![]() |
| Wael Ghonim |
![]() |
| ဒေါ်အောင်ဆန်းစုကြည် |
![]() |
| Amy Chua ဓါတ်ပုံ အရိုက်ခံ နေပုံ |
![]() |
| Colin Firth |
![]() |
| Ai Wei Wei |
![]() |
| Johnathan Franzen |
◦
![]() |
| Wael Ghonim |
![]() |
| ဒေါ်အောင်ဆန်းစုကြည် |
![]() |
| Amy Chua ဓါတ်ပုံ အရိုက်ခံ နေပုံ |
![]() |
| Colin Firth |
![]() |
| Ai Wei Wei |
![]() |
| Johnathan Franzen |
လူ
Labels: Aung San Suu Kyi , bits of thought , Celebes , People
ပြည်သူချစ်သော အနုပညာ သည်များ



Our Celebrities
တာရာမင်းဝေ..ကွယ်လွန်ပီတဲ့..
အခုပဲ..ဟစ်တိုင်မှာ..တာရာမင်းဝေကွယ်လွန်ဆိုတဲ့သတင်းကို..အလန့်တကြားတွေ့လိုက်ရတယ်။
ဘယ်လိုတွေဖြစ်နေကြတာလဲ....ဘာတွေဖြစ်နေတာလဲ...
ဟောတယောက်..ဟောတယောက်..
“ မိဘတွေက..သားသမီးတွေကို..သင်္ဂြုဟ်နေရတဲ့ခေတ်ဖြစ်နေတယ်..” ဆိုတဲ့..လူကြီးတယောက်
ပြောတဲ့စကားကိုပြန်ကြားယောင်မိရင်း...ရင်ထဲအုံ့ပျက်သွားလိုက်တာ။
အသဲရောင်ရောဂါတဲ့...
ဗမာပြည်မှာ..ပြည်သူ့ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မူတွေ..ဘယ်လောက်တောင်ဆိုးဝါးနေပီလဲ။
ဘာတွေလဲ..ဘာတွေလဲကွာ...
တာရာမင်းဝေဆိုတာ..ပြောင်မြောက်တဲ့ကဗျာတွေ..ဆန်းပြားတဲ့ဇာတ်လမ်းတွေထွင်တတ်..ရေးတတ်တဲ့သူတယောက်ဆိုတာထက်...ဗကသမှာ..တချိန်က..ပါဝင်လှုပ်ရှားခဲ့ဘူးတာ..နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ ဘူးတာတွေ..ဘားမားကန်ပိန်းက..ကိုအောင်ဒင်နဲ့ညီအကိုဆိုတာတွေက..
ပိုပီးစိတ်ဝင်စားစရာကောင်းနေတယ်။
ပီးတော့..ချစ်စရာကောင်းစွာ..လှပသိမ်မွေ့တဲ့..သူ့ဇနီး..မခင်မေ၀င်း (ခ) မနော်ဟရီကိုလည်း..မျက်စိထဲမှာမြင်ယောင်ပီး.စိတ်မကောင်းဖြစ်နေမိတယ်..သူ့သားလေး..ခေတ်နေ ရော..
တာရာမင်းဝေကို..ကိုယ်တိုင်မမြင်ဘူးပေမဲ့..မနော်ဟရီကိုတော့..IFL မှာပြင်သစ်စာသင်ရင်း ဘေးချင်းကပ်ထိုင်..စာချင်းဖလှယ်ခဲ့ကျသူမို့..ကောင်းကောင်းသိနေသည်။ မြန်မာဆန်ဆန်အမြဲဝတ်
တတ်ပီး..သူ့လည်ပင်းမှာဆွဲထားတဲ့..လက်ဝါးကပ်တိုင်လေးက..အမြင်ဆန်းနေစေတယ်လေ။
နောက်တခါ..ဆရာတင်မောင်သန်းပေးတဲ့..ဂျာနယ်လစ်သင်တန်းတခုမှာလဲ ဆုံဘူးတယ်။
တိုက်တိုက်ဆိုင်ဆိုင်..တလောကမှ..ဆစ်ဒနီမှာနေတဲ့..အဒေါ်ဆီက..သတင်းကြားတယ်..
