Dancing with the Daffodils

August 24th is the Daffodil day in Australia. This is charity movement for Cancer Patients that internationally recognized since many years ago.  But I didn’t know that.

I just walked in to the Woolworths to buy grocery and et cetera.   All of a sudden, heaps of beautiful yellow flowers make me stopped. Then I learnt that  it is Daffodil , to be precisely -  Daffodil of Wordsworth.  As irony would have it, I have encountered Wordsworth’  Daffodil in the Woolworths  store.  I amused myself.  

One bunch costs 6 $ and  written in a folder that every 1$ goes to Cancer foundations.  Six dollars is  affordable compare with other flowers posy.  I grab one and went home with a light heart.

In the next day, I flipped over the local newspaper and found out the story behind these yellow flowers which now stand and hang in my vase. All these daffodils are symbol of arrival of Spring and just came from nearby  beach town, is called Esperence  for this very day of Daffodil , now happened to be yesterday. 

I make a glimpse to the corner where they stand. They look different to me now. They are no more just another yellow  beautiful flower.  More so, their bell -shaped orange bulbs  are giving Hope…their disc-like yellow petals  are showing new beginning, as it is written in the newspaper.  I should have known their integrity, dignity and humble tribute to nature.  At least I could have captured their image of being with me.  Why not – I simply  took  photo opportunity.


HOPE


Fortunately, one of my friend who greatly fond of classic literature (possibly of her legacy ) have seen  this picture and asked me if it is Wordsworth’s. 
What a nice coincidence ! 


OK ! Ma J.. let’s recall Wordsworth to recite his Daffodil……


"Daffodils"

I wandered lonely as a cloud
That floats on high o'er vales and hills,
When all at once I saw a crowd,
A host, of golden daffodils;
Beside the lake, beneath the trees,
Fluttering and dancing in the breeze.

Continuous as the stars that shine
And twinkle on the milky way,
They stretched in never-ending line
Along the margin of a bay:
Ten thousand saw I at a glance,
Tossing their heads in sprightly dance.

The waves beside them danced; but they
Out-did the sparkling waves in glee:
A poet could not but be gay,
In such a jocund company:
I gazed--and gazed--but little thought
What wealth the show to me had brought:

For oft, when on my couch I lie
In vacant or in pensive mood,
They flash upon that inward eye
Which is the bliss of solitude;
And then my heart with pleasure fills,

And dances with the daffodils. 

                                                 -(William Wordsworth)-

How soothingly our minds are weaving and dancing along these wild flowers. I promise I will definitely try to get chance ( not even opportunity) to see them in next spring as if it would be in their own posture, blossoming in a wild and a vast, like Wordsworth had had.

Kay
(3:47 pm, 28 August 2012)


New Beginning
to Junior Win-  


◦
Share/Bookmark

လက်တလော စာအုပ်များ (၂)

ဒီနေ့ စာတိုက် ဗုံး လေး ကို ဖွင့် လိုက် တော့.... Dr Seagrave ရဲ့..The Life of Burma Surgeon စာအုပ် ကလေး.. ရောက် နေ ပါ ပြီ ကော..။

ကြည့်တော့..စာ အိတ် ကလေး က.. သေး သေး လေး ဆိုတော့.. စာအုပ် ကလေး က ဘယ်အရွယ်လေး ပါ လိမ့် ..ဆိုပြီး..အမြန် အမြန် ဖွင့်။ ဒါတောင် အထဲ မှာ စက္ကူ ကဒ်ထူ ၂ ချပ် ခံ ထား သေး တယ် ဆိုတော့.. အို.. စာအုပ် ကလေး က..တကယ့် မှ.. ရှေးဟောင်း ပစ္စည်း လေး ကိုး။ 



ထောင့် ကလေး တွေ မှာ တောင်..ပိုးကိုက် ထား တဲ့.. လက်တ၀ါး သာသာ စာအုပ် ငယ် ကလေး..။ ဒါပေမဲ့..အထဲ ကတော့.. စာရွက် ပေါ့ပေါ့ လေး တွေ မှာ..စာလုံးလေး တွေ ခပ်သေးသေး နဲ့..မထင် ရ လောက် အောင်...များပြား တဲ့..စာမျက်နှာ တွေ..။  ငယ်ငယ် က..အိမ်က..ဖေဖေ့ စာအုပ် ဘီရို ထဲ မှာ တွေ့ ရ တတ် တဲ့.. ၁၀ ပြား တန်..အင်္ဂလိပ် ၀တ္တု စာအုပ် မျိုးလေး ပဲ..။ အဲဒီ ခေတ် ကတော့..အဲလို အရွယ် လေး တွေ ပဲ ထုတ် ဟန် တူ ပါ ရဲ့..။ အခု လည်း..စာ အုပ် ကလေး ရဲ့ ထိပ်မှာ.. 50 c  တဲ့..။  ငါးမူး တန် ပေါ့..။ ၁၉၆၀ ခု နှစ် က ထုတ် တာ ဆို တော့...ကိုယ့် ထက် အသက် အတော် ကြီး နေ ပြီ ဖြစ် တဲ့..စာအုပ် ကလေး ကို.. ကပ်ထူ လေး တွေ ဖယ် ပြီး တယု တယ ခပ်ဖွဖွ လေး ကိုင် ကြည့် နေ မိတယ်။ အခါ တိုင်း စာအုပ် တွေ လို.. ဆွဲ ဖွင့် ဖတ် မ လို့..လက် နှစ် ဖက် နဲ့ အသေ အချာ လှန် လိုက် တော့.. ကျွပ် နေတဲ့..စာ ရွက် ညိုညို လေး တွေက.. ခပ်တိုးတိုး..ညည်း ရှာ တယ်။

စာအုပ် နဲ့ အတူ ပါ လာ တဲ့.. စာရွက် ငယ် ကလေး မှာ..description ကို ရေးထား တာ ကို လည်း ကြည့် ပါ အုံး..။

 Pages brown with age, covers scuffed and edgeworn with some large & small chips.  တဲ့..။

တကယ်ကို..စာရွက် ကလေး တွေ ညို နေ တဲ့.. စာအုပ် အနှောင့် လေး တွေ ဆွေးပြီး ကြွေ နေ တဲ့.. စာအုပ် ဟောင်း ကလေး မှ..တကယ့် အဟောင်း လေး..။

ဘာလို့ လည်း မသိ.. အဲဒီ လောက် ဟောင်းနွမ်း အိုမင်း နေတဲ့..စာအုပ် ကလေး ကို.. ရ လို့..ကျေနပ် ပျော်ရွှင် နေ မိ တယ်။ တကယ်ပဲ.. ဒေါက်တာ စီးဂရော့ဗ် ကြီး ကိုယ်တိုင် ..အနား ရောက် လာ သလို လို...။
ပန်းဆိုးတန်းက..စာအုပ် အဟောင်း တန်း လေး တွေ ကို လည်း..ချက်ခြင်း ပြေး သတိ ရ မိ တယ်။
မိတ်ဆွေ လေး တယောက် က ပြောတယ်.. အမ.. အဲဒီ စာရွက် ဟောင်း လေး တွေ ရဲ့ ..အနံ့ က ..သိပ် ကြက်သရေ ရှိ တာ တဲ့..။ ဟုတ် လိုက် လေ..။ သူ ပြော မှ ပဲ.. စာအုပ် ကလေး ကို လက် တဖက် တည်း နဲ့...ခပ်ရွရွ လေး ကိုင် ရင်း.. စာရွက် ဟောင်း နံ့ လေး ကို.. ဖြည်း ဖြည်း ချင်း ပင့်သက် ရှု ကြည့် မိ တယ်။



ကဲ .. စာအုပ် ထဲ က..အကြောင်း တွေ က တော့.. နောက် မှ ပေါ့ နော်..။ စာအုပ်က ဖြင့် မဖတ် နိုင် သေးဘူး။ ထုံးစံ အတိုင်း..ကြွားချင် တာ နဲ့...ကင်မရာ ထုတ် ပြီး ဓါတ်ပုံ ရိုက် နေ ရ တာ ။ မထူး ပါဘူး.. လောလော လတ် လတ် အနား ရောက် နေတဲ့..စာအုပ် ကလေး တချို့ပါ.. အတင်း ပို့စ် ပေး ခိုင်း လိုက် တယ်။  သနား ပါတယ်း)



ခုရက် ထဲ..နားထောင် ဖြစ် နေ တဲ့..ခင်ဝမ်း သီချင်း နဲ့..ခင်ဝမ်း ဘ၀ ပုံရိပ် စာအုပ် ကလေး ဖြစ်တဲ့.. ခရမ်းနုရောင်နှင်း....။ အောင်ဝေး ရေး ထား တဲ့..စာအုပ် ကလေး ကို.. ချစ်အမ ကြီး မခင်မင်းဇော် ..ချင်းမိုင် ကနေ ပို့ပေး ထား တာပါ..။


