပြီး သူ ပြုံး မိတယ်။ တခါတလေ လက်က ပုတီးကိုင် ထားပေမဲ့ ၊ နားမှာ နားကျပ် တန်းလန်း နဲ့ မာမာအေး သီချင်းတွေကို နှာခေါင်းသံ လေးနဲ့ ခပ်တိုးတိုး လိုက်ဆိုညည်း နေတတ်တဲ့ မေမေ့ကို ၊ “အဘွားကတော့ ဒရာမာကွင်းပဲကွာ ” လို့ မြေးမ တယောက်က ဘေးက နောက်သွားလည်း မေမေ မကြားပေ ။ ကြားရင်လည်း ဒရာမာကွင်း ဆိုတာ သူ့ကို လှောင်တာလို့ သူ သဘောပေါက်ချင်မှ ပေါက်ပေမည်။
ဘာပဲပြောပြော အသက် ၇၀ ကျော် မေမေ့ အတွက်တော့ ၊ မာမာအေး သီချင်းလေးတွေ နားထောင်ရင်း သူ့ နှလုံးသားတွေက အမြဲ နုပျိုနေပေလိမ့်မည် ။ သူ့ ခံစားချက်တွေက အမြဲ နွေးထွေးနေပေလိမ့်မည်။ တူတယ်လုံခြည် နက်ပြာလေးက အမြဲ သစ်လွင်နေသလို ၊ အကြောင်းမရှိ အကြောင်းရှာ လူကြုံလာပေးတဲ့ လူရွယ် ရဲ့ မျက်ဝန်းတွေကလည်း အမြဲ တောက်ပ ရွှန်းစို နေပေလိမ့်မည်။ အကယ်လို့များ နာကျည်း ၀မ်းနည်းမူတွေ ပြည့်လျှံ လာရင်လည်း ၊ အဝေးက မေမေ့ အတွက် သူ စိတ်မပူလှပါ ။ သွန်ထုပ် ဖောက်ချ ပစ်လိုက်ဖို့ မေမေ့ မှာ မျက်ရည်တွေ မခမ်းနိုင်အောင် ရှိနေသေးသည်ပဲ ။
စာကြည့် စားပွဲပေါ်က မေမေ့ရဲ့ ပျိုမြစ်စဉ်က ဓါတ်ပုံဟောင်းလေးကို လှမ်းကြည့်မိရင်း ၊ အမေနေ့ လို့ ပြောနေကြတဲ့ ဒီကနေ့မှာ ထူးထူးခြားခြား သတိရနေမိတယ်။ အခု အချိန်ဆိုရင်တောင် ၊ မေမေ တယောက် နားကျပ်ကလေး တပ်ပြီး ၊ မေ့ကွက်ကို ရှာ . . . ရှာသူ မောင်ရေ . . . မေ ဘယ်သူ့ကိုမှ အပြစ်လည်း မတင်လိုပေ . . လို့ ဆိုညည်း လွမ်းဆွတ် နေလေမလား ။ ဒါမှမဟုတ် သူ့ မိတ်ဆွေ တွေ နဲ့ ဖုံးတွေပြော ပြီး ၊ ရွှင်လန်းတက်ကြွ နေလေ မလား ။
ကေသွယ်
၆ နာရီ ၆ မိနစ်၊ ဇန်န၀ါရီ ၁၇ ရက် ၂၀၁၄
ကာဂူးလီ
မေမေ ငိုဖို့ စာလေးတပုဒ်
ကလေးဘ၀ နေ့များ
တနေ့ က.. all about bloggers ဆိုတဲ့..ဖေ့စ်ဘွတ်ခ် စာမျက်နှာလေး မှာ.. ကိုပေါ ဆိုတဲ့..ဘလော့ဂါ ကြီးက.. တနေရာက နေ ရ လာ တဲ့ စာလေး တခု ကို ဝေမျှ လိုက်တော့.. ဘလော့ဂါ တော်တော်များများ ရဲ့.. စိတ်အတွေး တွေ..ရုတ်တရက် ထ ပျံပြေးကုန် ကြ တော့တယ်။
First, we survived with mothers who had no maids. They cooked /cleaned while taking care of us at the same time.
We would spend hours on the fields under bright sunlight flying our kites, without worrying about the UV ray which never seem to affect us.
We would leave home in the morning and play all day, till street lights came on.
No one was able to reach us all day. WE DID NOT HAVE HANDPHONE S TO BUG US. And we were O.K. AND WE WERE SAFE.
No one was able to reach us all day. WE DID NOT HAVE HANDPHONE S TO BUG US. And we were O.K. AND WE WERE SAFE.
We went to the jungle to catch spiders without worries of Aedes mosquitoes.
With mere 5 pebbles (stones) would be a endless game. With a ball (tennis ball best) we boys would run like crazy for hours.
We caught guppies in drains / canals and when it rained, we swam there.
With mere 5 pebbles (stones) would be a endless game. With a ball (tennis ball best) we boys would run like crazy for hours.
We caught guppies in drains / canals and when it rained, we swam there.
We rode bikes or walked to a friend's house and just yelled for them!
We shared one soft drink with four friends, from one bottle and NO ONE actually worried about being unhygienic.
We shared one soft drink with four friends, from one bottle and NO ONE actually worried about being unhygienic.
We fell out of trees, got cut, broke bones and teeth and we still continued the stunts.
We ate salty, very sweet & oily food, candies, bread and real butter and drank very sweet soft sweet coffee/ tea, ice kacang, but we weren't overweight because.......
WE WERE OFTEN OUT PLAYING!!
We ate salty, very sweet & oily food, candies, bread and real butter and drank very sweet soft sweet coffee/ tea, ice kacang, but we weren't overweight because.......
WE WERE OFTEN OUT PLAYING!!
