ကျိုက်ထီးရိုးကအဆင်း…စိမ်းလဲ့တင်
--------
ကျိုက်ထီးရိုး ဓါတ်ပုံများ ◦
ကျိုက်ထီးရိုးကအဆင်း…စိမ်းလဲ့တင်
Sein Lei Tin
Labels: Travel
အလေး.........ပြု
အာဇာနည်နေ့မှာ..ဘာမှမတင်..ဘာမှမပြောပဲနေကြမည်ဟု..ဘလော့ဂါများ..လက်မောင်းသွေးဖောက်
သစ္စာဆိုထားကြသဖြင့်..အာဇာနည်နေ့အထိမ်းအမှတ်ကလေးကို..ဒီကနေ့မှတင်လိုက်ပါတယ်...
ကိုယ့်လက်ရာတော့မဟုတ်ပါ..ဧည့်သည်တော်ကဏ္ဍအဖြစ်ရှုကြပါကုန်....
တခြားဧည့်သည်မဟုတ်ပါ..ကိုယ့်အမအရင်းခေါက်ခေါက်ဖြစ်ပါသည်...
သူက..ထူးထူးခြားခြား..ဘ၀မှာ..အဖြစ်ချင်ဆုံးက..ကာတွန်းဆရာမတဲ့...
ငယ်ငယ်တည်းက..ကိုယ်နဲ့..ခဲတံလုဖက်..စာအုပ်ဖွက်ဖက်..ပုံဆွဲပြိုင်ဖက်..ရန်ဖြစ်ဖက်..အထက်
အောက်ဖြစ်သမို့..တယောက်အကြောင်းတယောက်အသိဆုံး..။ကိုယ်ငယ်ငယ်တည်းက..စာတွေရေးပီး
ဘယ်ကိုမှမထည့်ရဲရင်..သူကိုယ်တိုင်..မဂ္ဂဇင်းတိုက်ကိုသွားပို့ပေးတတ်သူမို့..သူ့ရဲ့ကာတွန်းဆရာမအိမ်မက်ကိုလည်း..ကိုယ်အမြဲတမ်းအားပေးလျက်ပါပဲ...။
ဒါပေမဲ့..သူဖြစ်ချင်တဲ့..ကာတွန်းလိုင်းက..တမျိုး...
ကိုယ်တို့ငယ်ငယ်က..တေဇရုပ်စုံမှာ..အသဲစွဲခဲ့ရတဲ့..ဦးဘကြည်ရဲ့..ကောက်ကြောင်းပီပီနဲ့..ဆေးရောင်စုံစုံ..ကလေးပညာပေးဇာတ်လမ်းကာတွန်းလေးများကို..သတိတရ..အားကျပါသတဲ့.. ။
မဟော်သဓါဇာတ်တို့..လောဘကြီးတဲ့..သူဌေးကြီးဦးဘောဂတို့..အလုပ်ပျင်းတဲ့မနှင်းလေးကို..သူ့အလိုလိုထမင်းတွေခွံ့လို့..အပူလောင်တာတို့..အိုး..အများကြီးပဲ..အကုန်တော့မမှတ်မိတော့..။ အရမ်းစွဲလမ်းခဲ့ရတဲ့..ကလေး..ကာတွန်းလေးတွေ..။ ဟို..သူငယ်တန်းဖတ်စာအုပ်က..အရုပ်ကလေးတွေလည်း.. ဦးဘကြည်ပဲထင်တယ်..
သူ့ကာတွန်းကတော့..ကယ်ရီကေးချားပိုဆန်တယ်..အရမ်းရုပ်ပြောင်ကြီးမဟုတ်ပေမဲ့..မြင်တာနဲ့..
ဘယ်သူလဲဆိုတာ..တန်းသိနိုင်တဲ့..သူ့လက်ရာက..တမျိုး..။ များသောအားဖြင့်တော့..သူ့ရဲ့ကာတွန်း
ဇာတ်ကောင်တွေက..ကိုယ်တို့ရဲ့..တူ-တူမလေးများပါပဲ.. ။
သူက..ဟိုဟိုဒီဒီလည်းသိပ်မပို့..သူ့ဟာသူဆွဲပီး..သိမ်းထားတာကများများ..(အကြောင်းအရာတွေက
လည်း..ပို့လို့သိပ်မဖြစ်) တလောကတော့..UNICEF ကထုတ်တဲ့..ကျန်းမာရေးပညာပေးကာတွန်း
စာအုပ်ကလေးမှာ..သူဆွဲချင်တဲ့ပုံစံလေးအတိုင်းဆွဲခွင့်ရခဲ့လို့..သဘောတွေကျနေလေရဲ့..
weekly Eleven မှာ..ကိုယ်ရေးတဲ့..နိုင်ငံတကာပညာရေး အကြောင်းလေးမှာလဲ..သူ့ကာတွန်းလေးကို
သုံးဖြစ်ခဲ့တယ်..
ခု..အာဇာနည်နေ့..ကာတွန်းလေးကိုလည်း..ကိုယ့်ရဲ့..New Generation ဆိုတဲ့ ပို့စ်လေးနဲ့..တွဲကြည့်စေချင်ပါတယ်...
( ဇာတ်ကောင်များ..နှင်းပွင့်..ဥာဏ်ကျယ်..နကားလေး..နဲ့..ညိုလုံး..)








Bow Down
Labels: Burma History , cartoons , Family , မိတေဖိုး
ဟစ်ဟော့ပ်ခောတ်ရဲ့ ..၁၉ ဇူလိုင်
(ဒီစာလေးကို..အရင်ဖတ်ကြည့်စေ့ချင်ပါတယ်..ရေးရတဲ့အကြောင်းရင်းအတွက်ပါ..)
19 July Hip Hop
ဆက်သွယ်မူဧရိယာပြင်ပ...
Out of Connection
Labels: Burma story , News
ထင်ရှားကျော်ကြားသူများ
ဘလော့ရပ်ကွက်ထဲမှာ..တော်တော်များများ..တိတ်ဆိတ်ငြိမ်သက်သွားသလိုလို..
ရုတ်တရက်ဆိုသလိုတော့..မိန်းမူးငေးငိုင်သွားကြသည်..
“အိုး...ဘယ်လိုဖြစ်တာပါလိမ့်...” ဆိုတာမျိုးလို..
“ အင်း..သေခြင်းတရားဟာ..ရှင်သန်တတ်ကြွခြင်းနဲ့..ကျောခြင်းကပ်နေယုံလေးပါလား..” ဆိုတာလောက်တော့..လူတိုင်းလို..သံဝေဂ ရမိကြမှာအမှန်..
ပီးတော့..ဒွေးဆိုတာက လူတိုင်းသိ..ပျိုတိုင်းကြိုက်...လန်းဆန်းတက်ကြွနေတဲ့..စူပါမင်းသား..
ခုတော့.အားလုံးကို..တရားပြသွားခဲ့ပီ။
ကဲ..ကိုယ်လဲဘာဆက်ဘလော့ရမလဲတွေးရင်း..ဒီအကြောင်းလေးကိုတော့ကျော်မသွားချင်ပါ..
ဘလော့ရပ်ကွက်ထဲက..ဘလော့ဂါအမျိုးသားကြီးများကတော့..ဟင်း...လို့မသိမသာနှာမှုတ်ရင်း
စိတ်မ၀င်စားချင်သလိုနေချင်နေပေလိမ့်မည်...
