ပညာ နှင့် ဥာဏ်...
လူတယောက်ကို အမြင်ကတဆင့် အကဲဖြတ်ပေါင်းသင်းခြင်းသည် တရားမျှတပါရဲ့လား...
“ဒီအဘွားကြီးက..ဥပဓိကောင်းလိုက်တာ...”
“ဟင်း..လူကြီးက..နှာဘူးရုပ်ကြီး..”
“ကောင်လေးက..အေတေတေလေး..”
“ပုံစံတွေက..အနံကြီးကွင်းကျယ်တွေ...”
အဲဒီလို..ကိုယ်ခဏခဏပြောမိသည်။
နောက်တခါ...လူတွေရဲ့ယုံကြည်ချက်..ခံယူချက်...မသိနားမလည်ခြင်း..ရိုးအခြင်း(တနည်းအားဖြင့်..ကိုယ်နဲ့မတူခြင်း) အပေါ်မှာရော..ဘယ်လိုတုံ့ပြန်ပေါင်းသင်းဆက်ဆံသင့်သလဲ...
ကြုံဘူးတာပြောပြမယ်..ကိုယ့်မိတ်ဆွေအမကြီးတယောက်က..လူတွေကိုနိုင်ငံရေးအမြင် မရှိရင်..လူရာမသွင်းပါ..(အဟင်း..ကိုယ်နဲ့တော့တအား..ကီးကိုက်တယ်) သူပြောပြတာ..တခါ..သူအရမ်းခင်တဲ့သူငယ်ချင်းမတယောက်က...အာဇာနည်နေ့ရုံးပိတ်ရက်ကို ဘာနေ့မို့ပိတ်တာလဲလို့ ပြောမိလို့...သေခန်းပြတ်ခဲ့ပါသတဲ့။ ပြတ်သားပုံများ။
တခါတခါတော့လည်း...ကိုယ့်နဲ့နိုင်ငံရေးအမြင်မတူ..စကားပြေခြင်းမတူပေမဲ့...တခြားတခြား သော..ကောင်းကွက်ကလေးတွေ..ပင်ကိုယ်စိတ်ရင်းကောင်းမူလေးတွေကြောင့် ပေါင်းသင်းခင်မင်နေရတဲ့..သူငယ်ချင်းများကခပ်များများ...
ကိုယ်ကပဲမပြတ်မသားနိုင်သလားမသိ...စင်ကာပူမှာအလုပ်လုပ်ခဲ့တုံးက..ထုံးစံအတိုင်း...
အလုပ်တိုင်းမှာ..ဗမာတွေတယောက်ထက်မကရှိတတ်တဲ့အထဲမှာ...ကိုယ့်နဲ့တွေ့တဲ့ အင်ဂျင်နီယာငယ်လေးတယောက်က..တကယ့်သောက်ကျိုးနဲဗမာလေး..
လူတွေအသဲအသန်...အလုပ်ရှာဖွေပီး..ဘ၀စရတဲ့..စင်ကာပူမှာ..သူကတော့..
သတင်းစာက..classified ဆိုတာကိုဘာလဲတဲ့...စင်ကာပူရောက်ထဲက..သတင်းစာတောင်တခါမှမဖတ်ဘူးဘူးတဲ့..
ဘာပြောရမှန်းတောင်မသိ...သူကတော့..သူငယ်ချင်းတွေကတဆင့်လူဆက်နဲ့အလုပ်ရခဲ့
တာတဲ့...ကိုယ်က..ထမင်းစားချိန်တိုင်း..အင်တာနက်က..ဗမာသတင်းတွေအမြဲဖတ်တာ
မြင်တော့....သူကထွေရာလေးပါးလာပြောတယ်...အဲဒီအဘွားကြီးက မလွတ်သေးဘူးလားတဲ့..ပါးပါးနပ်နပ်ရှိပုံက..ဟိုအမလိုသာဆိုဘယ်လိုနေမလဲမသိ
..ကိုယ်ကတော့...