We never had birthdays parties till we were 21
+++++++
ဆိုတော့.. ပျံပြေးသွားတဲ့ ဆီ က ၊ ကလေးဘ၀ က နေ့ရက်များ ဆီ ကို ပေါ့။
တကယ်ကိုပါပဲ။ အဲဒီတုန်းက ဆို.. ကလေး တယောက် လူဖြစ်ဖို့ .. ဒီလောက်ကြီး မခဲယဉ်း လှ ဘူး ထင်တာပါပဲ ။ ကျောင်းသွားတော့..ကိုယ့် မြို့ ၀ိုင်းလေး ထဲ။ ဆော့ကစား တော့..ကိုယ့်ရပ်ကွက်..ကိုယ့်လမ်း.. ထဲ ။ မောင်နှမ များတဲ့ ကိုယ် တို့ တွေ ဆို..ကိုယ် ခြင်း မောင်နှမ တွေ နဲ့ တင်..ကိုယ့်ခြံ ၀ိုင်း ထဲ စိတ်ကြိုက် ဆော့ စမ်း ။
တကယ်ကိုပါပဲ။ အဲဒီတုန်းက ဆို.. ကလေး တယောက် လူဖြစ်ဖို့ .. ဒီလောက်ကြီး မခဲယဉ်း လှ ဘူး ထင်တာပါပဲ ။ ကျောင်းသွားတော့..ကိုယ့် မြို့ ၀ိုင်းလေး ထဲ။ ဆော့ကစား တော့..ကိုယ့်ရပ်ကွက်..ကိုယ့်လမ်း.. ထဲ ။ မောင်နှမ များတဲ့ ကိုယ် တို့ တွေ ဆို..ကိုယ် ခြင်း မောင်နှမ တွေ နဲ့ တင်..ကိုယ့်ခြံ ၀ိုင်း ထဲ စိတ်ကြိုက် ဆော့ စမ်း ။
တကယ်တော့.. ညီအမ တွေ အားလုံး မွေးတုန်းကတော့..အမေ့ ဖက်က အဖွားတို့ အိမ်မှာ မွေးခဲ့တာ။ ဖေဖေ ရော မေမေ ရော ကျောင်းဆရာ ဆရာမ တွေ ဆိုတော့.. အမေဖက်က..အဖွား နဲ့.. ဒေါ်လေး တွေ ရဲ့ လက်ပေါ် မှာပဲ.. အနေ များ ခဲ့ သည်။ ငယ်စဉ်ကြီးလိုက် နှစ်နှစ်လောက် ဆီပဲ ခြားတဲ့..ကလေး ဘုစုခရု ငါးယောက် ကို သည်းခံ စိတ်ရှည် ခဲ့တဲ့.. ဒေါ်လေးတွေ နဲ့ ဦးလေးငယ် တို့ နေရာ မှာ ခုနေ ပြန်ဝင် ကြည့်တော့..သိပ်တော့ မလွယ်လှ ။
ကျောင်းစ ထား တဲ့ အရွယ် ရောက်တော့ . အဖေမျိုး တွေ ဖက် ရောက်သွား ခဲ့ သည်။ အဲဒီတော့.. ပြက်ပြက်ထင်ထင် မှတ်မိ တဲ့ ကလေးဘ၀ တွေ ကတော့..အဲဒီ ခြံဝိုင်းလေး ထဲ မှာပဲ ဖြစ်နေ ခဲ့ တယ်။
ခြံဝိုင်း ဆို ပေ မဲ့ လို့.. အကြီး မယ် ကြီး မဟုတ်သလို.. ကျဉ်းကျဉ်းကျုတ်ကျုတ် ကလေး လည်း ဟုတ်ဘူး ရယ်။ ( ကိုယ်တို့ အရပ်မှာ.. အလွန်ကြီးတယ် ဆိုရင်.. အကြီး အမေကြီး လို့ ပြောတတ်တယ်။ အသံ ထွက်တော့..အကြီးမယ်ကြီး ဖြစ်သွားရော )
လမ်းထိပ်မှာ ဈးဆိုင်ကြီး နဲ့ အိမ်ခပ် ကြီးကြီး ရှိ တဲ့..စီးပွားရေးသမား ကြီးဒေါ်က.. အစိုးရ ၀န်ထမ်း တွေ ဖြစ်တဲ့ သူ့ မောင် နှစ် ယောက် ကို.. လမ်းထဲ အလယ်မကျ တကျ လေး မှာ.. ခြံဝိုင်း လေး အသင့်အတင့် နဲ့..အိမ် နှစ်လုံး ကပ်ရပ် ဖြစ်အောင် စီစဉ် ထားသည်။
အိမ် နှစ်လုံးက လည်း ကပ်သလား မမေး နဲ့.. ကြားထဲ မှာ..ဒန့်သလွန်ပင် တပင်၊ ဇီးချိုပင် တပင် နဲ့.. ရေ ထဲ့ တဲ့ ကျောက်ဆည် လေး ငါးလုံး က လွဲ ရင်..တအိမ့် တအိမ် လှမ်း မြင်..လှမ်း စကား ပြောလို့ ရ နေ တာပဲ ။ လူကြီးတွေ ကြားထဲ .. ညီအကိုခြင်း..မရီး မတ် ခြင်း တွေ..လင်ညီအမ ခြင်းတွေ ဘယ်လို ဆက်ဆံ ကြ သလဲ မသိ.. ကိုယ်တို့ ကလေး တွေ ကတော့.. အရွယ်တူ ခြင်း .. ဆိုဒ်တူခြင်းတွေ သူ့အဆိုင်း နဲ့ သူ..။ ဟိုဖက် အိမ်က ခုနှစ်ယောက် ၊ ဒီဖက် က.. ကိုယ် တွေ က..ငါးယောာက် လမ်းထိပ် က ကြီး ဒေါ် ရဲ့ သုံးယောက် .. ပေါင်း ဆယ့်ငါးယောက် သော တ၀မ်းကွဲ မောင်နှမ တွေ ၊ ရန်ဖြစ်လိုက်..ဖုန်တလုံးလုံး ထ အောင် ဆော့လိုက်.. တအိမ့်တအိမ်ကူး လိုက်.. သစ်ပင် တွေ လု လိုက်။
သစ်ပင် လု ရ တယ် ဆို တာ ဒီလို။
ကိုယ် တို့ အိမ် ရဲ့ လက်ယာ ဖက်ခြမ်း မှာ.. အမျိုးလည်း ကောင်း ၊ သီးအားလည်း ကောင်း တဲ့..မာလကာပင် အကြီးမယ် ကြီး တခု ရှိတယ်။ လူ့ ခါး လောက် မရောက်တရောက် ခုန်တတ်လို့ ရ တဲ့ ပင်စည်ခွ ကလေး ကနေ ပြီးတော့.. ပတ်ပတ် လည် ကို အကိုင်းကြီး လေးကိုင်း နဲ့ ထောင်တက် သွားလိုက်တာ.. နှစ်ထပ်အိမ် ကို တောင် ကျော်ချင်ချင် ရယ်။ မာလကာပင် က လည်း သီးအားကောင်းသလား မမေး နဲ့.. မိုးတွင်း တတွင်း လုံး..သီး တဲ့ အပြင် နွေ မှာတောင် နွေသီး ကျွတ်ဆတ်ဆက် က လေး တွေက.. ပို စားကောင်း နေ သေးတယ်။ လူကြီး တွေ က .. အိမ် အပေါ်ထပ် ပြတင်းပေါက် တို့ ဗရံတာ တို့ ကနေ ပြီး ၀ါးတံချု နဲ့ ခူးစား ကြ ပေ မဲ့..၊ ကိုယ် တို့ ခလေး တသိုက် က တော့..၊ မိုးလင်း တာ နဲ့..မာလကာ ပင် ပေါ် ရောက် နေ ပြီ ။ တကယ့်တကယ် တလုံး နှစ်လုံးထက် လည်း ဘယ် ပို စားနိုင် မှာ လည်း ။ အပင် ပေါ် တက်ခွ ရ တာ ကို က..ပျော်စရာ ကောင်း နေတာ။ အလကား နေ အလကား ဟိုး အရွက်ကြို အရွက်ကြား ထိပ်ခေါင် ကိုင်း တွေ ကြားက..အသီး ၀င်းဝင်း ပွပွ ကြီး တွေ တွေ့ရင် ကိုပဲ.. ရတနာသိုက် ကြီး တွေ့ သလိုလို ။ တွေ့သမျှ ခူး ပြီး အပင်အောက်က..ကျောက်စည် ထဲ သာ၊ ပြစ်ချ ထား လိုက် ။ လမ်းထဲက.. အိမ်နီးနားခြင်း တွေ ကလည်း သွားရင်း လာရင်း ၀င် လာ တောင်းစား သွား တာ ပဲ။
