အရေးပေါ် ထွက်ပေါက်


ခရီး တိုလေး ၃ ရက်လောက် ထွက်နေ တုန်း.. ဗမာ သတင်း တချို့ နဲ့ အဆက် တွေ...ပြတ် လို့....။
ကြည့်ပါဦး...။ သတင်း တွေ မှာ.. ဘယ် လို ဖြစ် ကြ တာ တုံး...။ မီး တွေ ..မီးတွေ..လောင် လိုက် ကြတာ။
--
မန္တလေး ရတနာ ပုံဈေး ကြီး ဆို တာ..ခု မီးလောင် တဲ့ သတင်း တွေ ကြည့်တော့မှ.. မြင်ဘူးတော့တယ်။ အော်- ဒီပုံစံ ကြီး ပဲလား...။ ဟုတ်တယ် ကွယ်...။ ရန်ကုန် ဖက် မလဲ... ဘယ်အဆောက်အအုံ အသစ် ဆို ပြီး ကြည့်လိုက် ..ကြည့်လိုက်.. အဲဒီပုံစံ ကြီး တွေ ချည်းပဲ။ မှန် စိမ်းပြာ ပြာ နောက်နောက် ကြီး တွေ အပြည့်ကပ်.. အဖြူရောင် ကွန်ကရစ် ခံ နဲ့..။ ဒါတွေချည်းပဲ။ သိရိ မင်္ဂလာ ဈေး သစ် ဆိုလည်း ဒီပုံပဲ.. ဒီမှန် ကြီးတွေ ပဲ။ ရန်ကုန် မှာ လည်း.. ဒီ စိမ်းပြာ ပြာ မှန် ကြီး တွေ နေရာ တိုင်းပဲ။ သွင်းကုန် လိုင် စင် ယူ ထား တဲ့ လူ က.. ဘယ်လောက် တောင် ..ဈေးကွက် ကို ထိန်းချုပ် ပီး..ဒိုင်ခံ သွင်းနေလဲမသိ။ အဲဒီ အဆောက် အဦ အသစ် ဆို တာ ကြီး တွေကလည်း.. ဘယ်လောက် ကြာ အောင် ပဲ သစ်ဖို့ လို လည်း တော့ မဆိုနိုင်... တနှစ် ၂ နှစ် လောက် က ဆောက် တယ် သာ ဆို တယ်... ကွန်ကရိ အဖြူ ရောင် ကြီး တွေက..ညစ်ထပ် လို့။ ကြည့်တာ နဲ့.. ခန့်ညား ထယ်ဝါ မူ ကင်းမဲ့လို့။ အဲဆို လည်း..ဘာလို့များ.. ပိုက်ပိုက် တွေ အကုန် ခံ ပြီး ဆောက် နေ ကြ သလဲ.. ။ အင်းလေ.. ပိုက်ပိုက် တွေ ရဖို့ ဆောက် တာ ပဲ ... ကုန် မှာ က.. ဆိုင်ခန်း အသစ် တွေ ခဏ ခဏ ထပ် ထပ် လေလံ တင် ရတဲ့ ကုန်သည် ဈေးသည် တွေပဲ.. ကိစ္စ မရှိ။
--
လူ ကလည်း အကျင့် က မကောင်းဘူး... မြင်ပါ များ လာ ရင်.. မကြိုက်ချင် တော့ဘူး..မျက်စိ က နောက် ချင်ပီ။ အဲလို ပေါ်ပင် ..ပီးလွယ် စီးလွယ် အဆောက်အဦ ဒီ ဇိုင်း ကြီး တွေ ကို မကြိုက်သလို.. နောက်.. ရှိသေးတယ်။ ဟိုလေ... သစ်သား ကနုတ် ပန်း နဲ့ ဆက်တီခုံ ကြီး တွေ...။ တကယ် ပြောတာ.. အရမ်း ရွံတာပဲ။ ဗမာ ပြည် မှာ သစ်သား က..ပေါပေါ... လက်မူ ပညာ က ဈေးပေါပေါ နဲ့.. ချ နေ လိုက် ကြ တာ။ အသုံးပြု တဲ့ ..ထိုင် တဲ့ လူတွေ ကလည်း..ခုံ ကြီး တွေ နဲ့ အပြိုင် ခန့်ညား..။ နောက်တခု က..ဒစ္စကို ရွှေ တွေ..ကလက် တက် တက် ..နင်းကန် သုတ် ထား တဲ့.. အတွန့်အတက်..ဆုလစ် မွန်းချွန် အပြည့်နဲ့ အမိုး မုခ် ဦး ကြီး တွေ..။
တခါ တလေများ.. ဗာရာဏသီ ရောက် နေသလား အောက်မေ့ ရတယ်။ အဝေး ပြေး ကားလမ်း မကြီး တွေ ပေါ် က..မြို့ငယ် ဇနပုပ် ကလေး တွေ ကတောင်... မြို့အ၀င် ရွာအ၀င် ဆိုင်းဘုတ် ကလေး က..သစ်သား ပွတ် လုံးတိုင် လေး ထောက် လို့.. တွန့်တွန့်တက်တက်...။ တချို့ ရွာ လေးတွေ ဆို.. ဆိုင်းဘုတ် စိုက်ပီး ထဲက.. တခါ မှ ပြန် လှည့် မကြည့် အား တော့.. လမ်း ပခုံး မှာ.. တက်ပီး မျက် စား နေတဲ့..ကျွဲ အုပ် ကြီး တွေ နဲ့ အပြိုင် ရွံ့ တွေ ဖွေးလို့...။
--
လူလည်း.. နေရင်း ထိုင် ရင်း.. မြန်မာ့ ယဉ်ကျေး မူ အနု လက်ရာ တွေ ကို တောင် ..မခံစား နိုင် တဲ့ လူ့ဂွစာ ဖြစ် နေပီ။
--
ပြောရင်း နဲ့ ..စကား က ချော်လို့....
သတင်း တွေမှာ ပြောတာ.. မန္တလေး ရတနာ ပုံဈေးကြီး မီးလောင်တော့.. မီးသတ် တွေ..အထဲကို ၀င်လို့ မရဘူး ဆို...။ အပေါက် က သိပ်များ များ မရှိ တဲ့ အပြင်.. ကျဉ်းလည်း ကျဉ်း တယ် .. တခြား အရေးပေါ် လုံခြုံ ရေး အစီ အမံ တွေ လည်း တခု မှ ရှိ မနေ ဘူး တဲ့..။ ဒီလောက် တောင် လူ အများ ကြီး အသုံးပြု မဲ့ အဆောက်အဦ ကြီး ကို ..ပစ်စလတ်ခတ် ဆောက် ရက် သလား ကွယ်။
--
အသိ တယောက် ပြောလို့ ကြား ဘူးတာ တခု ရှိသေးတယ်။ တိုင်း နဲ့ပြည်နယ် တွေ မှာ ဆောက်ထား တဲ့..နည်းပညာ တက္ကသိုလ် အသစ် ကြီး တွေလေ.. ဟို ကြို့ကုန်း စက်မူ တက္ကသိုလ် ပုံစံ -- တိုင် ကြီး တွေ ထဲ့..ဒီဇိုင်းထုတ် ပီး.. တပုံစံ တည်း ဆောက် ကြတဲ့.. ကျောင်း သစ် ကြီး တွေလေ...။ သိလား.. ။ အဲဒီ မှာ.. ၀င်ပေါက် တပေါက် ပဲ ရှိတယ်..။ EXIT ထွက်ပေါက် လုံးဝ မပါ ဘူးတဲ့။ ကျောင်းသား တွေ ကျောင်းပြေး မှာ စိုးလို့ထင်ပါတယ်...။
---
ဘယ် နေရာမှာ ပဲ ဖြစ်ဖြစ်.. အရေးပေါ် ထွက်ပေါက် တခု တော့.. ရှိသင့်ပါတယ်။

