နန္ဒာသိန်းဇံ.....နောင်တ ကင်းရာ သို့

နောင်တ ကင်းရာ သို့ သွား ခဲ့ ပြီ ဖြစ်သော ဆရာ ဦးသိန်းဇံ  အမှတ်တရ..


တွင်းနက်နဲ့ ဝဲအလှည့်


(၁)

သူပြောနေတဲ့ အကြောင်းအရာကို ကြားဖူးပြီးဖြစ်ပေမဲ့  သူ့ ဇာတ်အခင်းအကျင်းက မူရင်းနှင့် အတန်ငယ် ကွဲလွဲနေတဲ့ အတွက် ကျွန်တော်က နားစိုက်ထောင်နေပါတယ်။ သူ့ ဇာတ်အခင်းအကျင်းက ဒီလိုပါ။

သဲကန္တာရကြီးကို ဖြတ်ကျော်ပြီး ခရီးသွားကြမည့် ခရီးသည်တစ်စုဟာ နေ့ အချိန်မှာ ပူပြင်းလွန်းတဲ့ အတွက် အပူသက်သာတဲ့ နေရာတစ်ခုမှာ နားနေကြတယ်။ သူတို့ က ညလထွက်လာတဲ့ အချိန်မှ ခရီးဆက်မယ်လို့ သဘောတူထားကြ တယ်။

လထွက်လာတဲ့ အချိန်မှာ ခရီးသည်တွေက ခရီးထွက်ဖို့ ပြင်ဆင်ကြတယ်။ အဲဒီ ခရီးသည်တွေထဲက လူငယ်တစ်ဦးဟာ ခရီးမဆက်ခင် ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရနေတဲ့  သူ့ ရဲ့ ကုလားအုပ်ကို ကောင်းကောင်းသွားနိုင် မသွားနိုင် စမ်းသပ်တဲ့ အနေနဲ့ အနီးဝန်းကျင်ကို လှည့်ပြီးမောင်းကြည့်တယ်။ ခပ်လှမ်းလှမ်းအရောက်မှာ တွင်းကြီးတစ်တွင်းကို တွေ့ တယ်။ ဒါနဲ့ ကုလားအုပ်ပေါ်ကဆင်းပြီး တွင်းကြီးထဲ ငုံ့ ကြည့်လိုက်တော့ လရောင်ကြောင့် ပြိုးပြိုးပျက်ပျက်လင်းလက်နေ တဲ့ အရာတွေကို တွင်းကြီးအောက်ခြေမှာ မြင်နေရတယ်။ ဒီလူငယ်က အဲဒီ ပြိုးပြိုးပျက်ပျက် အရာတွေဟာ အင်မတန် တန်ဖိုး ရှိတဲ့ စိန်တုံးတွေ၊ ကျောက်သံပတ္တမြားတွေလို့ ထင်နေတာ၊ ဒါကြောင့် ကုလားအုပ်ပေါ်ပြန်တက်ပြီး သူ့ လူတွေဆီကို အမြန်ပြန် လာပြီး တွင်းကြီးထဲက အရာတွေအကြောင်း၊ အဲဒီ တွင်းထဲဆင်းဖို့  ရသမျှကြိုးတွေ ယူခဲ့ ဖို့ အကြောင်းပြောတယ်၊ ရသမျှကြိုး တွေယူပြီး တွင်းကြီးဆီကို သွားကြတယ်။ စောစောက လူငယ်ဟာ ရသမျှကြိုးတွေကို ဆက်ပြီး အရင်အဦးတွင်းကြီးထဲကို ဆင်း တယ်။ တွင်းက ထင်ထားတာထက် ပိုပြီးနက်နေတော့ ကြိုးက အောက်ကို မရောက်ဘူးဖြစ်နေတယ်။ ဒါနဲ့ အပေါ်ကလူတွေက ကြိုးစားပြီး ကြိုးကိုဆက်တယ်၊ နောက်ဆုံးမှာ မိမိတို့ ဝတ်ဆင်ထားတဲ့ အ၀တ်အစားတွေကိုပါ ကြိုးအဖြစ် အသုံးပြုကြတယ်။

မကြာခင် စောစောက လူငယ်ဟာ တွင်းအောက်ခြေကိုရောက်တယ်၊ ရောက်တော့မှ သူထင်ထားတာနဲ့ တကယ့်လက်တွေ့ ဟာ တခြားစီဖြစ်နေတာကို တွေ့ ရတယ်။ တကယ်က လရောင်ကြောင့် သူမြင်ခဲ့ ရတဲ့ ပြိုးပြိုးပျက်ပျက် အရာ တွေဟာ စိန်တုံးတွေ မဟုတ်ဘဲ လရောင်ကြောင့် လင်းလက်နေတဲ့ မြွေမျက်လုံးတွေဖြစ်နေတာတဲ့ ။ ဧရာမမြွေကြီးတွေ တွင်းရဲ့  အောက်ခြေမှာ စုပြုံနေကြတာတဲ့။ အပေါ်ကနေပြီး တွင်းထဲကို ငုံ့ ကြည့်နေသူတွေကလည်း အဲဒီ မြွေမျက်လုံးတွေကို တကယ့် စိန်တွေလို့ ထင်ပြီး ဆင်းဖို့ တကဲကဲ လုပ်နေကြတယ်။ အောက်ရောက်သွားတဲ့ လူငယ်က အပေါ်ကလူတွေကို “ဟေး မဆင်းကြ နဲ့ ... စိန်တွေမဟုတ်ဘူး၊ မြွေတွေ ... မြွေတွေ...” လို့ လှမ်းအော်ပြောတယ်။ ဒီလိုအော်တာကို အပေါ်က လူတွေက သူတို့ ကို ဆင်းမလာစေချင်လို့ ... စိန်တွေကို မရစေချင်လို့ အော်တာလို့ ထင်ပြီး တစ်ဦးသောသူက စိန်လောဘတက်ပြီး ဆင်းလိုက်သွား တယ်။ ပထမဆုံး လူငယ်ရဲ့ အသံပျောက်သွားတယ်၊ မြွေပေါက်ခံရလို့ သေသွားတာဖြစ်မှာပေါ့၊ အော်သံမကြားရဘဲ ဆိတ်ငြိမ်နေ တာကိုပဲ တခြားလူတွေက သူတစ်ဦးထဲ စိန်တွေကို ကြိတ်ပြီးယူနေတာလို့ ထင်နေတယ်။ အပေါ်က ကြည့်တော့ လရောင်မှာ တကယ်ပဲ စိန်တွေလို ကျောက်သံပတ္တမြားတွေလို ပြိုးပြိုးပျက် လက်နေတာ မြင်ရတော့ အော်ပြောသူရဲ့ စကားကို မယုံနိုင်ဘူး ပေါ့။

ဒုတိယဆင်းသွားသူကလည်း အောက်ရောက်တော့ တကယ့်မြွေတွေဖြစ်မှန်း သိရတယ်၊ ဒါကြောင့် ပထမ ဆင်းသွားသူလိုပဲ အပေါ်ကို အော်ပြောတယ်။ “ ဆင်းမလာကြနဲ့ ၊ စိန်တွေမဟုတ်ဘူး၊ မြွေတွေ...” လို့ အော်တယ်၊ ဒါပေမဲ့  လည်း အပေါ်က လူတွေက ... ဒီကောင်တွေ တို့ ကို ဝေမျှမပေးချင်တာနဲ့ ကြိတ်ပြီးစိန်တွေကို ယူနေကြပြီလို့ ထင်တယ်။ ဒီလို အထင်နဲ့ တစ်ယောက်ပြီးတစ်ယောက် လိုက်ဆင်းကြတယ်။ ဆင်းသူတိုင်းက အောက်ရောက်ရင် အပေါ်က လူတွေကို “ မဆင်း နဲ့ ၊ စိန်တွေမဟုတ်ဘူး၊ မြွေတွေ...မြွေတွေ...” လို့ အော်တယ်။ အော်သူက အော်ပြေပေမဲ့  ဆင်းသူကလည်း ဆင်းလိုက်တာပဲ၊ ဒါနဲ့ နောက်ဆုံးမှာ ခရီးသည်အားလုံးဟာ အဆိပ်ပြင်းထန်လှတဲ့ မြွေတွေရဲ့ အစား အမျိုခံရပြီး အသက်ကုန်သွားကြတယ်...တဲ့ ။

