ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ ?
ဂန္ဓီကြီးကို ဘယ်သူသတ်သလဲ ?
ဂျွန်လင်နွန်ကို ဘယ်သူသတ်သလဲ ?
ဒိုင်ယာနာကို ဘယ်သူသတ်သလဲ ?
အန်နာပိုလစ် *ကို ဘယ်သူသတ်သလဲ ?
ဝီက်ရာ* ကို ဘယ်သူသတ်သလဲ ?
ဘုရားသခင် သိလိမ့်မယ်
---
---
---
အခု- ဘုရားသခင်ကို ဘယ်သူ သတ်သွားပြီလဲ ?
----------------------
*Lasantha Wickramatunga ( Sri Lankan journalist killed in 2008)
◦
12 Comments:
စာလာဖတ်သွားပါတယ်.... ရွှင်လန်းချမ်းမြေ့ပါစေ။
သိပ်မမီသေးဘူးအမရယ်။
အဖြေတွေကတော့ ရှိပြီးသား ထင်တာပါပဲ..မကေ
အမှန်တရား တရားမျှတခြင်းက တကယ်သေဆုံးသွားလားပြီလား အစ်မ...။
ရန်ကုန်စိမ်းလဲ့ကန်သာလမ်းက ငါးလောင်းပြိုင်လူသတ်မှုကို ဘယ်သူသတ်သွားသလဲ
who are the Illuminati? :D
ဘုရားသခင်မှ သိမှာပါဆို။ ခု ဘုရားသခင်ကို ဘယ်သူသတ်တာလဲဆိုတော့ အဲဒီအမှုက ပိတ်ရတော့မှာပဲနော်။ နောက်တာပါ။ ကဗျာလေးက ကောင်းပါတယ်။
တို့လဲ အခု ဒီလိုပဲ ခံစားနေရတယ်။
ကိုသီဟပြောသွားသလို Illumanati ကမှ လူသတ်တရားခံပေါ်ပါသေးတယ်.. မဖမ်းဆီးလိုက်နိုင်တာတော့ အရှုံးပေါ့..။
ဒါပေမယ့် သူတို့လည်း ကိုယ့်လမ်းကိုယ်သွားကြမှာပါ။
အခု- ဘုရားသခင်ကို ဘယ်သူ သတ်သွားပြီလဲ
ဘုရားသခင်ကိုယ်တိုင်မသိလိုက်ဘူးဖြစ်သွားတယ်မကေရေ
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို နယ်ချဲ့သမားကသတ်တာပါ။ ဂဠုန်ဦးစောတို့က ကြံရာပါတွေပါ။
ဘုရားသခင်က ဘယ်တုန်းက အသတ်ခံလိုက်ရတာလဲ ဟင်...
အဲဒါ ကျွန်တော် မသိလိုက်ဘူး ခင်ဗျ။
Post a Comment