အဲဒီ မာလကာ ပင် နဲ့ ပတ်သတ်လို့ မောင်နှမ တွေ လည်း တော်တော့်ကို သွေးကွဲ ကြ ရတယ်။ သွေးကလည်း တ၀က်က ကွဲ ပြီး သား ဖြစ်နေတာကိုး။ မောင်နှမ တွေ အားလုံး ထဲ မှာ အဲဒီ မာလကာပင် ကို ကျွမ်းကျွမ်းကျင်ကျင်..ကိုင်းကျို ကိုင်းကြား..ကိုင်းဖျား ကိုင်းနား အထိ တတ်နိုင် တဲ့သူ က၊ နှစ်ယောက် ပဲ ရှိတယ်။
ဟိုဖက် အိမ်က.. အငယ်ဆုံး ကောင် မင်းမင်း ရယ် ၊ လမ်းထိပ် က..ကြီးဒေါ်သမီး မမငယ် ရယ် ။ သူတို့က သစ်ပင်တက် ကျွမ်း တော့ အသီးကောင်း ကောင်း ပွပွ ၀င်းဝင်း လေး တွေ ဆိုတာ..သူတို့ လက်ထဲ မှာ ချည်းပဲ။ တခါတလေ..ဒီဖက် အိမ်က လူတွေ..အိပ်ယာ မ နိုးသေးဘူး.. မင်းမင်း က.. သစ်ပင်ပေါ် မှာ..တချွတ်ချွတ် နဲ့ ရောက်နေပြီ။ ကိုယ် တို့ ညီအမ တွေ ကလည်း ရှိတဲ့ ဥစ္စာကို ရှာကြံ ခြောက် တာ ပဲ ။ ဒါ..ငါတို့ မာလကာပင် ကြီး ပေါ့ ။ တခါ တလေ လည်း.. လမ်းထိပ် အိမ် ကနေ..တယောက်တည်း ပျင်းလွန်းလို့ လာ ဆော့ တဲ့.. တဦးတည်းသော သမီး မမငယ် ကို လည်း.. ခြံဝိုင်း ထဲ ရောက်တာ နဲ့.. ဟိုဖက် အိမ် နဲ့ ဒီဖက်အိမ် ယာယီ မဟာမိတ် ဖွဲ့ ပြီး..၀ိုင်း ပညာ ပြ ကြ လို့..ခဏခဏ ငို ပြန် ရ တတ် တယ် ။
အပင်တက် လည်း မကျွမ်း၊ အသီး လည်း မရှာတတ်တဲ့.. ကိုယ် ကတော့.. တနှစ် နဲ့ ခြောက်လပဲ ကွာ တဲ့. နို့ညှာ အမ မိတေ နဲ့ ပေါင်း ပြီး မာလကာ ပင် ကို ၊ အခြောက်တိုက် ပဲ တက် တာ များပါတယ်။ အခြောက်တိုက် ဆိုတာ က.. အလကား နေ အလကား ပျင်းတာနဲ့..အားတာနဲ့..အပင်ပေါ် တက်..။ သစ်တကိုင်း စီ ယူ ပြီး အိမ်လုပ်တမ်း ကစား ။ စာကျက်စရာ ရှိရင် လည်း စာအုပ်ကို အပင်ပေါ် ယူ ပြီး ကျက်။ သစ်ကိုင်း တွေ ဆိုတာလည်း လူဆီ တွေ ၀ ပြီး ၊ ပေါ်လစ် သုတ်ထားသလား အောက်မေ့ရတယ် ပြောင်ချော နေတာပဲ။ မာလကာပင် မိန်းမ တက် လို့ သာ သေရင်.. အဲဒီ အပင်ကြီးလည်း အစောကြီး တည်းက သေ ရော ပဲ။ တက်လိုက်တဲ့ မိန်းမ တွေ။
အဲ .. ဆောင်းတွင်း ရောက်လာပြီ ဆိုရင်တော့.. ဟိုဖက် အိမ်က..မောင်နှမ တွေ ကို မျက်နှာချို ပြန်သွေး ရ ပြန်တယ်။ ဘာလို့ဆို သူတို့ အိမ်နောက်ဖေးက..ဆီးသီးပင် ကြီးက.. အသီးတွေ ရဲရဲ နီ လာ ပြီ ကိုး။ မာလကာသီး ရာသီ ကလည်း ကုန်ပြီ။ ဆီးပင်ကတော့..အပင်တတ်လို့ မလွယ် သလို တက်စရာလည်း မလိုဘူး။ အကိုင်းတွေ အောက်မှာ ထောက်ထားတဲ့..၀ါးတံချု တွေကို တချက် နှစ်ချက် ပင့်လိုက် တာ နဲ့.. အောက် မှာ.. ခင်း ထား တဲ့ ဖွဲတွေ ပေါ် တဖြုန်းဖြန်း ကြွေတော့ တာပဲ။ အဲလို အချိန်ဆို..ဟိုဖက် အိမ်က.. အမ တွေ က လည်း ..ဟဲ့ အိမ်ခေါင်မိုးပေါ်.. ကျ ကုန်ပြီ တို့ ဘာတို့.. အော် ပေါ့။ ပြီးတော့ လည်း မောင်နှမ တွေ..ဟိုဖက်အိမ် က ငံပြာရည် ရယ်..ဒီဖက်အိမ်က.. ငရုတ်သီးမှုန့် ရယ် ကို ဇလုံထဲ ဆီးသီး နဲ့ ရောနယ် ပြီး.. တရှူးရှူးတရှဲရှဲ စားကြ ပြန်ရော။
မိုးဦးကျ သရက်သီး ပေါ် ချိန် က ..ဒီလောက် ပြသာနာ မရှိလှဘူး။ ဟိုဖက် အိမ်က..ရွှေနီသီး တွေ နဲ့..ဒီဖက်အိမ်က.. ရင်ကွဲသီး - အသီး လိုက် တာ ခြင်း က လည်း အတူတူ လောက် မို့၊ အပြန်အလှန် လဲ စား ကြ တာပဲ ။ တခြံကျော်က ကိုင်းကျ နေ တဲ့.. မချစ်စု ပင် ကြီး ကိုတော့.. နှစ်အိမ်လုံးက မောင်နှမ တွေ..အလစ်ချောင်း ပြီး..ခဲ နဲ့ ပြစ်ပြစ် စား တတ်တာ။ မိုးဦးလေဦးကျ လို့..တဗြုန်းဗြုန်း ကြွေပြီ ဆို ရင်တော့.. မရှက်တတ်သေး တဲ့..အငယ် တွေ က တာဝန်ယူ ပြီး ၊ မြောင်းထဲထိ ဆင်းကောက် ပဲ ။