◦
Share/Bookmark

အားနည်းချက်


ကိုယ်တို့ အဖေ က..လူ တမျိုး။ တော်ရုံ သိပ် မဆူ တတ် ပေမဲ့.. ဆူ မိပြီ ဆိုရင် လည်း..မပြီးမစီး။ နောက် တ နေ့ ရောက်တဲ့ အထိ..renew လုပ်ပြီး ဆူတတ်သည်။ ဆူခံ ထိ ထား ပြီးဆို ရင်တော့.. ၂ ရက် လောက် အသံ မထွက်ပဲ ၊ တော်ရာ သွား ကုပ် နေပေတော့။

ပြီး.. ရိုးရိုး အချိန် တွေ ကျ ရင် ပြောရော...။ ` ဖေဖေ့ အမေ က..ဆူပြီဆိုရင်.. တဗြစ်တောက်တောက် ဆူ တတ်တယ်။ ဖေဖေ လည်း.. အမ ( အမေ) ဆီက..အဲဒီ အကျင့် ကြီး ရမှာ စိုးလို့.. ညီးတို့ကို ဆူ ရင်..မနဲ သတိ ထား ရတယ်...´ တဲ့။

ဒါပေမဲ့ လည်း..ဆူတဲ့ အချိန် ကျ ရင်တော့..ဒီအတိုင်းပဲ... ဆူတာပဲ..။ ငြိမ်ငြိမ်လေး နားထောင် ပေရော့။ မသိ ကျိုးကျွံ ပုံစံမျိုး များ လုပ်မိ လို့ကတော့.. ပို ကြာ ပီသာ မှတ်။ တော် ပါသေးရဲ့။ ဒါတောင်...ဖြစ် နိုင် ချေ ရှိတဲ့ အားနည်း ချက် ကို သိ ထား လို့ တဲ့။ သိ ထား လို့သာပဲ လို့အဖေ့ ကို ကြိတ် လှောင်ခဲ့ မိတယ်။

တကယ် တော့.. No man is perfect ဆိုတဲ့ စကား လေး နဲ့ကျားကန် ထားလို့..လူတွေလည်း အတော် လေး အဆင် ပြေ နေတာပါ။ ကိုယ် လည်း ချွင်းချက် မရှိပေါ့။ ဒါပေမဲ့ လည်း..` လူ ဆိုတာ ကိုယ့် အားနည်းချက် ကိုသိရမယ်။ သူများ အားသာ ချက်ကို မြင်တတ် အတုယူ တတ်ရမယ်´ လို့.. ညီတွေ ညီမ တွေကို ..ကြုံတိုင်း ဆုံးမ နေ တတ် ပြန် ရော။ (အဟင်း..ကိုယ့် အားနဲချက် တခု က..ဆရာလုပ်တာလေ...)

ခြုံ ကြည့် မယ် ဆိုလည်း..လူမျိုး အုပ်စု တွေ ထဲ မယ်.. ဟို လူမျိုးက..စကား များတယ်..လျှာရှည်တယ်။ ဟ၀ှာ တွေက ဖြင့် .. လောဘ ကြီးတယ်.. ငွေမက် တယ်..အင်း ဟို ဒင်းတွေကျတော့ .. ထစ်ကနဲ ဆို အော်တာပဲ... ဆော်တာပဲ..ကွဲတာပဲ...စသဖြင့် ကြိုတင် ပုံဖော် မူလေး တွေ ရှိ နေတတ် ပြန်ရော။ အားနည်း ချက် ကလေးတွေပေါ့။ ဗီ ဇ စိတ် ဆိုတာ ..ပြစ်ပယ်လို့ရ တဲ့ အရာ မှ မဟုတ်ပဲလေ။ ကိုယ့်ကို သူများ တွေက.. ဘယ်လို prejudice လုပ်ထား လဲ..။ ကိုယ့် မှာ ကော..ဘယ်လို ယိမ်း ယိုင် မူ မျိုး ရှိ နေ နိုင်လဲ... ဆိုတာ သိထား ကြတော့.. နဲနဲတော့.. ထိန်း နိုင် တာ ပေါ့ ။ ဒါပေမဲ့ လည်း..`ဇာတိ ပြ တယ် ´ဆိုတဲ့ စကား လေး က.. တယ် အသုံး ၀င် နေ ပြန် တော့ မခက်လား။ အင်းလေ..ကိုယ့် ဗီဇ အားနည်းချက် ( ဇာတိ ) ကို သိထား တယ် ဆိုရင် ပဲ..မဆိုး လှပါဘူး။

