Blog Action Day 2008


ဒီနေ့ ဂူးဂဲလ် ရဲ့ ဘလော့ တခု မှာ တွေ့လိုက်တော့မှ- October 15 က Blog Action Day ဆိုပါလား။ ကိုယ် တို့တွေ ဆီမှာ တော့..၁၆ ရက်ဖြစ်နေ ပြီ။ ဒါပေမဲ့..စိတ်ဝင်တစား ထပ် စပ်စု ကြည့်တော့.. အခု နှစ် ရဲ့ ခေါင်းစဉ် (Theme ) က.. ဆင်းရဲမွဲတေမူ (Poverty) တဲ့။ ဒါဆို..ကိုယ်တို့တွေ နဲ့ပိုလို့တောင် ဆိုင်နေပြီ မို့.. အဲဒီ blogactionday ဆိုဒ် ကို သွားပြီး.. Featured Posts တချို့ကို.. ခပ်မြန်မြန် ဖတ် ကြည့် မိတယ်။

-
ဂူးဂဲလ် ရဲ့ ပါဝင်ရေးသား မူ ကတော့..သူ တို့နဲ့ အသက်ဆိုင်ဆုံး ဖြစ်တဲ့ Information Poverty ကို ဇောင်းပေး ပြီး ရေးသားထားတယ်။ ခုခေတ် အွန်လိုင်း သုံးသူ အများစု ဟာ ဆင်းရဲ မွဲတေ မူ နဲ့ မသက်ဆိုင် နေ လှပေမဲ့.. ပြည်တွင်းစစ်ဒဏ်..အာဏာရှင်ဒဏ်.. ရာသီဥတုဒဏ် တွေကို အလူးအလဲ ခံစားနေရ တဲ့..ဖွံ့ဖြိုးဆဲ နိုင်ငံများက.. အော့ဖ် လိုင်း ဖြစ်နေသူ များ အတွက်.. ဘာတွေ လုပ် ပေး နိုင် ကြ မလည်း လို့..မေးခွန်း ထုတ်ထားပါတယ်။

-
သူတို့ တတ်နိုင်တဲ့..ကျွမ်းဝင်တဲ့.. အစားထိုး စွမ်းအင် တို့.. သတင်းနည်းပညာ တို့.. ကျန်းမာရေး ကာကွယ်ပညာပေးရေး တို့.. လို ခေါင်းစဉ် မျိုးတွေ အပြင်..သာမန် လှူဒါန်း မတည် ထားတဲ့ သဘာဝ ဘေးအန္တရယ် ရန်ပုံငွေ တွေ လည်း အများအပြား တွေ့ရပါတယ်။ ဗမာပြည် နာဂစ် အတွက် တောင် 1 million ထဲ့ဝင် ထားတာပဲ။

-
ဒါပေမဲ့.. Good governance ဖြစ်ရေးအတွက် တိုင်းသူပြည်သား တွေရဲ့ အခွန်ငွေတွေ.. ကမ္ဘာက ထောက်ပံ့ ငွေ တွေ ..ဘယ်လို အသုံးချ ပြီး..ဘယ်လို ပျေက်ကွယ် နေသလည်း ဆို တာမျိုးကို ခြေရာခံ နိုင်တဲ့.. စိစစ် နိုင်တဲ့.. သတင်းနည်းပညာသုံး ပရောဂျက် တချို့ကို တော့.. SODNET ဆိုတဲ့ ပရောဂျက် နဲ့..ကင်ညာနိုင်ငံမှာ..အခုမှ..စတင် စမ်းသပ် ကူညီ ပေး နေ ပြီ လို့ ဆို တယ်။ အဲဒီ မှာ သူရဲ့ ကမ္ဘာကျော် Google earth နဲ့ Google Map ရဲ့ အခန်း ကဏ္ဌ က..သိပ် အရေး ကြီး ကြောင်း ဆိုထားပါတယ်။

-
+++++

-
နောက် ထပ် စိတ်ဝင်စားစရာ ခေါင်းစဉ် တခု ကတော့..How Freelancers are saving the world တဲ့။
လောကကြီး မှာ..ကိုယ်နဲ့မဆိုင် ပါဘူး.. ငါ လုပ်လို့လည်း ဘာမှ ထူးမလာ ပါဘူး ဆိုတဲ့.. စိတ်ဓါတ် မျိုး မဟုတ်ပဲ.. နေရာတကာ..သိချင် ကူညီချင်တဲ့..မတရားမူကို..ငုံ့ခံ..ငုံ့ကြည့်မနေတတ်တဲ့.. လူတစု ရဲ့ အပျော်ထမ်း ကူညီ မူလေး တွေ ကြောင့်.. ကမ္ဘာကြီး တခု လုံး မဟုတ်တောင်..ကမ္ဘာလေး သေးသေး လေး တော့..ပြောင်းလဲ သွားခဲ့ ပါတယ်။