ကိုယ်တောင်..ဒီရက်ထဲ..ဒီသတင်းပုံတွေကိုရှာရင်း..ကြည့်ရင်း...“ဟယ်..မနက်ကအကောင်းကြီးတဲ့..”
“ ကြည့်ပါဦး..လူတွေသယ်ထုတ်လာတာ..” လို့..စိတ်ဝင်တစားပြောသော်လည်း..ဘိုးတော်လုပ်သူက..
အင်း..တချက်သာပြောရင်း..ထတောင်မကြည့်။
ညီမငယ်တယောက်ဆို..ကိုယ့်ဆီဖုန်းလှမ်းဆက်ရင်း..စိတ်မကောင်းကြောင်းသတင်းဖလှယ်ကြတော့..
“ အမလဲ..စိတ်မကောင်းဖြစ်တယ်နော်..” လို့..အတည်ပြုရင်း အဖော်ညှိတယ်..
“ဟယ်..အေးပေါ့..ဖြစ်တာပေါ့ဟယ်......” ဆိုပီး..ကိုယ်လည်း...ဘာညာ..ဘာညာပေါ့
“အေးလေ..အဲဒါ..ကျွန်မကလဲရိုးရိုးသားသားစိတ်မကောင်းဖြစ်လို့ယောက်ကျားကို ဖုန်းလှမ်းဆက် တော့..သူက..အေး..စိတ်မကောင်းရင်..ဒွေးကားဟောင်းတွေပြန်ဖွင့်ကြည့်နေပေါ့လို့ပြောတယ်..”
ကိုယ်..ပြုံးလိုက်မိတယ်။
တခြားတော့မဟုတ်ပါဘူး..အဓိက-ကတော့..တရားရလိုက်တာပါ..
ပီးတော့..မေးခွန်းတခု...
ဘယ်လိုဖြစ်လို့..ငါတို့ဗမာပြည်မှာ..အရွယ်မတိုင်သေဆုံးခြင်းတွေများနေပါလိမ့်...
အနုပညာရှင်တွေကတော့..လူသိတာပေါ့လေ..တခြားကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာကော..
နောက်ထပ်က..အတွေးတခု...
အင်း..အနုပညာရှင်..(အထူးသဖြင့်..ပြည်သူချစ်သောအနုပညာရှင်) ဆိုတာ ..လူတွေရဲ့အာရုံကို အစွဲဆောင်နိုင်ဆုံးပါလားလို့လေ...
သတင်းတခုထဲမှာတောင်တွေ့လိုက်တယ်..ဒွေးသတင်းက..ဇူလိုင်၁၈ ရက်နေ့မှာကျင်းပမဲ့ အမျိုးသားညီလာခံ ထက်တောင် လူစိတ်ဝင်စားမူပိုရသွားတယ်ဆိုပဲ..
ဘယ်ခေတ်..ဘယ်ကာလမှာမဆို..ကျော်ကြားသူတွေရဲ့သတင်းတွေသည်..ရေပန်းစားမြဲပဲလေ..
Yahoo ရဲ့ the most search ဆယ်ခုမှာ အမြဲလို..အဲဒီ celebrity များသာ အမြဲဗိုလ်စွဲနေတာ သာကြည့်...
အင်ဂျလီနာဂျိုလီ..ကလေးတွေမွေးစားတော့..(သူအရင်တုံးကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့..) နတ်သမီးလေးတပါးလို ချီးမွမ်းခန်းဖွင့်ရင်း ကလေးမွေးစားတာတွေ..ခေတ်စားလာသည်။
ဘိုနိုက..အာဖရိက..ဆင်းရဲမွဲတေမူ တိုက်ဖျက်ရေးအတွက်.. လှုံ့ဆော်တော့.. သူကိုယ်တိုင်က.. ဘယ်လောက်..ပိုက်ဆံတွေဖြုန်းတီးတယ်ပဲဆိုဆို...တကမ္ဘာလုံးအာရုံစိုက်ခံရသည်။
ဗမာပြည်မှာပဲကြည့်ဦးတော့..ကျော်သူဆိုတဲ့နာမည်နဲ့..နာရေးကူညီမူအသင်းဟာ..ကပ်လျက်တွဲလို့.
အောင်မြင်ခဲ့သည်။ ဇော်ဝင်းထွဋ်က..မိဘမဲ့ကလေးတွေလှူတယ်ဆို..သူများလှူတာထက်ပိုလူသိပီး..
လိုက်လုပ်မည့်သူတွေ..ပေါလာသည်။
အင်း..အဲဒါကြောင့်..ကမ္ဘာကြီးတ၀ှမ်းလုံး..ပီးတော့..ဗမာပြည်ကြီးမှာ..လူတွေလုပ်သင့်တဲ့..မွန်မြတ်တင့်တယ်တဲ့..လူမူရေးလုပ်ငန်းတွေကို..အနုပညာရှင်များ..ကျော်ကြားသူများ..ဆထက်ထမ်းပိုးတိုး၍
လုပ်ဆောင်နိုင်ကြပါစေ..လို့..
Celebes
Labels: Celebes
ကျွေးတယ်..စားတယ် ကိုယ်တိုင်..ဖတ်သမားတယောက်အနေနဲ့လည်း..
ရုံးမှာ..ကွန်ပြူတာရှေ့ထိုင်ရင်း..အလုပ်ကလေးလုပ်လိုက်..အင်တာနက်ကလေးကြည့်လိုက်...
အိမ်ရောက်တော့..အမောပြေ..အပန်းပြေ..တီဗီရှေ့ထိုင်..ရုပ်ရှင်လေးကြည့်လိုက်..
ခဏနေတော့..အိမ်ကကွန်ပြူတာလေးဖွင့်.ဘလော့လေးရေးလိုက်.သူများတွေဆီလျှောက်လည်လိုက်.
အင်း...အိပ်တော့မလားလို့..အိပ်ယာထဲဝင်ကွေးရင်း..ခေါင်းရင်းကစာအုပ်တအုပ်ဆွဲလှန်ပြန်ရော... ![]()
အဲဒါ..အခုခေတ် လူသားတော်တော်များများရဲ့လုပ်ရိုးလုပ်စဉ်တွေပါ..
၂၁ ရာစုမှာ..မျက်စိ ၂ကွင်းဟာ..တကယ်ပဲအလုပ်အရှုပ်ဆုံးနဲ့..အလိုအပ်ဆုံး အရာတခုဖြစ်လာပီလို့ ပြောကြတယ်...နောက်ပီး...Information overload ဖြစ်နေပီဆိုတဲ့ အသံတွေလည်း ကြားရတယ်..
ဟုတ်သား..ဒီလောက်များပြားတဲ့..သိစရာကြည့်စရာတွေကို..ကိုယ်တို့ရဲ့အကန့်အသတ်ရှိတဲ့..အချိန်.. ဦးဏှောက်..မျက်စိတွေနဲ့..ဘယ်လိုလုပ်ပီးဖတ်ရမှတ်ရပါ့မလဲ...
ပြသာနာအသစ်အဆန်းတွေအတွက်..ဖြေရှင်းနည်းအသစ်အဆန်းတွေလည်း ရှိနေပါတယ်
ဒါနဲ့ပဲ..RSS feed ဆိုတာလေးကို..ဟိုနေရာတွေ့..ဒီနေရာတွေ့-တွေ့ရင်း..လေ့လာပီး သုံးကြည့်တော့..အတော်သဘောကျမိတာနဲ့..မိတ်ဆွေတွေများ..အမူမဲ့အမှတ်မဲ့မတွေ့မိမှာစိုးလို့..