ကဲ..ကိုယ်လည်း ..ကိုယ့်ဗီဇ အားနည်းချက် ကို သိသိ ကြီး နဲ့ပဲ.. မနေနိုင်လို့..ဇွတ်ကြီး ဆရာ လုပ် လိုက် ပြန် ပြီ။ :-)


◦
Share/Bookmark

ဇင်ဘာဘွေ နဲ့ မူဂါဘေ

ဇင်ဘာဘွေ နဲ့ မူဂါဘေ

ဇင်ဘာဘွေ က... ငါးသိန်း တန် နဲ့ ခုနစ်သိန်း ငါးသောင်းတန် ငွေစက္ကူ တွေ ထုတ်ဝေ လိုက်ပါ သတဲ့။


တသန်းတန် လည်း ထုတ်ဖို့ ရှိတယ်..လာမယ် တဲ့။ ဒုက္ခပဲနော်။ ငွေဖောင်းပွ မူ က.. ဟိုက်ပါ လို့သုံးရအောင် ကို အလွန့်အကျွံ ဖြစ်နေ ပါပြီ။ ရာခိုင် နှုံး တသိန်း ကျော် ပြီတဲ့။ ဘုရား ရေ..။ ကိုယ်တို့ထက် တောင် ဆိုးနေပါရောလား။ ကမ္ဘာပေါ်မှာ သက်တမ်း အကြာဆုံး အာဏာရှင် ကြီး တယောက် ဖြစ်တဲ့ ရောဘတ် မူဂါဘီ ကတော့.. မျောက်မျက်နှာ ရှေ့ ထားလို့.. ခပ်တည်တည်ပါပဲ။ အမယ်..သူက..သတ္တိတော့ရှိသား။ ကုလ သမဂ္ဂ ..နယူးယောက် ထိ တောင်လာပြီး.. စကားတွေ ဘာတွေ ပြောလို့။ ပြည်သူတွေ ရှေ့လည်း..ခဏခဏ တော့ ထွက်သား။ ဘာတွေ ပြောလည်း တော့ မသိ။ သူ့နောက်မှာ တော့..အ၀တ် ဆိုင်းဘုတ်ကြီး တွေ ထောင် လို့... Mugabe is right ! တဲ့။ ခပ်တည်တည်ပဲ။




ကိုယ်တို့ မြို့လေး မှာလည်း..ဒီ နှစ် ထဲ ..ဇင်ဘာဘွေသား တွေ..တဖွဲ ဖွဲ ရောက်လာ နေကြတယ်။ မိုင်း မြို့ ဆိုတော့..တက္ကနစ်ရှန် တွေ အများ ကြီး ခေါ် တာကိုး။ တက်နေ ကျ..ဘုရားကျောင်း လေး မှာ ဆို..တပတ် လောက် မသွား လိုက်နဲ့။ နောက်တပတ် ဆို.. ဇင်ဘာဘွေ မိသားစု မျက်နှာသစ် တွေ ရောက်လာ ပြန် ပြီ။ ထုံးစံအတိုင်း..သူတို့က..သီချင်းဆိုလဲ..အားရ ပါးရ။ ဘုရား ဆုတောင်းလည်း.. အသည်းအသန်။ ခုန်လိုက်..အော်လိုက်.. လဲကျလိုက်..။ နောက် နှစ်လောက် ဆို..အော်စီ တ၀က်..ဇင်ဘာဘွေ တ၀က်တောင် ဖြစ်တော့မယ် ထင်တယ်။ အေရှန် ဆိုလို့ ကိုယ်တို့ပဲ ရှိတယ်။

ထုံးစံအတိုင်း..ကိုယ်ကတော့..စကား စပ်ရင်.. နိုင်ငံရေးလေး တွေ ဘာလေးတွေ..မေးတတ် တော့..ဘိုးတော်က သတိပေးတယ်။ နင်ကလည်း..ဇင်ဘာဘွေ က ထွက် လာတိုင်း.. အာဏာရှင် ဆန့်ကျင်ရေးသမား လို့ ထင်မနေနဲ့.. သတိ ထား ပြော ဆိုလို့..နောက်ပိုင်း ကြည့်ကျက် မေး ရတယ်။ ကိုယ့်နဲ့ အရမ်း ခင်တဲ့..ဆေးရုံ က..သူနာပြု ဆရာမ တယောက် ကတော့.. ပြောရတာ ကီးကိုက် တယ်။ သူ့ အဖေ က.. သူငယ်ငယ်ထဲက..အိမ်က ပါသွား ပြီး..ပြန်ရောက်မလာ တော့ဘူးတဲ့။ လူတွေမှာ..စားစရာ မရှိ လောက်အောင်ကို ဒုက္ခရောက် နေကြတယ် တဲ့။ သတင်း တွေမှာ လည်း တွေ့မိ တယ်။ ဈေးဆိုင် တွေ က..စင်တွေပေါ်မှာ ပြောင်တလင်းခါ နေတာပဲ။ နေ့စဉ် နေ့တိုင်း..နယ်စပ်မျဉ်း ကို ကျော် ပြီး.. အိမ်နီးချင်း တောင်အာဖရိက ထဲကို ခိုးဝင် နေတဲ့ သတင်းဗီဒီယို တွေ ဆို.. မတွေ့ချင် မှ အဆုံး။