နောက် တအုပ် ကတော့.. တလော ကမှ....ကိုခင်အောင်အေး  ပို့ပေး လိုက် တဲ့... ပျော်ရွှင်ဘွယ်ရေးခြစ်ခြင်းများ..။ 




လတ်တလော စာအုပ်တွေ (၁)

◦
Share/Bookmark

My Flower..My Color..My Pleasure

မုန်လာဥနီ ဈေးအလွန်ပေါ သော ကြောင့် carrot cake ဖုတ်စားပါသည်။

မီးဖို ထဲက ထွက်လာ သော..ကိတ်မုန့် သည် အတန်ငယ် ကြည့်ကောင်း နေသော ကြောင့်..ဓါတ်ပုံ ရိုက် မိ ပါသည်။

ကင်မရာ ကို ..ကွိကွိ ကွကွ ကလိ ပြီး ရိုက်သော ကြောင့် .. ပုံကလေး များက..အတန်အသင့် လှပ နေ ပါသည်။

ဘလော့ တလုံး လုံးကြီး ရှိနေ သော ကြောင့်.. ပုံများကို ဘလော့ ပေါ် တင်မိ ပါ တော့ သည်။း)



Reward Myself



Red + Brown = Orange
 

◦
Share/Bookmark

ငှက် တွေ အကြောင်း ဓမ္မဓိဌါန်

ငှက်တွေဟာ.. သူတို့ အတောင် တွေ ဘယ်လောက် လေးလေး..သွားလေရာ သယ်သွား ကြတယ်။


ငှက်တကောင်က.. သူ့ အတောင်ညောင်းရင်.. တခြား ငှက်တကောင်ရဲ့ အတောင် နဲ့ ခဏ ငှါးပြီး ပျံသန်း ချင်လို့ ရမလား..။ ( မရဘူး )


ကျီးကန်းတကောင်လို အရုပ်ဆိုးတဲ့ ငှက်တကောင်က.. ဒေါင်းတကောင်လို လှပ တင့်တယ် တဲ့ ငှက်တကောင် အယောင်ဆောင်ရင်း..စကားပုံ တခု ပေါ်ပေါက်လာ သတဲ့။


ဥသြတကောင် ရဲ့ အလုပ်က..လူတွေ ကို..လွမ်းဆွေးစေဖို့ သက်သက်ပဲ ဖြစ်သလို.. လဒ တကောင် ရဲ့ အလုပ်ကလည်း..လူတွေကို ဆွေးမြေ့သွားစေဖို့ပဲ ဖြစ်တယ်။


ကြက်တူရွေး တကောင် နဲ့ သာလိကာ တကောင် အလုပ်ပြိုင်လျှောက်တဲ့ အခါ.. ဘယ်အရည်အချင်းကို.. အဓိက ထားပြီး ရွေးချယ် ခန့်ထား ဖို့ များနိုင်သလဲ..။ ( လောဂျစ်)


ဆက် မဖြေ တတ်တော့ဘူးရယ်။။


..
Blue Jay, Ruby Throat

နိုင်ငံခြား မျိုးရင်း ငှက်များ

ဘလူးဂျေး တို့..ရူဘီသရုတ် တို့ ဆိုတာတွေကို မကြားဖူး မသိဖူး ရင် ထားလိုက်။ လျှောက် မရွှေ နဲ့..။ ငါ့အတွက်...စာကလေး တကောင် ဘယ်လောက် တောင် ကြီးတယ် ဆိုတာတော့..သိရင် တော်ပြီ။


တခါတလေ တော့ လည်း ဇရက် နဲ့ ချိုးက.. မကွဲပြား တတ်ဘူး။ ဒါကို သတိရှိရမယ်။

ခိုတွေ အကြောင်း ညည်းဖွဲ့  ဖို့ အတောင်ခတ် လိုက်သူ ဟာ..ခို တကောင်ပဲ ဖြစ်တော့ မပေါ့။
ဒါပေမဲ့... ကံဆိုးလိုက်တာ လို့.. ညည်းနေတာ..ခိုတကောင် မဟုတ်ဘူး..။ ငုံးတကောင်။ ခပ်တုံးတုံး ငုံး လို့ ပဲ ဆိုကြပါစို့ ရဲ့  ။ သူ့ ခြေထောက် နောက်တချောင်း ကို ..ဘယ်လို တဲ့တဲ့ မှန်မှန် အသုံးချ ရ မှန်း တောင်..မသိနားမလည် တတ်လိုက်ပုံ။  ဒါပေမဲ့...သူ ငုံးစူ တာ ကိုတော့..လူတကာ သိစေချင် ။


ဇီးကွက် တွေ လို ညမှာ မအိပ်တဲ့ သူတွေ.. များသထက် များလာ နေတော့.. ည တွေမှာ လမသာ တော့ တာ..မဆန်းတော့ ဘူးပေါ့..။


ဇရက် တကောင် တောင်ပံ ကျိုးသွားပြီ ဆိုရင်တော့.. ခံတွင်း ပျက် နေတဲ့ ကြောင် တကောင် အတည်ကြံ ခံရဖို့ ထက် ပိုပြီး.. ဘာမှ မျှော်လင့်စရာ မရှိတော့ဘူး။


ပူပင်စရာတွေနဲ့ မသေချာလွန်း တဲ့ လောကကြီး ထဲမှာ.. တစ်တီတူး တွေ..စိတ်အေးလက်အေး မှောက်ခုံ အိပ်နိုင်မဲ့… ယူတိုပီးယား တခုအကြောင်း စိတ်ကူး ယဉ်နေတုန်း… တစ်တီတူး တကောင်..စူးစူးရဲရဲ အော်ပြီး ငါ့မျက်နှာကို အတောင်နဲ့ ဖြတ်ရိုက်သွား တယ်။ ငါကိုက.. အ လွန်းပါတယ်လေ..။ 




ဇာမဏီ ဆိုတာ..ဖီးနစ် ငှက်လား.. ဘာသာစကား နဲ့  အကျယ်ချဲ့ မူ များ အကြောင်း ။ 
ပုံပြင်တွေ ထဲမှာတော့.. အရာအားလုံးက.. အားတက်စရာ တွေ ချည်း။   
ဟသာင်္ာ ကိုးသောင်း ရှိခဲ့ဖူး ..ပျက်ခဲ့ ဖူး တဲ့.. အကြောင်း ... အတောင်မပါ တဲ့ ငှက်မျိုးရင်း သန်း ၆၀ လောက် ရှိတဲ့.. ခြေရာဗွက် ကလေး ထဲ ကနေ.. ဘယ်လို တွေး ကြည့် နိုင်မလဲ။  ပုံပြင် တပုဒ် သို့မဟုတ် ပြဇတ်တထုတ်။

ဖေ့စ်ဘွတ်ခ် ခေတ်  ပုံပြင်လက်သစ် မှာ တော့..ကိန္ဒရီ ကိန္ဒရာ  ..  ခုနှစ် ရက် နဲ့.. အငိုတိတ်စေ ရမည် လို့… ထိုးဇတ်တခု ထပ်ထဲ့ လိုက်။ အင်း..သူတို့က ငှက် ဆိုတာ သေချာရဲ့ လား။


ငှက်တွေ မှာ..အချစ် မရှိဘူး လို့ ထင်တယ်။ အချစ်မှ မရှိရင်..သစ္စာ နဲ့ တန်ဖိုးထား မူ ဘယ်လို ရှိ မလဲ။ ဒါဆို သေချာတယ်.. ကိန္ဒရီ ကိန္ဒရာ တွေဟာ ငှက်မဟုတ်ဘူး။  ငှက် ကျင့်ဝတ် မှာ ဖို-မ တရား ကိုပဲ လိုက်နာတယ်။ ငှက်မ တကောင်ဟာ .. သူ့ ဥ တွေ အကြောင်း. မှတ်တမ်း တင် မထား ဘူး။  နာမည် တွေ မပေး ထားဘူး။ ဒါပေမဲ့..သူ့ ဥ တွေကို ခင် တယ်။ အဖိုကောင်က..၀ပ်ကျင်း ထဲကို အစာတွေ လာလာ ချ ပေး တယ်။ ငှက်ဘ၀ မှာ..အဲဒါ ထက် ဘာများ ထပ် လိုအပ် လိမ့် ဦးမလဲ။

ဆိုပါတော့.. ဥ.. မ ဥ တဲ့ ငှက်မ တကောင် ဟာ..သူဘာမှား နေလဲ လို့..သူ့ ဗိုက်ကို ခဏခဏ ခွဲ ကြည့် ရ မတဲ့လား...။သူ့ ဗိုက်ထဲ မှာေ၀၀ါးမူ တွေ နဲ့.. ကုန်လွန် သွားခြင်း တွေပဲ တွေ့ ရ မှာပေါ့။