တအုပ်လုံး နည်းနည်းလေး ရှိန် တာက လမ်းထိပ်က ကြီးဒေါ်ပဲ ရှိတယ် ။ ရှိန်တယ် ဆိုတာ ကလည်း.. သူက..ပိုက်ဆံအိတ် ကြီး ဖြစ်နေတော့.. ကျွေးအမေ လို ပေါ့ လေ။ ကြီးဒေါ်က.. စိတ်ကူးကလည်း ယဉ် တတ် သေးတာ။ သူက ၀မ်းကွဲ မောင်နှမ တွေ အကုန်လုံးကို..သိပ် စည်းလုံး ချစ်ခင် စေချင်သည် ။ ဒါတောင် တရုန်းရုန်း တအုန်းအုန်း နဲ့ လက်ရှိ မောင်နှမ ဆယ့်ငါးယောက် အပြင်၊ တခြားရပ်ကွက် တခု မှာ နေ တဲ့.. နည်းနည်း အနေဝေး တဲ့.. ကြီးကြီး တယောက် မှာ လည်း သားသမီး သုံးယောက် ရှိသေး တော့.. တရားဝင် စုစုပေါင်းက..ဆယ့်ရှစ်ယောက်။ အဲဒီ ဆယ့်ရှစ်ယောက် စလုံး ရဲ့..မွေးနေ့ မွေးရက် တွေကို အလွတ် ရ သူ အဖြစ် သူ့ကိုယ်သူ အင်မတန် ဂုဏ်ယူ တတ် သူ။ ငါက..ငါမွေးတာတင် မက..ငါ့မောင် ငါ့အမ က မွေးတာတွေ ကိုပါ.. တာဝန်ယူ နိုင်တယ်ဟေ့ လို့ လည်း ၊ လက်ခမောင်း ခတ်တတ်သူ။ သူ ကိုယ်တိုင် ဆုံးခန်း မတိုင် ခဲ့ တဲ့ ပညာရေး အတွက် ၊ အတိုးချ ချင် စိတ် က လည်း ကြီး လှ သည်။ သားသမီး တူမ တွေ တင် မက.. အနီး အပါးက..ကလေး တွေ ကို လည်း ၊ ပညာရေး အတွက် ဆိုရင်.. လာခဲ့ ပဲ ။ ကျောင်း အောင်စာရင်း တွေ ထွက်ပြီ ဆိုရင်… ကာယကံ ရှင် တွေ က အိပ်ကောင်းနေ တုန်း .. မနက် ၅ နာရီ တိုင်း မှန်မှန် လမ်းထလျှောက် တဲ့ ကြီးဒေါ် က.. အစောဆုံး သွားကြည့် ပြီး သွား ပြီ။ အိမ်ရှေ့ကနေ.. တလမ်းလုံး ကြားအောင် လာအော် ပြီး သွား ပြီ ။ ဘယ်သူ က ဂုဏ်ထူး ဘယ်နှယ်ခု.. ဘယ်ဝါက ဂုဏ်ထူးမပါ မောင်နှမ တွေ အတန်းကုန် ရှိသမျှ.. သူပဲ ဒိုင်ခံ ကြည့်ပေး တာ။
မောင်နှမ တွေ ကလည်း.. အရွယ်တွေက.. ဆိုင်းဝိုင်း ထဲက..ပတ်လုံးလေး တွေ လို.. အနိမ့် အမြင့် အဆင့်ဆင့် အစီစီ အရီရီ။ ပြောရရင် အတန်းတိုင်း မှာ တယောက် ရှိတယ် ဆိုပါတော့။ ကျောင်းဖတ်စာအုပ် ဆိုတာ.. ကြီးစဉ် ငယ်လိုက် အဆင့်ဆင့် လက်လွှဲ သွားလိုက်တာ မောင်နှမ ဆယ့်ရှစ်ယောက်မှာ အငယ်ဆုံး လာဖြစ်ရ တဲ့.. ကိုယ့် အတွက်တော့.. သေပြီ ဆရာပဲ ။ ကျောင်းစာအုပ် တင် မကဘူးလေ.. ကျောင်းဝတ်စုံ ဆိုလည်း.. အမ တွေ အဆင့်ဆင့် ဆီ က..ကျ လာတာ တွေ ဆိုတော့ ။
အသစ် ၀တ်ရ ပြီ ဟေ့ ဆို တော့ လည်း.. ယိမ်းထွက်သလား အောက်မေ့ ရတယ်။ အတွက် အချက် ကောင်း အကွက်လည်း စေ့ တဲ့ ကြီးဒေါ်က..ဘာဝယ်ဝယ် အုပ်လိုက် ၊ တောင်းလိုက်၊ ဒါဇင်လိုက် ဆိုတော့၊ ပိတ်တအုပ် ၀ယ်ထားပြီ ဆိုရင်..၀တ်ပေ တော့.. လုံခြည်ဆင်တူ ၊ ဂါဝန် ဆင်တူ၊ ရှပ်အကျီ င်္ ဆင်တူ။
အဲဒီ မောင်နှမ ၁၈ ယောက် ဓါတ်ပုံလေး ကိုလည်း ကြီးဒေါ်ပဲ စီကာ စဉ်ကာ ရိုက်ခဲ့ တာ လေ ။ အောက်ဆုံးတန်းက.. ဒီဇိုင်းတွေ က လည်း ၊ သူ့ဒီဇိုင်း သူ့လက်ရာ ပါပဲ ။ ခုနေ ပြန်တွေး တော့..တော်တော်ပဲ လုပ်လည်း လုပ်နိုင် တဲ့ ကြီးဒေါ် လို့…။
သင်္ကြန် ပိတ်ရက်..ကျောင်းတွေ အလုပ်တွေ နား ပြီ ဆိုတာနဲ့.. သူ့ရဲ့ တချက်ခုတ် နှစ်ချက်ပြတ် ဘုရားဖူး လိပ်ဥတူး အစီအစဉ် စ တော့ တာပဲ။ သစ် တို့ ဆန်တို့ ပဲ တို့..အောက်အရပ် က ကုန် တွေ အပြည့် တင်ထားတဲ့ သူ့ကုန်ကားကြီး ပေါ် မှာ ဖျာတွေ ခင်း ပြီး၊ ဒန်အိုး ဒန်ခွက် အပြည့်အစုံ နဲ့.. အထက်အညာ ဘုရားဖူး နှစ်တိုင်း ထွက် တာပဲ။ သူ အဓိက ကုန်သွယ်တာက…ကျောက်ပန်းတောင်း ပခုက္ကူ ဆိုတော့.. ပုပ္ပါး ပုဂံ ဆိုတာ အမုန်း ပဲ။ မုန်းဆို.. မုန်းချောင်း ဘေးက..သခင်ဘိုးလှကြီး ရုပ်ထုကြီး နဲ့ ပန်းခြံ ထဲ ရောက်ပြီ ဆိုတာနဲ့ အညာမြေ ကို ရောက်ပြီ ဆိုတော့… ခရီးတထောက်နား ပြီး၊ ထမင်း ချက် စား ကြ ရတာကိုတော့ မှတ်မိနေသည်။
ရှမ်းပြည် တောင်ကြီး ဖက် လည်း ရောက်တာပဲ။ အဲတုန်းက..ဒေသခံ အသိ လည်း သိပ်မရှိ ပဲ ၊ အညိုရောင် နယ်မြေ တွေ ဆို..မျက်ကန်း တစ္ဆေမကြောက် ညကြီး မင်းကြီး လည်း ဖြတ်မောင်း ကြ တာပဲ။ မွန်ပြည်နယ် ဖက် ဆို..ကျိုက်ထီးရိုး စက်စဲ ကျိုက်ခမီ သံဖြူဇရပ် ပါ မကျန်..။ ပြောသာ ပြောတယ် ၊ အရွယ်က ငယ်သေး တော့.. ကလေးဘာဝ ပျော်တာလောက်ပဲ သိတာ။ ဒေသန္တရ ဗဟုသုတ တွေ ဘာတွေ လည်း မယူတတ် သေးဘူး ရယ်။။
![]() |
| ပုဂံဘုရားဖူး |