ကြားဖူးတယ်မဟုတ်လား၊ ‘ ဃရာဝါသ ကိစ္စမြားမြောင် လူတို့ ဘောင်’ ဆိုတာလေ။ အင်မတန်မှ ဒုက္ခတွေ များတယ်၊ အိမ်ထောင်ကျပြီဟေ့ ဆိုတာနဲ့ တစ်နေ့ ပြီးတစ်နေ့ သားကိစ္စ၊ သမီးကိစ္စ၊ မယားကိစ္စ၊ ယောက္ခမကိစ္စ၊ ဟိုလူ့ ကိစ္စ၊ ဒီလူ့ ကိစ္စ၊ ဟိုအရေးကိစ္စ၊ ဒီအရေးကိစ္စတွေနဲ့  ရှုပ်လိုက်တာမှ အသက်ရှင်ခိုက် ကိုယ့်ဘ၀ကိုယ် အဓိပ္ပါယ်ရှိအောင် မနေရတော့ ဘူး။ စကားတစ်ခုရှိတယ်။ လူ့ ဘ၀ဖြစ်စဉ်မှာ အဖြစ်အပျက် သုံးခုရှိတယ်တဲ့၊ မွေးဖွားခြင်း၊ အသက်ရှင်နေထိုင်ခြင်းနဲ့ သေခြင်း ဆိုတာပဲတဲ့ ။ “ မွေးဖွားခဲ့တာကိုတော့ မမှတ်မိတော့ဘူး၊ သေခြင်းတရားနဲ့ ကြုံလာတော့ တုန်လှုပ်ခြောက်ခြားလာတယ်။ ဘ၀မှာ အသက်ရှင်နေခိုက် နေဖို့ တော့ မေ့ သွားတယ်” ဆိုတဲ့ စကားပေါ့။ အမှန်က ဘ၀အသက်ရှင်ခိုက် နေဖို့ ကို မေ့ တာတော့ မဟုတ်ဘူး။ နေဖို့ ကို အချိန်မရ ဖြစ်သွားတာ။ သားကိစ္စ၊ မယားကိစ္စ၊ စီးပွားရေး ကြီးပွားရေးကိစ္စ ကိစ္စပေါင်းစုံနဲ့  အဓိပ္ပါယ်ရှိ အောင် နေဖို့ အချိန်မရတာပါ။ ဒါကြောင့် ဃရာဝါသဆိုတဲ့ အိမ်ထောင်သားမွေး အလုပ်ကို မလုပ်ကြနဲ့ ၊ မိန်းမမယူကြနဲ့  အင်မတန်ဒုက္ခများတယ်လို့ ရှေးလူကြီးတွေက ပြောခဲ့ ကြတာပဲ။ ဒါပေမဲ့ ... စောစောက တွင်းကြီးထဲဆင်းတဲ့ ပုံပြင်ထဲက အော်ပြောသူတွေလိုပေါ့ဗျာ။ ဆင်းမလာကြနဲ့ လို့ ရှေ့ က အော်ပေမဲ့ နောက်လူကလည်း ဆင်းတာပဲ။ အဲဒီအတိုင်းပဲ၊ ရှေ့ က လူတွေက အိမ်ထောင်မပြုကြနဲ့ ၊ မိန်းမမယူကြနဲ့ လို့ ပြောပေမဲ့ ... နောက်လူတွေ အိမ်ထောင်ပြုကြတာပဲ၊ မိန်းမယူဖြစ်အောင် ယူတော့တာပဲ။ ဒုက္ခတွင်းကြီးအကြောင်း အစဉ်အဆက် သတိပေးပြောသူက ပြောပေမဲ့ ခုန်ချသူကလည်း ခုန်ချနေတာပဲ။ တစ်ဦးပြီးတစ်ဦး စဉ်ဆက် ခုန်ချလျက်ပေါ့ဗျာ...။


(၂)

သူက ဆက်ပြောပြန်ပါတယ်။ “ ကျုပ်တို့ ဗုဒ္ဓစာပေမှာ ဥပမာတစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ သံသရာဆိုတဲ့  ရေပြင်ကျယ်ကြီးဟာ ကျယ်ဝန်းလှတဲ့ အတွက် ကူးမြောက်ဖို့ ခက်ခဲရတဲ့ အထဲ ‘ ၀ဲ ’ ဆိုတာ ရှိသေးတယ်တဲ့ ။ ရေပြင်ကျယ်ကြီး မှာ ရှိနေတဲ့ ဝဲလှည့်နေတဲ့ အထဲရောက်သွားရင် အဲဒီဝဲက လှည့်ပတ်စုတ်ယူ ဆွဲဆောင်သွားတာ ပြင်းထန်လို့ အဲဒီဝဲထဲကနေ ပြန်ထွက်ဖို့ ပေါ်လာဖို့ သိပ်ခက်ခဲတယ်။ မာတုဂါမဆိုတဲ့ မိန်းမဟာ အဲဒီရေပြင်ကျယ်မှာ ရှိတဲ့ ဝဲနဲ့ တူတယ်တဲ့ ဗျ။ အဲဒီမိန်းမရဲ့  အချစ်၊ အကြိုက်၊ အမူအနွဲ့ မူယာမာယာထဲရောက်သွားလို့ ကတော့ ယောက်ျားတစ်ဦးအဖို့ ပြန်ပေါ်လာဖို့ မလွယ်တော့ဘူး၊ အမယ်... ဒီလိုမာတုဂါမ မိန်းမရဲ့ အဖမ်းအယူခံရပြီး တဏှာရာဂ ၀ဲကြီးထဲ ရောက်ရတာကိုပဲ ယောက်ျားဆိုတဲ့ သူက ဂုဏ်ယူနေ တတ်သေးတယ်။ ငါ့ မှာ မိန်းမတွေ ကြိုက်နှစ်သက်တဲ့ ရုပ်လက္ခဏာရှိလို့ ၊ ငါကတော်တဲ့ တတ်တဲ့ ယောက်ျားဖြစ်လို့ ၊ အစွမ်းအစရှိတဲ့ သူမို့ လို့ မိန်းမတွေက ငါ့ကို ကြိုက်တာ...ဆိုပြီး မိန်းမ၀ဲထဲ ရောက်တာကိုပဲ ဂုဏ်ထူးဝိသေသလို့ ထင်တတ်သေး တယ်တဲ့ ဗျ၊ အင်း... ရှိစေတော့၊ ဘာပဲဖြစ်ဖြစ် အိမ်ထောင်ရေးဆိုတဲ့ ဃရာဝါသ ၀ဲထဲနစ်မြုပ်ပြီဆိုရင်တော့ ထွက်စရာလမ်းက အခက်သားလား၊ ပြောခဲ့ တဲ့ အတိုင်း သားကျွေးမှု၊ မယားကျွေးမှု၊ ဂုဏ်သိက္ခာ ရရှိရေးဆိုတဲ့ အမှုကိစ္စတွေနဲ့ လုပ်လိုက်ရတဲ့  စီးပွားရေး၊ ကြီးပွားရေးတွေ ပြီးနိုင်တယ်ရယ်မရှိဘူး။ ဆုံးနိုင်တယ်ရယ် မရှိဘူး...။”


(၃)

အထက်ပါ သူ့ စကားတွေကို နားထောင်ရင်းက ကျွန်တော့်ညာဘက်တွင်ထိုင်ရင်း ကျွန်တော့်လိုပဲ နားထောင် နေတဲ့ ကျွန်တော့်မိတ်ဆွေ လူပျိုကြီးကို လှမ်းကြည့်လိုက်တော့ သူက လှုပ်ရှားလာပြီး အသံခပ်နိမ့်နိမ့်နဲ့ “ ကျုပ်ကတော့ တွင်း နက်ကြီးထဲ အတင်းခုန်ချခဲ့ တာပဲ၊ ဘယ်လိုဖြစ်ပြီး မကျတာလဲ မသိပါဘူးဗျာ။ ၀ဲတွေစုပ်ချင်လည်း စုပ်ဆိုပြီး မျှောလိုက်လာတာ ဘယ်ဝဲကမှလည်း ကျုပ်ကိုယ်ကို ဆွဲယူမသွားဘူး။ အဲဒီအဖြစ်ဟာ ကံကောင်းတာလား၊ ကံဆိုးတာလား ... ပြောစမ်းပါအုံး...” ဟု ကျွန်တော့်ကို ပြောနေပါတယ်။

ကျွန်တော် သူ့ ကို ထိုနေ့ က ချက်ချင်း စကားမတုံ့ ပြန်နိုင်ခဲ့ ပါ။ ‘ ၀ဲ ’ ဆိုတဲ့နေရာမှာ အလှည့်အပတ်၊ အညာ အလှိုင်း၊ အဖြီးအဖြန်း တွေနဲ့ မိန်းမကို ဆက်ဆံတတ်တဲ့ ‘ ယောက်ျား ’ ကို အလင်္ကာပြုရင်ကော မဖြစ်နိုင်ဘူးလားလို့ တွေးနေမိ တဲ့ အတွက် ဖြစ်ပါတယ်။