ဒီကမ္ဘာကြီး တခု စာ ငှက်တွေ တောင် နေ့စဉ် အသက်မွေးလောက် သော  အစာ ကို ပေးတဲ့ ဘုရားသခင်…

ရွှေလင်းယုန် လိုသာ.. ကြီးရင့် ခြင်း နဲ့ အတူ.. စူးရှ ထက်မြ ခြင်း များ..လေးနက် တည်ကြည်ခြင်း များ.. အသစ် အသစ် ဖြစ်စေ တော်မူပါ..။

Photo- Kay


 

◦
Share/Bookmark

ပုံရိပ်ဟောင်းများ

ခုတလော.. ဘလော့ဂ် လောက သားတွေ လည်း.. ဖဘ ပေါ် ပြောင်းကုန် ကြ သလား.. သုံးဖြတ် တကုံး..အလံတော် အသစ် ရဲ့ မင်္ဂလာကြက်သရေ မှာ..မှင်သက် သွားကြ သလား .. နာဂစ် ဂီရိ တွေ နဲ့.. စိတ်ပန်း လူပန်း ဖြစ်ကုန် ကြပြီလား.. ဒါမှ မဟုတ်.. ၇ ရက်နေ့ နီးလို့.. စိတ်လှုပ်ရှား.. နေ ကြ လေ သလား.. လား ပေါင်း များစွာ ကြားမှာ..သေချာ တာတော့..ဘလော့ဂ် ရွာကြီး တခု လုံး တိတ်ဆိတ် ခြောက်ကပ် နေ လေ သည်။

ဘယ်သူ တွေ ဘာပဲ ပြောပြော..ဘလော့ဂါ တွေ ကတော့.. ပျော်ရွှင်စွာ..ချစ်ခင်စွာ.. နှုတ်ခွန်း ဆက် ကြရင်း.. တဂ် ခြင်း လို့ ခေါ်တဲ့..ရေးစရာ အကြောင်းအရာ လေး တွေ ဖော်ထုပ် ကြရင်း.. တခါတလေ ..လေးလေး နက်နက်.. တခါတရံ တော့လည်း.. ပေါ့ပေါ့ ပါးပါး.. နဲ့.. ဘလော့ဂါ ပီသ ခြင် ကြ ပါသေး သည်။


ပြီးတဲ့ တပတ်က.. အီးမေးလ် ထဲကို..သူငယ်ချင်း တွေ..အဆင့်ဆင့် ပို့ ရင်း.. သီချင်းလေး တပုဒ် ရောက် လာ လေသည်။ သီချင်း နာမည် က.. “ဘူမိကျောင်းတော်သား”  တဲ့။ စပ်တဲ့သူက.. တတန်းထဲသား..ကျော်ကျော်မင်း ဆိုတဲ့..သူငယ်ချင်း ပါ။ တကယ်တော့..သူနဲ့ ကျောင်းမှာ တုန်းက..သိပ်မခင်လှ.။ သူက.. အောနပ်စ် ကျောင်းသား.. စာတော် သော ၊ ...ဘူမိဗေဒ ကို.. အလေးအမြတ်ထား...သင်ယူ လေ့ကျက်သော..ကျောင်းသား တယောက်။ ပြီးတော့...ရန်ကုန် မြို့ထဲက တက်တဲ့..နေ့ကျောင်းသား။ ဥပဓိ ကောင်းကောင်း နဲ့ သပ်သပ်ရပ်ရပ် နေတတ် တာ ကိုတော့.. သတိ ထားမိ သည်။ ဂီတ ဘာညာ လိုက်စား တာ ..တီးတတ် မှုတ်တတ် တာ ကိုတော့.. field ဆင်း..ကွင်းထဲ ရောက်မှ.. သိဖူး ကြ သည်။ ကျောင်းတွေ ပြီး.. လမ်းခွဲ အသီးသီး ဆက်လျှောက် ကြ တော့ .ကျောင်းမှာ..ဆရာ လုပ်ပြီး ကျန်ခဲ့တယ် ဆိုတာပဲ.. သိ လိုက် သည်။ ပြီးခဲ့ တဲ့..လေး ငါး ခြောက် နှစ် လောက် ကတော့.. ဌါန ကနေ..ဆရာ ငယ်တွေ..အစိုးရ စကော်လာ လွှတ် ဖို့.. ယှဉ်ပြိုင် ကြ.. ရွေးချယ် ကြ တာမှာ.. သူ့ကို.. ဘာသာရေး..လူမျိုးရေး အကြောင်းပြ ချက် နဲ့.. ကန့်သတ် ခံရ လိုက် လို့.. စိတ်နာ နာ နဲ့ အလုပ်ထွက် သွားတယ် ဆိုတာ .. နောက်တော့... အပြင် မှာ.. ဂစ်တာတီး..သီချင်းဆို နေတယ် ဆိုတာ ရယ် ..ခပ်သန့်သန့် ကြားခဲ့ ရ သည်။  ခု..ဒီ သီချင်း လေး ကို.. သူ..ဘယ် နှစ် ဘယ်အချိန် လောက်က..ဘယ်လို ခံစားချက် နဲ့.. ဖန်တီး တီးခတ် ထား လဲ တော့..မသိပေ။ အဆက်အသွယ် အမြဲ ရှိတဲ့ သူငယ်ချင်း တွေ မေးကြည့် တော့ လည်း.. သူတို့ အားလုံး..ခုမှ သာ ကြားဖူး ပြီး..ဘယ်တုန်းက စပ် ခဲ့ သလဲ... ဘယ်ရာက်နေ သလဲ... မသိ ကြပေ..။

ချစ်စရာ ကောင်း တဲ့ သီချင်း လေး ကို..ဒီ အတိုင်း မထားချင် တာ နဲ့.. ရှိတဲ့ ပုံလေး တွေ နဲ့..ဗီဒီယို ကလစ် လေး လုပ်ပြီး.. အမှတ်တရ.. တင် လိုက်ပါတယ်။ အလုပ်မအား တဲ့ ကြားထဲက.. အဲဒီ ဗစ်ဖိုင် ကို..ကလိ ရတော့.. အကုန် လုပ်ပြီးမှ.. Evaluation copy ဆိုတာ ကြီး ပေါ် နေတာလဲ..ပြန် မပြင်ချင် တော့ဘူး။ software application က..အလကားပဲ သုံးနိုင်တာ ကိုး။း) ကောင်းပါတယ်။ လူပုံ တွေ ကိုလည်း..နဲနဲ လေး ကွယ်လိုက် သလို ဖြစ်သွား တာပေါ့.။ ပုံတွေ ထဲ မှာ ပါတဲ့ သူငယ်ချင်း တွေ အနေနဲ့.. သိပ်ပေါ်လွင် နေရင်.. ကြိုက်ချင် မှ ကြိုက်မှာ လေ..။ 

ဓါတ်ပုံ အဟောင်း တွေ ပြန်ရှာ.. စကန် ဆွဲ နဲ့.. တော်တော် တော့..အလုပ်ရှုပ်သွားသား။ မနှစ်က..စိန်ပန်း ကံ့ကော် ရေးတုန်းက.. သုံးထား ပြီးသာလေး တွေ လည်း ရှိ နေတော့..အတော်ပါပဲ..။ပုံအဟောင်းလေး တွေ ပြန်ကြည့်ရ တာ လည်း..ဘယ်လို အရသာ ရှိမှန်းကို မသိတာ။ ဓါတ်ပုံတွေက..ကြာလေ တန်ဖိုး ရှိလေ ပါပဲ...။

“ ဟယ်..အဲတုန်းက.. သူ..ပိန်ပိန်လေး နော်.. မထင်ရဘူး ...”....
“ ဟယ်တော့....အဲဒါ ကြီးက..နင်..ရီဖို့ ကောင်းလိုက်တာ ဟယ်..” 