တကယ်တော့ မောင်နှမ တွေ အားလုံး တက်ညီ လက်ညီ ဆော့ ကြ လှောင်ကြ တဲ့ အချိန် မှာ..ကိုယ်က.. အငယ်ဆုံး ကွမ်းညှပ် ဂျိုင်းညှပ် ထမင်းသိုးဟင်းသိုး အရွယ် ပဲ ရှိသေး တာ ဆိုတော့.. အကိုအမ တွေ နောက်ဖေး ဂိုဒေါင်ထဲ မှာ.. ဇာတ်ထုပ်ခင်း ရင်..ပွဲကြည့်ပရိသတ် လုပ်ပေး.... လူကြီးတွေ လာမလာ တံခါးပေါက်က..စောင့်ကြည့်ပေး တဲ့ အဆင့်ပဲ ။ အကြီး ပိုင်းက.. အကိုတွေ အမ တွေ.. ဆယ်တန်းတွေ အောင် ကောလိပ် တွေ သွားကုန် တော့ မှ.. အုပ်စုတွေ ကွဲ သွား ကြ တော့တာ။
အဲဒီတော့ မှ.... ဟိုဖက်အိမ်က မမဖြူ နဲ့ မမနီ က တတွဲ .. လမ်းထိပ်အိမ် က မမငယ် နဲ့ မမယု က..တတွဲ။ မိတေ နဲ့ မိကေ ကတော့.. ဟိုဖက်အိမ်က..မကေးကြီး နဲ့ ပေါင်း ပြီး သုံးယောက် တဖွဲ့ ပေါ့.. တခါတလေ လည်း .. မောင် နှစ်ယောက် ပါ တဲ့ အခါ ပါ။ ဒါပေမဲ့..အဲဒီ အငယ်ကောင် နှစ်ယောက်က လည်း..တကယ့် ဟာ တွေ ဆိုတော့.. နှမ တွေ နဲ့ သိပ်ပေါင်းဆော့ လေ့ တော့ မရှိလှဘူး။ သူတို့က..စွန်လွှတ် ဘောလုံးကန် ။ ပြီးတော့ အကောင် ဗလောင် တွေ ကို ပို စိတ်ဝင်စား တာ လေ။ အိမ်ရှေ့ မြက်ခင်း ပေါ်က..ပုစဉ်း ရောင်စုံ တွေ ကို၊ မင်းမင်း တယောက် လက်ရဲ ဇက်ရဲ ဖမ်းပြ ပြီ ဆိုရင်.. ကိုယ်တို့မှာ အားတွေ ကျ လို့။ သူတို့ မွေးတဲ့ ရွှေငါးတွေ..ခွေးတွေ..ကြက်တွေ..ဘဲတွေ ကို လည်း သွားသွား မော့ ရ သေး တယ်။ တခါတလေ လည်း ရီ ရတယ်..။ တခြံဝိုင်းတည်း နေ ပြီး.. ဒီဖက်အိမ်က..ညီအမ တွေက.. အပင်လေး တွေ စိုက်.. ဟိုဖက် အိမ်က..အငယ် နှစ်ကောင် မွေးထားတဲ့..ဘဲတွေ က ၀င်တွတ်..ကြက်တွေက ၀င်ခွပ် နဲ့.. မောင်နှမ တွေ ရန်ဖြစ်ကြ ပြန်။
နွေရာသီ ကောလိပ်ကျောင်း တွေ ပိတ် လို့ အကြီးတွေ ပြန်ရောက်လာ လာပြီ ဆိုရင် တော့… တလမ်းလုံးက..လူပျို လူရွယ် ခလေးပါ မကျန် စု ပြီး လမ်းလုံးပြည့် ထုပ်ဆီးတိုး ကြ ရော ။ ပြောသာ ပြောတာ.. ကောလိပ်ကျောင်းသား တွေ ဆိုပေ မဲ့လို့ လည်း အသက်တွေက ၂၀ အောက် ပဲ ရှိကြ သေးတာ ကိုး။ ထိပ်ဆိုး ခေါင်သူကြီး က နေ နောက်ဆုံး ပိတ် စည်း အထိ.. မရှိဘူး ဆို စည်းတွေ ဆယ့်ငါးခု လောက်တော့..တိုး ရ တာ ပဲ။ ကားတွေ ဘာတွေ လည်း မရှုပ်တဲ့ ..မရှိလှတဲ့ အချိန်တွေ ဆိုတော့..လမ်းသွား လမ်းလာ စက်ဘီး ဆိုက်ကား ကတော့.. ဒီလမ်းကို ရှောင် ကို သွား ကြ တော့ တာ။ တလမ်းလုံး ကလည်း.. တယောက်ထိပ် တယောက်ပုတ် ရင်း အတူတူ ကြီးလာ ခဲ့ ကြတဲ့ သူတွေ ချည်း ။ ဆော့လို့ မောပြီ ဆို.. မုန့်ဘိုးပေါရင် တော့ မြို့လယ်ခေါင်က.. အအေးဆိုင်ပေါ့ ။ နည်းနည်း ၀က်ခမ်းတဲ့ အခါ မျိုး ဆိုရင်တော့၊ ၅ ကျပ်တန် ဖရဲသီး တလုံးလောက် စု ၀ယ်ပြီး.. ရေငတ် ဖြေ လိုက် ကြ တာပဲ ။ တချို့ည တွေ ဆို သစ်ပင် တပင် အောင် စုပြီး သရဲ ခေါ် လား လည်း ခေါ် ရဲ့ ။ လူကြီး မိဘ တွေ များ စိတ်ပူတာ ထွက်ဟန့် တာ မျိုး တခါမှ မရှိ သလိုပဲ ။
ဒီ ကစားပွဲ တွေ ကြားထဲ ရံဖန် ရံခါ ဆိုသလို အထူး ဧည့်သည်တော် တွေ ကလည်း ပေါ်တတ်သေး တယ်။.. ဟိုဖက်အိမ်က..မကေး တို့ အမေဖက်က..၀မ်းကွဲ မောင်နှမ ကြွက်နီ တို့တွေ .. ရန်ကုန်က လာလည် တာ မျိုး။ ကိုယ်တို့ အမေဖက်က.. မမစိုး တို့ ညီအမ တွေ.. သူ့အဖေ အလုပ်နဲ့ နိုင်ငံခြား သွားနေပြီး ပြန်လာတော့..မြန်မာစကား ပြော တတ် အောင် .. နယ်မှာ တလ လောက် လာထားတာ မျိုး ။ မမစိုး ကလည်း အကစား မက်တဲ့ သူ ဆိုတော့.. အိမ်ပေါ် ရောက်တဲ့ အထိ ဆော့လို့ကို မပြီး ဘူး။ အိပ်ယာထဲ မှာ ဖက်လုံးတလုံးစီ ပေးဖက် … ကလိထိုး ပြီး လက်လွတ်တဲ့သူ အရှုံး တမ်း ဆို သူတို့ အငယ်တွေ သိပ်ပျော်တာ။ အိမ်ပေါ် ရောက် လည်း အငြိမ်နေ ကြ တာ မဟုတ်ဘူး။ တိုးတိုးပြောတမ်း၊ စာအုပ်လှန်တမ်း က စလို့.. ဇယ်ခုပ်..ဇယ်တောက်…အရီးကြီး တွေ တောင် ရှုံးမယ်။