သတင်းပေးချင်လာတယ်...(သိပီးသားလူများအတွက်..အချိန်ကုန်ခံမဖတ်စေချင်ပါ..)
မြန်မာဘလော့ဂါတွေထဲမှာ..တချို့တလေတော့..ထဲ့ထားကြပီ။
ဒါပေမဲ့..ဟိုဟိုဒီဒီညွှန်းသံ..အော်သံမကြားမိသေးသလိုပဲ.. တနေ့ကတော့..နတ်ဆိုးဆိုတဲ့ကွန်ပြူတာကျောင်းသားလေးဆီမှာ Blogger and RSS ဆိုပီး ရှဲထားတာစတွေ့တယ်.. ကိုယ်ကတော့..ဘာမှမဟုတ်ပါဘူး..အသုံးဝင်တယ်ဆိုတာလေးပဲပြောပြမှာပါ..
သူက..အတွဲလေးပါ..
တကယ်သုံးပုံခေါ်ပုံက....RSS Feed to Reader
လက်တွေ့လုပ်ရတာက..Subscribe and Read
ကိုယ်ဟာကိုယ်အပျော်ခေါ်ကြည့်တာတော့...ကျွေးတယ် ...စားတယ်
ဘလော့ဂါတယောက်အနေနဲ့...
မိတ်ဆွေတွေ..ပရိသတ်တွေ..ကိုယ်အသစ်တင်လား..မတင်လား..ခဏခဏ၀င်ဝင်ကြည့်ပီး..ဘာမှမတွေ့လို့ပြန်ကွေ့သွားစရာမလိုတော့..။ကိုယ့်ဘလော့ကို FeedBurner မှာ သွား burnပီး..အဲဒီ..RSS Feedရဲ့ကိုယ်ကြိုက်ရာ icon လေးထဲ့ထားလိုက်ယုံပဲ..အဲ..ဒါပေမဲ့..ဖတ်သမားဖက်ကလည်း..ဒါဘာလည်းဆိုတာသိရမယ်ပေါ့..အဲဒါလေးကို ကလစ် ကိုယ်နှစ်သက်ရာ..reader တခုခုနဲ့ subscribe လုပ်ပီးသိမ်းထားလိုက်ယုံပဲ။ ( ဒီဘလော့ရဲ့လက်ယာဘက်အောက်ဆုံးနားမှာ..ရှိပါတယ်..သို့သော်လည်း
ဒီဘလော့ကို..Subscribe လုပ်ဖို့ Promotion လုပ်ခြင်းမဟုတ်ပါ.. :-) 
ဖတ်လေ့ရှိတဲ့ဘလော့တွေကို..ကိုယ်ကြိုက်တဲ့ Reader နဲ့သိမ်းထားပေးလိုက်...။ ဘယ်သူအသစ်တင်တယ်ဆိုတာ..ကိုယ့် Reader တခုဖွင့်ထားယုံနဲ့အကုန်သိလို့ရတယ်..။ အသုံးများမှာတွေကတော့ Yahoo..Google ..ကြိုက်တာရွေးပေါ့...။
တခုသိထားဖို့က...google' blogger သုံးတဲ့ blogspot.comတွေအတွက်က သူ့ဖာသာ အော်တို ကျွေးထား ပီးသား....RSS icon မထဲ့လည်းဖြစ်တယ်..
ဒါပေမဲ့..တဖက်က..ဖတ်မဲ့လူက..ကိုယ့် Blog URL ကို တကူးတက cut and paste လုပ်နေရလိမ့်မယ်..RSS icon လေးရှိတော့.. Reader မရှိသေး..မသိသေးတဲ့..ဖတ်သမားဖက်ကို တွန်းအားပေးသလို ဖြစ်တဲ့အပြင်..Readerရှိပီးသားလူအတွက်လည်း အလွယ်တကူ.. ကောက်စားလို့ရတာပေါ့..
သြော်..ဒါပေမဲ့..တခုရှိတာက.. Yahoo Reader သုံးမယ်ဆိုရင်တော့..တဘက်က Feed icon လေးပေးပီး ကျွေးထားမှ ယူလို့ရတာကိုတွေ့ရတယ်။ မထူးပါဘူး..ကျွေးမဲ့အတူတူ
FeedBurner နဲ့ ကျက်အောင်သာချက်ပီး (burn ) ကျွေးလိုက်တော့ပေါ့။
ကိုယ်လည်း ခုမှသိလို့ အရမ်းသဘောကျပီး..Yahoo နဲ့ Googleကိုယှဉ်သုံးကြည့်နေတယ် တမျိုးစီကောင်းတာပါပဲ..
ခုဆို..ကိုယ့်ဖတ်နေကျ..ဘလော့တွေကို..ခဏခဏ ကလစ်ပီး..အချိန်ကုန်ခံစရာမလိုတော့ဘူး..
နောက်ပီး..သတင်း site တွေလည်း တခုပီးတခု အချိန်ကုန်ခံ..လျှောက် browse နေစရာ မလိုတော့ဘူး..Google က..အသစ်အဆန်းသတင်းတွေလည်း တမော့တမော googling လုပ်နေစရာမလိုဘူး...ကိုယ့် Readerတခုဖွင့်ထားယုံနဲ့...ခေါင်းစဉ်တွေမြင်နေရပီး..ဘာအသစ်.. ဘာစိတ်ဝင်စားစရာဆိုတာ..ခွဲခြားနိုင်တယ်လေ.. ဒါပေမဲ့..ကိုယ်အမြဲသွားလေ့ရှိတဲ့..ဗမာသတင်း site တချို့မှာတော့..မိုးမခ နဲ့ RFA ကလွဲရင်..ဘယ်သူမှ..မကျွေးကြသေးဘူး...ကျွေးရင်သိပ်ကောင်းမှာပဲ..
တနေရာထဲကနေ..ထိုင်စားယုံပဲ..(ထိုင်ဖတ်ယုံပဲ)
ကဲ..အဲဒါကြောင့်..ဘလော့ဂါတွေအပါအ၀င်.. URL တခုခုလက်ဝယ်ရှိနေတဲ့..လူတွေ..Feed Burner မှာသွားပီးမြန်မြန် burn ကြပါ..လေ့လာကြည့်ကြပါ.. ကျွေးချင်တာလေးတွေကျွေးကြပါ..စားဖို့လူတွေစောင့်နေပါတယ်...
ဖတ်သမားတွေလည်း..အချိန်ကုန်သက်သာ..မျက်စိသက်ညှာစွာနဲ့..Readerလေးတွေ..ကြိုက်ရာရွေးပီး ဖတ်ကြပါလို့....
( မှားယွင်းမူ..လိုအပ်မူများရှိနိုင်ပါသည်။အကြံပြုမူများအားအထူးပင်မျှော်လင့်လျက်..)
င်္Feed and Read
Labels: Blogging
xxxxxxxxx
ဇူလိုင်လရောက်လာတာနဲ့..အလိုလိုနေရင်း..သတိဆွဲနေမိတယ်..
ဒီလထဲမှာကသမိုင်းရက်စွဲတွေ..တခုထက်မကရှိခဲ့ဘူးတယ်လေ..
အပြင်ဖက်မှာ..မုတ်သုံမိုးတွေက..အသဲအမဲရွာနေတယ်..
အားလုံးရဲ့ရင်ထဲမှာလည်း..သမိုင်းဖြစ်ရပ်တွေက..အခဲမကွဲသေးပါ..
ထူးထူးခြားခြား..ဒီနှစ်မှာ..ခုနစ် (၇) တွေချည်းထပ်နေသည်..