အဲဒီလို... ပျော်ရွှင် ရယ်မြူးရင်း.. အရသာ ရှိ လှ ပေ သည်။ နောက်ပြီး.. ခေတ်တခေတ် ရဲ့..၀တ်စား ဆင်ယင် ပုံ လေး တွေ ပြန်မြင် ရ တာလည်း.. စိတ်ဝင်စား စရာ တမျိုး ကောင်းသည် ။ ဓါတ်ပုံ တပုံ ကြည့်လိုက်လို့.. အ၀တ် အစား ဖက်ရှင်ကို မြင်တာ နဲ့..ဘယ်နှယ် ခုနှစ် လောက်...ဘယ်ကာလ လောက် ဆိုတာ ကို မှန်း ရ တာ လည်း.. ရုပ်ရှင်ဖွက် တမ်း..ကစား နည်း တခု လို..ပျော်စရာ ကောင်း တယ် ရော...။ 

ကဲ.. ဒီပုံ တွေ ကတော့.. ဖွက် စရာ မလိုပါဘူး.. အတိ အလင်း ပြောထားပြီးသား..။ ၁၉၉၄-၉၅ ကာလ များ ဆီက...။





အတော်ပဲ.. ဘလော့ဂ် ရွာ ကြီး ခြောက်ကပ် နေတုန်း.. ကစား လိုက် အုံး မည်။

တက္ကသိုလ် တုန်း က.. ဒါမှမဟုတ်..ဘ၀ တက္ကသိုလ် တုန်းက.. အဲဒီလို ပုံဟောင်း အုပ်စု ပုံလေး တွေ.. ကြည့်ချင်ပါကြောင်း.. အနည်းငယ် ၀ါးထား နိုင်ပါကြောင်း.. ကျောက်မောင်နှမ များ နဲ့ တကွ.. အောက်ပါ..ဘလော့ဂ် မိတ်ဆွေ များကို.. တဂ် လိုက်ပါသည်။   ရုပ်ရှင်ဖွက်တမ်း ..ဓါတ်ပုံ ဖွက်တမ်း ပေါ့.။ 


“ သူက.. ဒါပဲ ဖြစ်ရမယ်..”
“  အင်း..သူ့စာတွေ အရ ဆို..ဒီဖက် အစွန်က..ဆံပင်အရှည်လေး ဖြစ်ရမယ်.. ” 

အဲဒီလို မျိုး...။

ကိုကြီးကျောက်.. ( စိတ်ပြေ လက်ပျောက်.... ကွင်းထဲက..အလန်းပုံလေး တွေ ကြည့်ချင်ပါတယ်..)  ( ရေးပြီး)
ကိုအောင်သာငယ်.. ( စိတ်ပြေ လက်ပျောက်.. အဲ.. ယောင် သွားလို့..း)  ( ရေးပြီး )
မမိုးချိုသင်း.. ( ဘူမိ ကွင်း ပုံလေးတွေ ထုတ်ပြပါ.. ကွင်းဆင်းတုန်းကလို့ ပြောတာ )


ကျောက်မောင်နှမ တွေထဲ.. အေးအေးဆေးဆေး ဖြေးဖြေး ခြင်း.. ဘလော့ဂ် ရေးတဲ့.. အောင်ပန်းသား.. ကိုစိုင်းမော်ခမ်း  ကိုလည်း ထဲ့ စာရင်းတို့ပါ ရစေ။ ( ရေးပြီး)

ကျမ မသိသေးတဲ့.. လူတွေလည်း ရှိအုန်းမယ် ထင်ပါတယ်။

 ပြီးတော့ကာ...


မမေငြိမ်း ( အတော်ပဲ.. အမ .. အတိတ်တွေဆီ ပြန်ရောက် နေတုန်း.. )
မခင်မင်းဇော
်
မခင်ဦးမေ
 ( ဟန်းဖုန်း က ပုံတွေထက် ပို ၀ါးပစေ.. )
မအယ်ဇီ

မမီးငယ် ( ဘလော့ဂ် မရှိရင်..ရှိတဲ့နေရာကို လှမ်းတင် ပေး )း)
မသီတာ  ( ရေးတုံး)

မသိဂီ င်္ နွယ်
မမွန် (သုနှင်းဆီ)
မတန်ခူး
မရွှေစင်ဦး ( ရေးပြီး)

တီတီဆွိ  (ရေးပြီး)

မချစ်ကြည်အေး   (ရေးပြီး)
မသက်ဝေ  ( ရေးပြီး)
ပန်ဒိုရာ
မနော်
အိန္ဒြာ
ခွန်မြလှိုင် (ရေးပြီး)

မနော်ဖော

မမေဒါဝီ
မလေး ( အိမ့်ချမ်းမြေ့)  (ရေးပြီး)

ကိုပီတိ ( တောင်တက်တာတွေ တင်ဖူးတယ်.. ခု..ဘလော့ဂ် မရေးတာကြာတော့.. ပြန် နှိုးပေးတာ )း) ရေးပြီး

ကလူသစ်     

(ရေးပြီး)
ကိုလူထွေး
ကိုပေါ ( တလောက တည်းက ပုံတွေ တထောကြီး ပြထားပြီးသား.. မကျန်ခဲ့အောင် ထဲ့လိုက်တယ် )း) 


ကိုအောင်   (ရေးပြီး)
ကိုတင်မင်းထက်
ကိုချစ်ဖေ  (ရေးပြီး)

အားလုံးကို... စပ်စု စိတ်ဝင်စား စွာ ဖြင့်..တဂ်ပါသည်။ တခြား စိတ်ဝင်စားတဲ့ သူတွေလည်း အများကြီး ကျန်သေးတယ်။ အထူးသဖြင့် အသက်မှန်းမရ တဲ့..လျှို့ဝှက်တတ်သူတွေပေါ့..။ ဒါပေမဲ့..သိပ်များနေမှာ စိုးလို့.... ကိုယ့် နဲ့.. ခေတ်ခြင်းသိပ်မကွာလှ ဟု ထင်သူများကိုသာ.. တဂ် လိုက်တာပါ။ ဘယ်သူတွေ ရှိအုံးမလဲ..?????
၇ ရက်နေ့ မတိုင်ခင် နော်။ 

၇ ရက်နေ့ မှာ.. အိမ်ထဲက.အိမ်ပြင် မထွက်ပါ... ( ကြောက်လို့ )း)


ဆက်စပ် ဖတ်ရန်-






◦
Share/Bookmark

လမ်းဘေးက..အီရန် လှုပ်ရှားမူ

ပြီး တဲ့ အပတ်က..တူအရီး နှစ်ယောက် ဈေးလယ် ( ဈေးဝယ် မဟုတ်) ထွက်ရင်း.. ပါ့သ် မြို့လယ်ခေါင် ရှော့ပင်း စင်တာ ကြီးတွေ ကြားမှာ..လူတွေ စုစု .. အသံတွေ စိုးစီ.. မြင်ရ ကြားရ တာနဲ့.. အပြေး သွား စပ်စု လိုက်တယ်။
အစိမ်းရောင် ခေါင်းစည်း တွေ မြင်တာနဲ့..ဒါ..နိုင်ငံရေး ပွဲ တခုခုပဲ ဆိုပြီး..ကပ်သွား မိတော့..သူတို့က..သိမ်းတောင် နေပါပြီ..။ အီရန် ကျောင်းသား လှုပ်ရှားမူ အတွက်..အင်အားပြ ပွဲ တရပ် ဖြစ်နေတယ်..။ အဲဒါ နဲ့..ဟို ကြည့် ဒီကြည့်.. ဟိုရိုက်..ဒီရိုက်..



ပွဲသိမ်း နဲ့ တိုးနေ လို့..အားမရ တာ နဲ့.. အနားက..လူကြီး ကို.. လက်မှတ်ထိုး စာအုပ် မရှိဘူးလား လို့..မေးတော့မှ.. သြော..ဘယ်နိုင်ငံ ကလဲ ဆိုပြီး..သိမ်းလိုက် ပြီ ဖြစ်တဲ့..စာအုပ် တအုပ် ပြန်တင် ပေးတယ်။ ဘောပင် တောင် မနဲ လိုက်ရှာ လိုက် ရသေးတယ်။ ဘာရမလဲ.. တခုခု တော့.. တို့ရမှ.. ဘလော့ဂါ လေ..အကျင့် က..ပါ နေပြီ..။



လမ်းဘေးက.. နိုင်ငံရေး လှုပ်ရှားမူ ပွဲ လေး ဆိုတော့လည်း..အားလုံးကို ကြည့်ရတာ.. ပေါ့ပေါ့ ပါးပါး ပါပဲ... ။ အစိမ်းရောင် လှုပ်ရှားမူ ကြီးထဲမှာ.. အသက်ပေး ခဲ့ ကြတဲ့.. လူတွေ ရယ်..လှလှ ပပ ကျဆုံးရင်း..မီဒီယာ တွေ မှာ..လူသိများ ခဲ့တဲ့....တက္ကသိုလ် ကျောင်းသူ မ လှလှ လေး ကို မြင်ယောင် ရင်း.. သက်တန့် ရောင်စုံ တော်လှန်ရေး တွေ..ဘယ်လောက် တောင် အရောင်စုံ ခဲ့ ပြီ လဲ... လို့....