မိုးရွာရင် မိုးရေ ချိုးမယ် ဆိုတာ လောက် တော့..ပျင်းတောင် ပျင်းသေး ။ မိုးရွာထဲ ကျောင်းသွား ရတာ စိတ်ညစ် ပေ မဲ့.. ကျောင်းဆင်းလို့ မိုးရွာ ရင်တော့ သိပ်ပျော်တာ။ အိမ်ရောက်တာနဲ့..တခြံလုံး ဖွေးနေတဲ့ ရေတွေ ထဲ.. တဗွမ်းဗွမ်းနဲ့ နေအောင် ပြေးဆော့ကြတာ။ လက်ထိပ် တွေ ပဲရေခွံ ပွ လာ တော့မှ.. အိမ်ပေါ်တက်ကြ ။ ပြီးရင် အနွေးထည် လေး ၀တ်ပြီး..ထမင်းကြမ်းလေး ကို ဆီနဲ့ ဆားနဲ့ နယ်ပြီး ပဲစေ့လေးတွေ ဖြူး စားရတာ..အရသာ ဘယ်လို ရှိမှန်းလည်း မသိ။ တခါတလေ ဒေသထွက် ပြောင်းဖူး တွေ မီးဖိုချောင် ထဲ ပုံနေ ရင်တော့.. နတ်ပြည်မွှေး ..ကျောက်တန်းစီ မျောက်လက်မောင်း အမျိုးစုံသော ပြောင်းဖူး လတ်လတ်ဆတ်ဆတ် တွေ ကို၊ အစေ့လေး တွေ ထွတ်ပြီး ကြော်စား..ပြုတ်စား ဖုတ်စား.. မှောက်စား လှန်စား ကြိုက်သလို စားစမ်း မကုန်နိုင် ဘူး။
နောက်ပိုင်း မကေးကြီးက..အပျိုပေါက်လာတော့.. ကိုယ် တို့ လို မိုးရေထဲ လိုက် မဆင်း တော့ဘူး ။ သူက..မမယု တို့ အပျိုပေါက် အုပ်ထဲ ရောက်သွား ရော ။ လုံခြည် ခြေမျက်စိ ဖုန်းဝတ်.. လှမ်းလျှောက်တဲ့ ဟန်ပါ ပြောင်းသွားတော့.. ကိုယ်တို့ နှစ်ယောက်က..အားမလို အားမရ.. အမြင်တွေ ကပ်ပြီး ကပ်တိ ကပ်ဖဲ့ တွေ လိုက်လုပ် တာပေါ့.. စိတ်ပုပ်သလား မမေးနဲ့ ။ မကေးကြီး ကိုးတန်း ရောက်တော့..သူ့အမေ ဖက်က.. အဒေါ်တွေက..ရန်ကုန်မှာ ခေါ် ပြီး ကျောင်းထား တော့..ညီအမတွေ ကွဲသွားကြ ပြန် ရော။
အလယ်တန်း ရောက်လာ ပြီ ဆိုတော့.. ကျောင်းစာတွေ ကို ဖိဖိ စီးစီး လုပ်လာ ရ ပြီလေ။ ခြံထဲ လမ်းထဲ ဆင်းဆော့.. သစ်ပင် ပေါ် တက် တာ တွေ ထက်.. ညီအမ နှစ်ယောက် အိမ်ထဲ မှာ ကုပ်ပြီး.. မဂ္ဂဇင်း တွေ စာအုပ် တွေ ရှာဖွေ ဖတ်တတ် လာ ပြီ။ မကေးကြီး ရှိတုန်းက.. သုံးယောက်သား အတူတူ ဈေးရောင်းတမ်း ကစားခဲ့ တဲ့…အိုးပုတ် တွေ… ပိတ်ဖြတ်စ တွေ နဲ့ လုပ်တဲ့ အရုပ်မ တွေ လည်း.. ချောင်ထဲ ရောက် ကုန် ပြီ။
ညဖက် ဆိုရင်တော့.. ညီအမ တွေ စုပြီး ရေဒီိယို က လာတဲ့ ဇာတ်လမ်းပမာ တွေ နားထောင် တဲ့ အခါ ထောင်ပေါ့။ အဲဒီတုန်းက..မှတ်မိ နေတဲ့.. သဲထိတ်ရင်ဖို ဇာတ်လမ်းတခု ရဲ့ ဇာတ်ဝင် ခန်းလေး တခု ကို ခုထိ မှတ်မိ နေသေးတယ်။ " ခင်မ..တင်မ ကို တွေ့ချင်လို့ ဆို.. " လို့ တယောက်ယောက်က..စ လိုက်ရင်..ကြက်သီးတွေ တဖြန်းဖြန်းထ တဲ့ ထိ ။ များသော အားဖြင့်တော့.. မြန်မာ့အသံ ဆန်တဲ့.. ကျေးလက်က..ကျောင်းဆရာမ လေး တွေ... တောရွာ ကို ၀င်ပြီး မီးရှို့ ဖျက်စီး တဲ့.. အသံဝဲ၀ဲ နဲ့..သူပုန် ဇာတ်လမ်းတွေ ပေါ့ ။ နားထောင်တာပဲ။ ၀ါဒ ဖြန့်လား ပြန့်လား တော့ မသိ..။ သိ တဲ့ အတိုင်းပဲ ။
ပျင်းလို့ ရှိရင်တော့.. နှစ်ယောက် သား.. တမံတလင်း ပေါ် အားလျား မှောက် ပြီး.. ပုံဆွဲ ပြိုင် ကြ တယ်။ ဖေဖေ သင်ပေးထားတဲ့ ပန်းချီ အခြေခံ က.... အိမ်မှာ အကုန် ရှိပြီးသားမို့ ၊ ရုပ်ပြကာတွန်းတွေ ထဲ ကလို မိန်းမပုံ အလှ တွေ ကို ကောင်းကောင်း ဆွဲ တတ်နေပြီ ။ တခါတလေ..မမနီ ရဲ့ ကျောင်းမှတ်စု ဗလာစာအုပ် တွေကို လိုက်ရှာ ရတယ်။ မမနီက..အိမ်မှာ ပန်းချီ အတော်ဆုံး ဆိုတော့..သူဆွဲထားတဲ့..မိန်းမရုပ်ကလေး တွေက..ဘယ်လို လှမှန်းမသိဘူး။ သူကလည်း ခေါင်းလေးတွေပဲ အနေအထား အမျိုးမျိုး ဆွဲတာ များတယ်။ အဲဒီ ခေါင်းလေး တွေ မှာ ကိုယ်လုံး လိုက်တပ်ရ တာ လည်း သိပ်ကြိုက်တာ ။ ကိုယ်က..အဲဒီ အရုပ်တွေ မှာ အကျီ င်္ ဒီဇိုင်း အမျိုးမျိုး ဆင်ပြီး ဆွဲပေမဲ့ မိတေ ကတော့.. အနေအထား နဲ့ သဘာဝ ကို ပိုပြီး အသားပေး ဆွဲတတ်တယ်။ ကိုယ်တို့ နှစ်ယောက်က.. အထက်အောက် အရွယ် မကွာ လှ ပေ မဲ့.. နေပုံ ထိုင်ပုံ ဗီဇ ခြင်းက..အတော် ကွာတာ။ ကိုယ်က..အလှအပ ကြိုက်တတ်လာ.. အ၀တ်အစား ဖက်ရှင် တွေ လည်း မြင်တတ် လာပေမဲ့ … သူက.. အလှအပ စိတ်မ၀င်စား။ စာ ဆိုလည်း တော်ရိ ယော်ရိ ကျက်ပြီး ၊ ..အိပ်ရေးပဲ ၀ ချင် သူ ။ ကျောင်းစာအုပ် ကို ကောက်ကိုင် တာ နဲ့..အိပ်ငိုက်လေ တော့.. ညဆို စာကျက်ချိန်မှာ ဖေဖေက.. အနား ခေါ်ထားပြီး ကျက်ခိုင်းရ တဲ့ အထိ။ ညကို အိပ်မငိုက်တတ်ပဲ စာမှန်မှန် ကျက်တဲ့ ကိုယ်က.. သူ အိပ်ငိုက်နေတုန်း..သူ့မျက်နှာကို ပရုတ်ဆီ တွေ သုတ် ထားပြီး ခဏနေ တော့ လှုပ်နှိုး .. အိပ်ချင်မူးတူး နဲ့ ပါးစပ်ထဲ ရှိတဲ့စာ ကောက်ဆို ရင်း.. အား..