ပြီးတော့ ဃရာဝါသ ကိစ္စမြားမြောင် လူတို့ ဘောင်ဆိုတဲ့ အတိုင်း များမြောင်လှတဲ့ ပြဿနာတွေကြားမှာ ပြုမိ မှား၊ ပြောမိမှားခြင်းတွေနဲ့ ရလိုက်ရတဲ့ မဆုံးနိုင်တဲ့ ‘ နောင်တ ’ တွေ အကြောင်းကို ... အတွေးဆန့် နေတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။


(Perfect နိုဝင်ဘာ၊ ၂၀၀၈)

◦
Share/Bookmark

မိုးဦးဆုတောင်း

မိုးဦး ဆုတောင်း
( မင်းသုဝဏ်)
အိုက်လှ ပူလှ.. နေခက်လှဟု..
နေ့ည ညည်းကာ..တို့သူငါ သည်..
ရွာပါ မိုးမင်း တမ်းတ လျက်..
တတမ်းတတ..နွမ်းလျလျ နှင့်..
မိုးဝ မျှော်ကာ နေကြရာဝယ်..
တက်လာ တိမ်ပုတ်..နောက်တောင်က..
တက်လာ တိမ်ပုတ်..မိုးဝ အုပ်သော်..
မလှုပ်ယှက်သာ ပိုအိုက်လာသည်
ရွာပါ မိုးမင်း တမ်းတမြဲ...
တမ်းတ ခိုက်မှာ..မိုးဒေ၀ါသည်
မျက်နှာပေါက်ဆိုး ..ရှစ်ခေါက်ချိုး နှင့်..
ဂျိုးဂျင်း ဟိန်းဟောက်..ချူန်းခြိမ်း ပျောက်သည်
အောက်မှာ ဂျွမ်းထိုး ..ဒို့အများ..
မိုးကြိုး ပြစ်မှာ ပါလေ လား...
မိုးဖြူ မစဲ..မိုးမဲ မရွာ
ရှေးဆရာ တို့ မိန့်မှာ သည့် တိုင်း..
တပိုင်း မှန်ကန်..တပိုင်း ကျန်သည်..
မှန်ပါစေတော့ ရှေးစကား
မိုးဖြူ ရွာသွန်း ပါစေသား..
မျှော်လင့် စောင့်စား..လူအများ..
မိုးဖြူ ရွာပါ့..ခုမနား
ကယ်ပါ..ယူပါ.. အို နတ် များ....။

ဒီကဗျာလေး ကို.. ဒီနေရာ...နီဇူလိုင် ရဲ့ ဘလော့ ကနေ ယူ ပြီး ပြန်တင် ပါတယ်။ ဆရာကြီး မင်းသုဝဏ် ရဲ..အဲဒီ ကဗျာလေး ကို.. အဲဒီ တုန်းက.. လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က.. ဆင်ဆာ ဖြတ်ခဲ့ တယ် လို့ ဆိုတယ်...။ ဆင်ဆာမင်း များ.. အတော် ညဏ်ပြေးလေ သလား.. ဘာမှန်း ညာမှန်း မသိ.. အကြောက်လွန် လေ သလား..။
မိုးဖြူ တွေ ရေ... ရွာသွန်းပါတော့... ။

◦
Share/Bookmark

အင်တာနက်ကဖေးကို ခံစားခြင်း

ဒီနေ့.. ကောင်းကင် က.. စာတိုလေး တပုဒ်ကို ဖတ်ပြီး.. သဘောကျနေ မိတယ်။ စာရေးသူ “ငယ်သွေး” ပေး လိုက် တဲ့ ရသ ကိုတင်မက.. သရုပ်ဖော် လိုက်တဲ့ မြင်ကွင်း.. အငွေ့အသက်.. အထိအရှ တွေကိုပါ.. အတိုင်းသား မြင်တွေ့ ခံစား လိုက်ရတယ်။ ၂ မျက်နှာလောက် စာတိုလေး ထဲမှာ.. ခေတ် နဲ့လူမူဘ၀ တွေကို .. အသာ အယာလေး ရေးခြယ်သွား လိုက်တာ.. ဘာမှ မဟုတ်သလိုပဲ။ တွေးကြည့် တော့မှ… ဟုတ် လိုက်တာ..။ မြင်ကြည့်တော့မှ..လူတွေ..ဘ၀တွေ..ဒီကဖေး ဆိုင်လေး နား မှာပဲ..။
“အစ်ကို .. အင်တာနက်ကြီးမှာ ကြိုက်တာ လုပ်၊ ကြိုက်တာမေးလို့ ရတယ်ဆို။ ..
ဟုတ်လား။”
“အင်း .. ရတယ်လို့ ပြောလို့ ရတာပေါ့ကွာ။” ဟု ခပ်လေးလေး တွေးတွေးပင်
ကျွန်တော် ဖြေလိုက်သည်။ ဒါနဲ့ သူက ဆက်ပြီး …..
“ဒါဆို အဲဒီ ကောင်ကြီးကို
ကျွန်တော့် အဖေ ဘယ်မှာလည်းလို့ မေးလို့ ရမလား။”
“ဟင် … ”
ကျွန်တော်
ငိုင်ကျသွားည်ဟု ထင်ပါသည်။
“အလကား လျှောက်ပြောတာပါဗျာ။ ကျွန်တော်လည်း ရှာလို့
မရနိုင်လောက်ဘူးလို့ ထင်ပါတယ်။ ဆိုင်ရှင် လှမ်းခေါ် နေပြီ။ သွားတော့မယ်ဗျာ။” ဟု
ဆိုကာ ပြေးထွက်သွားသည်။


သမရိုးကျ ဆန်စွာပဲ အရာရာ နောက်ကျ နေခဲ့တဲ့.. လူမူ ဘ၀ တွေ ထဲကို.. အင်တာနက် ဆိုတဲ့.. ပဉ္စလက် စက္ကောမ ကြီးတခု ရောက်လာ လေ တော့.. အုတ် အုတ်သဲသဲ.. ရှုပ်ရှုပ် ခဲခဲ ဖြစ် နေ ရတဲ့.. အဖြစ်တွေပါ။ သူ့ဟာလေး ဖတ်လိုက်မှ..ပြီးခဲ့တဲ့ လတွေထဲက.. မြန်မာပြည် အထက်ပိုင်း မြို့ကြီး တခု က..အင်တာနက် ကဖေး မှာ ခဏ အင်တာနက် ၀င်သုံး တုန်း ကြုံခဲ့ရတဲ့..ရီစရာ လေးကို လည်း သတိရသွားတယ်။

ရန်ကုန် လိုတော့ မဟုတ်..။ ဆိုင်ထဲမှာ..တကယ် အမှန်အကန် အင်တာနက် သုံးသူက.. ရှိလှမှ.. ကိုယ်နဲ့ဆို ၃ ယောက်လောက် ရယ်။ ကျန်တာတွေက.. အပူ ရှောင်ရင်း.. မအေးလှ တဲ့..လေအေးခန်း ထဲမှာ..ဂိမ်းစ် ဆော့နေကြ တဲ့.. ခလေး..တွေ။
-
ခဏနေ တော့.. ချွေးတွေ သံတွေ နဲ့ လူတယောက်.. ဆိုင်ထဲ ၀င်လာတယ်။ လက်ထဲမှာ လည်း စာရွက် တရွက် နဲ့.. အလော သုံးဆယ် ပုံစံ..။ ဆိုင်က ကောင်လေးကို စာရွက်ပြပြီး တော့..
-
“ ကို+++ က ခိုင်း လိုက်လို့.. ဒီ နံပတ် နဲ့ သူ့ အီးမေးလ် ကို ဖွင့်ပြီး စာရွက် တခု ထုတ်ခဲ့ ပါတဲ့..”
-
ဆိုင်က ကောင်လေးက.. အသေအချာ ယူ ဖတ်ပြီး.. ခပ်ဖွဖွ ရွတ် ကြည့် တယ်။
-
“ ****** @ yahoo.com ”
-----
“ အင်း.. ဒါပေမဲ့.. အဲဒီ လိပ်စာ ကို ဖွင့်ဖို့.. တကယ့် လျှို့ဝှက် နံပတ် တခု လိုတယ်..အဲဒါရော ပေးလိုက်သလား..”
-
ဆိုတော့.. အရေးကြီး ပုံ ပေါ်နေတဲ့.. ဟိုလူ ခမျာ..
-
“ ဟာ- မသိဘူး ဗျာ.. ဒါပဲ ရေးပေးလိုက်တယ်.. စာ တခု ထုတ်ခဲ့ လို့ပဲ.. ပြောလိုက်တယ်”