ဆဲဗင်းဇူလိုင်ဆိုတာကို..ငယ်ငယ်ထဲက..တောက်လျှောက်ကြားလာရသော်လည်း..သမိုင်းမတင်နိုင်
သေးတဲ့..သမိုင်းတခုမို့..နှလုံးသားချင်းသာ..ဆင့်ကမ်းလာကြရတာ..အခုထက်ထိ။
ကိုယ်တွေအတွက်..instant Encyclopedia လည်းဖြစ် instant History Book လည်းဖြစ်ခဲ့တဲ့-အဖေ့ဆီကနေ..အကြောင်းခြင်းရာတွေကိုသိခဲ့ပေမဲ့..တကယ့်ခံစားချက်တွေကတော့..သူတို့ရဲ့အိုမင်းလှပီဖြစ်တဲ့ဒဏ်ရာတွေမှာသာ..တွေ့နိုင်ပေတော့မည်။
ဒီလိုနဲ့..အဖေ့ရဲ့..၀ါညစ်ညစ်မှတ်တမ်းတချို့ကိုပြန်လှန်ကြည့်မိသည်။
xxxxxxxxx
ဒီနေရာမှာ Union လို့ခေါ်တဲ့တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံကြီး ရှိခဲ့ပါတယ်။
စေတနာရှင်သူဠေးဦးညိုကလှူဒါန်းဆောက်လုပ်ခဲ့လို့ ၁၉၃၁ ခုနှစ်မှာ တကသ (တက္ကသိုလ် ကျောင်းသားများသမဂ္ဂ)၊ အင်္ဂလိပ်လိုတော့ RUSU (Rangoon University Students' Union) ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ ပထမဆုံး တကသ ဥက္ကဠက ကိုကျော်ခင်ဖြစ်ပါတယ်။ ၁၉၃၅-၃၆ ခုနှစ် မှာတော့ ကိုနု (၀န်ကြီးချူပ်ဟောင်းဦးနု) က ဥက္ကဠဖြစ်လာခဲ့ပီ မစ္စတာရာရှစ် (၀န်ကြီးဟောင်း)၊ ကိုကျော်ငြိမ်း
(ဒုဝန်ကြီးချူပ်ဟောင်း)၊ ကိုအောင်ဆန်း (လွပ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်) တို့၊အမူဆောင်ဖြစ်လာခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ၊ ဒုတိယကျောင်းသားသပိတ်ကြီးမှောက်ခဲ့ပီး သပိတ် ကာလအတွင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ) ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံရဲ့လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်တွေ သူရဲကောင်းတွေ အာဇာနည်တွေမွေးထုတ်ခဲ့တဲ့
သမိုင်းဝင်နေရာကြီးဖြစ်ခဲ့ပါတယ်။
xxxxxxxx
ရန်ကုန်တက္ကသိုလ်..တက္ကသိုလ်ရိပ်သာလမ်းဖက်အပေါက်..၀င်ဝင်ချင်းလက်ယာဖက်က..မြေကွက်
လပ်ကြီး...မျက်ရိုင်းပင်ရှည်တွေဖုံးလွှမ်းလို့..ဗိုလ်အောင်ကျော်အထိမ်းအမှတ်..ကျောက်တိုင်ငယ်လေးသာ..အထီးတည်း။ မန္တလေးဆောင်မှာ..ကျောင်းတက်ခဲ့တဲ့တလျှောက်လုံး..မထိတထိငေးမောရင်း..ပုံဖော်ကြည့်နိုင်ယုံသာ။
xxxxxxx
သမဂ္ဂအဆောက်အဦးကြီးဟာ အလျားပေ ၂၀၀ ခန့် အနံပေ ၅၀ ခန့်ကျယ်တဲ့ နှစ်ထပ်အုပ်တိုက် အဆောက်အဦဖြစ်ပါတယ်။ အလယ်မှာ အ၀င်တံခါးပေါက်ကြီးရှိပီး သံတံခါးတယ်ကာ တံခါးအပေါ်
လေ၀င်ပေါက်ကို သံပန်းတပ်ထားပါတယ်။ သံပန်းမှာ ဦးညို၏အလှူ ဆိုတာကို လက်မ၀က်ခန့် လေးထောင့်သံချောင်းများနဲ့ GIFTED BY U NYO လို့ ပုံဖော်ထားပါတယ်။ အဲဒီတံခါးက၀င်လိုက်ရင် ဘယ်ဘက်မှာ အပေါ်ထပ်ကိုတက်တဲ့ ကြောင်လိမ်လှေကား ရှိပါတယ်။ ညာဘက်မှာတော့ သန့်စင်ခန်းရှိပါတယ်။ ဒီတံခါးခန်းက ဆင်ဝင်သဘောမျိုးရှေ့ထွက်နေတာပါ။ အဲသည်ကကျော်ပီး အထဲဘက်
ဝင်လိုက် ရင်တော့ ကော်ရစ်ဒါစင်္ကြံလမ်းကို တွေ့ရမယ်။ ဒီစင်္ကြံကတောက်ရှောက်ပါ။ ဘယ်ဘက်ကို သမဂ္ဂစားသောက်ဆိုင် မီးဖိုခန်းအထိနဲ့ ညာဘက်မှာ သမဂ္ဂဆံပင်ညှပ်ဆိုင်အထိရှိပါတယ်။
အောက်ထပ်ကို ငါးပိုင်းခွဲထားပါတယ်။ ဘယ်ဖက်ကစရင် အစွန်ဆုံးမှာ ပေငါးဆယ် ပေသုံးဆယ် ခန့်ကျယ်မည့် မီးဖိုခန်း အဲသည်နောက် နှစ်ဘက် ကော်ရစ်ဒါရှိတဲ့ အလျားပေ ခြောက်ဆယ် အနံပေလေးဆယ်ခန့်ရှိပီး၊ ဆက်တီအမြင့်ပုံစံလေးယောက်ထိုင်စားပွဲကုလားထိုင်စုံ ၁၂စုံခန့် (လူငါးဆယ်လောက် တပြိုင်တည်း သက်တောင့်သက်သာထိုင်နိုင်မည်) ဆန့်တဲ့ သမဂ္ဂ စားသောက် ဆိုင်ခန်း၊ အဲဒီနောက် သတင်းစာများထားတဲ့အခန်း၊ နောက် သမဂ္ဂအိမ်တွင်းအားကစားခန်း၊ ဒီနောက်မှာ မီးဖိုလောက်ပဲကျယ်တဲ့ ဘကြီးကံသိန်းရဲ့ သမဂ္ဂဆံပင်ညှပ်ဆိုင်ရှိပါတယ်။
ဒါက အောက်ထပ်ရဲ့အနေအထားပါ။
xxxxxxxxxxxxxx
အင်း..အဖေက..အတိုင်းအတာတွေ အရွယ်တွေကို အသေးစိတ်တွေရေးထားပေမဲ့..သိပ်ပုံမပေါ်သလိုပဲ...ဟော..ဒီပုံပဲ..ဒီပုံပဲ..။ ပုံနဲ့တိုက်ကြည့်မှပဲ..ပိုပီးမြင်လာတယ်..ယူနီယံကြီးရဲ့ခမ်းနားပုံက..တကယ်ပါပဲ...