အတွေး တွေ နဲ့.. ပြန်လျှောက် လာတော့..ခပ်လှမ်းလှမ်း မှာ.. ထိုင်စောင့် ကျန် ခဲ့တဲ့..တူမ ကို.. အဲဒါ..ဘာညာ ..ဘာညာ ပေါ့ လို့ ရှင်းပြ ရင်း...အီရန် အစိမ်းရောင် လှုပ်ရှားမူ အကြောင်း သိသလား လို့.. မေးတော့..အင်း.. အဲဒီ တိုင်းပြည်က..သမ္မတကြီး ရုပ်ကို ကြက်သရေ မရှိ လို့..မှတ်တော့ မှတ် မိတယ်.. သေချာ တော့ မသိဘူး တဲ့..။

အင်း....အဲလောက် ဆို လည်း..မဆိုးပါဘူးလေ.. သူပြောခါ မှပဲ.. ကြက်သရေ မရှိတဲ့.. သမ္မတတွေ..၀န်ကြီးတွေ..ခေါင်းဆောင်ဆိုသူ တွေ ကို.. တန်းစီ ပြီး..မြင်ယောင် လာလိုက်တာ..


◦
Share/Bookmark

Scenery of Switzerland(2)


◦
Share/Bookmark

Scenery of Switzerland (1)


◦
Share/Bookmark

ခရီးပေါ်က..အနုပညာ လက်ရာတချို့..

Bad Ragaz ဆိုတဲ့.. Spa Village လေးမှာ..တမြို့လုံး..အနုပညာ လက်ရာတွေ ပြည့် နေတာပါပဲ။ လမ်းဘေးမှာ..ပန်းခြံတွေထဲမှာ.. ဈေးနားက ဆိုင်တွေနားမှာ..ဘူတာရုံ မှာ.. အိမ်ပြတင်းတွေမှာ..ဘယ်နေရာကြည့်ကြည့်..စိတ်ကြည်နူး စရာ သာယာ နေတယ်။
အတော့်ကို အနုပညာ ဖန်တီးနိုင်သူ တွေလို့ ပြောရမလား..သူတို့ဘ၀ နဲ့ သူတို့ အနုပညာ ခံစားမူတွေကို..အကန့်အသတ်မဲ့.. အနှောင်အတွယ်မဲ့.. အပူအပင်ကင်းကင်း စိတ်ကြိုက် ဖန်တီးနိုင် နေအောင်..ဘ၀ အကျိုးပေး ကောင်းတဲ့ သူတွေလို့ပဲ..ပြောရမလား…

စိတ်ကူးပေါက်သလို..ဓါတ်ပုံ ရိုက်ခဲ့ မိတာလေး တချို့ပါ။













+++++++

ဒီ နောက်ဆုံး ၃ပုံကတော့..ဂျီနီဗာ က.. ကုလရုံးချုပ်ကြီး ရှေ့က..ခုံ အကျိုးကြီး နဲ့.. ရှေးလက်ရာ.. ကြေးရုပ် တချို့...









( ဒီရက်ထဲ..စာမရေးဖြစ်သေးပဲ.. အလည်အပတ် နဲပါအုံးမည်။
သွားလာ နှုတ်ဆက် နောက်ပြောင်နေကျ..မိတ်ဆွေ များ..ထံမှာ..ခေတ္တခဏ နှုတ်ဆိတ် နေပါ အုံးမည်။ )

◦
Share/Bookmark

ကဗျာမသိတဲ့ ကဗျာ


ကဗျာတွေများ..
သီးလိုက်ကြတာ..
ပွင့်လိုက်ကြတာ..

စာမျက်နှာတွေ .. အလေ့ကျပေါက်တဲ့ကြား ..
ခံစားချက်တွေ.. မိုးကောင်းလွန်းလို့လား..
ပါရမီတွေ..မြေဆီပြည့် ကြတာလား..
အနုပညာတွေ.. ဒီလောက်တောင် မျိုးပွားနေမှတော့..

ကဗျာရှင်တို့ရေ..
ကဗျာဆိုတာ..
အဖြေမရှာတဲ့..
ဝေဒနာ ကြေငြာခြင်း များလား..
ကဗျာရှင် တယောက်ယောက် အချိန်ရရင် ပြောပြပေးပါ။



◦
Share/Bookmark

ရောက်ခဲ့ဖူးတဲ့ ပြတိုက် များ


 

ခန့်ညားဝင့်ထယ် လှတဲ့ တိုင်လုံးကြီးတွေ နဲ့ ရောမဟန် ဆောက်လုပ်ထားတဲ့၊ လန်ဒန်မြို့ရဲ့ ကမ္ဘာကျော် ပြတိုက် ကြီး ထဲကို  ၀င်ဖို့၊  လှေကားကျယ်ကြီး တွေ ပေါ် အရင် မတက်နိုင်သေးပဲ၊ အရှေ့က နေပြီး၊ မော့ကြည့်နေမိ သည် ။ ဒီနေရာကြီး ကို ရောက်ဖူးချင် နေ ခဲ့တာ လေ။

ပြတိုက်၊ ပြခန်း တွေ ကို၊ ကြည့်ချင်၊ ကြည့်တတ် လာခဲ့သည် မှာ၊ အသက်အရွယ်ကြောင့် ချည်း သက်သက် တော့ မဖြစ်နိုင်။ သမိုင်း တွေ ကို၊ စိတ်ဝင်စား လာ လို့ လည်း ၊ ဖြစ်နိုင်သည်။ နေရာ အသစ် တခု ကို ရောက်ပြီ ဆိုတာနဲ့၊ အဲဒီ ဒေသ နေရာ အရပ်က ၊ ပြတိုက် ကို၊ သွားကြည့် ဖြစ်အောင် ကြည့်ဖို့က၊ တာဝန် တခု လို ဖြစ်လာသည်။ အဲဒါမှ၊ ဒီဒေသ ၊ ဒီလူတွေ ရဲ့ နောက်ခံ ဇစ်မြစ်ကို သိရှိ နားလည် နိုင်မှာ မဟုတ်လား။ 

အခု ဗြိတိသျှ ပြတိုက်ကြီးကတော့၊ ဒီဒေသ ဒီနိုင်ငံ အတွက် တင် မဟုတ်ပဲ၊ တကမ္ဘာလုံးက၊ လူသား ၀န်းကျင် သမိုင်း ဖြစ်စဉ် အထွေထွေ ကို၊ စုဆောင်း ခင်းကျင်း ထား လေ တာ မို့၊ ဘယ်လောက်တောင် စိတ်ဝင်စား ရင်ခုန် ဖို့ ကောင်းမလဲ ဆိုတာ၊ စဉ်းစားသာ ကြည့်ပေတော့။

အသက်ကို ခပ်ပြင်းပြင်း ရှု လိုက်ရင်း၊ လူတွေနဲ့ ပြည့်ကျပ် နေတဲ့၊ ၀င်ပေါက် ကြီး ဆီ၊ လှေခါးထစ် တွေပေါ်၊ ခပ်မြန်မြန် တက်လိုက်သည်။ ဟုတ်သည်။ မြန်မှ ဖြစ်မည်။ အကြာကြီး မှင်သက် ငေးမော နေလို့ မဖြစ်။ လန်ဒန် ကို ၀င်လည် ခွင့် ရတဲ့၊ အချိန်လေး တရက် နှစ်ရက် ထဲမှာ...လက်ညိုးထိုးမလွဲ၊  ကြည့်စရာ ရှုစရာတွေ ၊ သွားစရာ လာစရာတွေ ကို၊ အချိန်ဇယား ဆွဲ တော့၊ လန်ဒန်ပြတိုက် ကြီး အတွက်၊ သုံးနာရီ လောက် ပဲ အချိန် ရသည်။ အဲဒီတော့ “အိုကေ..အီဂျစ် နဲ့ အာရှ ပဲ ကြည့်ကြမယ်လို့..” အချိန်ဇယား ကို ထပ်ချုံ့ရသည်။ နောက်မို့သာဆို၊  သူတို့ အဆို အရ ၊ ဒီပြတိုက် မှာ၊ လက်ရာပစ္စည်းပေါင်း ၆ သန်းခွဲ ရှိပြီး၊  တခုကို  စက္ကန့် ၆၀၊ တမိနစ်လေး ပဲ ၊ ကြည့်ဦးတော့၊  မနားတမ်း ဆက်တိုက် ကြည့်ရင်တောင်၊  ၁၂ နှစ် ကြာသွားနိုင်တယ်တဲ့ လေ။