တခါ..ကြည့် လိုက် မိတာ.. သတင်းထောက်က.. အဲဒီ လူတွေနဲ့ အတူကို..လိုက် ခိုးဝင် ပြီး.. တလျှောက်လုံး..မှတ်တမ်းတင်ထားတာ။ လူ တွေက..နယ်စပ် သံဆူးကြိုးကျော် တာနဲ့..ဖုတ်ဖတ်ခါ ပြီး ပြေး ကြတော့တာပဲ။ ဘာမှ မပါဘူး..။ အ၀တ်တထည် ကိုယ်တခုနဲ့..အနီးအပါးက..ရွာ အလည်သွားတဲ့ အတိုင်း။ ဟိုဖက် တောင်အာဖရိက..နယ်စပ် ရဲ တွေ နဲ့ တိုး တော့လည်း..သွားလေးတွေ အကျဲသား နဲ့..ဇက်ကလေး တွေပု ပြီး ပါသွား ပြန်တာပဲ။ ချက် ချင်း..သူတို့ကို..ရထားတွဲ ကြီး နဲ့.. ပြန်ပို့။ အော်..သူတို့က.. ယိုးဒယားတွေ..ဗမာ သွန်သလို...နယ်စပ် မျဉ်း ကျော် ရုံလေး သွားသွန် တာ မဟုတ်ဘူးနော်။ ချက်ခြင်း ပြန် တက် လာဖို့ မလွယ် အောင်..ဟိုး..အတွင်းကျ ကျ မြို့ တခု အထိ ရောက် အောင် ..တကူးတက..လာသွန်တာ။ ညကူး ပြီး ခုတ် ရတဲ့..ရထား ခရီး ဆိုတော့...ငိုအားထက် ရယ်အားသန်.. ညဖက် ရောက် ရင်...ရဲက..အကုန်လုံး ကို.. ခုံတွေ အောက်.မှာ. အပေါ်က..လက်ဂိတ်စင် တွေ ပေါ် မှာ တက်ပြီး..ပုနေ အောင် အိပ်ခိုင်း တာ။ မူကြို ကျောင်းက..ကလေး တွေ.နေ့လည် အိပ်ခိုင်းသလို..။ မျက် လုံးလေး တွေ ..ပေကလပ် ပေကလပ် နဲ့။ တံခါး တွေ အကုန် လိုက်ပိတ်။ ဘာဖြစ်လို့လည်း ဆိုတော့.. ညဖက် မှောင် မှောင် ထဲ..ခုန်ချ ပြီး..ပြန် ၀င် တတ်ကြလို့တဲ့။ သူတို့ကို..အရေး မယူပေမဲ့.. ဝေးဝေးလံလံ ပြန်ပို့တော့..နောက်တခါ..နယ်စပ် ရောက် အောင်လာဖို့..ခရီးစရိတ် ကုန် ဦး မယ်လေ။ အမယ်..သတင်းထောက်ကလည်း..တညလုံး မအိပ်ပဲ..ခိုးကြောင် ခိုးဝှက် လိုက်ရိုက်တာ.. တချို့ လဲ..ခုန်ချ လွတ်သွား ကြတယ်။ မနက် အလင်းရောင် လာ လို့..တွဲစောင့် ရဲက..လိုက် ရီတော့.. ညက.. ၁၀ ယောက် ပျောက်သွားတယ်တဲ့။ တွဲစောင့်ရဲ လည်း.. မြိုးမြိုး မျက် မျက် လေး တော့..နေ့တွက် စီ သွား မပေါ့။

နောက်ဆုံး.. သွန် နေကျ..ဆုံရပ် ကို ရောက်တော့..အားလုံး ဆင်း.. ။ အာဏာပိုင် တချို့က..မှာတမ်းချွေ ပြီး... လူစု ခွဲ ကြတော့.. သတင်းထောက်က.. လျှာထိုးဦးထုပ် နောက်ပြန် ဆောင်းထားတဲ့..အသက် ၂၀ လောက် ကောင်လေး တယောက် ကို ..ဗျူးတယ်။ တောင်အာဖရိက..ထဲကို ပြန်သွားဖို့..အစီအစဉ် ရှိ ပါသေးသလား တဲ့။ ဟိုက.. ရှိပါတယ်တဲ့။
ဘယ်တော့လောက် ပြန်သွားအုံးမလဲ..ဆိုတော့...မနက်ဖြန် တဲ့။ ကဲ..ကောင်းရော။

သူတို့ အခြေ အနေကလည်း..ကိုယ်တွေ ထက် တောင် ဆိုးမလားပဲ။ ဒုက္ခနော်.. အဆိုးပြိုင် နေရ တဲ့..ဘ၀ ရောက် နေပြီ။ ဘာပဲ ပြောပြော.. တခါ တလေ တော့.. တချို့ ဇင်ဘာဘွေ တွေနဲ့..ရှဲ လို့တော့..တယ်ကောင်းနေတာပဲ။ ညနေခင်း တီး နဲ့ မြည်းစရာ တခု ကို ရလို့။


တလောက တော့.. တော်တော်ချမ်းသာ တဲ့..ဗမာ မိတ်ဆွေ တယောက် အိမ်ဝယ်ဖို့..လျှောက်ကြည့်တာ..လိုက်ပို့ရင်း.. ဒေါ်လာ ၆ သိန်းတန် အိမ် တခု ဖွင့်တယ် ဆိုလို့..ရောက်သွားတော့..အမယ်.. ဘုရားကျောင်း က..ဇင်ဘာဘွေ..လင်မယားတတွဲ ကိုသွား တွေ့တယ်။ ဟိုင်း..ဘာညာ နှုတ် ဆက် ပြီး... ဘိုးတော် နဲ့..၂ယောက်သား..ခပ်ကြိတ်ကြိတ်..ဟာသ လုပ် မိလိုက်တယ်။`သူတို့လည်း..မူဂါဘီ ရဲ့ အမျိုးထင်တယ်..´ လို့။

◦
Share/Bookmark

Ph.D ( Myarmar)