xxxxxxxxxxxxx
အလယ်လမ်းက ကော်ရစ်ဒါရောက်တဲ့အခါ ညာဘက်မှာ ဥက္ကဌအခန်းနဲ့ အတွင်းရေးမှူးအခန်း၂ခန်း ရှိပါတယ်။ ဒီ ၂ ခန်းဆုံးတော့ ကော်ရစ်ဒါဆုံးပီး စာကြည့်တိုက်ခန်းမ အ၀င်တံခါးကို တည့်တည့်
ရောက်ပါတယ်။ ဒီစာကြည့်တိုက်ခန်းကလည်း အစည်းအဝေးခန်းမလောက်ပဲကျယ်ပီး စစ်မဖြစ်မီက နိုင်ငံရေးစာအုပ်အစုံဆုံးလို့ နံမယ်ကြီးတဲ့ စာကြည့်တိုက်ပါ။ စစ်အတွင်းမှာ စာအုပ်များနဲ့ ဘီရိုတွေ ပျက်စီးသွားလို့ ၁၉၅၇ ခုနှစ်လောက်မှာမှ အဲဒီအချိန်က ၀န်ကြီးချူပ်ဦးနု ဦးဆောင်ပီး စာကြည့်တိုက် ပြန်လည်ထူထောင်ဖို့ ရန်ပုံငွေ အမြောက်အမြားလှူခဲ့ပီး စာကြည့်တိုက်အသစ် ပြန်လုပ်ဖြစ်ပါတယ်။ ဒီအခန်းရဲ့ အနောက်ဘက်နဲ့ တောင်ဘက်မှာလည်း အစည်းအဝေးခန်းမရဲ့ အပြင်မှာလို L ပုံ ကော်ရစ်ဒါကျယ်ရှိပါတယ်။ မျက်နှာစာနှစ်ဘက်ကို လှည့်လို့ပေါ့။
စစ်ကြိုခေတ် ဒါမှမဟုတ် လွပ်လပ်ရေးကြိုးပမ်းမူခောတ်က ကျောင်းသားခေါင်းဆောင်များ
ဒီသမဂ္ဂထဲမှာ ဘယ်လိုလှုပ်ရှားသွားလာ နေထိုင်ခဲ့ကြတယ်ဆိုတာတော့မမှီလိုက်ပါ။ တခါတရံ ဘကြီးကံသိန်းကိုမေးကြည့်မှ ၀ိုးတ၀ါးသိရတတ်ပါတယ်။ ၁၉၅၂ ခုနှစ်က ၁၉၆၂ ခုနှစ် ဆယ်စုနှစ် အတွင်းမှာတော့ သမဂ္ဂနဲ့ အဆက်မပြတ်ခဲ့တဲ့အပြင် ကိုယ်တိုင်ပင် ၀ိညာဉ်တွယ်ခဲ့ရတာမို့ သမဂ္ဂရဲ့ သရုပ်ကို ဖမ်းမိဆုပ်ကိုင်မိပါတယ်။
xxxxxxx xxxxxxx
တကြိမ်တခါက..တက္ကသိုလ်ကျောင်းကြီးနဲ့.ကျောင်းတော်သားကြီးများရဲ့..အရှိန်အစော်တွေက...
ခမ်းနားလှပါလား..အဖေတို့တွေ..ဒီကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုဘယ်လောက်တောင်
တန်ဖိုးထား..စွဲလန်းကြမလဲနော်...
xxxxxxx
ဒီစာအုပ်ဆိုင်နေရာမှာ စစ်ကြိုခောတ်ဦးပိုင်းက ဦးကြီးဖာနီဗယ်ရဲ့ Burma Book Club ရှိခဲ့ဘူးပီး အဲဒီကလပ်ကပဲ နိုင်ငံခေါင်းဆောင်ဖြစ်မဲ့ ကျောင်းသားတွေ ဖတ်သင့်တဲ့ စာအုပ်မျိုးစုံတင်ပီး ရောင်းခဲ့ ရုံမက တို့ဗမာအစည်းအရုံး စတင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ မီးတုတ်သခင်သိန်းမောင်ကြီးကို မွေးထုတ်ခဲ့တာပါ။
xxxxxxxx
ကြည့်ပါဦး..ဖာနီဗယ်ဆိုတာ..အင်္ဂလိပ်နယ်ချဲ့အုပ်ချူပ်ရေးစနစ်နဲ့အတူ အမူထမ်းရအောင် ဗမာပြည်ကို ရောက်လာရင်း ..ဗမာလွပ်လပ်ရေးကြိုးပမ်းမူကို တဖက်တလမ်းကပံ့ပိုးခဲ့တာ... ဘယ်လောက်အတုယူဖို့ကောင်းတဲ့ပညာရှင်ကြီးတွေလဲ..
သမိုင်းသုတေသနတွေလုပ်ရင်း ဗမာပြည်ကိုချစ်လွန်းလို့.. ခေါင်းချဖို့ကြံပေမဲ့လည်း.. ပညာရှင်တွေကို တန်ဖိုးထားရကောင်းမှန်းမသိ ၀န်တိုအညှိုးကြီးမူတွေကြောင့် ...စွန့်ခွါသွားခဲ့ရသူ...
xxxxxxxxxx
သမဂ္ဂစားသောက်ဆိုင်မှာ ခမ်းနားလွန်းလို့ အစကမ၀င်ရဲပါ။ နောက်တော့လည်း တခြားဆိုင်များမှာ ပေးရတဲ့ အဖိုးအခနဲ့ပင် ကျောင်းသားတွေ ခမ်းခမ်းနားနား စားသောက်ရအောင် စီမံထားတာလို့ သိရပါတယ်။ စားသောက်ဆိုင်ရဲ့ ကုလားထိုင်စားပွဲတွေက ဆက်တီခပ်မြင့်မြင့်ပုံစံဖြစ်ပါတယ်။ စားပွဲမှာ မှန်ခင်းထားပီး ကုလားထိုင်တွေကလည်း ပါလစ်ရောင်တောက်နေတာပါ။
ဆိုင်ရဲ့ အခမ်းအနားဆုံးအရာကတော့ ထိပ်ဘက်နံရံမှာရှိတဲ့ ဗိုလ်ချူပ်အောင်ဆန်းပုံတူ ဧရာမပန်းချီ ကားကြီးပါ။ ဆရာကြီးဦးဘကြည်လက်ရာဖြစ်ပါတယ်။ ဗိုလ်ချူပ်အောင်ဆန်း ပြည့်သူ့ရဲဘော် ယူနီဖောင်းနဲ့ ဆက်တီကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ပုံကို ရေးဆွဲထားတဲ့ ပန်းချီကားကြီးပါ။ ဒီပုံကြီးကပဲ ကျနော်တို့ကို ဆိုင်ခန်းထဲမှာအိနြေ္ဒရရနေထိုင်အောင် ဖန်တီးထားတယ်လို့ထင်ပါတယ်။ ဘေးဘက်နံရံမှာ ပန်းချီကားတချို့ချိတ်ထားပီး ကျနော်တို့ရောက်စမှာ အနည်းငယ်ပဲရှိပါတယ်။ နောက်ပိုင်းမှာ သမဂ္ဂစားသောက်ဆိုင်ကို တင်ဒါရတာက ပန်းချီဦးနန်းဝေဖြစ်လို့ ဗိုလ်ချူပ်အောင်ဆန်းပုံ ပန်းချီကားကြီးကလွဲလို့ ကျန်ပုံတွေနေရာမှာ သူ့ပန်းချီကားတွေနဲ့ အစားထိုးပီး ချိတ်ပါတယ်။ ဗိုလ်ချူပ်အောင်ဆန်းပုံတူပန်းချီကားကြီးကတော့ သမဂ္ဂအဆောက်အဦးကြီး ဗုံးခွဲခံရတဲ့အချိန်မှာ တပါတည်းပါသွားတဲ့အထိ ဒီနေရာမှာ စွဲစွဲမြဲမြဲရှိခဲ့ပါတယ်။