ဒါပေမဲ့..ကောင်လေးက..စိတ်ကောင်းရှိပီး..အလုပ်ကြိုးစားသည်...နှိမ့်ချစိတ်ရှိတာကလည်းထူးခြားသည်။
နောက်တော့...ကိုယ်မကြိုက်တာကိုရိပ်မိသွားပီး...ကိုယ်ကြိုက်တာကိုသိသွားတယ်ထင်သည်....တမနက်..အလုပ်မှာကော်ဖီသောက်ရင်း...
“အမ..အမ..ညကသတင်းမှာ..ဒေါ်စုကြည်လွတ်သွားပီ..”လို့..အားရပါးရသတင်းပေးသည်။ ဗမာသတင်းများအပေါ်..မျက်ချေမပြတ်သောကိုယ်ကလည်း..မျက်မှောင်ကြုံ့ရင်း..
မဟုတ်ပါဘူးဟယ်..
“ဟုတ်တယ်...အင်္ကျီအ၀ါလေးနဲ့..”
နောက်တော့မှ..ကိုယ်သဘောပေါက်တယ်...စင်ကာပူသတင်းမှာ..ဗမာပြည်အကြာင်းပြောရင်...ပုံဖိုင်အဟောင်းတွေအမြဲနဲနဲပြလေ့ရှိတာလေ...အထူးသဖြင့်..လူထုခေါင်းဆောင်..ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချူပ်ချခံထားရကြောင်း..စသဖြင့်..နောက်ကြောင်းပြန်အကျဉ်းချူပ်တိုင်း...အဲဒီ..အင်္ကျီအ၀ါနဲ့ ကားပေါ်ကဆင်းလာပုံက..အမြဲပါပါနေကြကိုး...
ပညာနဲ့အသိဥာဏ်ဟာအမြဲဒွန်တွဲမနေဘူးဆိုတာ..ကိုယ်လဲ ကြာလေ..သဘောပေါက်လေပါပဲ...
I don't own a car, never did in America, used to use public transport a lot,
-
now don't. I feel I am doing fine--but need to get some kind of writing or
research job.
There are a lot of high-level jobs for people like me with Ph.Ds....
39 minutes ago


6 Comments:
There are many dumb people in our country. But nobody shouldn't blame them, we have to look back where these people come from. Different background brings different people. And also his/her family circle makes him/her.
အင်းသတင်းတွေကို မဖတ်တတ်တဲ့ အတွက် ရှက်မိသွားပါပြီ
I like this article very much as it is based on the current events.
In reality, most of our next generation are working for money ONLY. Everybody is expected to enlighten them like your post.
Yes..dear reader..
it's sad..but true.
ကိုအောင်သာငယ်ပြောတာမှန်တယ် နောက်ပညာရေးအခြေခံ .. မသင်လို့မသိခဲ့တာကို သူတို့အပြစ်တော့မဟုတ်ဘူး အမရေ
ပညာနဲ့ ဥာဏ် အခါခပ်သိမ်းတွဲမနေသလို
ဥာဏ်နဲ့ ကိုယ်ကျင့်တရားကလည်း အမြဲတွဲမနေဘူး
ကားမောင်းသင်တုံးက အဖြစ်လေး သတိရသွားတယ်။ သင်တဲ့ ဆရာက အသက် အစိတ်သုံးဆယ်လောက်။ ကိုယ့်ကို စလုံးမဟုတ်မှန်းသိသွားတော့ ဘယ်ကလဲမေးတယ်။ မြန်မာဆိုတော့ ဘယ်နားမှာ ရှိတာလဲတဲ့။ သူမသိဘူးတဲ့။ အံ့သြကုန်နိုင်ဖွယ် ဖြစ်သွားတယ်။ အထင်ကြီးလို့ လုံးလုံးမရတော့ဘူး။ ကြားဖူးတာ စလုံးမှာ ပထ၀ီတို့ သမိုင်းတို့ အခြေခံပညာမှာ မသင်ဘူးဆိုပဲ။ နောက်မှ ဟုတ်မဟုတ် ပြန်ရှာကြည့်ရဦးမယ်။
Post a Comment