အာရှ ကိုတောင်၊ အရှေ့တောင် အာရှ နဲ့ တင်၊ အချိန် တော်တော် ပေး ရသည်။ အရှေ့တောင်အာရှ မှာတောင်၊ မြန်မာ ပစ္စည်းတွေ အနားမှာ က၊ ခွါမရ ။ ၀င်ဝင်ချင်း မှာကို ထီးထီးမားမား တွေ့လိုက် ရတဲ့၊ ရတနာတွေ စီခြယ်ထားတဲ့၊ ကုန်းဘောင်ခေတ် ဗမာ့ ဆွမ်းအုပ်ကြီး နဲ့တင်၊ ကျေနပ် ပီတိ တွေက၊ တသိမ့်သိမ့်။ ဘာတွေကို သိမ့်နေ မိပါလိမ့်။ တကယ်ဆို ဒီ ဆွမ်းအုပ်ကြီးက၊ မြန်မာပြည်က အမျိုးသားပြတိုက် မှာ ရှိနေသင့်တာမဟုတ်လား ဆိုရင်တော့၊ ကိုယ်တိုင် လည်း အသေအချာ ညင်းချက် မထုတ်နိုင်။ ဒါတွေက စစ်သိမ်း စစ်နိုင် ပစ္စည်းတွေ ။ ရခိုင်က စစ်သိမ်း လာ တဲ့၊ မဟာမြတ်မုနိ ဘုရားကြီးတောင်၊ မန္တလေး မြို့လည်မှာ၊ တင့်တယ် စံပါယ် နေသည်မှာ၊ နှစ်တွေ ကာလတွေ ဘယ်လောက် ကြာခဲ့ပြီလဲ။ အခု ဒီမှာ လည်း၊   လော့ဒ်မောင့်ဘတ်တန် သာ၊ လက်ဆောင် အဖြစ် ပြန်မပေး ခဲ့ရင်၊  သီဟာသန ပလ္လင်ကြီး ဘယ်နေရာ မှာ ရှိနေလိမ့် မလဲ လို့၊ အတွေးပို ကြည့် ဖြစ်အောင် ကြည့် လိုက်သေးသည်။

တနေရာမှာတော့၊ လှိုက်ကနဲ ဖြစ်သွားပုံက၊  ဆွေမျိုး သားချင်း တယောက်ကို မမျှော်လင့်ပဲ တွေ့လိုက်ရ သလို ။ တွေ့လိုက်ရတာက၊ မုန်ဗုံး ထဲ မှာ ဘောင်ခတ် ထဲ့ ထားတဲ့ ၊ ၀ိုင်းဝိုင်းစက်စက် မြန်မာ စာလုံးလေး တွေ ။ ရေးထားတဲ့ စာ ကလည်း၊ ငယ်ငယ်ကတည်းက၊ ကျက်မှတ် ရွတ်ဆို အလွတ်ရ လာခဲ့တဲ့၊ မြန်မာ ရှေးကဗျာလေး။ အိန္ဒိယ ရဲ့ ပင်ရင်း အက္ခရာ စာလုံး များ ဆိုတဲ့ အုပ်စု အောက်မှာ၊ ယှဉ်တွဲ ပြီး မြင်လိုက် ရတဲ့၊ ၀န်းဝန်း ၀ိုင်းဝိုင်း အခက် အလက် အစုံ နဲ့၊ အရှေ့တိုင်း အက္ခရာ လေး တွေ။  ဘင်ဂါလီ၊ တိဗက်၊ တမီးလ်၊ ဆင်ဟာလိ ၊ မြန်မာ။ နေပါအုံး.. ထိုင်း စာ အက္ခရာ တွေ လည်း၊ အဲဒီလို ၀န်းဝန်း ၀ိုက်ဝိုက် ကလေး တွေနဲ့ ပါဌိပါဉ်သား တွေ သုံးတာပဲ မဟုတ်လား ။ ဘာလို့ မပါသလဲ  မသိ ။ ထားတော့။ ကိုယ် နားလည် တဲ့ ပညာရပ် တွေ မဟုတ်။








 မြကန်သာ၊ တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်၊ ရေအေးကြည်စွာ
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်၊ ဘုံဝတိံ သာ
နန္ဒာပေလော၊ တူစွဟုတ္တာ။ 


ကဗျာလေးကို၊ ပြန်ရွတ်ဆို ကြည့်မိသည်။ ရိုးရှင်းသလောက် ၊ ခမ်းနားသော ရှေးမြန်မာကဗျာကလေး။ စပ်တဲ့သူကို၊ အမည်မသိ။ ခေတ်က၊ ၁၁ ရာစု ဆိုတော့၊ ပုဂံခေတ် ထဲ က၊ ကျကျန်ခဲ့သော၊ စာတို ကလေး ဖြစ်မည်ပေါ့။ မှန်နန်းရာဇ၀င် ထဲမှာ ပါတဲ့၊ တူရွင်းတောင်ခြေ က၊ မြကန် ပဲ၊ဖြစ်လိမ့်မည်။ ဘေးက ကပ်ရပ် အင်္ဂလိပ် ဘာသာပြန် ကရော.. ဘယ်သူ ပြန်ဆို ထားသည် လည်းမသိ။

-Emerald lake- 
fed by a mountain stream, 
the waters enter running,
and circle cool and clear,
within unbreachable banks,

water lilies are fragrant
and all types of birds abound.
This is so like Nanda
that is in the heavens,
is this perhaps the self-same Nanda lake?

Unknown
11th century

အင်္ဂလိပ် ဘာသာပြန်ကလေး ကို ဖတ်နေရင်း၊ အတွေး မှတ်ညဏ် တချို့၊  ဖြပ်ကနဲ လင်းလာသည်။ ဒီအင်္ဂလိပ် ဘာသာပြန်ကလေး သည်၊  မြန်မာပြည် အိမ်က၊  စာအုပ်စင်ပေါ်မှာ ရှိတဲ့၊  စာရေးဆရာကြီး ဦးဝင်းဖေ(မြဇင်) ရဲ ‘ မြကန်သာ’ အင်္ဂလိပ် ဘာသာပြန် ကဗျာ ပေါင်းချုပ် စာအုပ် ကလေး ထဲက၊ မဟုတ်လား။ ၊ ဒါတွေ ဟာ၊ တကယ်တော့၊  မြန်မာ ရှေးကဗျာ စာပေ တွေ ကို၊ ခက်ခက်ခဲခဲ ထဲထဲ ၀င်ဝင် ၊ ဘာသာ စကား ဆင့်ပွား ပြန်ဆို ခဲ့ ကြတဲ့၊ မြန်မာ စာဆို ပညာရှင်ကြီးတွေ ရဲ့၊ နရီ ကာရန် အသံ ဖလှယ်မူ ဘာသာစကား အလှ တွေပဲ ။ ဦးဖေမောင်တင်၊ မောင်ဖြူး၊ မောင်ထင်၊ မင်းသုဝဏ်၊ ဇော်ဂျီ က စလို့ ၊ အခု ဦးဝင်းဖေ တို့ ပါရဂူ တို့လို  ဘာသာစကား ကျွမ်းကျင်ပိုင်နိုင် တဲ့ စာဆို ပညာသည်တွေ အထိ ... သူတို့တွေ၊ ၀တ်မှုံ ထုံကူး လက်ဆင့်ကမ်း ခဲ့ ကြရင်းနှင့်ပင်၊  ရှင်မဟာ ရဌသာရ၊ လက်ဝဲသုန္ဒရ၊ နတ်သျှင်နောင်၊ မြ၀တီဦးစ ၊ မမြကလေး ၊ လှိုင်ထိပ်ခေါင်တင် စတဲ့၊ နန်းသုံးတော်ဝင် ရှေးမြန်မာ ကဗျာ စာဆိုကျော် တွေ ရဲ့ ၊  မြန်မာ စာလုံး ၀န်းဝန်း ၀ိုင်းဝိုင်း လေး တွေ သည်၊ ဘာသာဗေဒ စည်းဘောင်ကို လွန်မြောက် နိုင်ခဲ့ ကြသည်။ တဂိုး လို စာဆိုကြီးတွေရဲ့ ဘင်္ဂါလီ အက္ခရာ စာလုံး သွယ်သွယ်ယွန်းယွန်း တွေ က၊ မြန်မာအက္ခရာစာလုံး တွေ အဖြစ်၊ ပြည့်ပြည့် ၀န်းဝန်း ထွန်းလင်း ခဲ့ ရသည်။ လယ်တီဆရာတော် လို၊ ဦးဖေမောင်တင် လို ပညာရှိ တွေ ကြောင့်၊ အနတ္တလက္ခဏာကျမ်း လို မှန်နန်းရာဇ၀င် လို ၊ ပါဠိ စာပေ ၊ သင်သက်ကရိုက် အက္ခရာ တွေက ၊ ရောမအက္ခရာ အင်္ဂလိပ်စာ တွေ အဖြစ်၊ ကျယ်ပြန့်ခဲ့ရသည်။