မြန်မာ ပြည် မှာ ကွယ်..ပီအိပ်ခ်ျဒီ က များ

ရန်ကုန် နည်းပညာ ကောလိပ် တခု က.. မိတ် ဆွေ တယောက် နဲ့ စကား ပြောဖြစ်တယ်။ သူတို့အားလုံး စိတ် ညစ် နေကြ သည် တဲ့။ ရုတ် တရက် ချက် ခြင်း ဆိုသလို.. မိုးရေ တက် ရေ တဖွေး ဖွေး နဲ့ ကွင်းကျယ် အဝေး ဝေး က.. ကောလိပ် ကျောင်း ကြီး တချို့..မှာ..လှုပ် လှုပ် ရှားရှား ..အပြောင်းအလဲ တွေ ဖြစ် နေ တယ်တဲ့။ ကြီး မား တဲ့ .. အဆင့်မှီ..ဘောလုံးကွင်း ကြီး တွေ..အားကစားကွင်း ကြီး တွေ ..အသဲအသန် ပြင်ဆင် ဖောက်လုပ် နေရ တယ်တဲ့။ ဌါန မှူး တွေ အားလုံး ..ဒေါက် တာ ဖြစ် မှ ရ မယ် ဆိုလို့..လက်ရှိ တာဝန် ထမ်းဆောင် နေ ကြတဲ့..ဌါန မှူး တွေ.. လုပ်သက် ဘယ်လောက် ရှိ ရှိ.. ဒေါက် မတင် နိုင် ရင်..ဖယ်ပေး ရ တယ်တဲ့။ သင် ရိုး ညွှန်း တမ်း တွေ လည်း.. စင်ကာပူ နန်ယန် ယူနီ နဲ့ ညီ ရမယ် ဆိုလို့.. နေ့ချင်း ည ချင်း ပြီး အောင် ပြင်ဆင် နေ ကြ သတဲ့။ နောက် ဆုံး တော့..မြန်မာ ပညာ ရှိများ ပီပီ.... အထူ အပါး ညှိ လိုက်တာ..ညီ သွား တယ်တဲ့။
------------------------------------------
ကျေနပ် နေသော ..ပီအိပ်ခ်ျ ဒီ များ
------------------------------------
၂၀၀၀ ခုနှစ် လောက်က.. ရန်ကုန် တက္ကသိုလ် ထဲ.. သူငယ် ချင်း ဆီ သွား လည် ရင်း... အင်းလျား မှာ တုန်းက..ဟောလ် ကျူတာ လုပ်တဲ့ ဆိုက်ကို က..ဆရာမ တယောက် နဲ့တွေ့လို့ရပ် နှုတ် ဆက် ဖြစ် သည်။ အဆောင်မှာ တည်း က.. သိပ်ချစ် စရာမကောင်း.. ခပ်ပုပု ခပ်ကြွား ကြွား.. ဒင်နာ ဆို ..မယ်လုပ် တတ်သော ဆရာ မ တယောက်။
`ဟယ်..အမ.. မတွေ့တာကြာ ပြီ။ အဆောင်မှာ ပဲလား...´ ဆိုတော့.. ` အေး..မမ .. ပီအိတ်ခ်ျ ဒီ ဆက်တက် နေ လို့.. သွားလိုက် အုံးမယ် နော်..´ တဲ့။ ဆိုင်လား..မဆိုင်လား တော့ မသိ။ ဂုဏ်ယူ ၀င့်ကြွား မူ တွေအပြည့်နဲ့ လှုပ်လီ လှုပ်လဲ့ ဆက် လျှောက်သွား သည်။
---------------------------------------
မပျော်ရွှင် သော ..ပီအိတ်ခ်ျ ဒီ များ
---------------------------------
အ မ လုပ်သူ ရဲ့ အခင် ဆုံး သူငယ်ချင်း မို့...ကိုယ့် အမ လိုပဲ..ခင် မင် ရင်း..အတွင်း သိ အစင်း သိ။ သူ သိပ် တော် သည်။ သူ့ဘာသာ ရပ် မှာ..စ၀င်ကတည်း က.. ခုံနံပတ် (၁).. ။ ကျောင်းပိတ် ရက် တွေ မှာ တောင်..သူ့နယ် ကို မပြန် သူ့ဌါ န အတွက်.. ဆရာ တွေ ခိုင်း သမျှ.. အလုပ် တွေကို.. ဓါတ်ခွဲ ခန်း ထဲ က..မထွက်တန်း.. လုပ် ပေး ရင်း..ပညာ ယူ တတ် သူ။ သိပ်ရိုး ကာ..အားနာ တတ်သူ မို့ ရည်းစား သနာ လဲ မရှာ နိုင် ခဲ့။ မာစတာ ပီး တော့လည်း..ထိပ် ဆုံး က..။ လှည်း တန်း အပြင် ဆောင် လေးမှာ နေရင်း... အိမ်က ထောက် သမျှ နှင့်..တက္ကသိုလ် ဆရာမ ဆက်လုပ် သည်။ ရေမြေ ခြား က.. ပို မိုပြည့်စုံနိုင် မဲ့ ပညာတွေ ..သင် ဖို့ သူ ခြေ ဆန့်ခြင် သည်။ အဆင့်လည်း မှီသည်။ ၀င်ခွင့် လည်း ရသည်။ သို့သော်..သူပြန်လာ မည် ပြောသော် လည်း.. ပါမောက္ခ က..ထောက်ခံစာ မပေး။ ပြည် တွင်း မှာ ပဲ..ပီအိတ်ခ်ျ ဒီ တတ် ရ မည် တဲ့။ သူ ငြင်း ဆန်ကာ..ပိုနေမြဲ ကျားနေမြဲ ဆက် နေ သည်။ ပီအိပ်ခ်ျ ဒီ မလုပ် ရင်..နယ် ကိုပြောင်းရမယ် တဲ့။ ကဲ..ဘာတတ်နိုင်မလဲ...လုပ်လိုက်ဟ...ပီအိပ်ခ်ျဒီ။
-----------------------------------------------------------------
ရေမလျှော်ရသေး သော..အသစ်ကျပ်ချွတ် ပီအိပ်ခ်ျ ဒီများ
-------------------------------------------------------
အမ လုပ် သူ က.ငြီး ငြူ ရင်း..ရဲပွဲ ဖွဲ့ ဘူးသည်။ ရန်ကုန်မြို့က..နံမယ် ကြီး အစိုး ရ ကျောင်းတခု မှာ တတ် နေသော..သုံးတန်း အရွယ် သူ့သား မှာ..ကျနော် တို့ကျောင်း အကြောင်း စာ ကျက် ရတာ..တော် တော် ခက်ခဲ ပင်ပန်း နေသည်တဲ့။ ` ကျ နော် တို့ ကျောင်း၏ ..ကျောင်းအုပ် ဆရာ မကြီး သည်.. ဒေါက်တာ ...ဒေါက်တာ..xxxxxxxxxxx ဖြစ် ပါသည်´ လို့ ခုမှ ပြောင်း ကျ က် မှတ် နေ ရသည် တဲ့။ ရှည်လျားတဲ့ ခောတ်ပေါ် နံ မယ် ကြောင့်..လူငယ် တွေလား လို့..မေး တော့..`အေးပေါ့.. ခုမှ ဘယ်က ..ကျောင်းပြီး ပီး ရောက် လာ ကြ သလဲ မသိ ဘူး ..´တဲ့။ ခု..ရန်ကုန် မြို့က..အထင်ကရ..အထက် တန်း ကျောင်းကြီး တွေက..ဘီအီးဒီ ဆင်း..၀ါရင့် ကျောင်းအုပ် ဆရာ မကြီး တွေ..တယောက်မှ..မရှိတော့ဘူး ဆိုပဲ။
-----------------------------------------
ဘာမှန်း မသိ သော ..ပီအိပ်ခ်ျဒီများ
-----------------------------------
ဘယ်တုန်း က..ဘာလုပ် လိုက် လို့..ဘာဖြစ် သွား မှန်း မသိ တဲ့..ပီအိပ်ခ်ျ ဒီ တွေ လည်း မြင် နေရသည်။ နံမယ်ကြီး..ကဗျာဆရာ ကြီး တွေလည်း..ဘာမှန်းမသိသော..ဒေါက်တာ ကြီး နှင့်..ပျော်ပျော်ကြီး..စာအုပ် တွေ ထွက် နေသည်။ သူဌေး ကြီး တွေလည်း.. ဂုဏ် ထူးဆောင် ပီအိပ်ခ်ျ ဒီ တဲ့။ ဟိုး..မင်္ဂလာဆောင် တခု မှာ တွေ့လိုက်တာဆို... သတို့သမီးမှာ.. မာစတာ တွေရော..ပီအိပ်ခ်ျဒီ တွေ ရော..ပြည့်လို့။ အဲဒါကြောင့် ထင်တယ်..ညွှန်ကြားရေးမှူး ဆိုလား..ဘာလား.။
----------------------------------------------------------------------
ပီအိပ်ခ်ျ ဒီ နဲ့..ဂျီဒီပီ နဲ့ ဘာတော်ပါလိမ့်။ အင်..ဟုတ်ပါဘူး..ဘာဆိုင်လို့လဲ...
-----------------------------------------------------------------------