အဲဒီ မှာ.. ရွာလည် တော့တာပဲ။ အင်တာနက် ဆိုင် က ကောင်လေးက.. ရှင်းပြလေ..ဟိုလူခမျာ..ခေါင်းကုတ်လေ.. ။
ကိုယ့်မှာတော့.. ပြုံးလည်း ပြုံးချင်.. လှောင် လည်း မလှောင် ရက် ဆိုသလို ဖြစ်နေတော့တာပါပဲ။

+++++
-
နောက်တခါ.. ရန်ကုန် ပြန်ရောက်တော့.. ဦးထွန်းလင်းခြံ လမ်းလေး ထဲက.. Wave ဆိုတဲ့ အင်တာနက် ကဖေး ဆိုင် ခပ်ကျဉ်းကျဉ်း လေး ထဲ ..တခါ သွားသုံး ဖြစ်တယ်။
ဆိုင်က ကျဉ်းတော့..တယောက် နဲ့ တယောက် အတော်နီးကပ် ရတဲ့ ကြားထဲ.. ဘေးက..ခလေးမ လေးမှာ.. ဆိုင်က ကောင်လေး နဲ့.. အတော် အလုပ် ရှုပ် နေပုံ ။ မသုံး တတ်ရှာ ဘူး ထင်ရဲ့လို့.. ခေတ်မီမီ ၀တ်ထားတဲ့..ရန်ကုန်စတိုင် မိန်းမငယ်လေး ကို တချက် လှမ်းကြည့် ဖြစ်တယ်။ နောက်တော့..ဆိုင်က ကောင်လေး လဲ..ဟိုဖက် ပြေးလိုက်..ဒီဖက် သွားလိုက် နဲ့.. အနားကို ရောက်မလာ တော့ဘူး။ ခဏ နေတော့..ကောင်မလေးက.. ဘေးက…သစ်သား အကာ လေးကို ခေါင်း ကျော် ပြီး..

“ အမ.. ကျမကို ဒါလေး ဘာသာ ပြန်ပေး ပါလား..” လို့ ဆိုလာတယ်။

ကဲ.. ဘာတွေများ.. ခက်ခဲ အလုပ် ရှုပ်နေ ပါလိမ့်..။ ကျောင်းလျှောက် တာလား။ အင်္ဂလိပ်စာ ကို သေချာ မဖတ် နိုင် လို့ လား..ဆိုပြီး.. သူ့ စက် ဖန်သားပြင် ကို ခေါင်း ပြူ ကြည့်တော့… ချက်တင်း ၀င်း ဒိုးလေး ထဲ မှာ-
-
“ saunt nay mae… bae hmat taing mhar twae ma lae ” တဲ့။
သေလို့ရပြီ။

◦
Share/Bookmark

Human Right Torch Rally

လူအခွင့်အရေး မီးရှုးတိုင်

Human Right Torch Rally သတင်း ကို တီဗီ မှာ တွေ့လိုက်ကတည်းက စိတ်ဝင်စား နေမိသည်။ စက်တင်ဘာ အောက်တိုဘာ လများ က.. မြန်မာ ပြည် အရေး များ သတင်း ပြည့် နေရာယူ ထား ကြ စဉ်.. တရက် အဲဒီ လူ့အခွင့်အရေး မီးရှုးတိုင် ..ဆစ်ဒနီ ဆိပ်ကမ်းက ထွက်ခွါ သည့် ပုံသတင်း များ ကို မြင်လိုက် ရသည်။ ဗမာ လှုပ်ရှားသူ အုပ်စု ကိုလည်း တွေ့လိုက်သည်။

စိတ်ဝင် စား နေမိသော် လည်း နောက်ပိုင်း သတင်း များ နိုင်ငံပိုင် သတင်း ဌါန များ မှာ တက် မလာ တော့ပေ။

ပြီးခဲ့တဲ့ လ ကတော့.. ပါ့သ်က အသိ တယောက်က.. သူတို့ဆီ မီးရှုးတိုင် ရောက်လာ လို့.. လမ်း လိုက် လျှောက် ကြသေးတယ် လို့..ဖုံးထဲမှာ ပြောသည်။ နောက်မှ..မြို့ က မိတ်ဆွေ တရုတ် မ တယောက် နဲ့စကားစပ် မိတော့ မှ.. သေသေချာချာ သိ တော့သည်။


Nwe Ni Htun ( Melbourne)

source: Epoch Times News


အဲဒီ မီးရှုးတိုင်က တရုတ် နိုင်ငံ ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မူ များ ..အထူးသဖြင့် ဖန်လုံဂွမ်း (Falun Gong ) ဘာသာ ရေး ဂိုဏ်း အား မတရား ဖိနှိပ် ခြင်း.. အထူးသဖြင့် အကျဉ်းကျ ခံ ဂိုဏ်းဝင် များ ထံမှ ညှင်းပန်း နှိပ်စက် ၍ ရလာ သော လူ့ခန္ဓာ အစိတ် အပိုင်း များ အား ထောင်ဆရာ ၀န် များ မှ တဆင့် ရောင်းချ တင်ပို့နေ သော ကြောက်မက်ဘွယ် ရာ ( Organ Harvesting ) ကို အခြေ ခံကာ စတင်လှုပ်ရှား ခြင်း ဖြစ်သည်။

၂၀၀၇ နှစ်သြဂုတ် လ (၉) ရက်နေ့က..စတင် ခဲ့တဲ့ မီးရှူး တိုင် ဖွင့် ပွဲ က..အတော် စိတ် ၀င်စား စရာ ကောင်းလှ သည်။ ဖွင့်သည့်နေရာ ကလည်း တကယ့် အိုလံပစ် အားကစား သန္ဓေ တည် ရာ ဂရိနိုင်ငံ အေသင်မြို့မှာ။ တကယ့် အိုလံပစ် မီးရှုးတိုင် ဖွင့် တဲ့ ပုံစံ အတိုင်း။ မတူ တာ ကတော့ လူ့အခွင့် အရေး မီးရှုးတိုင်ကို စတင် ထွန်းညှိမည့် သူများ မှာ..နိုင်ငံတကာ လူ့အခွင့် အရေး အုပ်စု များ.. အိုလံပစ် အားကစား သမား ဟောင်းများ.. ဘာသာရေး အဖွဲ့များ နှင့် တရုတ် ဖန်လုံဂွမ်း လှုပ်ရှားသူ များ ကိုယ်တိုင် ပင် ဖြစ်သည်။ ဥရောပ အဆိုကျော် များ က.. လူ့အခွင့်အရေး တေးသံများ နှင့် ဖွင့်ပေး နေသည်။ အခြေခံ လူ့အခွင့်အရေး များ အကြောင်း နှင့် တရုတ်ပြည်မ ရှိ လူ့အခွင့်အရေး ချိုးဖောက်မူ များ ကို တာဝန် ရှိသူများက ဖတ်ပြ ကြသည်။ ထို အချိန်မှာ အေသင် အာဏာပိုင် များ မှ ချက်ချင်း ရပ်ဆိုင်း ဖို့ အမိန့်ထုတ်လိုက်သည်။ နဂို တည်းက..မသိချင်ယောင်ဆောင် ထား ခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။ တရုတ်အစိုးရမှ.. အကြမ်းဖက်သူ များ ဖြစ်ကြောင်း .. အကြောင်းကြား တိုင်တန်း လာသည့်အတွက်.. ပွဲလုပ်နေတုန်းမှ..ပြသာနာ ရှာတော့သည်။ လုံခြုံရေး ရဲများကို ပွဲ မရပ် ပါက.. လျှပ်စစ် မီး ဖြတ် တောက် ဖို့..အမိန့်ပေးထားသည်။ ပွဲစီစဉ် သူမှာ အကြပ် ရိုက်နေသည်။ အာဏာပိုင် တွေ နှင့် ညှိ သည်။ မဖြစ်နိုင်တဲ့ ။ ခဏစောင့်ပါ။ အဆို တော် တွေ..သီချင်း ဆို တုန်း တန်းလန်းမို့ပါ ဆိုတာ လည်း မရ။ ကဲ..နောက်ဆုံး တော့.. ကြေငြာခြင်း မရှိပဲ.. လူ့အခွင့် အရေး မီးရှူးတိုင် ကြီးကို မီးညှိ လိုက်ပါ တော့တယ်။ ဟုန်း ကနဲ တောက်ပ သွားတဲ့ မီးရောင် အောက် မှာ... သြဘာ သံတွေ မစဲ။ တာဝန်ကျ လုံခြုံရေး ရဲများ ကလည်း..အမိန့်ကို မနာခံ တော့ ပဲ..မီးဖြတ် တောက် ခြင်း မလုပ် တော့ပေ။ သူတို့လည်း..လက်ခုပ် တီး ကြသည်။ မျက် ရည် တွေပင် ၀ဲလို့။