စာပေ အက္ခရာ သင်္ကေတ တွေ ဆိုတာ၊ အသံ ဘာသာ စကား ထက် ပိုပြီး ထူးခြားနေတဲ့ အပြင်၊  အမြဲ တွဲလျက် လည်း မရှိ နိုင်ဘူး ဆိုတဲ့  အကြောင်းရင်း တွေ ကို၊ စေ့ငု နေမိသည်။ အကြမ်းဖျင်း အားဖြင့်တော့၊ ယဉ်ကျေးမူ လူ့သမိုင်း တခု ရဲ့ အကျယ်အပြော အတိမ်အနက် ကို ချင့်တွက် ကြည့် နိုင်သည် မဟုတ်လား။ ဒါဆိုရင် ၊ သမိုင်း ဆိုတာ၊ စာပေပညာရှင်တွေက ဖော်ညွှန်းခဲ့ တာလား.. စစ်သေနာပတိ ကြီး တွေက ပုံဖော် ခဲ့တာလား... ရှင်ဘုရင် အကြီးအမှူး တွေက ကြံစည် ခဲ့တာလား..အနုပညာသည် တွေ ၀န်းရံ တည်ဆောက် ခဲ့တဲ့ ယဉ်ကျေးမူ တွေ ပဲ လား...။ ယဉ်ကျေးမူ နဲ့ သမိုင်း  ဆိုတာ ...ခွဲခြားလို့ မှ မရတာပဲ။

အဲဒီလို..ယဉ်ကျေးမူ နဲ့ သမိုင်း တွေ ဆင့်လောင်း ပေါင်းစပ် ထား တဲ့၊ အမျိုးသားယဉ်ကျေးမူ သမိုင်း ပြတိုက်ကြီး နောက်တခု ကို ၊ မနှစ်နွေ ကပင်၊ ရောက်ခဲ့ သေး သည်မဟုတ်လား...။

++++++++ 
 ပြည်လမ်း ပေါ်မှာ ရှိတဲ့၊ ပြတိုက်သစ် ကြီး ရဲ့ အရှေ့က၊ ၀င့်ကြွားဟန်ပို လှ တဲ့၊ ယောင်တစောင်း နဲ့ အရုပ်ကြီး သည်၊ ဓါးကြီးကို ခါးကြားချိတ်လျက်... မြန်မာ့ အမျိုးသား ယဉ်ကျေးမူ တွေကို ၊ စောင့်ရှောက် နေ လေဟန်...။

သူကသာ ဓါးကြီး ခါးကြားချိတ်စောင့် နေပေမဲ့.. ပြတိုက်ကို လာသူက၊  လောလောဆယ်၊ အ၀င်ပေါက်မှာ..ကိုယ် တယောက်ထည်း..။ အထဲမှာတော့..မိန်းကလေး တအုပ် ကို လှမ်းမြင် လိုက်သည်။ ခြောက်သွေ့ တိတ်ဆိတ်နေတဲ့..နွေနေ့လည်ခင်း တခု အောက်မှာ..သက်တောင့် သက်သာ ထိုင်ရင်း စကားပြောနေကြတဲ့ အစောင့် ၀န်ထမ်း သုံး -လေးယောက် ရဲ့  ခပ်အုပ်အုပ် ရီမောသံက လွဲလို့ သစ်ရွက် ခြောက်သံ တွေ သာပဲ   ခပ်ရှဲရှဲ ။ စိတ်ပျက်စရာ ကောင်းတာက  အထဲကို ကင်မရာ သယ်ခွင့်မရ ။ ဘာဆို ဘာမှ မသယ်ရ တဲ့ ။ အဲဒီတော့လည်း  ၀င်ကြေး ၅၀၀ ကျပ်ပေးပြီး လက်ဗလာ  မျက်စိကင်မရာ နဲ့သာ  ရိုက် ရ တော့ သည် ။ 

ဝင်ဝင်ချင်း အခန်းမှာ၊  မှန်ဘောင်အသီးအသီး ခတ်ပြီး ချိတ်ဆွဲ ပြသ ထားတဲ့ ၊ ခေတ်နှောင်း ၊ ခေတ်ဟောင်း၊ ခေတ်ပေါ်၊ ခေတ်ပြိုင် စာရေးဆရာ တချို့ ရဲ့ မြန်မာ စာ လက်ရေးမူ တွေက၊ ၀န်းပုံ ၀ိုက်ပုံ အမျိုးမျိုး၊ ဆွဲပုံ သတ်ပုံ အခြားခြား ။ မှတ်ချက် စာတို လေး တွေ တခုစီ နဲ့။ အဲဒါတွေ အားလုံး ရဲ့ ကြားထဲ မှာ၊ ထင်ထင်ရှားရှားကြီး ရှိနေတဲ့ ၊ ဆရာကြီး ဦးဖေမောင်တင် ရဲ့ ကြေးရုပ်တု က၊  မြန်မာ့စာပေ ကို ၊ ဘာသာဗေဒ အချုပ်အနှောင်က ၊ ဖြေလွှတ် နိုင်ခဲ့ ခြင်း ရဲ့ အစ ပေ ပဲ လား ။  
အဲဒီအခန်း နဲ့ ကပ်ရပ် ၊ ၀ါညိုညို အလင်းရောင် ခပ်မှိန်မှိန်သာ ပေးထားတဲ့  အခန်းကြီးထဲကို ရောက်သွားတော့၊ ကျောထဲမှာ စိမ့်တက်သွား သည်။  နီကျင်ကျင် ဟင်္သာပြဒါး တွေ ပေါ်မှာ၊ ရွှေရောင်တွေ  လွင့်ပျယ်စ ပြုနေတဲ့  သီဟာသန ပလ္လင်ကြီး က၊ ခန်းလုံးပြည့် ။ လန်ဒန်ပြတိုက်ကြီး ဆီ သယ်ယူ သွားပြီး မှ ၊  မြန်မာပြည်ကို ပြန်ပြီး ၊ လက်ဆောင် ပို့ပေး ခဲ့တဲ့၊ ဘိလပ်ပြန် ပလ္လင်ကြီးလေ။ သီပေါဘုရင် စစ်မရှုံးခင်က တော့ အာဏာ စက် တွေ ထက်ရှ ခဲ့မဲ့ ၊ ထိုင်ခံ ကြီးပေါ့။   ဒီ ရာဇပလ္လင်ကြီးပေါ်ကနေ   တောင်စွယ်နေကွယ်မှာ သတ်စေ... လို့ ၊ အသက်တွေ ဘယ်လောက်များ သေခဲ့ ကြရ မလဲ ။ ဒီပလ္လင်ကြီးရဲ့ အောက်ကနေ ၊  အသနားခံနေတဲ့ မျက်နှာတွေ ၊  ပြုံးပျော်ကျေနပ်နေမဲ့ ချီးမြှင့် မြှောက်စားမူတွေ ၊ကွယ်ဝှက် ဖုံးဖိ မြိုသိပ်ထားတဲ့ ရွံရှာ စက်ဆုပ်မူတွေ ၊ မော်ဖူးနေတဲ့ အလိမ်အညာ လက်စုံမိုး တွေကို  မြင်ယောင် ခံစားကြည့် တော့.... သမိုင်း ရဲ့ အရသာ ဆိုတာ  ဒါပဲ ထင်ပါရဲ့။

နေအုံး .. အာရုံထဲမှာ စွဲထင်ကျန် နေခဲ့တဲ့ ၊ ဒီလို ပလ္လင်ကြီး နောက်တခု ရှိသေးသည်။ အဲဒီ တရုတ်နိုင်ငံ ပီကင်းမြို့တော် က၊ ပလ္လင်ကြီးဆီ ကိုတော့၊ လူကိုယ်တိုင် ရောက်ခဲ့ ခြင်း မဟုတ်။ နောက်ဆုံးဧကရာဇ်ကလေး ပုရီ က၊  အမြင်အာရုံတွေက တဆင့် ခေါ်သွားခဲ့ ခြင်းသာ။ စစ်တင်မက၊ စနစ်ပါ ရှုံးသွားခဲ့တဲ့၊ တရုတ် ပဒေသရာဇ် တွေရဲ့ နောက်ဆုံး ဘုရင် ကလေး ခမျာ၊ သူ ထိုင်ဖူး ခဲ့တဲ့၊ ပလ္လင်ကြီးဆီကို၊ စက်ဘီးကလေးစီးပြီး ၊ မကြခဏ လာကြည့် တတ်သည်။ လူလစ်တဲ့ အချိန်  ပလ္လင်ကြီးပေါ်ကို တက် ကြည့်ဖို့ ကြိုးစားနေတုန်း အနားကို ရောက်လာတဲ့ ကျောင်းသားငယ်လေး တယောက်ကို ဒါ သူ ငယ်ငယ်က ထိုင်ဖူးတဲ့ ပလ္လင်ကြီး လို့ ပြောတော့ ယုံကြည်စရာ ဘယ်မှာ ရှိမလဲ။
 ပုရီ အတွက်တော့..သမိုင်းဆိုတာ...မယုံနိုင်စရာ လောကဓံ တရားရဲ့ အလှည့်အပြောင်းတွေ။