-
အဲဒီလို..အပျော်ထမ်း ပါဝင်မူ တွေက နေ..ဆင်းရဲ မွဲတွေမူ တွေကို..ဘယ်လို ကယ်ဆယ် ကူ ညီ သွားသလည်း ဆိုတဲ့ .. နမူရာယူစရာ တချို့။

-
ယူဂန်ဒါ နိုင်ငံ က.. တနေ့ တဒေါ်လာ ရတဲ့..အမျိုးသမီး တယောက်ကို.. သူမရဲ့ ရွှံ အိမ်လေး နားမှာ..သူဝါသနာ ပါရာ..စက္ကူ ပုတီးလေး တွေ လုပ်နေတာကို.. ခရီးသွား တစု တွေ့ခဲ့ကြတယ်။ ချစ်စရာ ကောင်းတဲ့ သူမ ရဲ့ ပုတီးလေး တွေကို ၀ယ်ယူ အားပေး ရင်း... Bead for Life ဆိုတဲ့ အကျိုးအမြတ် မယူတဲ့ အဖွဲ့လေး ဖြစ်လာခဲ့တယ်။ အခု အခါ..ကမ္ဘာမှာလည်း fair trade products များကို ၀ယ်ယူ အားပေး ဖို့ .. လှုံ့ဆော် လာ တာကို တွေ့နေရ ပြီ။

-
ခုတော့.. အဲဒီ အဖွဲ့လေး ကနေ..အဖွဲ့ကြီး ဖြစ်လို့.. ယူဂန်ဒါ နိုင်ငံသား ၁၀၀ ကို.. သက်မွေးဝမ်းကျောင်း ပညာ သင်ဆု တွေ ပေး နိုင် ခဲ့ ပြီ။

-
နောက်တခုက...ရေ ကောင်း ရေသန့် မသုံးစွဲ နိုင် တဲ့ လူဆင်းရဲ များ အတွက်.. လူတဦး တယောက် ရဲ့ စာနာ စိတ် နဲ့..စတင် အကောင် အထည် ဖော်ဖြစ် ခဲ့တဲ့.. Ethos Water ဆိုတဲ့ စိတ်ကူး လေး တခု။ အခက်အခဲ တွေ..အများကြီး နဲ့ စခဲ့တဲ့..အဲဒီ ရေသန့်ပုလင်း လေး တွေ ဟာ..ခုတော့.. ကနေဒါ နဲ့ အမေရိကန် ပြည် နေရာတချို့က.. StarBucks ဆိုင်များမှာ..ကုသိုလ် ဖြစ် ၀ယ်ယူ အားပေး လို့ ရနေပြီး.. ရံပုံငွေ ၆ သန်းကျော် ရ ရှိ နေပြီ ဆိုပါလား။

-
အင်း- အောင်မြင် မူတွေ ကတော့..ရေးလို့ကောင်း..ဖတ် လို့ကောင်းသည်ပင်။ တဖက် မှာ လည်း..ဆင်းရဲ မွဲတေမူ ဆိုတာ.. ကူးစက် ရောဂါ တခု လို..အရှိန်အဟုန် နှင့် ကမ္ဘာတခြမ်းစာ လောက်.. မွမွ ကြေ လျက် ရှိ တုန်း ပင်။ ဒါပေမဲ့ လည်း..လွှတ်ချ လိုက် မလား..ကိုယ်နိုင်တာ..ဆက် ကိုင် ထားမလား.. ဒါကတော့..တယောက်ချင်း ရဲ့ သဘောထား ပါဝင်မူ သက်သက်။

-
မျက်စိ ညောင်းစ ..လက်ညောင်းစ ပြု နေပေမဲ့.. ဂါဒီယန်း သတင်းစာ ရဲ့ Can Blogging end Poverty ? ဆိုတဲ့ ခေါင်းစဉ် လေးက.. ဆွဲဆောင် သွားပြန်သည်။ Blog Action Day မှာ..ဒီလောက် လေး တောင်.. Action မပေး နိုင် တော့ဘူး လား ကွယ် လို့..ကိုယ့်ဖာသာ အားပေး ရင်း.. ဆက် ဖက် ကြည့် သည်။

-
ဆောင်းပါးရှင် ကလည်း..သူ့ကို တာဝန် ပေးလို့သာ.. ရေးပေး ရတာ..သူ့စိတ်ထဲ တော့..သိပ် သေချာပုံ မရ။ သူပြော တာက.. ဘယ် လောက် များများ မီဒီယာတွေ မှာ များ.. ဆင်းရဲ မွဲတေမူ..လူမူစီးပွားနဲ့ ပတ်သတ်တဲ့..သတင်းထောက်..သီးသီးသန့်သန့် ထား သလည်း လို့.. စပြီး..ဘုကျ ထားတယ်။ နိုင်ငံရေး သတင်းထောက်.. စီးပွားရေး သတင်းထောက်.. တွေက..ခပ်မြိုင်မြိုင်..။ ဖွံဖြိုးဆဲ လူဆင်းရဲ နိုင်ငံ တွေ အကြောင်းများ ဆိုရင်..ခရီးသွား လုပ်ငန်း.. တောရိုင်းတိရိစ္ဆန် ထိမ်းသိမ်းရေး..ဒါတွေပဲ ဖြစ်နေတယ် လို့ ထောက်ပြ ထားသည်။ အဲဒါ ကြောင့်ကိုပဲ.. ဘလော့ တွေ ရဲ့ အခန်းကဏ္ဌ တခု ..အထင် အရှား ထွက် ပေါ် လာတယ် လို့..ဘလော့အပေါ် အကောင်းမြင်..မျှော်လင့် သွား၏။