ခုတော့..ဒီ မီးရှုးတိုင် ကြီး သည် တိုက်ကြီး ၅ တိုက် ကို ဖြတ်၍ နိုင်ငံပေါင်း ၃၇ နိုင်ငံ ဆီ..လက်ဆင့် ကမ်း သယ် ဆောင် နေပေပြီ။ ခု လောက် ဆိုရင် အိန္ဒိယ ကို ရောက်၍ အရှေ့အလယ်ပိုင်း နိုင်ငံများ ဆီ ..ဦး တည် နေ လောက်ပြီ ထင်သည်။ တနှစ် တိတိ ပြည့်မည့် ၂၀၀၈ သြဂုတ်လ (၈) ရက် နေ့တွင် တရုတ် အိုလံပစ် ဖွင့်ပွဲ အမှီ တရုတ် ပြည် ကို ရောက်မည် ဟု ဆိုသည်။

စကားစပ် ရင်း မိတ် ဆွေ တရုတ်မ က.. ဖန်လုံဂွမ်း တရား တွေ လာ ဟော နေသေးသည်။
မဟုတ်ပါဘူးကွယ်..ကိုယ်က..လူ့အခွင့်အရေး ချိုးဖောက်မူ ဖော်ထုပ် ဖို့ အတွက် ထောက်ခံ အားပေး တာပါ လို့..ပြော လိုက် ရသည်။


ဘာပဲပြောပြော တူညီ သော အခြေခံ ဦးတည်းချက် တခု ကို တိုင်တည် ၍၊ လှုပ်ရှား နေကြခြင်း ဖြစ်သည်။

◦
Share/Bookmark

Burmese Monks deserve Noble Peace Prize

ဟစ်တိုင် မှာတွေ့လိုက်တဲ့ ဆရာ မ မြကြေးမုံ ရဲ့ အင်တာဗျူး ကို ပြန်လည် ဝေ မျှပါတယ်။ မြန်မာ နိုင်ငံမှ ရဟန်း သံဃာ တွေကို ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးဖို့ ဦးဆောင် လှုပ်ရှား သူ Arnold Corso ရဲ့ စူးရှ တဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ အမြင် တွေ ဟာ တကယ်ပဲ ခွန် အား ရစေ တာမို့ အားလုံးပဲ ခွန်အား များ ပွား များ နိုင် ကြပါစေ။

သူ ပြော တဲ့ အထဲ က.. သဘော အကျ ဆုံး ကတော့ ဘုရားရှင် သာ သက်ရှိထင် ရှား ရှိနေ မယ်ဆို ရင် သူ့ကို တောင် ငြိမ်းချမ်းစွာ ဆန္ဒ တောင်းဆို သူ ရဟန်း သံဃာ တွေ နဲ့ အတူ တွေ့ရမှာပါတဲ့။ ကဲ.. သံဃာ တွေ နိုင်ငံရေး ပါသင့် မပါသင့် ပရိယတ္တိ..ပရိပတ္တိ ဆိုတာ ငြင်း နေကြသူ တွေ.. ဘုရား ရှင် တောင် သူ နိဗ္ဗန် ကို တန်းသွား နိုင်ပေမဲ့ လူသား တွေ ရဲ့ အသိ အမြင် တွေ ကို အလင်း ပေးသွားသေး တယ်။ လူ့ဘောင် ကောင်းကျိုး အတွက် ပုံပမာ တွေ ပြသွားသေးတယ်။

ဘာပဲဖြစ် ဖြစ် .. ဗမာ ပြည် က သံဃာ များ ရဲ့ ငြိမ်းချမ်း သော ကိုယ်စားပြု လှုပ်ရှား မူ ကြီး ဟာ တကမ္ဘာ လုံးကို စကား တွေ အများကြီး ပြောသွားခဲ့ပါပီ။ ပြော နေပါပီ။ နိုဘယ် ဆု နဲ့ ထိုက် တန်လား မထိုက်တန် လား မေး နေစရာ တောင် မလို တော့ပါဘူး။ ကဲ ပီး ရင် ဟောဒီမှာ လက် မှတ် ကလေး တွေသာ ထိုးလိုက် ကြပါ စို့။



Interview with Arnold Corso, a student activist
for Burmese Monks

How and why had you get the idea to run this petition to endorse Nobel Peace prize to Buddhist monks, and why are these monks suitable enough for Nobel prize '2007?

I got the idea for giving the monks the Nobel Peace Prize when I read an article by Michael Gerson in the Washington Post. He called the monks a "symbol of conscience for a young century." I think this reflects the fact that many people alive today around the world are not familiar with the civil rights struggle in the American south, the anti-apartheid movement in South Africa, the anti-colonial movements, or even the 1988 uprisings. We have never really known Gandhi, Martin Luther King, Lech Walesa, and even Nelson Mandela is seen as a historical figure but not really a current human rights icon. In the meantime, we see religion used by politicians and terrorists to justify horrible things. I have heard some people say that we don't really even have heroes in the 21st century.

All of the sudden, millions of people around the world saw the monks protesting against one of the cruelest dictatorships in the world. These religious leaders are risking their safety to protest and protect their people. People watching this for the first time experienced a new set of dynamics and how a few brave people can be so dedicated to peace and hopefulness. The protests were not wild marches or armed insurrections, but rather very spiritual. I think the world was impressed with them and saw something we have not seen for a long, long time. People will remember this.

In the past few years, the Nobel Committee has awarded the prize to environmentalists, microfinance entrepreneurs, and other activists. These people have done great work, but not necessarily related to peace. Now, I think we have seen the 21st century versions of Desmond Tutu, Nelson Mandela, and Gandhi. I just thought it was right that they should get the Noble Peace Prize.

-Nobel committee had never awarded their Peace Prize to a religion nor any kind of religious movement. Do you assume that these monks' demonstration is any thing rather than religious activity?

The Nobel Committee hasn't provided the award to a religion, but it has provided the prize to religious leaders. In 1984, it gave the award to Archbishop Desmond Tutu of South Africa. In 1989, the Dalai Lama received it in large part for his work on promoting peace and peaceful support for rights in Tibet. One of the winners in 1996 was a Roman Catholic Bishop, Carlos Filipe Ximenes Belo of East Timor, for his work on promoting East Timor's independence. In 1979, they gave the award to Mother Teresa for her work in India. Martin Luther King was also a religious preacher in the US and he won the award in 1964.

The Committee has sometimes also given the award to groups or NGOs that do good work.

I think the focus of the Committee is who has provided the greatest example of leadership for peaceful change. This year, I think the monks are that group of people who have demonstrated the power of peaceful protest and shown the world the power of peace in the face of brutality. Thus, I don't think the Committee would see it as awarding a religion so much as a dedicated group of people.

-Let me know your background and your current activities.

I am a student at Johns Hopkins School of Advanced International Studies, focusing on Southeast Asian Studies. I am also a law student at Georgetown interested in environmental law. I focus mostly on environmental issues, such as environmental laws in Indonesia and Philippines.

-Burmese monks had given a big price for their peaceful movement. May it be the symbol of partial failure of peace in our young century?

The tools of peace are never going to bring about rapid change. All of the previous Nobel Prize winners I listed above did not see their goals realized for several years after they received the prize.
Martin Luther King was killed before desegregation in the South was finally achieved. The Dalai Lama still cannot return to Tibet. So in a sense I think we should not expect too much of the peaceful protests.

With that said, I really do think the monks attracted a huge amount of world attention and maybe will reduce the legitimacy of the regime among Burma's army. If it succeeds in that, that would already be a lot. Change in Burma may take a while, but I think historians will look back at this moment as the beginning of change.

-Can religion be a poison or medicine in modern world? How can we handle the challenges of religious extremism?

I think valuing examples like the monks is a great way to counter religious extremism. While Muslims may have problems in the Middle East with US foreign policy, the use of terrorism is not acceptable.
It reduces support for whatever goals they might have and makes their movement illegitimate. On the other hand, the peaceful protest of the monks is impossible to condemn and gives the democracy movement the moral high ground. Their religion helped give them the courage to do what they know was right, and in that case religion was a medicine against fear. Unthinking, dogmatic religion is a poison, but that is more like what Burma's military tries to do with its propaganda. Religion that is searching and open, as the Buddha preached, can be a great moral compass.