ဒုတိယ ထပ်က   မြန်မာ့ ဂီတ ပစ္စည်းတွေ  တိုင်းရင်းသားရိုးရာ အသုံးအဆောင်တွေက  စိတ်ဝင်စားစရာ မကောင်းလှ  ပြခန်း သက်သက် သာ ၊ ဆန်လှသည်။ လူခြေ လည်း ပိုပြီး တိတ်ဆိတ်နေသည်။  အခန်း အပြင် ထောင့်တနေရာ မှာ  အရောင်မှိန်မှိန် ရိုးရိုးအ၀တ်အစား သနပ်ခါးဘဲကြား နဲ့  ၀န်ထမ်း အမျိုးသမီး တယောက်  နေ့လည်စာ စားပြီးစ ထင်ရဲ့.... ထမင်းချိုင့်တွေကို စီရင်း လက်သုတ်ဝတ် တချို့ကို  ပြတင်းသံဇကာမှာ နေလှမ်းနေသည်။ ခပ်လှမ်းလှမ်း  အတွင်းကျကျ  ထောင့်တခု ရဲ့  ခုံတန်းရှည်တခု ပေါ်မှာတော့   စွပ်ကျယ် ၀တ်ထားတဲ့ ၀န်ထမ်း အမျိုးသား တယောက် လဲလှောင်း အိပ်စက်နေလေရဲ့။

အသိတယောက်က  ဓါတ်လှေခါး မသုံးနဲ့ လို့  သတိပေးတာကြောင့်  တတိယထပ်ကို တက်ဖို့ လှေခါးနား အရောက်မှာ  နိုင်ငံခြားသား အဖွဲ့တဖွဲ့ တက်လာတာကို မြင်လိုက်သည်။ တချို့က အနားက သန့်စင်ခန်းထဲ ကို ၀င်သွားကြတယ်။ အဲဒီတော့မှ  “နိုင်ငံခြားသားများ အတွက်သာ” ဆိုတဲ့.. သန့်စင်ခန်း ရဲ့ ဆိုင်းဘုဒ်လေး ကို သတိထားလိုက် မိသည်။

တတိယထပ် မှာက   နန်းတွင်း အသုံးအဆောင်  ရတနာ စိန်ကြုပ်  ပချုပ် အုပ်ခွက် တွေ။ ကတ္တီပါခင်း မီးထိုး ထားတဲ့ ၊ ပြခန်း ပြတင်းလေး တခု ပေါ်က၊ အမျိုးအမည် မခွဲခြားတတ်တဲ့ ၊ ရတနာစိန်ကျောက်တွေ အပြည့် နဲ့ နန်းသုံးပစ္စည်း တခု ရဲ့ နောက်မှာ၊ ၀န်ထမ်း တယောက် ထင်ပါရဲ့ ..  မီးကြိုးတွေ အေးအေးလူလူ တယောက်တည်း ပြင်နေတာ တွေ့ရသည်။ ဒီပစ္စည်းတွေ ရဲ့ လုံခြုံရေးက ၊ ဒီလောက်တောင်ပဲ စိတ်ချ လွယ်ကူ စရာ ကောင်း နေ လို့လား... ဒါမှ မဟုတ်... စိတ်ချ လက်ချ ထားနိုင်တဲ့ ရတနာ စိန်ကျောက် တွေပဲ မို့လား   တော့ မသိလေ။

ဧပြီလလယ် ရဲ့ နေ့လည် နေ အပူရှိန် က ၊ ပြင်းလှသည်။   စတုတ္တထပ်ကို ရောက်တော့ ချွေးစီးတွေ ပြန်လာလို့ ၊ လေအေးပေးစက်ကြီး နားမှာ ခဏ သွားကပ်နေ ရ သည်။ ဒီ အထပ်မှာက ၊ ပန်းချီ လက်ရာတွေ ဆိုတော့ ၊ အချိန်ယူပြီး ကြည့် ချင်သည်။ ဦးဘကြည်  ဦးငွေကိုင် က စလို့   ခေတ်ပေါ် ပန်းချီလက်ရာတွေ အထိ အတော်တော့ စုံလှသည်။ အပူ ပြင်းထန်၊ စိုထိုင်းဆ မြင့်လွန်းတဲ့ ၊ ရန်ကုန် ရာသီဥတု နဲ့ ၊ ဒီလို ဒီလောက်ပဲ ထိန်းသိမ်းထားနိုင်မယ် ဆိုရင်တော့ ၊   ပန်းချီကား တွေ  ကြာရှည်ခံပါ့မလား လို့၊ ပူမိပြန်သည်။
အပေါ်ဆုံးထပ်ကို ဆက်မတက်ချင်တော့။ အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်။ အောက်ဆုံးထပ်က၊ လက်မူပစ္စည်း အရောင်းဆိုင်လေးထဲ မှာ၊ မြန်မာတီးလုံးသံ လေး ခပ်ငြိမ့်ငြိမ့် ပြန့်လွင့်နေသည်။  အခုန အပေါ်ထပ်မှာ ဖြပ်ကနဲ သာ မြင်လိုက်ရတဲ့  နိုင်ငံခြားသား ခရီးသွားအုပ်စုက၊ ဟောဒီ အောက်က ဆိုင်မှာ ၊  ပစ္စည်းတွေ လျှောက်ကြည့် နေကြ တာပါလား။ သူတို့ အတွက်၊ အပေါ်ထပ်တွေ မှာ၊ ဘာမှ စိတ်ဝင်တစား အချိန်ပေး ကြည့်ရှုချင်စရာ မတွေ့ ကြဘူး ထင်ပါရဲ့။

++++++
အိတ်ထဲက ၊ ဖုံးမြည်လာတော့ မှ၊ ပြတိုက်ထဲက  ထွက်ဖို့ အချိန်တန် ပြီ ဆိုတာကို ၊ သတိ ထားလိုက်မိသည်။ ညနေ ၅ နာရီမှာ၊ လန်ဒန်က မိတ်ဆွေ တယောက် နဲ့ ပြတိုက် အထွက်မှာ ဆုံဖို့ ချိန်းထားသည်။  လေထု ကို ထိန်းညှိ ထားတဲ့ စိမ့်အေး နေတဲ့ ပြတိုက်ထဲ မှာ၊ အခုမှ ချမ်းဖို့ သတိရ လာသည်။ ပခုံးပေါ်မှာ တင်ထားတဲ့ အနွေးထည် ကို၊ လက်လျှို ၀တ် လိုက်ရင်း ၊ မြကန်သာ ကဗျာ လေး ကို၊ ဓါတ်ပုံ ရိုက်ဖို့ကို လည်း၊ ကံကောင်းလို့ ၊ ခုမှ သတိရ တော့သည်။ 

လန်ဒန်ပြတိုက်က ပြန်အထွက်၊  အလည်ခေါင် ခန်းမကျယ်ကြီး ထဲ ကို အဖြတ် မှာ ၊ ဥဒဟို သွားလာနေကြတဲ့၊ ပြတိုက်လာ ဧည့်သည် တွေ ၊ ခရီးသွားတွေ ၊ စားသောက်ဆိုင်တွေ ၊ လက်ဆောင်ရောင်းတဲ့ ဆိုင်တွေ ၊ နားနေဖို့ ဆိုဖာ ထိုင်ခုံ တွေ၊  လမ်းညွှန် ဆိုင်းဘုဒ် တွေ ကို ကြည့်ရင်း၊ ကျား နဲ့ မ သင်္ကေတ လေး ခွဲ ခြားတဲ့ ၊ သန့်စင်ခန်း သို့ ဆိုတာ လေးကို မြင်မှ ၊ အပေါ့အပါး သွားဖို့ သတိရ သည်။ ကျား နဲ့ မ  တင်မက၊ ကိုယ်လက်မသန်စွမ်းသူ တွေ အတွက်ပါ ၊ သီးသန့်ပြုလုပ်ပေးထားတဲ့ သင်္ကေတ အမှတ်အသားလေး ကို မြင်တော့ ၊ နိုင်ငံခြားသားများ အတွက်သာ ဆိုတဲ့ မြန်မာပြည် အမျိုးသားပြတိုက်က ဆိုင်းဘုဒ်ကလေးကို မြင်ဖြစ်အောင် မြင်ယောင်လိုက်မိ သေးသည်။ 

အိတ်ထဲက ဖုံးက၊ ထပ်မြည်လာပြန် သည်။ အမြန် ထွက်မှ ဖြစ်တော့မည်။   လန်ဒန်ပြတိုက် ထဲ ကရော၊ ရန်ကုန် ပြတိုက်ထဲ ကရော.. ပီကင်းပြတိုက် ထဲ ကရော... ထွက်မှ ဖြစ်တော့မည်။


ကေသွယ်
၁၇ အောက်တိုဘာ ၂၀၁၂
( ၂၀၀၉ ခုနှစ်က ရေးခဲ့သော စာကို အနည်းငယ် ပြန်လည် ပြင်ဆင် ထားခြင်းဖြစ်သည်)

◦
Share/Bookmark