နောက်တခန်းဖြစ်တဲ့ စာဖတ်ခန်းထဲမှာလည်း သမဂ္ဂဥက္ကဌဟောင်း ကိုနု ကိုဗဆွေ ကိုဗဟိန်း ကိုအောင်ဆန်းတို့ပုံတွေအပြင် ဗိုလ်အောင်ကျော်ရဲ့ ဓါတ်ပုံကြီးများချိတ်ဆွဲထားခဲ့ပါတယ်။ ကျနော်တို့က ဒီပုံတွေကြည့်ပီး ဘကြီးကံသိန်းကိုမေးတတ်ပါတယ်။ ဘယ်သူက ဘယ်လိုလည်းပေါ့လေ။
“ အို..ကိုနုကတော့ ဘုရားလောင်းပဲ..ဥပုဒ်နေ့တိုင်းရွှေတိဂုံကုန်းတော်ကိုတက်တယ်။ ဘကြီးလည်းခေါ်ခေါ်သွားလို့ လိုက်ရတယ်။ တခါကတော့ ကိုအောင်ဆန်းလည်းပါတယ်..ကိုနုက အုတ်ခဲတခု ရှေ့မှာချပီး မျက်လုံးမှိတ်ရွတ်နေပါတယ်...ကိုအောင်ဆန်းက ခင်ဗျားအုတ်ခဲကြီး ကြည့်ရွတ်နေလို့ လွပ်လပ်ရေးမရဘူးဗျ ..ဆိုပီး အုတ်ခဲကိုယူလွှင့်ပစ်တယ်။ ကိုနုကတော့ တယ်ခက်တဲ့အောင်ဆန်းပဲ ဆိုပီးရီနေတယ်..ကိုအောင်ဆန်းက ဂွကျတယ်..ဆံပင်ညှပ်ဆိုင်က ဆုံလည်ကုလားထိုင်ပေါ်တက်ထိုင်လို့ ဆံပင်ညှပ်မယ်ထင်ပီး ခြုံထည်ခြုံကာမှ..ခင်ဗျားတို့ကို ဘယ်သူက ဆံပင်ညှပ်မယ်ပြောလို့လည်းဆိုပီး ဟောက်ချင်ဟောက်တာ...ဒီ့ပြင် ဆံပင်ညှပ်မဲ့သူ လာလည်း ထမပေးပဲ စာပဲမဲဖတ်ချင်ဖတ်နေတာ..”
“ဘကြီး..ဦးကျော်ငြိမ်းကရော..ဘယ်လိုလူမျိုးလည်း..”
“ ဟာ..သူကတော့ လှစ်လှစ်ကလေးရယ်..ကိုဗဆွေနဲ့တော့ တခြားစီပဲ..”
“ ကိုဗဟိန်းကရော..ဘယ်လိုလည်း..”
“ ဟာ....သူကတော့ မင်းသားပဲ..”
ဒီလိုနဲ့ ဘကြီးကံသိန်းဆီက မှတ်ချက်တွေဟာ အပြင်က ဒဂုန်တာရာတို့ တခြားဝေဖန်ရေးသားသူတွေနဲ့ မတိမ်းမယိမ်းဖြစ်နေတတ်ပါတယ်။
xxxxxxxxxxxxxxxxxxxxxx
မြင်ယောင်ကြည့်မိတယ်..အဖေတို့တွေ..နယ်ကတက်လာလာချင်း..ခမ်းနားလှတဲ့ရန်ကုန်တက္ကသိုလ်
ကြီးမှာ.အူကြောင်ကြားလေးတွေ..ဖြစ်နေမှာပေါ့..
သမိုင်းဝင်တက္ကသိုလ်ကျောင်းသားကြီးတွေအကြောင်းက သူတို့အတွက် တထောင့်တည ပုံပြင်တွေ တောင်ဖြစ်ချင်ဖြစ်နေခဲ့မှာ...
xxxxxxxxxxxxx
ဗမာ့လွတ်လပ်ရေး ဗိသုကာတွေကို သည် တကသ ကပင်မွေးထုတ်ခဲ့တာပါ။
“အော်..အထက်ဗဟိုက၊ ပျက်ပြိုလို့ကျခဲ့တဲ့၊ ကနက်ဗဟိုပလ္လင် လက်စအကြွင်းပေထင့်၊တက္ကသိုလ်
သဘင်သမဂ္ဂ အသင်းဆီက၊ အဆက်သမတ သနင်းတွေနဲ့၊ တြင်းန၀င်းကောင်းကျိုးအထွေထွေ၊ တက်ကွအတင်းဟေ့လို့ အကွက်ကျကျနင်းပီး၊ ခက်သမျှရှင်းပေမည့်၊ သတင်းဒေါင်းအိုးဝေ...။”
ဆရာကြီးသခင်ကိုယ်တော်မှိုင်းကပင် ညွှန်းဆိုခဲ့ရသော သမဂ္ဂအသင်းပါပေ။
“ ရွှေဒေါင်းအိုးဝေမဂ္ဂဇင်းဆီက၊ အဆက်မကင်းတဲ့ သံသရာမှာ၊ တပည့်အရင်းရဲ့ စံပမာရွယ်ရည်ရှာတဲ့၊ အယ်ဒီတာမောင်ညိုမြရဲ့ပြင်၊ အော်..ဗမာ့အတွက်ဖြင့်၊ မရသမျှ ပွက်မကွဆိုတဲ့၊ သမဂ္ဂ ဥက္ကဠ မောင်ဘဂျမ်းတို့ကို၊ ဓဇဂ္ဂသုတ်အရ၊ အောင်တဖွဖွမန်းရာက၊ အောင်ဇယပန်း ညောင်သပြေနုချိန် မတော့၊ နောင်မြန်မာ့စတမ်း မောင်ရွှေနုရယ်လို့ ၊ အောင်ဇေယျတု မြွတ်မဆုံးနိုင်တဲ့ပြင်၊ တက်ဘုန်းကြီး ဆရာသိန်းဖေကလေးတို့ကိုဖြင့်၊ ယိမ်းမသွေ ကိန်းသေ ရွေးလိုက်ကဲ့၊ အရေးရှိလျှင် အရာပေါ် ကြပေတော့...” ဆရာကြီးမှိုင်းက နိမိတ်ဖတ်ပြီး တပ်လှန့်ခဲ့ပါတယ်။
ဆရာကြီးက တိုင်းပြည်လွတ်လပ်ရေးအတွက် တက္ကသိုလ်သမဂ္ဂဆီက ခေါင်းဆောင်များကို မျှော်မှန်း အားရခဲ့ပါတယ်။ ဆရာကြီးမျှော်မှန်းတဲ့အတိုင်းလည်းတကသ ဟာလွတ်လပ်ရေးကြိုးပမ်းမူစတင်ခဲ့ရာ
ဠါနဖြစ်ခဲ့ပါတယ်။
xxxxxxxxxxxx
အင်း..လွတ်လပ်ရေးအသီးအပွင့်တွေ..ထွားဖွင့်ခဲ့တဲ့..မြေဆီမြေနှစ်..တကယ့်ဘူမိနက်သန်..