◦
Share/Bookmark

Territory

ပိုင်နက်




ဒီ အရုပ် ကား လေး ကို ဗိုလ် ချုပ် ဈေး က၀ယ် လာ တုန်းက.. ဒီ ရောက် ရင် ဧည့်ခန်းမှာ ထားမယ်ပေါ့။ ပြော လိုက် ရင်.. လူတွေ က.. ဗမာ ပြည် ဆိုတာ ဘယ် နေရာ မှာ မှန်း မသိ လို့.. near Thailand တို့ between China and India တို့ လုပ် နေရတာ၊ ... ပီး တော့ တိုင်း ရင်းသား ရုပ် ကလေး တွေ လဲပါတယ် ဆို တော့..ချစ် စရာ လေး လေ။

ကြည့်ပါဦး။ တိုင်းရင်းသား ရုပ် ကလေး တွေ ညီ လို့..စီလို့။ အရွယ် တူ အရပ် တူ.. အပြုံးလေး တွေ လည်း ကိုယ် စီနဲ့။ ပြည် ထောင်စု နေ့ အခမ်း အနား တွေမှာ တက်ရောက် လာ တဲ့ ကိုယ်စား လှယ် တွေ အတိုင်းပဲ။ ထိုး ထိုး ထောင် ထောင် လိုး လိုးလက် လက် တွေ တောင် မြင် နေ ရ သလိုပဲ။

တကယ့် လက် တွေ့ ဘ ၀တွေမှာ ရော.. တိုင်း ရင်းသား တွေ ဟာ..အဲဒီ အရုပ် ကလေး တွေ လို.. ညီ ညီ တူ တူ..ပြုံး ပြုံးရွှင် ရွှင် ..ချစ် ချစ် ခင် ခင် ရှိနေ ကြ ပါ ရဲ့လား။
ခွဲ ထွက် ရေး တဲ့.. ပြည် ထောင်စု တဲ့.. ဖယ်ဒရယ် တဲ့.. ကောင်း ကောင်း နား မလည် နိုင် တဲ့ သက် တမ်း ဆယ် စု တချို့ကို ဖြတ် သန်း ပီး တဲ့သကာ လ မတော့.. ပင် လုံ စာ ချုပ် ကြီး ရဲ့ အနှစ် သာ ရ တွေ၊ ဗိုလ် ချုပ် အောင် ဆန်း ရဲ့ ရည် ရွယ် ချက် တွေ ကို တွေ့မြင် တက် ခဲ့ပီ။

တိုင်း ပြည် တွေ ဘာလုပ် ခွဲထွက် ချင် ကြ တာလဲ။ မလွတ် လပ် လို့... တန်းတူ မရည် လို့။ သေ ချာ တာ ကတော့..မချစ် မ နှစ် သက် လို့ပါ။