အဲဒီမှာနေတာကြာပီဖြစ်တဲ့..မနော်ဟရီရဲ့မိဘတွေက..သူတို့သမီး..ဆစ်ဒနီကိုလာတော့မယ်လို့..
ဝမ်းသာအားရပြောပြတယ်တဲ့..ကိုယ်တောင်..တော်တော်စိတ်ဝင်စားသွားသေး။
ကဲကွယ်..ဘာပြောရမှန်းတောင်မသိတော့ဘူး..။
တာရာမင်းဝေတယောက်..ကောင်းရာသုဂတိရောက်ပါစေလို့ပဲ..၊
Related News : DVB Moemaka
Tar Yar Min Wai
Labels: Celebes
ထင်ရှားကျော်ကြားသူများ
ဘလော့ရပ်ကွက်ထဲမှာ..တော်တော်များများ..တိတ်ဆိတ်ငြိမ်သက်သွားသလိုလို..
ရုတ်တရက်ဆိုသလိုတော့..မိန်းမူးငေးငိုင်သွားကြသည်..
“အိုး...ဘယ်လိုဖြစ်တာပါလိမ့်...” ဆိုတာမျိုးလို..
“ အင်း..သေခြင်းတရားဟာ..ရှင်သန်တတ်ကြွခြင်းနဲ့..ကျောခြင်းကပ်နေယုံလေးပါလား..” ဆိုတာလောက်တော့..လူတိုင်းလို..သံဝေဂ ရမိကြမှာအမှန်..
ပီးတော့..ဒွေးဆိုတာက လူတိုင်းသိ..ပျိုတိုင်းကြိုက်...လန်းဆန်းတက်ကြွနေတဲ့..စူပါမင်းသား..
ခုတော့.အားလုံးကို..တရားပြသွားခဲ့ပီ။
ကဲ..ကိုယ်လဲဘာဆက်ဘလော့ရမလဲတွေးရင်း..ဒီအကြောင်းလေးကိုတော့ကျော်မသွားချင်ပါ..
ဘလော့ရပ်ကွက်ထဲက..ဘလော့ဂါအမျိုးသားကြီးများကတော့..ဟင်း...လို့မသိမသာနှာမှုတ်ရင်း
စိတ်မ၀င်စားချင်သလိုနေချင်နေပေလိမ့်မည်...
ကိုယ်တောင်..ဒီရက်ထဲ..ဒီသတင်းပုံတွေကိုရှာရင်း..ကြည့်ရင်း...“ဟယ်..မနက်ကအကောင်းကြီးတဲ့..”
“ ကြည့်ပါဦး..လူတွေသယ်ထုတ်လာတာ..” လို့..စိတ်ဝင်တစားပြောသော်လည်း..ဘိုးတော်လုပ်သူက..
အင်း..တချက်သာပြောရင်း..ထတောင်မကြည့်။
ညီမငယ်တယောက်ဆို..ကိုယ့်ဆီဖုန်းလှမ်းဆက်ရင်း..စိတ်မကောင်းကြောင်းသတင်းဖလှယ်ကြတော့..
“ အမလဲ..စိတ်မကောင်းဖြစ်တယ်နော်..” လို့..အတည်ပြုရင်း အဖော်ညှိတယ်..
“ဟယ်..အေးပေါ့..ဖြစ်တာပေါ့ဟယ်......” ဆိုပီး..ကိုယ်လည်း...ဘာညာ..ဘာညာပေါ့
“အေးလေ..အဲဒါ..ကျွန်မကလဲရိုးရိုးသားသားစိတ်မကောင်းဖြစ်လို့ယောက်ကျားကို ဖုန်းလှမ်းဆက် တော့..သူက..အေး..စိတ်မကောင်းရင်..ဒွေးကားဟောင်းတွေပြန်ဖွင့်ကြည့်နေပေါ့လို့ပြောတယ်..”