-
ဆင်းရဲ မွဲတေမူ အတွက်..ကမ္ဘာတ၀ှမ်းက..လှူဒါန်းသမျှ ဟာ လည်း..အချမ်းသာ ဆုံး ဆိုတဲ့.. Global Fund ကြီး ထဲမှာ.. ရှိနေ ပါ ပြီတဲ့။ Bill Gate လောက် မချမ်းသာ ဘူးဆို ရင်တော့.. ကုသိုလ်ဖြစ် အဖွဲ့ငယ်လေး တွေ ကိုသာ.. လှူဒါန်း ကြပါ လို့.. သရော် တော်တော် ပြော ထားပါ သေးတယ်။ သူဆိုချင်တာ..` ကြီးလွန်းလျှင် မလှ ´ ဆိုတဲ့..သဘော များလား။ ဘလော့ ဆိုတာလေး တွေကလည်း..မီဒီယာ အသေးစားလေး တွေ မို့.. အကျိုး နဲ့ အပြစ် မှာ..အပြစ် ကလေး မဆို စလောက် ကို..ဇာမချဲ့သင့် ပေ။

-

အဲဒါကြောင့် .. ဆင်းရဲ မွဲတေမူ တိုက် ဖျက် ဖို့ အတွက်..လှူဒါန်း ပါဝင် သည့် နေရာ မှာ လည်း..မဟာသိရိ သုဓမ္မာ ရ ဖို့ မလို.. သတိုးကျော်စွာ စည်သူ ဖြစ်ဖို့မလို.. ။ လှူဒါန်းမူ..( သို့) လုပ်ဆောင်မူ တခု သာ ဖြစ်ဖို့လိုကြောင်း.. Blog Action Day သို့။

ဆက်စပ် ရေးသားမူ- ၀ါးတိုးတိုး


Share/Bookmark

7 Comments:

MANORHARY said...

ကေ ရေ..ခုလိုသေသေချာချာပြုစုပြောပြတဲ့တွက်ကျေးဇူး
ပါ...ကိုယ်တိုင်လိုက်ဖတ်နေစရာမလိုတော့ဘူးပေါ့..။

khin oo may said...

ဘာသာပြန်ပေးလို. ပိုတောင်ကျေးဇူးတင်သေးတယ်။ မဟုတ်ရင် နားလည်မှာ မဟုတ်ဘူး။

Moe Cho Thinn said...

တယောက်တလက် တတ်နိုင်သလောက်လေး တွဲကူကြတာ ကမ္ဘာကြီးမှာ ရှင်သန်နေရင် အတော် ကောင်းမှာ..။

Anonymous said...

မကေ…
မလေး ဒီကိုပြန်လိုက်လာတယ်နော်
ဒေါ့ကွန်းက လုပ်ထားတာ တစ်နှစ်ကျော်ပြီမကေရယ်..
ဘလော့ဂ်ကတော့ လိပ်စာကပြောင်းထားလို့ မကေ ရီဒါမှာ မပေါ်တာထင်တယ်..
www.ainchannmyay.blogspot.com မဟုတ်တော့ဘူး
www.lyricswithoutmelody.blogspot.com ကိုပြောင်းထားလို့ပါ..
ကြော်တော့ မကြော်ငြာဖြစ်တော့ဘူးမကေ..

မကေဆီမကြာမကြာရောက်ပါတယ်.. ခြေရာသာ မချန်ဖြစ်တာပါရှင်..

ခင်မင်လျှက်..
မလေး

Burmese Gold Bull said...

hi ma k,

interesting.. thanks for sharing..

တန်ခူး said...

ကေရေ… အကျိုးရှိတဲ့သတင်းလေးတွေ မျှဝေပေးတာ ကျေးဇူးပါ… ကိုယ်လုပ်နိုင်သလောက် သေးသေးလေးက စရင် ကမ္ဘာကြီးတခုလုံး မပြောင်းနိုင်စရာ ဘယ်ရှိပါ့မလဲ…

Sonata Cantata said...

ကေရေ blog နဲ့ action နိုင်သလောက်လေး တွဲလိုက်တယ်နော်။
လှူနိုင်သလောက် အကုန်ထုတ်လှူခဲ့တယ်။http://sonata-cantata.blogspot.com/2008/10/blog-post_26.html