In fact, Islamic extremists have not been successful in their policy goals (such as US withdrawal from Saudi Arabia, setting up Islamic states) so it is not clear that such extremism is a smart path to change. If you think about it, which movement has been more successful in the past few years: al Qaeda or democracy in Burma?
It's a tough question.

-If it can be used as a medicine, what would be its side effects?

Religion can be a force for good, but I think people always have to remember that religion explains morality, while science explains the natural world. Sometimes people become convinced that religious texts provide all answers, but in fact many of those texts simply represent the best understanding of knowledge back then. Many of the stories in religious texts are intended to provide examples of proper moral behavior, not science.


-During your frequent visits to Burma, what did you see the country and its long term dictatorship?

-Burma's a beautiful country with an ugly government, and I think people like me that go there realize that.

I saw and met many people that want change. One of the thing that amazes me is that people have not become brainwashed by the military. They understand that there are a lot of problems, they know about democracy, and are eager to talk to foreigners. There was some worry that the younger generation with no memory of 1988 would forget about democracy, but the last month only shows us that they have not. Indeed, it will be even harder to keep people isolated now.

-Although Buddha encouraged freedom of thinking in Kalama sutta, why are many Southeast Asian regimes under Buddhist culture reluctant to embrace it and not ready for 100% democracy yet?

First, a lot of times people do not practice what they preach. Religions and religious texts are very difficult to understand and can be misused. Christians launched a crusade in the Middle Ages, despite Christ's appeal to non-violence. Cultures and low levels of education may make people less inclined to think freely, even if Buddhism encourages it.

There are other cultural traditions that make democracy very difficult in Southeast Asia. There is a tradition of avoiding confrontation, having networks of family and friends, and even corruption to support favorite friends. There are also economic problems and a lack of education - democracy requires citizens educated enough to vote well and wealthy enough to be engaged in lawmaking. It requires a reduction in corruption.

Even Buddha never really preached democracy, but rather taught how people can free themselves from the cycle of rebirth. I think if he were alive today he would join the protests, but back then the most he would have hoped for would have been a good king.

-Nepal recently declared itself as a secular state. Shall Burma also avoid the influence of any religion in future political role?

This is a good question but one I really can't predict. The sangha used to be a sort of middleman between the king and the people. Burma used to have a religious head of the sangha, the Thathanabaing, but this position was abolished by the British. Afterward, many monks were upset with the colonial government and started protesting. It is entirely possible the sangha may once again want some official role or at least some representation in the government or for the government to declare that Burma is a Buddhist country.

What I think may be more likely is that, with a change to democracy, the monks may find that they no longer can compete in the modern world for people's attention. Thus, they might become engaged in civil society and activism for environmental issues and human rights, just as the monks in Thailand and Cambodia have.

-Some of these monks were killed and many of them are under detainee now. Do you think their struggle is already collapsed?

Not collapsed. I think the protesters were halted, but the anger is still there. People are more angry now than ever. The monks have already shaken the regime and destroyed its claims that it supports Buddhism. That is important and may convince younger officers in the army that the country needs to change. This is going to be a long-term effort, but the effort has not collapsed.

-Nearly two decades after Tiananmen massacre, China's neighbouring country faced its second bloody crack down against peaceful demonstration. Why can't the world support enough protection to such peaceful movement yet?

The world cannot act on Burma because China stands in the way. China blocks reasonable steps that the world could take, such as an arms embargo on Burma. China remembers the Tiananmen massacre and does not want protests in Burma to encourage similar protests in Beijing. There may be some hope that pressure on China over the Olympics will change this.

India also does not help international action, but India does not sit on the Security Council, and it has a strong civil society that might influence its own government, so I am really not as worried about India. Russia may be a problem too, but its role is far smaller than China's.


Can "what was happened to Burmese monks" be a ugly example for future peaceful activists under brutal oppressors?

Every activist must think about how his government will respond and whether he is willing to risk his life. I think people in Burma were so fed up with the situation that they took these risks. But people in other countries need to know their government and the situation in their country. Timing is important, and so is organization.

However, I think it may be a good example in the future as it shows the power of peaceful protests in getting favorable attention from the world. I think world leaders are going to be much more worried about Burma now and probably not as concerned with other human rights abuses. That is important.


( Soure: Hittaing)

◦
Share/Bookmark

On Lee Kuan Yew's comments on Burma

Sharing In

This commentary just caught my attention , sharing same view with me. Like he commented, we all should more pressure to Singapore to value humanitarian ground. We should raise our hand for those of our country fellows who could not even lift their hands.

----------------------------------------------------------------

Friday , October 5 , 2007
On Lee Kuan Yew's comments on Burma
Posted by zawhtooaung@yahoo.com , Reader : 78 , 20:42:18


I have always respected Mr Lee Kuan Yew for his wisdom, vision and outspoken nature even though I could not agree some of his opinion sometimes.

He is right in his today's comment that "unstable Burma is a time-bomb in the region".

In fact, Burma has been a time bomb for many years itself. ASEAN and its neighbors need to help to stabilize this country and its people based on the facts.

Burma is a resources rich country. Democratic and developed peaceful new Burma will bring all the business opportunities for ASEAN its neighbors as well as regional stability..

Another important fact is that the regime is trying to start their nuclear research program with the help from Russia. Currently, there are hundreds of military officers studying in Russia under different subjects. It is absolutely true as some of them are my close friends. From eye witness of another army officer friend, even some north Korean are in Burma to work for some military projects.

Singapore is one of the key countries for regime’s survival. Singapore can do a lot more on Burma similar to China and the rest of ASEAN members. There are many bank accounts of military generals and their business associates under different names in Singapore. They have their own expensive properties in Singapore. Some of their children are studying and enjoying and partying social life in Singapore when many unfortunate young children at the same ages are at detention center and beaten to death while poorly living inside Burma.

Singapore is also one of the most important gate way for military generals, their relatives and business associates. They also come to Singapore for their medical treatments. Some military related business deal with other third countries are done bypass from Singapore. Singapore government can shut down all these regime's linked business, assets and financial supports if they really want to.

However, it's always debatable that sanction, business embargo and isolation are effective process to make a change in Burma though.

It is no doubt that, every neighbors of Burma including Singapore, can do more for democratic, economic and social reform in Burma and helping people of this country.

If the action from UN and its neighbors are too slow, junta will continue to use its harsh punishing methods to control the country stability. After this protest and because of the world pressure, the punishments to its own people may be even harder then before. As a Burmese, i can feel the situation even though i may be living thousands mile away from Burma. General Than Shwe will still give orders to arrest, torture and kill innocents suffering people as business as usual unless effective external ACTION to stop these things.

Having lived in Singapore for almost 7 years, I have somehow experienced way of life and value of the country. Singapore government’s Business first attitude will be put to the test in humanitarian ground for the Burma and its people this time around.

Diplomatic words and strong statements from world leaders alone will never resolve the problems in Burma. We need genuine help from ASEAN and its other neighbors.

Burma needs concrete resolution, strong and effective action from UN and its neighbors.

The innocent lives of millions of people in Burma only depend on how soon the UN could intervene and how far and effective all of its neighboring countries could cooperate with international community.


Source : http://blog.nationmultimedia.com/zawhtooaung

◦
Share/Bookmark

Please Read Myanmar military family

ဇင်ကိုလတ် ဘလော့မှဲပန်လည် ကူးယူပါသည်။

..........................................................

အသိ အန်တီတစ်ယောက်က သူရေးထားတဲ့စာလေး ရှိတယ်။ အင်တာနက်ပေါ် တင်ချင်တင်လို့ ရတယ်ဆိုပြီးပြောလာပါတယ်။ အရေးအသားရော အကြောင်းအရာပါ ပြောစရာမလိုအောင် ကောင်းတဲ့စာတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ဘလော့ခ်မှာ ပေးတင်တဲ့ အဲဒီအန်တီကို အရမ်းကျေးဇူးတင်ပါတယ်။

.......................................................
မေ့ချစ်သားသို့ ရင်ဖွင့်ပေးစာ