နေရာမှန်ကြီးပဲနော်...
xxxxxxxxxxxxxxxxx
၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အဲဒီနေ့ဟာ စနေနေ့ပါ။ နေ့လည် တစ်နာရီမှာ သမဂအစည်းအဝေး ခန်းမမှာ အစည်းအဝေးကျင်းပပါတယ်။ ဥက္ကဌက ကိုဗဆွေလေးပါ။ အခန်းအနားမှူးကတော့ ကိုသာဒိုးလား ကိုလှရွှေလား မမှတ်မိတော့ပါ။ အစည်းအဝေးမှာ ကျောင်းသားထု တခဲနက် ဆုံးဖြတ် တာတွေထဲက မှတ်မိသလောက်ကတော့...
ကျောင်းသားတွေကို ဖိနှိပ်ချူပ်ချယ်တဲ့ စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်တယ်။ စစ်တပ်က အာဏာ သိမ်းတာကိုလည်း ကန့်ကွက်တယ်။ တက္ကသိုလ် အက်ဥပဒေများကို ရုတ်သိမ်းတာကိုလည်း ကန့်ကွက် တယ် စတာတွေပဲဖြစ်ပါတယ်။ အစည်းအဝေးအပီးမှာ သမဂ္ဂရှေ့ကစပီး ကျောင်းဝင်းအတွင်းမှာပဲ ကြွေးကြော်သံများကြွေးကြော်ကာ လှည့်လည်ပီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲလိုက်ကြပါတယ်။
xxxxxxxxxx
xxxxxxxxx
တနာရီလောက် ကစားပီးပြန်လာရေချိုးပါတယ်။ ရေချိုးပီး အခန်းရှေ့မှာ တဘက်နဲ့ရေသုတ်နေတုန်းမှာပဲ Main (ဗဟိုဆောင်များ) ဘက်က အတွဲလိုက်ဆွဲပစ်လိုက်တဲ့ သေနတ်သံတွေကို ကြားရပါတယ်။ ရပ်လိုက်ပစ်လိုက်ပဲ ။ ခဏကြာ ဗဟိုဆောင်ဘက်မှ ပြေးလာသူများကို မြင်ရပါတယ်။ အော်လည်းလာကြပါတယ်။ အ၀ိုင်းလေးနားမှာ စစ်တပ်က ပစ်ကုန်ပီတဲ့။ အ၀ိုင်းလေးနားမှားဆိုရင် အဓိပတိလမ်းတံခါးမကြီး ပီးတော့ တကသ နဲ့ မန္တလေးဆောင် အမရဆောင်ပေါ့။ တကသ မှာ ပြသာနာတော့ဖြစ်ပီထင်ရဲ့။
xxxxxxxxxx
xxxxxxxxxx
နောက်တနေ့ (ဇူလိုင် ၈ ရက်) နံနက်လင်းအားကြီးမှာတော့၊ အလွန်ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးကြောင့် အားလုံး လန့်နိုးကုန်ပါတယ်။ အခန်းတံခါးပင် ၀ုန်းကနဲပွင့်သွားပါတယ်။ တံခါးက အောက်မင်းတုန်းချရုံချထားလို့ပွင့်တာဖြစ်ပေမဲ့ အဲဒီလိုပွင့်ရလောက်အောင်၊ အတော်ကြီး ပြင်းထန်တဲ့ ပေါက်ကွဲမူတခုဖြစ်ပုံရပါတယ်။ ကျနော်တို့လည်း ပြန်မအိပ်ဖြစ်တော့ပါဘူး။
xxxxxxxxxxxxxxxxxxx
သြော..ဇူလိုင် ၇ ရက်နဲ့ ၈ ရက်ကို..ခွဖြစ်ခဲ့တာပဲ..၇ ရက်နေ့မှာ ၀င်စီးပီး..၈ရက်နေ့မှာမှ..ဖောက်ခွဲ
လိုက်တာကိုး..ကြိုတင်ကြံစည်ထားတာနေမယ်နော်..အိုး..ကြည့်ပါဦး..ပြိုကျပျက်စီးသွားတဲ့..တကသ..ယူနီယံအဆောင်အဦကြီး...
xxxxxxxxxxxxxxx
ည (၇) နာရီတွင်တော့ ရေဒီယိုက ဗိုလ်နေ၀င်းရဲ့ တိုက်ရိုက်အသံလွှင့်ချက်ထွက်ပေါ်လာပါတယ်။
ကျနော်တို့ မှီလိုက်သလောက် ကြားလိုက်သလောက်....
“ ကျွန်တော် တိုင်းပြည်တာဝန်ယူသည့်အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့
ဘ၀ကိုပြင်ရမဲ့တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်..” တဲ့...။
“ အခုဖြစ်တဲ့ကိစ္စဟာ ကျောင်းသားကိစ္စတခုတည်းမဟုတ်ပဲ နိုင်ငံရေး အမှောင့်ပရောဂများ ဖမ်းစား တယ်ဆိုတာ ..ရိပ်စားမိပါတယ်။ ကျွန်တော်တို့ကို အလုပ်ပျက်ကွက်အောင် ရည်စူးပီး
တမင်လုပ်နေကြတယ်ဆိုရင်တော့ ကျွန်တော် နောက်ထပ်ဘာမျှမပြောလိုပါဘူး၊ ဓါးကိုဓါးချင်း
လှံကိုလှံချင်း ရင်ဆိုင်ဖို့သာရှိပါတယ်..” တဲ့။
ဓါးကိုဓါးချင်း လှံကိုလှံချင်း ဆိုတာ ရှေးခေတ်သူရဲကောင်းများ စီးချင်းထိုးတဲ့ ဟာမျိုးဗျ။
အခု ခင်ဗျားကြီးက အထက်စီးကလည်း လုပ်သေး၊ လူမိုက်စကားလည်းပြောသေး၊ ဓါးကိုဓါးချင်း
လှံကိုလှံချင်းတဲ့လား....
ကျနော့်အသည်းမှာ ဒီစကားဟာ အမှတ်အသားထင်ပါတယ်။ ကျနော်တင်မဟုတ်ပါဘူး၊ ဓါးကိုဓါးချင်း
လှံကိုလှံချင်း ဆိုတဲ့ စကားရှစ်လုံးဟာ၊ ကျနော်တို့ခောတ်မှာ ဒါမှမဟုတ် ခြောက်ဆယ်ခုနှစ်လွန်ပိုင်း
လူငယ်ကျောင်းသားတွေရဲ့ အသဲမှာ အမြဲနာနေမဲ့ အမှတ်အသားဖြစ်နေမှာမလွဲပါ။ မကြာခင် တချိန် မှာတော့ အဲဒီအသဲက အမှတ်အသားကို မှတ်တမ်းတင်ကြပါလိမ့်မယ်။ ကြေအောင်ချေကြပါလိမ့်မယ်..။
xxxxxxxxxxxxxxx
xxxxxxxxxxxxxxx
ကြည့်ပါဦး..အဖေ့ရဲ့နာကြည်းမူတွေ။..ကိုယ့်ရင်ထဲကိုတောင်..ပဲ့တင်လာတယ်..သူတို့ဘယ်လောက်တောင်ငိုညီးခဲ့ကြမလဲနော်..