အိမ် ထောင် ..မိသားစု တခု ချင်း တွေမှာ တော့.. သဘော မမျှ ဘူး ဆို ရင် ..လမ်း ခွဲ လိုက် ကြ ယုံပါပဲ။ တချို့လဲ..သားသမီး မျက် နှာ ဘာ ညာ ထောက် ထား လို့.. မချစ် သော် လည်း အောင့်ကာ နမ်း ရင်း သေ တဲ့ အထိ..တကျက် ကျက် နဲ့ ပဲ ပီးသွား ကြ တဲ့ အိမ် ထောင် တွေ လဲ ရှိတာ ပေါ့။ တယောက် ယောက် က ကြား ၀င် စေ့စပ်ပေး လို့.. ဒါမှမဟုတ်လဲ..ကိုယ် အချင်း ချင်း ..ကျေ အေး နား လည် ပီး.. ပြန် ပေါင်း ထုတ် နိုင် ကြတဲ့..အိမ်ထောင် မိသား စု တွေ လည်း ရှိတာပေါ့ လေ။

အိမ် ခွဲ ဆင်း မယ် ဆိုရင် လည်း ရှိတဲ့ စည်းစိမ် လေး ခွဲခြမ်း ပီး .. သွား ကြ တာပဲ။ ခက် တာက.. နိုင် ငံ တွေ မှာ လူမျိုး စု တခု နဲ့တခု မကျေ လည် လာ ကြ တော့ .. ခွဲ စရာ အမွေ က.. ရေမြေ နယ် နိမိတ် နဲ့ မြစ်ချောင်း အင်း အိုင် တွေ..။ တော တွေ တောင် တွေ။
ပို ဆိုး တာက.. အလိုမ တူ ပဲ အတင်း..လိုက် ပေါင်းသင်း ပီး.. ဗလက္ကာ ယ ပြု ဖို့တောင် ကြံနေ တတ် ကြတာ။

တကယ့် တကယ် မတော့..အလို မတူ ပဲ ပေါင်းသင်း နေရ ကြတဲ့.. လူ မျိုး တွေက..အများသား။ တရုတ် ကြီး ကိုပဲ ကြည့်။ နေသာ လို့ လေညာ မှာ နေ နေတဲ့ တိုင် ၀မ် ကျွန်း ကို အတင်း လိုက် ပေါင်း နေတယ်။ တိုင်ဝမ် တင်မက.. တမျှော် တခေါ် က.. တိဗက် ကို လည်း..ဘာလို့များ မရ မက.. အနိုင်ကျင့် ပေါင်းသင်း နေလဲ မသိ ဘူး။

ပါကစ္စ တန် နဲ့ အိန္ဒိယ ဆို.. အမွေ ခွဲပီးတာတောင်.. ဘာ တွေ မ ပြတ် နိုင် နေလဲ မသိ..တကျက် ကျက်။ တမီးလ် ကျား တွေ ကလည်း ..ရုပ် မတူ..ကိုးကွယ် မူ မတူ တော့..ကုန်း တကုန်း တည်း ပေမဲ့..ကိုယ့်ဖာ သာ ခြံ ခတ် နေ ချင် တယ်။ အရှေ့ တီမော တောင် ..ဒီ မြေ လေး ရဖို့ အရေး.. ပေး လိုက် ရတဲ့..အသက်တွေ။ အိုင်ယာ လန် တွေ လည်း.. လွယ် လွယ် နဲ့ တော့ ရခဲ့တာမဟုတ်။ ဆို ဗီယက် ကြီး ကတော့..သိပ် ကြီးလွန်းပါတယ်။ ခု ခွဲ ပေးလိုက် တာတောင် .. ချေ ချင်း တွေ ကျ တော့..ဘာလုပ် ချန် ထား နေသေးသလဲ။ ဟော ဟို အရှေ့ အလယ် ပိုင်း က..အစ္စရေး နဲ့ ပါလက် စတိုင်း ကျ ..တမျိုး။ နေ ရာ သေး သေး လေး ပေါ် မှာ ..ကု လားထိုင် ဦး တမ်း ကစား သလို.. ချောင်းပီး လု နေ ကြတယ်။

ကိုယ့်ထဲ မှာ ပြန် ကြည့်တော့လည်း ဟောဟို တိုင်း ရင်းသား ရုပ် ကလေး တွေ တကယ် ပြုံး မေ န နိုင် ကြဘူး။ မိုင်း ထိ သွား တဲ့ ခြေ ထောက် ကို ၊ သွေး စိမ်း ရှင် ရှင် တွေ ကြား ထဲက..မကျွမ်း မကျင် မပြည့် မစုံ လှီးဖြတ် ခွဲ ထုတ် နေလို့.. နာ နာ ကျင် ကျင် အော် ညီး လိုက် တဲ့ အသံ ကြီး က.. ခြောက် အိမ် မက် တခု လို ပါပဲ။ ကိုယ့်အ ချင်း ချင်း လဲ ကြောက် ရ.. သူများ လဲ ကြောက် နေရတဲ့..အစွန်းအဖျား..ရွာ ကြို ရွာ ကြား က.. ထုံ ပေ နေတဲ့နှလုံးသား တွေ ကို.. မြို့ပြ က.. လူတွေက.. ဘယ်လို နား လည် ပေး ကြ သလဲ။ ဘယ်သူ့ကို မှ ကိုယ်စား မပြု တဲ့ ..ကိုယ်စားလည် ( လည်သလား မမေးနဲ့) တော် ကြီး တွေ ရဲ့ စာ တမ်း တွေထဲက.. အရေ အတွက် တွေ ကို..ဘယ်လို ကောက်ယူ ကြသလဲ။