မေချစ်သားသို့ -

ကိုးလလွယ်လို့ ဆယ်လမှာမွေး ဖ၀ါးလေးလက်နှစ်လုံး ပုခုံးလေးလက်နှစ်ဆစ် လူဖြစ်အောင် အမေ့ရင်က ဖြစ်တဲ့ နို့သွေးဖြူနဲ့ တိုက်ကျွေးခဲ့တယ်။ သန့်ရှင်းတဲ့လက်ငါးချောင်းနဲ့ ငါ့သား ကြီးတဲ့အထိ ထမင်းခွံ့ခဲ့တယ်။
“ဖေဖေ၊ မေမေ”လို့ ခေါ်တတ်အောင် အသင်စခဲ့တာလဲ အနန္တောအနန္တငါးပါးကို ငါ့သားလေး သိစေချင်လို့။
“ဦးတော်”“သြကာသ”လို့ အမေသင်ပေးတာ ငါ့သားလေးကို ကံငါးပါးလုံတဲ့ ဗုဒ္ဓဘာသာ ဖြစ်စေချင်လို့လေ။
အမေ့အိမ်ဘုရားခန်းထဲမှာ ငါ့သားနဲ့အတူ အမေတို့နှစ်ယောက်ရဲ့ အမျှဝေသံ သာဓုခေါ်သံတွေဟာ ဒီနေ့ထိပဲ့တင်ထပ် ကျန်ရစ်ဆဲပါ သား။ မေတ္တာပို့ အမျှဝေသံဟာ အမေနဲ့ ငါ့သားရဲ့ ရင်ထဲမှာ ထာဝရ ညှိထားတဲ့ ဗုဒ္ဓသံစဉ်ကြိုးပါသား။

ရင်အုပ်ကားကား ကြွက်သား ဖုထစ်နေတဲ့ ငါ့သားရဲ့ အင်္ဂါရုပ်ကို ကြည့်ပြီး “ငါ့သားလေးဟာ ငါ့တစ်ယောက်ထဲကို လုပ်ကျွေးကျေးဇူးပြုတာထက် တိုင်းပြည်နဲ့ လူမျိုးကို အလုပ်အကျွေးပြုတဲ့ ပြည်သူချစ်တဲ့ ပြည်ချစ်သားလေး ဖြစ်ရင်ကောင်းမှာပဲ ဆိုတဲ့ အသိတစ်ခုနဲ့ ငါ့သားလေးကို အမေကိုယ်တိုင်တပ်မတော်သားဆိုတဲ့ လမ်းကြောင်းပေါ်ကို အမေတင်ပေးလိုက်တာပါ”
ကျောင်းဆင်းပွဲနေ့က အမေ့မျက်လုံးထဲမှာလေ “ကမ္ဘာ့လူသားအားလုံးထဲက ငါ့သားဟာ“အလှဆုံး”လို့ မြင်တယ်။”
“အဖေကြီး ကျုပ်လေ မွေးရကျိုးနပ်တယ်နော်...လို့ လက်တို့ပြောတော့ မင်းအဖေရဲ့ အပြုံးဟာ လောကကြီးမှာ အမေ့အတွက် “အလှဆုံး”ဖြစ်သွားတယ်။”

ငါ့သားစို့တဲ့ အမေ့နို့ရည် သန့်တယ်နော်။
ကံငါးပါးလုံတဲ့ အမေ့လက်ငါးချောင်းနဲ့ ငါ့သားကို ထမင်းခွံ့ခဲ့လို့ ငါ့သားစားခဲ့သမျှ ထမင်းလုပ်ဟာလဲ သန့်မှ သန့်ပဲ သားရေ..။
ဒီနေ့လူဖြစ်အောင် မွေးခဲ့တဲ့ ငါ့သားကို အမေက အမေ့ရဲ့ နို့သွေးဖြူနဲ့ တိုက်ကျွေး၊ ထမင်းဖြူနဲ့ ခွံ့ကျွေးခဲ့ပါတယ်ဆိုတာကို သစ္စာဆိုပါတယ်။
ဒီနေ့မှာ အမေ့သားဖြစ်နေသေးရင် ငါ့သားရဲ့ နှလုံးသားမှာ ဆရာတော်များရဲ့ မေတ္တာဓါတ်များ ကိန်းအောင်းပြီး သန့်နေတဲ့ အမေ့သားရဲ့ လက် သွေးမစွန်းပါစေနဲ့လို့ အမေသစ္စာဆို နေ့နေ့ညညဆုတောင်းနေတယ် သားရေ။


ငါ့သားချစ်တဲ့
မေမေ

◦
Share/Bookmark

Who explore the roads

ခုတလော..ဗမာပြည်က..အခြေအနေတွေနဲ့ပတ်သတ်လို့..လူတွေအတော်များများ..စိတ်ဓါတ်တက်ကြွလိုက်...စိတ်ဓါတ်ကျလိုက်..ကျသွားတဲ့စိတ်တွေပြန်ကောက်တင်လိုက်..ဘာလုပ်လို့..ဘာကိုင်ရမှန်းလည်းမသိ..ဘယ်သူ့ကိုဘာလုပ်ခိုင်းရမှန်းလည်းမသိ..မောတောတောကြီးတွေဖြစ်နေကြပါတယ်။ ကိုယ်တော့...ဒီစာလေးကိုဖတ်ပီး..နဲနဲလေးနေလို့ထိုင်လို့ရသွားသလိုမို့..ထပ်ဆင့်ကူးပီးဖော်ပြပါရစေ။
အဟင်း..စာရေးသူကလည်း..တခြားဟုတ်ပါဘူး..ကာတွန်းဆရာမလုပ်ချင်တဲ့ကိုယ့်အမပါပဲ။ အဲဒါနဲ့...သူတို့
ဘလော့ကနေ..အတင်းသွားယူလာပါတယ်။ ကျေးဇူးပါပဲ..မိတေဖိုးရေ...

တောင်ပတ်လမ်းဖောက်ကြသူများ

ကျမခပ်ငယ်ငယ်ကပေါ့... လူကြီး တစ်ယောက်ယောက်ကများ “တိုင်းပြည်ကြီးကတော့ သွားပါပြီကွာ၊ ပြင်လို့လည်းရမှာ မဟုတ်တော့ဘူး”လို့ စိတ်ပျက်လက်ပျက် ငြီးငြူသံကြားရင်၊ သိပ်စိတ်ဆိုးမိပါတယ်။ ရင်ထဲမှာလည်း စိုးရိမ်မိတယ်။“သူကတော့ ကြီးပြီကိုး၊ ငါတို့က ဒီတိုင်းပြည်ထဲမှာ ဆက်ပြီးလူလုပ်ရဦးမှာ” လို့လည်း တွေးပူမိပြန် ပါတယ်။

တဖြည်းဖြည်းနဲ့၊ ကျမလည်း အရွယ်ရောက်လို့၊ လူလတ်ပိုင်း ဖြစ်လာခဲ့ပြီ။ လူကြီးဘ၀ ချဉ်းကပ်လာနေပြီပေါ့။ ကျမထက် ငယ်ရွယ်တဲ့ လူငယ်တွေ ရှေ့မှာ၊ အဲလို မျှော်လင့်ချက်မဲ့တဲ့ စကားမျိုးတွေ၊ ဘယ်တော့မှမပြောမိဖို့၊ သတိထားတယ်။ တကယ်လည်း ကိုယ့်ရင်ထဲမှာ၊ မျှော်လင့်စိတ်မွေးတယ်။“ငါတို့ တိုင်းပြည်ကြီး ပြန်ကောင်းလာရဦးမယ်၊ ငါတို့ တိုင်းသူပြည်သားတွေဟာ၊ ကောင်းမွန်တဲ့ စံနစ်အောက်မှာ၊ သာတူညီမျှ အခွင့်အရေးတွေနဲ့ လူတန်းစေ့နေနိုင်မယ့် အချိန်ကို ရောက်ကို လာရဦးမယ် ” လို့ပေါ့။

(၁၉၈၈) လူထုအုံကြွမှုကြီးမှာ၊ ကျမလည်း ကျောင်းသားအနေနဲ့ ပါဝင်ခဲ့တယ်။ ကျမအဖြစ်ကို ၀န်ခံရရင် . . . (၈) လေးလုံးနေ့က၊ ကျမထက်ကြီးတဲ့ အစ်ကိုတွေ၊ အစ်မတွေက၊ “ဒီမိုကရေစီရေး”လို့ တိုင်ပေးတာကို၊ ဘယ်လို ဆက်အော်ရမှန်းမသိခဲ့ပါဘူး။ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ၊ ထောက်ခံရမယ့် အရာလား၊ ရှုံ့ချရမယ့် အရာလား ဆိုတာတောင် မသိခဲ့တာအမှန်ပါ။(၁၉၉၀) မှာ ရွေးကောက်ပွဲလုပ်တော့ ကျမအသက် (၁၈) နှစ် မပြည့်လို့၊ မဲမပေးခဲ့ရပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လျစ်လျူရှုနေတဲ့ အာဏာသိမ်းစစ်တပ်အစိုးရအပေါ် မကျေနပ်ကြတဲ့ ကျမတို့တွေဟာ၊ တကယ်တော့ . . ပြည်သူ့ဆန္ဒမဲပေးပွဲဆိုတာမှာ၊ တစ်ခါမှ . . . မပါဝင် မဆင်နွဲဘူးတဲ့သူတွေ အများကြီးပါ။စကားလုံးကြီးကြီးကျယ်ကျယ်တွေ ပြောတတ်တဲ့ ကျမသူငယ်ချင်းကို “ဟင်း . . မွေးကတည်းက တစ်ခါမှဖြင့် မဲမပေးဖူးနဲ့” လို့ ကျီစယ်ရင်၊ သူက “အဲတာကြောင့် ပိုစိတ်တိုရတာပေါ့ဟ” လို့ ပြန်ပြောတတ်ပါတယ်။