ကိုယ်..ပြုံးလိုက်မိတယ်။
တခြားတော့မဟုတ်ပါဘူး..အဓိက-ကတော့..တရားရလိုက်တာပါ..
ပီးတော့..မေးခွန်းတခု...
ဘယ်လိုဖြစ်လို့..ငါတို့ဗမာပြည်မှာ..အရွယ်မတိုင်သေဆုံးခြင်းတွေများနေပါလိမ့်...
အနုပညာရှင်တွေကတော့..လူသိတာပေါ့လေ..တခြားကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာကော..
နောက်ထပ်က..အတွေးတခု...
အင်း..အနုပညာရှင်..(အထူးသဖြင့်..ပြည်သူချစ်သောအနုပညာရှင်) ဆိုတာ ..လူတွေရဲ့အာရုံကို အစွဲဆောင်နိုင်ဆုံးပါလားလို့လေ...
သတင်းတခုထဲမှာတောင်တွေ့လိုက်တယ်..ဒွေးသတင်းက..ဇူလိုင်၁၈ ရက်နေ့မှာကျင်းပမဲ့ အမျိုးသားညီလာခံ ထက်တောင် လူစိတ်ဝင်စားမူပိုရသွားတယ်ဆိုပဲ..
ဘယ်ခေတ်..ဘယ်ကာလမှာမဆို..ကျော်ကြားသူတွေရဲ့သတင်းတွေသည်..ရေပန်းစားမြဲပဲလေ..
Yahoo ရဲ့ the most search ဆယ်ခုမှာ အမြဲလို..အဲဒီ celebrity များသာ အမြဲဗိုလ်စွဲနေတာ သာကြည့်...
အင်ဂျလီနာဂျိုလီ..ကလေးတွေမွေးစားတော့..(သူအရင်တုံးကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့..) နတ်သမီးလေးတပါးလို ချီးမွမ်းခန်းဖွင့်ရင်း ကလေးမွေးစားတာတွေ..ခေတ်စားလာသည်။
ဘိုနိုက..အာဖရိက..ဆင်းရဲမွဲတေမူ တိုက်ဖျက်ရေးအတွက်.. လှုံ့ဆော်တော့.. သူကိုယ်တိုင်က.. ဘယ်လောက်..ပိုက်ဆံတွေဖြုန်းတီးတယ်ပဲဆိုဆို...တကမ္ဘာလုံးအာရုံစိုက်ခံရသည်။
ဗမာပြည်မှာပဲကြည့်ဦးတော့..ကျော်သူဆိုတဲ့နာမည်နဲ့..နာရေးကူညီမူအသင်းဟာ..ကပ်လျက်တွဲလို့.
အောင်မြင်ခဲ့သည်။ ဇော်ဝင်းထွဋ်က..မိဘမဲ့ကလေးတွေလှူတယ်ဆို..သူများလှူတာထက်ပိုလူသိပီး..
လိုက်လုပ်မည့်သူတွေ..ပေါလာသည်။
အင်း..အဲဒါကြောင့်..ကမ္ဘာကြီးတ၀ှမ်းလုံး..ပီးတော့..ဗမာပြည်ကြီးမှာ..လူတွေလုပ်သင့်တဲ့..မွန်မြတ်တင့်တယ်တဲ့..လူမူရေးလုပ်ငန်းတွေကို..အနုပညာရှင်များ..ကျော်ကြားသူများ..ဆထက်ထမ်းပိုးတိုး၍
လုပ်ဆောင်နိုင်ကြပါစေ..လို့..
Celebes
Labels: Celebes
ဟီလာရီ ကလင်တန် ရဲ့ Hard Choice စာအုပ်က ၊ အာရှပစိဖိတ် နဲ့ သက်ဆိုင်တဲ့ အရှေ့ဖက် အခန်းတွေ ဖတ်ပြီးသွားတဲ့ အခါ ၊ ခဏ နားရင်း ၊ စာအုပ်ထဲမှာပါ...