ပူတယ်..ပူတယ် ဆိုရင်.. ကိုယ့်မှာ တခွိခွိ နဲ့ အိပ်ချင်ကို ပြေ လို့။ သူကလည်း ဘယ်နေမလဲ ။ ကိုယ့်စားပွဲ ရှေ့ မှာ ကပ်ထားတဲ့ လူရည်ချွန်ပုံ ပန်းချီကား ရဲ့ ရင်ဘတ် တံဆိပ်ပြား နေရာမှာ ၊ ကိုယ် ဘယ်တော့မှ ပြိုင်လို့ မနိုင် တဲ့ .. တိုင်းက လူရည်ချွန်မလေး တယောက် နာမယ် လာခိုးရေး သွားတယ် လေ ။ စိတ်တို လိုက်တာ ဆိုတာ…။ မောင်နှမတွေ ထဲ မှာ..အဦးဆုံး ကိုကိုမိုးကြီး က လူရည်ချွန် နှစ်ထပ်ကွမ်း ပြီးတော့.. မမယုက လည်း ထပ်ရ ဆိုတော့.. အဲဒီအချိန်ကတော့.. အန္တိမ ရည်မှန်းချက် ကြီး ပေါ့ ။
ပျင်းလို့ ရှိရင်တော့.. နှစ်ယောက် သား.. တမံတလင်း ပေါ် အားလျား မှောက် ပြီး.. ပုံဆွဲ ပြိုင် ကြ တယ်။ ဖေဖေ သင်ပေးထားတဲ့ ပန်းချီ အခြေခံ က.... အိမ်မှာ အကုန် ရှိပြီးသားမို့ ၊ ရုပ်ပြကာတွန်းတွေ ထဲ ကလို မိန်းမပုံ အလှ တွေ ကို ကောင်းကောင်း ဆွဲ တတ်နေပြီ ။ တခါတလေ..မမနီ ရဲ့ ကျောင်းမှတ်စု ဗလာစာအုပ် တွေကို လိုက်ရှာ ရတယ်။ မမနီက..အိမ်မှာ ပန်းချီ အတော်ဆုံး ဆိုတော့..သူဆွဲထားတဲ့..မိန်းမရုပ်ကလေး တွေက..ဘယ်လို လှမှန်းမသိဘူး။ သူကလည်း ခေါင်းလေးတွေပဲ အနေအထား အမျိုးမျိုး ဆွဲတာ များတယ်။ အဲဒီ ခေါင်းလေး တွေ မှာ ကိုယ်လုံး လိုက်တပ်ရ တာ လည်း သိပ်ကြိုက်တာ ။ ကိုယ်က..အဲဒီ အရုပ်တွေ မှာ အကျီ င်္ ဒီဇိုင်း အမျိုးမျိုး ဆင်ပြီး ဆွဲပေမဲ့ မိတေ ကတော့.. အနေအထား နဲ့ သဘာဝ ကို ပိုပြီး အသားပေး ဆွဲတတ်တယ်။ ကိုယ်တို့ နှစ်ယောက်က.. အထက်အောက် အရွယ် မကွာ လှ ပေ မဲ့.. နေပုံ ထိုင်ပုံ ဗီဇ ခြင်းက..အတော် ကွာတာ။ ကိုယ်က..အလှအပ ကြိုက်တတ်လာ.. အ၀တ်အစား ဖက်ရှင် တွေ လည်း မြင်တတ် လာပေမဲ့ … သူက.. အလှအပ စိတ်မ၀င်စား။ စာ ဆိုလည်း တော်ရိ ယော်ရိ ကျက်ပြီး ၊ ..အိပ်ရေးပဲ ၀ ချင် သူ ။ ကျောင်းစာအုပ် ကို ကောက်ကိုင် တာ နဲ့..အိပ်ငိုက်လေ တော့.. ညဆို စာကျက်ချိန်မှာ ဖေဖေက.. အနား ခေါ်ထားပြီး ကျက်ခိုင်းရ တဲ့ အထိ။ ညကို အိပ်မငိုက်တတ်ပဲ စာမှန်မှန် ကျက်တဲ့ ကိုယ်က.. သူ အိပ်ငိုက်နေတုန်း..သူ့မျက်နှာကို ပရုတ်ဆီ တွေ သုတ် ထားပြီး ခဏနေ တော့ လှုပ်နှိုး .. အိပ်ချင်မူးတူး နဲ့ ပါးစပ်ထဲ ရှိတဲ့စာ ကောက်ဆို ရင်း.. အား..ပူတယ်..ပူတယ် ဆိုရင်.. ကိုယ့်မှာ တခွိခွိ နဲ့ အိပ်ချင်ကို ပြေ လို့။ သူကလည်း ဘယ်နေမလဲ ။ ကိုယ့်စားပွဲ ရှေ့ မှာ ကပ်ထားတဲ့ လူရည်ချွန်ပုံ ပန်းချီကား ရဲ့ ရင်ဘတ် တံဆိပ်ပြား နေရာမှာ ၊ ကိုယ် ဘယ်တော့မှ ပြိုင်လို့ မနိုင် တဲ့ .. တိုင်းက လူရည်ချွန်မလေး တယောက် နာမယ် လာခိုးရေး သွားတယ် လေ ။ စိတ်တို လိုက်တာ ဆိုတာ…။ မောင်နှမတွေ ထဲ မှာ..အဦးဆုံး ကိုကိုမိုးကြီး က လူရည်ချွန် နှစ်ထပ်ကွမ်း ပြီးတော့.. မမယုက လည်း ထပ်ရ ဆိုတော့.. အဲဒီအချိန်ကတော့.. အန္တိမ ရည်မှန်းချက် ကြီး ပေါ့ ။
မိတေ ဆယ်တန်းအောင် သွား တော့.. နောက်ဆုံး.. အိမ်မှာ ကိုယ်တယောက်ပဲ ကျန် ခဲ့ တော့တယ်။ ဟိုဖက်အိမ်က.. အမတွေ ဆို ကျောင်းပိတ်ရက် တွေ မှာ တောင် မြို့ကို ပြန်မလာ ကြ တော့ဘူး။ တဖြည်းဖြည်း အတောင် တွေ ဆန့်ထွက် ပျံသန်း သွား ကြ တဲ့.. အကြီး တွေ ကို ငေးမော အားကျရင်း…. ငါကြီးလာရင်..ငါကြီးလာရင် ဆို တဲ့ ရည်မှန်းချက်တွေ တဖြည်းဖြည်း စုပုံ လာတဲ့ အချိန်မှာတော့ … အပူအပင်ကင်းတဲ့ ကလေးဘ၀ လေး လည်း.. သူ့အလိုလို ကုန်ဆုံး သွား ခဲ့ လေ သည်။