ဟော ဟို နိုင်ငံကြီး တွေ မှာ ကျင့်သုံး နေကြ တဲ့..ဖယ် ဒရယ် ပြည် ထောင်စု ဆို တာ ကြီးကိုသာ..ခဏ လောက် အနီးကပ် ဂိုက် ငှားပီး.. နှစ် ချင်းပေါက် အောင် သင် ပေး လိုက် ချင် ပါတော့တယ်။ ဖယ် ဒရယ် ဆို တဲ့ကောင် ..စီအိုင် အေ ကလွှတ် လိုက် တာ..ကွန်မြူ နစ် သူလျှို လို့ထင်ပီး ဖမ်း ဆီး ပစ် ခတ် ဖို့ ကြိုး စား နေ ရင် တော့..ဘာ မှ ကို ပြောစ ရာ မရှိ တော့ပါဘူး။ ကိုယ့်ဖာ ကိုယ်သာ အထုပ် ပိုက် ပီး ဆင်း ချင် ဆင်း..သတ္တိ နဲနဲ ရှိ ရင် ..အမွေ ရ အောင် တောင်း ပီး ဆင်း ဖို့သာ ရှိတော့ တာပဲ။

ခက် တာက.. အမွေ ပစ္စည်းက ..ကမ္ဘာကုန် ကျယ် သရွေ့ ပဲ ရှိတဲ့.. ရှားပါး လှ တဲ့ မြေ ကြီး ဖြစ် နေ တော့..ဘယ်လို လုပ်မလဲ။ အရောင်း အ၀ယ် ဈေးကွက် မရှိ..ပွဲစား မရှိ။ ၀ယ် ချင် တိုင်း ၀ယ် လို့ မရ.. လို ချင် တိုင်း ခိုး လို့ မရ..လု ယူ လို့ မရ။

ဒါ ပေမဲ့.. အမေရိကန် ပြည် ထောင် စု ကတော့..အလက် စကား ပြည် နယ် ကြီး ကို..
ကနေဒါ ( ရုရှ ) ဆီက.. ပိုက် ဆံ နဲ့ ၀ယ် ထား တာဆိုပဲ။ အဆန်း သား နော်။ ဟိုကလည်း မြေ တွေ ပေါ.. မထိန်း သိမ်း နိုင် ..နေ မဲ့လူ လည်းမ ရှိ.. ရာသီဥ တု ကလဲ ကြမ်း တော့..ပျော် ပျော် ကြီး ရောင်းလိုက်ပုံ ရပါတယ်။

ခု တလော .. ကလေး တယောက် လို..ကမ္ဘာ့မြေပုံ ကြီး ရှေ့ချပီး ... နိုင်ငံ အသစ် လုပ် တမ်း ကစား ကြည့်နေတယ် ။ သြ စတြေလျ တိုက် အောက်က.. တက်စမေး နီးယား လေး ဆို.. အနေ တော်ပဲ။ သူ တို့ မှာ နဂို ကုန်း မကြီး တောင် အဲလောက် ကြီး နေတာ.. ဒီသေးသေး လေး ပေး ရောင်း ရင် ကောင်း မှာပဲနော် ။

မလွယ်ပါဘူး။ သြစတြေ လျ ကလဲ..အနီး အပါး က ကျွန်း မှန်သမျှ အလွတ် ပေး တာ မဟုတ် ဘူး..ပါပူအာ တို့ ဆာ မို အာ တို့.. ပစိ ဖိတ် ကျွန်း နိုင်ငံ လေး တွေကို.. အကြင် နာ တွေ လို တာ ထက် ပိုပီး မပြတ် စောင့်ရှောက် နေရတာ။ အမေ ရိက ကလည်း ဒီ လောက် စူပါ ပါ ၀ါ ..စူပါ ဧရိယာ ကြီး ရှိထား တာ တောင် မကျေ နပ် သေးဘူး.. ရသမျှ ကျွန်း တွေ လိုက် သိမ်း တုန်း ။ အဲဒီ တော့.. တရုတ် ကလည်း.. တိုင် ၀မ် ကျွန်း ကို ဘယ် လက် လွတ် ခံပါ တော့ မလဲ။

ကုလ သမဂ္ဂ လူ့အခွင့်အရေး စာအုပ်မှာ ဖတ် လိုက် ရတာ တော့.. ယခု လက်ရှိ ကမ္ဘာ့နိုင်ငံ များ ၏ နယ်နိမိတ် သတ် မှတ် ချက် များ သည်.. တရား ၀င် မဟုတ်တဲ့။ စိတ် ၀င် စား စရာပဲနော်။

ဟိုး တောင် ဖက် က..ဘယ် သူမှ မနေ တဲ့ အန္တာ တိက တိုက် မှာ သွား ပီး ..နိုင်ငံလု ပ် ဖို့မြေ ဦး ကြ ပါလား ဟင်။
ဝှူး.. ၀ီကီ မှာ သွား ကြည့်တော့.. ဆိုဗီယက် နဲ့ အမေ ရိကန် က.. ဦးထားတယ် ဆိုပါလား။ အင်း လေ... ကမ္ဘာကြီး ပူ နွေး လာ လို့..သွေးပျက် နေကြ ပေမဲ့.. ဂရင်းလန် တို့ ဘာ တို့က.. ရေခဲ တွေ ပျော်ပီး.. ရာသီဥတု တွေ သာယာ လာ လို့ ပျော် နေတဲ့ အချိန်မှာ.. အန္တာ တိက မှာ လည်း မြေ ဈေး တွေ..တက် တော့မှာပေါ့။
(၀န်ခံချက်- ဤစာ ကို ညီမငယ် လင်းလက်ကြယ်စင် ၏ ပြည်ထောင်စု ကြီး မပြိုကွဲစေချင် ဆိုတဲ့ပို့စ် လေး အား ခံစား ရင်း ရေးဖြစ် ပါသည်။)
(ပြင် ဆင်ချက်- ကို ဇနိ က ပြင်ပေး လို့.. ကနေဒါ အစား ရုရှ လို့ပြောင်းလိုက်ပါတယ်။ ကျေးဇူးပဲနော် ..ကိုဇနိ.. )

◦
Share/Bookmark