တရားဝင်ကြေငြာတဲ့ သေသူစာရင်းဟာ (၁၆) ဦးနဲ့ ဒါဏ်ရာရသူ (၄၁)ဦးဖြစ်ပါတယ်။ နောက်နှစ်မှာ
ကျနော်တို့ စာရင်းကောက်ကြည့်တော့ အပြည့်အစုံ မဟုတ်သေးတာတောင်(၁၁၄) ဦးရှိပါတယ်။
ဒါဏ်ရာရသူ စာရင်ကလည်း (၁၀၀) ကျော်ပါတယ်။ ဒါဏ်ရာရသူနဲ့ သေသူ မတိမ်းမယိမ်းရှိနေတာ
ကိုကြည့်ရင် ပစ်ကတည်းက သက်သက်ညှာညှာ ပစ်တာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဗိုလ်နေ၀င်း နန်းဆင်းမိန့်ခွန်းမှာပြောသလို ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး မှန်အောင်ပဲပစ်တယ် ဆိုတဲ့စကားသိပ်မှန်ပါတယ်။
xxxxxxxxxxxxx
မဝေးတော့တဲ့..တချိန်မှာတော့..မှတ်တမ်းတင်အလေးပြုကြရတော့မှာပါ..
xxxxxxxxxxxxx
အဲသည်တုန်းက ဘကြီးကံသိန်းကိုမေးသလိုပဲ ခှနစ်ဆယ်ခုနှစ်လောက်မှာ တက္ကသိုလ်မှာ ကျင်းပတဲ့ နှီးနှောဖလှယ်ပွဲတခုကိုတက်ရင်း ဘကြီးကံသိန်းကို အပန်းဖြေရိပ်သာထဲက ဆံပင်ညှပ်ဆိုင်ထဲမှာ ဆံပင်ညှပ်ဆိုင်ဖွင့်ထားတာတွေ့လို့ ဇူလိုင် (၇) ရက်ညအကြောင်း မေးကြည့်မိပါတယ်။ အဲသည်ညက (၁၁) နာရီလောက်မှာ စစ်တပ်က စစ်ဗိုလ်တွေက ဦးကံသိန်းနဲ့ ဦးနန်းဝေ တို့နာမည်တွေခေါ်ပီး လက်ကိုင်အသံချဲ့စက်တွေနဲ့လှမ်းအော်ပါတယ်။ သမဂ္ဂအဆောက်အဦထဲမှ မိသားစုတွေနဲ့အတူ ထွက်ပေးဖို့ပါ။ ဦးကံသိန်းနဲ့ ဦးနန်းဝေတို့က အပြင်မှာ ညကြီးသန်းခေါင်မို့ ပစ္စည်းတွေသယ်ဖို့ ကားငှားမရနိုင်တာကြောင့် မနက်မှ ထွက်ပါရစေလို့ တောင်းပန်ကြပါတယ်။
စစ်တပ်က ပစ္စည်းတွေယူဖို့မလို လူချည်းပဲထွက်ရမယ်၊ ဦးကံသိန်းနဲ့ ဦးနန်းဝေမိသားစု မှန်မမှန် လူစာရင်းကိုလည်း စစ်ဆေးရမယ်လို့ပြောပါတယ်။ ယူနီယံထဲမှာ မသမာသူတွေ ခိုအောင်းနေနိုင်လို့ အပြတ်ရှင်းမယ်လို့လည်းပြောပါတယ်။ ဒါကြောင့် ဦးနန်းဝေလည်း သူ့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားတွေထားခဲ့ပီး မိသားစုခြေလွတ်လက်လွတ်ထွက်ခဲ့ကြရပါတယ်။ ဦးကံသိန်းလည်း ဆံပင်ညှပ်ဆိုင်ကမှန်ကြီးတွေတောင် မသယ်ရပဲ လူလွတ်ထွက်ခဲ့ရတာပါပဲ။ ဦးကံသိန်းပြောတာကတော့ အထဲမှာ ခိုအောင်းနေသူဆိုတာလည်းမရှိပါဘူးတဲ့။ သူတို့ထင်သလို မြေအောက်ခန်းတွေ ဘာတွေလည်းမရှိဘူဆိုတာလည်း လူလေးတို့အသိပဲ လို့ပြောပါတယ်။ လူလေးတို့ကသိပေမဲ့ မသိတဲ့သူကမသိဘူးပေါ့ ဘကြီးရယ်။ ဒါကြောင့်လည်းသမဂ္ဂအထဲဝင်မိုင်းကပ်ပီး ဇူလိုင်လ (၈)ရက်နေ့ နံနက်လင်းအားကြီးမှာ ကျောင်းသားထုပိုင်ဆိုင်တဲ့ ယူနီယံကြီးကို မိုင်းခွဲဖျက်ဆီး ပစ်လိုက်ပါတော့သည်။
xxxxxxxxxxxxxxxx
တိုက်တိုက်ဆိုင်ဆိုင်နော်..အဖေလည်း..အဲဒီ ဘကြီးကံသိန်းဆိုတာနဲ့..ဒီလောက် နှစ်တွေကြာမှ ပြန်တွေ့ပီး..မေးဖြစ်ခဲ့တာ..
xxxxxxxxxxxxxxxxxx
၁၉၅၆ ခုနှစ်က တကသ ဖွဲ့စည်းခဲ့တာ (၂၅) နှစ်မြောက်ဖြစ်လို့ တကသ ငွေရတုသဘင် ကျင်းပခဲ့ ကြတာတွေကို ပြန်လည်မြင်ယောက်လာမိပါတယ်။ အဲဒီတုန်းက ပွဲလမ်းသဘင်တွေက အဓိပတိလမ်းမတလျှောက်နဲ့ ၀ိဇ္ဖာခန်းမရှေ့မြက်ခင်းပြင် သည်နေရာတွေဟာ ပွဲခင်းပေါ့။ အဲဒီစင်တွေပေါ်မှာတင်တဲ့ ဇာတ်တွေဟာ တကသ အပေါ်ထပ်မှာ ဇာတ်တိုက်ကြတာပေါ့။
အပေါ်ဘက်စာကြည့်တိုက်ခန်းဘက်မှာ စန္ဒယားကြီးတစ်လုံးချပီး သီချင်းတိုက်ကြ အကတွေ
သင်ကြနဲ့ စည်ကားခဲ့တာတွေကို မြင်ယောင်ကြားယောင်လာပါတယ်။
“ရွှင်မြူး ..ရွှင်မြူး..ကြည်နူးပျော်စရာ..သာယာ..သာယာ..အေးမြကာ..ပွဲ..ပွဲတော်မှာ...နွှဲ..နွှဲပျော်ကာ
..ဒို့သမဂ္ဂရဲ့ ငွေရတုသဘင်မှာ....”
ထိုစဉ်က..သာယာခဲ့ပါဘိချင်း.......
xxxxxxxxxxxxxx
xxxxxxxxxxxxxx
ဤသမဂ္ဂ၏ ကြောင်လိမ်လှေကားမှာ တက်ကာဆင်းကာ ပျားပန်းခပ်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေ သမဂ္ဂ လဘက်ရည်ဆိုင်မှာ စုဝေး၍ လဘက်ရည်သောက်ရင်း ငြင်းကြ ခုံကြ သည်များကို နောင်ဘယ်အခါများမှ တွေ့ရတော့မှာလဲ..။
xxxxxxxxxxxxx

07-07-07 သို့ ..သမိုင်းအပိုင်းအစများ
Labels: Burma History , Family
ဟီလာရီ ကလင်တန် ရဲ့ Hard Choice စာအုပ်က ၊ အာရှပစိဖိတ် နဲ့ သက်ဆိုင်တဲ့ အရှေ့ဖက် အခန်းတွေ ဖတ်ပြီးသွားတဲ့ အခါ ၊ ခဏ နားရင်း ၊ စာအုပ်ထဲမှာပါ...