မြန်မာပြည် နိုင်ငံရေး အခြေအနေ က လည်း.. တိုးတိုးတိတ်တိတ် ပြန်လည် လှုပ်ရှားစ ပြု လာတဲ့ အချိန်..။ ၈၈ မတိုင်ခင်ကလေး.. ငွေစက္ကူကိစ္စ နဲ့ တက္ကသိုလ်တွေ အကြာကြီး တခေါက် အပိတ် မှာ...မောင်နှမ တွေ အကုန် ပြန်စုံ ကြ တုန်း၊ အကြီးအကျယ် ကြက်တောင် ရိုက်ဖြစ် ကြ သေးတယ်။ ဟိုဖက်အိမ် ခေါင်းရင်းက.. ကွက်လပ်ကို သေချာ ကွင်းလုပ် ပြီး၊ မောင်နှမ တွေ ဆော့ ကြတာ.. ညနေ ဆို လမ်းထဲမှာ ဆူညံ နေတာ ပေါ့။ တချိန်တည်းမှာပဲ ရန်ကုန်က တက္ကသိုလ် ကြီး ပိတ်လိုက် လို့ ပြန်လာတဲ့ အကိုအမ တွေ ဆီက..စိတ်ဝင်စားစရာ သတင်းစကား တွေ ကို လည်း ကြား သိ နေ ခဲ့ ရ ပြီ။ အားလုံး ရဲ့ ဆုံရပ် .. ကြီးဒေါ် ရဲ့ အိမ်ပေါ်ထပ်ကြီး မှာ..မောင်နှမ တစု စာရွက်တွေ ဖြန့်ဖို့.. ဖယောင်းစက္ကူ တွေ နဲ့ အလုပ်ရှုပ် နေ ခဲ့ကြတာတွေ.. ပြန်တွေးတော့..မနေ့ တနေ့ကလို ပဲ ။ အဲဒီမှာ အငယ်ဆုံးက..အလွဲဆုံးပဲ ပြောရမလား..။ တရက်သား .. အကိုအမ တွေ တာဝန်ပေးလို့ မြို့လယ်ခေါင် မှာ စက်ဘီး ပေါ်ကနေ စာရွက်ချ ဖို့ မစ်ရှင် ကြီးကို ..တခြား အမ တယောက်နဲ့ အတူ တာဝန် ပေး လိုက်တယ်။ စာရွက်ကျဲ ရမဲ့..မြို့လယ်ခေါင် ..အာဇာနည် ကျောက်တိုက်ကြီး ရှေ့လည်း ရောက်ရော.. ဇောချွေးတွေ ပြန်လာ လိုက်တာ..၊ ရှေ့ က စက်ဘီးနင်းတဲ့..အမ က.. ဟဲ့..ချလေ..ချလေ လို့.. ခပ်ကျေးကျေး ပြောတော့.. ကဲဟာ ဆို ပြစ်ချ ခဲ့ လိုက်တာပေါ့..။ စာအုပ်ဆိုင် ထဲ ၀င်တော့..အမြဲ အိမ်ရှေ့က ဖြတ်ဖြတ်သွား ပြီး စောင်းငဲ့ စောင်းငဲ့ လုပ်နေကျ ..ရဲထောက်လှမ်းရေး က ..ရောက်နှင့်နေပြီ။ အေးဆေးပေါ့...ရော့ ဆိုပြီး..ကောင်တာပေါ် တင်လိုက်တာ..ခွပ်ဒေါင်းစာရွက် တွေ ဖြစ်နေပါရော လေ..။ စာအုပ်အပ်မဲ့ ပိုက်ဆံ တွေ လမ်းပေါ် ကျဲချ ခဲ့ ပြီး၊ စာအုပ်ဆိုင်ထဲက... ထောက်လှမ်းရေး ရှေ့ မှာ ခွပ်ဒေါင်းစာရွက် တွေ ထုတ်မိ တဲ့ အဖြစ်က..အဲဒီတုန်းက..မောင်နှမ တွေ ကြားထဲ.. ငိုအားထက် ရီအားသန်။
မြန်မာပြည် နိုင်ငံရေး အခြေအနေ က လည်း.. တိုးတိုးတိတ်တိတ် ပြန်လည် လှုပ်ရှားစ ပြု လာတဲ့ အချိန်..။ ၈၈ မတိုင်ခင်ကလေး.. ငွေစက္ကူကိစ္စ နဲ့ တက္ကသိုလ်တွေ အကြာကြီး တခေါက် အပိတ် မှာ...မောင်နှမ တွေ အကုန် ပြန်စုံ ကြ တုန်း၊ အကြီးအကျယ် ကြက်တောင် ရိုက်ဖြစ် ကြ သေးတယ်။ ဟိုဖက်အိမ် ခေါင်းရင်းက.. ကွက်လပ်ကို သေချာ ကွင်းလုပ် ပြီး၊ မောင်နှမ တွေ ဆော့ ကြတာ.. ညနေ ဆို လမ်းထဲမှာ ဆူညံ နေတာ ပေါ့။ တချိန်တည်းမှာပဲ ရန်ကုန်က တက္ကသိုလ် ကြီး ပိတ်လိုက် လို့ ပြန်လာတဲ့ အကိုအမ တွေ ဆီက..စိတ်ဝင်စားစရာ သတင်းစကား တွေ ကို လည်း ကြား သိ နေ ခဲ့ ရ ပြီ။ အားလုံး ရဲ့ ဆုံရပ် .. ကြီးဒေါ် ရဲ့ အိမ်ပေါ်ထပ်ကြီး မှာ..မောင်နှမ တစု စာရွက်တွေ ဖြန့်ဖို့.. ဖယောင်းစက္ကူ တွေ နဲ့ အလုပ်ရှုပ် နေ ခဲ့ကြတာတွေ.. ပြန်တွေးတော့..မနေ့ တနေ့ကလို ပဲ ။ အဲဒီမှာ အငယ်ဆုံးက..အလွဲဆုံးပဲ ပြောရမလား..။ တရက်သား .. အကိုအမ တွေ တာဝန်ပေးလို့ မြို့လယ်ခေါင် မှာ စက်ဘီး ပေါ်ကနေ စာရွက်ချ ဖို့ မစ်ရှင် ကြီးကို ..တခြား အမ တယောက်နဲ့ အတူ တာဝန် ပေး လိုက်တယ်။ စာရွက်ကျဲ ရမဲ့..မြို့လယ်ခေါင် ..အာဇာနည် ကျောက်တိုက်ကြီး ရှေ့လည်း ရောက်ရော.. ဇောချွေးတွေ ပြန်လာ လိုက်တာ..၊ ရှေ့ က စက်ဘီးနင်းတဲ့..အမ က.. ဟဲ့..ချလေ..ချလေ လို့.. ခပ်ကျေးကျေး ပြောတော့.. ကဲဟာ ဆို ပြစ်ချ ခဲ့ လိုက်တာပေါ့..။ စာအုပ်ဆိုင် ထဲ ၀င်တော့..အမြဲ အိမ်ရှေ့က ဖြတ်ဖြတ်သွား ပြီး စောင်းငဲ့ စောင်းငဲ့ လုပ်နေကျ ..ရဲထောက်လှမ်းရေး က ..ရောက်နှင့်နေပြီ။ အေးဆေးပေါ့...ရော့ ဆိုပြီး..ကောင်တာပေါ် တင်လိုက်တာ..ခွပ်ဒေါင်းစာရွက် တွေ ဖြစ်နေပါရော လေ..။ စာအုပ်အပ်မဲ့ ပိုက်ဆံ တွေ လမ်းပေါ် ကျဲချ ခဲ့ ပြီး၊ စာအုပ်ဆိုင်ထဲက... ထောက်လှမ်းရေး ရှေ့ မှာ ခွပ်ဒေါင်းစာရွက် တွေ ထုတ်မိ တဲ့ အဖြစ်က..အဲဒီတုန်းက..မောင်နှမ တွေ ကြားထဲ.. ငိုအားထက် ရီအားသန်။
မောင်နှစ်မ ဆယ့်ရှစ်ယောက် ဓါတ်ပုံလေးကို ပြန်ကြည့်ရင်း.. အခုတော့ တယောက် တနေရာစီ.. တဘ၀ စီ ဖြစ်ကုန်ကြ ပြီ ပဲ လို့ တွေးမိ နေတဲ့ အချိန် မှာ… ဇာတိမြို့ကလေး ကနေ..အဝေးမယ် ကြီး ကို တောင် ရောက်နေခဲ့ ပြီ ကော။
တနေ့က..အွန်လိုင်း ပေါ် မှာ တွေ့ရတဲ့ မိတေ က.. ပြောတယ် ။ ၆ နှစ်ပြည့် သွား တဲ့ သူ့သားလေး က.. မေမေ..မေမေ့ မှာ ဖေ့စ်ဘွတ်ခ် ရှိလား.. သားကိုလည်း ဖေ့စ်ဘွတ်ခ် လုပ်ပေးပါလား .. လို့.. ပြောသတဲ့။
သြော်.. ခေတ်တွေ ကလည်း ပြောင်းခဲ့ ပြီ မဟုတ်လား ။
မိကေ
(၆-၀၂- ၁၂ --- ၁၃-၀၂-၁၂)
ကလေးဘ၀ နေ့များ