အချိန်တွေ၊ အတွေ့အကြုံတွေ၊ တော်တော်တန်တန်ရယူ ဖြတ်သန်းပြီးတဲ့ အခုအရွယ်မှာလည်း၊ ကျမရဲ့ မျှော်လင့်ချက်တွေ၊ အယူအဆတွေ အများကြီး ပြောင်းလဲ မသွားခဲ့သေးပါဘူး။ ပိုပြီးခိုင်မာလာသလားလို့ မေးရင်တော့ “ပိုတယ်မပိုဘူးဆိုတာ၊ ဘာနဲ့ နှိုင်းယှဉ်ရမှာလည်း၊ အရင်ကလည်း ဒီလိုပဲမျှော်လင့်တယ်၊ အခုလည်း ဒီလိုပဲမျှော်လင့်တယ်”လို့ ပြန်ဖြေရမှာပါ။တချို့ သူငယ်ချင်းတွေကတော့ ပြောတယ်၊ “အသက်အရွယ်နဲ့ အတွေ့အကြုံအရ၊ မျှော်လင့်ချက်အိပ်မက်တွေဟာ ပြောင်းလဲရမယ် ” တဲ့ “ ဒါ ရင့်ကျက်လာတယ်လို့ ခေါ်တယ် ”တဲ့၊ ဒါဆို ကျမက မရင့်ကျက်သေးဘူးပေါ့။ မရင့်ကျက်ရင်လည်း ရှိပါစေတော့။ လူဆိုတာ မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှင်နိုင်တာမို့၊ ကျမတန်ဘိုးထားတဲ့ ယုံကြည်မျှော်လင့်ချက်တွေကို မပြောင်းလဲပါရစေနဲ့။

ကလေးဘ၀တုန်းက၊ ရွှေသွေးဂျာနယ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ ရုပ်ပြပုံပြင်လေး တစ်ခုကို မှတ်မိနေတယ်။ အဖိုးအိုတစ်ယောက်က၊ တောင်အမြင့်ကြီး တစ်ခုကို ကျော်ဖြတ်နိုင်ဖို့၊ တောင်ပတ်လမ်းတစ်ခု ဖေါက်နေတော့၊ သူ့မြေးလေးက ကူညီရင်းမေးတယ်။‘အဖိုးရယ် . . အဖိုးမသေခင် ဒီလမ်းက ပြီးပါ့မလား’တဲ့၊ အဖိုးက ပြန်ဖြေတယ် ‘တို့တွေ ဒီတောင်ကြီးကို ကျော်ချင်တယ် မဟုတ်လား၊ ဒါဆိုရင် အဖိုးလက်ထက်မှာ မပြီးလည်း၊ မြေးလက်ထက်မှာ ဆက်ဖောက်ပေါ့ကွာ၊ မြေးလက်ထက်မှာ မပြီးခဲ့သေးရင်လည်း၊ မြေးရဲ့မြေးတွေ ဆက်ဖေါက်ကြ ပစေပေါ့ ’ တဲ့။

(၂၀၀၄) ခုနှစ် သြဂုတ်လ၊ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ၊ ကျမတို့ မြန်မာပြည်သားတွေ၊ ဂုဏ်ယူရတဲ့ အဖိုးတန်စာဆိုနှစ်ဦးကို ဆုံးရှုံးခဲ့ရတယ်။ သြဂုတ်လ (၁၄) ရက်၊ စနေနေ့မှာ ပြည်သူချစ်တဲ့ သီချင်းရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်ထူးအိမ်သင် (၄၂) နှစ်ဟာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့သလို၊ သြဂုတ်လ (၁၅) ရက်၊ တနင်္ဂတွေနေ့မှာ ခေတ်အဆက်ဆက် ပြည်သူလေးစားခဲ့တဲ့ ပညာရှင်ကဗျာဆရာကြီး ဆရာမင်းသုဝဏ်၊ အသက် (၉၆) နှစ်ဟာ၊ လူကြီးရောဂါနဲ့ ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတယ်။ဆရာကြီး မင်းသု
ဝဏ်နဲ့ အဆိုတော်ထူးအိမ်သင်တို့ အတွက်၊ အမှတ်တရဂုဏ်ပြုမှုတွေ၊ လွမ်းဆွတ်တသမှုတွေနဲ့ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရကြားရပါတယ်။ သူတို့နှစ်ယောက်အကြောင်း နှိုင်းယှဉ်ခံစားမိတော့ . . .ဆရာကြီးမင်းသုဝဏ်ဟာ၊ အသက်ရှေခဲ့တဲ့ အလျောက်၊ ခေတ်ပေါင်းများစွာကို၊ မပြောင်းလဲတဲ့ ယုံကြည်ချက်တွေနဲ့ ဖြတ်သန်းခဲ့တယ်။ တိုင်းပြည်လွတ်လပ်ရေးကစလို့၊ ဒီမိုကရေစီရေးအထိ ပါဝင် ဆောင်ရွက်ခဲ့တယ်။ သူ့တိုင်းပြည်၊ သူ့လူမျိုးအတွက် နောက်ဆုံးအချိန်အထိ တာဝန်ကျေခဲ့ပါတယ်။ ထူးအိမ်သင်ဟာလည်း၊ သူအသက်ရှင်ခွင့်ရတဲ့ အချိန်လေးထဲမှာပဲ၊ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်သမိုင်းရဲ့တာဝန်ကိုကျေခဲ့တယ်။ သူ့ရဲ့ယုံကြည်ချက် အမှန်တရားတွေကို ဘာနဲ့မှ ပြောင်းလဲမပြစ်ခဲ့ပါဘူး။ ‘ကျနော်ဟာ မိုက်မိုက်မဲမဲ ရိုးသားနေဆဲ’လို့ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။သူတို့ နှစ်ယောက်ဟာ၊ တောင်ပတ်လမ်းအတူ ဖေါက်ခဲ့ကြတဲ့ အဖိုးနဲ့ မြေးတို့ပါ။

အဖိုးရော မြေးရော၊ တောင်ရဲ့တဖက်ကို မရောက်သေးခင်၊ သေသွားခဲ့ကြပေမဲ့ ဒီတောင်ကြီးကို ကျော်ချင်တဲ့ စိတ်ရှိသူတွေ ရှိနေသရွေ့ လမ်းဆက်ဖေါက်ကြဦးမှာပါ။ မြေးရဲ့ မြေးတွေက ဆက်ဖေါက်ကြဦးမှာပါ။ မြေးတို့ လက်ထက်မှာ စိတ်တူကိုယ်တူညီညွတ် ကြလို့ တောင်တဖက်ထိ လမ်းပေါက်ခဲ့ရင်လည်း၊ ဟိုဘက်မှာ တောင်ဘယ်နှစ်လုံး ဆက်တွေ့ရဦးမလဲ မသိနိုင်ပါဘူး။လမ်းဖေါက်ဖို့လိုတဲ့ တောင်တွေလား၊ သဘာဝအရ ထိမ်းသိမ်းထားသင့်တဲ့ တောင်တွေလားဆိုတာလည်း တွေ့မှပဲ ဆုံးဖြတ်နိုင်မှာပါ။အဖိုးသာ ရှိဦးမယ်ဆိုရင်တော့ ‘အေးလေကွာ . . အဖိုးလည်း ဒီနေရာ ရောက်အောင်၊ တခြားတောင်တွေကို ဖြတ်လာခဲ့ရတာပဲ။ အရေးကြီးတာက လမ်းဆက်လျှောက်ချင်စိတ် ရှိနေဖို့နဲ့ လမ်းမမှားကြဖို့ ကြိုးစားကြပေါ့ ’ လို့ ပြောမယ်ထင်ပါရဲ့နော်။

(Burma Post သတင်းစာ၊ ၂၀၀၆ ခုနှစ်/ သြဂုတ်လ တွင် နှစ်နှစ်ပြည့်အတွက် ဖော်ပြခဲ့ပြီးဖြစ်သည်။)

By courtesy of http://mrbalance.blogspot.com/


◦
Share/Bookmark